စီအီးအိုတို့အတွက် လင်းဖန်ရဲ့ စားတော်ပွဲက အရသာရှိလွန်းတယ်
Vol. 12 Ch. 171
နှလုံးသားရေကန်ဗီလာတွင် လင်းဖန်က League of Legends ကို ကစားနေသည်။
ဒီတစ်ခေါက် Yasuo ကို မရွေးချယ်ပဲ Sword Saint ကို ရွေးချယ်ကာ Kill 20 ဖြင့် တိုက်ပွဲအဆုံးသတ်သွားခဲ့ပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ထုတ်လွှင့်ပြသပြီးကတည်းက လင်းဖန်၏ ရေပန်းစားမှုမှာ အဆမတန် တိုးမြင့်လာခဲ့ပါသည်။
ပရိတ်သတ်များစွာက လင်းဖန်ကို ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲထုတ်ပေးဖို့ တောင်းဆိုနေကြသည်။ တချို့ ပရိတ်သတ်များက ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဒုတိယတွဲနဲ့ တတိယတွဲကိုပင် မြင်ချင်နေကြပါသည်။
လီရှောင်းယောင်၏ ဇာတ်လမ်းကို ပထမ ဓားနှင့်နတ်သမီးဒဏ္ဍာရီတွင် အဆုံးသတ်သွားပြီ ဖြစ်သော်လည်း ခမ်းနားသည့် ကမ္ဘာ့မြင်ကွင်း၊ အတော်လေး ပြောင်မြောက်သည့် ဇာတ်လမ်းဇာတ်ကွက်တို့ဖြင့် ပေါင်းစပ်လိုက်သောအခါ ကြည့်ရှုသူပရိတ်သတ်ကို လေးလေးနက်နက် ဆွဲဆောင်နိုင်ခဲ့ပါသည်။
နေ့တိုင်း လင်းဖန် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်လိုက်တိုင်း အောက်က ကောမန့်များက ရုပ်သံဒရာမာနှစ်ခုအတွက် နောက်ဆက်တွဲများ ဆက်ထုတ်ပေးဖို့ လင်းဖန်ကို တောင်းဆိုနေကြသည်။
ဒီအချိန်အတောအတွင်း လင်းဖန်က နေရာတိုင်းတွင် ကြော်ငြာများ ကမ်းလှမ်းခံရကာ ကုမ္ပဏီထောက်ခံချက် အပေးအယူများလည်း များစွာ လက်ခံရရှိခဲ့သည်။
သို့သော်လည်း လင်းဖန်က လင်းချမ့်ဝေကို ထို ကုမ္ပဏီထောက်ခံချက်၊ ကြော်ငြာများအားလုံးကို ငြင်းလိုက်ဖို့ မှာကြားထားပါသည်။
အိမ်က ဆိုဖာပေါ်မှာ လှဲနေရတာပဲ ပိုသက်တောင့်သက်သာ ရှိလေသည်။
ကံမကောင်းစွာဖြင့် လင်းဖန်မှာ ကောင်မလေး မရှိသေးပါ။
သူ့အမေက သူ့ကို အကြိမ်ပေါင်းများစွာ နားပူနားဆာလုပ်ခဲ့သော်လည်း သူ ဘာမှ မတတ်နိုင်ပေ။
လင်းဖန်က အရင်တစ်ခေါက် ရှားဝမ်ချွေ့ကို ဖွင့်ပြောချင်ခဲ့သော်လည်း ဖွင့်မပြောဖြစ်ခဲ့ပါ။
သူမကို ဘယ်တော့ သူ့ကောငာ်မလေးဖြစ်အောင် လုပ်လို့ရမှာလဲ။
လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ ထိုကဲ့သို့နေ့မျိုးသာ တကယ်ရောက်လာပါက ကောင်းပါလိမ့်မည်။
ထိုစဥ် လင်းဖန်၏ ဖုန်းသံမြည်လာ၏။
"ဟယ်လို" လင်းဖန် ဖုန်းကို ကိုင်လိုက်သည်။
"ဟယ်လို ဘော့စ်လင်း။ ကျွန်မက LV စီအီးအို ဘားနဒ်ရဲ့ လက်ထောက်ပါ။ စီအီးအို ဘားနဒ်ကိုယ်တိုင် ရှန်ဟိုင်းရဲ့ ကုမ္ပဏီခွဲကို ရောက်လာပါပြီ။။ အဆင်ပြေမယ်ဆိုရင် သူက ရှင့်ကို တွေ့ချင်နေပါတယ်" ဖုန်းထဲမှ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့ပါသည်။
"စီအီးအိုဘားနဒ် ကိုယ်တိုင် ရှန်ဟိုင်းကို ရောက်လာတယ် ဟုတ်လား" လင်းဖန် အနည်းငယ် အံ့အားသင့်သွားပါသည်။ LV ၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာပြီးနောက် ကုမ္ပဏီ၏ စီအီးအိုကိုယ်တိုင်ကတောင် ရှန်ဟိုင်းကို ရောက်လာခဲ့သည်။
"ဟုတ်ပါတယ် မစ္စတာလင်း။ အဲ့လိုပဲ Chanel ရဲ့ စီအီးအိုဘရူနိုလည်း ရှန်ဟိုင်းမှာ ရောက်နေပါတယ်။ သူက ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှင့်ရဲ့ အကြံပေးချက်တွေကို နားထောင်ချင်နေပါတယ်" လက်ထောက်က ပြုံးကာ ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ ဒါပေမယ့် ရှုပ်ရှုပ်ထွေးထွေး ဧည့်ခံဖို့တွေ မလိုဘူးနော်။ စီအီးအိုဘားနဒ်နဲ့ စီအီးအိုဘရူနိုတို့ကို ကျုပ်အိမ်ဆီ လာဖို့ ဖိတ်ကြားလိုက်ပါ။ ဘော့စ်ကြီးနှစ်ယောက်အတွက် ကျွန်တော်ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးပါ့မယ်။"
"ကိစ္စ တစ်ခုခုရှိရင်လည်း ကျွန်တော့်အိမ်မှာပဲ ဆွေးနွေးလို့ရပါတယ်။ ကျွန်တော် အိမ်လိပ်စာ ပို့ပေးလိုက်မယ်" လင်းဖန်က ပြောလိုက်ပါသည်။
တန်ဖိုးကြီးဘရန်းကုမ္ပဏီနှစ်ခု၏ ဘော့စ်ကြီးများကိုယ်တိုင် ဒီကိုရောက်လာခဲ့သည်။ သူတို့ လင်းဖန်ကို ဘယ်လောက်တန်ဖိုးထားသလဲ ပြသနေခြင်း ဖြစ်ပါသည်။
လင်းဖန်က အပြင်ထွက်ပြီး ဦးနှောက်မရှိစွာ ကြွားဝါမှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီနှစ်ခု၏ စီအီးအို မဟုတ်ဘဲ ဒုတိယအများဆုံး ရှယ်ယာဝင်သာ ဖြစ်သည်။
လင်းဖန်က LV နဲ့ Chanel တို့၏ ဌာနချုပ်များထံသို့ သွားလိုက်ပါက အဆင့်အမြင့်ဆုံး ဧည့်ဝတ်ကျေပွန်မှုများနဲ့ သူ့ကို ဧည့်ခံကြမှာ ဖြစ်ကြောင်း သိပါသည်။
ဒီလိုသာဆို သတင်းကို ဖုံးထားလို့ မရတော့ပါ။ ဝေ့ပေါ် ပေါ်မှာ သူ ရေပန်းစားသည့် အကြောင်းအရာ ဖြစ်လာနိုင်သည်။
ထိုအခါကျလျှင် အင်တာနက်တစ်ခွင်လုံးက သူ ကုမ္ပဏီနှစ်ခုစလုံး၏ အဓိက ရှယ်ယာဝင်ဖြစ်မှန်း သိသွားကြလိမ့်မည်။
လင်းဖန်က အရမ်းကြီး ကျော်ကြားစွာ မနေချင်ပါ။ အေးအေးချမ်းချမ်းဘဝက အကောင်းဆုံး ဖြစ်သည်။ သူ့မိန်းမကြောင့်သာ မဟုတ်ရင် အစောကတည်းက အနုပညာလောကမှာလည်း နာမည်ကျော်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပေ။
အခုသာ ကုမ္ပဏီကြီးနှစ်ခု၏ ဌာနချုပ်များတွင် ပေါ်လာပါက နောက်ပိုင်း စီးပွားရေးလောကထဲမှာပါ ပိုကျော်ကြားလာနိုင်သည်။ လင်းဖန် အပြင်ထွက်သည့်အခါ အဒေါ်ကြီးတစ်စု၏ ဝန်းရံခြင်းကို ခံရနိုင်ပါသည်။
အရေးအကြီးဆုံးကတော့ လင်းဖန်က ငပျင်းတစ်ယောက် ဖြစ်သည်။
ကုမ္ပဏီခွဲနှစ်ခုကို ကားဖြင့် မောင်းသွားရဦးမည်။ သို့မဟုတ် အိမ်မှာပဲ စီအီးအိုနှစ်ယောက်လာမှာကို ထိုင်စောင့်နေလို့ ရပါသည်။
ဘော့စ်ကြီးနှစ်ယောက်က တရုတ်ကို ရောက်နေသဖြင့် သူ့အိမ်ကိုပဲ လာလိုက်တာ ပိုမကောင်းဘူးလား။
"ဟုတ်ကဲ့ပါ ဘော့စ်လင်း"
"ဘယ်အချိန် လာခဲ့ရမလဲ" လက်ထောက်က မေးလိုက်သည်။
"ဒီနေ့ည ၈ နာရီလောက်။ ကျွန်တော် လိပ်စာပို့လိုက်ပြီနော်" လင်းဖန်က ပြောလိုက်ပါသည်။
"ကောင်းပါပြီ ဘော့စ်လင်း။ ကျွန်မ နားလည်ပါပြီ" ထိုသို့ပြောပြီးနောက် လက်ထောက်က ဖုန်းချသွားပါသည်။
ထိုသတင်းက LV နဲ့ Chanel တို့၏ စီအီးအိုများထံသို့ ရောက်သွားပါသည်။
ကုမ္ပဏီနှစ်ခု၏ စီအီးအိုနှစ်ယောက်သား အချင်းချင်း အံ့သြတကြီး ကြည့်လိုက်ကြပါသည်။
လင်းဖန်ကို ဖိတ်ကြားပြီး ဒီမှာ သေသေချာချာ ဧည့်ခံချင်ခဲ့သည်။
သို့သော်လည်း လင်းဖန်က လူသိထင်ရှား နေချင်သည့်ပုံမပေါ်ပေ။
ဆိုလိုရင်းက လင်းဖန်မှာ ကုမ္ပဏီနှစ်ခု၏ ရှယ်ယာဝင်ဖြစ်ကြောင်း သူများတွေကို မသိစေချင်ခြင်း ဖြစ်သည်။
သူတို့ လျှို့ဝှက်ထားပေးသင့်ပါသည်။
ည ၈ နာရီတွင် စီအီးအိုနှစ်ယောက်က လှိုင်းပြာပင်လယ်အော်၏ နှလုံးသားရေကန်ဗီလာသို့ ရောက်ရှိလာခဲ့ကြသည်။
လင်းဖန်က လုံခြုံရေးအစောင့်များကို ကြိုတင် အသိပေးပြီးသားဖြစ်ပြီး လုံခြုံရေးအစောင့်များက သူတို့အားလုံးကို ဝင်ခွင့်ပေးလိုက်ပါသည်။
သူတို့ နှလုံးသားရေးကန်ဗီလာ၏ ဝင်ပေါက်သို့ ရောက်လာကြသောအခါ LV နဲ့ Chanel တို့၏ စီအီးအိုနှစ်ယောက်စလုံး အံ့သြကုန်ကြပါသည်။
လင်းဖန်က ဒီလိုနေရာမှာ နေတာကိုး။ အရမ်းငြိမ်းချမ်း၊ ကျော့ရှင်းပြီး လှပတဲ့ ရှုခင်းတစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်တို့က တိတ်ဆိတ်ငြိမ်သက်လျက် ဗီလာကြီးကလည်း အလွန်ခမ်းနားလှပါသည်။
သူတို့နှစ်ယောက်သား လင်းဖန်၏ ဂိုထောင်ထဲ ပါကင်ထိုးထားသော တန်ဖိုးကြီး ကား ၃ စီးကို မြင်လိုက်ကြသည်။
Bugatti နဲ့ Koenigsegg One တို့ နှစ်စီးစလုံးက Limited Edition ကားများ ဖြစ်ကြသည်။
ထိုဘော့စ်ကြီး နှစ်ယောက်မှာတောင် Limited Edtion ပြိုင်ကားများ မရှိကြပါ။
ဘော့စ်ကြီးနှစ်ယောက် ပြိုင်ကားများကို မြင်သွားသောအခါ ခံစားချက် မရှိသော မျက်နှာများဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြသည်။
Limited Edition ပြိုင်ကားများကို မောင်းနိုင်သည့် လူများကမှာ သေချာပေါက် သာမန်လူတွေတော့ မဟုတ်ကြပါ။
ဘော့စ်ကြီးနောက်တွင် လုံခြုံရေးအစောင့်တချို့ ပါလာသည်။ အမှန်ပင်။ အလွန်လှပတဲ့ လက်ထောက်တို့လည်း လိုက်လာကြပါသည်။
လင်းဖန်က တံခါးကိုဖွင့်လိုက်ပြီး LV နဲ့ Chanel တို့၏ စီအီးအိုတို့ကို ကြည့်လိုက်ပါသည်။ သူက အင်္ဂလိပ်စကား ကျွမ်းကျင်ပြီး ပြင်သစ်စကားတချို့လည်း တတ်ပါသည်။ စီအီးအိုနှစ်ယောက်နဲ့ သူ ပုံမှန် ဆက်သွယ်စကား ပြောဆိုနိုင်သည်။ ထို့အပြင် စီအီးအိုတွေဘေးမှာလည်း စကားပြန်များ ရှိကြပါသည်။
"စီအီးအိုဘရူနို၊ စီအီးအိုဘားနဒ် တရုတ်နိုင်ငံက ကြိုဆိုပါတယ်ဗျာ။ ကျွန်တော် အလုပ်များနေလို့ လာမကြိုဖြစ်ခဲ့ဘူး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟယ်လို ဘော့စ်လင်း ခင်ဗျားရဲ့ အင်္ဂလိပ်စကားက ကောင်းသားပဲ" LV စီအီးအိုက အံ့သြသွားပါသည်။
"ဘော့စ်လင်း ခင်ဗျားက တကယ်ငယ်တာပဲ။ သူရဲကောင်းတွေဆိုတာ တကယ်ပဲ လူငယ်တွေထဲကပဲ မွေးဖွားကြတာကိုး" Chanel စီအီးအိုကလည်း ပြုံးနေပါသည်။
ဒါက စီးပွားရေး လုပ်ငန်းရှင်ကြီးများ တွေ့ဆုံနေကြပုံစံပဲ ဖြစ်သည်။ အစပိုင်းမှာတော့ အချင်းချင်း မြှောက်ပင့်ပြောဆိုကြမည်။
အတိုချုံးအားဖြင့် လုပ်ငန်းသဘော အပြန်အလှန် ချီးကျူးခြင်းဟု ခေါ်ပါသည်။
ဗီလာထဲဝင်လာသောအခါ လှပသည့် လက်ထောက်နှစ်ယောက်သာ လိုက်ပါလာသည်။ တခြား လုံခြုံရေး အစောင့်များက တံခါးနားမှာ သေသေသပ်သပ် စောင့်နေကြသည်။ သူတို့ ခြေလှမ်းတစ်ဝက်တောင် မလှမ်းကြပါ။
သူတို့ ဝင်လာသောအခါ စားပွဲကြီးပေါ်တွင် စားသောက်ပွဲကြီးတစ်ခု တည်ခင်းထားပြီးသား ဖြစ်သည်။
အားလုံးကို လင်းဖန် ချက်ပြုတ်ထားခြင်း ဖြစ်၏။
ဘော့စ်ကြီးနှစ်ယောက်က တရုတ်ပြည်ထိတောင် လာခဲ့ကြရသည်။ လင်းဖန်ကလည်း အလွန်ယဥ်ကျေးမှု ရှိပါသည်။ စားတော်ပွဲတစ်ခု ပြင်ဆင်ပေးရတာ ကြီးကြီးမားမား ကိစ္စ မဟုတ်ပါ။
"လာပါ ညစာ အရင်စားကြစို့" လင်းဖန်က ထိုင်လိုက်ကာ ပြုံးလိုက်ပါသည်။
LV စီအီးအိုနဲ့ Chanel စီအီးအိုတို့ စားသောက်ကြည့်လိုက်ကြသောအခါ ဘော့စ်ကြီးနှစ်ယောက်စလုံး မှင်သက်သွားကြသည်။
လင်းဖန်၏ စားတော်ပွဲက ဒီလောက်အရသာရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
အရသာ တစ်ခုတည်းနဲ့ ဘော့စ်ကြီးနှစ်ယောက်ကို အံ့အားသင့်စေခဲ့သည်။
လင်းဖန်က တရုတ်အစားအစာများသာာ မကဘဲ ပြင်သစ်စားဖွယ်ရာများ၊ ဥရောပဟင်းလျာတချို့ကိုပါ ချက်ပြုတ်ပေးထားသည်။ သို့သော်လည်း ဟင်းချက်ပစ္စည်း အကန့်အသတ်ကြောင့် ရိုးရှင်းသည့် ညစာစားပွဲတစ်ခုကိုပဲ ချက်ပြုတ်နိုင်ခဲ့ပါသည်။
သို့သော်လည်း ဒီလိုညစာမျိုးကြောင့်ပင် ဘော့စ်ကြီးနှစ်ယောက် မျက်ရည်များဝဲသွားစေသည်။
သူတို့ အသက်ရှင်ခဲ့တာ ကြာပြီဖြစ်ပြီး စားတော်ပွဲပေါင်းစုံကိုလည်း စားသောက်ဖူးပါသည်။
ဥရောပမှ အကြီးမားဆုံး တန်ဖိုးကြီး ဘရန်းနှစ်ခု၏ ဘော့စ်ကြီးများဖြစ်သောကြောင့် လက်ရာမြောက်သည့် ညစာစားပွဲများပေါင်းစုံနဲ့ ထိပ်တန်းစားဖိုးမှူးများ ချက်ပြုတ်ပေးထားသော ဟင်းလျာ ပေါင်းစုံကို စားသောက်ခဲ့ကြဖူးသည်။
သို့သော်လည်း လင်းဖန်၏ စားသောက်ဖွယ်ရာများကို စားလိုက်သောအခါ သူတို့တစ်ဘဝလုံး အလကားနေခဲ့ကြရသည်ဟု ခံစားလိုက်ရသည်။
သူတို့တစ်ဘဝလုံး ဒီလောက်အရသာရှိသည့် အစားအသောက်မျိုးကို မစားခဲ့ဖူးကြပေ။
လင်းဖန်က တရုတ်လူမျိုးသာ ဖြစ်သည်။ သို့သော်လည်း သူ ချက်ပြုတ်ထားသည့် ဥရောပစတိုင် ညစာက ဥရောပမှ ထိပ်တန်းစားဖိုမှူးများထက်ပင် ပိုကောင်းနေပါသေးသည်။