ဒီမွေးနေ့ကို နင်နဲ့အတူ ကျင်းပမှာပါ(၂)
Vol. 13 Ch. 181
စုရှောင်းယွီလည်း ရှိနေသည်။
လမ်းမပေါ်မှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စက ရေပန်းစားနေပါပြီ။
Keep Running ဒါရိုက်တာအဖွဲ့ကလည်း Bugatti La Voiture Noire က လင်းဖန်၏ ပြိုင်ကားမှန်း မှတ်မိကြပါသည်။
ရိုက်ကူးရေးလုပ်နေစဥ် ဖုန်းကိုင်လို့ မရသဖြင့် ရှားဝမ်ချွေ့က ဒီအကြောင်းကို မသိခဲ့ပါ။
ဒါရိုက်တာအဖွဲ့ သိလိုက်ရပြီးနောက် စုရှောင်းယွီကို လင်းဖန်အား ဆေးရုံမှာ သွားတွေ့ရန် ချက်ချင်း တောင်းဆိုခဲ့ပါသည်။
"အစ်မ အစ်ကိုကြီး ဘယ်လိုနေလဲ" ထျန်ရှင်းရန်က ငိုကြွေးရင်း မေးလိုက်ပါသည်။ သူမ နူးညံ့စွာဖြင့် ရှိုက်ငိုနေဆဲဖြစ်သည်။ သူမက ပိန်လှီနေပြီး အစားမစားရတာ ရက်အနည်းငယ်လောက် ရှိပါပြီ။
"အစ်ကိုကြီးက အဆင်ပြေမှာပါ စိတ်မပူပါနဲ့~" စုရှောင်းယွီက ကလေးမလေးကို နှစ်သိမ့်လိုက်ပါသည်။ သူမ အလွန်တည်ငြိမ်သည့်ပုံပေါက်သော်လည်း အနည်းငယ်တော့ စိတ်ထဲမှာတော့ ပျာယာခတ်နေဆဲ ဖြစ်သည်။
ဆေးရုံသို့ရောက်ရှိပြီးနောက် လင်းဖန်က အရေးပေါ်ကုသမှု ခံယူခဲ့ရသည်။
လင်းဖန် ရှားဝမ်ချွေ့နဲ့ အတူ မွေးနေ့ပွဲကျင်းပဖို့ ၁ နာရီသာ လိုတော့သောာ်လည်း ဒီလို အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရသည်။
လင်းဖန် အက်စီးဒင့်ဖြစ်သွားခဲ့သည်။
ရှားဝမ်ချွေ့ကို ဒီအကြောင်း မပြောပြရသေးပါ။
ဆန်းကြယ်မှုတစ်ခုဖြစ်ပေါ်ဖို့ကို စုရှောင်းယွီ စောင့်မျှော်နေသောကြောင့်ပင်။
လင်းဖန် သေချာပေါက် အဆင်ပြေလိမ့်မည်ဟု သူမ ခံစားမိပါသည်။
လင်းဖန် အဆင်ပြေမှာပါ။
လင်းဖန်က မကြာခင် မတ်တပ်ပြန်ရပ်ပြီး ရှားဝမ်ချွေ့ကို ချစ်ခွင့်ပန်နိုင်မှာပါ။
သူမရဲ့ ဆရာလို လူမျိုး ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ။
သူမ စဥ်းစားကြည့်လိုက်သောအခါ စုရှောင်းယွီ၏ မျက်လုံများ နီရဲလာ၏။
စုရှောင်းယွီသည် ဖုန်းကိုကိုင်လိုက်ပြီး သူမ အဖေကို ဖုန်းဆက်လိုက်ပါသည်။
"အဖေ အကောင်းဆုံးဆရာဝန်တစ်ယောက်ကို သိလား။ အက်ဆီးဒင့်ဖြစ်သွားတဲ့ သမီးသူငယ်ချင်း တစ်ယောက်ရှိနေလို့။ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူး" စုရှောင်းယွီက မေးလိုက်သည်။ သူမက အရင်ကလို ချွဲနွဲ့ပြီး ချစ်ဖို့ မကောင်းတော့ပါ။ ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။
"သိတယ်။ သူက သမီးအတွက် အရမ်းအရေးပါလို့လား" စုရှောင်းယွီ၏ အဖေက ခေတ္တ တိတ်ဆိတ်သွားပြီး မေးလိုက်ပါသည်။
စုရှောင်းယွီက ခေါင်းငြိမ့်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါသည်။ "သူက သမီးအတွက် အရေးအကြီးဆုံးလူပဲ။ တခြားသူသေတာဘာမှ မဖြစ်ဘူး။ သူတော့ သေလို့ မဖြစ်ဘူး။"
"ဆေးရုံလိပ်စာ သမီးပို့ပေးလိုက်ပြီအဖေ။ ဒီနေ့ တောင်းဆိုစရာတစ်ခုရှိတယ်။ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ သူ့ကို ရအောင် ကုသပေးဖို့ ဒေါက်တာကို တောင်းဆိုပေးပါ။"
စုရှောင်းယွီဒီလောက် လေးလေးနက်နက်စကားပြောတာကို သူမ အဖေပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်ပါသည်။
စုရှောင်းယွီ ငယ်ငယ်လေးကတည်းက ဒီလောက်ထိ မလေးနက်ဖူးပေ။
"သူ့ကို သမီးသဘောကျလို့လား" စုရှောင်းယွီ အဖေက မေးလိုက်ပါသည်။
စုရှောင်းယွီ ခေတ္တ တိတ်ဆိတ်သွားကာ တိုးတိုးတိတ်တိတ် ပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "အဖေ မဖြစ်နိုင်တာတွေကို မမေးပါနဲ့။"
စုရှောင်းယွီ အဖေက ပြန်ပြောလိုက်ပါသည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ ငါ့သမီးက အရမ်းတော်တာပဲကို"
စုရှောင်းယွီက ခေါင်းကိုမော့ကာ ကောင်းကင်ပေါ်ကို ကြည့်လိုက်ပါသည်။ သူမ မျက်ရည်များက တိုးတိတ်စွာ စီးကျလာသည်။ "ဘာလို့လဲဆိုတော့... အချိန်မှန် မဟုတ်သေးလို့ပါ။"
စုရှောင်းယွီ၏ အဖေက ဆက်မေးသည်။ "နားလည်ပါပြီ။ အဲ့လိုဆိုရင်တောင် သူ့ကို ကယ်ချင်သေးတာလား။"
စုရှောင်းယွီက မတွန့်ဆုတ်ဘဲ ပြန်ပြောလိုက်ပါသည်။ "အဖေ အဲ့နှစ်ခုက ဆိုင်မှ မဆိုင်တာာ။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်း နေနိုင်ဖို့ပဲ သမီး မျှော်လင့်တယ်။ အဲ့တာဆို လုံလောက်ပြီ။ မဖြစ်နိုင်တာ တစ်ခုကြောင့် သူ့ကို မကယ်ဘဲ ပစ်ထားလိုက်ရမှာလား။"
"အဖေ ဒါက သမီး အဖေ့ကို ပထမဆုံး တောင်းဆိုဖူးတဲ့ အရာပါ။ သူ့ကို ဘာမှ မဖြစ်စေချင်ဘူး။ ကျေးဇူးပြုပြီး သူ့အတွက် အတော်ဆုံးဒေါက်တာကို မြန်မြန်သာ ဆက်သွယ်ပေးပါ။”
ဖုန်းချပြီးနောက် စုရှောင်းယွီ အနည်းငယ် တည်ငြိမ်သွားပါသည်။
သူမ စိတ်ခံစားချက်များကို ပြန်ထိန်းသိမ်းလိုက်ပြီး ထျန်ရှင်းရန်ကို ပြန်ကြည့်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး မကြောက်နဲ့နော်။ အစ်မ ရှိရင် အစ်ကိုကြီးက သေချာပေါက် အဆင်ပြေမှာပါ" စုရှောင်းယွီက ပြောလိုက်ပါသည်။
ည ၉ နာရီအချိန်။
ခွဲစိတ်ခန်း တံခါး ပွင့်လာခဲ့သည်။
စုရှောင်းယွီက အမြန်မတ်တပ်ရပ်လိုက်ပြီး ဒေါက်တာကို ကြည့်လိုက်ပါသည်။ "ဒေါက်တာ သူ့အခြေအနေ ဘယ်လိုရှိလဲ။"
ဒေါက်တာက ပြုံးကာ ပြောလိုက်၏။ "ကံကောင်းထောက်မလို့ Bugatti ရဲ့ လုံခြုံရေးစနစ်တွေက တော်တော်ကောင်းတယ်။ သူ အသေးစားဒဏ်ရာလေးတွေပဲရပြီး သွေးထွက်လွန်သွားတာကြောင့် သတိလစ်သွားတာပါ။ သူနည်းနည်းလောက် နားလိုက်ရင် အဆင်ပြေပါပြီ။"
စုရှောင်းယွီက ချက်ချင်းပြောလိုက်ပါသည်။ "တော်သေးတာပေါ့ ဒေါက်တာရယ်။ ကျွန်မ သူ့ကို ဝင်ကြည့်လို့ရမလား။"
ဒေါက်တာက ခေါင်းငြိမ့်လိုက်ပါသည်။ "ရပါတယ်။"
စုရှောင်းယွီက ထျန်ရှင်းရန်ကို ကြည့်ကာ ပြုံးလိုက်ပါသည် "ရန်ရန် အစ်ကိုကြီးက ဘာမှမဖြစ်ဘူးတဲ့။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့တော့။"
ထျန်ရှင်းရန်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော့ကြည့်ကာ ပြောလိုက်ပါသည်။ "သမီးလည်း အစ်ကိုကြီးကို သွားကြည့်ချင်တယ်~"
အခန်းထဲဝင်လိုက်သောအခါ ခေါင်းပေါ်မှာ ပတ်တီးနဲ့ လင်းဖန်ကို တွေ့လိုက်ရပါသည်။ စုရှောင်းယွီက ပြန်ချစ်ဖို့ကောင်းသွားကာ ပြောလိုက်ပါသည်။ "ဆရာ နင်ဘာမှမဖြစ်ဘူးပဲ။ ငါအရမ်းစိတ်ပူသွားတာ"
လင်းဖန်က ပြုံးလိုက်သည်။ "ငါ ဘာမှ မဖြစ်ပါဘူး။ ကလေးမလေးနာမည်က ဘယ်သူတဲ့လဲ။"
ကလေးမလေးက လင်းဖန်ကိုကြည့်ပြီး ချက်ချင်းပဲ မြေပေါ်တွင် ဒူးထောာက်လိုက်ပါသည်။ သူမ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေ၏။
ဒီလိုမြင်လိုက်ရသောအခါ လင်းဖန် ချက်ချင်းပဲ ကလေးမလေးကို ဆွဲထူပေးချင်သည်။ ကလေးမလေး တစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုလုပ်ခိုင်းရက်မည်နည်း။
"မြန်မြန် ပြန်ထပါ။ ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ" လင်းဖန်က အနည်းငယ် စိတ်ဆိုးကာ ကလေးမလေးကို ကြည့်လိုက်ပါသည်။
"အစ်ကိုကြီး သမီးနာမည်က ထျန်ရှင်းရန်ပါ။ ရန်ရန်လို့ခေါ်လို့ ရပါတယ်။ သမီးမှာ အဖေလည်း မရှိတော့ဘူး။ အမေလည်း မရှိတော့ဘူး။ ကင်ဆာကြောင့် နှစ်ယောက်လုံး ဆုံးသွားပြီ။"
"အစ်ကိုကြီး သမီးအသက်ကို ကယ်လိုက်တာပါ။ အစ်ကိုကြီး ဘာမှ မဖြစ်လို့ တော်သေးတာပေါ့။ သမီး ဒူးထောက်တာက သမီးအသက်ကို ကယ်တဲ့အတွက် ကျေးဇူးပြန်ဆပ်ချင်လို့ပါ။"
"အခုချိန်ကစပြီး အစ်ကိုကြီးဘေးမှာ သမီး တစ်သက်လုံး အလုပ်လုပ်ပေးပါ့မယ်။ သမီး ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက်တတ်ပါတယ်..." ထျန်ရှင်းရန်က လေးနက်စွာ ပြောလိုက်ပါသည်။
"နင့်ကို ငါအလုပ်မလုပ်ခိုင်းပါဘး။ နင့်ဆွေမျိုးတွေကို ငါကူရှာပေးမယ် ဟုတ်ပြီလား" လင်းဖန်က တောက်ပစွာ ပြုံးလိုက်သည်။
"အစ်ကိုကြီး သမီးမှာ ဆွေမျိုးလည်း မရှိတော့ဘူး။ သမီးဆွေမျိုးတွေက သမီးကို အလိုမရှိဘူး။ အစ်ကိုကြီးက ကောင်းကင်ပေါ်က နတ်ဘုရား လီရှောင်းယောင် မဟုတ်လား။ အစ်ကိုကြီးက အရမ်းတော်တာပဲ။ သမီးအသက်ကို ကယ်ပေးတဲ့အတွက် အစ်ကိုကြီးရဲ့ အဝတ်တွေကို လျှော်ပေးပြီး အစ်ကိုကြီးအတွက် ချက်ပြုတ်ပေးပြီးတော့ ကျေးဇူးပြန်ဆပ်ပါ့မယ်" ထျန်ရှင်းရန်က ခေါင်းမာစွာ ပြောလိုက်ပါသည်။
ကလေးတစ်ယောက်က ကျေးဇူးပြန်ဆပ်ရမယ်ဆိုတာကို သိပါသည်။ သူမက အလွန်နုံအသော်လည်း ဖြူစင်ပါသည်။
ထိုကလေးမလေးကို ကြည့်ကာ လင်းဖန်က ပြုံးလိုက်ပြီး ထျန်ရှင်းရန်၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ "အဲ့တာဆို ငါက နင့်ရင်ထဲမှာ နတ်ဘုရားတစ်ပါးလိုပေါ့။ နင့်မှာ ဆွေမျိုး အပေါင်းအသင်း၊ မိဘတွေ မရှိတော့ဘူးဆိုတော့ နောက်ကို ငါ့ဘေးမှာပဲနေတော့"
လင်းဖန်က ထိုကလေးမလေးကို ကူညီပေးချင်ပါသည်။
ဒီလူနေမှုဘဝတွင် သူမကို ဘယ်သူမှ မကူညီချင်ပါက လင်းဖန် ကူညီပါမည်။
အဘယ့်ကြောင့်ဆိုသော် ကလေးမလေး၏ မျက်လုံးထဲတွင် သူက နတ်ဘုရားတစ်ပါးဖြစ်နေသောကြောင့်ပင်။
ဘာကြောင့်မှန်းမသိလိုက်ပဲ သူက ကလေးမလေး၏ ရင်ထဲမှာ သူရဲကောင်းကြီးတစ်ယောက် ဖြစ်လာခဲ့ပါသည်။
အမှန်ပင်။ ထျန်ရှန်းရန်ကို သူ့အတွက် အိမ်မှုကိစ္စများ လုပ်ပေးဖို့ ခိုင်းစေမှာတော့ မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ အစ်မကြီးကို ဒီနေ့ည ချစ်ခွင့်ပန်မှာ မလား။ သမီး လက်စွပ်ဗူးလေး ကောက်ထားတယ်" ထျန်ရှင်းရန်က လက်စွပ်ဗူးလေးကို ကိုင်ကာ လင်းဖန်ကို ပေးလိုက်ပါသည်။
"ရန်ရန်က အရမ်းဉာဏ်ကောင်းတာပဲ" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့အကြောင်း စဥ်းစားလိုက်မိပါသည်။ သူ့လက်ပတ်နာရီကိုကြည့်လိုက်၏။ ၉ နာရီ ၅ မိနစ်ရှိနေပါပြီ။
Keep Running တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်ခင် ၂၅ မိနစ်လိုပါသေးသည်။
"ရှောင်းယွီ ဒီလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့ကို Crystal စားသောက်ဆိုင် လိုက်ပို့ပေးပါလား။ ရှားဝမ်ချွေ့မွေးနေ့မှာ သူနဲ့ အတူ ဖြတ်သန်းပေးချင်လို့ပါ" လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြုံးလျက် ပြောလိုက်ပါသည်။
"ဆရာ ဒီလိုပုံကြီးနဲ့ အဆင်ပြေပါ့မလား။ ဘယ်လို ခံစားနေရလဲ။ ပြဿနာ တစ်ခုခုရှိရင် ငါသွားခွင့်မပေးဘူးနော်" စုရှောင်းယွီက ပြောလိုက်ပါသည်။
လင်းဖန်က ခေါင်းခါလိုက်သည်။ "ငါဘာမှမဖြစ်ပါဘူး။ ဒီတိုင်း ဦးခေါင်းခွံခြစ်မိရုံလေးပဲ။"
လင်းဖန်က ပြူတင်းပေါက်အပြင်ကို ငေးလျက် ပြောလိုက်သည်။ "ရှောင်းယွီ ငါဒီနေ့သွားမှ ဖြစ်မှာ။ ဒီနေ့က သူ့မွေးနေ့လေ။ သူ့မွေးနေ့ကို သူနဲ့အတူ မကျင်းပခဲ့ရတာ နှစ်တွေအများကြီးကြာပြီ။ ငါ ၂ လကျော်တောင် စီစဥ်ထားခဲ့ရတာ။ နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ။"
ဒါက လင်းဖန်၏ စိတ်ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။
ရှားဝမ်ချွေ့လည်း ဒီနေ့အတွက် စောင့်ဆိုင်းနေခဲ့တာ ကြာပြီဖြစ်မှန်း သိပါသည်။
သူလည်း ဒီနေ့ကို စောင့်နေခဲ့ရတာကြာပြီ။
အရင်တုန်းက ပြင်ဆင်ထားခဲ့သမျှက ဒီနေ့အတွက်သာ ဖြစ်လေ၏။
အက်ဆီးဒင့်ဖြစ်ခဲ့သော်လည်း သူ့ကို ထိခိုက်မှု မရှိစေခဲ့ပါ။
ကံကောင်းစွာဖြင့် သူ မောင်းနှင်နေတာ Bugatti ကားကြီး ဖြစ်သည်။ ပြိုင်ကား၏ လုံခြုံရေးစနစ်များက အတော်လေး ကောင်းမွန်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်ခင် ၂၅ မိနစ် လိုသေး၏။
အဆိုပါ ၂၅ မိနစ်နဲ့ လင်းဖန် ရိုက်ကွင်းကို အပြေးသွားဖို့ လုံလောက်ပါသည်။
သို့သော်လည်း ဒီပတ်တီးတွေနဲ့ သွားလျှင် ကြည့်လို့တော့ ကောင်းမည် မဟုတ်သော်လည်း အဆင်ပြေပါသည်။
သူမရဲ့ မွေးနေ့က ပိုအရေးကြီးသည်။
စုရှောင်းယွီက ခေါင်းငြိမ့်လိုက်၏။ "ဆရာ။ နင့်ခန္ဓာကိုယ်ကိုတော့ ဂရုစိုက်နော်~ အခုပဲ နင့်ကို ခေါ်သွားပေးမယ်။"
သူတို့ အောက်ထပ်ကို ရောက်တော့ စုရှောင်းယွီက ကားတစ်စီးခေါ်ကာ လင်းဖန်နဲ့ ထျန်ရှင်းရန်တို့ကို ဦးတည်ရာသို့ လိုက်ပို့ပေးလိုက်ပါသည်။
ဒီနေ့က ထူးခြားသော နေ့တစ်နေ့ ဖြစ်၏။
ဘယ်လောက်ပဲ ခက်ခဲပါစေ၊ လင်းဖန် ရှားဝမ်ချွေ့ကို သွားတွေ့ရမည်။
နောက်ဆုံးတော့ ၉ နာရီ ၂၉ မိနစ်ရှိနေပါပြီ။
တိုက်ရိုက်ထုတ်လွှင့်မှု နောက်ဆုံးတော့ စတင်တော့မည်။
အားလုံးလည်း Crystal စားသောက်ဆိုင်မှာ ရောက်နေကြလေပြီ။
ဒီနေ့က အလွန်ခမ်းနားသော ပွဲတော်တစ်ခု ဖြစ်လာလိမ့်မည်။
တိုက်ရိုက်ထုတ်လွှင့်မှု စခါနီးအချိန်တွင် ဒါရိုက်တာ လင်းဟုန်က ရှားဝမ်ချွေ့ကိုကြည့်လိုက်ပြီး အမှန်တိုင်း ပြောလိုက်ပါသည်။
လင်းဖန် ဒီ့အတွက် စီစဥ်ထားခဲ့တာကြာပါပြီ။
သူ့ပန်းတိုင်က ဒီအချိန်လေးကို စောင့်နေဖို့ ဖြစ်သည်။
"ဝမ်ချွေ့ ညနေ ၆ နာရီဝန်းကျင်လောက်က လင်းဖန် ကားအက်ဆီးဒင့်ဖြစ်ပြီး ဝေ့ပေါ် ပေါ်မှာ နာမည်ကြီးသွားတယ်။"
"အဲ့တာကြောင့် ရှားဝမ်ချွေ့ကို လင်းဖန်ဆီ အရင်သွားကြည့်ခိုင်းလိုက်တယ်။ ကံကောင်းလို့ လင်းဖန် ဘာမှ မဖြစ်ဘူး။ ဒဏ်ရာအသေးစားလေးတွေပဲ ရတယ်။ ဒီ Crystal စားသောက်ဆိုင်ကိုလည်း လင်းဖန်ပဲ ဘိုကင်ယူထားခဲ့တာ"
"အထဲဝင်လိုက်ပါ။ လင်းဖန် နင့်ကို စောင့်နေတယ်။"
"သူပြောတာက ... ဒီနေ့က နင့်မွေးနေ့တဲ့။"
"ဘာတွေပဲဖြစ်ဖြစ်..."
"ဒီမွေးနေ့ကို နင်နဲ့အတူ ကျင်းပမှာတဲ့"