lv နဲ့ chanel တို့ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် လင်းဖန်
Vol. 12 Ch. 167
ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။ "အရှက်မရှိတဲ့ လူဆိုးကောင်"
ရှားဝမ်ချွေ့ကိုကြည့်ရင်း တခြားသူတွေ မျက်နှာပူလာကြပါသည်။
စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကတော့ မျက်နှာပူရတာ အသားကျနေပြီဖြစ်သဖြင့် မပြောလိုပါ။
ရှုယန်တစ်ယောက် သူ့ဘဝတစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို သူ့မိန်းမဟု ပြောလိုက်သည်။
ရှားဝမ်ချွေ့ကလည်း ချက်ချင်း ရှက်သွေးဖြာသွားပြီး လင်းဖန်ကို လူဆိုးကောင်ဟု ခေါ်လိုက်သည်။
အလွန်အသေးစိတ်ကျသော အချက်တစ်ခု ရှိပါသည်။
ရှားဝမ်ချွေ့က လင်းဖန်ပြောလိုက်တာကို မငြင်းဆန်လိုက်တာပဲ ဖြစ်ပါသည်။
လင်းဖန် သူမကို ခေါ်သည့် ပုံစံကို ငြင်းဆန်ခြင်း မရှိပါ။
ဒါ ဘာကိုဆိုလိုတာလဲ။
သာမန်မိန်းကလေးတစ်ယောက်က သူ့ကို သူများတွေ မိန်းမလို့ခေါ်တာ ခံပါ့မလား။
မယုံရင် လမ်းပေါ်က ကောင်မလေးတစ်ယောက်ကို ဆွဲပြီး မိန်းမဟု ခေါ်ကြည့်နိုင်သည်။
တစ်ဖက်လူမှာ ကောင်လေး မရှိပါက အဆင်ပြေသည်။ ရှိခဲ့လျှင်တော့....
တစ်ဖက်လူမှာ ကောင်လေး မရှိရင်တောင် ဘယ်လို မိန်းကလေးကမှ သူများတွေ မိန်းမလို့ခေါ်တာကို လက်ခံမှာ မဟုတ်ပေ။
မိန်းမ၊ ဒါလင် စတာတွေက ကိုယ့်ကောင်မလေးကို ခေါ်ရသည့် စကားလုံးများသာ ဖြစ်သည်။
ရှားဝမ်ချွေ့က မငြင်းပယ်ပါ။ ဒါဆို သူ စကားနဲ့ မပြောဘဲ သဘောတူလိုက်တယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။
မဟုတ်မှလွဲရော သူတို့နှစ်ယောက်...
ရှုယန် သွေးအန်ချင်သွားသည်။
သူက ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားသရုပ်ဆောင် ရှုယန် ဖြစ်သည်။ သူများတွေ လေးစားအားကျရသူ ဖြစ်၏။
အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ မျက်နှာပူအောင် အလုပ်ခံခဲ့ရသည်။ သို့သော်လည်း စိတ်သစ်လူသစ်ဖြစ်အောင် ပြောင်းလဲခဲ့သည်။ သူ့ဘေးနားက ရှုခင်းများကို မြင်အောင်ကြည့်ပြီး ဘေးပတ်လည်က လူတွေကို အသိအမှတ်ပြုသည်။
ဒီလိုဆိုရင်တောင် မျက်နှာပူအောင် လုပ်ခံနေရဆဲ ဖြစ်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သူ့ကိုမျက်နှာပူရအောင် လုပ်ပြန်ပါပြီ။
ထို့အပြင် ဒီတစ်ခေါက် ရှုယန်က သူ့မျက်စိဖြင့် တပ်အပ်မြင်လိုက်ရခြင်းဖြစ်သည်။
ဒါ ဘယ်လို ဘဝကြီးလဲ။
"ဘာဖြစ်လို့လဲ ရှုယန်" သူ့ရှေ့မှာ တုန်ယင်နေသည့် ရှုယန်ကို ကြည့်ရင်း လင်းဖန် မေးလိုက်ပါသည်။
"ရှုယန်..." လင်းကျင်းကျင်းလည်း ရှုယန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ငါ... ဘာမှ မဖြစ်ပါဘူး။"
"ငါ ညစာတောင် မစားရသေးဘူး။ ဘာဖြစ်လို့ ဗိုက်ပြည့်နေတာလဲမသိဘူး" ရှုယန်က သက်ပြင်းချလိုက်ပါသည်။
"သွားကြရအောင် ငါဝယ်ကျွေးမယ်" လင်းကျင်းကျင်းက ရှုယန်ကိုကြည့်ကာ ချိုမြိန်သော အပြုံးဖြင့် ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ..." ရှုယန်ကို လင်းကျင်းကျင်း ဆွဲခေါ်သွားပါတော့သည်။
...
လင်းဖန်သည် အလုပ်ပြီးသောအခါ အိမ်က ဆိုဖာပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းလိုက်ပါသည်။
သူ အတွေးနက်နေမိသည်။
ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က ရေပန်းစားသည့် နာမည်ကျော်တစ်ယောက် ဖြစ်သည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဂိမ်း၏ ကုမ္ပဏီထောက်ခံချက် တစ်ခုတည်းနဲ့ လုံလောက်နိုင်မှာ မဟုတ်ပါ။
ဒီလောက်အချိန်အကြာကြီးပြီးနောက်တွင် သူ့စနစ်က သုံးစားမရသော အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း လင်းဖန် သိလိုက်ရ၏။
နေ့တိုင်း ဓာတ်ဆားရေတစ်ဗူးရဖို့ Sign-in ဝင်ရတာကလွဲပြီး တစ်ခါတစ်လေ အိုက်စ်တီးတစ်ဗူး သို့မဟုတ် Pulse တစ်ဗူး ရတတ်သည်။
တစ်ခါတစ်လေ Tomson Riviera ဗီလာ မော်ဒယ်အရုပ်ကိုပင် ရနိုင်သည်။
အရင်တစ်ခေါက်တုန်းက ပိုတောင် ဆိုးရွားပါသေးသည်။ စနစ်က သူ့အတွက် Ferrari ပြိုင်ကား အရုပ်တစ်ခုကို ပေးခဲ့သည်။
လက်ဖဝါးအရွယ်လောက်ရှိသော Ferrari တစ်စီးဖြစ်ကာ လင်းဖန်ကို ထိန်းချုပ်ဖို့ ရီမုကွန်ထရိုးတစ်ခုကိုပင် ပေးခဲ့သေးသည်။
"ဒီနေ့တော့ ကောင်းတာလေး တစ်ခုခု ရမှာပါ။"
"ဝမ်ချွေ့ရဲ့မွေးနေ့ မရောက်ခင် ၅ ရက် လိုသေးတယ်။ ငါ သူ့အတွက် စပရိုက် တစ်ခုခုကို ပြင်ထားရမယ်။"
"စနစ် Sign-in ဝင်မယ်" လင်းဖန်က ရင်ထဲတွင် ရေရွတ်လိုက်ပါသည်။
"ဒင်... အောင်မြင်စွာ Sign-in ဝင်လိုက်ပါပြီ။"
"ကမ္ဘာ့အဆင့် စန္ဒရားကျွမ်းကျင်မှုကို ရရှိသွားသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။"
"Chanel ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရရှိသွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ သက်ဆိုင်ရာ စာချုပ်စာတမ်းများကို ပို့ဆောင်ပြီးပါပြီ။"
"Louis Vuitton ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရရှိသွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ သက်ဆိုင်ရာ စာချုပ်စာတမ်းများကို စနစ်နေရာကွက်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ။ ကျေးဇူးပြုပြီး မှတ်သားထားပေးပါ။"
ထိုမက်ဆေ့ချ် ၃ ခုကို မြင်သောအခါ လင်းဖန် တုန်လှုပ်သွားသည်။
ပထမတစ်ခုကတော့ သိပ်မထူးဆန်းပါ။ သူ ကမ္ဘာ့အဆင့် စန္ဒရားပညာရှင် ဖြစ်လာခဲ့ပါပြီ။
လင်းဖန်မှာ အဆို နတ်ဘုရားစွမ်းရည်ရှိပြီး သူ့ရဲ့ ဂီတအသိပညာများကလည်း ပြီးပြည့်စုံမှု အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သည်။
ဒုတိယမက်ဆေ့ချ်က Chanel ရှယ်ယာများကို ရရှိသည့် မက်ဆေ့ချ် ဖြစ်ပါသည်။ Chanel က ကမ္ဘာ့သမိုင်းတွင် တန်ဖိုးကြီး ဘရန်းတစ်ခု ဖြစ်သည်။
လင်းဖန် ချက်ချင်းပဲ ပိုင်သုကို ဖွင့်ပြီး Chanel နဲ့ ပတ်သတ်သည့် အချက်အလက်များကို ရှာဖွေလိုက်ပါသည်။
Chanelက ကမ္ဘာကြီးထဲက တန်ဖိုးအကြီးဆုံး ဘရန်း ၉ ခုထဲက တစ်ခု ဖြစ်သည်။
Chanel က အလွန်ရေပန်းစားပါသည်။
လမ်းပေါ်က ကောင်မလေးတိုင်းကို မေးကြည့်ပါက Koenigsegg One ဆိုတာသာ ဘာလဲ မသိရင် မသိမည်၊ Chanel ကိုတော့ သူမ သေချာပေါက် သိပါလိမ့်မည်။
ကမ္ဘာ့ထိပ်တန်း တန်ဖိုးကြီးဘရန်း ဖြစ်သောကြောင့် ကောင်မလေး အားလုံးနီးပါးက ထိုကဲ့သို့ ထုတ်ကုန်မျိုးတစ်ခုကို လိုချင်၍ မျှော်လင့်နေကြသည်။
သို့သော်လည်း လိုချင်တိုင်း မရနိုင်ပါ။ တန်ဖိုးကြီး ဘရန်းများ၏ စျေးက မိုးထိုးနေပါသည်။
ဒီလို ထုတ်ကုန်မျိုးက တန်ဖိုးကြီးဟု ခေါ်ဆိုရသဖြင့် သာမန်လူတွေ ဝယ်နိုင်တာမျိုး မဟုတ်ပါ။
Chanel ၏ စျေးကွက်တန်ဖိုးကလည်း ဒေါ်လာ ၂၂.၁ ဘီလီယံရှိပါသည်။
ယွမ်အဖြစ် ပြောင်းလဲလိုက်ပါက....
စျေးကွက်တန်ဖိုး ယွမ် ၁၅၄.၄ ဘီလီယံနဲ့ ညီမျှသွားပါသည်။
ယွမ် ၁၅၄.၄ ဘီလီယံက မိုးထိမြင့်မားနေသော စျေးနှုန်း ဖြစ်ပါသည်။
တကယ့်ကို မိုးထိနေသော စျေးနှုန်း ဖြစ်ပါသည်။
လင်းဖန်က Chanel ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွာားပြီး Chanel ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့သည်။
ရှယ်ယာ ၁၀ ရာခိုင်နှုန်းက ယွမ် ၁၅၄.၄ ဘီလီယံနဲ့ ညီမျှပါသည်။
လင်းဖန် နှစ်တိုင်း ဘာမှ မလုပ်ရင်တောင် အစုပေါ် အမြတ် ဘယ်လောက်တောင် ရနိုင်မှာလဲ။
နှစ်တိုင်း အစုပေါ် အမြတ် သန်းရာဂဏန်း အနည်းဆုံး ရနေဦးမည်ဖြစ်သည်။
ကမ္ဘာ့အကြီးမားဆုံး တန်ဖိုးကြီး ဘရန်းတစ်ခုဖြစ်သောကြောင့် Chanel၏ နှစ်စဥ် အမြတ်ငွေများကလည်း တိုင်းတာ၍ မရနိုင်အောင် ရှိလှပါသည်။
သူ ရလိုက်သည့် ဒုတိယပစ္စည်းက ရူးလောက်စရာဆိုရင် တတိယပစ္စည်းက တစ်ကမ္ဘာလုံး မှင်သက်သွားလောက်စရာ ဖြစ်ပါသည်။
ကမ္ဘာကြီးထဲမှာ တန်ဖိုးကြီး ဘရန်းများစွာ ရှိပါသည်။ Hermes၊ Chanel၊ Lancome၊ Estee Lauder အစရှိသည်တို့ ဖြစ်ကြပါသည်။
သို့သော်လည်း တန်ဖိုးကြီးဘရန်းတို့၏ ထိပ်ဆုံးနေရာကို အမြဲတမ်း သိမ်းပိုက်ထားခဲ့သည့် ဘရန်းကတော့ LV ပဲ ဖြစ်ပါသည်။
LV ၏ အမည် အပြည့်အစုံက Louis Vuitton ဖြစ်သည်။
LV ၏ စျေးကွက်တန်ဖိုးက ၃၂.၂ ဘီလီယံ ယူအက်စ်ဒေါ်လာ ရှိသည်။ ယွမ်အဖြစ် ပြောင်းလဲလိုက်ပါက ၂၂၅ ဘီလီယံယွမ်နှင့် ညီမျှပါသည်။
၂၂၅ ဘီလီယံယွမ်ဆိုတာ သူဌေးပေါင်းများစွာ အထင်ကြီးလောက်သည့် ပမာဏ ဖြစ်သည်။
တန်ဖိုးကြီး ဘရန်းနှစ်ခု၏ ရှယ်ယာများကို Sign-in ဝင်ပြီး ရလိုက်သဖြင့် လင်းဖန်က တန်ဖိုးကြီးဘရန်းနှစ်ခု၏ ဒုတိယအများဆုံး ရှယ်ယာဝင်တစ်ယောက်ဖြစ်သွားပြီဖြစ်သည်။
ဒီသတင်းကို မြင်လိုက်ရသောအခါ လင်းဖန် ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားသွားခဲ့ပါသည်။
သူ Sign-in ဝင်ပြီး ပစ္စည်းကောင်းကောင်းမရတာ လအနည်းငယ်တောင် ကြာခဲ့ပါပြီ။
အခုတော့ အဓိက တန်ဖိုးကြီး ဘရန်းနှစ်ခု၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်လာနိုင်ခဲ့ပါပြီ။
ထို့အပြင် ထိုတန်ဖိုးကြီးဘရန်းနှစ်ခု၏ ကိုင်းခွဲနှစ်ခု ရှန်ဟိုင်းမှာ ရှိပါသည်။
လင်းဖန် Sign-in ဝင်လိုက်ပြီး ထိုကုမ္ပဏီနှစ်ခု၏ ရှယ်ယာများကို ရလိုက်သောအခါ သူ့မှာ ခံစားချက်တစ်ခုသာ ရှိပါတော့သည်။
ငါချမ်းသာပြီကွ။
ငါချမ်းသာတော့မယ်ကွ။
သူ ချမ်းသာပါတော့မည်။
သူသာ ကုမ္ပဏီနှစ်ခု၏ ရှယ်ယာဝင် ဖြစ်လာပါက အနာဂတ်မှာ ငွေသုံးဖြုန်းလို့ကုန်မှာတောင် မဟုတ်တော့ပေ။
သို့သော်လည်း လင်းဖန်က ငွေရေးကြေးရေးကို တကယ် ဂရုမစိုက်ပါ။ သူ ပထမဆုံး တွေးလိုက်မိတာက ရှားဝမ်ချွေ့ အခုတလော ကုမ္ပဏီထောက်ခံချက် များများစားစား မရခဲ့ခြင်းပင်။
ထို့နောက် ဒီကုမ္ပဏီနှစ်ခု ရောက်လာခဲ့သည်။
ကုမ္ပဏီနှစ်ခုအတွက် ရှယ်ယာများကို Sign-in ဝင်ကာ လက်ခံရရှိပြီးနောက် LV နဲ့ Chanel တို့၏ ဌာနချုပ်များက အလွန်တုန်လှုပ်သွားကြပါသည်။
"ဘာလဲဟ။"
"ဘယ်လိုဖြစ်နိုင်မှာလဲ။"
"ကြားပြီးပြီလား။ Chanel ရဲ့ အဓိကရှယ်ယာဝင်တစ်ယောက် ပြောင်းသွားပြီတဲ့။"
"တစ်ယောက်ယောက်က ငါတို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာပြီး ကုမ္ပဏီရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားတယ်တဲ့။"
"ဘုရားရေ၊ အဲ့ဒီသူဌေးက ဘယ်သူများလဲ။ သူက ငါတို့ကုမ္ပဏီရှယ်ယာ ၁၀ ရာခိုင်နှုန်းတောင် ဝယ်နိုင်တယ်ပေါ့။ ဘီလီယံ ဆယ်နဲ့ ချီမှာပဲ။"
"ငါ ကြောင်သွားပြီ။ အလီဘာဘာရဲ့ စီအီးအိုမာများလား။ မဟုတ်လောက်ပါဘူး။ ဘယ်တုန်းက တရုတ်မှာ ဒီလောက် ချမ်းသာတဲ့ သူဌေး ပေါ်လာတာလဲ။ ဘီလီယံ ဆယ်ဂဏန်းကို တစ်ခါတည်း ထုတ်ပေးလိုက်တယ်။"
"အံ့သြစရာကြီး ဒီဘော့စ်က တကယ်ချမ်းသာတာပဲ။"
"ငါတွေ့ပြီ။ နောက်ဆုံးတော့ ရှာတွေ့ပြီ။"
"ငါတို့ကုမ္ပဏီရှယ်ယာတွေကို ဝယ်သွားပြီး ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာတဲ့ ဘော့စ်ကြီးရဲ့နာမည်က..."
"လင်းဖန်တဲ့"