LV ဌာနချုပ်ကို သတိထားမိသွားခြင်း
Vol. 12 Ch. 169
တစ်ဖက်တွင် LV ဌာနချုပ်လည်း တုန်လှုပ်သွားခဲ့ရပါသည်။
ကမ္ဘာပေါ်တွင် ထိပ်တန်း တန်ဖိုးကြီးဘရန်းဖြစ်သည့် LV က ပြောင်မြောက်သော အရည်အသွေး၊ ဖန်တီးနိုင်စွမ်း၊ လက်ရာမြောက်သော လက်မှုလက်ရာတို့ကြောင့် ဖက်ရှင်နဲ့ အနုပညာတို့၏ သင်္ကေတ ဖြစ်လာခဲ့သည်။ သူတို့၏ ထုတ်ကုန်များတွင် လက်ဆွဲအိတ်များ၊ ခရီးသွားပစ္စည်းများ၊ သားရေကိရိယာများ၊ အဆင်တန်ဆာများ၊ ရှူးဖိနပ်များ၊ အဝတ်အစားများ၊ လက်ပတ်နာရီများ၊ အဆင့်မြင့် ကျောက်မျက်ရတနာမျာနဲ့ ကိုယ်တိုင် ဖန်တီးခွင့်ရှိသော ဝန်ဆောင်မှုများ ရှိပါသည်။
LV ၏ ဌာနချုပ်မှာ ပဲရစ်စ်မြို့တွင် ရှိသည်။
ပုံမှန်ဆို သူတို့ ဘုတ်အဖွဲ့ဝင်အစည်းအဝေးတောင် ကျင်းပလေ့ မရှိပါ။ ကုမ္ပဏီ၏ အထက်လူကြီးများအားလုံး စုစည်းဖို့ဆိုတာ ပိုလို့တောင် ဝေးပါသေးသည်။
အထူးအခြေအနေ၊ ကိစ္စကြီးကြီးမားမား သို့မဟုတ် ကုမ္ပဏီထဲက ဆုံးဖြတ်ချက် အသစ်တစ်ခုခုရှိမှ ခြားနားလိမ့်မည်။
ဒီနေ့ LV ဌာနချုပ်က အရေးပေါ် ဘုတ်အစည်းအဝေးပွဲတစ်ခုကို ခေါ်ယူခဲ့သည်။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ LV မှာလည်း ဒုတိယအများဆုံး ရှယ်ယာဝင်ကြီး ကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည်။
သူ့ရှယ်ယာအားလုံးကို လင်းဖန်အား ပေးခဲ့ပါသည်။
လင်းဖန်က LV ၏ အဓိကရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်လာခဲ့ပါသည်။
ကုမ္ပဏီ၏ အဓိကရှယ်ယာဝင်တစ်ယောက် ပြောင်းလဲမှုဆိုတာ အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။
LV ၏စီအီးအို ဘားနဒ်အာနိုးတောင် သတိထားမိသွားပါသည်။
ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ပြောင်းလဲသွားလေပြီ။ ပြီးတော့ တရုတ်လူမျိုး တစ်ယောက် ဖြစ်လေသည်။
အခုချိန်ထိ LV ၏ ရှယ်ယာများကို သူ့နိုင်ငံသားများကသာ ကိုင်ဆောင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ဒီနေ့တော့ လင်းဖန်က LV ၏ အဓိကရှယ်ယာဝင်တစ်ယောက် ဖြစ်လာခဲ့သည်။
ကုမ္ပဏီတစ်ခုလုံးက လင်းဖန် ဘယ်သူလဲဆိုတာကို နားလည်နိုင်ဖို့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ခဲ့ရပါသည်။
"မင်းတို့ ကြားပြီးပြီလား။ လခွမ်း ငါတို့ကုမ္ပဏီ ရှယ်ယာဝင် တကယ်ပြောင်းလဲသွားတာပဲ။"
"ဘာလဲဟ။ သူ့နာမည်က ဘာလဲ။ ဘယ်ရှယ်ယာဝင် ပြောင်းလဲသွားတာလဲ။"
"မင်း မသိဘူးလား။ သူက လင်းဖန်လို့ခေါ်တဲ့ တရုတ်လူမျိုးတစ်ယောက်ပဲ။ ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်သွားတာကွ။ ငါတို့ကုမ္ပဏီရဲ့ မားကတ်တန်ဖိုးက ယွမ် ၂၂၅ ဘီလီယံလောက် ရှိမယ်။ လင်းဖန်က ယွမ် ၂၂.၅ ဘီလီယံလောက်ကို အနည်းဆုံး သုံးလိုက်ရမှာပဲ။"
"လခွမ်း တော်တော်ချမ်းသာပါလား။ လင်းဖန်က ရှယ်ယာအများကြီးကို တစ်ခါတည်း ဝယ်ပစ်လိုက်တာ။ ငါတို့ထက်တောင် ပိုချမ်းသာလောက်တယ်။"
"ပြောစရာမလိုအောင် ငါတို့ကုမ္ပဏီတော့ ဆူပူသွားတော့မယ်ထင်တယ်။ လင်းဖန်ရဲ့ ပေါ်ပေါက်လာမှုကြောင့် ငါတို့ကုမ္ပဏီ တရုတ်စျေးကွက်ကို ပိုပြီး အာရုံစိုက်လာနိုင်တယ်။ သူရောက်လာရင် ဘော့စ်အသစ်က ဘာပြောမလဲ မသိဘူးနော်။ အရာရှိအသစ်တစ်ယောက်က အမြဲတမ်း နာမည်ရအောင်လုပ်တယ်လို့ ကြားဖူးတယ်။"
"အဲ့တာ ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ပိုက်ဆံရရင် ပြီးရောလေ။"
"စီအီးအို ဘာလုပ်ချင်လဲ မသိဘူးနော်။"
Chanel လိုပင် LV ၏ စီအီးအိုလည်း လင်းဖန်အကြောင်း တချို့အချက်အလက်များကို သိရှိပြီး ဖြစ်ပါသည်။
သာမန်လူတွေကတော့ ဒီလိုအချက်အလက်မျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ပါ။ သို့သော်လည်း LVရဲ့ စီအီးအိုဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။။ နေရာတိုင်းမှာ သူ့လူများ ရှိပါသည်။ လင်းဖန်အကြောင်း အချက်အလက်များ ရှာဖွေဖို့ဆိုတာ သူ့အတွက် အလွန်လွယ်ကူပါသည်။
သူ မရှာခဲ့ရင်တောင် ပိုကောင်းမည်။ သူ ရှာကြည့်လိုက်သောအခါ သူ ထိတ်လန့်သွားရပါသည်။
LV စီအိးအိုအတွက် လင်းဖန်၏ ဒါရိုက်တာနဲ့ သရုပ်ဆောင်တစ်ယောက်ဟူသည့် သရုပ်က မဆိုးသော်လည်း အရေးသိပ်မပါပေ။
အနည်းဆုံးတော့ LV စီအီးအို၏ သဘောကျခြင်းကို ခံရခွင့် မရှိပါ။
LV စီအီးအို ဆက်လက်ရှာဖွေသောအခါ လင်းဖန်က တရုတ်နိုင်ငံ၏ စျေးကွက်တန်ဖိုး ဘီလီယံကျော်သည့် ကုမ္ပဏီများစွာ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်ကြောင်းကိုလည်း သိလိုက်ရပါသည်။
LV စီအီးအိုလီ အတွက် ဘီလီယံ အနည်းငယ်လောက်က အများကြီး မဟုတ်ပါ။
LV စီအီးအိုလီ စိတ်ဝင်စားလာသည်။ ဘာကြောင့် လင်းဖန်နဲ့ ပတ်သတ်သည့် တခြား အချက်အလက်တွေကို ရှာလို့ မရတော့တာလဲ။
လင်းဖန်မှာ နိုင်ငံခြားက စီးပွားရေးတွေကော ရှိသေးလို့လား။
LV စီအီးကိုက ချက်ချင်းပဲ သူ လှုပ်ရှားနိုင်သည့် သတင်းအရင်းအမြစ်တိုင်းကို လှုပ်ရှားခိုင်းခဲ့ကာ တုန်လှုပ်စရာ အမှန်တရားကို မြင်ခဲ့ရပါသည်။
လင်းဖန်က LV ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာသည်။ ဒါကိုတော့ ရှာဖို့ မလိုပါ။ LV၏ စီအီးအိုက ဒါကို သိရဖို့ ရှာဖွေဖို့ မလိုပေ။
အရေးအကြီးဆုံးက... လင်းဖန်မှာ Chanel ၏ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်လာခြင်းပင်။
ထိုအချက်အလက်ကြောင့် LV ၏ စီအီးအို အလွန်တုန်လှုပ်သွားရသည်။
အဘယ့်ကြောင့်ဆိုသော်... LV နဲ့ Chanel တို့က ထိပ်တန်း တန်ဖိုးကြီးဘရန်းများ ဖြစ်ကြသောကြောင့်ပင်။
ကုမ္ပဏီနှစ်ခု၏ စျေးကွက်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သည်။
သူဌေးကြီးတစ်ယောက်က LV ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရုတ်တရက် ဝယ်ယူချင်ပါက နားလည်နိုင်ပါသေးသည်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ သူဌေးပေါင်းများစွာ ရှိသည်။ လူတစ်ယောက်၏ နောက်ခံဇာတ်ကြောင်းကို ဘယ်သူမှ မသိနိုင်ပါ။
သို့သော်လည်း လင်းဖန်က ထိပ်တန်း တန်ဖိုးကြီး ဘရန်း ၂ ခု၏ ရှယ်ယာမျာကို တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
ဒါက ဘာကို ဆိုလိုတာလဲ....
လင်းဖန်၏ လက်ထဲမှာ ငွေသား အနည်းဆုံး စုစုပေါင်း ၄၀ ဘီလီယံလောက် ရှိလောက်ပါသည်။
ကုမ္ပဏီနှစ်ခု၏ ရှယ်ယာများကို တစ်ပြိုင်တည်း ဝယ်ယူဖို့ ငွေသား သန်း ၄၀ ထုတ်နိုင်ခြင်းဆိုတာ ဘာကို ဆိုလိုသနည်း။
လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး သန်း ၁၀၀ တော့ ရှိပါလိမ့်မည်။
ရှင်းရှင်းပြောရလျှင် လင်းဖန်သာ ငွေသား ၄၀ ဘီလီယံကို အေးအေးဆေးဆေး ထုတ်နိုင်ပါက နိုင်ငံတော်တစ်ခွင်မှာ သူ့ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။ ကုမ္ပဏီ ဘယ်လောက်များများမှာ ရှယ်ယာဝင်ဖြစ်နေလိုက်မလဲ။
ယခု သူက ဥရောပမှာသာ ရှိသေးသည်။ ဒီတိုင်း ရှာဖွေကြည့်ရင်း လင်းဖန်က တန်ဖိုးကြီး ဘရန်း နှစ်ခု၏ ရှယ်ယာဝင်ဖြစ်ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
အာဖရိက၊ အာရှ၊ တောင်နဲ့ မြောက်အမေရိကတို့မှာဆိုရင်ကော ဘယ်လိုဖြစ်မလဲ။ နိုင်ငံပေါင်းများစွာ ရှိသည်။ သူက နေရာတိုင်းမှာ ရင်းနှီးမြှုပ်နှံနိုင်သည်။ လင်းဖန်အကြောင်း အချက်အလက်များ ရှာဖွေဖို့ ခက်ခဲလွန်းပါသည်။
ပိုင်ဆိုင်မှု ဘီလီယံ ရာချီသည့် လူတစ်ယောက်သာ LV ၏ အများဆုံးရှယ်ယာဝင် ရုတ်တရက်ကြီး ဖြစ်လာချင်ပါက ဖြစ်လာလို့ရပါသည်။
ရုတ်ခြည်းဆိုသလို LV စီအီးအိုတစ်ယောက် အန္တရာယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဒီလင်းဖန်က သာမန်လူ မဟုတ်နိုင်ပါ။
လင်းဖန်က LV စီအီးအိုရှေ့မှာ ရုတ်တရက် ပေါ်လာသည့် ဘော့စ်ကြီးတစ်ယောက်လိုပင်။
အရေးအကြီးဆုံးက လင်းဖန်နဲ့ ပတ်သတ်သည့် တခြားအကြောင်းအရာများကို သူ မရှာဖွေနိုင်ခြင်း ဖြစ်လေသည်။
တခြား အချက်အလက်များအားလုံးက ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်နိုင်သည်။
သူ့အချက်အလက်များကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားနိုင်သဖြင့် လင်းဖန်က ဘယ်လိုလူမျိုးလဲဆိုတာကို မှန်းဆကြည့်လို့ ရနိုင်ပါသည်။
အမှန်ပင်။ ဒါကလည်း စနစ်ကြောင့် ဖြစ်ပါသည်။ လင်းဖန်ကို ကာကွယ်သည့်အခါ စနစ်က ဆောင်ရွက်သည့် လုပ်ငန်းစဥ်တိုင်းက ကျိုးကြောင်းသင့်လျော်သည်။ ထို့ကြောင့် လူတွေက အပြစ်အနာအဆာကို မမြင်နိုင်ခြင်း ဖြစ်ပါသည်။
LV စီအီးအို အလွန်အမင်း တုန်လှုပ်သွားရသည်။
လင်းဖန်၏ သရုပ်မှန်က ထင်ထားသလောက် ရိုးရှင်းမနေပါ။
လင်းဖန် ဘာကြောင့် ထိပ်တန်း တန်ဖိုးကြီး ဘရန်းနှစ်ခုရဲ့ ရှယ်ယာကို ရုတ်တရက်ကြီး ဝယ်လိုက်တာလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ပေ။
သို့သော်လည်း LV စီအီးအိုက အလွန်အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ရရှိခဲ့သည်။
ဒါကတော့ ဘာပဲဖြစ်ဖြစ် သူ လင်းဖန်ကို တိုက်ခိုက်လို့ မရပါ။
လင်းဖန်၏ နောက်ကြောင်းကို မဆိုဦးနဲ့၊ အပေါ်ယံ သူ့သရုပ်နဲ့တင် LV စီအီးအိုကို အထင်မသေးရဲအောင် ပြုလုပ်နိုင်ပါသည်။
ထို့ကြောင့် LV စီအီးအိုသည်လည်း Chanel စီအီးအိုနဲ့ တူညီသည့် ဆုံးဖြတ်ချက်ကို ချခဲ့ပါသည်။
လင်းဖန် ဘယ် LV ကုမ္ပဏီခွဲကိုပါ လာရောက်ပါစေ အဆင့်အမြင့်ဆုံး ဧည့်ခံမှုကို လက်ခံရရှိပါလိမ့်မည်။
စီအီးအိုတစ်ယောက်ကိုယ်တိုင် ကုမ္ပဏီခွဲတစ်ခုကို လာရောက်သည့်အခါ ကုမ္ပဏီက ၁၂၀ရာခိုင်နှုန်းလောက် အားထုတ်ရတာနဲ့ တူပါသည်။
တစ်ချိန်တည်းမှာပဲ လင်းဖန်၏ ဓာတ်ပုံများကို ကုမ္ပဏီခွဲမျိုးစုံ၏ တာဝန်ရှိသူများထံသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ သူတို့ကိုလည်း လင်းဖန်၏ အချက်အလက်များ မပေါက်ကြားစေဖို့ တောင်းဆိုထားသည်။
ဒါက LV စီအီးအို လင်းဖန်ကို ပထမဆုံး စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးသော ပထမခြေလှမ်း ဖြစ်ပါသည်။
သူတို့က လင်းဖန်၏ အချက်အလက်များကို ထုတ်ဖော်လိုက်ပါက သူ စိတ်ဆိုးသွားနိုင်ပါသည်။
ချက်ချင်းပဲ LV စီအီးအိုလည်း လေယာဥ်တစ်စင်းပြင်ကာ ရှန်ဟိုင်းမြို့ကို ထွက်လာခဲ့ပါသည်။
LV က ဘုတ်အဖွဲ့ဝင် အစည်းအဝေးတစ်ခု ကျင်းပပြီးတာတောင် စီအီးအိုက စကားတစ်ခွန်းသာ ပြောနိုင်လေသည်။
အခုချိန်ကစလို့ လင်းဖန်က LV ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်သွားပြီ။ သူတို့ လင်းဖန်ကို မြင်သည့်အခါ စီအီးအိုကိုမြင်ရသလိုပဲ ဆက်ဆံရမည်။ သူတို့က လင်းဖန်ကို တွေ့လျှင် အဆင့်အမြင့်ဆုံး ဧည့်ဝတ်ကျေပွန်မှုများနဲ့ ဧည့်ခံရပါမည်။
တစ်နည်းအားဖြင့် လင်းဖန်ကို ဖားကာ ခေါ်ယူရမည်။
လင်းဖန်က အဝတ်အစားများ၊ အိတ်များကို ကိုယ်တိုင်ဒီဇိုင်းဆွဲဖို့ LV မှ ဒီဇိုင်နာတစ်ယောက်ကို လိုအပ်သည့်အခါ၊ သို့မဟုတ် လင်းဖန်က ကောင်မလေးတစ်ယောက်ကို ချစ်မိသည့်အခါ စသဖြင့် အခြေအနေပေါင်းစုံ ရှိနိုင်သည်။ တရားမဝင်သည့်ကိစ္စ မဟုတ်ပါက ကုမ္ပဏီထဲကလူများ လင်းဖန်ကို တတ်နိုင်သမျှ စိတ်ကျေနပ်အောင် ပြုလုပ်ပေးနိုင်ပါသည်။
LV စီအီးအို ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ ရှန်ဟိုင်းမြို့သို့ လေယာဥ်ဖြင့် ထွက်သွားခဲ့ပြီ ဖြစ်သည်။
LV စီအီးအို ထွက်သွားပြီးနောက် LV ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ လုံးဝ တုန်လှုပ်သွားကြပါသည်။
ဘုရားဘုရား…
သူတို့ကုမ္ပဏီကို ဘယ်လိုလူများ ရောက်လာတာလဲ။
စီအီးအိုကိုယ်တိုင် သူ့ကို သွားတွေ့ရသည်။