← Chapters

နိုင်ငံခြားက အထက်လူကြီးတွေ တုန်လှုပ်သွားပြီ

Vol. 12 Ch. 168

နိုင်ငံခြားက အထက်လူကြီးတွေ တုန်လှုပ်သွားပြီ

Vol. 12 Ch. 168

Chanel ဌာနချုပ်တွင်။

ကုမ္ပဏီ၏ အထက်လူကြီးများအားလုံး တုန်လှုပ်သွားကြသည်။

Chanel က ကမ္ဘာ့ထိပ်တန်း တန်ဖိုးကြီး ဘရန်းတစ်ခု ဖြစ်သောကြောင့် အဓိက ရှယ်ယာဝင်ကြီးများ၏ တည်နေရာက အချိန်အတော်ကြာခဲ့တာတောင် မပြောင်းလဲခဲ့ပါ။

အဓိက ရှယ်ယာဝင်တစ်ယောက်၏ ရှယ်ယာကို ဝယ်ယူလိုလျှင် စျေးမြင့်မြင့် ပေးရပါမည်။

ယွမ် ၁၀ သန်းဆိုတာ သေးငယ်သော ပမာဏ မဟုတ်ပေ။

တရုတ်က ဘော့စ်ကြီးများစွာတွင် ဒီလောက် ငွေများများစားစား ရှိမယ်ဆိုရင်တောင် ငွေသားပိုင်ဆိုင်သူက နည်းပါသည်။

ပုံသေပိုင်ဆိုင်မှုများ၊ ရှယ်ယာများ၊ ကုမ္ပဏီတန်ဖိုးများကို ငွေသားအဖြစ် အလွယ်တကူ မပြောင်းလဲနိုင်ပါ။

ဒီလောက်ငွေကြေးတတ်နိုင်သည့်လူက အလွန်နည်းပါးပါသည်။

ထို့အပြင် ထိုတန်ဖိုးကြီး ကုမ္ပဏီများ၏ အဓိက ရှယ်ယာဝင်များကလည်း ရှယ်ယာများကို အလွယ်တကူ ရောင်းချကြမှာ မဟုတ်ပေ။

သူတို့ နှစ်တိုင်း အိပ်နေရင်းနဲ့တောင် အစုပေါ်အမြတ် မိုးထိနေသည့် ပမာဏလောက်အထိ ရနိုင်သည်။ သူတို့ တစ်သက်လုံး သုံးမကုန်နိုင်သည့် ငွေများစွာ ရရှိပါလိမ့်မည်။

သို့သော်လည်း ယနေ့တော့ ကုမ္ပဏီ၏ ဒုတိယ အကြီးဆုံးရှယ်ယာဝင်က ၎င်း၏ ဆုတ်ခွာမှုကို ကြေညာခဲ့သည်။

ထို့နောက် သူ့ရှယ်ယာကို တရုတ်က လင်းဖန်ဟု ခေါ်သည့် လူငယ်တစ်ယောက်အား လွှဲပြောင်းပေးလိုက်သည်။

ကုမ္ပဏီထဲက လူအားလုံး လင်းဖန်၏ နောက်ခံကို ခန့်မှန်းနေကြပြီဖြစ်သည်။

သို့သော်လည်း ဘယ်သူမှ မခန့်မှန်းနိုင်ပါ။

ဒီလောက် ရှယ်ယာ အများကြီးကို ရရှိနိုင်ခဲ့သဖြင့် လင်းဖန်က သာမန်လူ မဟုတ်လောက်ပါ။

အခုချိန်ကစပြီး လင်းဖန်က Chanel ဌာနချုပ်၏ အထက်လူကြီးတစ်ယောက် ဖြစ်သွားတော့မည်။

ဒုတိယအများဆုံး ရှယ်ယာဝင်က အများဆုံး ရှယ်ယာဝင်၏ အောက်မှာပဲ ရှိသော ဘော့စ်ကြီး တစ်ယောက် ဖြစ်ပါသည်။

"အားလုံးပဲ ဘာဖြစ်ဖြစ် ဒီနေ့ကစပြီး လင်းဖန်က Chanelရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်သွားပြီ။ သူက ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင် အစည်းအဝေး ခေါ်ယူခွင့် ရှိတယ်။ လင်းဖန်က ကုမ္ပဏီထဲမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာကိုလည်း ပိုင်ဆိုင်သွားပြီ။"

"နောက်ပိုင်းကျရင် ဒီကုမ္ပဏီထဲက ဘယ်သူပဲဖြစ်ဖြစ် လင်းဖန်ကို လေးစားကြရမယ်။ အနာဂတ်မှာ လင်းဖန်က ငါတို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာပြီမို့လို့ အားလုံး ဒီလိုပဲ လုပ်ကြရမယ်။"

"ပြီးတော့ အားလုံး လင်းဖန်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားပေးရမယ်နော်။ ဝန်ထမ်းအားလုံး သဘောတူစာချုပ်ချုပ်ပြီး သူ့သရုပ်မှန်ကို ဖော်ထုတ်လို့ မရဘူး။"

"ကမ္ဘာပေါ်က ဘယ်ကိုင်းခွဲကိုမဆို လင်းဖန် ရောက်လာတဲ့အခါတိုင်း အဆင့်အမြင့်ဆုံး ဧည့်ဝတ်ကျေပွန်မှုမျိုးနဲ့ ဧည့်ခံရမယ်။ တစ်ချိန်တည်းမှာပဲ အထူးသဖြင့်တော့ တရုတ်ရဲ့ ရှန်ဟိုင်းကိုင်းခွဲ ကုမ္ပဏီမှာ အထူးဂရုစိုက်ရမယ်" ဟု Chanel ၏ စီအီးအိုက ပြောလိုက်ပါသည်။

ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။

ကုမ္ပဏီတစ်ခုတွင် ၁၀ ရာခိုင်နှုန်းရှယ်ယာဆိုတာ မများဘူးဟု ထင်ရသော်လည်း Chanel၏ စျေးကွက်တန်ဖိုး ဆယ်ပုံတစ်ပုံနဲ့ ညီမျှပါသည်။

ထိုကဲ့သို့ ပမာဏမျိုးက ကြောက်ဖို့ကောင်းလောက်အောင် မြင့်မားလွန်းသည်။

လင်းဖန် တချို့အစည်းအဝေးပွဲများတွင် ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာများစွာပင် ရှိပါသည်။

အမှန်ပင်။ ကုမ္ပဏီ၏ တခြား ရှယ်ယာဝင်များကလည်း လင်းဖန်ကို ကန့်ကွက်လို့ရသည်။ သို့သော် လင်းဖန်မှာ ရှယ်ယာအများကြီး ရှိပါသည်။ နောက်ပိုင်းတွင် ကုမ္ပဏီက ဆုံးဖြတ်ချက်များ ချသည့်အခါတိုင်း သူ့မှာ ဗီတိုအာဏာရှိသွားပါပြီ။

Chanel က ထူးခြားသည်။ ပြည်တွင်း ရှယ်ယာကုမ္ပဏီများနဲ့ ခြားနားသည်။ ပြည်တွင်း ရှယ်ယာကုမ္ပဏီများတွင် ရှယ်ယာဝင်တစ်ယောက်မှာ ရှယ်ယာ ၃၃.၄ ရာခိုင်နှုန်းရှိမှ ဗီတိုအာဏာကို ရမည် ဖြစ်သည်။

သိုသော်လည်း Chanel မှာတော့ ခြားနားပါသည်။

လင်းဖန်က ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ အဆင့်မြင့် မန်ဘာတစ်ယောက် ဖြစ်သည်။ သာမန် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကတော့ လင်းဖန်ကို ကန့်ကွက်မှာ မဟုတ်ပါ။

လင်းဖန်၏ ဆုံးဖြတ်ချက်များက Chanel ဘရန်းတစ်ခုလုံး၏ ကံကြမ္မာအပေါ်ကိုပင် သက်ရောက်မှု ရှိနိုင်ပါသည်။

Chanel၏ စီအီးအို စကားပြောပြီးသွားသောအခါ လင်းဖန်၏ ဓာတ်ပုံကို ကုမ္ပဏီ၏ ဝန်ထမ်းများစွာထံသို့ လျှို့ဝှက်ပို့ဆောင်လိုက်ကြသည်။

Chanel လို တန်ဖိုးကြီး ဘရန်းမျိုးမှာ ဘယ်လို ဝန်ထမ်းမျိုးကမှ ဌာနချုပ်၏ အမိန့်ကို တိုက်ရိုက် ချိုးဖောက်ရဲမှာ မဟုတ်ပါ။

ထို့အပြင် ဝန်ထမ်းအားလုံးကလည်း နှုတ်ပိတ် သဘောတူစာချုပ် ချုပ်ဆိုထားရသည်။ ဒီလိုဆို လင်းဖန်၏ သရုပ်မှန်ကို အပြင်လူတွေ သိမှာ မဟုတ်တော့ပါ။

သူတို့ လင်းဖန်၏ ပုံကို မြင်လိုက်ရသောအခါ ကမ္ဘာတစ်ဝှမ်းလုံးက ကုမ္ပဏီကိုင်းခွဲပေါင်းစုံမှ ဝန်ထမ်းအားလုံး အထူးသဖြင့် ရှန်ဟိုင်းမြို့တွင် အံ့အားသင့်သွားကြသည်။

"လခွမ်း Chanelရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်က လင်းဖန်ဖြစ်နေတာကိုး။"

"ငါ လင်းဖန်ကိုသိတယ်။ သူက ဓားနှင့်နတ်သမီးဒဏ္ဍာရီထဲမှာ သရုပ်ဆောင်ခဲ့တာမလား။ သရုပ်ဆောင် အရမ်းကောင်းတယ်။"

"စကားကို ကြည့်ပြောကြဦး။ သူ့ကို ဘော့စ်လင်းလို့ ခေါ်ရတော့မယ်။ ဘော့စ်လင်းက အရမ်းတော်တာပါလား။"

"ဟုတ်တယ်။ ဘော့စ်လေးက နောက်ဆို ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာဝင်ကြီးတစ်ယောက် ဖြစ်တော့မှာကွ။ သူ့ကို ကောင်းကောင်း ကြိုဆိုကြရမယ်။"

ရှန်ဟိုင်းကုမ္ပဏီကိုင်းခွဲက လူအားလုံး အံ့အားသင့်ကုန်ကြသည်။ လင်းဖန်၏ လက်ရှိသရုပ်မှန်က အားလုံး၏ စိတ်ကူးထက် ကျော်လွန်နေပြီ ဖြစ်သည်။

Chanel ဌာနချုပ်လည်း တုန်လှုပ်သွားခဲ့ပါသည်။

တချိန်တည်းမှာပင် Chanel ၏ စီအီးအိုကိုယ်တိုင် ပြောလိုက်သည်။ "ငါ့ကိုယ်ပိုင် လေယာဥ်ကို ချက်ချင်း အသင့်ပြင်ထားလိုက်။ ငါ ရှန်ဟိုင်းကို ကိုယ်တိုင်သွားပြီး ငါတို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် လင်းဖန်နဲ့ တွေ့ဆုံချင်တယ်။"

"လင်းဖန်က ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထင်အမြင်တွေပါ ပေးရင် ငါ သေချာနားထောင်ရမယ်။ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လင်းဖန်မှာ လမ်းညွှန်ချက်အသစ်ရှိမလားဆိုတာကိုတော့ အနည်းဆုံး ငါနားထောင်ကြည့်ရမယ်။"

Chanel ၏ စီအီးအိုက အဆိုပါ ဆုံးဖြတ်ချက်ကို ချပြီးသွားသောအခါ သူ့ကိုယ်ပိုင်လေယာဥ်ပေါ်သို့ တက်သွားပါသည်။ သူက ညတွင်းချင်း ခရီးသွားပြီး ရှန်ဟိုင်းမြို့တွင် ကုမ္ပဏီ၏ ဒုတိယအများဆုံးရှယ်ယာဝင် လင်းဖန်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပါသည်။

Chanel ၏ စီအီးအို၏ သဘောထားကို မြင်သောအခါ Chanel ဌာနမှ အထက်လူကြီးအားလုံး တုန်လှုပ်သွားကြသည်။

"ငါတို့စီအီးအိုက အံ့သြဖို့ ကောင်းလိုက်တာ။သူ့အချိန်က အရမ်းတန်ဖိုးရှိပြီး တခြား ဘယ်သူ့ကိုမှ တွေ့လေ့တွေ့ထ မရှိဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ လင်းဖန်ကို ကိုယ်တိုင်သွားတွေ့ဖို့ တရုတ်ကို သွားတယ်တဲ့။"

"သူ့ကို တွေ့ရမှာပေါ့။ လင်းဖန်က ကျုပ်တို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် တစ်ယောက်ပဲလေ။ လင်းဖန်က ကျွန်တော်တို့ ကုမ္ပဏီ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်အသုံးဝင်မယ့်လူလို့ပြောရင်လည်း မမှားနိုင်ဘူး။"

"ငါတို့စီအီးအိုလီမှာလည်း ကုမ္မပဏီရှယ်ယာ ၁၁.၃ ရာခိုင်နှုန်းပဲရှိတာ သိကြတယ်မလား။ ဘော့စ်လင်းသာာ ကုမ္ပဏီကိစ္စတွေမှာ ဝင်ပါမယ်ဆို ငါတို့စီအီးအိုလည်း တားနိုင်မှာ မဟုတ်ဘူး။"

"ဟုတ်တာပေါ့။ စီအီးအိုလီက ဘော့စ်လင်းကို ပစ်မှတ်ထားဖို့ ဒါရိုက်တာဘုတ်အဖွဲ့နဲ့ ပူးပေါင်းလို့ ရတယ်။ ဒါပေမယ့် ဒီလိုသာဆို ဘော့စ်လင်းကို လုံးဝ တိုက်ခိုက်တာ ဖြစ်သွားပြီ။ ကုမ္ပဏီရဲ့ အထက်လူကြီးကို တိုက်ခိုက်ရင် ကုမ္ပဏီရဲ့ အနာဂတ်တစ်ခုလုံးကို ထိခိုက်မှု ရှိလာလိမ့်မယ်။"

"ငါတို့ ကုမ္ပဏီရဲ့ လက်ရှိစီအီးအိုက ဘရူနိုပါဗလို့ဗ်စကီ ဖြစ်ပေမယ့် ဘော့စ်လင်းသာ တကယ်တိုက်ခိုက်မယ်ဆို ငါတို့စီအီးအို ပြောင်းသွားလောက်တယ်။"

"ဟုတ်တယ်။ ဘော့စ်လင်းက ငါတို့ကုမ္ပဏီအတွက် အရမ်းအရေးပါတယ်။ အဲ့တာကြောင့် စီအီးအိုကိုယ်တိုင်တောင် ဘော့စ်လင်းကို သွားတွေ့ရတာပေါ့။ အနည်းဆုံးတော့ သူ စီအီးအိုလီရဲ့ ငါတို့ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ထားတဲ့ သဘောထားကို သူသိရမှာပါ။"

"တရုတ်မှာ လင်းဖန် ဘယ်လောက်တောင် တော်တာလဲ မသိဘူး။ ငါ အချက်အလက်တချို့ ရှာတွေ့ထားတယ်။ သူက သရုပ်ဆောင်လည်း ဟုတ်၊ ဇာတ်ညွှန်းရေးဆရာလည်း ဟုတ်တယ်လို့ ကြားတယ်။ ဒါရိုက်တာပညာရှင်လည်း ဟုတ်တယ်။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီဆိုတဲ့ ဇာတ်လမ်းတွဲကလည်း အရမ်းကောင်းတယ်။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းတွေးတာ ရိုးရှင်းလွန်းတယ်၊။ ဒါက ဘော့စ်လင်းရဲ့ အပေါ်ယံပဲ ရှိသေးတယ်။ သူ့သရုပ်မှန်ကို မင်းတွေ့နိုင်မှာ မဟုတ်သေးဘူး။ အပြင်လူတွေက ဘော့စ်လင်းကို တွေ့ရင် သရုပ်ဆောင်ဆိုတာလောက်ပဲသိမယ်။ ဒါပေမယ့် ဘော့စ်လင်းက Chanelရဲ့ အဓိကရှယ်ယာဝင်တစ်ယောက်ဖြစ်တာကိုတော့ အပြင်လူတွေ မသိသလိုမျိုးပဲ။"

"အဲ့တာကြောင့် ဘော့စ်လင်းမှာ တခြားသရုပ်မှန်ရှိနေသေးသလားဆိုတာကို ငါတို့ မသိကြဘူး။ ငါတို့ သေချာယုံကြည်ထားလို့ ရတယ်။ မဟုတ်ရင် ဘော့စ်လင်းက ငါတို့ကုမ္ပဏီရဲ့ ဒီလောက် ကြီးမားတဲ့ ရှယ်ယာအများကြီးကို ဝယ်သွားနိုင်ပါ့မလား။”

"ကြည့်ရတာတော့ ဘော့စ်လင်းမှာ အဆင့်အတန်းရှိရုံတင်မဟုတ်ဘူး အရမ်းမြင့်တဲ့ အဆင့်အတန်းရှိတယ်ထင်တယ်။"

ထို့ကြောင့် ဒီနေ့ လင်းဖန်က Chanel ရဲ့ ဒုတိယအများဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါသည်။ Chanel၏ စီအီးအိုကိုယ်တိုင်တောင် လေယာဥ်ဖြင့် ရှန်ဟိုင်းကို လာခဲ့ရသည်။

သူက လင်းဖန်ကို တွေ့ချင်ပြီး ကုမ္ပဏီ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအပေါ် သူ့အထင်အမြင်ကို သိချင်ပါသည်။

Chanel ကုမ္ပဏီတစ်ခုလုံးအတွက် လင်းဖန်၏ အရေးပါမှုအား ရှင်းရှင်းလင်းလင်းကို မြင်နိုင်ပါသည်။

All Chapters