လင်းဖန်ရဲ့ ပါဝါကြောင့် ယွဲ့ဟွာဖျော်ဖြေရေး တုန်လှုပ်သွားခြင်း
Vol. 12 Ch. 176
ရှယ်ယာဝင်များက ချက်ချင်း ပြန်တိုက်ခိုက်ကြပါသည်။
စီအီးအိုလီက ယွဲ့ဟွာဖျော်ဖြေရေး၏ စီအီးအို ဖြစ်သော်လည်း ယွဲ့ဟွာဖျော်ဖြေရေးကဲ့သို့ ကုမ္ပဏီတစ်ခု၏ ရှယ်ယာဝင်များက ကုမ္ပဏီထဲမှာ ပြောရေးဆိုခွင့် အများကြီး ရှိပါသည်။
"စီအီးအိုလီ ခင်ဗျားမဟုတ်တဲ့အတိုင်းပဲဗျာ။ ခင်ဗျားပြောသလိုသာဆို ကျုပ်တို့ ကုမ္ပဏီက အနုပညာရှင်တစ်စုကို ရှာပြီး အလကား မြေတောင်မြှောက်ပေးရမှာပေါ့။"
"လင်းဖန် ဘယ်တုန်းက ဒီလောက် တော်လာတာလဲ။ ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက်ရှာဖို့ တကယ်ပဲ ကူညီပေးနိုင်လို့လား။"
"ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ကျုပ်တို့ ကုမ္ပဏီနဲ့ စာချုပ်သက်တမ်း ကုန်ဖို့ ၃ လ လိုသေးတယ်။ လင်းဖန်က ၃ လတည်းနဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်မှာလား။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့က အဲ့လောက် လွယ်သလား။"
"လင်းဖန်ရဲ့ အရေးပါမှုက မြင်သာနေပြီ။ လင်းဖန်သာ ရှားဝမ်ချွေ့အတွက် ကုမ္ပဏီထောက်ခံချက် ရှာမပေးနိုင်ရင် ကျုပ်တို့ ကုမ္ပဏီခွေး ဖြစ်ပြီမလား။"
ရှယ်ယာဝင်များက ပြောကုန်ကြပါသည်။ ၎င်းတို့ မျက်လုံးထဲတွင် လင်းဖန်ကို အထင်မကြီးကြပါ။
ဒီကိစ္စက ငွေရေးကြေးရေးနဲ့ သက်ဆိုင်သည်။
ကုမ္ပဏီမှာ ရှားဝမ်ချွေ့လို အနုပညာရှင်တစ်ယောက် ရှိနေပါလျက်နဲ့ သူမဆီက ငွေများများစားစား မရနိုင်ပါ။ သူမ ကုမ္ပဏီထောက်ခံချက် ကမ်းလှမ်းချက်များကို လက်မခံပါက ရေပန်းစားမှုနဲ့ ပေါ်လွင်မှုတို့တောင် ရှိမှာ မဟုတ်တော့ပါ။
ကုမ္ပဏီတစ်ခု၏ ဖွဲ့စည်းမှုက ရှုပ်ထွေးပြီး လူ့စိတ်ဆိုတာလည်း ခန့်မှန်းရခက်ပါသည်။
စီအီးအိုလီတစ်ယောက်တည်းသာ လင်းဖန်၏ နောက်ကြောင်းကို သိသည်။ တခြား ရှယ်ယာဝင်များ သိထားတာ အလွန်နည်းပါသည်။
"ဟုတ်ပြီ။ ဘာမှ ဆက်ပြောစရာ မလိုတော့ဘူး။"
"ဒီကိစ္စကို ဆုံးဖြတ်ချက်ချပြီးပြီ။ ကျုပ် နှစ်ခါ ပြန်ပြောစရာ အကြောင်း မရှိဘူး" စီအီးအိုလီက ပြောလိုက်သည်။
"လင်းဖန်သာ ရှားဝမ်ချွေ့အတွက် ကုမ္ပဏီထောက်ခံချက် ရှာမပေးနိုင်ဘူးဆိုရင် ကျုပ် သူနဲ့ စကားသွားပြောမယ်။ ကျုပ်တို့ကုမ္ပဏီက အနုပညာရှင်တွေကို ကိုးကွယ်ရမှာ။ ငွေရဖို့ ပစ္စည်းတစ်ခုလို အသုံးချရမှာ မဟုတ်ဘူး။ လက်ရာကောင်းကောင်း ထုတ်လုပ်ဖို့ဆိုတာကမှ ကုမ္ပဏီရဲ့ အသက်ဝိညာဥ်အစစ်ပဲ" စီအီးအိုလီက ပြောလိုက်ပါသည်။
စီအီးအိုလီ သက်ပြင်းချလိုက်ပါသည်။ သူလည်း လင်းဖန် ရှားဝမ်ချွေ့ကို သင့်တော်သည့် ကုမ္ပဏီထောက်ခံချက် ရှာပေးနိုင်ဖို့ မျှော်လင့်နေပါသည်။
ဒီလိုသာဆို ရှားဝမ်ချွေ့အတွက်ကော ကုမ္ပဏီအတွက်ကော အလွန် အကျိုးရှိပါလိမ့်မည်။
ကုမ္ပဏီထောက်ခံချက်များ လက်ခံခြင်းနဲ့ ကြော်ငြာများ ရိုက်ကူးခြင်းက အနုပညာရှင်တွေကို ပိုမို ပေါ်လွင်စေသည်။
တချို့ အနုပညာရှင်များဆို Times Magazine တွင် ပါလာနိုင်သည် သို့မဟုတ် နိုင်ငံခြားလမ်းမများပေါ်က ဖန်သားပြင်ကြီးများပေါ်မှာတောင် ပေါ်လာနိုင်ပါသည်။
ဒါတွေအားလုံးက အနုပညာရှင်၏ ရေပန်းစားမှု ပေါ်လွင်မှုတို့အပေါ် သက်ရောက်မှု ကြီးမားပြီး သူတို့သရုပ်ဆောင်သည့် ရုပ်ရှင်နဲ့ ဒရာမာတွေအပေါ်လည်း သက်ရောက်မှု ရှိသည်။
စီအီးအိုလီ၏ ဆုံးဖြတ်ချက် ပြတ်သားသော စကားများကို ကြားလိုက်ရသောအခါ အဓိကရှယ်ယာဝင်များ တိတ်ဆိတ်သွားကြသည်။
တချို့ ရှယ်ယာဝင်များက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကုမ္ပဏီထောက်ခံချက် လက်ခံအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပင် စတင်စဥ်းစားနေပါပြီ။
အားလုံးက အမြင်မကျဥ်းပါ။
မဟုတ်ပါက Nokia ဆိုတာလည်း အရှုံးပေါ်ခဲ့မှာ မဟုတ်ပေ။
ထိုအချိန်တွင်...
မန်နေဂျာဝမ်က အစည်းအဝေးခန်းတံခါးကို ခေါက်ကာ ဝင်လာပါသည်။
"စီအီးအိုလီ ထောက်ခံချက်ကုမ္ပဏီနှစ်ခုက ဖုန်းဆက်လာပါတယ်။ သူတို့က သူတို့ထုတ်ကုန်တွေအတွက် ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက်အဖြစ် ဖိတ်ကြားချင်ပါတယ်တဲ့။ သူတို့ နေ့လည်ခင်း ၃နာရီမှာ စာချုပ်ချုပ်ဖို့ ကုမ္ပဏီကို ရောက်လာကြပါလိမ့်မယ်" မန်နေဂျာဝမ်က သူ့မျက်လုံးထဲ အံ့သြနေသည့် အရိပ်အယောင်များဖြင့် ပြောလိုက်ပါသည်။
"ဘယ်ထောက်ခံချက်ကုမ္ပဏီတွေလဲ" စီအီးအိုလီက မေးလိုက်သည်။ တခြား ရှယ်ယာဝင်များလည်း မန်နေဂျာဝမ်ကို ကြည့်လိုက်သည်။
ရှယ်ယာဝန်များစွာ ခေါင်းတွေခါကုန်ကြပါပြီ။ ဒီထောက်ခံချက်ကုမ္ပဏီနှစ်ခုက လင်းဖန်ငြင်းလိုက်တဲ့ ကုမ္ပဏီထောက်ခံချက် အခု ၂၀ နဲ့ ယှဥ်နိုင်ပါ့မလား။
မန်နေဂျာဝမ်က ပြောလိုက်သည်။ "တစ်ခုက LV၊ နောက်တစ်ခုက Chanel ပါ... သူတို့ကမ်းလှမ်းချက်က... တစ်နှစ်ကို ယွမ်သန်း ၆၀ပါတဲ့။"
မန်နေဂျာဝမ်ပြောလို့ ပြီးသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါသည်။
အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး မန်နေဂျာဝမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပါသည်။
အရင်တုန်းက နိုင်ငံတော်ထဲက ထောက်ခံချက်ကုမ္ပဏီများ၏ အများဆုံး ကုမ္ပဏီထောက်ခံချက်ကြေးကတောင် ယွမ်သန်း ၃၀ လောက်ပဲ ရှိပါသည်။
သို့သော်လည်း ဒီထောက်ခံချက်ကုမ္ပဏီနှစ်ခုက တစ်နှစ် ယွမ်သန်း ၆၀ ကမ်းလှမ်းလိုက်သည်။
ကုမ္ပဏီနှစ်ခု၏ ကုမ္ပဏီထောက်ခံချက်ကြေးများက သန်း ၁၂၀ အထိ ရှိလာပါသည်။
ထို့အပြင် ထိုထောက်ခံချက်ကုမ္ပဏီနှစ်ခု၏ နာမည်ကိုတောင် ထည့်ပြောနေဖို့ မလိုတော့ပါ။
LV နဲ့ Chanel တို့က ကမ္ဘာကြီးထဲက ထိပ်တန်း တန်ဖိုးကြီး ဘရန်းကုမ္ပဏီများ ဖြစ်ကြသည်။
၎င်းတို့က ကမ္ဘာတစ်ဝှမ်းလုံးက လူသိများကြသော ဘရန်းများ ဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုက တရုတ်မှာ ကြော်ငြာပုဂ္ဂိုလ် ဘယ်တုန်းကမှ မခေါ်ယူဖူးပါ။
ထိုကုမ္ပဏီနှစ်ခုက တရုတ်မှာ စျေးကွက်ကြီးကြီးမားမား ရှိသော်လည်း ၎င်းတို့၏ ကြော်ငြာပုဂ္ဂိုလ်များအတွက် အလွန်မြင့်မားသည့် စံနှုန်းများ သတ်မှတ်ထးသည်။
ယနေ့တော့ ထိုကုမ္ပဏီနှစ်ခုက နိုင်ငံတော်ထဲမှာ ကြော်ငြာပုဂ္ဂိုလ်တစ်ယောက်တည်းကို တစ်ပြိုင်နက်တည်း ရွေးချယ်ကြပါတော့မည်။
ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက်များကို လင်းဖန်က ကိုင်တွယ်ရသည်။
တနည်းအားဖြင့် လင်းဖန်တစ်ယောက်တည်း ထိုထောက်ခံချက်ကုမ္ပဏီနှစ်ခုနဲ့ ပတ်သတ်ခဲ့ခြင်း ဖြစ်သည်။
အားလုံး အနည်းငယ် တုန်လှုပ်သွားကြသည်။
ဒါ... လူသားတစ်ယောက် လုပ်နိုင်တာကော ဟုတ်သေးရဲ့လား။
ကမ္ဘာကြီးထဲက အကြီးမားဆုံး ကုမ္ပဏီကြီးများဖြစ်သည့် LV နဲ့ Chanel တို့၏ ကြော်ငြာပုဂ္ဂိုလ်ဖြစ်လာဖို့အတွက်က အပြောထက် အလုပ်ပိုခက်သည်။
နိုင်ငံတော်ထဲက ဖျော်ဖြေရေးကုမ္ပဏီအားလုံးက ထိုကဲ့သို့သော ထုတ်ကုန်မျိုးများအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ပေးချင်ကြပါသည်။
LV နဲ့ Chanel တို့က အလွန်ရေပန်းစားလွန်းသည်။
သရုပ်ဆောင်များစွာကလည်း ထိုကုမ္ပဏီများအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ပေးချင်ကြသည်။ သို့သော် သူတို့ မလုပ်နိုင်ကြပေ။
လင်းဖန်ကတော့ လုပ်နိုင်ခဲ့သည်။
အရင်ကတော့ လင်းဖန်က ရှားဝမ်ချွေ့အတွက် ကုမ္ပဏီထောက်ခံချက် ကောင်းကောင်း ရှာပေးနိုင်မှာ မဟုတ်ဘူးဟု ရှယ်ယာဝင်များ ထင်ထားခဲ့ကြသည်။
သို့သော်လည်း အခုတော့ ရှယ်ယာဝင်များ နှုတ်ဆိတ်ကုန်ကြပါပြီ။
လင်းဖန်က ရှားဝမ်ချွေ့အတွက် ကုမ္ပဏီထောက်ခံချက် ရှာပေးရုံတင်မဟုတ်ဘဲ အကောင်းဆုံး ကုမ္ပဏီထောက်ခံချက်ကို ရှာပေးခဲ့ပါသည်။
"လခွမ်း... လင်းဖန်က တော်လိုက်တာ"
"နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် LV နဲ့ Chanel တို့ ငါတို့နိုင်ငံထဲမှာ ကြော်ငြာပုဂ္ဂိုလ် လာရှာတာမျိုး မကြားဖူးပါဘူး... လင်းဖန်က ထိပ်တန်း ထောက်ခံချက်ကုမ္ပဏီနှစ်ခုကို တစ်ပြိုင်နက်တည်း ဆွဲဆောင်နိုင်ခဲ့တာပဲ။"
"အံ့သြဖို့ကောင်းလိုက်တာ။ ဒါက သာမန်လူ လုပ်နိုင်တာမျိုးမှ မဟုတ်တာ။ လင်းဖန်က ဘယ်လောက်တောင် စွမ်းဆောင်နိုင်လိုက်သလဲ။"
"ဒီကုမ္ပဏီနှစ်ခုရဲ့ ကုမ္ပဏီထောက်ခံချက်နဲ့ဆို တခြား ထောက်ခံချက်ကုမ္ပဏီတွေထက် ဘယ်နှဆလောက်တောင် ပိုကောင်းမလဲ မသိတော့ဘူး။"
"ဘုရားရေ ကုမ္ပဏီထောက်ခံချက်ကြေးကလည်း မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားတယ်။ အကြီးမားဆုံး တန်ဖိုးကြီးဘရန်းနှစ်ခုက ရှားဝမ်ချွေ့ကို သူတို့ထုတ်ကုန်တွေအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ပေးဖို့ တစ်ပြိုင်နက်တည်း ဖိတ်ကြားလာတယ်။ တနည်းအားဖြင့် လင်းဖန်က ရှားဝမ်ချွေ့ကို ယွမ်သန်း ၁၀၀ ရအောင် လုပ်ပေးလိုက်တာပဲ။"
"လင်းဖန်က အရူးလား။ သူ ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက် လုပ်ခွင့်ပေးလိုက်ပြီး သူ့ကို ပိုက်ဆံပေးလိုက်ရင် ပိုက်ဆံ ဘယ်လိုလုပ်ရတော့မှာလဲ။"
"မင်းကမှ ရူးတာ၊ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားက ဆက်ဆံရေးကို မင်းမမြင်ဘူးလား။ပိုက်ဆံက ဘယ်သူရရ အရေးလား။"
အဓိကရှယ်ယာဝင်ကြီးများ တချို့က ပြောလိုက်ကြပါသည်။ လင်းဖန်ကို ပိုလေးစားသွားကြ၏။
အခုတော့ သူတို့လင်းဖန်၏ အာဏာပါဝါကို မြင်နိုင်ပါပြီ။
လင်းဖန်၏ လျှို့ဝှက်သရုပ်များကို အထင်သေးလို့မရပေ။
လင်းဖန်က ထိုထောက်ခံချက်ကုမ္ပဏီနှစ်ခုကို ရှားဝမ်ချွေ့အား ၎င်းတို့၏ ကြော်ငြာပုဂ္ဂိုလ်အဖြစ် ရွေးချယ်အောင် တကယ်လုပ်နိုင်ခဲ့သည်။
ထိုကုမ္ပဏီနှစ်ခုက အလွန်အမင်း မြင့်မားသည့် ကုမ္ပဏီထောက်ခံချက်ကြေးကိုတောင် ပေးချင်ကြပါသည်။ ဒါတွေအားလုံးက လင်းဖန် မပါဘဲ မလုပ်နိုင်ပါ။
လင်းဖန်က အံ့သြဖို့ ကောင်းလွန်းပါသည်။
"ဟားဟား ဟုတ်ပါပြီ" စီအီးအိုလီက ပြုံးလိုက်ပြီး လင်းဖန်ကို လေးစားသည့်စိတ်တွေ ပိုတိုးလာပါသည်။ လင်းဖန်ကျေးဇူးကြောင့် သူတို့ ကမ္ဘာကြီးထဲက တန်ဖိုးကြီးဘရန်းနှစ်ခုနဲ့ ရှားဝမ်ချွေ့တို့ ကုမ္ပဏီထောက်ခံချက် စာချုပ် ချုပ်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါသည်။
"စီအီးအိုလီ အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်က လှိုင်းပြာပင်လယ်အော်အိမ်ရာထဲ ဒီဇိမ်ခံကားကြီးတွေ ဝင်သွားတာကို ဓာတ်ပုံရိုက်ထားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။"
"အဲ့ဒီဇိမ်ခံကားကြီးတွေက လင်းဖန်ကို လာတွေ့တာလား မသေချာဘဲ ဓာတ်ပုံတွေကလည်း နည်းနည်းဝါးနေလို့ လူမျက်နှာကို မမြင်နိုင်ခဲ့ပေမယ့် အခု လင်းဖန်က ရှားဝမ်ချွေ့ကို LV တို့နဲ့ ကုမ္ပဏီထောက်ခံချက် စာချုပ် ချုပ်နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုတော့ ဒီဇိမ်ခံကားကြီးတွေထဲမှာ ဘယ်သူတွေ ထိုင်နေတာလဲဆိုတာ ကျွန်တော် သိပြီထင်တယ်။"
"တစ်ယောက်က LV စီအီးအို ဘားနဒ်အာနိုး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Chanel စီအီးအို ဘရူနိုပါဗလို့ဗ်စကီ ဖြစ်ပါတယ်။"
"စီအီးအိုလီ ဒီစီအီးအိုနှစ်ယောက်က လင်းဖန်အိမ်မှာ ရှားဝမ်ချွေ့နဲ့ ကုမ္ပဏီထောက်ခံချက်ကိစ္စကို လာရောက် အတည်ပြုဖို့ ကိုယ်တိုင်သွားခဲ့တာ ဖြစ်နိုင်ပါတယ်" မန်နေဂျာဝမ်က သူ့အထင်ကို ပြောလိုက်ပါသည်။
မန်နေဂျာဝမ် ပြောလို့ပြီးသောအခါ လူအားလုံး၏ မျက်လုံးများ ဗလာကျင်းဖြစ်သွားကြသည်။
မဖြစ်နိုင်တာ....
LV နဲ့ Chanel တို့ရဲ့ စီအီးအိုတွေက ဥရောပကနေ လေယာဥ်စီးလာပြီး လင်းဖန်ရဲ့ အိမ်ကိုတောင် အလည်လာခဲ့တယ်တဲ့။
ဘုရားရေ... အဲ့တာသာ အမှန်ဆိုရင် စီအီးအိုနှစ်ယောက်ကိုယ်တိုင်ကတောင် သူ့ဆီ လာလောက်တဲ့အထိ လင်းဖန်မှာ အဏာပါဝါတွေ ဘယ်လောက်တောင် ရှိနေတာလဲ။