← Chapters

ဝိညာဉ် ကျောက်တုံးတွေရဲ့ အစွမ်

Vol. 24 Ch. 329

ဝိညာဉ် ကျောက်တုံးတွေရဲ့ အစွမ်

Vol. 24 Ch. 329

ပထမတုန်းကတော့ အကြီးအကဲလျံဟာ ငြိမ်းချမ်းရေးမြို့ သွားဖို့ ဆုံးဖြတ် ထားခဲ့တာပါ။  ဒါပေမဲ့ လင်ခွန်းရဲ့ အချက်ပြမှုကို ရပြီးတဲ့ အခါမှာတော့ သူရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြီး  ယုံဝူးမြို့ကိုသာ လာခဲ့တယ်လေ။

" အခြေအနေ မကောင်းတော့ဘူး။  အဲဒါက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ပဲ”

ကြောင်မျက်နှာဖုံး ရှင်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါပြီ။

သူ့ရဲ့ စွမ်းရည်က ၁၀ဆ ပိုကောင်း လာရင်တောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။

ပြန်လည်ဝင်စားခြင်း နယ်ပယ်နဲ့ ကောင်းကင်နယ်ပယ် ကြားက ကွဟမှုဟာ နည်းနည်း နောနောမှ မဟုတ်တာလေ။

ပြီးတော့ အခုလာတဲ့ သူက အနည်းဆုံးတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို ရောက်နေပါပြီ။

အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး။  ကောင်းကင်နယ်ပယ် မှာတော့ အဆင့်၃ဆင့် ကျော်ပြီး တိုက်ခိုက်နိုင်သူတွေ ရှိရင် ရှိပါလိမ့်မယ်။  ဒါပေမဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာတော့ အဆင့်တစ်ဆင့် နိမ့်ကျနေရင်တောင်မှ တစ်ဖက်လူကို သတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပြန်လည်ဝင်စားခြင်း နယ်ပယ်ဆိုတာက လူတစ်ယောက်ရဲ့ ဘဝကို လုံးဝ ပြောင်းလဲ ပစ်လိုက်တာပါ။  လူ့သက်တမ်းကော စွမ်းအင်တွေပါ မတူညီတဲ့ အဆင့်တစ်ခု အထိ ရောက်ရှိ သွားခဲ့ပါပြီ။

" သေစမ်း "

အကြီးအကဲလျံက သူ့ရဲ့ ဓားကို မထုတ်သုံးခဲ့သလို မူလဘူတ ဓားကိုလည်း ထုတ်သုံးခြင်း အလျင်း မရှိခဲ့ပါဘူး။

သူက  ညာဘက် လက်ညှိုးနဲ့ လက်ခလယ်ကို ပူးပြီး ခပ်ရိုးရိုးလေးသာ ခုတ်ချလိုက်ပါတယ်။

ရွှီး ...

အကြီးအကဲလျံရဲ့ ချီအရှိန်အဝါ ဖိအားအောက်မှာ ရောက်နေတဲ့ ကြောင်မျက်နှာဖုံး ရှင်ကတော့ ဘာမှ တတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဖောင်း ...

သူ့ရဲ့ တစ်ကိုယ်လုံးဟာ ပေါက်ကွဲသွားပြီး သွေးအိုင်အဖြစ်ကို ပြောင်းလဲ သွားပါတော့တယ်။

" ဒါက ပြန်လည် ဝင်စားခြင်းနယ်ပယ်  ပညာရှင် တစ်ယောက်ရဲ့ စွမ်းပကားလား ... "

သူ့အနေနဲ့   ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ လှုပ်ရှားမှုကို မြင်ဖူးတာက  ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့လည်း အဲဒါက သူ့ကို ကြောက်နှလုံး တုန်စေနိုင်တုန်းပါပဲ။

ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်အောင် လေ့ကျင့်နိုင်သူတွေဟာ သေချာပေါက်ကို ပါရမီရှင်တွေပါပဲ။  ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်ဖြင့် သူတို့တွေဟာ အနည်းဆုံးတော့ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံတွေကို ပိုင်ဆိုင် ထားကြပါတယ်။

လက်ရှိမှာတော့ လီဖူချန်းဟာ ကောင်းကင်နယ်ပယ်က အဆင့်အရမ်းကွာနေတဲ့ ပညာရှင်တွေကို သတ်ရင် သတ်နိုင် ပါလိမ့်မယ်။  ဒါပေမဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီ ဆိုရင်တော့ လီဖူချန်းအနေနဲ့  အဆင့်တစ်ဆင့် ကွာတဲ့ ပညာရှင်ကို  သတ်နိုင်ရင်တောင်မှ အလွန် ကံကောင်းတယ်လို့ သတ်မှတ်လို့ ရနေပါပြီ။  တကယ်လို့သာ အဲဒီလို သတ်နိုင်ခဲ့ရင်ဖြင့် အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးဟာ ပွက်လော ညံသွားနိုင်ပါသေးတယ်။

ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ဆိုတာက ကောင်းကင်ဘုံက ကောင်းချီး ပေးသနားထားတဲ့ လက်ရွေးစင် ပါရမီရှင်တွေပင် မဟုတ်ပါလား။

ကြောင်မျက်နှာဖုံးရှင် သွေးအိုင်ဘဝကို ပြောင်းသွားပြီးတဲ့ နောက်မှာတော့  မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ ခြေဦးတည့်ရာ ထွက်ပြေး ကုန်ကြပါပြီ။

ဒါပေမဲ့လည်း လီဖူချန်းနဲ့ အတွင်းစည်း အကြီးအကဲတွေဟာ သူတို့ကို ထွက်ပြေးခွင့် မပေးပါဘူး။ လီဖူချန်းရဲ့ ဓားမှာတော့ မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ သွေးတွေနဲ့ ရွှဲနစ်နေခဲ့ပါပြီ။ ဒီမိစ္ဆာကောင် တစ်ယောက်ကို သတ်လိုက်တာက အပြစ်မဲ့တဲ့ လူ၁၀၀ကို ကယ်တင်တာနဲ့ အတူတူပါပဲ။ ဒါတောင်မှ သူတို့ရဲ့ လက်ထဲကနေ ဝတ်စုံနက်၁၀၀လောက်  လွတ်သွား ပါသေးတယ်။

" အထွဋ်ခေါင်ချုပ် အကြီးအကဲ "

ယုံဝူးမြို့ရဲ့ ပြဿနာကို ရှင်းပြီးသွားတဲ့ အခါမှာတော့  လူအားလုံးဟာ အကြီးအကဲလျံကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ကြပါတယ်။

အကြီးအကဲလျံရဲ့ နာမည်ကတော့ လျံအန်းမူ ဖြစ်ပါတယ်။

သူက ခေါင်းညိတ်လိုက်ပြီး

"  ငါ့ကို ဖြစ်ကြောင်းကုန်စင်ကို တိတိကျကျ ရှင်းပြစမ်း "

သူ့ရဲ့ စကားကို ကြားအပြီးမှာတော့  အကြီးအကဲလင်ခွန်းက ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြ လိုက်ပါတယ်။

ဖြစ်ကြောင်း ကုန်စင်ကို နားထောင်ပြီးတဲ့ အခါမှာတော့ လျံအန်းမူဟာ လီဖူချန်းကို ပြုံးပြလိုက်ပြီး

" လီဖူချန်း ...   မင်းက အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့တာပဲ။  ရော့ ... ဒီသိုလှောင်အိတ်ကို  ယူလိုက်”

သူ့ရဲ့ လက်ထဲမှာရှိတဲ့  သိုလှောင်အိတ်ကတော့ ကြောင်မျက်နှာဖုံးရှင်ရဲ့ သိုလှောင်အိတ်ပါပဲ။ အကြီးအကဲလျံက ကြောင်မျက်နှာဖုံးရှင်ရဲ့ သိုလှောင်အိတ်ကို မည်သည့်အချိန်က  ယူထား လိုက်မှန်းကို မသိပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လျံအန်းမူက ဒီသိုလှောင်အိတ်ကို စစ်ဆေးပြီးပါပြီ။  ဒီသိုလှောင် အိတ်ထဲက ပါတဲ့ ပစ္စည်းတွေက သူ့လို ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ကိုတောင် အတော်လေး ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။  ဒါပေမဲ့ သူက လီဖူချန်းရဲ့  လုပ်ဆောင်မှု အတွက်လည်း ဆုပေးရပါဦးမယ်။

မြေကမ္ဘာအဆင့်၈ဖြစ်တဲ့  လီဖူချန်းက သူ့ရဲ့ အသက်ကိုတောင်မှ မငဲ့ဘဲ မိုးပြာရောင် အတွင်းစည်း အကြီးအကဲတွေနဲ့  ရင်ပေါင်တန်းပြီး မိစ္ဆာတာအို ကျင့်ကြံသူတွေကို တိုက်ခိုက် ခဲ့တာလေ။  အဲဒီအတွက် လီဖူချန်းဟာ ဆုကြီးတစ်ခုတော့ ရထိုက်ပါတယ်။

အကြီးအကဲလျံဟာ  သွေးပုလဲက လွဲပြီး ကျန်တာ အားလုံးကို ထိတောင် မထိဘဲ လီဖူချန်းကို ပေးလိုက်တာပါ။

" ကျေးဇူးတင်ပါတယ်  အထွဋ်ခေါင်ချုပ် အကြီးအကဲ"

လီဖူချန်းက သိုလှောင်အိတ်ကို လက်ခံ ရယူလိုက်ပါတယ်။

သိုလှောင်အိတ်ကို စစ်ဆေး ကြည့်လိုက်ပြီး နောက်မှာတော့ လီဖူချန်းဟာ နွာပြာကြီး အောက်သွား လွတ်သကဲ့သို့ တဟီးဟီး ဖြစ်နေခဲ့ပါပြီ။

သည်သိုလှောင်အိတ်ထဲမှာက  အမျိုးအမည် သေချာမသိသေးတဲ့ ပစ္စည်းတွေနဲ့  စိတ်ဝိညာဉ် ကျောက်တုံး တော်တော်များများ ပါရှိနေသည် မဟုတ်ပါလား။

" တိုက်ပွဲလည်း ပြီးပြီဆိုတော့ ငါလည်း ပြန်တော့မယ်။  မင်းတို့အားလုံး သည်နေရာကို ကောင်းကောင်း ရှင်းလင်းလိုက်ကြ ... "

အမိန့်ပေးပြီး နောက်မှာတော့ အကြီးအကဲလျံဟာ မိုးကောင်း စက်ဝိုင်းဘက်ကို ဦးတည် ပျံသန်းသွားကာ ညအမှောင်ထဲ၌ ပျောက်ကွယ် သွားခဲ့ပါပြီ။

အထွဋ်ခေါင်ချုပ် အကြီးအကဲလျံ ထွက်ခွာသွားပြီး နောက်မှာတော့ လီဖူချန်းဟာ သိုလှောင်အိတ်ကို ဖွင့်ကာ နောက်ထပ်တစ်ကြိမ် စစ်ဆေး ကြည့်ရှုလိုက်ပါတယ်။

" ဟဟဟ  ...  ပစ္စည်းကောင်းလေးတွေပဲ"

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တွေ လင်းလက် တောက်ပ နေခဲ့ပါပြီ။

ကြောင်မျက်နှာဖုးံရှင်ရဲ့ သိုလှောင် အိတ်ထဲမှာက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးပေါင်း ၁၀၀ကျော်တောင် ရှိနေပါတယ်။ ယေဘူယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက်ဟာ  အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး တစ်တုံးကိုသုံးပြီး သုံးလနီးပါး ကျင့်ကြံနိုင်ပါတယ်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀နဲ့ ဆိုရင်တော့ဖြင့် ကောင်းကင်နယ်ပယ်  အဆင့်နိမ့် ပညာရှင် တစ်ယောက်ဟာ နှစ်ပေါင်း၃၀နီးပါး စိတ်အေးလက်အေး ကျင့်ကြံနိုင်ပါတယ်။

ဒီအရေအတွက်က နည်းတဲ့အရေအတွက်တော့ မဟုတ်ပါဘူး။ မိုးပြာရောင် ဂိုဏ်းမှာ တောင်မှ  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေသာလျှင် ဒီအရေအတွက်ကို ပိုင်ဆိုင် ထားနိုင်တာပါ။

အတန်ကြာ စဉ်းစားနေပြီး နောက်မှာတော့ လီဖူချန်းဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး၃၀ကို ထုတ်ယူလိုက်ပါတော့တယ်။

" အကြီးအကဲတို့  ... ။  အကြီးအကဲတို့ အားလုံးကလည်း ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တာပဲ။  ကျေးဇူးပြုပြီး ဒီဝိညာဉ် ကျောက်တုံးတွေကို တစ်ယောက် သုံးတုံးစီ ခွဲဝေယူပေးပါ”

အတွင်းစည်း အကြီးအကဲ လင်ခွန်း ဦးဆောင်တဲ့ အကြီးအကဲတွေက လီဖူချန်းရဲ့ ကမ်းလှမ်းမှုကို အကြောက်အကန် ငြင်းဆိုကြရှာပါတယ်။

" မလုပ်နဲ့ ... တူမောင် ဖူချန်း။  ဒါက မင်းရတဲ့ ဆုလာဘ်ဘဲလေ ... ။  ဦးရီးတို့က ဘယ်လိုလုပ်ပြီး ယူရက်မှာလဲ ... "

" ဟုတ်တယ် ... ။  တူမောင်ရဲ့ ဝိညာဉ် ကျောက်တုံးတွေကို ဦးရီးတို့က ဘယ်မျက်နှာနဲ့ ယူရမှာလည်း ... ။ "

" မလုပ်ပါနဲ့ ဖူချန်းရယ်  ... ။  ဒါတွေက မင်းရဲ့ ကျင့်ကြံမှုမှာ အထောက်အကူ ပြုတဲ့ အရာနော် ... ။ "

အကြီးအကဲတွေရဲ့ ပါးစပ်ကသာ ငြင်းနေရှာတာပါ။  လီဖူချန်းရဲ့ လက်ထဲက ဝိညာဉ် ကျောက်တုံး အတုံး၃၀ကတော့ ပြောင်တလင်း ခါသွားခဲ့ပါပြီ။  အတော်ကို လက်သွက်တဲ့ အကြီးအကဲတွေပါပဲ။

သူတို့အနေနဲ့ လက်မသွက်ရင်လည်း မရတော့ပါဘူး။  မိုးပြာရောင်ဂိုဏ်းက  သူတို့ကို တစ်နှစ်နေမှ  ဝိညာဉ် ကျောက်တုံး အနည်းငယ်သာ ထောက်ပံ့နိုင်တာလေ။  အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အဲဒါက သူတို့အတွက် မလုံလောက်ပါဘူး။  အထူးသဖြင့် အကြီးအကဲ လင်ခွန်းလို ကောင်းကင်နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်နေတဲ့ လူတစ်ယောက် အတွက်ပေါ့။

အတွင်းစည်း အကြီးအကဲတွေ အတွက်ကတော့ သည်စစ်ဆင်ရေးက အတော်လေး တန်သွားခဲ့ပါပြီ။  အတွင်းစည်း အကြီးအကဲ တစ်ယောက် ကျဆုံးခဲ့တာလေးပဲ အနည်းငယ် ပြောစရာ ရှိပါတယ်။

ဒါကလည်း သိပ်ပြီး ထူးဆန်းလှတာတော့ မဟုတ်ဘူး။  တိုက်ပွဲ အတွင်းမှာတော့ နှစ်ဖက်စလုံးမှာ သေတဲ့လူတွေ ရှိမှာပါပဲ။  သူတို့ ကိုယ်တိုင်လည်း ဘယ်အချိန်၊ ဘယ်တိုက်ပွဲမှာ သေမယ်ဆိုတာကို ကြိုမသိနိုင်ပါဘူး။

တိုက်ပွဲဖြစ်ပွားရာ နေရာကို စနစ်တကျ ရှင်းလင်းပြီးတဲ့ နောက်မှာတော့  အကြီးအကဲလင်ခွန်း ဦးဆောင်တဲ့  မိုးပြာရောင်ဂိုဏ်း အကြီးအကဲတွေဟာ  ယုံဝူးမြို့ကနေ ထွက်ခွာ သွားကြပါပြီ။

လီဖူချန်း၊ ကျင်းမင်နဲ့ စုချန်းတို့ကတော့  သူတို့ကို နှုတ်ဆက်ရင်း ကျန်နေပါတော့တယ်။

တိုက်ပွဲအစကနေ အဆုံးအထိ အကြီးအကဲ မားချီဟိုင်ကတော့ ပေါ်လာခြင်း မရှိပါဘူး။ ယုံဝူးမြို့ထဲက လူတွေကတော့ ဝတ်စုံနက် တစ်ထောင်ကျော် ဝိုင်းတာကို ခံလိုက်ရတဲ့ အတွက် အတော်လေး ထိတ်လန့် ချောက်ချား နေကြပါပြီ။ သူတို့က မြို့ပြင်မှာ တိုက်ခိုက်နေတဲ့ တိုက်ခိုက် သံတွေကိုလည်း ကြားနေခဲ့ရတာ မဟုတ်ပါလား။

တိုက်ခိုက်သံတွေ တိတ်ဆိတ်သွားတဲ့ အခါမှာတော့ ယုံဝူးမြို့စားမင်းဟာ သူ့ရဲ့ အရာရှိ၊ အမှုထမ်းတွေကို  မြို့ထဲ စေလွှတ်လိုက်ကာ ရန်သူတွေ ကျရှုံံးသွားကြောင်းကို ကြေညာစေပါတယ်။

အဲဒီ အချိန်မှသာ မြို့သူမြို့သားတွေဟာ စိတ်အေးလက်အေး နေနိုင် သွားပါတော့တယ်။  နောက်ထပ် ရက်ပေါင်း အတော်ကြာတဲ့အထိ ယုံဝူးတစ်မြို့လုံးက လူတွေဟာ အဲဒီအကြောင်းကို ပြောနေဆဲပါပဲ။

-ယုံဝူးမြို့ရဲ့ အစွန်အဖျားက သာမန် ခြံဝင်းလေး တစ်ခု -

သစ်ပင်တစ်ပင် အောက်မှာရှိတဲ့ လီဖူချန်းတစ်ယောက်ကတော့  လက်ဖက်ရည်နွေး ကြမ်းလေး သောက်လိုက်၊ ယပ်တောင်လေးခတ်လိုက်နဲ့ ဇိမ်ကျနေပါတယ်။

" အင်း ... အခုဆိုရင် ငါ့ဆီမှာ ဝှက်ဖဲတွေ အများကြီး ရှိနေပြီပဲ။  ဒါပေမဲ့ ငါက အဲဒါတွေကို အလွယ်တကူ ဖော်ပြလို့တော့ မဖြစ်သေးဘူး”

" လက်ရှိ ငါရဲ့ အစွမ်းက ကောင်းကင်နယ်ပယ် အဆင့်၃ ဒါမှမဟုတ် အဆင့်၄လောက် ရှိနေပြီ။  ကောင်းကင် ပျက်သုဉ်း သိုင်းအင်းကွက်ပါ ထည့်သုံးလိုက်မယ် ဆိုရင်တော့  ငါ့ရဲ့ အစွမ်းက မြေကမ္ဘာနယ်ပယ် အဆင့်၇ နီးပါးတောင် ရောက်သွားဦးမှာ။  ဒါပေမဲ့လည်း ငါ့ရဲ့ စွမ်းရည်က ငါ့ကိုယ်ငါ  ကာကွယ်နိုင်ဖို့အတွက် မလုံလောက်သေးဘူး။  ငါ့အနေနဲ့ ကျင့်ကြံခြင်း အဆင့် ဒီထက်မြန်မြန် တိုးတက်လာဖို့ လိုအပ်နေပြီ”

လီဖူချန်းအနေနဲ့ အခုလို အပြင်လောကမှာ အေးအေးချမ်းချမ်း နေနေရတာဟာ မိစ္ဆာတာအို အင်အားစုတွေရဲ့ ထကြွ သောင်းကျန်းနေမှုကြောင့် ဖြစ်ပါတယ်။  မိစ္ဆာတာအို အင်အားစုတွေကို နှိမ်နင်းပြီး သွားရင်တော့ လီဖူချန်းအနေနဲ့ အခုလို နေနိုင်မှာ မဟုတ်တော့ပါဘူး။  ကောင်းကင် နတ်ဆိုးဂိုဏ်းက သူ့ကို လုပ်ကြံဖို့အတွက် ကောင်းကင် နယ်ပယ်ပညာရှင်တွေ တစ်အုပ်ပြီး တစ်အုပ် လွှတ်လိုက်ပါလိမ့်မယ်။

ဒါပေမဲ့ လီဖူချန်းက ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို မရောက်မချင်း မိုးပြာရောင် ဂိုဏ်းထဲမှာနေပြီး ကျင့်ကြံနေဖို့အတွက် လုံးဝ မစဉ်းစားထားပါဘူး။  လီဖူချန်းက သူ့ရဲ့ ဘဝကို စွန့်စားခန်းတွေ ဖွင့်ပြီး ဖြတ်သန်းသွားချင်သူ တစ်ယောက်ပါ။  ဂိုဏ်းတော်ထဲမှာသာ နေပြီး ကျင့်ကြံနေရတဲ့ ဘဝက တကယ်ကို သမားရိုးကျ လွန်းနေပါတယ်။

ပြီးတော့ မဟာဂိုဏ်း စစ်ပွဲကြီးကလည်း ဘယ်အချိန် ဖြစ်မယ်မှန်း မသိပါဘူး။  အဲဒီ ဂိုဏ်းစစ်ပွဲကြီး မလာခင်မှာ အနည်းဆုံးတော့ သူ့အနေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နေဖို့ လိုအပ်ပါတယ်။

သာမန်အတိုင်း ကျင့်ကြံနေလို့ကတော့ သူ့အနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်ဖို့အတွက် နှစ်ပေါင်း၂၀လောက် ကျင့်ကြံနေရမှာပါ။  အဲဒီလောက်ကြီး ကျင့်ကြံနေရတာက သူ့အတွက်တော့ ဘဝင်မကျစရာပါပဲ။

' ဟုတ်ပြီ ... ။  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးက ငါ့ရဲ့ ကျင့်ကြံခြင်းကို ဘယ်လောက် အကျိုးရှိစေသလည်း ဆိုတာကို စမ်းကြည့်ဦးမှ။ '

လီဖူချန်းက အတွေးတစ်ခု ဝင်လာတဲ့အတွက် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတစ်တုံးကို ထုတ်ယူ လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ အသက်ကို တဝကြီး ရှူလိုက်ပြီး သူ့ရဲ့  ချီအတွင်းအားတွေကို ဝိညာဉ် ကျောက်တုံးထဲကို ပို့ဆောင် လိုက်ပါတယ်။

ရွှီး ... ရွှီး ... ရွှီး ...

သူ့ရဲ့ ချီအတွင်းအားတွေ ဝိညာဉ် ကျောက်တုံးထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ အသိစိတ် ဝိညာဉ်နဲ့  ဝိညာဉ် ကျောက်တုံးဟာ   ဆက်သွယ်သွားခဲ့ပါပြီ။  အခုချိန်မှာတော့ လီဖူချန်းဟာ လှိုင်းထန်တဲ့ မြစ်ကြီးတစ်စင်းရဲ့ အလယ်မှာ ရောက်နေသလိုပါပဲ။

ချီစွမ်းအင်တွေဟာ လီဖူချန်းရဲ့ လက်ထဲကို အထိန်းအကွပ်မရှိ ဝင်လာပြီး  သွေးကြောတွေ ထဲကို စီးဆင်းသွားခဲ့ပါတယ်။

" ပြင်းထန်လိုက်တဲ့ ဝိညာဉ် ချီတွေပါလား ...

လီဖူချန်းက အတော်လေးကို စိတ်လှုပ်ရှား သွားခဲ့ပါပြီ။

" ဒီဝိညာဉ် ကျောက်တုံးတွေကို မြေကမ္ဘာ ပညာရှင်တွေ အသုံးမပြုနိုင်တာက အံ့သြစရာတော့ မဟုတ်ဘူး။  ဒီဝိညာဉ် ချီစွမ်းအင်တွေက မြေကမ္ဘာ ပညာရှင်တွေရဲ့  သွေးကြောတွေကို ပေါက်ပြဲ သွားစေနိုင်တာကိုး ... "

လီဖူချန်းက သူနဲ့ ဝိညာဉ် ကျောက်တုံးကြားထဲမှာ ရှိတဲ့ ဆက်သွယ်မှုကို ဖျက်လိုက်ပြီ ဖြစ်ပေမယ့်လည်း အစောပိုင်းတုန်းက သူ့ကိုယ်ထဲကို ဝင်သွားတဲ့ ချီစွမ်းအင်တွေဟာ အထိန်းအကွပ် မရှိ  လျှောက်စီးဆင်း ကြဆဲပါပဲ။

အဲဒီအတွက်  လီဖူချန်းဟာ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကို အသုံးပြုလိုက်ပြီး အဲဒီ ချီစွမ်းအင်တွေကို သန့်စင်ဖို့ ကြိုးစား လိုက်ပါတယ်။

၁၅ မိနစ်  ...  ...

မိနစ်၃၀ ...  ...  ...  ...  ...

၄၅မိနစ် ...  ...  ...  ...  ...  ...  ...  ...  ...

၁နာရီမျှ အကြာမှာတော့ လီဖူချန်းတစ်ယောက် မျက်လုံးဖွင့်လာခဲ့ပါပြီ။

" သြော် ... ဒါကြောင့်လည်း ဝိညာဉ်ကျောက်တုံးလို့ ခေါ်ကြတာကိုး ... ။  တစ်နာရီလောက် ကျင့်ကြံလိုက်တာတောင်မှ  တစ်ရက်လောက် လေ့ကျင့်လိုက်ရသလို ခံစားလိုက်ရတယ်။ ပြီးတော့ ဘာဘေးထွက် ဆိုးကျိုးမှလည်း မရှိဘူး။  ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူရတာထက် အများကြီး အကျိုးရှိတယ်”

ဒါပေမဲ့ လီဖူချန်း မသိတာကတော့ ဒီဝိညာဉ် ကျောက်တုံးတွေ ထဲမှာလည်း  မသန့်စင်မှုတွေ ရှိနေတယ် ဆိုတာပါပဲ။  ဒီမသန့်စင်တဲ့ ချီစွမ်းအင်တွေဟာ  အစပိုင်းမှာ  အလျင်အမြန် အကျိုးသက်ရောက်မှု ရှိပေမယ့်လည်း အချိန်အကြာကြီး လေ့ကျင့်ပြီး သွားရင်တော့ အဲဒီက ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ  ကျင့်ကြံရာမှာ အတားအဆီး ဖြစ်လာပါလိမ့်မယ်။

ကျင်ကြံမှု တိုးတက်စေတဲ့ ဆေးလုံးတွေထဲမှာ ဆိုရင်တော့ မသန့်စင်မှုတွေက ပိုပြီးတောင် များပါသေးတယ်။  အဲဒီအတွက် ကျင့်ကြံသူတွေဟာ မလိုအပ်ဘဲနဲ့ ကျင့်ကြံမှု တိုးတက်စေတဲ့ ဆေးလုံးတွေကို အများကြီး သောက်သုံးခြင်း မရှိပါဘူး။

အဲဒီအတွက် အရိုး တည်ဆောက်ပုံတွေဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်မှာ ရပ်တည်လာခဲ့တာပါ။  အရိုးတည်ဆောက်ပုံ တွေဟာ မသန့်စင်မှုတွေကို စစ်ထုတ် ပေးနိုင်ပါတယ်။  အရိုးတည်ဆောက်ပုံ ကောင်းလေလေ  မသန့်စင်မှုတွေကို စစ်ထုတ်ပေးတဲ့ နေရာမှာ ပိုကောင်း လေလေပါပဲ။

အဲဒီ အချက်ကြောင့်ပဲ အရိုးတည်ဆောက်ပုံ အဆင့်မြင့် သူတွေဟာ အလွန်လျင်မြန်တဲ့ ကျင့်ကြံမှုတွေကို ပိုင်ဆိုင်ထားကြတာပါ။

နောက်ထပ် ရက်တွေမှာတော့ လီဖူချန်းဟာ ဝိညာဉ် ကျောက်တုံးတွေကို အသုံးပြုပြီးတော့သာ ကျင့်ကြံပါတော့တယ်။  အဲဒီအတွက် သူ့ရဲ့ ကျင့်ကြံမှုနှုန်းဟာ ကြောက်ခမန်း လိလိ မြန်လာခဲ့ပါတယ်။

ကျင်းမင်နဲ့ စုချန်းတို့ဟာလည်း  လီဖူချန်းဆီက ရထားတဲ့ ဝိညာဉ် ကျောက်တုံးတွေကို အသုံးပြုပြီး ကြိုးစားပမ်းစား ကျင့်ကြံနေကြတာပါပဲ။  သူတို့အနေနဲ့ မိစ္ဆာတာအို အင်အားစုတွေကို ယှဉ်ဆိုင်ဖို့ အတွက်ဆိုရင် သူတို့ရဲ့ လက်ရှိအစွမ်းနဲ့ မလုံလောက်ဘူး ဆိုတာကို သိရှိ နားလည် သွားကြပါပြီ။

လဝက်လောက် အကြာမှာတော့ ...  ...

ရွှီး ...

ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ကောင်းကင်သို့ တရှိန်ထိုး ထိုးတက်သွားပြီး မီတာသုံးရာ ပတ်လည်အတွင်းရှိ လူတိုင်းကို မီးလောင်ပြင် တစ်ခုတည်း ရောက်ရှိသွားသည့် အလား ခံစားသွားစေခဲ့ပါတယ်။

တော်သေးတာက အဲဒီချီအရှိန်အဝါဟာ ယုံဝူးမြို့စွန်ဘက်ကနေ ပေါ်လာတာ ဖြစ်နေလို့ပါပဲ။  မြို့ထဲမှာ ပေါ်လာတာ ဆိုရင်တော့ ယုံဝူးတစ်မြို့လုံး ပွက်လော ရိုက်သွားနိုင်ပါတယ်။

" သူက အဆင့်တက် သွားတာလား "

ကျင်းမင်နဲ့ စုချန်းတို့ နှစ်ယောက်ဟာ မျက်လုံးတွေကို ဖွင့်လိုက်ရင်းနဲ့ ခပ်တိုးတိုး ရေရွတ် လိုက်ကြပါတယ်။  သူတို့ နှစ်ယောက်ရဲ့ မျက်နှာကတော့ ပြုံးလို့ရွှင်လို့ပါပဲ။

လီဖူချန်းက အဆင့်မတက်ခင် ကတောင် အတော်လေး အစွမ်းထက်နေတဲ့ လူတစ်ယောက်ပါ။  အခုတော့ သူက နောက်ထပ် တစ်ဆင့်ကိုတောင် တက်လှမ်း သွားနိုင်ခဲ့ပါပြီ။  အဲဒီအတွက် လီဖူချန်းဟာ အရင်ကထက်ပိုပြီး အစွမ်းထက် လာတော့မှာပါ။ နောက်ထပ် အချိန် အနည်းလောက်ဆိုရင် သူတို့ နှစ်ယောက်တောင်မှ လီဖူချန်းနောက်မှာ ကျန်နေခဲ့တော့မှာ အမှန်ပါပဲ။

အဆင့်တက် သွားတဲ့သူကတော့ လီဖူချန်း ဖြစ်ပါတယ်။  လီဖူချန်းဟာ ဝိညာဉ် ကျောက်တုံးရဲ့ ထောက်ပံ့မှုကြောင့် ၁၅ရက် အတွင်းမှာပဲ မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ချိုးဖောက် ဝင်ရောက် နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း  အမှန်အတိုင်းပြောရမယ် ဆိုရင်တော့ အဆင့်တစ်ဆင့် တက်သွားတာက သူ့ရဲ့  တိုက်ခိုက်နိုင်စွမ်းကို အများကြီး တိုးတက်သွားစေခြင်း မရှိခဲ့ပါဘူး။  သူ့ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်နဲ့တောင် ယှဉ်လို့ ရနေတာပါ။  တကယ်လို့ သူ့အနေနဲ့  မြေကမ္ဘာနယ်ပယ် အဆင့်၂ဆင့်ကို တစ်ခါတည် ချိုးဖောက် ဝင်ရောက်နိုင်မှသာ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေက နောက်ထပ် တစ်ဆင့်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

အဲဒီအတွက် မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်လာတဲ့ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အများကြီးတော့ တိုးတက်လာခြင်း မရှိပါဘူး။

" င့ါရဲ့ တိုက်ခိုက်နိုင်စွမ်းက အများကြီး တိုးတက် လာပေမယ့်လည်း အခြားစွမ်းရည်တွေတော့ တိုးတက်လာတာပဲ။  ငါဒီတစ်ခေါက် ကြယ်တာရာ လမ်းမပေါ်ကို သွားခဲ့ရင် ဘယ်အဆင့်အထိ ရောက်အောင် သွားနိုင်မလဲ မသိဘူး"

အရင် တစ်ခေါက်တုန်းကတော့ လီဖူချန်းဟာ ကြယ်တာရာ လမ်းရဲ့ သတ္တမ အဆင့်အထိကို လျှောက်လှမ်း နိုင်ခဲ့ပါတယ်။  သူက အဋ္ဌမအဆင့် နယ်မြေ အပိုင်းအခြားကို ရောက်ဖို့ ခြေလှမ်း ၁၀၀ကျော် အလိုမှသာ ကြယ်တာရာ လမ်းမကနေ ဖယ်ရှားခြင်း ခံခဲ့ရတာပါ။

လီဖူချန်းအနေနဲ့ အဋ္ဌမအဆင့်ကိုသာ ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်ဖြင့်  နောက်ထပ် ကြယ်တာရာ စွမ်းအင်တွေ အများကြီးကို ရနိုင်ပါသေးတယ်။

***

All Chapters