ဒီနေ့ ငါဖွင့်ပြောမယ်
Vol. 12 Ch. 179
"အင်း ကျွန်တော့်ကို နည်းနည်းလောက် ပြပေးပါဦး" လင်းဖန်က ပြုံးလိုက်ပါသည်။
"ဒီလည်ဆွဲလေးက Bulgari ကပါ။ Bulgari က အီတလီမှာ ၁၈၈၄ ခုနှစ်က စတင်ခဲ့တာလေ။ ကမ္ဘာကျော် အဆင့်မြင့် လက်ဝတ်ရတနာ ဘရန်းတစ်ခုပေါ့။ အဲ့ဒီဘရန်းနာမည်အောက်က လက်ဝတ်ရတနာတွေက ဒီဇိုင်းဆန်းသစ်မှုနဲ့ အရောင်အသွေးစုံလင်မှုတို့ကြောင့် လူသိများကြတယ်။ ကောင်မလေးတွေ ဝတ်ဖို့ အရမ်းလိုက်ဖတ်တယ်။ မစ္စတာလင်း ရှင့်ရဲ့ ကောင်မလေးသာ ဒီလည်ဆွဲကို ဝတ်လိုက်ရင် သေချာပေါက် အရမ်းလှသွားမှာပါ" ဆိုင်ဝန်ထမ်းက ပြုံးကာ ပြောလိုက်ပါသည်။ဓ
လင်းဖန်ရဲ့ ကောင်မလေး ဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာကိုတော့ ဆိုင်ဝန်ထမ်းက မေးမှာ မဟုတ်ပေ။
ဒါတွေက လင်းဖန်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သည်။
"အင်း ကြည့်ပါရစေ။ မဆိုးပါဘူး။ ကျွန်တော် ယူလိုက်မယ်။ ဘယ်လောက်လဲ။" လင်းဖန်က မေးလိုက်၏။
"ဒီ Bulgari လည်ဆွဲလေးက ၁၃၈,၀၀၀ ယွမ် တန်ပါတယ်။ မစ္စတာလင်း အမြင်ရှိသားပဲ။ ရှင့်ကောင်မလေးကတော့ ရှင့်လိုကောင်လေးမျိုး ရထားလို့ အရမ်းဝမ်းသာနေတော့မှာပဲ" အမျိုးသမီးဝန်ထမ်းက ပြုံးလိုက်ပါသည်။
"ကျွန်တော် ယူမယ်။ ထုတ်ပိုးလိုက်ပါ။"
"ကျွန်တော် စိန်လက်စွပ်တွေ ကြည့်ဦးမယ်... အင်း... ဒီတစ်ခုက ဘယ်လိုလဲ" လင်းဖန်က မေးလိုက်ပါသည်။ သူ စိန်လက်စွပ် တစ်ကွင်းကို ကြည့်လိုက်၏။ အဆိုပါ စိန်လက်စွပ်က တောက်ပနေကာ အလွန် ဆွဲဆောင်မှုရှိလွန်းနေပါသည်။
"မစ္စတာလင်း အမြင်ရှိလိုက်တာရှင်။ ဒီစိန်လက်စွပ်လေးက ကျွန်မတို့ဆိုင်ရဲ့ ရတနာလိုပါပဲ။ နာမည်အပြည့်အစုံက Van Cleef & Arpels Bonheur မင်္ဂလာလက်စွပ် လို့ ခေါ်ပါတယ်။"
"ဒီစိန်လက်စွပ်လေးမှာ အရမ်း လေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်။ Bonheur ဆိုတာက စိန်လို မာကျောပြီး ထာဝရတည်မြဲတဲ့အချစ်ကို ကိုယ်စားပြုတယ်။ Bonheur လက်စွပ်တွေရဲ့ သွန်းလုပ်တဲ့နည်းလမ်းက Van Cleef & Arpels ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေနဲ့ အရည်အသွေးတွေကို သဘောကျတဲ့လူတွေ အတွက်ပါ။ သူ့ရဲ့ ရိုးရှင်းတဲ့စတိုင်ကို Bonheur လက်စွပ်က ဖော်ပြထားတယ်။ စိန်ရဲ့ မျက်နှာပြင်ပေါ်က အပေါက်ပါတဲ့ ဒီဇိုင်းကြောင့် စိန်ရဲ့ အလင်းကို ပိုပြီး တောက်ပစေတယ်။ ဘေးမှာလည်း ကျောက်မျက်ရတနာတွေနဲ့ ခြယ်ထားတဲ့ ဘောင်လေးခုက စိန်ရဲ့ တောက်ပမှုကို ပိုလေးနက်စေတယ်" အမျိုးသမီး ဝန်ထမ်းက ပြောလိုက်ပါသည်။
"ဒီစိန်လက်စွပ်စျေးက ၃၄၈,၀၀၀ ပါ။ လက်ခံနိုင်မယ်လို့ ထင်လား။" အမျိုးသမီးဝန်ထမ်းက ပြောလိုက်ပါသည်။
"ထုပ်လိုက်ပါ။ ကျွန်တော် ကတ်နဲ့ ရှင်းမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ ဒီနေ့ စိတ်ရွှင်နေသဖြင့် စျေးတောင် မဆစ်ချင်တော့ပါ။ လည်ဆွဲနဲ့ စိန်လက်စွပ်တို့နှစ်ခုပေါင်း ၅၀၀,၀၀၀ အောက် ရှိသည်။
လင်းဖန် စိန်လက်စွပ်အတွက် စျေးမဖြတ်ချင်ပေ။ သူ့မိန်းမအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ငွေနည်းနည်းလောက် ပိုသုံးရလည်း ကိစ္စမရှိပါ။ သူ ငွေဆုံးရှုံးသွားရင်တောင် အများကြီး မဟုတ်လောက်ပေ။
ထို့အပြင် အဆင့်မြင့် လက်ဝတ်ရတနာဆိုင်များတွင် ပုံမှန်အားဖြင့် အလိမ်ခံရမှာလည်း မဟုတ်ပေ။ လင်းဖန်က စိတ်မပူပါ။
"ကောင်းပါပြီ မစ္စတာလင်း။ ရှင်က ကျွန်မတို့ လက်ဝတ်ရတနာဆိုင်ရဲ့ မန်ဘာဝင် ဖြစ်သွားပါပြီ။ ကျွန်မတို့ ၁၀ ရာခိုင်နှုန်းလျှော့စျေး ပေးပါ့မယ်။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။"
"ပရိုပို့စ်လုပ်တာ အောင်မြင်ပြီး ကောင်မလေးနဲ့ တစ်သက်တာ ပျော်ရွှင်မှုကို ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။" အမျိုးသမီးဝန်ထမ်းက တောက်ပစွာ ပြုံးလိုက်ပြီး လင်းဖန်အတွက် အားလုံးကို ထုပ်ပိုးပြင်ဆင်ပေးလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ်" လင်းဖန်ကခေါင်းငြိမ့်လိုက်သည်။
ရှားဝမ်ချွေ့နဲ့ တစ်သက်လုံး ပျော်ရုံနဲ့ မလုံလောက်သေးပါ။
သူမနဲ့ ကလေး နည်းနည်းလောက် မွေးရပါဦးမည်။
သူ့မှာ ရွေးချယ်စရာ မရှိပေ။ သူက အလွန်ချောကာ ရှားဝမ်ချွေ့ကလည်း အလွန်လှပ၏။ သူတို့မွေးမည့် ကလေးများက သေချာပေါက် မိန်းမလှလေးလေးများ၊ သို့မဟုတ် ကောင်ချောလေးများ ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း လင်းဖန်က သမီးလေး ပိုလိုချင်သည်။ ဘာပဲဖြစ်ဖြစ် သမီးများက အရင်ဘဝတုန်းက အဖေများ၏ ချစ်သူများ ဖြစ်ကြသည်။ သားတစ်ယောက်သာ ရလိုက်ပါက သားက သူနဲ့ ပြိုင်ပြီး သူ့မိန်းမကို လုနေနိုင်ပါသည်။
နောက်ပိုင်း သူ နာမည်ကျော် ထပ်မလုပ်ချင်တော့လျှင် သူတို့ အိမ်မှာပဲနေပြီး ဘဝကို ပျော်ပျော်နေလို့ ရပါသည်။ ဒီလိုလှပသည့် မိန်းမ၊ ချစ်ဖို့ကောင်းသည့် ကလေးမျိုးနဲ့ဆို သူ့ဘဝက အလွန်ပျော်ရွှင်ဖွယ် ကောင်းလိမ့်မည်။
ဒီလိုဘဝကောင်းကောင်းမျိုး ရနိုင်ဖို့ လိုအပ်ချက်တော့ ရှိပါသည်။
မနက်ဖြန် သူချစ်ခွင့်ပန်ရာမှာ အောင်မြင်မှ ရပါမည်။
အနည်းဆုံးတော့ သူ့ကောင်မလေးဖြစ်လာအောင် အရင်လုပ်နိုင်ရမည်။
နောက်ပိုင်း သူ့ရဲ့ ပရိုပို့စ်ကိစ္စကို ဖြည်းဖြည်းချင်း စီစဥ်သွားနိုင်ပါသည်။
သို့သော်လည်း လင်းဖန် သည်းမခံနိုင်ဘဲ ရှားဝမ်ချွေ့ကို ချက်ချင်း ပရိုပို့စ်လုပ်လိုက်တာလည်း ဖြစ်နိုင်သည်။
သူ့ကောင်မလေးဆိုတာထက် ဇနီးသည် ဖြစ်လာရင် ပိုမကောင်းဘူးလား။
ဘာမှန်း မသိလိုက်ဘဲ နောက်တစ်နေ့သို့ ရောက်လာခဲ့ပါသည်။
ဒီနေ့က ရှားဝမ်ချွေ့၏ မွေးနေ့ ဖြစ်သည်။
ရှားဝမ်ချွေ့က နေ့ဘက်တွင် Keep Running နောက်ဆုံးပိုင်းကို ရိုက်ကူးဖို့ ထွက်သွားခဲ့ပါသည်။
ညဘက်မှာတော့ Keep Running ကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်၏ ဖုန်းမြည်လာခဲ့၏။
"ညီလေးဖန် ကျုပ်က Keep Running ဒါရိုက်တာ လင်းဟုန်ပါ။ ကျုပ်တို့ ဒီနေ့ည ၂၁:၃၀ လောက်မှာ Crystal စားသောက်ဆိုင်နား ရောက်လိမ့်မယ်။"
"အဲ့အချိန်ကျရင် ရှားဝမ်ချွေ့ရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့အတွက် အင်တာနက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်မယ်။ မင်းက Crystal စားသောာက်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင်လုပ်ထားပြီးပြီ မဟုတ်လား။ ဒါပေမယ့် ရှားဝမ်ချွေ့ကို စပရိုက် လုပ်ဖို့ Crystal စားသောက်ဆိုင်ကိုတော့ ကြိုသွားထားရမယ်" လင်းဟုန်က ပြောလိုက်ပါသည်။
"ကိစ္စမရှိပါဘူး။ ဒါပေမယ့် သူ့ကိုတော့ ကြိုမသိစေနဲ့နော်" လင်းဖန်က ပြုံးလိုက်ပါသည်။
"ဟုတ်ပါပြီ ညီလေးဖန် နားလည်ပါပြီ” လင်းဟုန်က ခေါင်းငြိမ့်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့က ရှားဝမ်ချွေ့ မွေးနေ့ဖြစ်သည်။ သူမအတွက်တော့ အလွန့်အလွန်အရေးပါပါသည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မည်ဆိုတာက ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို ကျင်းပပေးဖို့ လင်းဖန်ကိုယ်တိုင် အခမ်းအနားမှာ ရောက်နေမည်ဟု ဆိုလိုသည်။
ထိုအချိန်တွင် တီဗီကြည့်နေသူတိုင်းကို သူနဲ့ ရှားဝမ်ချွေ့တို့ တွဲကြတော့မည်ဖြစ်ကြောင်း ကြေညာလိုက်တာနဲ့ ညီမျှပါသည်။
လင်းဖန်က ဒီနေ့ရောက်လာဖို့ စောင့်မျှော်နေခဲ့တာ ကြာပါပြီ။
ထို့နောက် စုရှောင်းယွီ၏ ဖုန်းသံမြည်လာသည်။
"ဆရာ နင်စိန်လက်စွပ် ဝယ်ပြီးပြီလား" စုရှောင်းယွီက မေးလိုက်ပါသည်။
"အားလုံး ဝယ်ပြီးပြီ" လင်းဖန်က ပြုံးလိုက်သည်။
"ဟီးဟီး ဆရာ နင်ငါ့ကို ကျေးဇူးတင်သင့်တယ်နော်။"
"ဒီနေ့ အစ်မဝမ်ချွေ့ မွေးနေ့ပွဲကို ကျင်းပပေးပြီး စိန်လက်စွပ်ကို ထုတ်လိုက်တာနဲ့ နင့်ကောင်မလေးဖြစ်ဖို့ကို အသာထားဦး။ သူ့ကို ပရိုပို့စ်လုပ်ရင်တောင် အောင်မြင်လောက်တယ်~" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။
"ဉာဏ်ကောင်းလိုက်တဲ့ဟာမလေး။ နင်ဘာလိုချင်လဲသာ ပြောလိုက်။ ငါ့ကိုကူညီတာ အလကား မဖြစ်စေရဘူး" လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။
စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဆရာ နင်ချက်ကျွေးတာ စားချင်တယ်။ နင်ချက်ကျွေးတာ စားရရင် ကျေနပ်ပြီ။"
လင်းဖန်က ခေတ္တ စဥ်းစားလိုက်သည်။ "နင့်ကို ငွေတွေ အများကြီးပေးမယ့် ကုမ္ပဏီထောက်ခံချက် တချို့ ရှာပေးရမလား။"
လင်းဖန်က ရှာထုတ်ကာ ခေါင်းခါလိုက်သည်။ "ဆရာ ငါငွေမလိုဘူး။ နောက်ပိုင်း ငါ့ကောင်လေး ဖြစ်လာတဲ့ ဘယ်သူ့ကိုမဆို ခန်းဝင်ပစ္စည်းအနေနဲ့ ၁ ဘီလီယံယွမ်ပေးမျာတဲ့။ အဲ့ဒီကောင်လေးကတော့ တင်တောင်းဖို့ တစ်ပြားတစ်ချပ်မှ ထုတ်စရာ မလိုဘူး။"
လင်းဖန် "..."
သူ့ကိုယ်သူ ချမ်းသာလွန်းနေပြီဟု ထင်ခဲ့မိသည်။
တကယ့်သူဌေးတွေနှင့်ယှဉ်လျှင် အလွန် ခြားနားနေသေးမှန်း မသိခဲ့ပါ။
နောက်ပိုင်း စုရှောင်းယွီကို လက်ထပ်နိုင်မည့်လူကတော့ အလွန်ပျော်ရွှင်ပါလိမ့်မည်။
အရေးအကြီးဆုံးက စုမိသားစုက မိသားစုကြီး တစ်ခု ဖြစ်သည်။ စုရှောင်းယွီ၏ အဖေကလည်း ယောက်ျားလေးမိသားစုအတွက် မည်သည့် တောင်းဆိုချက်မှ မရှိလောက်ပါ။
ဒီကမ္ဘာကြီးတွင် စုရှောင်းယွီအဖေ၏ ကြွယ်ဝမှုက Bill Gates ထက် ကျော်လွန်ပြီး ကမ္ဘာပေါ်က အချမ်းသာဆုံးလူ ဖြစ်လာခဲ့သည်။
ယောက်ျားလေးဘက်က မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ စုရှောင်းယွီတို့၏ မိသားစုကိုတော့ ယှဥ်နိုင်မှာ မဟုတ်ပေ။
စုရှောင်းယွီကိုသာ ယောက်ျားလေး တစ်ယောက် လက်ထပ်လိုက်ပါက ချစ်ဖို့ကောင်းသည့် မိန်းမလှလေးလေး တစ်ယောက်ကို ဇနီးအဖြစ် ရရုံသာမကဘဲ လက်ထပ်ပြီးနောက် အလွန်အမင်း ပျော်ရွှင်ရနိုင်ပါသည်။
ထို့အပြင် စုရှောင်းယွီတို့မိသားစုက သူ့ကို ခန်းဝင်ငွေ ၁ ဘီလီယံယွမ်လည်း ပေးဦးမည်။
ဘယ်သူမဆို မက်မောသွားချင်စရာပင်။ လင်းဖန်ကတော့ ခြွင်းချက် ဖြစ်၏။
လင်းဖန် သက်ပြင်းချလိုက်ပါသည်။ သနားရာ ရှုယန်လေး။ သူသာ စုရှောင်းယွီလို့ ကောင်မလေးမျိုးကို ရှာနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
နောက်ဆုံးမှာတော့ ရှုယန်က လင်းကျင်းကျင်းနဲ့ တွဲနေသည့်ပုံပင်။ ဒါလည်း မဆိုးလှပါ။
စုရှောင်းယွီ အနာဂတ်မှာ ဘယ်သူ့ကို လက်ထပ်ရမလဲဆိုတာကတော့ အနည်းငယ် ဒုက္ခများစရာ ဖြစ်ပါသည်။
လင်းဖန် ခေါင်းခါလိုက်သညသ်။ ဒါက သူတွေးနေရမည့်အရာ မဟုတ်ပေ။
လင်းဖန် သတင်းတွေကို မြင်ဖူးပါသည်။ အာဖရိကန်နိုင်ငံတစ်ခုက သူဌေးတစ်ယောက်၏ သမီးက အလွန်ချမ်းသာသည်ဟုဆိုသည်။ သို့သော်လည်း သူ့သမီးက အနည်းငယ် ဝနေ၏။ တက်ထိုင်လိုက်လျှင် ကျိုးကြေနိုင်သော ဝခြင်းမျိုး ဖြစ်၏။
ဒီသူဌေးက သူ့သမီးကို လက်ထပ်မည့် ဘယ်သူ့ကိုမဆို မီလီယံဆယ်နဲ့ ချီပြီး ပေးလိမ့်မည်။
သူတို့ ငွေအများကြီး ရနိုင်သော်လည်း ထိုလူ့၏ အိမ်ထောင်ရေးဘဝကတော့ အနည်းငယ် နာကျင်စရာ ဖြစ်ပါသည်။
သာမန်ယောက်ျားလေးတွေကတော့ ခံနိုင်ရည် မရှိလောက်ပါ။
ဒါမျိုးကို ကြိုမြင်သဖြင့် စုရှောင်းယွီ လက်ထပ်နိုင်မှာတောင် မဟုတ်လောက်ဘူးဟု လင်းဖန် ခံစားမိပါသည်။
စုရှောင်းယွီတို့ မိသားစုက ချမ်းသာလွန်း၏။ သူမကို မည်သူက လက်ထပ်ရဲမည်နည်း။ သူမကို ညဘက်မှာ နာကျင်အောင် လုပ်ပါက သူမအဖေက နောက်တစ်နေ့ကျလျှင် သူ့နောက်လိုက်ပြီး အစိတ်အစိတ် အမွှာမွှာ ခုတ်ထစ်ပစ်နိုင်သည်။ ဘာမှန်း မသိလိုက်ဘဲ ညနေခင်း ၆ နာရီပင် ထိုးနေပါပြီ။ လင်းဖန်က Bugatti ကားကြီးကို မောင်းကာ ထွက်လာခဲ့သည်။
ဒီနေ့ည ရှားဝမ်ချွေ့နဲ့တူတူ သူမ၏ မွေးနေ့ကို ကျင်းပမည်။
လင်းဖန် ဒီနေ့အတွက် ပြင်ဆင်ထားခဲ့တာ ကြာပါပြီ။
နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီဖြစ်သည်။
သူနဲ့ ရှားဝမ်ချွေ့တို့ ရင်းနှီးခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ဒီနေ့တော့ လင်းဖန် တရားဝင် ခြေလှမ်းလှမ်းတော့မည်။
သူ့တစ်ဘဝလုံးကို သူမတစ်ယောက်တည်းနဲ့သာ ဖြတ်သန်းတော့မည်ဖြစ်သည်။