ရွေးချယ်စရာမရှိ မိန်းမကို အလိုလိုက်ရတယ်
Vol. 12 Ch. 173
လင်းဖန်က ဘော့စ်ကြီးနှစ်ယောက်ကိုကြည့်ပြီး ဆက်ပြောလိုက်ပါသည်။ "ဟုတ်ပါတယ်။ ကျွန်တော်က ကုမ္ပဏီရဲ ရှယ်ယာဝင်တစ်ယောက်ဖြစ်လာပြီဆိုတော့ တောင်းဆိုစရာ အများကြီးတော့ မရှိပါဘူး။ Chanel နဲ့ LV တို့ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရုတ်အမျိုးသမီးနာမည်ကျော်တစ်ယောက်ကို ရွေးချယ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။"
လင်းဖန်က ပြုံးလိုက်ပြီး သူ့ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ပြလိုက်ပါသည်။
လင်းဖန်က ကုမ္ပဏီ၏ စိတ်ရှုပ်ဖွယ် ကိစ္စများကို စီမံဖို့၊ စျေးကွက်ပြိုင်ဆိုင်မှုများထဲ ဝင်ပါဖို့၊ သို့မဟုတ် စီးပွားရေးတိုက်ပွဲများတွင် ပါဝင်ဖို့တောင် စိတ်မဝင်စားပါ။
ဒီလိုတွေ လုပ်ရတာ အလွန်ပင်ပန်းနိုင်ပါသည်။
Alibaba နဲ့ Tencent တို့၏ စီအီးအိုများက အလွန်ချမ်းသာကြသော်လည်း ပုံမှန်အားဖြင့် အလုပ်ကြောင့် အလွန်ပင်ပန်းကာ အားလပ်ချိန်တောင် များများစားစား မရှိကြပါ။ သူတို့က သူတို့သွားသည့်နေရာတိုင်း အာရုံစိုက်ခံရသည့်လူများ ဖြစ်ကြပါသည်။
လင်းဖန်က အိမ်မှာပဲ အေးအေးဆေးဆေး လှဲနေပြီး အိမ်ငှားခ ကောက်ခံချင်ပါသည်။ ကုမ္ပဏီ၏ အစုပေါ်အမြတ်များကိုလည်း ကောက်ခံရမည်။ ထို့နောက် သူ့ငွေကြေးများကို စီမံပြီး သူ့ဘဏ်အကောင့်ထဲက အရေအတွက်များ ပြောင်းလဲသွားတာကို ကြည့်နေပါမည်။
ရှားဝမ်ချွေ့နဲ့အတူတူ ရုပ်ရှင်ကြည့်ဖို့၊ တီဗီရှိုးများကြည့်ဖို့၊ ညစာအတူတူစားဖို့၊ သူမနဲ့ အတူတူ ရဟတ်စီးဖို့၊ နေထွက်ချိန် နေဝင်ချိန် အတူတူကြည့်ဖို့၊ ဗီလာထဲမှာ သူမနဲ့ တူတူအိပ်ပြီး ကလေးယူဖို့ အချိန်တွေ ပိုရနိုင်ပါသည်။
ဒီလိုဘဝမျိုးက ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေသည်။
သာမန်လူတွေကတော့ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်နိုင်သည်။ သူတို့ တစ်ခါတစ်လေ အချိန်ပို အလုပ်ဆင်းတတ်ကြသော်လည်း စီအီးအိုမာလို ဘော့စ်ကြီးတွေကတော့ အနားယူဖို့ အချိန်တောင် မရှိလောက်ပါ။
လင်းဖန်က ထိုကဲ့သို့သော ဘဝမျိုးကို စိတ်မဝင်စားပါ။
ရှားဝမ်ချွေ့နဲ့ အတူတူ နေရရင်ပဲ အဆင်ပြေပါပြီ။
လင်းဖန်က သူမနဲ့ အတူတူ သူမ၏ မိဘများကို သွားတွေ့မည်။ လက်ထပ်ပြီး ကလေးများ ယူချင်ပါသည်။
သူ နောက်ပိုင်း ပျင်းရိလာသည့်အခါ သူ့မိန်းမ၏ ခြေတံသွယ်သွယ်လေးတွေကို ဖက်ကာ အိမ်မှာ အိပ်စက်အနားယူနိုင်ပါသည်။ သို့မဟုတ် သူမကို ဖက်ကာ တီဗီကြည့်နိုင်သည်။ ကြောင်လေးတွေလည်း နည်းနည်း မွေးနိုင်သည်။
လင်းဖန် သူ့အနာဂတ်ကို စိတ်ကူးယဥ်နိုင်နေပါပြီ။
တကယ်တော့ အခုပင် လုပ်လို့ရပါပြီ။
သူသာ ရှားဝမ်ချွေ့ကို ပိုးပန်းနိုင်ပါက သူနဲ့ ရှားဝမ်ချွေ့တို့ ရမည့် ပိုက်ဆံက သူတို့တစ်ဘဝလုံးအတွက် လုံလောက်ပါသည်။
သို့သော်လည်း ရှားဝမ်ချွေ့မှာလည်း ကိုယ်ပိုင်အိပ်မက်များ ရှိပါသည်။ သူမ၏ အိပ်မက်က သရုပ်ဆောင်ဖို့ ဖြစ်သည်။ ထို့ကြောင့် လင်းဖန်က သူ့ကိုယ်ပိုင် ဆန္ဒများကြောင့်နဲ့ ရှားဝမ်ချွေ့ အိပ်မက်တွေ နောက်လိုက်တာကို မတားမြစ်လိုပါ။
သူမက သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်သဖြင့် အနုပညာလောကထဲတွင် သူမနဲ့ အတူတူ ရှိနေပေးမည်ဖြစ်သည်။
သူ အနုပညာလောကမှာ မလုပ်ချင်တော့သည့် နေ့တိုင်အောင်ပင်။
လင်းဖန် သူ့ရည်ရွယ်ချက်အစစ်ကို ထုတ်ပြောလိုက်သောအခါ LV နဲ့ Chanel တို့၏ စီအီးအိုတို့ မျက်လုံးများ ဝိုင်းစက်သွားကြပါသည်။
လင်းဖန် ဒီလိုပြောစရာတောင် မလိုပါ။ သူတို့လည်း တရုတ်မှာ သူတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် စူပါစတားတစ်ယောက်ကို စာချုပ်ချုပ်ချင်နေကြခြင်းဖြစ်သည်။
သူတို့က သူ့လိုသင့်တော်သည့် လူမျိုး မတွေ့ရသေးသောကြောင့်သာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် LV နဲ့ Chanel တို့နှစ်ခုစလုံးက နိုင်ငံတကာတွင် လူသိများသော နာမည်ကျော်ဘရန်းများ ဖြစ်ကြပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ၏ ထိပ်သီးရွေးချယ်စရာများ ဖြစ်ကြသည်။
"ဘော့စ်လင်း ခင်ဗျားရဲ့ အကြံပေးချက်ကို လက်ခံပါတယ်။ ရိုးရိုးသားသားပြောရရင် ကျုပ်တို့လည်း တရုတ်လူမျိုး ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကို ရွေးချယ်ချင်တာ အမှန်ပဲ။ ဒါပေမယ့် ကျုပ်တို့က အလုပ်အရမ်းများလွန်းတော့ ဒီမှာ စျေးကွက်ခင်းဖို့ အချိန်မရှိခဲ့ဘူး ဖြစ်နေတယ်။"
"ဒါပေမယ့် တရုတ်နိုင်ငံမှာ ပြောရေးဆိုခွင့်ရှိသူ ငှားရမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ပထမဆုံး ဒီဆယ်လီက နာမည်ကြီးပြီး ရေပန်းစားရမယ်။ ပြီးတော့ LV နဲ့ Chanel တို့ရဲ့ လိုအပ်ချက်တွေနဲ့လည်း ပြည့်မှီရမယ်။ ဒုတိယအနေနဲ့ ဒီအမျိုးသမီးနာမည်ကျော်က အရမ်းလှပြီး အရှိန်အဝါကောင်းကောင်း ရှိရမယ်။ ဒါမှ ဒီက စျေးကွက်ထဲမှာ ရီဗျူးကောင်းတွေ အများကြီး ရနိုင်လိမ့်မယ်" Chanel စီအီးအိုက ပြောလိုက်ပါသည်။
Chanel စီအီးအိုပြောတာ အဓိပ္ပာယ်ရှိပါသည်။
တရုတ်နိုင်ငံမှာ အစ်မဖန်းကို ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ခိုင်းဖို့ ရှာနေတာတော့ မဟုတ်လောက်ပါဘူးနော်။။
ပေါင်စစ်၊ ထျီအောက်ချန်း သို့မဟုတ် ရှစ်ရှီတို့ကဲ့သို့ ကောင်းကင်ဘုံမိန်းမလှလေးများ မရှိရင်တောင် ထိုနာမည်ကျော်ပုဂ္ဂိုလ်က အနည်းဆုံးတော့ ကြည့်ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက် လှပရပါမည်။ ဒါတွေက အခြေခံစံနှုန်းများ ဖြစ်သည်။
မဟုတ်ပါက LV နဲ့ Chanel တို့၏ ဘရန်းများကို ထိခိုက်စေကာ ဒီလောကထဲ ဟားတိုက်စရာ ဖြစ်လာနိုင်ပါသည်။
LV စီအီးအိုက အလွန်ထက်မြက်သည်။ သူက Chanel စီအီးအိုလိုမျိုး စကားများများ မပြောပါ။
လင်းဖန်ကုမ္ပဏီနှစ်ခု၏ အဓိကရှယ်ယာဝင် ဖြစ်လာပြီးနောက် ဘာမှ မပြောဘဲ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း ဘာမှ စိတ်မဝင်စားကြောင်း LV စီအီးအို သိသည်။
သို့သော်လည်း လင်းဖန်က တစ်ခုသာ တောင်းဆို၏။ LV နဲ့ Chanel တို့ကို တရုတ်နိုင်ငံမှာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ကူရှာပေးဖို့ ဖြစ်သည်။
ဆိုလိုရင်းက လင်းဖန် ဒီကိစ္စကို အတော်လေး တန်ဖိုးထားသည့်သဘော ဖြစ်ပါသည်။
တကယ်တော့ လင်းဖန်ရင်ထဲမှာ ရွေးချယ်ထားပြီးသား လူတောင် ရှိလောက်သည်။
သို့သော်လည်း Chanel ၏ စီအီးအိုက ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်တွင် ရှိရမည့် စံနှုန်းများကို ပြောပြခဲ့ပါသည်။
သူမက လှပရမည်။ အရှိန်အဝါကောင်းရမည်၊ နာမည်ကြီးရမည်။
LV စီအီးအိုက သိပြီးသား ဖြစ်ပါသည်။ လင်းဖန် ထုတ်မပြောသေးခြင်းမှာ သူတို့၏ အမြင်များကို လိုအပ်သောာကြောင့် ဖြစ်သည်။ ထို့အစား ဒါက သူတို့ကို တိုက်ရိုက် တင်ပြလိုက်ခြင်းနဲ့ ညီမျှပါသည်။
သို့သော်လည်း သူ့လေသံက ပိုယဥ်ကျေးပါသည်။ Chanel စီအီးအို၏ စကားလုံးများက လင်းဖန်၏ ရင်ထဲ မဝင်ရောက်နိုင်ခဲ့ပါ။
LV စီအီးကို ဒီကိုလာခဲ့စဥ်က လင်းဖန်အကြောင်း အချက်အလက်များ ရှာဖွေပြီးသား ဖြစ်သည်။
လင်းဖန်က နိုင်ငံတော်ထဲက ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်သည်။ သူက ထူးချွန်သည့် သရုပ်ဆောင်တစ်ယောက်နဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်သည်။ အားကောင်းသည့် ဇာတ်ညွှန်းရေး စွမ်းရည်များလည်း ရှိပါသည်။
လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ့နားမှာ လှပသည့် အမျိုးသမီး အနုပညာရှင်တချို့ရှိလောက်သည်။
ဆိုလိုရင်းက သူတို့ကုမ္ပဏီနှစ်ခုအတွက် ဘယ်သူက ပြောရေးဆိုခွင့်ရှိသူဖြစ်ဖို့ သင့်တော်လဲဆိုတာကို လင်းဖန် တွေးပြီးလောက်တာ ကြာပါပြီ။
LV နဲ့ Chanel တို့၏ စီအီးအိုများက အလွန် အဆင့်မြင့်မားသော ဘော့စ်များ ဖြစ်ကြသည်။ ၎င်းတို့၏ အိုင်ကျူနဲ့ အီးကျူတို့က အလွန်မြင့်မားပါသည်။ သို့သော် သူတို့နှစ်ယောက် ရှုထောင့်ချင်း မတူညီကြပါ။ အမှန်ပင်။ သူတို့ လင်းဖန်၏ စကားအတိုင်း လိုက်လုပ်မည်ဖြစ်ပါသည်။
ချက်ချင်းဆိုသလိုပဲ LV စီအီးအိုက ပြုံးကာ ပြောလိုက်ပါသည်။ "ဘော့စ်လင်း တရုတ်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် စွမ်းဆောင်နိုင်မယ့် ကြယ်ပွင့်တစ်ယောက်ကို ရှာရမယ်။ ဒါပေမယ့် ဒီကစျေးကွက်အကြောင်းကို ကျွန်တော်တို့ သိပ်နားမလည်ဘူး။ ခင်ဗျားက ဒီမှာ နေတာဆိုတော့ ခင်ဗျားပဲ တစ်ယောက်ယောက်ကို ညွှန်းပေးကြည့်ပါလား။ ခင်ဗျား ဘယ်သူ့ကိုပဲ ထောက်ခံပေးပေး ကျုပ်တို့ ခင်ဗျားပြောတဲ့အတိုင်းပဲ ဆောင်ရွက်ပေးပါ့မယ်။"
LV စီအီးအိုကို ကြည့်လိုက်ပါ။ သူ့စကားလုံးများက အလွန်နားဝင်ချိုသည်။
LV စီအီးအိုက အလွန်ထက်မြက်၏။ လင်းဖန်က ငတုံး မဟုတ်တာ သူသိပါသည်။
လင်းဖန်က အစ်မဖန်းကို ထိပ်တန်း တန်ဖိုးကြီး ကုမ္ပဏီတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူ လုပ်ခိုင်းပါ့မလား။
လင်းဖန်က သေချာပေါက် မိန်းမလှလေးတစ်ယောက်ကို ရှာပေးလိမ့်မည်။ သို့သော်လည်း သူ ဘယ်လို စူပါစတားမျိုးကိုပဲ ရှာရှာ အာနိသင်ကတော့ အတူတူပဲ ဖြစ်ပါလိမ့်မည်။
ကြယ်ပွင့်တစ်ယောက်ကို မိတ်ကပ်လိမ်းပေးကာ သေသေသပ်သပ် မီးထိုးလျှက် Filter တစ်ခုကို ဖွင့်လိုက်ပြီး သူမ၏ ဓာတ်ပုံများကို ပြင်ဆင်လိုက်ပါက ဘယ်လောက်ပဲ အရုပ်ဆိုးနေပါစေ အလွန်လှပလာနိုင်ပါသည်။
ဒီလို ပြောရေးဆိုခွင့်ရှိသူ (ကြော်ငြာပုဂ္ဂိုလ်) ဘယ်သူဖြစ်ရမလဲဆိုတာက အရေးကြီးပါဦးမလား။
လင်းဖန်ကို ဖားယားဖို့က အခွင့်ကောင်းတစ်ခု ဖြစ်သည်။
လင်းဖန်က ဒီတောင်းဆိုချက် တစ်ခုတည်းသာ တောင်းဆိုသဖြင့် LV စီအီးအိုကလည်း အကောင်းဆုံး ကြိုးစားကာ ဖြည့်ဆည်းပေးပါမည်။
LV စီအီးအို ပြောလို့ပြီးသောအခါ Chanel စီအီးအိုကလည်း တုံ့ပြန်လာကာ အပြုံးဖြင့် အမြန်ပြန်ပြောလိုက်ပါသည်။ "စီအီးအိုလင်း ဒါက ဒီလိုရှိပါတယ်။ ခင်ဗျား သင့်တော်သူ တစ်ယောက်ယောက်ရဲ့ နာမည်ကို ပြောပြပေးလိုက်တာနဲ့ ဒီကိစ္စ ပွဲပြတ်ပါပြီ။ ကျုပ်တို့ ကုမ္ပဏီနှစ်ခုက မြင့်မားတဲ့ ကုမ္ပဏီထောက်ခံချက်ကြေးကိုလည်း ပေးသွားမှာပါ။"
Chanel စီအီးအိုကလည်း ထက်မြက်သည့် လူ ဖြစ်ပါသည်။ သူ အပြောမှားသွားတာကို သိကာ ချက်ချင်းပြန် ပြန်ပြင်ပြောလိုက်သည်။
လင်းဖန် ဒါကိုကြားသောအခါ တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပါသည်။
ထက်မြက်တဲ့လူတွေနဲ့ စကားပြောရတာ ရိုးရှင်းပြိး သက်တောင့်သက်သာ ရှိလှပါသည်။ စကားကို ကွေ့ဝိုက်ပြောနေစရာ မလိုပေ။
လင်းဖန်က ပြောလိုက်သည်။ "ခင်ဗျားတို့ ဒီလိုပြောနေမှတော့ ကျွန်တော် သင့်တော်သူ တစ်ယောက် ညွှန်းပေးပါရစေ။ အဲ့ဒီကောင်မလေးက နိုင်ငံတော်ထဲမှာ ပရိတ်သတ် သန်းရာချီရှိပြီး အရမ်းနာမည်ကြီးတယ်။ အရမ်းလည်း လှတယ်။ သူက ခင်ဗျားတို့ကုမ္ပဏီနှစ်ခုရဲ့ ကြော်ငြာပုဂ္ဂိုလ်အဖြစ် စံနှုန်းတွေနဲ့ ပြည့်မှီမယ်လို့ ကျွန်တော်ယုံကြည်တယ်။"
"သူ့ဓာတ်ပုံတချို့ ဒီမှာ ရှိတယ်လေ။ ခင်ဗျားတို့ ကြည့်ကြည့်လို့ရပါတယ်။ သူက သင့်တော်မယ်ထင်တယ်ဆိုရင် သူ့ကိုပဲ ရွေးကြတာပေါ့။ ဒါပေမယ့် သူ့ကိုလည်း ကျွန်တော်က ကုမ္ပဏီရဲ့ အဓိကရှယ်ယာဝင်ကြီးဖြစ်ကြောင်း မပြောပါနဲ့ဦး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
သူက LV နဲ့ Chanel တို့၏ အဓိကရှယ်ယာဝင်ဖြစ်လာပြီဖြစ်သဖြင့် အသင့်တော်ဆုံး ပြောရေးဆိုခွင့်ရှိသူကို ရှာတွေ့ခဲ့ပါသည်။ သူ့မှာ ရွေးချယ်စရာ မရှိဘဲ သူ့မိန်းမကို ချစ်ပြရမည်ဖြစ်သည်။
ထို့နောက် လင်းဖန်က ဓာတ်ပုံနှစ်ပုံကိုထုတ်ကာ Chanel နဲ့ LV တို့၏ စီအီးအိုများကို ကမ်းပေးလိုက်ပါသည်။
ထိုဓာတ်ပုံနှစ်ပုံစလုံးက လူတစ်ယောက်တည်းပဲ ဖြစ်သည်။
စီအီးအိုနှစ်ယောက်သား ကောင်မလေး၏ ဓာတ်ပုံကို မြင်လိုက်ရသောအခါ မှင်သက်သွားခဲ့ကြပါသည်။
ဓာတ်ပုံထဲက ကောင်မလေးက လှပလွန်းသည်။ ကောင်မလေးက အရမ်း လှပလွန်းသည်။ ပြိုင်ဘက်ကင်းသော အရှိန်အဝါမျိုး ရှိ၏။ အနည်းငယ်လည်း ချစ်ဖို့ကောင်းသည်။
သူမကိုသာ သူတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသုံးချလိုက်ပါက ပြီးပြည့်စုံပါလိမ့်မည်။
သူမကတော့ ရှားဝမ်ချွေ့ပဲဖြစ်သည်။