ရှားဝမ်ချွေ့ Happy Birthday
Vol. 13 Ch. 182
ကမ္ဘာကြီးထဲက အကြည့်တွေအားလုံး ဒီနေရာမှာ လာစုဆုံနေသည့်ပုံပင်။
ရှားဝမ်ချွေ့ တံခါးဝမှာ ရပ်နေပြီး သူမမျက်လုံးများက မှင်သက်နေပါပြီ။
လွန်ခဲ့သည့် လပိုင်းလောက်က Crystal စားသောက်ဆိုင်ကို ဘိုကင်ယူခဲ့သူမှာ လင်းဖန် ဖြစ်နေသည်။
သူမ၏ မွေးနေ့ကိုတောင် မသိဘူးဟု လင်းဖန် ပြောခဲ့ပါသည်။
ဒါဆို လင်းခယ့်ရှင်းပြောတာ အမှန်ပဲပေါ့။
ယောက်ျားတစ်ယောက်ကို အကဲခတ်တဲ့အခါ အပြောကိုမကြည့်ဘဲ လုပ်ရပ်ကိုကြည့်ရတယ်တဲ့။
လူတစ်ယောက်၏ အကြည့်နှင့် သူတို့၏ လုပ်ရပ်များက ဘယ်တော့မှ မလိမ်ညာတတ်ပါ။
နှစ်ပေါင်းများစွာတိုင်အောင် လင်းဖန်နဲ့ အတူတူ သူမ မွေးနေ့ပွဲကို ဖြတ်သန်းဖို့ အခွင့်အရေး မရခဲ့ပေ။
ဒီနေ့တော့ သူရောက်နေပြီ။
ပျော်စရာကောင်းပြီး ကြည်နူးဖွယ် ကိစ္စဖြစ်သည်။ သို့သော်လည်း ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများက အနည်းငယ် နီရဲနေပါသည်။
ထို့ကြောင့်လည်း သူမရင်ထဲ စူးရှသည့် နာကျင်မှုတစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့် ၂ နာရီခန့်က လင်းဖန် ကားအက်ဆီးဒင့်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။
ကားအက်ဆီးဒင့်ဖြစ်တာတောင် လင်းဖန်က သူမ မွေးနေ့ပွဲကို လာကျင်းပပေးနေဆဲ ဖြစ်၏။
လင်းဖန်ဘာကြောင့် အရမ်းရူးမိုက်ရတာလဲ။
ရှားဝမ်ချွေ့၏ မျက်လုံးလေးများက အနည်းငယ် နီရဲသွားပါသည်။
ဒါရိုက်တာအဖွဲ့ထဲက လူအားလုံး သက်ပြင်းချလိုက်ကြသည်။
အစကတော့ သူတို့ နောက်ဆုံးအချိန်အထိ လင်းဖန်ကို ကူညီဖုံးကွယ်ထားပေးချင်ခဲ့ပြီး ရှားဝမ်ချွေ့အား လင်းဖန် စပရိုက် ပေးနိုင်အောင် ကူညီပေးချင်ခဲ့ပါသည်။
သို့သော်လည်း အခုတော့ သူတို့ရှားဝမ်ချွေ့ကို ပြောလိုက်ရပါသည်။
လင်းဖန် ဘာလုပ်ခဲ့သလဲဆိုတာကို ရှားဝမ်ချွေ့အား သူတို့ ပြောခဲ့ရပါသည်။
အင်တာနက်ပေါ်တွင် ကျဲ့ကျန့်ရုပ်သံတွင် ခမ်းနားသည့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ရှိနေပါသည်။
ကင်မရာရိုက်ချက်က ရှားဝမ်ချွေ့အပေါ်မှာပဲ ပုံသေ ရှိနေခဲ့သည်။
တိုက်ရိုက်ကြည့်ရှုသူများစွာက ညဘက်တွင် ဝေ့ပေါ် ပေါ်မှ ရေပန်းစားအကြောင်းအရာကို မြင်ခဲ့ကြပါသည်။
ကလေးမလေး၏ အသက်ကို ကယ်တင်ဖို့အတွက် လင်းဖန်က အထိန်းအကွပ် ကင်းမဲ့သွားခဲ့သည့် ဗန်ကားကြီးကို တမင်တကာ ဝင်တိုက်ခဲ့ပါသည်။
သန်းရာချီတန်ဖိုးရှိသည့် Bugatti ကြီးလည်း စုတ်ပြတ်သွားပြီ။
လင်းဖန်လည်း ဒဏ်ရာရခဲ့သည်။
ဗန်ကား ဒရိုင်ဘာက ဒဏ်ရာအနည်းငယ်သာ ရပြီး ကလေးမလေးက ဒဏ်ရာ လုံးဝ မရခဲ့ပါ။
လင်းဖန်၏ လုပ်ရပ်က သူတို့အသက်တွေကို ကယ်တင်ပေးသွားခြင်း ဖြစ်သည်။
သူက အနုပညာလောကထဲက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်များစွာ၏ အိုင်ဒေါဖြစ်သူ လင်းဖန်ပဲ ဖြစ်ပါသည်။
"ဝိုး ငါငိုချင်လာပြီ..."
"ရှားဝမ်ချွေ့မွေးနေ့အတွက် Crystal စားသောက်ဆိုင်ကို ဘိုကင်ယူခဲ့တာ လင်းဖန်ပဲပေါ့။"
"လင်းဖန် ဘယ်လိုနေသေးလဲ။ Bugatti ကြီးကတော့ စုတ်ပြတ်သွားပြီထင်တယ်။ လင်းဖန်က အသက်နှစ်ချောင်းကို ကယ်တင်ခဲ့နိုင်တာပဲလေ။ ငါသူ့ပရိတ်သတ်ဖြစ်ရကျိုး နပ်တယ်။ အခုချိန်ကစပြီး လင်းဖန်က ငါ့အိုင်ဒေါပဲ။ ငါ့မင်းသားလေးပဲ။"
"အီးဟီးဟီး လင်းဖန် ဒဏ်ရာရပြီး ဆေးရုံတောင် တင်ထားရတာကို ရှားဝမ်ချွေ့ မွေးနေ့ဖြစ်လို့... ရှားဝမ်ချွေ့ဆီ အရောက်လာခဲ့တယ်။"
"ချိုမြိန်လိုက်တဲ့ ချစ်ခြင်းပါလား။ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ ရှားဝမ်ချွေ့ကလည်း လင်းဖန်ကြောင့် အကြင်နာပေးခန်း တစ်ခါမှ မရိုက်ကူးခဲ့ဘူး။ တစ်နှစ်လောက်အထိ ဇာတ်ညွှန်းတွေ လက်မခံခဲ့ဘူး။ လင်းဖန် အနုပညာလောကထဲ ဝင်လာမှ ရှားဝမ်ချွေ့လည်း သူနဲ့အတူ အကြင်နာပေးခန်းတွေ၊ အချစ်ရေး ဇာတ်ဝင်ခန်းတွေ စရိုက်လာတာ။ သူတို ရိုက်ထားတဲ့ အချစ်ရေးဇာတ်ဝင်ခန်းကလည်း အရမ်းချိုမြိန်တာပဲ ငါသူတို့ကို ချစ်တယ်။"
"သူတို့ အချစ်ရေးဇာတ်ဝင်ခန်းတွေက အရမ်း ချိုမြိန်နေပြီလို့ထင်ထားတာ။ အခုလက်တွေ့ဘဝမှာလည်း ဒီလူနှစ်ယောက် ဘယ်လောက်တောင် ချိုမြိန်လဲဆိုတာ သိလိုက်ရပြီ။ လင်းဖန်က ကားအက်ဆီးဒင့် ဖြစ်ခဲ့တာတောင် ရှားဝမ်ချွေ့မွေးနေ့မှာ အတူတူ ဖြတ်သန်းချင်တုန်းပဲ။"
"ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ ကျေးဇူးပြုပြီး အခုတွဲကြပါတော့။"
"နင်တို့နှစ်ယောက်က အနုပညာလောကထဲမှာ အကောင်းဆုံး စုံတွဲပဲ။ အရင်တုန်းက ကောလဟာလတွေတောင် ထွက်ထားသေးတယ်။ ဒါက ဘယ်လိုလုပ်ပြီး ကောလဟာလေ ဖြစ်တော့မှာလဲ။ အရမ်းပျော်ဖို့ကောင်းတဲ့ ချစ်ခြင်းမျိုးပဲ။"
"လင်းဖန် လင်းဖန် လင်းဖန်"
တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုက ဆက်တိုက်တက်လာနေသည်။
တစ်သန်း၊ နှစ်သန်း၊ သုံးသန်း...
မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုက သန််းဆယ်ချီသွားသည်။
ဒီနေ့ တစ်ကမ္ဘာလုံး အာရုံစိုက်နေကြပါသည်။
ဒီနေ့က ရှားဝမ်ချွေ့ မွေးနေ့လည်း ဖြစ်၏။
ဒီနေ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူများထဲတွင် ပရိတ်သတ်များစွာက မျက်ရည်တောင် ကျနေပါပြီ။
ရိုက်ကွင်းတွင် စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်း၊ ထျန်ရှင်းရန်တို့အားလုံး ရှားဝမ်ချွေ့၏ နောက်ကျောကို အပြုံးဖြင့် ကြည့်နေခဲ့ပါသည်။
စုရှောင်းယွီ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ဒါက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားက အချစ် ဖြစ်သည်။
သူမကတော့ တကယ်ပဲ အချိန်မှားတွင် ရောက်လာခဲ့သူ ဖြစ်သည်။
သို့သော်လည်း ကိစ္စ မရှိပါ။ တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ သူမက ချစ်ဖို့ကောင်းသည့် ခွေးမလေး စုရှောင်းယွီ ဖြစ်နေရင် လုံလောက်ပါပြီ။
ရှုယန်က ပြုံလိုက်ပါသည်။ တစ်ချိန်တုန်းက သူ သဘောကျခဲ့သည့်လူက ရှားဝမ်ချွေ့ဖြစ်သည်။
နောက်တော့ ရှားဝမ်ချွေ့ အန္တရာယ်တစ်ခု ကျရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတစ်ယောက်က သူမနဲ့အိပ်ချင်ကာ အတင်းအကျပ် အရက်သောက်ခိုင်းခဲ့တုန်းက သူ မားမားမတ်မတ် ရပ်တည်ပြီး ရင်းနှီးမြှုပ်နှံသူကို မတိုက်ခိုက်ရဲခဲ့ပါ။
သို့သော်လည်း လင်းဖန်ကတော့ သူမအတွက် ရပ်တည်ပေးခဲ့ပါသည်။
ရှားဝမ်ချွေ့ ကပ်ဘေးတစ်ခုကို ကြုံလာတိုင်း သူမအတွက် ရပ်တည်ပေးသည့်လူက လင်းဖန်သာ ဖြစ်နေတတ်သည်။
ရှုယန် နောက်ဆုံးတော့ အချစ်စစ်ဆိုတာကို နားလည်သွားခဲ့ပါသည်။
နောက်ဆုံးတော့ လင်းဖန်ရှေ့မှာ ဘာကြောင့် ရှားဝမ်ချွေ့ ချစ်ဖို့ကောင်းနေရသလဲဆိုတာကိုလည်း နားလည်သွားခဲ့ပါပြီ။
ဒါက အကောင်းဆုံး စုံတွဲတစ်ခု၏ ပုံစံ ဖြစ်သည်။
ဧကန္တ ဟိုးအရင်ကတည်းက ရှားဝမ်ချွေ့ရင်ထဲက လူက လင်းဖန် ဖြစ်လောက်သည်။
ဘယ်သူမှ သူ့ကို အစားမထိုးနိုင်ပါ။
သူမတွင် ချစ်ဖို့ကောင်းသည့် ပုံစံရှိပြီး သူ့အတွက် ငိုကျွေးပေးသည့် ပုံစံလေးလည်း ရှိသည်။
သူမ တံခါးကို တွန်းဖွင့်လိုက်တော့ လှပသည့် အပြင်အဆင်များနဲ့ နွေးထွေးသော အလင်းရောင်တို့၏ ကြိုဆိုမှုကို ခံလိုက်ရလေသည်။
ဘေးပတ်လည်က အပြင်အဆင်များက အလွန်နွေးထွေးလှပါသည်။
သစ်သား ကြမ်းပြင်၊ ကျော့ရှင်းသည့် သလင်းကျောက် မီးဆိုင်းကြီးတစ်ခုနဲ့ သိမ်မွေ့သည့် မီးအလင်းရောင်တို့ ရှိနေသည်။
ကြမ်းပြင်ပေါ်တွင် ကော်ဇောနီရှည်ကြီးတစ်ခု ခင်းထားသည်။
အခန်းထဲရှိ နေရာတိုင်းတွင် ရှားဝမ်ချွေ့၏ ဓာတ်ပုံများ ရှိနေပါသည်။
ဘေးပတ်လည်မှာလည်း မိန်းမလှလေး စီခြယ်မှု များစွာရှိနေသည်။
ကြီးမားသော ထောင့်မှန််စတုဂံပုံစံ သင်္ကေတကြီး တစ်ခု ရှိနေ၏။
ထိုပေါ်တွင် စာသားတချို့ကို ရေးထားသည်။
[ ရှားဝမ်ချွေ့ Happy Birthday ပါ ]
ဒီမြင်ကွင်းကိုကြည့်ရင်း ရှားဝမ်ချွေ့၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူ ရှိနေတယ်။
သူ တကယ် ရှိနေတာပဲ။
ဒီလောက်နွေးထွေးဖို့ကောင်းသည့် အစီအစဥ်တစ်ခုကို မြင်ဖူးတာ အားလုံးအတွက်လည်း ပထမဆုံးအကြိမ် ဖြစ်ပါသည်။
စုရှောင်းယွီ၊ လင်းခယ့်ရှင်း၊ လင်းကျင်းကျင်း၊ တခြား ကောင်မလေးများစွာလည်း ကြည်နူးသွားကြသည်။
ဒီအစီအစဥ်တွေအားလုံးကို လင်းဖန်ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ ဖြစ်နိုင်သည်။
ဒီနေ့က ရှားဝမ်ချွေ့ မွေးနေ့ ဖြစ်၏။
လင်းဖန်အတွက်တော့ အရေးအကြီးဆုံး နေ့တစ်နေ့ ဖြစ်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်အားလုံး ထပ်ပြီး ဗြောင်းဆန်ကုန်ပါသည်။
"ရှားဝမ်ချွေ့ Happy Birthday"
"ချစ်တယ် ချစ်တယ် လင်းဖန်က အရမ်း တွေးတတ်တာပဲ~"
"နင်တို့နှစ်ယောက် အခု လပ်ထပ်လို့ရပြီ မဟုတ်လား"
"ရှားဝမ်ချွေ့ ပျော်ရွှင်စရာ မွေးနေ့ပါ"
"ငါ့မှာလည်း ဒီလောက်ကောင်းတဲ့ ကောင်လေး ရှိရင် ဘယ်လောက်် ကောင်းလိုက်မလဲ။ အားကျလိုက်တာ~"
"ဒီနေ့ ရှားဝမ်ချွေ့ ကခေါင်းဆောာင် မင်းသမီး ဖြစ်သွားပြီ။ Happy Birthday ပါ ချွေ့ချွေ့"
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်များက များပြားလွန်းသဖြင့် သေချာတောင် မမြင်ရတော့ပေ။
ရှားဝမ်ချွေ့ အထဲဝင်လာပြီး သူမရှေ့က စန္ဒရားကြီးတစ်လုံးကို မြင်လိုက်ရပါသည်။
စန္ဒရားရှေ့တွင် ဝတ်ကောင်းစားလှဖြင့် လူတစ်ယောက်ထိုင်နေသည်။
လင်းဖန်က ပုံမှန်ဆို ဝတ်ကောင်းစားလှများ တစ်ခါမှ မဝတ်ဖူးပါ။
အဘယ့်ကြောင့်ဆိုသော် သူ့ပုံမှန်နေ့စဥ်ဘဝမှာ လွတ်လွတ်လပ်လပ်သာ နေတတ်သောကြောင့် ဖြစ်သည်။ သက်တောင့်သက်သာ ရှိသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ဖို့ လိုပါသည်။
သို့သော်လည်း ဒီနေ့တော့ သူ့အမြင်မှာ ဒါက ခမ်းနားသည့် ပွဲတစ်ခု ဖြစ်သည်။
လင်းဖန်က စန္ဒရားရှေ့တွင် ထိုင်နေ၏။ ကင်မရာအားလုံးက သူ့ကို ချိန်ရွယ်ထားသည်။
ဝတ်ကောင်းစားလှနဲ့ နက်ကတိုင်ကို ဝတ်ဆင်ထားသည့် လင်းဖန်က ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်ရှိကာ ဝတ်စုံအနားသတ်များကလည်း ထက်ရှလှသည်။ ချောမောသော မျက်နှာထားနဲ့ သာမန်ထက် ထူးကဲသော အရှိန်အဝါမျိုးလည်း ရှိပါသည်။
ထိုနေရာတွင် ထိုင်နေသည့်အခါ ကမ္ဘာကြီးထဲက အရာအားလုံး အရောင်အဆင်း ကင်းမဲ့သွားသလိုပင်။
လက်ရှိ လင်းဖန်မှာ အလွန်ပဲ ချောမောလှပါသည်။
သူ့အရှိန်အဝါနဲ့ ထိုင်နေသည့်အနေအထားတို့ အားလုံးကို ကောင်းကင်ဘုံက ထုဆစ်ထားသလားဟု ထင်ရသည်။
သို့သော်လည်း လက်ရှိ လင်းဖန်က အလုံးစုံ ပြီးပြည့်စုံနေတာတော့ မဟုတ်ပေ။
သူ့ခေါင်းပေါ်မှာ အဖြူရောင် အစတစ်ခု ရှိနေ၏။
ဆေးကုသမှု ခံယူပြီးနောက် ကျန်ခဲ့သည့် အမှတ်အသားတစ်ခု ဖြစ်သည်။
သို့သော်လည်း အားလုံး၏ ရင်ထဲမှာတော့၊ ထိုနေရာတွင်ရှိနေသည့် ဒါရိုက်တာအဖွဲဲ့ဝင်များ၏ အမြင်မှာတော့၊
ထို့နောက် ရှားဝမ်ချွေ့၏ နှလုံးသားထဲမှာတော့....
လက်ရှိ လင်းဖန်က အပြီးပြည့်စုံဆုံး လူသားတစ်ယောက်သာ ဖြစ်ပါသည်။