← Chapters

ငါ့မိန်းမက အရမ်းလှတာပဲ သူ့ကို အရယူရမယ်

Vol. 12 Ch. 174

ငါ့မိန်းမက အရမ်းလှတာပဲ သူ့ကို အရယူရမယ်

Vol. 12 Ch. 174

Chanel နဲ့ LV စီအီးအိုတို့ ရှားဝမ်ချွေ့၏ ဓာတ်ပုံကိုမြင်သွားသောအခါ သူတို့ တုန်လှုပ်သွားခဲ့ရပါသည်။

အဓိကအချက်က ရှားဝမ်ချွေ့ အလွန်လှပနေခြင်းပင်။

သူမက LV နဲ့ Chanel တို့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ဖို့ လုံးဝ အရည်အချင်းပြည့်မှီပါသည်။

"ဘော့စ်လင်း ဒါခင်ဗျားရဲ့ ကောင်မလေးပဲ ဖြစ်မယ်။ ခင်ဗျားရဲ့ ကောင်မလေးက တကယ့်ကို လှပပါတယ်ဗျာ။ ကျုပ်တို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာစေရပါမယ်" LV စီအီးအိုက ပြောလိုက်ပါသည်။

"ဟုတ်ပါတယ် ဘော့စ်လင်း ခင်ဗျားရဲ့ ကောင်မလေးက အတော့်ကို လှပပါပေတယ်။ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက် အရှိန်အဝါနဲ့ ရုပ်ရည်တို့က အားလုံး ကောင်းမွန်လွန်းတယ်။ သူ့ကို ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ကျုပ်လည်း သဘောတူပါတယ်" Chanel စီအီးအိုကလည်း ပြုံးကာ ပြောလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ်" လင်းဖန်ကပြုံးကာ ပြောလိုက်၏။ LV နဲ့ Canel စီအီးအိုတို့၏ စကားလုံးများကို ပြန်မချေပတော့ပါ။

သူ့မိန်းမက လှတယ်လို့ ပြောဖို့တောင် လိုသေးလို့လား။

အနုပညာလောကကို ကြည့်လိုက်လျှင် လင်းကျင်းကျင်း၊ ချုးယောင်ယောင်နဲ့ လင်းခယ့်ရှင်းတို့လို လှပသည့် အမျိုးသမီးများစွာ ရှိပါသည်။

လင်းဖန်က သူ့ဘေးပတ်လည်မှာလည်း မိန်းမလှလေး များစွာကို မြင်ဖူးပါသည်။ ဥပမာအားဖြင့် ရှုရှစ်ယင်၊ ကျောင်းလီလီနဲ့ နောက်ထပ် အထက်တန်း အတန်းဖော်တစ်ယောက် ဖြစ်လေသည်။ သူ့ညီမ လင်းယွီရှစ်ကတောင် အလွန်လှပပါသည်။

ဒီလူတွေအားလုံးက အမှတ် ၉၀ ကျော် ရုပ်ရည်ရှိသည့် မိန်းကလေးများ ဖြစ်ကြသည်။ သိုသော်လည်း လင်းဖန်၏ မျက်လုံးထဲမှာတော့ ရှားဝမ်ချွေ့နဲ့ ယှဥ်လို့ မရပါ။

စုရှောင်းယွီကလည်း အလွန်လှပပါသည်။ သူမ၏ ချစ်ဖို့ကောင်းမှုကလည်း ရှားဝမ်ချွေ့အောက် မနိမ့်ကျပါ။ သို့သော် သူမ ရင်ဘတ်က သေးငယ်သည်။ ထို့ကြောင့် အနှစ်ချုပ်အမှတ်က သူ့မိန်းမလောက် မမြင့်နိုင်ပါ။

လင်းဖန်က LV နဲ့ Chanel တို့၏ အနာဂတ်လုပ်ငန်းများကို စိတ်မဝင်စားပါ။

ကုမ္ပဏီနှစ်ခုက သူ့ကို ပိုက်ဆံပေးနေဖို့ပဲ လိုအပ်ပါသည်။ အိမ်မှာ အေးအေးဆေးဆေး လှဲလျောင်းရင်း ငွေဝင်နေတာက အလွန်သက်တောင့်သက်သာရှိလှပါသည်။

မကြာသေးခင်က နိုင်ငံတော်ထဲက ကုမ္ပဏီထောက်ခံချက်များစွာက ရှားဝမ်ချွေ့ထံသို့ စာချုပ်ဖျက်သိမ်းခြင်း အသိပေးစာများ ပေးပို့ခဲ့ကြသည်။ ရှားဝမ်ချွေ့က ဒဏ်ကြေးများစွာပင် ပေးဆောင်ရနိုင်သည်။

ဒီလူတွေက လူတစ်ယောက် နိမ့်ကျသွားသည့်အခါ ကန်ထုတ်ဖို့ နည်းလမ်းရှာတတ်သူများ ဖြစ်ကြ၏။ ထို့ကြောင့်လည်း ရှားဝမ်ချွေ့ကို ဒီလိုလူတွေနဲ့ ဒုတိယအကြိမ် တွဲလုပ်ခွင့် လင်းဖန် မပေးတော့ခြင်း ဖြစ်ပါသည်။

သူ ကုမ္ပဏီထောက်ခံချက် ၂၀ လောက်နဲ့ သန်းဆယ်ဂဏန်းလောက် ဆုံးရှုံးသွားရင်တောင် လင်းဖန် ဂရုမစိုက်ပါ။

ယွမ် သန်းဆယ်ဂဏန်းက တကယ်ပဲ အများကြီး ဖြစ်ပါသည်။ သို့သော်လည်း လင်းဖန်က ရှားဝမ်ချွေ့အား ဘယ်သူမှ အနိုင်ကျင့်ခွင့် မပေးလိုပါ။

အရင်တုန်းကတော့ ဒီလိုလုပ်ဖို့ သူ့မှာ အစွမ်းအစ မရှိခဲ့ပေ။

အခုတော့ သူ့မှာ ဒီလိုလုပ်နိုင်သည့် အစွမ်းအစရှိလာပြီဖြစ်ကာ ရှားဝမ်ချွေ့အတွက် ယွမ်သန်းဆယ်ဂဏန်းလောက် ဆုံးရှုံးလည်း ကိစ္စမရှိပါ။

တိုက်ဆိုင်စွာဖြင့် လင်းဖန်က ရှားဝမ်ချွေ့ကို ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဂိမ်းအတွက် ကြော်ငြာပုဂ္ဂိုလ်ဖြစ်လာအောင် ကူညီပေးနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ LV နဲ့ Chanel တို့ကို လင်းဖန် ဆက်သွယ်ခဲ့ပါသည်။

ထိုကုမ္ပဏီနှစ်ခု၏ စီအီးအိုများ ရောက်လာခဲ့သဖြင့် လင်းဖန်က သူ့တောင်းဆိုချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

LV နဲ့ Chanel တို့အတွက် ကြော်ငြာပုဂ္ဂိုလ် လုပ်ပေးရတာ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အခြေအနေ ဖြစ်ပါသည်။

တစ်ဖက်တွင် ထိုကုမ္ပဏီနှစ်ခုက တရုတ်နိုင်ငံတွင် စျေးကွက်တည်ဆောက်ဖို့ လိုအပ်သည်။ နောက်တစ်ဖက်မှာတော့ ရှားဝမ်ချွေ့သာ ဒီထုန်ကုန်နှစ်ခုအတွက် ကုမ္ပဏီထောက်ခံချက် ပြုလုပ်ပေးနိုင်ပါက သူမ ပိုက်ဆံရမည်သာမကဘဲ လူအားလုံးကိုလည်း အံ့အားသင့်သွားစေပါလိမ့်မည်။

ဒီလို ဘရန်းအမြင့်စားကြီးများ၏ ထုတ်ကုန်အတွက် လူတိုင်း ကုမ္ပဏီထောက်ခံချက် လုပ်ပေးနိုင်တာ မဟုတ်ပါ။

ကုမ္ပဏီထောက်ခံချက် ကိစ္စကို အတည်ပြုပြီးနောက် Chanel စီအီးအိုက လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ဘော့စ်လင်း သူက ခင်ဗျားရဲ့ ကောင်မလေးဆိုတော့ စျေးမနှိမ်ပါဘူး။ ကုမ္ပဏီက ဒီလောကထဲမှာ အမြင့်ဆုံး ကုမ္ပဏီထောက်ခံချက်ကြေး ပေးပါ့မယ်။ ကျုပ်တို့ မစ္စရှားဝမ်ချွေ့ကို ကျုပ်တို့ရဲ့ Chanel ထုတ်ကုန်တွေကို

ကုမ္ပဏီထောက်ခံချက် လုပ်ပေးဖို့အတွက် တစ်နှစ် ယွမ်သန်း ၆၀ နဲ့ ကမ်းလှမ်းပါတယ်။"

LV စီအီးအိုကလည်း လင်းဖန်ကိုကြည့်ကာ ပြောလိုက်ပါသည်။ "ဘော့စ်လင်း LV ကလည်း ဒီလောကထဲမှာ အမြင့်ဆုံး ကုမ္ပဏီထောက်ခံချက်ကြေးဖြစ်တဲ့ တစ်နှစ် ယွမ်သန်း ၆၀ နဲ့ ကျုပ်တို့ LV ထုတ်ကုန်တွေအတွက် မစ္စရှားဝမ်ချွေ့ကို အနာဂတ် ကြော်ငြာပုဂ္ဂိုလ်လုပ်ပေးဖို့ ဖိတ်ကြားချင်ပါတယ်ဗျာ။"

"စီအီးအို ဘားနဒ်၊ စီအီးအို ဘရူနို အလုပ် အတူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်ခင်ဗျာ" လင်းဖန်က ဘော့စ်ကြီးနှစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"စီအီးအိုလင်း လုပ်ငန်း အတူတူတွဲလုပ်ရတာ ဝမ်းသာပါတယ်။ ပြီးတော့ ခင်ဗျားက ကျုပ်တို့ ကုမ္ပဏီနှစ်ခုရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဖြစ်တယ်နော်။ တရုတ်စျေးကွက်အတွက် ကြော်ငြာပုဂ္ဂိုလ်ကို ရွေးချယ်ခွင့် ခင်ဗျားမှာ ရှိပါတယ်။ ကျုပ်တို့အားလုံး ခင်ဗျားရဲ့ အကဲဖြတ်မှုကို ယုံကြည်ပါတယ်" LV စီအီးအိုက ပြုံးကာ ပြောလိုက်ပါသည်။

"ဘော့စ်လင်း အနာဂတ်မှာ ကုမ္ပဏီလုပ်ငန်းတွေအတွက် အကြံပေးချင်တာ ရှိလာခဲ့ရင် ဒါမှမဟုတ် လိုအပ်တာ တစ်ခုခု ရှိလာခဲ့ရင် ကျုပ်တို့ကို ဆက်သွယ်နိုင်တယ်နော်။ Chanel က ခင်ဗျားကို စိတ်ကျေနပ်စေဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ" Chanel စီအီးအိုက ပြုံးကာ ပြောလိုက်ပါသည်။

"LV လည်း ထိုနည်းလည်းကောင်းပါပဲ" LV စီအီးအိုလည်း လင်းဖန်ကိုကြည့်လိုက်ပါသည်။

"ဟားဟား ကောင်းတာပေါ့ဗျာ။ နောက်တစ်ခေါက် ကျွန်တော် အကူအညီတောင်းရင် မငြင်းရဘူးနော်" လင်းဖန်က ပြုံးလိုက်သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် သူ ရိုက်ကူးသည့် ရုပ်သံဒရာမာများက ရင်းနှီးမြှုပ်နှံသူ သိပ်မရှိတော့ပါ။ အနာဂတ်တွင် ဒီလိုအခြေအနေမျိုး ထပ်ပြီး ကြုံလာရနိုင်သည်။

ရှားဝမ်ချွေ့ သို့မဟုတ် စုရှောင်းယွီနဲ့ အတူတူ အိပ်ချင်သည့် ရင်းနှီးမြှုပ်နှံသူများ ရှိလာပါက လင်းဖန် ကိုယ့်ဖာသာကိုယ် ဒရာမာတွေထဲ ရင်းနှီးမြှုပ်နှံနိုင်သည်။

အခု လင်းဖန်၏ နောက်ကွယ်မှာ ဘဏ္ဍာရေး အားကောင်းသည့် ကုမ္ပဏီကြီးနှစ်ခုပါ ရှိလာပါပြီ။ ဒီကုမ္ပဏီကြီးနှစ်ခုက လင်းဖန်၏ ကုမ္ပဏီများလိုပင်။ လင်းဖန်၏ အမည်အောက်မှာ ရှိနေတာ မဟုတ်သော်လည်း ကုမ္ပဏီနှစ်ခုထဲတွင် သူက အရေးပါသည့် နေရာတစ်ခုမှာ ရှိနေပါသည်။

သူ ဆုံးဖြတ်ချက် တစ်ခုခု ချချင်ပါက အတော်လေး အဓိပ္ပာယ်မဲ့သည့် ဆုံးဖြတ်ချက် မဟုတ်သရွေ့ ဘော့စ်ကြီးနှစ်ယောက်က လက်ခံပါလိမ့်မည်။

LV နဲ့ Chanel တို့၏ တံခါးပေါက်များက လင်းဖန်အတွက် ထာဝရဖွင့်ထားပေးမည်ဖြစ်သည်။

"ကောင်းပါပြီ ဘော့စ်လင်း ကျုပ်တို့ နောက်တစ်ခေါက် ခင်ဗျားရဲ့ စားကောင်းသောက်ဖွယ်တွေကို လာစားဦးမှာပါဗျ။ ကျုပ်တို့ကို ငြင်းလို့မရဘူးနော်" LV နဲ့ Chanel စီအီးအိုတို့ ပြုံးလိုက်ကြပါသည်။

သူတို့ စားကောင်းသောက်ဖွယ်ရာများအကြောင်း စဥ်းစားလိုက်တိုင်း လျှာပေါ် အရသာစွဲနေဆဲဖြစ်ကာ မေ့ဖျောက်လို့ မရနိုင်ပါ။

"ရပါတယ်ဗျာ" လင်းဖန်က ပြုံးပြလိုက်ပါသည်။ ဒီဘော့စ်ကြီးနှစ်ယောက်နဲ့ ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ထားလို့ မဆိုးရွားနိုင်ပါ။ သူ အများကြီးလည်း မပေးဆပ်ရပေ။

"ကျုပ်တို့ကုမ္ပဏီရဲ့ တာဝန်ရှိသူကို မစ္စရှားဝမ်ချွေ့နဲ့ စာချုပ်ချုပ်ဖို့ လွှတ်လိုက်ပါ့မယ်။ ကျုပ်တို့နှစ်ယောက် ပေါ်လာဖို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ မဟုတ်ရင် စီးပွားရေး လောကထဲ ပွက်လောရိုက်သွားနိုင်တယ်" LV စီအီးအိုက ပြောလိုက်ပါသည်။

"ကောင်းပါပြီ" လင်းဖန်ကခေါင်းငြိမ့်လိုက်ပါသည်။

အားလုံး ရှင်းလင်းပြီးသောအခါ စီအီးအိုနှစ်ယောက် အလွန်တည်ငြိမ်စွာဖြင့် ပြန်သွားကြပါသည်။

ရှန်ဟိုင်းကုမ္ပဏီခွဲက တာဝန်ရှိသူက ရှားဝမ်ချွေ့နဲ့ စာချုပ်ချုပ်ဆိုနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဘောာ့စ်ကြီးနှစ်ယောက်က အလွယ်တကူ လူသူရှေ့ပေါ်လာလိ့မရပါ။ လင်းဖန်က ရှားဝမ်ချွေ့ကို သူက ကုမ္ပဏီကြီးနှစ်ခု၏ အဓိကရှယ်ယာဝင်ကြီးတစ်ယောက်ဖြစ်ကြောင်း မသိစေချင်ပေ။

ရှားဝမ်ချွေ့ကို ရှင်းပြဖို့ မလွယ်တာကြောင့် အဓိကဖြစ်ပါသည်။

သူ့မှာ Sign in ဝင်ရုံနဲ့ ကုမ္ပဏီကြီးများ၏ ရှယ်ယာများ၊ မိန်းမလှများနဲ့ လိုလီလေးများကို ပေးအပ်သည့် စနစ်ရှိသည်ဟု ပြောလို့ မရပါ။

ဒီလိုသာဆို သူ့မိန်းမ ကိုက်သတ်တာကို လင်းဖန် ခံရနိုင်ပါသည်။

နောက်တစ်နေ့ လင်းဖန် နိုးလာသောအခါ Sign in ဝင်လိုက်ပြီး ဓာတ်ဆားရေတစ်ဗူးရကာ LV နဲ့ Chanel ကုမ္ပဏီခွဲ မန်နေဂျာများထံမှ ဖုန်းလက်ခံရရှိပါသည်။

"ဟယ်လို မစ္စတာလင်း။ ကျွန်တော်က ရှန်ဟိုင်းမြို့က LV ကုမ္ပဏီခွဲရဲ့ မန်နေဂျာပါ။ မစ္စရှားဝမ်ချွေ့နဲ့ ဒီနေ့ ကုမ္ပဏီထောက်ခံချက်စာချုပ် ချုပ်ဆိုနိုင်မလားဆိုတာကို သိချင်လို့ပါ" LV ကုမ္ပဏီခွဲမန်နေဂျာက မေးလိုက်ပါသည်။

"ရပါတယ်။ နေ့လည် ၃ နာရီမှာ ယွဲ့ဟွာဖျော်ဖြေရေးကို လာခဲ့ပါ။ ကျွန်တော်က ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်ကိစ္စ တာဝန်ရှိသူပါ။ ကုမ္ပဏီကိုလာပြီး သူနဲ့ တရားဝင်စာချုပ်ချုပ်လိုက်ပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ပါ" LV ကုမ္ပဏီခွဲမန်နေဂျာက လေးစားသမှုဖြင့် ပြောလိုက်ပါသည်။

တခြားသူတွေက လင်းဖန်၏ သရုပ်မှန်ကို မသိလောက်သော်လည်း LV ကုမ္ပဏီခွဲမန်နေဂျာကတော့ သိပါသည်။

LV နဲ့ Chanel ဌာနချုပ်တို့၏ စီအီးအိုများကတောင် လင်းဖန်၏ အိမ်ကို တကူးတက သွားရောက်ခဲ့ကြသေး၏။

လင်းဖန်၏ အဆင့်အတန်းမျိုးနဲ့ သူ့ကို တိုက်ခိုက်ရဲပါ့မလား။

လင်းဖန်က ရှားဝမ်ချွေ့အတွက် စာချုပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပေးသူ ဖြစ်သည်။

တခြားသူတွေ အမှားအယွင်း လုပ်မိမှာကို ကာကွယ်ရန်အတွက် ရှန်ဟိုင်းမြို့ LV ကုမ္ပဏီခွဲ၏ မန်နေဂျာကိုယ်တိုင် ဒီစာချုပ် လက်မှတ်ထိုးသည့်ကိစ္စကို ကိုင်တွယ်ချင်ခဲ့ပါသည်။ စီအီးအို ကိုယ်တိုင်သူကို သေသေချာချာ ညွှန်ကြားထားသည့်အတိုင်း လုပ်ရပါမည်။

တချိန်တည်းမှာပင် Chanel ကုမ္ပဏီခွဲ၏ မန်နေဂျာလည်း ဖုန်းဆက်လာသည်။ လင်းဖန်ကလည်း အချိန်ကို တစ်ခုတည်း ဆုံးဖြတ်လိုက်ပါသည်။

အားလုံးပြီးမြောက်သောအခါ လင်းဖန်က Bugatti ကြီးကို မောင်းပြီး ရုံးကိုသွားဖို့ ပြင်ဆင်လိုက်ပါသည်။ လင်းဖန် မျှော်လင့်နေမိပါပြီ။

ရှားဝမ်ချွေ့သာ သူမ ယွမ် သန်း ၁၂၀ တ န်ကုမ္ပဏီထောက်ခံချက်ကို လက်မှတ်ထိုးနိုင်ဖို့ လင်းဖန်ကူညီပေးခဲ့မှန်းသိလျှင် သူ့ကို ဆုချဦးမလားဆိုတာကိုပင် မသိတော့ပါ။

ငွေရေးကြေးရေးကတော့ သူ့မိန်းမပိုက်ဆံက သူ့ပိုက်ဆံပဲဖြစ်သည်။

ဒီတစ်ခေါက် သူ့မိန်းမဆီက ဆုတစ်ခုလောက် ထပ်ရမည်ဆိုလျှင် လင်းဖန် သည်းခံနေမှာ မဟုတ်တော့ပေ။ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ သူမကို ပိုးပန်းရပါမည်။

All Chapters