← Chapters

ရှားဝမ်ချွေ့ကို ဖွင့်ပြောခြင်း

Vol. 11 Ch. 164

ရှားဝမ်ချွေ့ကို ဖွင့်ပြောခြင်း

Vol. 11 Ch. 164

ယွဲ့ဟွာဖျော်ဖြေရေး၌...

လင်းဖန်က ရုံးခန်းထဲတွင် အလုပ်လုပ်နေပါသည်။

ခဏကြာသောအခါ တံခါးခေါက်သံ ထွက်လာ၏။ မိန်းမလှလေးတစ်ယောက် ဝင်လာခဲ့ပါသည်။ လင်းဖန်၏ မန်နေဂျာ လင်းချမ့်ဝေ ဖြစ်ပါသည်။

"အစ်ကိုဖန်" လင်းချမ့်ဝေက လင်းဖန်ရှ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"အင်း ဘာလဲ" လင်းဖန်က မေးလိုက်၏။

"အစ်ကိုဖန်ကို ကြော်ငြာသူ လုပ်ပေးစေချင်တဲ့ ကုမ္ပဏီထောက်ခံချက် ကုမ္ပဏီ ၁၈ ခုရှိပါတယ်။ သူတို့ ကမ်းလှမ်းတဲ့ စျေးကလည်း မနည်းဘူး" လင်းချမ့်ဝေက လက်ထဲတွင် ဖိုင်တွဲတချို့ကို ပိုက်ထားပြီး အတည်ပေါက် ပြောလိုက်ပါသည်။

"သူတို့က ဘယ်လောက် ကမ်းလှမ်းလို့လဲ" လင်းဖန်က မော့ကြည့်ကာ မေးလိုက်သည်။

"မန့်နွေ့ဒိန်ချဥ်က ၂.၃၆ သန်း ကုမ္ပဏီထောက်ခံချက်ကို ကမ်းလှမ်းပါတယ်။"

"အဲလစ်မက်စ်က ၃.၄၈ သန်း အန််ဒိုစာ ကမ်းလှမ်းထားပါတယ်။"

"အသားအရည် ထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုကလည်း သူတို့ရဲ့ ကြော်ငြာပေးသူ ဖြစ်စေချင်နေပါတယ်။ သူတို့က အစ်ကို့ကို ဓာတ်ပုံတချို့ပဲ ရိုက်ခိုင်းမှာပါတဲ့။ ကမ်းလှမ်းတဲ့ စျေးက ၆ သန်းပါ" လင်းချမ့်ဝေက ပြောလိုက်ပါသည်။

လင်းဖန်က လက်ခါပြလိုက်သည်။ "ဆက်မပြောနဲ့တော့။ အကုန်ငြင်းလိုက်ပါ။"

"အကုန်ငြင်းရမယ် ဟုတ်လား" လင်းချမ့်ဝေက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

"ဟုတ်တယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ပါ" လင်းချမ့်ဝေက ပြောလိုက်သည်။ သူမ စီမံရေးလုပ်ငန်းများကို ကိုင်တွယ်ဖို့ လှည့်ထွက်သွားပါသည်။

ကုမ္ပဏီထောက်ခံချက် ၁၈ ခုမှရရှိနိုင်သည့် စုစုပေါင်းဝင်ငွေမှာ သန်းဆယ်ချီသည်။ သို့သော်လည်း လင်းဖန်က တစ်ခုမှ လက်မခံခဲ့ပေ။ လင်းချမ့်ဝေကို ဆက်တောင် မပြောခိုင်းခဲ့ပါ။

အကုန်လုံးကို ငြင်းလွှတ်လိုက်ပြီး ကုမ္ပဏီထောက်ခံချက် အပေးအယူများကို ဘာမှ လက်မခံခဲ့ပါ။

လင်းချမ့်ဝေက သူမ လင်းဖန်၏ မန်နေဂျာဖြစ်မှန်း သိပါသည်။

လင်းဖန် ခိုင်းသည့်အတိုင်း သူမ အကုန်လုပ်မည်ဖြစ်သည်။

ထို့အပြင် ယခု လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်နေပါပြီ။

ဒါတင်မကသေးဘဲ လင်းဖန်က သန်းရာချီတန်ဖိုးရှိသည့် နှလုံးသားရေကန်ဗီလာမှာ နေထိုင်တာကိုလည်း လင်းချမ့်ဝေ သိပါသည်။ သူက သန်းရာချီတန်ဖိုးရှိသည့် Bugatti ကားကြီး တစ်စီးကိုလည်း မောင်းနှင်သည်။

လင်းဖန်က ထိုကုမ္ပဏီထောက်ခံချက်ကုမ္ပဏီများထက်တောင် ပိုချမ်းသာနိုင်သည်။ ဘာကြောင့် ထိုအရာတွေကို ကြော်ငြာပေးရမည်နည်း။

သူတို့ကို ကြော်ငြာပေးနိုင်ရင်တောင် လင်းဖန်က လုပ်မှာ မဟုတ်ပါ။

သူမ လင်းဖန်၏ မန်နေဂျာဖြစ်ရတာ ဂုဏ်ယူမိပါသည်။

အလုပ်ပြီးသောအခါ လင်းဖန် မတ်တပ်ရပ်လိုက်ပြီး ရှားဝမ်ချွေ့၏ ရုံးခန်းထဲသို့ ဝင်သွားပါသည်။ ရှားဝမ်ချွေ့ စားပွဲပေါ်မှာ အနားယူနေတာကို တွေ့လိုက်ရပါသည်။

သူမ ဒီရက်ပိုင်းတွေထဲ တကယ် ပင်ပန်းလွန်းလှသည်။

သူမ အများကြီးခံစားခဲ့ရရုံသာမကဘဲ ရိုက်ကူးရေးပါ လုပ်ရသေးသည်။

ရိုက်ကူးရေးပြီးနောက် သူမ အနားယူဖို့ မစဥ်းစားပါ။ ထို့အစား ထိုင်ခုံမှာသာ ထိုင်ပြီး အိပ်ပျော်သွားပါသည်။

သူမက ကြောင်နားရွက် ဦးထုပ်လေးကို ဆောင်းထားပြီး သူမ အိပ်ပျော်နေသောအခါ အရင်လို လှပနေဆဲ ဖြစ်သည်။

သူမရုံးခန်းထဲမှာ တစ်ယောက်တည်းဖြစ်ပါသည်။

လင်းဖန် အထဲဝင်သွားပြီး နူးညံ့စွာဖြင့် တံခါးကို ပိတ်လိုက်ပါသည်။ ပင်ပန်းနေသည့် ရှားဝမ်ချွေ့ကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်မိပါသည်။

အနုပညာလောကထဲ သူ ဝင်ခဲ့တာ ငွေရှာရအောင် မဟုတ်ပါ။

ဒီအဆင့်ထိရောက်လာပြီး ရေပန်းစားသည့် ရုပ်သံဒရာမာနှစ်ခု ရိုက်နိုင်ခဲ့တာလည်း ရှားဝမ်ချွေ့အတွက်သာ ဖြစ်သည်။

လင်းဖန်က ငွေလိုအပ်ခြင်း မရှိဘဲ ပိုက်ဆံအတွက်ကြောင့်နဲ့ ရုပ်သံဒရာမာများကို ဆက်လက်ရိုက်ကူးနေမှာ မဟုတ်ပေ။

ထိုကုမ္ပဏီထောက်ခံချက်များက အတော်လေး ဒုက္ခပေးသည်။ ကုမ္ပဏီထောက်ခံချက်တစ်ခုက သန်းဂဏန်းအနည်းငယ်သာ တန်သည်။ ကုမ္ပဏီကြီးများအတွက် ကုမ္ပဏီထောက်ခံချက် ပြုလုပ်ပေးခြင်းက သန်းဆယ်ဂဏန်း ရနိုင်လောက်ပါသည်။

သို့သော်လည်း လင်းဖန်က ဂရုမစိုက်ပါ။

သူက ရှားဝမ်ချွေ့အတွက် ပိုပြီး ဂရုစိုက်ပါသည်။

သူ့ရှေ့က ကောင်မလေး မျက်လုံးများ မှိတ်ထားတာကို မြင်သောအခါ လင်းဖန် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပါသည်။

သူ့မှာ အကြံဆိုးမရှိပါ။ ကြောင်မလေးက လှပလွန်းသဖြင့် လင်းဖန် ရှားဝမ်ချွေ့ကို နမ်းချင်လာသောကြောင့်ဖြစ်သည်။

သူမ အိပ်ပျော်နေတာပဲ။ သူ နမ်းလိုက်ရင်တောင် မသိလောက်ပါဘူး ဟုတ်တယ်မလား။

လင်းဖန် ရှေ့ကို ကုန်းလိုက်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်ပါသည်။ သူ ထပ်ပြီး ခံနိုင်ရည် မရှိတော့ပါ။

သူ အရဲစွန့်ပြီး နမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ခဏနေ အရိုက်ခံရမည့် အန္တရာယ်ရှိနေရင်တောင် သူမကို အရင်နမ်းမှဖြစ်ပါမည်။

လင်းဖန်က ရှားဝမ်ချွေ့၏ နှဖူးနဲ့ ပိုပိုပြီး နီးလာနေပါသည်။ သူမ၏ အသက်ရှူသံကိုပင် ခံစားမိသည်။

မကြာမီ လင်းဖန် သူ့ရှေ့က ကောင်မလေးကို နမ်းရှိုက်နိုင်တော့မည်။

၃ စင်တီမီတာ...

၂ စင်တီမီတာ...

၁ စင်တီမီတာ...

ရှားဝမ်ချွေ့ မျက်လုံးများပွင့်လာပြီး လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

ထို့နောက်....

ရှားဝမ်ချွေ့ မျက်လုံးများ ပြူးနေစဥ် လင်းဖန်က သူမ၏ နဖူးကို နမ်းလိုက်ပါတော့သည်။

သူတို့အခု ၁ စင်တီမီတာလောက်ပဲ ကွာဝေးတော့တာကို သူမကို မနမ်းနိုင်ဘဲ နေနိုင်ပါတော့မလား။

ရှားဝမ်ချွေ့၏ မျက်နှာ အနည်းငယ်နီရဲသွားပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမ အနည်းငယ် စိတ်ဆိုးကာ ကြောင်ကလေးလို ဟန်လုပ်လိုက်ပြီး လင်းဖန်ကို ကိုက်လိုက်ပါသည်။

"မကိုက်ပါနဲ့ မကိုက်ပါနဲ့ ငါမှားသွားပါတယ်" လင်းဖန်က အမြန်ရှောင်ရင်း ပြုံံးကာ ပြောလိုက်ပါသည်။

"လင်းဖန်" ရှားဝမ်ချွေ့က အလွန်စိတ်ဆိုးနေသည်။ သူမ၏ ပါးပြင်များက နီရဲနေပါပြီ။ သူမ ခုမှနိုးလာတာကို လင်းဖန်က သူမကို အနိုင်ကျင့်နေသည်။

သူမ လင်းဖန်နဲ့ အိမ်လိုက်သွားပြီး တစ်ကုတင်တည်း ထပ်အိပ်ပါက လင်းဖန်မဟုတ်တာ တစ်ခုခုလုပ်လောက်သည်။

ရှားဝမ်ချွေ့ အလွန်စိတ်ဆိုးနေပါသည်။

သူမက လင်းဖန်၏ ကောင်မလေးမဟုတ််သေးပါ။ လင်းဖန်ကတော့ သူမကို ဒီလိုမျိုး အနိုင်ကျင့်နေပြီဖြစ်သည်။

နောက်ပိုင်း လင်းဖန်၏ ကောင်မလေး ဖြစ်လာပါက လင်းဖန် ဘာတွေလုပ်မလဲဆိုတာတောင် မသိနိုင်တော့ပါ။

ရှားဝမ်ချွေ့ကို ကြည့်ရင်း သူမ တကယ်စိတ်ဆိုးနေသည်ဟု ထင်ကာ မပြေးတော့ပါ။

လင်းဖန် အနည်းငယ် လိပ်ပြာမလုံသလို ခံစားမိပါသည်။

သူ တစ်ခုခု အမှားလုပ်မိခဲ့သည့်ပုံပင်။

ဘာပဲဖြစ်ဖြစ် သူနဲ့ ရှားဝမ်ချွေ့တို့က သမီးရည်းစားတွေလို မဟုတ်ကြသေးပါ။

သူ့ကြောင့် ရှားဝမ်ချွေ့ အများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရတာမှန်းလည်း လင်းဖန်သိပါသည်။

သူမ တိုးတိုးတိတ်တိတ် ကြယ်ပွင့်တစ်ပွင့် လုပ်နိုင်သော်လည်း လင်းဖန်ကြောင့် သူမ အမြဲတမ်း ရေပန်းစားနေခဲ့ရသည်။

ဒီတစ်ခေါက် လင်းဖန် မပြေးတော့ပါ။

သူမြဲမြဲရပ်လိုက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

"ငါတောင်းပန်ပါတယ်" လင်းဖန်က အတည်ပေါက် တောင်းပန်လိုက်ပါသည်။ သူနဲ့ ရှားဝမ်ချွေ့တို့က စုံတွဲမဟုတ်ကြသေးပါ။ သူမကို ဆက်တိုက် အခွင့်အရေး ယူနေလို့ မဖြစ်ပေ။ ဒါသူမကို တန်ဖိုးမထားရာ မကျသွားဘူးလား။

"ဟင်" ရှားဝမ်ချွေ့ ကြောင်အသွားသည်။ သူမ၏ လက်သီးက လင်းဖန်ကို မထိခင် ရပ်တန့်သွားပါသည်။

"ငါ စဥ်းစားကြည့်ပြီးသွားပြီ။ ရက်ပေါင်းများစွာ ငါ့ကြောင့်သာ မဟုတ်ရင် နင် အခုလို ဖြစ်မှာ မဟုတ်ဘူး။"

"အားလုံး ငါ့အပြစ်တွေပါ ဝမ်ချွေ့"

"ဒါပေမယ့် အခု အဆင်ပြေသွားပါပြီ။ ငါတို့ ပရိတ်သတ်တွေ သဘောကျတဲ့ ရုပ်သံဒရာမာ တစ်ကားကို နောက််ဆုံးတော့ ရိုက်ကူးနိုင်ခဲ့ပြီ။ နင့်ရဲ့ ဝေ့ပေါ် ပရိတ်သတ်တွေလည်း သန်း ၁၀၀ ကျော်သွားပြီဆိုတာ မြင်လိုက်တယ်။ ပြီးတော့ တစ်တော့ခ်ဆယ်လီအဆင့်သတ်မှတ်ချက်မှာ ပထမနေရာရောက်သွားပြီ။ နင်နောက်ဆုံးတော့ အားလုံးကို ကျော်တက်နိုင်ခဲ့ပြီပေါ့" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဘာပြောဖို့ ကျန်သေးလဲ" ရှားဝမ်ချွေ့က မေးလိုက်ပါသည်။

"ငါနင့်ကို အမြဲတမ်း အခွင့်အရေးယူပြီး အချိန်တိုင်း အနိုင်ကျင့်မနေသင့်တော့ဘူး။ နင့်လက်ကို ခွင့်ပြုချက်မရဘဲ မကိုင်သင့်ဘူး။ နင့်ကို ခိုးနမ်းတာဆို ပိုဆိုးပေါ့" လင်းဖန်ကပြောလိုက်ပါသည်။

ယခင်တုန်းကဆို လင်းဖန် ဘယ်မိန်းကလေးနားမှ မကပ်ဖူးပါ။

မိန်းကလေးဘက်က ဦးဆောင်ရင်တောင် လင်းဖန်က ခပ်ခွာခွာနေခဲ့သည်။

သူက မိန်းကလေးများကို အခွင့်အရေး မယူတတ်သော်လည်း ရှားဝမ်ချွေ့ကို တွေ့ပြီးနောက် သူ့စိတ် အနည်းငယ် ပြောင်းလဲသွားတာကို လင်းဖန် သတိထားမိပါသည်။

ယနေ့တော့ လင်းဖန် အိပ်မက်က လန့်နိုးလာသည်။

သူက ရှားဝမ်ချွေ့၏ ကောင်လေးလည်း မဟုတ်ပါ။ ထို့ကြောင့် သူမကို ဒီလို အနိုင်ကျင့်နေလို့ မရပေ။

ဒါက လင်းဖန်၏ ကိုယ်ကျင့်တရား ဖြစ်သည်။

လင်းဖန်က နှာဘူးမဟုတ်ပါ။ ဘယ်ကောင်မလေးကိုမှလည်း နှာဘူးမကျခဲ့ဖူးပါ။ သူ တစ်ခုခု အမှားအယွင်းလုပ်မိခဲ့သည်ဟုသာ ခံစားမိပါသည်။

"အဲ့တာကြောင့် စိတ်မဆိုးပါနဲ့တော့။ နောက်ကို ငါ ဒီလိုမနေတော့ပါဘူး။" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။

လင်းဖန် ဒီလိုပြုမူနေတာကိုမြင်ပြီး ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးကာ မျက်တောင် ခတ်လိုက်ပါသည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။

"မြောင်မြောင် အရူးကောင် နင်က ငါ့ကိုခိုးနမ်းတာကိုး။ ငါစိတ်ဆိုးတာပေါ့။ မတရားဘူးလေ။"

"နင်နမ်းရင် ငါပြန်နမ်းရမှ တရားမှာပေါ့။"

ရှားဝမ်ချွေ့က ခြေဖျားထောက်ကာ လင်းဖန်၏ နဖူးကို နမ်းလိုက်ပါသည်။

သူ့ရှေ့က ကောင်မလေးကြောင့် လင်းဖန် အနည်းငယ် မှင်သက်သွားရသည်။

သူတစ်ခုခုအမှားလုပ်မိခဲ့သည်ဟု ထင်သော်လည်း ရှားဝမ်ချွေ့က သူမ၏လုပ်ရပ်များဖြင့် မလုပ်မိကြောင်း ပြောခဲ့ပါသည်။

ဒီလောက် သဘောကောင်းတဲ့ ကောင်မလေး ကမ္ဘာကြီးမှာ ရှိနိုင်ပါဦးမလား။

သူ့ရှေ့က ရှက်သွေးဖြာနေသော ကောင်မလေးကိုကြည့်ကာ လင်းဖန် နှလုံးသားများ အရည်ပျော်သွားသလို ခံစားလိုက်ရပါသည်။

လင်းဖန် ဆုံးဖြတ်လိုက်သည်။

သူ ရှားဝမ်ချွေ့ကို မွေးနေ့မှာ စပရိုက်လည်း မတိုက်တော့ပါ၊ ဖွင့်လည်း မပြောတော့ပါ။

အခုချက်ချင်း သူမကို ဖွင့်ပြောရမည်။

အခုချက်ချင်း သူ့ရဲ့ တရားဝင် ကောင်မလေးဖြစ်သွားအောင် လုပ်ချင်ပါသည်။

All Chapters