ဒီမွေးနေ့ကို နင်နဲ့ အတူ ကျင်းပမှာပါ
Vol. 12 Ch. 180
Keep Running ရိုက်ကူးရေးနေရာတွင်…
တစ်နေကုန် အလုပ်များနေခဲ့သော ရှားဝမ်ချွေ့တစ်ယောာက် ကားထဲတွင် အိပ်ပျော်နေပါသည်။ နောက်ဆုံးမှာတော့ သူမ တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ပျက်သွားမိ၏။
အရင်တုန်းက လင်းဖန်နဲ့ အတူ သူမ၏ မွေးနေ့ပွဲကို မဖြတ်သန်းနိုင်ခဲ့ပါ။
ဒီနှစ်လည်း အတူတူပဲ ဖြစ်သည်။
သူမရင်ထဲမှာတော့ လင်းဖန်နဲ့ မွေးနေ့ပွဲကို အတူတူ ကျင်းပနိုင်ဖို့ မျှော်လင့်မိနေဆဲ ဖြစ်ပါသည်။
မွေးနေ့ပွဲတစ်ခုလောက်က အရေးမကြီးသော်လည်း ဒါက ရှားဝမ်ချွေ့နှစ်ပေါင်းများစွာ စွဲလမ်းခဲ့ရသော အရာ ဖြစ်ပါသည်။
Keep Running ကို ရိုက်ကူးနေကြသည့် ဧည့်သည်နဲ့ နာမည်ကျော်များစွာ ရှိနေသည်။
ရှားဝမ်ချွေ့နဲ့ ကားထဲမှာ အတူထိုင်နေသည့်လူက စူပါစတား လင်းခယ့်ရှင်း ဖြစ်ပါသည်။
"အစ်မဝမ်ချွေ့ Happy Birthday ပါ~" လင်းခယ့်ရှင်းက ပြုံးလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ်" ရှားဝမ်ချွေ့က ပြန်ပြုံးပြလိုက်ပါသည်။
"အစ်မဝမ်ချွေ့ လင်းဖန်က ဒီနေ့ မွေးနေ့ပွဲအတူ လာကျင်းပပေးမှာလား" လင်းခယ့်ရှင်းက မေးလိုက်ပါသည်။
တခြားသူတွေသာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို မသိလောက်မည်။ လင်းခယ့်ရှင်းကတော့ သိပါသည်။
သူတို့ စုံတွဲတွေ မဖြစ်သေးရင်တောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက အလွန်ကောင်းသည်။
ထို့အပြင် Keep Running မှ လူတိုင်းကလည်း လင်းဖန် လာမှာကို သိနေကြပါသည်။
ရှားဝမ်ချွေ့နဲ့ လင်းခယ့်ရှင်းတို့သာ မသိခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဒီနေ့ Keep Running ကို ရိုက်ကူးနေစဥ် လင်းခယ့်ရှင်းနဲ့ ရှားဝမ်ချွေ့တို့ တစ်ချိန်လုံးနီးပါး အတူတူ ရှိနေခဲ့ကြသည်။
"သူ... မလာလောက်ပါဘူး။"
"မွေးနေ့တစ်ခုပါပဲ။ ဘာမှ အရေးမကြီးပါဘူး" ရှားဝမ်ချွေ့က ပေါ့ပါးစွာ ပြုံးလိုက်ပါသည်။ အပြင်ပိုင်းမှာ ဂရုမစိုက်ချင်ယောာင်ဆောင်လိုက်သည်။
မိန်းကလေးတစ်ယောက်အနေနဲ့ သူမ သဘောကျသည့် ကောင်လေးက မွေးနေ့ကို မေ့သွားလျှင် အနည်းဆုံးတော့ အနည်းငယ် စိတ်ပျက်သွားပါလိမ့်မည်။
လင်းခယ့်ရှင်းက ရှားဝမ်ချွေ့ကိုကြည့်ကာ ပြုံးလိုက်ပါသည်။ "အစ်မဝမ်ချွေ့ မိန်းမတွေရဲ့ ဆဌမအာရုံနဲ့ ကြည့်လိုက်ရင် သူ မမေ့လောက်ဘူးလို့ ကျွန်မ ထင်တယ်။"
"အစ်ကိုလင်းဖန်က ဘယ်လိုလူမျိုးမို့လို့လဲ။ သူက ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ပဲ။ သူ့ဇာတ်ညွှန်းတွေက အရမ်းကောင်းပြီး ဒါရိုက်တာကောင်းတစ်ယောက်လည်း ဖြစ်တယ်။ ဒီလောက် စေ့စပ်တိကျတဲ့ ကောင်လေးတစ်ယောက်က အစ်မမွေးနေ့ကို မေ့ပါ့မလား" လင်းခယ့်ရှင်းက ပြောလိုက်သည်။
"ဒါမှမဟုတ်... သူ အစ်မရှေ့မှာ တမင်သက်သက် မေ့ချင်ယောင်ဆောင်လိုက်တာ နေမှာပေါ့" လင်းခယ့်ရှင်း၏ အပြုံးက ချစ်ဖို့ကောင်းပါသည်။ သူမက ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရထားသူ ဖြစ်သည်။ သူမ တစ်ခါမှ ရည်းစား မထားဖူးသော်လည်း အလွန်ဉာဏ်ထက်ပါသည်။
"နင့်ကို မယုံပါဘူး။ များများ မျှော်လင့်ထားရင် များများ စိတ်ပျက်ရတတ်တယ်" ရှားဝမ်ချွေ့က လျှာထုတ်ကာ ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ အဲ့အကြောင်း မပြောကြရအောင်။ ဒီမှာ ကင်မရာကြီးလည်း ရှိတယ်။ ဒီလိုမြင်ကွင်းသာ ထုတ်လွှင့်တဲ့အထဲ ပါသွားရင် လင်းဖန်နဲ့ ငါနဲ့ကြား တစ်ခုခု ရှိနေတယ်လို့ အားလုံး ထင်မသွားနိုင်ဘူးလား။" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
လင်းခယ့်ရှင်းက ရှားဝမ်ချွေ့၏ ပခုံးပေါ်တွင် မှီကာ ပြောလိုက်ပါသည်။ "အစ်မဝမ်ချွေ့ အစ်မနဲ့ သူကြား တကယ်လည်း တစ်ခုခု ရှိနေတာာပဲကို။ အစ်မတို့က အရမ်းလိုက်ဖက်လွန်းလို့ ကျွန်မတောင် နည်းနည်း အားကျလာပြီ။"
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားသည်။ "ဖယ်စမ်းပါ~"
လင်းခယ့်ရှင်းက ပို၍ပင် ကပ်လာပါသည်။ "ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူး~"
ရှားဝမ်ချွေ့၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသာ တကယ်ရောက်လာနိုင်ခဲ့လျှင်...။
တိုက်ရိုက်ထုတ်လွှင့်မှုရှေ့မှာ သူတို့နှစ်ယောက်ကို မြင်သွားလည်း ဘာဖြစ်လဲ။
သူနဲ့ သူမ မွေးနေ့ပွဲကို အတူတူ ကျင်းပနိုင်လျှင် အကောင်းဆုံးပဲ မဟုတ်လား။
ရုတ်တရက်ကြီး ရှားဝမ်ချွေ့ အနည်းငယ် ပျာယာခတ်သွားပါသည်။
သူမ မော့ကြည့်လိုက်ပြီး ရင်ထဲတွင် စူးခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ဒီလိုရုတ်ခြည်းဆန်သည့် နိမိတ်ကြောင့် ရှားဝမ်ချွေ့မျက်နှာ ဖြူရော်သွားခဲ့ပါသည်။
တခြား နေရာတစ်ခုမှာတော့။
ရှန်ဟိုင်းမြို့ လမ်းမပေါ်တွင်။
ရှန်ဟိုင်းမြို့ လမ်းမတစ််ခုပေါ်တွင်....။
ညနေ ၆ နာရီ ၂၃ မိနစ်။
ကားအက်စီးဒင့်တစ်ခု ဖြစ်သွားခဲ့သည်။
Bugatti La Voiture Noire ကြီး နှစ်ပိုင်း ကျိုးသွားခဲ့သည်။
လေအိတ်ကြီးလည်း ထွက်နေ၏။
လင်းဖန်တစ်ယောက် ကားထဲမှာ သတိလစ်နေပါပြီ။
သူ့ခေါင်းပေါ်က သွေးများက မြေပေါ်သို့ စီးကျနေ၏။
လွန်ခဲ့သည့် ၁ မိနစ်လောက်က လင်းဖန် Crystal စာားသောက်ဆိုင်ဆီသို့ ကြိုရောက်အောင် မောင်းနှင်နေခဲ့သည်။ သို့သော်လည်း အက်စီးဒင့်တစ်ခု ဖြစ်ပွားခဲ့၏။
လူကူးမျဥ်းကြားပေါ်တွင် ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက် ရှိခဲ့၏။ သူမက အသက် ၈ နှစ်လောက်သာ ရှိဦးမည်။ သူမ လူကူးမျဥ်းကြားတွင် ဖြတ်ကူးနေစဥ် သူမရှေ့က ကားတစ်စီးက အထိန်းအကွပ် ကင်းမဲ့သွားခဲ့၏။ ဘရိတ်နဲ့ စတီယာရင်လည်း အလုပ် မလုပ်တော့ပေ။ ထိုကားက ကလေးမလေးဆီသို့ တဟုန်ထိုး ပြေးလွှားနေသည်။
ကလေးမလေးက ကြောက်လန့်သွားပြီး ဘယ်ကို ပြေးရမှန်းတောာင် မသိတော့ပေ။
လမ်းမပေါ်တွင် ၆၀km/h နှုန်းဖြင့် မောင်းနှင်နေသဖြင့် ကလေးမလေး သေသွားနိုင်ပါသည်။
အရေးပေါ်အချိန်တွင် လင်းဖန်၏ Bugatti ကားကြီးက ပြေးဝင်လာပြီး ဗန်ကားကြီးနဲ့ တိုက်သွားပါသည်။
လင်းဖန်က ဗန်ကားထဲက ဒရိုင်ဘာနဲ့ ကလေးမလေးကို ကယ်တင်လိုက်ခြင်းဖြစ်သည်။
သူ ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်တွင် လင်းဖန် လုံးဝ နောင်တမရခဲ့ပေ။
သူက သူတော်စင်လည်း မဟုတ်သလို နတ်ဘုရားလည်း မဟုတ်ပါ။ ဗန်ကားကို စိတ်နဲ့ ရပ်တန့်သွားအောင် မလုပ်နိုင်ပေ။
လူကူးမျဥ်းကြားပေါ်က ကလေးမလေးက သက်ရှိလူသားတစ်ယောက်ဖြစ်သောကြောင့်ပင်။
လင်းဖန်က သူမကို အန္တရာယ်ထဲ ပစ်ထားခဲ့လို့ မဖြစ်ပေ။
ဒါက လူသားတစ်ယောက်အနေနဲ့ သူ့ခံယူချက် ဖြစ်သည်။ အဘွားအိုတစ်ယောက် လမ်းမပေါ် လဲကျသွားတာကို လျစ်လျူရှုမည် မဟုတ်ပါ။
လင်းဖန်လို လူမျိုး ကမ္ဘာကြီးထဲမှာ အများကြီး ရှိနိုင်ပါသည်။
ဥပမာအားဖြင့် အချိန်တစ်ခုတွင်၊ မြို့တော်တစ်ခု၌ ကြီးမားသော မတော်တဆမှုကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူရဲကောင်းပေါင်းများစွာက လူတွေကို တွန့်ဆုတ်မှု မရှိဘဲ ကယ်တင်ခဲ့ကြသည်။
လင်းဖန်က သူ့ကိုယ်သူ မြင့်မြတ်သူ၊ သူရဲကောင်းတစ်ယောက်ဟု တစ်ခါမှ မထင်ဖူးပါ။
သူ လုပ်သင့်တာကိုပဲ လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်တုန်းက ကလေးမလေးကို ကယ်တင်နိုင်တာ သူတစ်ယောက်သာ ရှိသည်။
ည ၈ နာရီခွဲအချိန်။
လင်းဖန် ရှန်ဟိုင်းမြို့က ဆေးရုံတစ်ခုကို ရောက်နေပါသည်။
အပြင်ဘက်မှာ စောင့်နေသည့် ကလေးမလေးက ကယ်တင်ခံလိုက်ရသည့် ကောင်မလေး ဖြစ်ပါသည်။
ကလေးမလေး၏ နာမည်က ထျန်ရှင်းရန် ဖြစ်သည်။ သူမ မိဘနှစ်ယောက်စလုံးက ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့ရ၏။ သူမ၏ ဆွေမျိုးများနဲ့ သူငယ်ချင်းများက သူမကို ဝန်ထုပ်ဝန်ပိုးလို သဘောထားခဲ့ကြသည်။ သူမ မိဘများကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
သူမ တံခါးအပြင်ဘက်မှာ ဆိုးဆိုးရွားရွား ငိုကြွေးခဲ့ရ၏။
သူမက ဂြိုဟ်ဆိုးတစ်ခုလိုပင်။
သူမ မိဘများ သေဆုံးသွားခဲ့သည်။
သူမကို ကယ်တင်ခဲ့သည့် အစ်ကိုကြီးလင်းဖန်ကိုလည်း ထိခိုက်အောင် လုပ်မိခဲ့၏။
ကလေးမလေးက အရပ်မရှည်ပါ။ သူမ မျက်နှာပေါ်မှာလည်း ဖုန်မှုန့်သဲမှုန့်များ ကပ်နေသည်။ သူမ အဝတ်အစားများက ဖာထေး၊ စုတ်ပြဲနေကာ အနည်းငယ် ညစ်ပေနေသည်။ သို့သော်လည်း ထျန်ရှင်းရန်က အလွန်လှပပါသည်။
ထျန်ရှင်းရန်ဘေးမှာတော့ ကောင်မလေးတစ်ယောက်က စိတ်သောကများဖြင့် လောင်ကျွမ်းကာ ထိုင်နေခဲ့ပါသည်။