LV နဲ့ Chanel တို့ဘော့စ်ကြီးများ အထင်ကြီးသွားသော လင်းဖန်၏ စတိုင်
Vol. 12 Ch. 172
စီအီးအိုနှစ်ယောက်သား လင်းဖန်ကို လေးစားစွာ ကြည့်လိုက်ကြပါသည်။ သူတို့မျက်လုံးထဲက အံ့အားသင့်မှုများ ပိုမိုလေးနက်လာ၏။
လင်းဖန်၏ သရုပ်မှန်နဲ့ အဆင့်အတန်းများက သာမန် မဟုတ်ပါ။ ဒါနဲ့တင် စီအီးအိုနှစ်ယောက်အတွက် အလွန်အရေးပါနေပါပြီ။
ဘော့စ်ကြီးနှစ်ယောက်ကိုယ်တိုင် လင်းဖန်အိမ်ကို လာရောက်ခဲ့ခြင်းက သူတို့က သူ့ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ပြသနေပါသည်။
ဒါက မိမိအိမ်ကို ဂျက်ခ်မာနဲ့ မာဟွာထျန်းတို့ လာရောက်လည်ပတ်သလို ခံစားချက်မျိုး ဖြစ်သည်။ အထင်ကြီးစရာ ကောင်းလိုက်တာ။
ထို့အပြင် ဘော့စ်ကြီးနှစ်ယောက်က ဥရောပတွင် အလွန်အဆင့်မြင့်သော လူတန်းစားများ ဖြစ်ကြသည်။ သူတိ့ လင်းဖန်ကို တမင်သက်သက်ကြီး ဖားယားဖို့ မလိုအပ်ပါ။ ဘာပဲဖြစ်ဖြစ် အပြင်ပိုင်းမှာ သူတို့နှစ်ယောက်က တန်ဖိုးကြီး ကုမ္ပဏီနှစ်ခု၏ အများဆုံး ရှယ်ယာဝင်များ မဟုတ်ကြပါလား။
သူတို့ လင်းဖန်ကို စမ်းသပ်ဖို့နဲ့ သူတို့ကုမ္ပဏီအကြောင်းများ ပြောဖို့အတွက် လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့ လင်းဖန်ကို တန်ဖိုးထားသော်လည်း အရမ်းကြီးတော့ မအံ့သြခဲ့ပေ။
လင်းဖန်က ညစာတစ်ခုသာ ချက်ကျွေးရသေးသော်လည်း ဘော့စ်ကြီးနှစ်ယောက်ကတော့ လင်းဖန်ကို လေးစားနေကြပါပြီ။
သူတို့က ဘော့စ်ကြီးများ ဖြစ်ကြသည်။ သူတို့ တစ်သက်လုံး သုံးမကုန်နိုင်သည့် ငွေကြေးများကို ပိုင်ဆိုင်ထားကြသည်။ ကုမ္ပဏီက အလုပ်မများသောအခါ သူတို့လည်း အပြင်မှာ ဘဝကို ပျော်ပျော်ကြီး ထွက်ခံစားကြပါသည်။
ခရီးထွက်တာအပြင် ဘဝမှာ အရေးအကြီးဆုံးအရာက စားသောက်ဖို့ ဖြစ်သည်။
လူတိုင်း စားသောက်ရသည်။
ဘော့စ်ကြီးနှစ်ယောက်မှာ ကမ္ဘာတစ်ဝှမ်းလုံးက စားကောင်းသောက်ဖွယ်များကို မြည်းစမ်းဖူးပြီးကြပါပြီ။ သို့သော်လည်း လင်းဖန်အိမ်မှာ ဒီလောက်အရသာရှိသည့် ဟင်းလျာများကို စားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
သူတို့ ဘဝမှာ နေထိုင်လာတာ ကြာပါပြီ။ သို့သော် ဒီလိုအရာရှိလွန်းသည့် အစားအသောက်မျိုးကို စားဖူးတာတော့ ပထမဆုံးအကြိမ် ဖြစ်သည်။
အရသာရှိသည့် အစားအစာများ သူတို့ပါးစပ်ထဲ ဝင်လာသောအခါ လျှာရင်းမြတ်သလို ခံစားခဲ့ရသည်။ ဘော့စ်ကြီးနှစ်ယောက်က မနေနိုင်ဘဲ တစ်ပြိုင်နက်တည်း လက်မထောင်ပြလိုက်ကြပါသည်။
"အစားအစာတွေက ကောင်းလိုက်တာ"
"ကျုပ်ဘဝထဲ ဒီလောက် အရသာရှိတာမျိုး စားဖူးတာ ပထမဆုံးအကြိမ်ပါပဲ။"
"ဘော့စ်လင်း အရသာရှိတဲ့ အစားအသောက်ဆိုတာ ဘာလဲ ဒီနေ့ ကျုပ်သိခဲ့ရပြီ။။ ဒါကမှ တကယ့်ကို အရသာရှိတဲ့ အစားအစာပါပဲ။ ကျုပ်တို့ အရင်က စားခဲ့ဖူးတာတွေက ခင်ဗျားချက်ပြုတ်တာနဲ့ လုံးဝ လုံးဝ အဆင့်ချင်း ကွာခြားတယ်။"
"ဘော့စ်လင်း ကျုပ် တစ်သက်လုံး ဘော့စ်လင်း ချက်ပြုတ်တာကိုပဲ စားရရင် သိပ်ကောင်းမှာပဲ။ ဒီလိုစားတော်ပွဲမျိုး စားဖူးတာ ပထမဆုံးအကြိမ်ပဲ။"
"ဟုတ်ပါတယ် အနာဂတ်ကျရင် ဘယ်သူက ခင်ဗျားရဲ့ ကံကောင်းတဲ့ ဇနီးသည်လေး ဖြစ်လာမလဲ မသိဘူးနော်။ သူ အရမ်းပျော်ရမှာပဲ။"
ဘော့စ်ကြီးနှစ်ယောက်က ပြုံးလိုက်ကြသည်။ လင်းဖန် ချက်ပြုတ်သည့် ဟင်းလျာများက အရသာရှိလွန်းသဖြင့် သူတို့ လင်းဖန်၏ အချက်အပြုတ်စကေးကို အဓိက ချီးကျူးလိုက်ကြသည်။
လက်ရှိ လင်းဖန်မှာ နတ်ဘုရားအဆင့် အချက်အပြုတ်စွမ်းရည်များ ရှိပါသည်။ အတော်ဆုံးဆိုသော စားဖိုမှူးများကတောင် သူ ချက်ပြုတ်သည့် ဟင်းလျာများကို ယှဥ်နိုင်မှာ မဟုတ်ပါ။
ဒါက သာမန်ဘုံအဆင့်ကို ကျော်လွန်နေပါပြီ။ ဧကန္တ နိုင်ငံတော်ထဲက အကောင်းဆုံးဆိုသည့် စားဖိုမှူးများကသာ နှစ်ပေါင်းများစွာ ပညာစုစည်းပြီးမှ အရသာရှိသည့် ဟင်းလျာများကို ချက်ပြတ်နိုင်လောက်ပါသည်။
ဘော့စ်ကြီးနှစ်ယောက်က စားသောက်နေတုန်း အလုပ်အကြောင်း မပြောကြပါ။ သူတို့ တစ်ယောက်အကြောင်း တစ်ယောက် နားလည်ကြသည်။ သူတို့နှစ်ယောက်စလုံး လင်းဖန်၏ အနာဂတ်ဇနီးသည်ကို အားကျမိကြပါသည်။
လင်းဖန်လည်း ရှားဝမ်ချွေ့ကို တွေးလိုက်မိသည်။
လင်းဖန်၏ အပြုံးများ ပိုတောက်ပလာပြီး ပိုပျော်ရွှင်လာပါသည်။
ဒီလူတွေက ချက်ကောင်းထိအောင် ပြောတတ်သည်။ သူ့ကြောင်မလေးအကြောင်း စဥ်းစားမိသောအခါ လင်းဖန် ပြုံးလာမိပါသည်။
ရှားဝမ်ချွေ့က အလွန်လှပပြီး ချစ်ဖို့ ကောင်းပါသည်။ အားလုံး သူမကို သဘောကျကြသည်။
"အရင်ဆုံးစားလိုက်ကြပါဦး ကျွန်တော့်အိမ်မှာ ဝိုင်နီကောင်းကောင်းလည်း ရှိတယ်နော်။ Romanee Conti လေ။ အရသာ အရမ်းကောင်းတာ" လင်းဖန်က ဝိုင်နီပုလင်းတချို့ကို ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။
"ကောင်းတာပေါ့ ဘော့စ်လင်းရာ။ ဟားဟား ဒါဆို ဒီနေ့မူးအောင် သောက်ကြစို့။" ဘော့စ်ကြီးနှစ်ယောက် ဝိုင်နီကောင်းများကို မြင်သောအခါ ပြုံးလိုက်ကြပါသည်။
သူတို့ရင်ထဲတွင် လင်းဖန်ကို ပို၍ပင် ချီးကျူးမိလိုက်ကြပါသည်။
လင်းဖန်၏ ဧည့်ဝတ်ကျေပွန်မှု၊ သူ့ဆီက မြင်နိုင်သည့် သဘာဝဆန်မှုနဲ့ ကျိုးနွံမှုတို့က သူ့ကို သာမန်လူတစ်ယောက်လို့ မထင်ရစေပါ။
ဘော့စ်အစစ်အမှန်များကသာ ဒီလိုဘုံအဆင့်မျိုးကို ရောက်နိုင်ပြီး ကိုယ်ပိုင် စရိုက်ကို ထုတ်ပြနိုင်မည်ဖြစ်သည်။
သူက တစ်ကမ္ဘာလုံးကို သူတို့ချမ်းသာတာ သိစေချင်သော သာမန် သူဌေးသားတွေလို မဟုတ်ပေ။
လင်းဖန်၏ အဆင့်အတန်းက အလွန်မြင့်မားပါသည်။ သို့သော်လည်း အလွန်ဇာတ်နိမ့်နေတတ်သည်။
ညစာ၏ မွှေးရနံ့များက သင်းပျံ့လာသည်။
ဘေးက လှပသည့် လက်ထောက်နှစ်ယောက်တောင် တံတွေးမျိုချမိကြပါသည်။
သူတို့က အလွန်စိတ်ခိုင်ကြသူများ ဖြစ်သည်။ စားတော်ပွဲတစ်ခုကို မဆိုဦးနဲ့၊ သူတို့ရှေ့မှာ ယွမ် သန်းချီပြီး ချထားရင်တောင် စိတ်မလှုပ်ရှားတတ်ကြပါ။
ဘော့စ်ကြီးနှစ်ယောက်၏ လက်ထောက်များဖြစ်လာဖို့ သူတို့ အရာရာကို မြင်တွေ့ခဲ့ဖူးပါသည်။
သို့သော်လည်း ဒီနေ့တော့ ကောင်မလေးနှစ်ယောက်၏ ပုံစံပျက်ယွင်းသွားရသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်၏ စားသောက်ဖွယ်ရာများက တကယ်အရသာရှိလွန်းသောကြောင့်ပင်။
မွှေးရနံ့နဲ့တင် လက်ထောက်ကောင်မလေးနှစ်ယောက် ခံနိုင်ရည်မရှိတော့ပါ။
နေ့လည်ခင်း ကျောင်းဆင်းကာ ဗိုက်အလွန်ဆာနေသည့်အချိန် အရသာရှိသည့်ဟင်းလျာများကို တည်ခင်းထားသော စားသောက်ဆိုင်တချို့ရှေ့က ဖြတ်သွားရသလိုပင်။ ထိုရနံ့မျိုးက မော်တယ်လောကထဲမှာ အကောင်းမွန်ဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
လက်ထောက်ကောင်မလေးနှစ်ယောက်က တောင့်ခံထားဖို့ အကောင်းဆုံး ကြိုးစားနေရသည်။
ညစာမွှေးရနံ့များက တံခါးနားအထိပါ သင်းပျံ့လာသည်။
တံခါးနားမှာ စောင့်နေသည့် လုံခြုံရေးအစောင့်များစွာလည်း သွားရည်မကျအောင် မနည်းထိန်းထားကြ၏။
သူတို့ ရှိနေသည့်နေရာမှာပဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေကြဆဲ ဖြစ်သည်။
အားလုံး ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ဘဝတွင် ပထမဆုံး စမ်းသပ်ချက်ကို တွေ့ကြုံခံစားခဲ့ရပါပြီ။
ထိုစမ်းသပ်ချက်ကတော့ လင်းဖန်၏ စားတော်ပွဲမှ ပေးသည့် စမ်းသပ်ချက် ဖြစ်သည်။
ဒီလောက်အရသာရှိတာမျိုးကို အနံ့ရပြီးနောက် ဘယ်သူက တောင့်ခံနိုင်မည်နည်း။
လုံခြုံရေးအစောင့်အားလုံး တိတ်ဆိတ်နေကြသည်။
လူဝတစ်ယောက်၏ နှုတ်ခမ်းထောင့်မှ စီးကျသော သွားရည်များက သူ့ကို သစ္စာဖောက်သွားခဲ့ပါပြီ။
အနံ့ကလေးက... မွှေးနေတာပဲကွာ
သူသာ လင်းဖန်၏ လုံခြုံရေးအစောင့်ဖြစ်လိုက်ရလျှင် သိပ်ကောင်းမည်။
လုံခြုံရေးအစောင့်တိုင်းလည်း ထိုအတွေးဝင်ကြသည်။
ညစာစားပြီးနောက် ဘော့စ်ကြီးနှစ်ယောက်က ပါးစပ်များကို သုတ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ကြပါသည်။
သူတို့ ဝိုင်နီ နည်းနည်း သောက်ထားသော်လည်း မမူးကြသေးပါ။
လင်းဖန်က ခါးမတ်လိုက်သည်။
"စီအီးအိုဘရူနို၊ စီအီးအိုဘားနဒ် အားလုံးသိကြတဲ့အတိုင်း LV နဲ့ Chanel တို့က ကမ္ဘာပေါ်က ထိပ်တန်း အဖိုးတန်ဘရန်းတွေပဲ။ အဲ့လို ထုတ်ကုန်တွေကြောင့် ဘရန်းအာနိသင်တစ်ခု ဖြစ်ပေါ်လာတာ ကြာခဲ့ပါပြီ။"
"ကျွန်တော်က LV နဲ့ Chanel တို့ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာခဲ့တယ်ဆိုပေမယ့်လို့ အဲ့ဒီကုမ္ပဏီနှစ်ခုရဲ့ အတွင်းရေးကိစ္စတွေကို စိတ်မဝင်စားပါဘူး။ ဒီကုမ္ပဏီနှစ်ခုရဲ့ အနာဂတ် ဦးတည်ရာ လမ်းကြောင်းကလည်း သတ်မှတ်ထားပြီးသားပဲ။ ကျွန်တော် ဘာမှ ပြောင်းလဲဖို မလိုအပ်ဘူး။"
"ပြီးတော့ စီအီးအိုဘရူနိုနဲ့ စီးအိုးအိုဘားနဒ်တို့ရဲ့ ဦးဆောင်မှုအောက်မှာ ကုမ္ပဏီနှစ်ခုလုံး ဒီ့ထက် ပိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ယုံကြတယ်။ အဲ့တာကြောင့် ကျွန်တော်က ခင်ဗျားတို့ ကုမ္ပဏီတွေမှာ ဒုတိယအများဆုံး ရှယ်ယာဝင်ပဲ ဖြစ်လာခဲ့တာပါ" လင်းဖန်က စီအီးအိုနှစ်ယောက်ကို ကြည့်လိုက်ပါသည်။
စီအီးအိုနှစ်ယောက် အံ့အားသင့်သွားကြပြီး ခေါင်းကို တိုးတိတ်စွာ ငြိမ့်လိုက်ကြပါသည်။ လင်းဖန်က ကုမ္ပဏီနှစ်ခု၏ အကြီးမားဆုံး ရှယ်ယာဝင်ဖြစ်လာဖို့ အစွမ်းအစ ရှိသည်။
ဆိုလိုရင်းက သူတို့ အရင်တုန်းက ခန့်မှန်းခဲ့တာ မှန်ပါသည်။ လင်းဖန် ရှယ်ယာဝင်ထားသည့် ကုမ္ပဏီအရေအတွက်နဲ့ ပိုင်ဆိုင်မှုတို့က အပေါ်ယံ မြင်ရသလောက်ပဲ မဟုတ်လောက်ပါ။
"ကျွန်တော် ခင်ဗျားတို့ကို အခုပြောချင်တာက ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့။ ကုမ္ပဏီကိစ္စတွေကို ကျွန်တော်ဝင်မပါပါဘူး။ နှစ်တိုင်း ကုမ္ပဏီက ကျွန်တော်ကိုင်ဆောင်ထားတဲ့ ရှယ်ယာပမာဏအတိုင်း အစုပေါ်အမြတ်တွေကို ခွဲဝေပေးရုံပဲ။ ကျွန်တော့်မှာ နိုင်ငံတကာသုံး ဘဏ်ကတ်တစ်ခု ရှိတယ်။ ကုမ္ပဏီက ငွေတွေအားလုံးကို ကတ်ထဲ လွှဲပြောင်းပေးလို့ ရပါတယ်။"
"ဒုတိယတစ်ခုက ခင်ဗျားတို့ ကုမ္ပဏီအပြင်ဘက်က ဘယ်သူ့ကိုမှ ကျုပ်က ကုမ္ပဏီနှစ်ခုရဲ့ ရှယ်ယာဝင်ဆိုတာ မသိစေချင်ဘူး။ ကျွန်တော်က လူသိရှင်ကြားနေရတာမျိုးကို မကြိုက်ဘူး။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
စီအီးအိုနှစ်ယောက်သား လင်းဖန်ကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ကြပါသည်။
လင်းဖန် ထိုစကားများကို ပြောလိုက်သောအခါ စီအီးအိုနှစ်ယောက်စလုံး အံ့အားသင့်ခဲ့ရပါသည်။
ဒါက လင်းဖန်၏ စတိုင်ပင်။
သူက ကုမ္ပဏီကြီးနှစ်ခု၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်လာခဲ့ရင်တောင် ကုမ္ပဏီ၏ အတွင်းရေးများကို စိတ်မဝင်စားပေ။
လင်းဖန်၏ စကားလုံးများက အဓိကရှယ်ယာဝင်ကြီးနှစ်ယောက်ကို သူနဲ့ ကုမ္ပဏီထဲမှာ အာဏာချင်း ပြိုင်မတိုက်ဖို့ပြောရုံတင်မဟုတ်ဘဲ လင်းဖန်၏ နောက်ကွယ်မှာ ရှိနေသည့် ပိုင်ဆိုင်မှုများက သူတို့ တန်ဖိုးကြီး ဘရန်းနှစ်ခုထက် အများကြီး ပိုသာလွန်နိုင်ကြောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။