ဘယ်သူက နင့်မိန်းမလဲ
Vol. 12 Ch. 177
"LV နဲ့ Chanel စီအီးအိုတွေက ဘယ်လိုလုပ် သူ့ဆီကို ကိုယ်တိုင် လာလည်ရတာလဲ။"
"သူတို့က ကမ္ဘာကြီးပေါ်က ထိပ်တန်းကုမ္ပဏီကြီးတွေထိပ်မှာ ရပ်တည်နေတဲ့လူတွေပဲ။ ဒီဓာတ်ပုံတွေက အတုတွေဖြစ်မှာပါ။"
"ဒီဓာတ်ပုံက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်၊ ဒီဓာတ်ပုံထဲက လူတွေက တကယ်ပဲ ကုမ္ပဏီကြီးနှစ်ခုရဲ့ ဘော့စ်ဖြစ်မယ်ဆိုရင် လင်းဖန်ရဲ့ သရုပ်မှန်ကတော့ တော်တော်ကို အံ့သြဖို့ကောင်းမှာပဲ။"
"လင်းဖန်မှာ ကုမ္ပဏီကြီးနှစ်ခုရဲ့ စီအီးအိုတွေလိုပဲ အရေးကြီးတဲ့ သရုပ်မှန်ရှိလောက်တယ်။"
"ဒါ... မဖြစ်နိုင်တာ။ သူက အဲ့လောက် တော်တယ်ဆိုရင် လင်းဖန်ကို Alibaba ရဲ့ စီအီးအိုမာနဲ့တောင် ယှဥ်လို့ ရနေပြီ။"
"ဘာပဲဖြစ်ဖြစ် လင်းဖန်က ရှားဝမ်ချွေ့အတွက် LV နဲ့ Chanel ကုမ္ပဏီထောက်ခံချက်တွေကို အတည်ပြုပေးခဲ့တာ။ ဒါက ငါတို့တစ်ယောက်မှ လုပ်နိုင်တာမျိုး မဟုတ်ဘူး။"
အားလုံး ထိတ်လန့်ကုန်ကြပါသည်။
ဓာတ်ပုံကဝါးနေသဖြင့် လင်းဖန်က ကုမ္ပဏီနှစ်ခု၏ စီအီးအိုနဲ့ ရင်းနှီးကြောင်း အားလုံး မယုံချင်ကြသေးပါ။
ဒါတွေက ကမ္ဘာကြီးထဲက ထိပ်တန်း တန်ဖိုးကြီး ဘရန်း နှစ်ခု ဖြစ်သည်။ စီအီးအိုတွေက ဘာကြောင့် တရုတ်ကို လူကိုယ်တိုင် ရောက်လာကြတာလဲ။
စီအီးအိုနှစ်ယောက်၏ အရှိန်အဝါမှာ သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ပါ။
လင်းဖန်၏ လက်ရှိ ရလဒ်များက ဒီလူတွေကို တုန်လှုပ်စေဖို့ မလုံလောက်သေးပါ။
စီအီးအိုလီက လူအုပ်ကိုကြည့်လိုက်ကာ ပြံးလိုက်ပါသည်။
"ဒါက လင်းဖန်ရဲ့ ပါဝါနဲ့ အဆင့်အတန်းပဲ။ အခုတော့ နားလည်ကြပြီပေါ့။"
"ငါတို့နိုင်ငံတော်ထဲမှာ ဒီလိုကုမ္ပဏီကြီးနှစ်ခုကို ကြော်ငြာပုဂ္ဂိုလ်တစ်ယောက်နဲ့စာချုပ်ချုပ်အောင် လုပ်နိုင်တာ သမိုင်းဝင် အောင်မြင်မှုတစ်ခုပဲ" စီအီးအိုလီက ပြုံးလိုက်ပါသည်။
လင်းဖန်ဘာကြောင့်အရမ်းတော်တာလဲဆိုတာကို သူရုတ်တရက်နားလည်သွားပါသည်။
ဒီတော့ လင်းဖန်နဲ့ နောက်ကြောင်းအစစ်က ဒါလား။
လင်းဖန်၏ ခွန်အားက တန်ဖိုးကြီး ဘရန်းကုမ္ပဏီနှစ်ခု၏ ဘော့စ်းများနဲ့ တန်းတူညီသည်။
တခြားသူတွေက လင်းဖန်ကို မယုံလောက်သော်လည်း စီအီးအိုလီကတော့ ယုံပါသည်။
"ဝမ်ချွေ့ကို နေ့လည်ခင်း ချိန်းထားတာတွေ အကုန်ဖျက်ပြီး LV နဲ့ Chanelတို့နဲ့ စာချုပ်ချုပ်ဖို့အတွက် ရုံးကို လာခိုင်းလိုက်" စီအီးအိုလီ ပြောလိုက်ပါသည်။
"ကောင်းပါပြီ" မန်နေဂျာဝမ်က ခေါင်းငြိမ့်လိုက်ပါသည်။
နေ့လည်ခင်း ၃ နာရီထိုးသောအခါ လင်းဖန်က ရုံးခန်းထဲမှာ ထိုင်နေပြီဖြစ်သည်။
တကယ်တော့ လင်းဖန်မှာ လုပ်စရာ ကိစ္စ များများစားစား မရှိပါ။ သူ ယွဲ့ဟွာမှာ ဒီတိုင်း ခဏ လာထိုင်ခြင်း ဖြစ်သည်။
အရေးအကြီးဆုံးက ရှားဝမ်ချွေ့နဲ့ ဒီမှာတွေ့နိုင်သောကြောင့် ဖြစ်ပါသည်။
နေ့လည်ခင်း ၃ နာရီကျော်သောအခါ ရှားဝမ်ချွေ့က စာချုပ်နှစ်ခုကို ကိုင်လျက် လင်းဖန်၏ ရုံးခန်းထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့ပါသည်။
ဒီလိုအခွင့်ကောင်းမျိုးဖြင့် သူမ စာချုပ်များကို ချုပ်ဆိုလိုက်တာနဲ့ LV နဲ့ Chanel တို့၏ ကြော်ငြာပုဂ္ဂိုလ်တစ်ယောက် ရှားဝမ်ချွေ့ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းမှာပဲ မြင့်မားသည့် ကုမ္ပဏီထောက်ခံချက်ကြေးလည်း ရရှိနိုင်ပါသည်။
သူမ စာချုပ်တွေကို မြင်ပြီးပြီဖြစ်ကာ ပြဿနာလည်း မရှိပါ။
ဒီလောက် ကောင်းမွန်သည့် အကျိုးခံစားခွင့်များနဲ့ ရင်ဆိုင်ရသဖြင့် ရှားဝမ်ချွေ့တစ်ယောက် စာချုပ်များကို တန်းပြီး လက်မှတ်မထိုးခဲ့ပါ။
"အရူးကောင်လင်းဖန် ငါ့ကိုပြောစမ်း နင် မဟုတ်တာ တစ်ခုခု လုပ်ထားတာလား။ ကုမ္ပဏီထောက်ခံချက် ကြေးက သန်း ၁၂၀ တောင်။ LV နဲ့ Chanelတို့က နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ဘရန်းတွေချည်းပဲ။ နင်က ငါ့ကိုသူတို့လို ကုမ္ပဏီနှစ်ုခအတွက် ကုမ္ပဏီထောက်ခံချက် လုပ်စေချင်တာလား" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကိုကြည့်လိုက်ပါသည်။
"မင့်ယောက်ျားက တော်တာကိုး" လင်းဖန်က ပြုံးလိုက်သည်။ ရှားဝမ်ချွေ့သူ့ကိုမေးမြန်းနေပုံကိုကြည့်ကာ အနည်းငယ်ချစ်ဖို့ကောင်းသည်ဟု ထင်မိပါသည်။
"တကယ်တော့ ကိုယ့်ကိုယ်ကို ရောင်းစားလိုက်တာပါ။ LV နဲ့ Chanel ရဲ့ ကောင်မလေးနှစ်ယောက်က ကိုယ့်ဆီ ရောက်လာတယ်လေ။ ကိုယ်အရမ်းချောတာကို မြင်သွားကြတော့ ကိုယ်သာ ကိုယ့်ကိုယ်ကို ရောင်းစားမယ်ဆိုရင် သူတို့က မင်းကို သူတို့ကုမ္ပဏီနှစ်ခုနဲ့ စာချုပ်ချုပ်နိုင်အောင် လုပ်ပေးမယ်တဲ့" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
ရှားဝမ်ချွေ့ ချိုသာစွာ ပြုံးလိုက်ကာ လင်းဖန်ရှေ့ကို လျှောက်လာပြီး သိမ်မွေ့စွာ ဆွဲဆိတ်လိုက်ပါသည်။ "နင့်ကိုယ်နင် ရောင်းစားလိုက်တော့ နာလား။"
လင်းဖန် စိတ်ဆိုးသွား၏။ ရှားဝမ်ချွေ့ သူ့ကို ဆွဲဆိတ်တာ ပထမဆုံးပဲဖြစ်သည်။ မနာသော်လည်း သူမ၏ ကြမ်းတမ်းသော ပုံစံလေးကြောင့် လင်းဖန် နှလုံးသားများ အရည်ပျော်သွားလုနီးပါးဖြစ်သွားခဲ့ပါသည်။ ရှားဝမ်ချွေ့ပြောတာကိုသာ လိုက်နာနိုင်တော့သည်။
"နာတယ်"
"အမှန်တိုင်းပြော" ရှားဝမ်ချွေ့က ဒေါသထွက်နေသည်။ သူမ ခြေထောက်ကို ဆောင့်နင်းကာ ရင်ဘတ်ကို ကော့လိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ "အကြီးကြီးပဲ။"
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး နောက်လှည့်သွားသည်။ "ငါနင့်ကို စကားမပြောတော့ဘူး။"
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ဆွဲလိုက်သည်။ ရှားဝမ်ချွေ့ သူ့အတွက် စိတ်ပူနေတာကို သူသိပါသည်။
ဒီစာချုပ်နှစ်ခုနဲ့ အလွန်မြင့်မားသော စာချုပ်ကြေးတို့ကြောင့် တစ်ခုခု ဖြစ်ခဲ့မှာကို ရှားဝမ်ချွေ့ စိတ်ပူနေခြင်း ဖြစ်ပါသည်။
သူမ၏ ကုမ္ပဏီထောက်ခံချက် ကမ်းလှမ်းချက်များကို ရနိုင်ဖို့အတွက်နဲ့ လင်းဖန်က သူ့အတွက် အရေးနိမ့်မည့် သဘောတူညီချက်တစ်ခုကို ကုမ္ပဏီနှစ်ခုနဲ့ လုပ်ခဲ့မှာ စိုးရိမ်မိပါသည်။
တခြားသူသာဆို မျက်တောင်တောင်မခတ်ဘဲ သန်း ၁၂၀ တန် စာချုပ်များကို ချုပ်ဆိုလိုက်လိမ့်မည်။
ရှားဝမ်ချွေ့ကတော့ မဟုတ်ပါ။
သူမ လင်းဖန်အတွက် ပိုစိတ်ပူပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကိုကိုင်ကာ နူးညံ့စွာပြောလိုက်ပါသည်။ "တကယ်တော့ ညှိနှိုင်းရတာ အဲ့လောက်မခက်ပါဘူး။ မင်းက အရမ်းလှတာကိုး။ အရမ်းလည်းကြည့်ကောင်းတယ်။ အရမ်းလည်း ရေပန်းစားတယ်။ မင်း တစ်နှစ်ကို သန်း ၆၀ ရသင့်ပါတယ်။ သူတို့နဲ့ ၂ ရက် ၂ ညလောက် ညှိနှိုင်းခဲ့ရတယ်။ နည်းနည်းလောက် ပင်ပန်းခဲ့ပေမယ့် ကိုယ်တို့ သဘောတူညီချက်ရခဲ့တာပဲလေ။"
လင်းဖန်က ရှင်းပြလိုက်ပါသည်။ စနစ်ကြောင့် သူကုမ္ပဏီနှစ်ခု၏ အဓိကရှယ်ယာဝင်ဖြစ်လာသည်လို့တော့ ပြောလို့တော့မရပါ။ ပြောရင်တောင် ရှားဝမ်ချွေ့က ယုံမှာ မဟုတ်ပါ။ ထို့အပြင် လင်းဖန် နားလည်လွယ်အောင် ရှင်းမပြတတ်ပါ။
လွန်ခဲ့သည့် ၂ ရက်အတွင်း လင်းဖန် ကောင်းကောင်း အိပ်မရခဲ့ပေ။ တစ်ဖက်တွင် အိမ်မှာ ဇာတ်ညွှန်းအသစ်များ ရေးသားခြင်း သို့မဟုတ် ဂိမ်းများ ကစားနေသည်။ တစ်ဖက်မှာတော့ ရှားဝမ်ချွေ့ကို မွေးနေ့မှာ ဘယ်လို စပရိုက် လုပ်ပေးရမလဲဆိုတာ စီစဥ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် လင်းဖန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းပါ။ သူ တကယ်ပဲ အကြာကြီး ဆွေးနွေးခဲ့ရသည့်ပုံပင်။
ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပြီး သူမ လက်ကိုကိုင်ထားခွင့်ပေးလိုက်ပါသည်။ သူမ သိမ်မွေ့စွာ မေးလိုက်သည်။ "နင်အရမ်းကြီးတော့ မပင်ပန်းဘူးမလား။ သူတို့ နင့်ကို အရမ်းလွန်တဲ့ တောင်းဆိုမှုတွေလုပ်ရင် ငါသူတို့နဲ့ စာချုပ်မချုပ်ဘူး။"
လင်းဖန်က ခေါင်းခါကာ ရှားဝမ်ချွေ့၏ တခြား လက်တစ်ဖက်ကို ကိုင်လိုက်ပါသည်။
သူတို့ မတွဲကြသေးသော်လည်း လင်းဖန်က ရှားဝမ်ချွေ့လက်ကို ကိုင်ထားသည်။
သူ့မိန်းမ သူ့ရှေ့မှာရှိနေသောအခါ လင်းဖန် ဘယ်လောက်ပဲ တည်ငြိမ်ပါစေ ခံနိုင်ရည် မရှိတော့ပါ။
"မတောင်းဆိုပါဘူး စိတ်ချပါ ကိုယ့်မိန်းမရယ်၊ ဒီကုမ္ပဏီထောက်ခံချက် နှစ်ခုကို မင်း လက်မှတ်ထိုးဖို့ ထိုက်တန်ပါတယ်" လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။
"အင်း ဒါဆိုလည်း ငါလက်မှတ်ထိုးလိုက်မယ်~"
"ပြီးတော့ ဘယ်သူက နင့်မိန်းမလဲ။ လင်းဖန် နင်ငါ့လက်ကို ဘာမှမဟုတ်သလိုကိုင်ထားတယ်။ အရင်တုန်းကော တခြားကောင်မလေး လက်တွေကိုင်နေကျလား" ရှားဝမ်ချွေ့က မျက်နှာနီကာ မေးလိုက်ပါသည်။
"မကိုင်ဖူးပါဘူး" လင်းဖန်ကပြောလိုက်ပါသည်။
"ဒါဆိုလည်း မြန်မြန်လွှတ်တော့လေ။ ဟွန်း နင် အခုနောက်ပိုင်း ပိုပိုဆိုးလာပြီနော်" ရှားဝမ်ချွေ့၏ ပါးလေးများက အနည်းငယ် နီရဲလာပြီး ခေါင်းငုံ့ကာပြောလိုက်ပါသည်။
"ကိုယ် ဘယ်လောက် ကြိုးစားထားလဲဆိုတာကို ကြည့်ဦးလေ။ ကိုယ့်ကို ဆုမချတော့ဘူးလား" လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို လွှတ်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကိုကြည့်လိုက်ပါသည်။
"ဘာဆုလိုချင်လို့လဲ" ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်နှာလေးကို ဖော်ကာ ပြန်ကြည့်လိုက်ပါသည်။
"ဆုအကုန်လုံး လိုချင်တယ်" လင်းဖန်ကပြုံးလိုင်ကာ ရှားဝမ်ချွေ့နား ပိုကပ်လိုက်ပါသည်။
"မပေးဘူး~" ရှားဝမ်ချွေ့က လှည့်ထွက်သွားကာ စာချုပ်ချုပ်ဖို့ ပြင်လိုက်ပါသည်။
ရှက်သွေးဖြာနေသော ရှားဝမ်ချွေ့၏ နောက်ကျောကို ကြည့်ရင်း လင်းဖန် အနည်းငယ် စိတ်ဆိုးသွားပါသည်။
ကောင်မစုတ်လေး။ ဆုမပေးတာ ကိစ္စမရှိဘူး ဒါပေမယ့် ဘာလို့ အရမ်းဆွဲဆောင်မှုရှိရတာလဲ။
သူမကို သူ မပိုင်ဆိုင်ရသေးပါ။ သူမကို ပိုင်ဆိုင်ပြီးပါက လင်းဖန်လည်း ရှားဝမ်ချွေ့ကို ဒီအတိုင်းပဲ ခံစားစေချင်ပါသေးသည်။
စာချုပ်များကို ချုပ်ဆိုပြီး သိပ်မကြာလိုက်ပေ။ လင်းဖန် ဖုန်းထဲတွင် ငွေလွှဲမက်ဆေ့ချ် ဝင်လာခဲ့ပါသည်။
LV နဲ့ Chanel တို့က တစ်ပြိုင်နက်တည်း ကုမ္ပဏီထောက်ခံချက်ကြေးများကို လင်းဖန် ဘဏ်အကောင့်ထဲကို လွှဲပေးလိုက်ပါသည်။
သန်း ၁၂၀ ကို ဒီလိုနဲ့ ရရှိခဲ့သည်။
လင်းဖန် တုန်လှုပ်သွားပါသည်။
ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက်နှစ်ခု ရှာပေးဖို့ သူကူညီခဲ့သည်။ သို့သော် ရှားဝမ်ချွေ့က LV နဲ့ Chanel တို့ကို လင်းဖန်၏ အကောင့်ထဲ ငွေထည့်ပေးဖို့ ပြောခဲ့သည်။
လင်းဖန် ချက်ချင်းပဲ ရှားဝမ်ချွေ့ ရုံးခန်းထဲသို့ သွားခဲ့ပါသည်။
ရှားဝမ်ချွေ့က ရုံးခန်းထဲတွင်ထိုင်ကာ ခပ်လှမ်းလှမ်းက ရှုခင်းကို ငေးကြည့်နေသည်။
နေဝင်ဆည်းဆာအောက်တွင် သူမ၏ ဘေးဘက် မိန်းမလှလေးက ပြီးပြည့်စုံလှပါသည်။
နွေးထွေးသည့် နေရောင်က သူမကို ယိမ်းထိုးနေပြီး သူမ၏ သွေးသွယ်သော ကိုယ်လုံးကိုယ်ပေါက်လေးကို ဆွဲသားပေးနေ၏။ သူမ ထိုင်ခုံဘေးမှာ ထိုင်နေပြီး မိုးကုတ်စက်ဝိုင်းမှ ရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေပါသည်။
လင်းဖန်က ရှားဝမ်ချွေ့အနား လျှောက်သွားပြီး သူမ ပခုံးပေါ်တွင် လက်တင်လိုက်သည်။ သူမ မေးလိုက်သည်။ "ဘာဖြစ်လို့ ကိုယ့်ရဲ့ ဘဏ်အကောင့် အချက်အလက်တွေကို ဖြည့်လိုက်တာလဲ။"
ရှားဝမ်ချွေ့က မတ်တပ်ရပ်ကာ လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမ၏ အပြုံးတစ်ခုတည်းနဲ့ အရာရာကို သိမ်းပိုက်နိုင်ပါသည်။ "ဘာမှမဖြစ်ပါဘူး။ ငါ့အတွက် ဒီတိုင်း လုံခြုံအောင် သိမ်းထားတဲ့ ပိုက်ဆံပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင်ညလည်း ငါ့ပိုက်ဆံက နင့်ပိုက်ဆံဖြစ်လာမှာပဲလေ~" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
ထိုအချိန်တွင်... သူ တကယ် ခံနိုင်ရည် မရှိတော့ပါ။
ဒီလောက်လှပ၊ လိမ္မာပြီး ချစ်ဖို့ကောင်းသည့် ကောင်မလေးက ငွေရေးကြေးရေးလည်း စိတ်မဝင်စားပါ။
ဒီလိုကောင်မလေးမျိုးကို သူ ဘယ်မှာရှာနိုင်ဦးမည်နည်း။