← Chapters

ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်အားလုံးအတွက် လင်းဖန်မှာ တာဝန်ရှိတယ်

Vol. 12 Ch. 175

ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်အားလုံးအတွက် လင်းဖန်မှာ တာဝန်ရှိတယ်

Vol. 12 Ch. 175

ယွဲ့ဟွာဖျော်ဖြေရေးတွင်...

အထက်လူကြီးများအားလုံး အစည်းအဝေး တက်ရောက်နေကြ၏။

စီအီးအိုလီက ထိုင်လျက်သား ငုတ်တုတ်မေ့နေပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ပဲ ရေပန်းစားသော်လည်း ရင်းနှီးမြှုပ်နှံမှုကို ပြန်ရဖို့က အချိန်အကြာကြီး ယူရပါလိမ့်မည်။

ဖျော်ဖြေရေးကုမ္ပဏီများ ငွေဘယ်လိုရသလဲဆိုသည့်အပေါ် အလွန်အရေးကြီးသည့် အချက်လည်း ရှိသည်။

ထိုဖျော်ဖြေရေးကုမ္ပဏီများက ၎င်းတို့၏ အနုပညာရှင်များကို အားကိုးကာ ငွေရှာရပါသည်။

ဒီလိုသာမဟုတ်ပါက ဖျော်ဖြေရေးကုမ္ပဏီတွေက ၎င်းတို့ အနုပညာရှင်များကို ပျိုးထောင်ပေးဖို့ အာရုံစိုက်ကြမှာ မဟုတ်ပေ။

ရှားဝမ်ချွေ့က ယွဲ့ဟွာဖျော်ဖြေရေးမှ အနုပညာရှင်တစ်ယောက် ဖြစ်သည်။

ရှားဝမ်ချွေ့က ယွဲ့ဟွာဖျော်ဖြေရေးက ထိပ်တန်း အမျိုးသမီးအနုပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။ သူမ၏ ရေပန်းစားမှုက အတော်လေး မြင့်မားပါသည်။

ယွဲ့ဟွာဖျော်ဖြေရေးသာ ဖွံ့ဖြိုးတိုးတက်လိုပါက ငွေလိုသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရင်းနှီးမြှုပ်နှံကြမည့်လူ မရှိသောကြောင့် ယွဲ့ဟွာဖျော်ဖြေရေးနဲ့ လင်းဖန်တို့ ပူးပေါင်းကာ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာတွင် ရင်းနှီးမြှုပ်နှံခဲ့ရသည်။

ရုပ်သံဒရာမာကတော့ တကယ်ပဲ အောင်မြင်ခဲ့ပါသည်။

သို့သော် ယွဲ့ဟွာဖျော်ဖြေရေး၏ ငွေတွေ ပြန်မရသေးပါ။

ကုမ္ပဏီက လည်ပတ်ဖို့ ရန်ပုံငွေကို လိုအပ်ပါသေးသည်။

နာမည်ကျော်များ ရေပန်းစားလာပါက ဥပမာ မိန်းကလေး အဆိုတော်အဖွဲ့များ ရေပန်းစားလာပါက သူတို့တွင် ကြော်ငြာကမ်းလှမ်းချက်မျိုးစုံ ရှိလာမည်ဖြစ်ပြီး ရှိုးပေါင်းစုံမှာလည်း ပါဝင်ရနိုင်သည်။ ထိုအခါ သူတို့ ငွေအများကြီး ရနိုင်ပါသည်။

ထို့နောက် ကုမ္ပဏီက ထိုငွေ၏ အစုပေါ်အမြတ်ကို ရနိုင်သည်။ ကုမ္ပဏီက သူတို့ရှယ်ယာကို အရင်နုတ်ထားပြီးမှ ငွေတွေကို နာမည်ကျော်များအား ပေးအပ်ပါသည်။

ကုမ္ပဏီက ရငွေ၏ ၂၀ - ၃၀ ရာခိုင်နှုန်းလောက်ကို ယူရသည်။ မသမာသော ကုမ္ပဏီဖြစ်ပါက ၇၀ - ၈၀ ရာခိုင်နှုန်းလောက်အထိတောင် ယူနိုင်ပါသည်။

ယွဲ့ဟွာမှာတော့ ကုမ္ပဏီက အနုပညာရှင်များ၏ ကုမ္ပဏီထောက်ခံချက်ကြေး ဘာညာတို့မှရသည့် ဝင်ငွေ ၂၀ ရာခိုင်နှုန်းကို နုတ်ယူသည်။

အဘယ့်ကြောင့်ဆိုသော် အနုပညာရှင်တစ်ယောက်ကို ပျိုးထောင်ဖို့ ယွဲ့ဟွာဖျော်ဖြေရေးက ငွေတွေအများကြီး လိုအပ်သောကြောင့် ဖြစ်ပါသည်။ သူတို့ အကျိုးအမြတ်တချို့ကို ယူရတာ ပုံမှန်ပဲ ဖြစ်ပါသည်။

ဝက်ဝက်ကွဲ အောင်မြင်သည့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ခေါင်းဆောင်သရုပ်ဆောင်များက လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်ကျင်းတို့ ဖြစ်ကြပါသည်။

ဒီငါးယောက်လောက် ရေပန်းမစားသည့် သရုပ်ဆောင်တချို့လည်း ရှိပါသေးသည်။

၎င်းတို့အနက် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က နာမည်အကြီးဆုံး ဖြစ်သည်။ လင်းဖန်၏ ရေပန်းစားမှုကလည်း အများကြီး မြင့်တက်လာပါသည်။ ရှုယန်ကလည်း ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားအနုပညာရှင်ဖြစ်သည်။ သူ့ ရေပန်းစားမှုက မနိမ့်ပေ။ သို့သော် သူက ခေါင်းဆောင်မင်းသား မဟုတ်ဘဲ ဇာတ်ပို့တစ်ယောက်ဖြစ်သဖြင့် လင်းဖန်နဲ့တော့ မယှဥ်နိုင်ပေ။

လင်းကျင်းကျင်း၏ သရုပ်ဆောင်စွမ်းရည်များက မဆိုးလှပါ။။ သို့သော် သူမ တော်တာက သီချင်းဆိုတာ ဖြစ်သည်။ သူမက အဆိုတော် ဖြစ်ပြီး ပရိတ်သတ်များစွာက သူမ၏ အဆိုစွမ်းရည်ကို သဘောကျကြပါသည်။

ရုပ်သံဒရာမာတစ်ခု ရေပန်းစားလာပြီးနောက်တွင် ဘယ်လို ဖျော်ဖြေရေးကုမ္ပဏီမျိုးကမဆို ၎င်းတို့၏ အရင်းအနှီးကို ပြန်ရကာ အမြတ်ပင် ရကြပါသည်။

ယွဲ့ဟွာဖျော်ဖြေရေးကတော့ ခြွင်းချက် ဖြစ်နေပါသည်။

အကြောင်းအရင်းကတော့ ရှင်းသည်။

ခေါင်းဆောင်မင်းသားအဖြစ် လင်းဖန်က ကုမ္ပဏီထောက်ခံချက် အားလုံးကို ငြင်းလွှတ်လိုက်သောကြောင့် ဖြစ်ပါသည်။

အစကတော့ လင်းဖန်က ယွဲ့ဟွာ၏ အနုပညာရှင် မဟုတ်ပေ။ ယွဲ့ဟွာ၏ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာလည်း မဟုတ်ပါ။ သူက ယွဲဲ့ဟွာအတွက် အမည်ခံ ဇာတ်ညွှန်းရေးဆရာတစ်ယောက်သာ ဖြစ်သည်။ ယွဲ့ဟွာဖျော်ဖြေရေးကလည်း လင်းဖန်ကို သင့်တင့်မျှတသည့် စာချုပ်ကြေး ပေးရပါသည်။

လင်းဖန်သာ ကုမ္ပဏီထောက်ခံချက်များကို လက်မခံလျှင် ကုမ္ပဏီက ဝင်ငွေတွေ အများကြီး ဆုံးရှုံးရလိမ့်မည်။

စုရှောင်းယွီက ၎င်းတို့၏ ထိပ်တန်း အမျိုးသမီးအနုပညာရှင်တစ်ယောက် ဖြစ်သည်။ သူမ ပိုက်ဆံ မလိုအပ်ပါ။ ထို့ကြောင့် ကုမ္ပဏီထောက်ခံချက်တွေကို လက်မခံပေ။ ကုမ္ပဏီက စုရှောင်းယွီကို ဘာမှ မတတ်နိုင်ပေ။

ရှားဝမ်ချွေ့ကတော့ ကုမ္ပဏီထောက်ခံချက်များစွာကို လက်ခံနိုင်သည်။ သူမက ကုမ္ပဏီ၏ အရေးကြီးသောာ ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။

သို့သော်လည်း လင်းဖန်ပေါ်လာပြီးနောက် ရှားဝမ်ချွေ့က ကုမ္ပဏီထောက်ခံချက် ၂၀ကျော်လောက်ကို ငြင်းဆန်ခဲ့သည်။

ထို ကုမ္ပဏီထောက်ခံချက် ၂၀ ဝန်းကျင်၏ ကုမ္ပဏီထောက်ခံချက်ကြေးများက စုစုပေါင်း သန်း ၃၀ လောက် ရှိနိုင်သည်။

သန်း ၃၀ စလုံး အလကား ဖြစ်သွားပါပြီ။

လင်းကျင်းကျင်းနဲ့ ရှုယန်တို့သာ ကုမ္ပဏီထောက်ခံချက်များကို လက်ခံနိုင်ကြသည်။ သို့သော်လည်း သူတို့ထုတ်ကုန်များအတွက် သူတို့ကို ကုမ္ပဏီထောက်ခံချက်လုပ်ပေးဖို့ စာချုပ်ချုပ်ချင်သည့် ကုမ္ပဏီ များများစားစား မရှိပြန်ပေ။

လောလောဆယ် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ထောက်ခံသည့် စီအီးအိုလီက လွဲလို့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ တခြားအထက်လူကြီးများက ကန့်ကွက်မှုများ ရှိနေပါသည်။

"စီအီးအိုလီ ကုမ္ပဏီက အနုပညာရှင်တွေ အများကြီးကို ပျိုးထောင်ပေးပြီး အရင်းအမြစ်တွေ ပေးခဲ့ရတာ။ သူတို့ကို ဒီအတိုင်း ငုတ်တုတ်ထိုင်ခိုင်းထားဖို့ မဟုတ်ဘူး။ အနုပညာလောကထဲက တခြား နာမည်ကျော်တွေကို ကြည့်လိုက်ဦး။ ကုမ္ပဏီထောက်ခံချက် လက်မခံဘူးဆိုတဲ့ နာမည်ကျော်တွေ ဘယ်နှယောက်ရှိလို့လဲ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက လင်းဖန် မရှိဘဲ ဘယ်တော့မှ ဒီလောက်ရေပန်းစားလာမှာ မဟုတ်ဘူး။ ဒါတော့ ကျုပ်လက်ခံပါတယ်။ ဒါပေမယ့် လင်းဖန်က ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက် ၂၀ ကျော်ကို ငြင်းဆန်ဖို့ ကူညီပေးခဲ့ပြိး ကုမ္ပဏီကို သန်း ၃၀ လောက် ဆုံးရှုံးစေခဲ့တယ်။ ဒီဆုံးရှုံးမှုအတွက် ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဘယ်သူက ကုမ္ပဏီ ရန်ပုံငွေလိုအပ်မှုကို တာဝန်ယူမှာလဲ။"

"စီအီးအိုလီ ကျုပ်တို့ ရှားဝမ်ချွေ့၊ လင်းဖန်တို့နဲ့ စကားကောင်းကောင်းပြောဖို့ လိုပြီထင်တယ်။ သူတို့ အနုပညာလောကထဲမှာ အခြေချချင်တယ်ဆိုရင် သူတို့ တချို့အရာတွေကိုတော့ လက်ခံရမှာပဲ။ ဘယ်သူက ငွေမလိုချင်ဘဲ နေမှာလဲ။"

ရှယ်ယာဝင်များက ပြောကုန်ကြပါပြီ။ အမှန်ပင်။ သူတို့ တော်တော်လေး မကျေမနပ် ဖြစ်ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့ကုမ္ပဏီထောင်ထားတာ ငွေရှာဖို့ ဖြစ်သည်။

အခု ရုပ်သံစီးရီးက ရေပန်းစားလာသော်လည်း ဝင်ငွေ မရှိပါ။ ဒီလိုအခြေအနေမျိုးကို မြင်ပြီးနောက် ဘယ်သူက ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

ကုမ္ပဏိ၏ ထိပ်တန်း အမျိုးသမီးအနုပညာရှင် ၂ ယောက်က ကုမ္ပဏီထောက်ခံချက်များကို လက်မခံဘဲ နေနေကြသည်။ ကုမ္ပဏီကတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မြေတောင်မြှောက်ပေးဖို့ လည်ပတ်မှု ကုန်ကျစရိတ်များ သုံးစွဲနေရဆဲဖြစ်၏။

ရှယ်ယာဝင်များ ဘာမှ မပြောလို့ မဖြစ်တော့ပါ။

ထို့ကြောင့် ဖျော်ဖြေရေးကုမ္ပဏီများက ၎င်းတို့၏ အမျိုးသမီးအနုပညာရှင်များကို မကောင်းသတင်း ထွက်ခွင့် မပေးနိုင်ခြင်းလည်း ဖြစ်ပါည်။

မကောင်းသတင်းများ ထွက်လာပါက အမျိုးသမီးအနုပညာရှင်၏ အနာဂတ်နဲ့ ကုမ္ပဏီ၏ ငွေကြေးကို ထိခိုက်လာနိုင်သည်။

ရှယ်ယာဝင်များစွာ ဒေါသထွက်နေတာကို မြင်ပြီး စီအီးအိုလီ သက်ပြင်းသာ ရှိုက်နိုင်တော့သည်။

တကယ်တော့ စီအီးအိုလီလည်း အတော်လေး ဖိအားများနေပါသည်။

ကုမ္ပဏီက ဘာမဆိုလုပ်ဖို့ ငွေကို လိုအပ်သည်။

လင်းဖန် ဘယ်လိုလူမျိုးလဲဆိုတာ စီအီးအိုလီ သိပါသည်။

ကုမ္ပဏီက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကုမ္ပဏီထောက်ခံချက်များ လက်ခံဖို့ အတင်းဖိအားပေးနိုင်ပါ့မလား။

သူတို့ ဖိအားပေးလိုက်ပါက လင်းဖန်က သူ့ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်နိုင်သည်။

လင်းဖန်ရဲ့ အစွမ်းအစမျိုးနဲ့သာဆို ရေပန်းစား ရုပ်သံဒရာမာများစွာကို ဖန်တီးပြီး ဂန္တဝင်ဇာတ်ညွှန်းပေါင်းများစွာကို ရေးသားနိုင်လိမ့်မည်။

"စီအီးအိုလီ။ ရှားဝမ်ချွေ့ရဲ့ ရေပန်စားမှုက အများကြီး တက်လာတယ်ဆိုပေမယ့် သူ ကုမ္ပဏီထောက်ခံချက်တွေကိုတော့ လက်ခံမှ ဖြစ်မှာပေါ့။"

"လင်းဖန်က ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက် ကမ်းလှမ်းချက်အသစ်တွေ ရှာပေးမယ်လို့သာ ပြောပေမယ့် သူ တစ်ခုမှ ရှာမတွေ့မှာ စိုးမိတယ်။ သူ ကုမ္ပဏီထောက်ခံချက်တွေ အများကြီးကို ငြင်းခဲ့တာကိုး။ ကုမ္ပဏီထောက်ခံချက် ကုမ္ပဏီတစ်ခုကို ဘယ်လိုလုပ်ပြီး ရှာနိုင်တော့မှာလဲ" ရှယ်ယာဝင်တချို့က ပြောလိုက်ပါသည်။

စီအီးအိုလီက လူအားလုံးကိုကြည့်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ပါပြီ။ ဒီနေ့ အစည်းအဝေးပွဲ ခေါ်လိုက်ရတာက လင်းဖန်က ကုမ္ပဏီအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ခင်ဗျားတို့ကို အသိပေးဖို့ပါ။ ပြီးတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ နောက်ကြောင်းကလည်း ကျုပ်တို့လို သာမန်လူတွေ တိုက်ခိုက်လို့ရတဲ့အရာမျိုး မဟုတ်ဘူးနော်။"

"ကျုပ်တို့ ကုမ္ပဏီထောက်ခံချက်ကိစ္စကိုတော့ လင်းဖန်ကိုပဲ ယုံကြည်ထားဖို့ ရှိတော့တယ်။ ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်တွေကို ကိုင်တွယ်ခွင့်ကို လင်းဖန်ဆီ လွှဲပေးခဲ့ပြီးပြီ။ လင်းဖန်က ရှားဝမ်ချွေ့အတွက် ဘယ်ကုမ္ပဏီထောက်ခံချက်ကို ရွေးရမလဲဆိုတာ အပြည့်အဝ ဆုံးဖြတ်နိုင်တယ်။”

"ဒီနေ့ ဆက်ပြောနေကြဦးမယ်ဆိုရင် ကျုပ်ပြောချင်တာက လင်းဖန်ရဲ့ နောက်ကြောင်းက ဘယ်လောက်တောင် နက်ရှိုင်းသလဲဆိုတာကို ခင်ဗျားတို့ သိဖို့ မျှော်လင့်တယ်။"

"လင်းဖန်က ကြယ်ငါးပွင့်ဟိုတယ်တစ်ခုရဲ့ အဓိကရှယ်ယာဝင်တစ်ယောက်ပဲ။ တစ်ချိန်တည်းမှာပဲ ဘီလီယံချီတန်တဲ့ နည်းပညာအဆောက်အဦးမှာလည်း သူ့ပိုင်ဆိုင်မှု ရှိတယ်။ လင်းဖန်ရဲ့ နောက်ကွယ်က တန်ဖိုးက တိုင်းတာလို့ မရနိုင်လောက်အောင်ပဲ။"

"ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ပါမယ်။"

"ခင်ဗျားတို့ထဲက ဘယ်သူမဆို ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကုမ္ပဏီထောက်ခံချက် လက်ခံဖို့ အတင်းခိုင်းစေရဲမယ်ဆိုရင် သူတို့ စာချုပ်ကာလပြည့်တာနဲ့ ယွဲ့ဟွာဖျော်ဖြေရေးက နာမည်ကျော် အမျိုးသမီး သရုပ်ဆောင် ၂ ယောက်ရယ်၊ ဇာတ်ညွှန်းရေးပညာရှင် တစ်ယောက်ရယ်၊ ဒါရိုက်တာ ပညာရှင်တစ်ယောက်ရယ်ကို ဆုံးရှုံးရတော့မယ် ဆိုတာတော့ ကျုပ်အာမခံနိုင်တယ်။"

"သူတို့ ငွေမရှာပေးနိုင်တာ ကိစ္စမရှိဘူး။ အရေးအကြီးဆုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ကျုပ်တို့ ကပ်ထားဖို့ပဲ။ ငွေကြောင့် စိတ်မရှုပ်ထွေးစေနဲ့။"

"လင်းဖန်က ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားတို့ သိကြတယ်မဟုတ်လား။ လင်းဖန်က ပါရမီ ဇာတ်ညွှန်းရေးဆရာ၊ ပါရမီရှင် ဒါရိုက်တာတစ်ယောက်ပဲ။ ပြီးတော့ သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းသေးတယ်။ သူ့အစွမ်းအစတွေက အားလုံးရဲ့ စိတ်ကူးထက် ကျော်လွန်နေပြီ။"

"ဒီလိုလူမျိုးက ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက်ရှာဖို့ မကူညီနိုင်ဘူးလို့ ထင်နေကြတာလား။"

"လင်းဖန်သာ အနားမှာရှိရင် ရှားဝမ်ချွေ့အတွက် ဘယ်သူမှ စိတ်ပူဖို့ မလိုအပ်ဘူး။"

"ကျုပ်နှစ်ခါ ထပ်မပြောချင်ဘူး။"

"လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်အားလုံးအတွက် တာဝန်ယူထားတယ်။"

All Chapters