အိမ်မှာ မိန်းမက ပိုက်ဆံကိုင်ရတယ်
Vol. 12 Ch. 166
"အီးဟီးဟီး အစ်မဝမ်ချွေ့ ရင်ဘတ်က ငါ့ထက်ပိုကြီးတယ်။ ဒေါသထွက်လိုက်တာ တစ်ယောက်ယောက်ကို ကိုက်ချင်လာပြီ" စုရှောင်းယွီ အနည်းငယ် ဝမ်းနည်းသွားပါသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က အတော်လေး ကောင်းမွန်သည်။ သို့သော်လည်း သူမ၏ ရင်ဘတ် သေးတာကတော့ သူမ ဘာမှ မတတ်နိုင်ပါ။
"ဟားဟား ဘာမှ မဖြစ်ပါဘူး။ ကောင်လေး ရလာရင် ကြီးလာမှာပေါ့။" ရှားဝမ်ချွေ့က ပြောလိုက်သည်။
"မသိဘူး။ မသိဘူး။" စုရှောင်းယွီက စိတ်ဆိုးသွားပါသည်။ သူမ သခွားသီးတစ်ကိုက် ကိုက်ကာ နောက်လှည့်သွားသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "လင်းဖန် စီအီးအိုလီက ငါ့ကုမ္ပဏီထောက်ခံချက် ကိစ္စတွေကို နင့်ကိုပဲအပ်ထားမယ်တဲ့။ နင်ငါ့ကို အဲ့ကိစ္စတွေ ကူညီပေးတော့ စိတ်အေးရတာပေါ့။"
"အခုတလော ကုမ္ပဏီထောက်ခံချက် ၁၀ ခုကျော်လောက် ငါနဲ့ စာချုပ်ချုပ်ချင်နေကြတယ်။ အစ်မယန်က အဲ့ကိစ္စကြောင့် နည်းနည်း ခေါင်းကိုက်နေရတယ်။ အဲ့ဒီကုမ္ပဏီထောက်ခံချက်တွေက အရင်တစ်ခေါက်တုန်းက ငါနဲ့ စာချုပ်ဖျက်သိမ်းသွားတဲ့သူတွေလေ" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
"ကိစ္စမရှိပါဘူး။ ငါ့တာဝန်သာ ထားလိုက်" လင်းဖန်က ပြောလိုက်ပါသည်။
တကယ်တော့ လင်းဖန်လည်း ဒေါသထွက်နေသည်။
ထိုကုမ္ပဏီထောက်ခံချက်များက အရင်တုန်းက ရှားဝမ်ချွေ့နဲ့ စာချုပ်ဖျက်သိမ်းခဲ့ကြသူများ ဖြစ်ပါသည်။
အခု ရှားဝမ်ချွေ့နဲ့ စာချုပ်ပြန်ချုပ်ချင်ကြတယ် ဟုတ်လား။
လင်းဖန် သဘောတူမှာ မဟုတ်ပေ။
ထို့အပြင် ထိုကုမ္ပဏီထောက်ခံချက်များက နိုင်ငံတကာ အဆင့်မှီ ဘရန်းတွေလည်း မဟုတ်ပါ။ ရှားဝမ်ချွေ့သာ ငြင်းလိုက်လျှင် သူမကို ဘာမှ ထိခိုက်မှုရှိစေမှာ မဟုတ်ပေ။
ကုမ္ပဏီ၏ အခန်းကျယ်ကြီးတစ်ခုထဲတွင်....
ကုမ္ပဏီထောက်ခံချက်များစွာက ရှားဝမ်ချွေ့၏ မန်နေဂျာ ယန်ချင်းကို ဝန်းရံကာ ရှိနေကြသည်။
"အရင်တုန်းက ကျွန်တော်တို့ရဲ့ အမှားကြောင့် စာချုပ်ကို ဖျက်သိမ်းမိခဲ့တာပါ။ အဲ့တာ ကျွန်တော်တို့ အမှားပါ။ အခု ရှားဝမ်ချွေ့နဲ့ စာချုပ်သစ် ပြန်ချုပ်လို့ ရမလားခင်ဗျ။ ပိုကောင်းတဲ့ စျေးနှုန်းနဲ့ ကမ်းလှမ်းပါ့မယ်။"
"ဟုတ်တယ်။ စျေးနည်းနည်းမြင့်သွားလည်း ကိစ္စမရှိဘူး။ ရှားဝမ်ချွေ့နဲ့ စာချုပ်ပြန်ချုပ်နိုင်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲလေ။"
"ကျွန်တော်တို့ ကုမ္ပဏီက မဆိုးဘူးနော်။ ရှားဝမ်ချွေ့ စာချုပ်ချုပ်မယ်ဆိုရင် သူ့အတွက် သေချာပေါက် အကျိုးကျေးဇူးတွေ ရမှာပါ။ သူ့ကို ကုမ္ပဏီထောက်ခံချက်ကြေးတောင် ပေးနိုင်ပါတယ်။"
ကုမ္ပဏီ ၁၀ ခုကျော်ကျော်လောက်က ယန်ချင်းကို ဝန်းရံကာ ပြောဆိုနေကြပါသည်။ သူတို့ စာချုပ်တွေတောင် ပြင်ထားကြတာ သိသာသည်။
ထိုအချိန်တွင် လင်းဖန် ဝင်လာခဲ့၏။
လင်းဖဖန်က ထိုကုမ္ပဏီထောက်ခံချက် တာဝန်ရှိသူများအားလုံးကို ကြည့်လိုက်ပြီး ထိုင်ချလိုက်ပါသည်။ သူ ပြောလိုက်၏။ "ခင်ဗျားတို့အားလုံးက ရှားဝမ်ချွေ့ကို ခင်ဗျားတို့ ထုတ်ကုန်တွေအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ခိုင်းဖို့ လာခဲ့တာလား။"
"အရင်တုန်းက ခင်ဗျားတို့တွေ ရှားဝမ်ချွေ့နဲ့ စာချုပ်ဖျက်သိမ်းပြီး ဒဏ်ကြေးတောင် ပေးဆောင်ခိုင်းခဲ့တယ်။ အခုတော့ စာချုပ်ပြန်ချုပ်ချင်နေတယ်ပေါ့လေ။"
"ရှားဝမ်ချွေ့မှာ ခင်ဗျားတို့လို ကုမ္ပဏီထောက်ခံချက် မရှားပါးဘူး။"
"ဒီနေ့ ကုမ္ပဏီရဲ့ ကိုယ်စား ကျွန်တော် တရားဝင် ကြေညာလိုက်တယ်။"
"အရင်တုန်းက ရှားဝမ်ချွေ့နဲ့ စာချုပ်ဖျက်သိမ်းပြီး အခုမှ စာချုပ်ပြန်ချုပ်ချင်ကြတဲ့ လူတိုင်းကို ကျုပ်တို့ ငြင်းဆန်တယ်။"
"အစ်မယန် သူတို့ကို ပြန်ပို့လိုက်ပါ။"
ထိုသို့ပြောပြီးနောက် လင်းဖန် လှည့်ထွက်သွားပြီး တံခါးကို ပိတ်လိုက်ပါသည်။
ကုမ္ပဏီထောက်ခံချက် ၁၀ ခုကျော်လောက်ကို ငြင်းလိုက်လည်း ဘာဖြစ်လဲ။ အများဆုံး ကုမ္ပဏီထောက်ခံချက်ကြေး သန်းဆယ်ဂဏန်းလောက်သာ ဆုံးရှုံးမည်ဖြစ်သည်။
သန်းဆယ်ဂဏန်းလောက်ကို လင်းဖန် ဂရုမစိုက်ပါ။
သူက ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက်များကို အဆုံးအဖြတ်ပေးမည်။
အရင်တုန်းက အလုပ်လုပ်ပြီး ရှင်သန်ဖို့အတွက် ရှားဝမ်ချွေ့ ရိုက်ကူးရေးလုပ်ရရုံတင်မကဘဲ သူမ၏ အချိန်ဇယားကလည်း အလွန်ပြည့်နေကာ တစ်လကို များများစားစား နားချိန် မရှိခဲ့ပေ။
အခုတော့ လင်းဖန်က ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက်တာဝန်များကို ယူထားလိုက်ပြီ ဖြစ်သည်။ ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက် ကမ်းလှမ်းချက် အများကြီးအား လက်ခံခွင့်ပြုမှာ မဟုတ်ပါ။
လင်းဖန် ထွက်သွားပြီးနောက် ယန်ချင်းက လင်းဖန်ကို ခြားနားသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်ပါသည်။
သူက ဝမ်ချွေ့ သဘောကျသည့် လင်းဖန် ဖြစ်လေသည်။
ရှားဝမ်ချွေ့ ဘာကြောင့် လင်းဖန်ကို သဘောကျရသလဲဆိုတာ သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။
လင်းဖန်က အမြဲတမ်း ရှားဝမ်ချွေ့အတွက် စဥ်းစားပေးနေသောကြောင့် ဖြစ်ပါသည်။
အရင်တုန်းကလည်း စဥ်းစားပေးသည်။ အခုလည်း စဥ်းစားပေးသည်။ နောင်လည်း စဥ်းစားပေးနေဦးမည်ဖြစ်သည်။
ထောက်ခံချက် စာချုပ်ကြေး မရရင်လည်း ဘာဖြစ်လဲ။
ဒါ လင်းဖန်၏ စတိုင် ဖြစ်သည်။
သို့သော် အနာဂတ်တွင် ရှားဝမ်ချွေ့တစ်ယောက် ကုမ္ပဏီထောက်ခံချက် မရှိသည့် အခြေအနေမျိုးနဲ့ ကြုံလာရနိုင်သည်။
ထုတ်ကုန်များအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ပေးခြင်းက နာမည်ကျော်များအဖို့ အရေးပါသည့် ဝင်ငွေ အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ လူထုရှေ့မှာ ပေါ်လာနိုင်သည်။
သို့သော်လည်း လင်းဖန်ရှိနေပါက နောက်ပိုင်း ရှားဝမ်ချွေ့ကို ဘယ်သူမှ အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူးဟု ယန်ချင်း ယုံကြည်ထားပါသည်။
ထို့နောက် လင်းဖန်က မဟာစကြဝဠာ သတင်းအချက်အလက် ကုမ္ပဏီ၏ တာဝန်ရှိသူ ဝမ်လေးနဲ့ တွေ့ဆုံခဲ့ပါသည်။
ဒီနေ့ လင်းဖန်နဲ့ ထိုဂိမ်းကုမ္ပဏီတို့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ပြောင်းလဲခွင့်အား သန်း ၃၀ ဖြင့် ရောင်းချခဲ့ပါသည်။
တချိန်တည်းမှာပင်... ရှားဝမ်ချွေ့အတွက် လင်းဖန် ကုမ္ပဏီထောက်ခံချက်အသစ်တစ်ခုကို ရှာတွေ့ခဲ့ပါသည်။
သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီဂိမ်းအတွက် ကုမ္ပဏီထောက်ခံချက် ပြုလုပ်ပေးဖို့ ရှားဝမ်ချွေ့ကို စုစုပေါင်း ၁၃ သန်း ပေးဆောင်ရမည်။
စုရှောင်းယွီ၏ ကုမ္ပဏီထောက်ခံချက်ကြေးကလည်း ၁၃ သန်းပဲ ဖြစ်သည်။ လင်းဖန်၏ ရုပ်သံဒရာမာကြောင့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ၂၆ သန်း ရရှိခဲ့ကြပါသည်။
....
"ဟုတ်ပြီကွ ကျေးဇူးတင်ပါတယ် ဆရာ။ နင် မရှိရင် ငါ ဒီလောက်များတဲ့ ထောက်ခံချက် စာချုပ်ကြေး ရဖူးမှာ မဟုတ်ဘူး" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။
"ငါလည်း အရင်တုန်းက ကုမ္ပဏီထောက်ခံချက်ကြေး ၁၃ သန်း မရဖူးဘူး။ ပြီးတော့ ဗီဒီယိုတစ်ခုနဲ့ ဓာတ်ပုံတချို့ပဲ ရိုက်ပေးဖို့ လိုတာတဲ့လား" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
လင်းဖန်က ပြုံးကာ ပြောလိုက်၏။ "နင်တို့နှစ်ယောက်က ရေပန်းစားပြီးသားပဲလေ။ ကုမ္ပဏီထောက်ခံချက်ကြေး ဒီလောက်ရတာ ပုံမှန်ပဲ။ ရှောင်းယွီ နင်အရင်က ကုမ္ပဏီထောက်ခံချက် လက်မခံဖူးသေးဘူး မလား။ နောက်ပိုင်း ငါ နင့်ကုမ္ပဏီထောက်ခံချက်တွေကိုပါ သေချာ စီမံပေးမယ်။"
"ဟုတ်ပြီ ဆရာက အတော်ဆုံးပဲ~" စုရှောင်းယွီက ပျော်ရွှင်သွားသည့်ပုံပေါ်ပါသည်။ သူမမှာ ဖြုန်းစရာငွေ အများကြီးရှိသဖြင့် ကုမ္ပဏီထောက်ခံချက်များကို လက်မခံခဲ့ခြင်း ဖြစ်သည်။ ၁၃သန်းက များသည့်ပုံပေါ်သော်လည်း စုရှောင်းယွီ၏ တစ်ပတ်စာ မုန့်ဖိုးလောက်သာ ရှိပါသည်။
သို့သော်လည်း စုရှောင်းယွီက အလွန်ပျော်ရွှင်နေပါသည်။ သူမ ဒီပိုက်ဆံကို ကိုယ့်အားကိုယ်ကိုးပြီး ရလာခြင်း ဖြစ်၏။ အရမ်းကြီးလည်း ခက်ခက်ခဲခဲ လုပ်စရာ မလိုအပ်ပါ။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့ အနည်းငယ် အားကျနေကြသည်။
၁၃ သန်းကြီးများတောင်ဟ...
သူတို့လုပ်ဖို့ လိုတာကလည်း ရိုးရိုးလေးပင်။ ဓာတ်ပုံနဲ့ ဗီဒီယိုတချို့ရိုက်ကူးရုံသာ ဖြစ်သည်။ ဒါတွေက စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ ကျွမ်းကျင်ပြီးသား အရာများ ဖြစ်ပါသည်။
သူမတို့နှစ်ယောက် ဓာတ်ပုံရိုက်သည့်အခါ ဓာတ်ပုံ ၁၀၀၀ ကျော်ရင်တောင် ရိုက်လို့ မပြီးနိုင်ကြသေးပါ။
လင်းကျင်းကျင်းက လင်းဖန်ကို ကြည့်လိုက်ပြီး စုရှောင်းယွီလိုပဲ ချွဲချွဲနွဲ့နွဲ့ ပြောလိုက်ပါသည်။ "လင်းဖန် ငါလည်း ကုမ္ပဏီထောက်ခံချက် စာချုပ်တစ်ခုလောက် လိုချင်တယ်။ နောက်ပိုင်းကျရင် ငါ့ကုမ္ပဏီထောက်ခံချက်တွေကိုပါ စီမံပေးပါလား~~"
လင်းဖန်က ပြုံးကာ ရှုယန်၏ ပခုံးကို ပုတ်လိုက်ပါသည်။ "ကျင်းကျင်း ရှုယန်က ယွဲ့ဟွာရဲ့ နံပါတ်တစ် အမျိုးသားသရုပ်ဆောင်လေ။ သူ့အကူအညီနဲ့ဆို နောက်ပိုင်း ကုမ္ပဏီထောက်ခံချက် စာချုပ်လက်မှတ်ထိုးတဲ့အခါ မင်း အလိမ်ခံရမှာ မဟုတ်ဘူး။"
ရှုယန်က သက်ပြင်းချလိုက်သည်။ "လင်းဖန် ငါက ယွဲ့ဟွာရဲ့ နံပါတ်တစ် အမျိုးသားသရုပ်ဆောင် မဟုတ်တော့ဘူး။ အဲ့တာ မင်း ဖြစ်သွားပြီလေ။ ငါတို့ကုမ္ပဏီထောက်ခံချက်တွေကိုလည်း ကူညီပြီး ကိုင်တွယ်ပေးပါလား။"
"ကျင်းကျင်းကတော့ တတ်နိုင်ရင် ငါကူညီပေးမှာပေါ့။ ကျင်းကျင်းက အရမ်းလှတယ်လေ။ ဘာလို့ ကုမ္ပဏီထောက်ခံချက် မရှာနိုင်မှာကို စိတ်ပူစရာလိုလို့လဲ။” ရှုယန်က ပြုံးကာ ကျင်းကျင်းကို ကြည့်လိုက်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေး အဆင်ပြေလာကတည်းက ရှုယန်က ရှားဝမ်ချွေ့ကိုမေ့ပြီး သူ့ဘေးကလူတွေကိုသာ ချစ်မြတ်နိုးဖို့ ကြိုးစားခဲ့ပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီကို လင်းကျင်းကျင်းနဲ့အတူ ရိုက်ကူးပြီးနောက် လင်းကျင်းကျင်း ဘယ်လောက်တော်သလဲဆိုတာ ရှုယန် နားလည်လာပါသည်။
လင်းကျင်းကျင်းက အလွန်တော်ပါသည်။ သူမက ရှားဝမ်ချွေ့လောက် မလှပသော်လည်း သူ့ကောင်မလေးလုပ်ဖို့ သင့်တော်ပါသည်။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့၏ အကြည့်ချင်း ဖလှယ်မှုများကိုကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ ရှုယန်က အခုတလော အများကြီး တိုးတက်လာသည်။
လင်းကျင်းကျင်း၏ မျက်နှာက အနည်းငယ် နီမြန်းနေပါသည်။ သူမ ရှုယန်ကို သူမ၏လှပသော မျက်လုံးလေးများဖြင့် လှမ်းကြည့်လိုက်ပြီး သူမ၏ အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပါသည်။ သူမ လင်းဖန်ကို ထပ်ကြည့်ကာ ပြောလိုက်သည်။
"လင်းဖန် ငါတို့တောင် သတိမထားမိဘဲ နင်က အရမ်းတော်လာတာပဲ။ နောက်တစ်ခေါက် နင့်ရေပန်းစားမှုနောက်ကို ငါရေသာခိုပြီး လိုက်တော့မယ်။ ငါ ဖျော်ဖြေပွဲ တစ်ခုခု ကျင်းပတဲ့အခါကျရင် နင်ငါ့ကို လာအားပေးရမယ်။ အဲ့တာ နင်ကတိပေးထားဖူးတယ်နော်။"
"ဟုတ်ပါပြီ" လင်းဖန်က ပြုံးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်ဆိုတာ လင်းကျင်းကျင်း၏ အရံလုပ်ငန်း ဖြစ်ပါသည်။ သူမ၏ သရုပ်မှန်က အဆိုတော်တစ်ယောက်ဖြစ်ပြီး အလွန်နာမည်ကြီးသူလည်း ဖြစ်သည်။ သူမ သီချင်းဆိုတာကို ကြိုက်နှစ်သက်ကြသူတွေ ပေါများလှပါသည်။
"ကျေးဇူးပါ။ လာမယ့်ဖျော်ဖြေပွဲက တစ်လအတွင်းမှာပဲ။ နင့်ကို အခုကို တရားဝင်ဖိတ်လိုက်ပြီနော်။ နင့်ကို ငွေပေးဖို့ကတော့ ငါ့မှာငွေမရှိဘူး" လင်းကျင်းကျင်းက ခေါင်းငုံ့လိုက်ကာ အနည်းငယ် ဝမ်းနည်းသွားပါသည်။
သူမက နာမည်ကျော် အဆိုတော် ဖြစ်သော်လည်း ဖျော်ဖြေပွဲတစ်ခုမှ သူမ ရရှိသည့် ငွေက လင်းဖန်၏ ဂိမ်းမူပိုင်ခွင့် ရောင်းချလိုက်လို့ ရလာသည့် ပိုက်ဆံထက် အများကြီး နည်းပါသည်။
လင်းကျင်းကျင်းသာ လင်းဖန်ကို သီချင်းဆိုဖို့ တကယ်ဖိတ်ခေါ်ချင်ပါက သူမ မတတ်နိုင်မှာကို စိုးရိမ်မိပါသည်။
ရှားဝမ်ချွေ့က ဝင်ပြောလိုက်သည်။ "ကျင်းကျင်း စိတ်မပူပါနဲ့။ သူ အလကား လုပ်ပေးလိမ့်မယ်။"
လင်းကျင်းကျင်း၏ လှပသော မျက်လုံးများက ဝိုင်းစက်သွားပါသည်။ ရှုယန်က မေးလိုက်၏။ "ဝမ်ချွေ့ လင်းဖန် အလကားလုပ်ပေးမယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ..."
ရှားဝမ်ချွေ့က လင်းဖန်ကို ကြမ်းတမ်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ "သူ့ကို ပိုက်ဆံမယူခိုင်းရင် သူယူလို့မရပါဘူး။"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ အိမ်မှာ ငါ့မိန်းမပဲ ငွေကိုင်တာ။ သူ့စကားဆို တစ်ခွန်းပဲ။"
ရှုယန်၊ "..."
လင်းကျင်းကျင်း၊ "..."
စုရှောင်းယွီ၊ "..."