အခန်းစီအီးအိုလင်းရဲ့ သရုပ်နဲ့ အဆင့်အတန်းက နက်နဲလွန်းတယ်
Vol. 12 Ch. 170
"လခွမ်း ငါတို့ဘော့စ်ကြီးက တကယ်ကြီး လင်းဖန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို တွေ့ဖို့အတွက်နဲ့ တရုတ်အထိ သွားတာပဲ။"
"မဟုတ်ဘူး ဘော့စ်လင်းလိုခေါ်။ ဘော့စ်လင်းရဲ့ အဆင့်အတန်းက သာမန်မဟုတ်ဘူး။ စီအီးအိုတောင် သူ့ကို အရမ်းတန်ဖိုးထားတယ်။"
"ဟုတ်တာပေါ့။ ဘော့စ်လင်းက LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်တစ်ယောက်ပဲ။ နောက်ပိုင်းကျရင် LV မှာ အများကြီး ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မယ်။ ကုမ္ပဏီ ရှယ်ယာ ၁၀ရာခိုင်နှုန်းထိတောင် ပိုင်ဆိုင်တယ်လို့ ငါကြားတယ်။"
"ဘော့စ်လင်းက တော်လိုက်တာ။ ဘယ်သူမှ ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို တစ်ခါတည်း မဝယ်နိုင်ခဲ့ဖူးဘူး...."
"တရုတ်က LV ကုမ္ပဏီကိုင်းခွဲကို အမြန်ဆက်သွယ်ကြစမ်း။ အဲ့ဒီက တာဝန်ရှိသူကို ဘော့စ်လင်း ကုမ္ပဏီကို လာရင် သေသေချာချာ ဧည့်ခံရမယ်လို့ ပြောလိုက်။ သူ့ကို လုံးဝ လျစ်လျူရှုထားလို့ မဖြစ်ဘူးနော်။"
LV မှ လူများစွာ အံ့အားသင့်ကုန်ကြသည်။ LV ၏ စျေးကွက်ရှယ်ယာလည်း ပုံသေဖြစ်လုနီးပါပြီ။
ဒီလိုအရေးကြီးသည့် အခြေအနေမျိုးတွင် လင်းဖန်က LV ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့သည်။ ထို့အပြင် အများဆုံး ရှယ်ယာဝင်ဖြစ်ဖို့ ၂ ရာခိုင်နှုန်းသာ လိုတော့သည်။
လင်းဖန် ဘယ်လောက်တောင် ချမ်းသာလိုက်သလဲ။
ဒါရိုက်တာဘုတ်အဖွဲ့ထဲက လူအားလုံး ကုမ္ပဏီအပေါ် လင်းဖန်၏ ဆုံးဖြတ်ချက်များအား လေးလေးနက်နက် နာခံရတော့မည်။
လင်းဖန်၏ အာဏာတစ်ခုတည်းနဲ့ ကုမ္ပဏီတစ်ခုလုံး၏ အနာဂတ် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
လင်းဖန်က နောက်ကို သူတို့ကုမ္ပဏီ၏ ဘော့စ်အသစ်တစ်ယောက်နဲ့ တူညီပါတောာ့မည်။ သူ့အဆင့်အတန်းများက စီအီးအိုလီနဲ့တောင် တန်းတူညီသည်။
ဒါ့ကြောင့်သာမဟုတ်ပါက LV စီအီးအို တရုတ်ကိုသွားပြီး လင်းဖန်နဲ့ လူကိုယ်တိုင် သွားတွေ့မှာ မဟုတ်ပါ။
သိပ်မကြာခင် LV စီအီးအိုက LV ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များထံသို့ ထိပ်တန်းလျှို့ဝှက် စာတမ်းတစ်ခု ပို့ပေးလိုက်ပါသည်။
ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ ဒီမက်ဆေ့ချ်ကို မြင်သောအခါ ပို၍ပင် အံ့အားသင့်သွားကြပါသည်။
"ဘုရားရေ... စီအီးအိုလင်းက LV ရဲ့ဒုတိယအများဆုံးရှယ်ယာဝင်တင် မဟုတ်ဘဲ Chanelရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဖြစ်တယ်တဲ့။ Chanel ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသေးတယ်။"
"ဘော့စ်လင်း ဘယ်လိုလုပ်လိုက်တာလဲ။ သူ့မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ကုမ္ပဏီကြီးနှစ်ခုရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်တယ်ဆိုတော့ ဆိုလိုရင်းက ဘော့စ်လင်းရဲ့ ပိုင်ဆိုင်မှုတွေက ငါတို့စီအီးအိုထက်တောင် ပိုမြင့်နေနိုင်တယ် ဆိုတာပဲ။"
"မဟုတ်သေးဘူး။ ကြောက်ဖို့ အကောင်းဆုံးက ဒါ မဟုတ်သေးဘူ။ ကြောက်ဖို့အကောင်းဆုံးက ဘော့စ်လင်းရဲ့ အဆင့်အတန်းပဲ။ ငါတို့ကုမ္ပဏီနဲ့ Chanel ရဲ့ ရှယ်ယာတွေကို ငွေရေးကြေးရေးနဲ့ အလွယ်တကူ တိုင်းတာလို့ မရတော့ဘူး။ ဘော့စ်လင်းက ကုမ္ပဏီနှစ်ခုစလုံးရဲ့ ရှယ်ယာဝင် တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်တယ်ဆိုတော့ ဘော့စ်လင်းရဲ့ နောက်ကြောင်းက နက်နဲတယ်ဆိုတဲ့သဘောပဲ။"
"ငါနားလည်ပြီ။ အဲ့တာကြောင့် ငါတို့စီအီးအိုက တရုတ်ထိသွားပြီး ဘော့စ်လင်းကို သွားတွေ့ရတာပေါ့။ ဘော့စ်လင်းရဲ့ ကိုယ်ပိုင်အာဏာက ကြမ်းတမ်းလွန်းတယ်။ ဥရောပက အကြီးမားဆုံး တန်ဖိုးကြီး ကုမ္ပဏီနှစ်ခုကိုတောင် တုန်လှုပ်သွားစေတယ်။"
ဒီနေ့တွင် LV နဲ့ Chanel တို့ ၏အထက်လူကြီးများ တစ်ချိန်တည်းမှာပဲ တုန်လှုပ်သွားခဲ့ကြပါသည်။
ရှန်ဟိုင်းမြို့က ကုမ္ပဏီခွဲနှစ်ခု၏ မြင်ကွင်းမှာလည်း အတော်လေး အံ့အားသင့်ဖို့ကောင်းနေပါသည်။
"ဘုရားရေ ဘော့စ်လင်းက တကယ်ကြီး ငါတို့ ကုမ္ပဏီရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်ပဲ။"
"မင်း ဘာပြောလိုက်တယ်။ စီအီးအိုလီကိုယ်တိုင်တောင် ဒီကို လာမှာ ဟုတ်လား။ ငါတို့ကုမ္ပဏီက စီအီးအိုလင်းကို အမြင့်ဆုံးစံနှုန်းတွေနဲ့ ဧည့်ခံရမှာလား။"
"မြန်မြန် အသင့်ပြင်ထားကြ။ ငါတို့ဘော့စ်လင်းကို လျစ်လျူရှုလို့ မဖြစ်ဘူး။"
LV နဲ့ Chanel ကုမ္ပဏီခွဲ နှစ်ခုစလုံးက ရှန်ဟိုင်းမြို့မှာ တည်ရှိပါသည်။
ကုမ္ပဏီခွဲ နှစ်ခုစလုံး တစ်ချိန်တည်းမှာပဲ အဆိုပါသတင်းကို လက်ခံလိုက်ရပါသည်။
လင်းဖန်က သူတို့ကုမ္ပဏီနှစ်ခုအတွက် ဘော့စ်ကြီးတစ်ယောက် ဖြစ်လာသည်။
ကုမ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်သဖြင့် လင်းဖန်က ကုမ္ပဏီ၏ အမြင်နဲ့ ဆုံးဖြတ်ချက်များအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ထို့ကြောင့် ဘယ်ကုမ္ပဏီမှ လင်းဖန်ကို မတိုက်ခိုက်ရဲကြပေ။
Chanel နဲ့ LV တို့၏ စီအီးအိုများ လေဆိပ်တွင် ဆင်းကြသောအခါ စီအီးအိုနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း နွေးနွေးထွေးထွေး ရှေ့တိုး လက်ဆွဲနှုတ်ဆက်လိုက်ကြပါသည်။
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီနှစ်ခုစလုံးက ထိပ်တန်း တန်ဖိုးကြီး ဘရန်းများ ဖြစ်ကြသည်။ ဘော့စ်ကြီးနှစ်ယောက်ကလည်း တစ်ယောက်ကို တစ်ယောက် သိကြပါသည်။
"စီအီးအိုဘရူနို ဒီတစ်ခေါက် လင်းဖန်ကို တွေ့ဖို့ တရုတ်ကိုလာခဲ့တာ မဟုတ်လား။ လင်းဖန်က ခင်ဗျားရဲ့ ကုမ္ပဏီမှာ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာတယ်လို့ ကြားမိတယ်" LV စီအီးအိုက ပြောလိုက်ပါသည်။
"စီအီးအို ဘားနဒ် ခင်ဗျား ဘယ်လိုသိတာလဲ။ မဟုတ်မှလွဲရော..." Chanel စီအီးအို ဘရူနိုက အံ့အားသင့်နေသော မျက်လုံးများဖြင့် ပြောလိုက်ပါသည်။
"ဘော့စ်လင်းက ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်လာလို့ပေါ့။ အဲ့တာကြောင့် ကျုပ်လည်း သူ့ကို ဒီမှာလာတွေ့တာပါ" LV စီအီးအိုက ပြုံးကာ ပြောလိုက်ပါသည်။
"လခွမ်း..."
"ဘော့စ်လင်းက ကျုပ်တို့ကုမ္ပဏီအတွက် ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာရုံမဟုတ်ဘဲ ခင်ဗျားတို့ ကုမ္ပဏီအတွက်ပါ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာတယ်ပေါ့" Chanel ၏ စီအီးအိုက တုန်လှုပ်သွားပါသည်။
ထိပ်တန်း တန်ဖိုးကြီး ဘရန်းနှစ်ခု၏ အဓိက ရှယ်ယာဝင် တစ်ယောက် တစ်ပြိုင်နက်တည်း ဖြစ်လာခြင်းက စကားဖြင့် ပြောလိုက်ရုံနဲ့ ဖြစ်လာတာမျိုး မဟုတ်ပါ။
အလွန်အားကောင်းသည့် နောက်ကြောင်းနဲ့ ငွေရေးကြေးရေး လုံလုံလောက်လောက်ရှိဖို့ လိုအပ်သည်။
တစ်ချက်တည်းနဲ့ ယွမ် သန်း ၄၀ ကို ထုတ်နိုင်ခြင်းက လင်းဖန်၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး ယွမ၅် သန်း ၂၀၀ လောက်ရှိလိမ့်မည်ဆိုသည့် သဘောပင်။
ဒီလောက်နက်ရှိုင်းသည့် ပိုင်ဆိုင်မှုများနဲ့သာဆို လင်းဖန်က သူတို့နှစ်ယောက်ထဲက ဘယ်သူ့နေရာကိုမဆို ဝင်ယူကာ တန်ဖိုးကြီးဘရန်းနှစ်ခု၏ အများဆုံး ရှယ်ယာဝင် ဖြစ်လာနိုင်သည်။
ထို့ကြောင့်လည်း Chanel စီအီးအိုက တုန်လှုပ်သွားရခြင်း ဖြစ်ပါသည်။
"ဟုတ်ပါတယ်" LV စီအီးအိုလီက ခါးသီးစွာ ရယ်လိုက်ပါသည်။
"အဲ့တာကြောင့် ကျုပ် ဘော့စ်လင်းကို လာတွေ့တာ။ ကျုပ်တို့ ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘော့စ်လင်း ဘာတွေပြောစရာရှိမလဲဆိုတာကို လာနားထောင်တာပါ" LV စီအီးအိုက ပြောလိုက်ပါသည်။
"ကျုပ်ကောပဲလေ။ စီအီးအိုလင်းက ကျုပ်တို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာနိုင်တာကို အံ့သြဖို့ကောင်းလှပြီ ထင်နေတာ။ ခင်ဗျားတို့ကုမ္ပဏီမှာလည်း ထိုနည်းလည်းကောင်းပဲဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" Chanel စီအီးအိုက ပြောလိုက်သည်။
"ဘော့စ်လင်းရဲ့ အဆင့်အတန်းက ကျုပ်တို့ထက်တောင် ပိုမြင့်လောက်တယ်။"
"ဘော့စ်လင်းရဲ့ အကြောင်း အဲ့ဒီအချက်အလက်တွေလောက်ပဲ ရှာတွေ့ခဲ့တာ။ ကျုပ် မရှာနိုင်တဲ့ အချက်အလက်တွေ အများကြီးရှိတုန်းပဲ။ ဘော့စ်လင်းက ကျုပ်တို့ကုမ္ပဏီမှာပဲ အဓိကရှယ်ယာဝင်ဖြစ်တာ မဟုတ်လောက်ဘူး" LV စီအီးအိုက ပြောလိုက်လေသည်။
Chanel စီအီးအိုကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ ကုမ္ပဏီကြီး ၂ ခု၏ အဓိက ရှယ်ယာဝင် တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်ခြင်းက လင်းဖန်ဟာ သာမန်လူ မဟုတ်နိုင်ကြောင်းကို ပြသနေပါသည်။
လင်းဖန်က တခြား တန်ဖိုးကြီး ကုမ္ပဏီကြီးများ၏ အဓိက ရှယ်ယာဝင်လည်း ဖြစ်နေနိုင်သည်။ လင်းဖန်၏ လုပ်ငန်းများက တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတာ ဖြစ်လောက်သည်ဟုလည်း ပြသနေပါသည်။
ဒီလိုလူမျိုးက တန်ဖိုးကြီး ကုမ္ပဏီနှစ်ခု၏ ရှယ်ယာကို ရုတ်တရက် ဝယ်ယူလိုက်သောကြောင့် Chanel စီအီးအိုနဲ့ LV စီအီးအိုတို့ကိုယ်တိုင် လင်းဖန်ကို ကြိုဆိုရပါမည်။
ကုမ္ပဏီနှစ်ခုအပေါ် ဘော့စ်လင်း၏ သဘောထားကိုလည်း သိအောင်လုပ်ရမည်။
ဒီသတင်းကိုကြားပြီးနောက် Chanel စီအီးအိုက ပြုံးကာ ပြောလိုက်သည်။ "ကျုပ်တို့ ကုမ္ပဏီနှစ်ခု နောက်ပိုင်းကျရင် လုပ်ငန်း အတူတူတွဲလုပ်ရလိမ့်မယ်လို့ မထင်ထားဘူးဗျာ။"
LV စီအီးအိုက Chanel စီအီးအိုကို ကြည့်လိုက်ပါသည်။ "ကျုပ်တို့ ကုမ္ပဏီနှစ်ခုက အစကတည်းက ထိပ်တန်း အဆင့်မြင့် ဘရန်းတွေပဲလေ။ ကမ္ဘာ့စျေးကွက်ကို အတူတူ သိမ်းပိုက်ထားတာ။ ဘော့စ်လင်းလည်း ကျုပ်တို့ ကုမ္ပဏီတွေကို ပိုခရီးရောက်အောင် ကူညီပေးနိုင်လောက်တယ်။ အသေးစိတ်ကတော့ ဘော့စ်လင်း ဘာပြောမလဲဆိုတဲ့အပေါ် မူတည်တာပေါ့။"
တကယ်တော့ ရောက်လာသည့်အခါ စီအီးအိုနှစ်ယောက်တွင် စိုးရိမ်ကြောင့်ကြမှုများ ရှိနေသော်လည်း ထုတ်မပြောခဲ့ပါ။
လင်းဖန်က သူတို့နေရာကို လုယူပြီး ကုမ္ပဏီနှစ်ခု၏ အကြီးမားဆုံး ဘော့စ်ဖြစ်လာနိုင်သည်။
လင်းဖန်မှာ အခုဆို ဒီလိုအစွမ်းအစမျိုး ရှိနေပါပြီ။
လင်းဖန်သာ ဒီလိုလုပ်ချင်ပါက သူတို့နှစ်ယောက် တားနိုင်မှာ မဟုတ်ပေ။ သူတို့ အမိန့်နာခံဖို့ပဲ ရှိပါသည်။
သို့သော် လူဘယ်လောက်များများက ဒီလို လုပ်ချင်မှာလဲ။
လင်းဖန်ကို ကုမ္ပဏီ၏ အဓိကရှယ်ယာဝင်အဖြစ် ကြိုဆိုဖို့အပြင် သူတို့ လင်းဖန်၏ ရည်ရွယ်ချက်အစစ်များကိုလည်း မြင်ချင်ကြသေးသည်။
ရှန်ဟိုင်းမြို့က လူငယ်တစ်ယောက်ဖြစ်သည့် လင်းဖန်က ထိပ်တန်း အဆင့်မြင့်ဘရန်းနှစ်ခုတွင် အရေးပါသည့် ပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်မိခဲ့ကြပေ။