ငါ သူ့ကို မကြာခင် လက်ထပ်တော့မှာ
Vol. 12 Ch. 178
လင်းဖန် တစ်ခုခုပြောဖို့ ကြံလိုက်စဥ် တံခါးတွင် ရပ်နေသည့် ရှုယန် နောက်ခံကားချပ်ကြီး တစ်ခုလို ဖြစ်လာသည်။
ရှုယန် : "ငါ့လခွီးထဲမှ... ဒီကို အရေးကြီးတာ တစ်ခုခုလုပ်ဖို့ လာခဲ့တာ ငါ့ကို ဒီလိုမျက်နှာပူအောင် လုပ်ရသလား။"
ရှုယန် စိတ်ဓာတ်များ ပြိုလဲသွားသည်။
ဒီလိုမျက်နှာပူစရာတွေနဲ့ ရုံးထဲမှာ နောက်ကို ဘယ်လို ရှင်သန်ရတော့မလဲ။
လင်းဖန်က ရှုယန်ကို ပခုံးပုတ်ကာ ပြောလိုက်ပါသည်။ "မင်းအသားကျသွားမှာပါ။"
ရှုယန်က လင်းဖန်ကို တိုးတိတ်စွာ ကြည့်လိုက်သည်။ "ငါ အရင်သွားနှင့်တော့မယ်။ ငါတစ်ယောက်တည်း နေချင်တယ်။"
ရှုယန်ထွက်သွားပြီးနောက် လင်းဖန်က ရုံးခန်း တံခါးကို ပိတ်လိုက်ပါသည်။
ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကိုကြည့်လိုက်သည်။ "မနက်ဖြန်က ထူးခြားတဲ့နေ့နော်။။ ငါ Keep Running နောက်ဆုံးပိုင်း ရိုက်ရမှာလေ။"
မနက်ဖြန်က ရှားဝမ်ချွေ့၏ မွေးနေ့မှန်း လင်းဖန် သိပါသည်။
အခု ဖွင့်ပြောချင်သော်လည်း လင်းဖန် စိတ်ထိန်းထားလိုက်ပါသည်။
မနက်ဖြန်က သူ့မိန်းမ၏ မွေးနေ့ ဖြစ်သည်။ ထို့ကြောင့် သူမကို စပရိုက် လုပ်ပေးရမည်။
လင်းဖန်က ခေါင်းငြိမ့်လျက်် ပြောလိုက်၏။ "အင်းပါ။ Variety Show တွေရိုက်တဲ့အခါ သတိထားဦး။"
ရှားဝမ်ချွေ့ အနည်းငယ် စိတ်ဆိုးသွားပါသည်။ သူမ လင်းဖန်ကိုကြည့်လိုက်၏။ "ဒါပဲလား"
လင်းဖန်က ပြန်မေးလိုက်သည်။ "ဘာကျန်သေးလို့လဲ"
ရှားဝမ်ချွေ့က စိတ်ဆိုးကာ လှည့်ထွက်သွားပါသည်။
မနက်ဖြန်က သူမ မွေးနေ့ဖြစ်သည်။ သို့သော်လည်း လင်းဖန်က မေ့နေပါသည်။
ဟွန်း။ သူမ နောက်ကို လင်းဖန်အား အရေးစိုက်မှာ မဟုတ်တော့ပါ။
ရှားဝမ်ချွေ့ ထွက်သွားပြီးနောက် လင်းဖန် ပြုံးလိုက်ပါသည်။
သူမ ပိုပြီးစိတ်ပျက်သွားလေလေ စပရိုက် ပိုပြီးဖြစ်လေလေပင်။
မနက်ဖြန်အတွက် အစီအစဥ်တွေ တန်းစီပြီး သူ ချထားပြီးပါပြီ။
Kepp Running နောက်ဆုံးပိုင်းသို့ သူသွားမည်ဖြစ်သည်။ မနက်ဖြန် နောက်ဆုံးပိုင်းအား တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်။
ထို့နေ့က အလွန်မျှော်လင့်ထားခဲ့ရသောနေ့ တစ်နေ့ ဖြစ်သည်။
လင်းဖန် ဆုံးဖြတ်ချက်ချပြီးပါပြီ။
ဒီနှစ်ပေါင်းများစွာအတွင်း ရှားဝမ်ချွေ့ရဲ့မွေးနေ့မှာ သူမနဲ့ အတူ မကျင်းပခဲ့ဖူးပေ။
မနက်ဖြန်က အကောင်းဆုံး အခွင့်အရေးဖြစ်၏။
သူမနဲ့ မွေးနေ့ပွဲတူတူကျင်းပသည့်အပပြင် လင်းဖန်က ရှားဝမ်ချွေ့ကို သူ့ကောင်မလေးလည်း ဖြစ်စေချင်ပါသည်။
ဒီလိုသာဆို သူတို့ နောက်ပိုင်း သတင်းဆိုးများ ထွက်မှာ စိုးရိမ်စရာ မလိုတော့ပါ။
မနက်ဖြန်ကစပြီး Keep Running ကို တိုက်ရိုက်ထုတ်လွှင့်ပြသတော့မည်။ လင်းဖန်က ရှားဝမ်ချွေ့မှာ သူ့ကောင်မလေးဖြစ်မှန်း ပရိတ်သတ်အားလုံးကို အသိပေးလိုက်ပါမည်။
ကောင်မလေးတစ်ယောက်ကို ပိုးပန်းသည့်အခါ သူမနဲ့ ဆက်ဆံရေးက ဒီလောက်ထိ ရောက်နေပြီ ဆိုပါက ပိုးပန်းဖို့ အလွန်လွယ်ကူပါသည်။
ရှားဝမ်ချွေ့နဲ့ သူတို့ တဖြည်းဖြည်း နီးစပ်လာနေသည်ဟု လင်းဖန်ခံစားမိသည်။
ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရသဖြင့် သူမကို တစ်ချက်တည်းနဲ့ အရယူရပါမည်။
ကြောင်မလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် သူသည်းမခံချင်တော့ပါ။
တစ်ဖက်တွင်တော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အတူတူ ထိုင်နေကြသည်။ ရှားဝမ်ချွေ့က အလွန် စိတ်ပျက်ကာ စုရှောင်းယွီကို ပြောလိုက်ပါသည်။ "ရှောင်းယွီ သူငါ့မွေးနေ့ကို မေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။"
"လင်းဖန်ရင်ထဲမှာ ငါ့နေရာက အရမ်းမြင့်တယ် ထင်ထားတာ။ ဒါပေမယ့် ဒီလိုမျိုး မထင်ထားဘူး...." ရှားဝမ်ချွေ့က ခေါင်းငုံ့လိုက်ပါသည်။
လင်းဖန်က အားလုံးကို မေ့သွားခဲ့သည်။ သူမ စိတ်ပျက်သင့်ပါသည်။
ကိုယ့်မိန်းမနဲ့ နှစ်ပတ်လည်နေ့ကို မေ့သွားလည်း ထိုနည်းလည်းကောင်း ဖြစ်နိုင်ပါသည်။ အသေတောင် အသတ်ခံရနိုင်ပါသည်။
ရှားဝမ်ချွေ့ အရင်တုန်းက တစ်ခါမှ စိတ်မဆိုးဖူးပါ။ သို့သော်လည်း ဒီတစ်ခေါက်တော့ သူမ တကယ် စိတ်ဆိုးပါသည်။
သို့သော်လည်း ရှားဝမ်ချွေ့ ထုတ်မပြချင်ပါ။ သူမ စိတ်ဆိုးတာထက် စိတ်ပျက်သွားမိတာ ဖြစ်ပါသည်။
လင်းဖန်ရင်ထဲမှာ သူမနေရာက အရမ်းမြင့်မားတယ် ထင်နေတာလား။
လင်းဖန်က သူမအပေါ်ထားတဲ့ ခံစားချက်တွေကို အထင်သေးခဲ့မိတာလား။
ဒီဆိုသာဆို လင်းဖန်က ဘာကြောင့် သူမ လက်ကို ကိုင်ပြီး ကုမ္ပဏီထောက်ခံချက်တွေကို ရှာပေးခဲ့တာလဲ။
"အစ်မဝမ်ချွေ့ စိတ်မဆိုးပါနဲ့။"
"ဆရာက အခုတလော အရမ်းအလုပ်များနေတာ။ သူမေ့သွားတာ သာမန်ပါပဲ။ သူ့ရင်ထဲမှာ နင်မရှိဘူးလို့ ထင်နေတာလား။ နင်မသိလောက်ပေမယ့် သူနင့်ကို ကြည့်တဲ့အချိန်တိုင်း သူ့မျက်လုံးတွေ အရောင်လက်နေတာပဲ~" စုရှောင်းယွီက ပြောလိုက်ပါသည်။
မနက်ဖြန် ဘာတွေဖြစ်မလဲဆိုတာ သူမ သိပါသည်။ သို့သော်လည်း ရှားဝမ်ချွေ့ကိုတော့ ပြောလို့ မဖြစ်သေးပေ။
လင်းဖန်လုပ်ထားသည့် အစီအစဥ်အားလုံးကို သူမ သိပါသည်။ သို့သော်လည်း ရှားဝမ်ချွေ့ကို ကြိုပြောလိုက်လို့ မရပေ။
လင်းဖန် သူမအတွက် ပြင်ဆင်ထားပေးသည့် စပရိုက် များစွာ ရှိပါသည်။
"ဟွန်း သူများတွေဆို မွေးနေ့အတွက် Crystal စားသောက်ဆိုင်မှာတောင် ဘိုကင်လုပ်ထားပေးသေးတယ်။ Crystal စားသောက်ဆိုင်တစ်ဆိုင်လုံးကို တစ်ယောက်ယောက်က ဘိုကင်လုပ်ထာားမှန်း ရှန်ဟိုင်းမြို့တစ်မြို့လုံးသိကြတယ်။ ငါ့မှာတော့ ဘာမှ မရဘူး" ရှားဝမ်ချွေ့က အနည်းငယ် အားကျစွာဖြင့် နူးညံ့စွာပြောလိုက်ပါသည်။
သိပ်မကြာသေးခင်က တစ်ယောက်ယောက် Crystal စားသောက်ဆိုင်ကို ဘိုကင်လုပ်ခဲ့သည်။
ထိုအချိန်တုန်းက ဝေ့ပေါ် ပေါ်မှာတောင် နာမည်ကြီးလာ၏။
သူမမွေးနေ့တွင် တစ်ယောက်ယောက်က Crystal စားသောက်ဆိုင်ကြီး တစ်ဆိုင်လုံးကို ဘိုကင်လုပ်ထားသည်။
သို့သော်လည်း လင်းဖန်ကတော့ ဒီလို ရိုမန့်တစ်ဆန်တာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်တာကို သူမ သိပါသည်။
သူမ လင်းဖန်ကို စမ်းသပ်နေခြင်းသာ ဖြစ်ပြီး လင်းဖန်က သူမ၏ မွေးနေ့ကို တကယ်ကြီး မေ့သွားခဲ့ပါသည်။
"ရှောင်းယွီ ငါ့ကို မနှစ်သိမ့်ပါနဲ့တော့။"
"သူ့ရင်ထဲက ငါ့နေရာကို အကြမ်းဖျင်း သိလိုက်ရပြီ" ရှားဝမ်ချွေ့က ပြောလိုက်ကာ မတ်တပ်ရပ်လိုက်ပါသည်။ သူမ အရင်တုန်းကလို ချစ်ဖို့ကောင်းအောင် မနေတော့ဘဲ အနည်းငယ် စိတ်ဓာတ်ကျနေ၏။
စုရှောင်းယွီက အမြန်လိုက်သွားပြီး ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်လိုက်ပါသည်။ "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အစ်မဝမ်ချွေ့ စိတ်မဆိုးပါနဲ့တော့။ ဆရာ့မျက်လုံးထဲမှာ နင်က အရမ်းလှပါတယ်။ ယောက်ျားတစ်ယောက်ကို အကဲခတ်တဲ့အခါ သူပြောတာကို မကြည့်နဲ့၊ သူလုပ်တာကိုပဲ ကြည့်တဲ့။"
စုရှောင်းယွီ၏ စကားလုံးများက ရှားဝမ်ချွေ့ ရင်ကို ထိသွားစေပါသည်။
ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်သည်။
သူမ ဆုံးဖြတ်ပြီးပါပြီ။
မနက်ဖြန် လင်းဖန် သူမကို လာမတွေ့ပါက နေ့တိုင်း လင်းဖန်ကို ကိုက်ပစ်မည်။
ရှားဝမ်ချွေ့ စိတ်မဆိုးတော့တာကို မြင်ပြီး စုရှောင်းယွီ သူမ ရင်ဘတ်ကို ထိကာ သက်ပြင်းချလိုက်ပါသည်။
သူမ ဉာဏ်ကောင်းလို့ ကံကောင်းသွားပါသည်။ မဟုတ်ပါက အစ်မဝမ်ချွေ့ တကယ် စိတ်ဆိုးသွားနိုင်ပါသည်။
သူမ ဘယ်လောက်ကြိုးစားထားသလဲဆိုတာကိုကြည့်ပြီး နောက်ပိုင်း သူမ ဆရာဆီကို ကျေးဇူး ပြန်ဆပ်ခိုင်းရမည်။
...
ထိုနေ့ညက လင်းဖန်တစ်ယောက် Bugatti La Voiture ကြီးနဲ့ ရှန်ဟိုင်းမြို့လမ်းမများတစ်လျှောက် မောင်းနှင်လာခဲ့သည်။
လင်းဖန် ရှားဝမ်ချွေ့ကို ပိုးပန်းဖို့ ဆုံးဖြတ်လိုက်ပြီးနောက် အလွန်အရေးကြီးသည့်ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပါသည်။
သူမကို ပိုးပန်းရုံနဲ့ မလုံလောက်သေးပါ။
လင်းဖန် ပရိုပို့စ် လုပ်ချင်ပါသေးသည်။
ဒါမှ ကြောင်မလေးက သူ့အနာဂတ်ထဲ ဝင်ရောက်လာမှာဖြစ်ပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ပေ။
ကောင်မလေးမှ ဇနီးလောင်းအဖြစ် တိုးတက်ဖို့ မြန်မြန်လုပ်ရမည်။
လင်းဖန်၏ Bugatti ကြီးက ရှန်ဟိုင်းမြို့ လမ်းမများတစ်လျှောက် လှပသောမြင်ကွင်း တစ်ခုကို ဖန်တီးလို့နေလေသည်။
"အားးး ပြိုင်ကာားကြီး Bugatti ကြီးဟဲ့"
"Bugatti ဆိုတာ ဘယ်လို ဘရန်းမျိုးလဲ။ သန်းချီပြီးတန်မယ့်ပုံပဲ"
"နင် နားမလည်ပါဘူး။ အဲ့တာ Limited Edition Bugatti ကြီးဟဲ့။ Bugatti La Voiture Noire က သန်းရာနဲ့ချီပြီး တန်ဖိုးရှိတယ်။"
"ငါမှတ်မိသွားပြီ။ ဒီပြိုင်ကားမျိုးပိုင်တာ တစ်ယောက်ပဲရှိတယ်။ အဲ့တာ လင်းဖန်ပဲ။"
"ဝိုး လင်းဖန်က ပြိုင်ကားကြီး မောင်းလာတာပဲ။ လင်းဖန်က ငွေကြယ်ပွင့်လည်း ဟုတ်တယ်။ အရမ်းလည်း ချောတယ်။"
"လင်းဖန် လင်းဖန် လင်းဖန်"
လမ်းတစ်လျှောက်တွင် ကောင်မလေးများစွာက အော်ဟစ်နေကြပါသည်။
သို့သော်လည်း ရှန်ဟိုင်းမြို့တွင်် Bugatti La Voiture Noire ကားကို သိသည့်လူက နည်းပါသည်။
လင်းဖန် ဇာတ်နိမ့်သာ နေခဲ့သည်။
လင်းဖန်က လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ရှေ့တွင် ကားကို ပါကင်ထိုးလိုက်သည်။ ရှန်ဟိုင်းမြို့က အလွန်အဆင့်မြင့်သော လက်ဝတ်ရတနာဆိုင်ကြီး ဖြစ်၏။
လင်းဖန်ဝင်သွားတော့ ဆိုင်ဝန်ထမ်းများစွာ၏ မျက်လုံးများ ဝိုင်းစက်သွားကြပြီး အားလုံး အနည်းငယ် စိတ်လှုပ်ရှားကုန်ကြပါသည်။
အဲ့တာ.... စူပါစတား လင်းဖန်ပဲ။
လင်းဖန်က ချောလွန်းပါသည်။
ဝင်ပေါက်မှာလည်း သန်းရာချီတန်ဖိုးရှိတဲ့ ပြိုင်ကားကြီးနဲ့။
ကောင်မလေးများ အနည်းငယ် စွဲလမ်းသွားကြ၏။
သို့သော်လည်း သူမတို့က အဆင့်မြင့် လက်ဝတ်ရတနာဆိုင်ကြီးမှ ဝန်ထမ်းများဖြစ်သဖြင့် ဣန္ဒြေရှိကြပါသည်။ ဘာမှ ထုတ်မပြဘဲ လင်းဖန် ဘေးကိုသာ တိုးတိတ်စွာ လျှောက်သွားကြသည်။
"မစ္စတာလင်း ကြိုဆိုပါတယ်ရှင်။ စိန်လက်စွပ် ကြည့်ချင်ပါသလား၊ စိန်လည်ဆွဲ ကြည့်ချင်ပါသလား။ ကျွန်မတို့မှာ ရှင့်ကောင်မလေးနဲ့ အရမ်း လိုက်ဖက်မယ့် အဆင့်မြင့် လက်ဝတ်ရတနာဘရန်းတွေ အများကြီး ရှိပါတယ်။"
ဆိုင်ဝန်ထမ်းမလေးက ချိုမြိန်စွာ ပြောလိုက်၏။
သူ အဆင့်မြင့် လက်ဝတ်ရတနာဆိုင်ထဲသို့ ဝင်လာတော့ ဝန်ဆောင်မှု ဆက်ဆံပုံများက အလွန်ကောင်းမွန်ပါသည်။
လင်းဖန်က ပြုံးလိုက်သည်။ မနက်ဖြန် ရှားဝမ်ချွေ့ ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကို ကြိုတင် စိတ်ကူးယဥ်ကြည့်နိုင်ပါပြီ။
လည်ဆွဲတွေနဲ့ စိန်လက်စွပ်တွေကို အချိန်မရွေး သုံးနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူမကို မကြာခင်မှာပဲ လက်ထပ်တော့မှာ မဟုတ်လား။