← Chapters

မင်းကိုယ့်ကို လက်ထပ်နိုင်မလား

Vol. 13 Ch. 183

မင်းကိုယ့်ကို လက်ထပ်နိုင်မလား

Vol. 13 Ch. 183

ရှားဝမ်ချွေ့သည် လင်းဖန် ရှိရာဆီသို့ လျှောက်သွားလိုက်သည်။

ယနေ့ သူမ မိတ်ကပ် ပါးပါးလေး လိမ်းထားလျက် လူတိုင်း အကြည့်မလွှဲနိုင်အောင် လှပနေခဲ့သည်။

သူမက ဒီနေ့ရဲ့ ဇာတ်လိုက် မင်းသမီး ဖြစ်သည်။

ပြီးတော့ သူကလည်း ဒီနေ့ရဲ့ ဇာတ်လိုက် မင်းသားပါ။

စန္ဒရားသံ ပျံ့လွင့်လာကာ ရင်းနှီးနေသော တေးသွား တစ်မျိုးက လူတိုင်း၏ နားထဲ ဝင်ရောက်လာခဲ့သည်။

သူတို့ ဒီလို တေးသွားမျိုးကို အကြိမ်ပေါင်း များစွာ ကြားဖူးပါသည်။

သို့သော် ကြားဖူးနေကျ ထိုတေးသွားကိုပဲ လင်းဖန် တီးခတ်လိုက်သောအခါ လူတိုင်းသည် စန္ဒရားသံထဲမှာ နစ်မျောသွားကြရသည်။

စန္ဒရားသံက သာယာနာပျော်ဖွယ်ကောင်းကာ ဂီတတေးသွား သံစဉ်များဟာ လူတိုင်းရဲ့ နားထဲသို့ လွင့်မျောဝင်ရောက်လာခဲ့သည်။

ထို့နောက် လူတိုင်းသည် ရုတ်တရက်ပဲ လှပသော ပန်းချီကား တစ်ချပ်ထဲတွင် နစ်ဝင်သွားခဲ့ကြသည်။

လူတိုင်းရှေ့မှာ ပုံရိပ်တွေ ပေါ်လာခဲ့သည်။

လူတိုင်းသည် သူတို့ ထိုပုံရိပ်တွေထဲက နေရာမှာ သူတို့ပါ ကိုယ်တိုင်ကိုယ်ကျ ရှိနေရသလို ခံစားလိုက်ရသည်။

လူတိုင်း အပြည့်အဝ ‌မျောနစ်ပျော်ဝင်သွားခဲ့ကြသည်။

ဤသီချင်းက ခက်ခက်ခဲခဲ သီချင်း တစ်ပိုဒ် မဟုတ်ပေ။ ဒါပေမဲ့ ပရိသတ်တွေ အားလုံး ထိုသီချင်းကို ကြားလိုက်ချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။

အဲ့ဒါက တကယ့်ကို … ကောင်းကင်ဘုံက လာတဲ့ တေးသံသာပဲ။

တစ်စုံတစ်ယောက်ဟာ အရိုးရှင်းဆုံး တေးသွား တစ်မျိုးကို ကောင်းကင်ဘုံက လာတဲ့ တေးသံသာ တစ်မျိုး အဖြစ် အသွင်ပြောင်းလဲပေးနိုင်တာ ဒါ ပထမဆုံး အကြိမ်ပါပဲ။

သီချင်းက " Happy Birthday " ဖြစ်ပါသည်။

လင်းဖန်က စန္ဒရားရှေ့မှာ ထိုင်ကာ စန္ဒရားကို စတင် တီးလိုက်သည်။

" Happy birthday to you . "

" Happy birthday to you ~ "

" Happy birthday to you ~ "

" Happy birthday to you ~~~~ "

" Happy birthday to you . "

" Happy birthday to you ~ "

ခပ်ရိုးရိုး စာသား တစ်ကြောင်းချင်းစီတိုင်းမှာ မတူညီတဲ့ တေးသွားတွေ ရှိနေသည်။

စန္ဒရားတီးနည်းကို လေ့လာထားသူ အားလုံး နီးပါးပင် ထိုတေးသွားကို ဘယ်လို တီးရမလဲ ဆိုတာ သိ‌ကြသည်။ သို့သော် လူတိုင်းသည် ထိုတေးသွားကို လင်းဖန် တီးပြီးသွားချိန် အထိ အိပ်မွေ့ချခံထားရသလို နစ်မျောနေကြဆဲ ဖြစ်သည်။

ဘာလို့လဲ ဆိုတော့ … လင်းဖန်ရဲ့ စန္ဒရားတီး စွမ်းရည်က သိပ်ကို ထူးချွန်လွန်းပါသည်။

လူတိုင်းရဲ့ နှလုံးသားထဲကို အဲ့ဒီ တေးသွား ဝင်ရောက်နေချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ရောင်စုံ ပူဖောင်းတွေ လွင့်ကျလာပြီး ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားခဲ့လေသည်။

လက်ရှိ အချိန်မှာ ကမ္ဘာကြီး တစ်ခုလုံး အေးခဲသွားပုံ ပေါ်သည်။

လူတိုင်း ရပ်ကြည့်နေခဲ့ကြသည်။

အလွန် လှပခမ်းနားသော အလင်းရောင်က ယနေ့ ဇာတ်လိုက် မင်းသမီး ရှားဝမ်ချွေ့အပေါ် ကျရောက်သွားသည်။

လင်းဖန်သည် စန္ဒရားတီးပြီးသွားချိန်မှာ မတ်တပ်ရပ်လိုက်ကာ ကိတ် သေးသေးလေးကို ယူလိုက်သည်။ ကိတ် လုပ်နည်းကို လေ့လာရန် အတွက် လင်းဖန် တစ်ယောက် ညနက်တဲ့အထိ မအိပ်ဘဲ နေခဲ့ရကာ နောက်ဆုံးမှာတော့ ကိတ် တစ်လုံးကို ပြုလုပ်နိုင်ခဲ့သည်။

ကိတ်က ကြီးတော့ မကြီးပါဘူး။

သို့သော် ကိတ်ပေါ်မှာ စာ အနည်းငယ် ရေးထားသည်။

ပျော်ရွှင်စရာ မွေးနေ့ပါ ရှားဝမ်ချွေ့။

လင်းဖန်က ကိတ်ကို ကိုင်ထားလျက် ရှားဝမ်ချွေ့ဆီ လျှောက်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့၏ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှက်နေခဲ့သည်။

သူတို့ အားလုံး မျက်ရည်လည်တဲ့ အထိ ခံစားသွားခဲ့ကြရသည်။

ဝန်ထမ်း အားလုံး အပါအဝင် ဒါရိုက်တာ အဖွဲ့လည်း လင်းဖန်၏ စစ်မှန်သော ခံစားချက်များကြောင့် နင့်နင့်သည်းသည်း ခံစားခဲ့ကြရသည်။

ဒီမြင်းကွင်းက အရမ်း ကြီးကျယ်ခမ်းနားနေတာမျိုး မဟုတ်ပါ။

ဒါပေမဲ့ စစ်မှန်နွေးထွေးမှု ရှိသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များလည်း ငိုကြွေးနေခဲ့ကြသည်။

သူတို့ လင်းဖန်ကို မြင်ခဲ့ရသည်လေ။

လင်းဖန်က ထုံးစံမပျက် ချောမောနေဆဲ ဖြစ်သည်။

သို့သော် လင်းဖန်ရဲ့ ခေါင်းပေါ်က ပတ်တီးဖြူဖြူကိုလည်း သူတို့ မြင်လိုက်ကြရသည်။ ထိခိုက်ဒဏ်ရာ‌ရနေတာတောင်မှ သူက ဒီနေရာကို အရောက် လာကာ သူ အချစ်ရဆုံး မိန်းကလေး၏ မွေးနေ့ပွဲကို ကျင်းပပေးခဲ့သည်။

လင်းဖန်က ကိတ်ကို ဂရုတစိုက် ကိုင်လာခဲ့သည်။ ကိတ်ပေါ်မှာ ဖယောင်းတိုင် ၂၃ တိုင် ရှိနေသည်။

ဒီနေ့ဟာ ရှားဝမ်ချွေ့ရဲ့ ၂၃ နှစ်ပြည့် မွေးနေ့ပင်။

ရှားဝမ်ချွေ့ရဲ့ ရှေ့သို့ လျှောက်လာရင်း လင်းဖန်က တောက်ပစွာ ပြုံးပြလိုက်သည်။ "ပျော်ရွှင်စရာ မွေးနေ့ပါ ဝမ်ချွေ့။ "

လင်းဖန်၏ အသံကို ပီပီသသ ကြားလိုက်ရချိန်မှာ ရှားဝမ်ချွေ့သည် သူမ၏ ခံစားချက်များကို ဆက်ထိန်းမထားနိုင်တော့ပေ။

လင်းဖန်ရဲ့ ခေါင်းပေါ်က ပတ်တီးစကို ကြည့်ကာ သူမရဲ့ နှလုံးသားလေး ဆစ်ခနဲ နာကျင်သွားမိသည်။

သူမ လင်းဖန်ကို အမှန်တကယ် ပွေ့ဖက်လိုက်ချင်သော်လည်း အဲ့ဒီလို မလုပ်နိုင်ပါ။

လင်းဖန်က သူမ မွေးနေ့ကို သူမနဲ့အတူ ကျင်းပပေးနေခဲ့သည်။ သူ နူးညံ့စွာ ပြုံးပြီး ပြောလိုက်သည်။ " ကိုယ် မင်းရဲ့ မွေးနေ့ကို တစ်ခါလေးတောင် မမေ့ဖူးပါဘူး။ မင်းကို လောလောဆယ် ဘာမှ ပြောခွင့် ပြုမထားသလို မေးခွင့်လည်း ပြုမထားဘူး။ မင်း မျက်လုံးတွေကို မှိတ်ပြီး လိုချင်တဲ့ ဆု တစ်ခုကို တောင်းလိုက်ပါ ~ ။ "

လင်းဖန်သည် သူ့အရှေ့မှ ကောင်မလေးကို ကြည့်ကာ သူမ အတွက် သူ လုပ်ခဲ့သမျှ အရာရာတိုင်းက ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။

သူမ မွေးနေ့ အတွက် သူ ဒီမှာ ရှိနေပေးသည်။

ဒီမွေးနေ့ပွဲကို သူမနဲ့အတူ ကျင်းပရန် လုံလောက်သည်။

ရှားဝမ်ချွေ့၏ မျက်လုံးများ နီရဲလာပေမဲ့ သူမက သူ့စကားအတိုင်း ငြိမ်ငြိမ်လေး နားထောင်နေဆဲပါ။ သူမ ခေါင်းညိတ်ကာ ‌ဖယောင်းတိုင် ၂၃ တိုင် ရှေ့မှာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူမရဲ့ လက်ဖဝါးတွေကို အတူတကွ ယှက်လိုက်ပြီး ဆုဝောင်း တစ်ခုကို တောင်းဆိုလိုက်ပါသည်။

ဘေးပတ်လည်မှ ကင်မရာများက အဆက်မပြတ် တဖျတ်ဖျတ် ရိုက်ကူးနေခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များကလည်း စခရင်ရှော့များကို အသည်းအသန် ရိုက်ယူနေခဲ့သည်။

ဒီမြင်ကွင်းက အရမ်း ချိုမြိန်လိုက်တာ။

အထက်တန်းကျောင်းမှာတုန်းက လင်းဖန်သည် ရှားဝမ်ချွေ့နဲ့ ကောင်းမွန်သော ဆက်ဆံရေး တစ်ခု ရှိခဲ့ဖူးသည်။ သူ့ပခုံးပေါ်တွင် သူမ မှီနွဲ့နေသော ဓာတ်ပုံများက မရေမတွက်နိုင်သော ပရိသတ်များကို အသည်းတယားယား ဖြစ်သွားစေကာ သိန်းသောင်းချီသော ကွန်းမန့်များက တိုက်ရိုက်ထုတ်လွှင့်မှု တစ်လျှောက် လျှပ်စီးလို အလျင်နှုန်းဖြင့် တစ်ခုပြီး တစ်ခု တက်လာနေခဲ့သည်။

" ပျော်ရွှင်စရာ မွေးနေ့ပါ ချွေ့ချွေ့ ~ "

" ပျော်ရွှင်စရာ မွေးနေ့ပါ ၊ ပျော်ရွှင်စရာ မွေးနေ့ပါ။ "

" ငါ စိတ်ထဲမှာ ခံစားရလွန်းလို့ မျက်ရည်ကျပြီးနေပြီ။ ငါသာ လင်းဖန်လို ချစ်သူမျိုးကို ရနိုင်မယ် ဆိုရင် ဘာနောင်တမှ မရဘဲနဲ့ သေသွားပေးမယ်။ "

" လင်းဖန်ရဲ့ စန္ဒရားတီးစွမ်းရည်ကလည်း အရမ်း ကောင်းတာပဲ။ ငါ့နားတွေ ကိုယ်ဝန်ရှိသွားသလို ခံစားလိုက်ရတယ်။ "

" လင်းဖန်နဲ့ ရှားဝမ်ချွေ့ ဘယ်အချိန်ကျမှ အတူတူ ရှိနိုင်မှာလဲ။ သူတို့ နှစ်ယောက်ကို ကြည့်ပြီး နောက်ဆုံးတော့ အချစ် ဆိုတာ ဘယ်လို ခံစားချက်မျိုးလဲ ငါ နားလည်သွားသလိုပဲ။ "

" ငါ သူတို့ နှစ်ယောက်လုံးကို သဘောကျလိုက်တာဟယ်။ သူတို့ နှစ်ယောက် အမြဲတမ်း မခွဲမခွာ အတူ ရှိသွားကြဖို့ ငါ မျှော်လင့်တယ်။ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ကို ငါ ကြည့်နေတုန်း လင်းဖန်ရဲ့ ရင်ခွင်ထဲ ရှားဝမ်ချွေ့ လဲကျသွားတာကို မြင်ခဲ့ရတယ် ၊ ပြီးတော့ အဲ့အချိန်မှာ ငါ အသည်းကွဲသွားသလို ခံစားလိုက်ရတယ်။ ကံကောင်းစွာနဲ့ အဲ့ဒါက တီဗီဒရာမာ တစ်ခု ဖြစ်နေတယ်လေ။ အမှန်တရားက အမြဲတမ်း လှပတယ် မဟုတ်လား။ "

….

ဆုတောင်းပြီးနောက် ရှားဝမ်ချွေ့သည် သူမရဲ့ မျက်လုံးတွေကို ဖွင့်ကာ ကိတ်ကို ယူလိုက်သည်။

သူမက ကိတ်ကို ဘေးစားပွဲပေါ် တင်ကာ လင်းဖန်ကို ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေလျက် ကြည့်လိုက်မိသည်။

ငိုနေချိန်မှာတောင် သူမက အလွန် ချစ်စရာကောင်းကာ လှပနေဆဲ ဖြစ်လေသည်။

လင်းဖန်ရဲ့ မျက်လုံးထဲမှာ သူမက လူ တစ်သောင်းမှာ တစ်ယောက် ၊ တစ်သိန်းမှာ တစ်ယောက် ၊ တစ်သန်းမှာ တစ်ယောက် … တကယ့်ကို ရှားပါးလွန်းတဲ့ နတ်သမီးလေး တစ်ပါး ဖြစ်သည်။

ရှားဝမ်ချွေ့က လှပသော မျက်လုံးများဖြင့် လင်းဖန်ကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ " နင် ဘာလို့ အရမ်း ရူးမိုက်နေရတာလဲ။ ကားအက်ဆီးဒင့် ဖြစ်ခဲ့တာတောင်မှ နင်က ဒီကို လာချင်နေတုန်းပဲ။ နင် နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ရင် ငါ စိတ်ဆိုးမိလိမ့်မယ်။ "

လင်းဖန်သည် ခေါင်းခါလိုက်ကာ သူ့အရှေ့မှာ ရပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ " စိတ်မဆိုးပါနဲ့။ ဒီနေ့က မင်း မွေးနေ့လေ။ ဘာတွေပဲဖြစ်ဖြစ် ကိုယ် ဒီကို အရောက် လာပြီး မင်းနဲ့အတူ မွေးနေ့ပွဲ ကျင်း‌ပပေးရမှာပဲ။ "

" မင်းက ကြည်နူးစရာတွေကို သဘောကျတတ်တော့ ကိုယ် မင်း အတွက် ကြည်နူးစရာ အစီအစဉ် တစ်ခုကို အမြဲတမ်း ပေးချင်နေခဲ့တာ။ ဒါပေမဲ့ အတိတ်တုန်းက မင်း မွေးနေ့ကို မင်းနဲ့အတူ ကျင်းပဖို့ ဘယ်တော့မှ အခွင့်အရေး မရခဲ့ဘူး။ "

" ဒီနေ့ မင်း ဘေးမှာ ရှိပေးနိုင်ပြီး ဒီလို မွေးနေ့ပွဲ တစ်ခုကို မင်းနဲ့အတူ ကျင်းပနိုင်လို့ ကိုယ် တကယ် ဝမ်းသာမိတယ်။ "

ရှားဝမ်ချွေ့ကို လင်းဖန်က အပြုံးလေးနှင့် ကြည့်လိုက်သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူ ဒီလို အခြေအနေမျိုးကို ပိုင်ဆိုင်ချင်ခဲ့သည်။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူမကို သူ အကောင်းဆုံး အရာတွေပဲ ပေးချင်ပါသည်။ ရှားဝမ်ချွေ့သည် လင်းဖန်း၏ ခေါင်းမှာ ပတ်ထားသော ပတ်တီးစပေါ် လက်တင်ရင်း လင်းဖန်ကို စိတ်ဆိုးတာ တစ်ဝက် ၊ ကြင်နာတာ တစ်ဖက်ဖြင့် ကြည့်မိသည်။ " အရူး ၊ ငါ့မွေးနေ့က အဲ့လောက် အရေးကြီးလို့လား။ နင့်ခေါင်း နာနေ‌သေးလား။ "

လင်းဖန်ကလည်း ရှားဝမ်ချွေ့ကို ပြန်ကြည့်နေခဲ့သည်။ " ဒါပေါ့ ၊ မင်း မွေးနေ့က အရေးကြီးတယ်လေ။ ထိခိုက်ဒဏ်ရာတွေကို ကိုယ် ဂရုမစိုက်ပါဘူး။ "

ရှားဝမ်ချွေ့သည် လေးလေးနက်နက် ပြောလိုက်သည်။ " ဒါပေမဲ့ ငါ ဂရုစိုက်တယ်။ "

ဒီကောင်မလေးကို ကြည့်ကာ လင်းဖန်ရဲ့ နှလုံးခုန်သံဟာ စည်းချက် တစ်ချက် လွတ်သွားသည်။

ဒီမွေးနေ့ပွဲကို သူမနဲ့ ကျင်းပဖို့ သူ ဒီကို ရောက်လာခဲ့တာ မဟုတ်လား။

ပြီးတော့ အဲ့ဒါထက် …

သူ သူမနဲ့ နီးစပ်ချင်သေးသည်။

ဒီအခိုက်အတန့်လေး အတွက် သူ ဘယ်နှခေါက်တောင် စောင့်ခဲ့ရလဲ။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်သည်။ သူ့နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် သိမ်းထားခဲ့ရတဲ့ စကားတွေကို နောက်ဆုံးတော့ ထုတ်ပြောနိုင်ပါတော့မည်။

သူမကို အထက်တန်းကျောင်းသား ဘဝကတည်းက သူ သဘောကျလာခဲ့တာ ဖြစ်သည်။

သို့သော်လည်း ထိုအကြောင်းကို သူ ထုတ်မပြောခဲ့ပါ။

တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် သူတို့ကြားမှ ခြားနားမှုသည် ကြီးမားသထက် ကြီးမားလာခဲ့သည်။ သူမက သူ့ကြောင့် အကြင်နာပေးခန်းတွေ ၊ သို့မဟုတ် အချစ်ရေး ဇာတ်ဝင်ခန်းတွေ မရိုက်ကူးခဲ့ပေ။

သူကလည်း မရေမတွက်နိုင်သော မိန်းကလေး များစွာကို သူမကြောင့် ငြင်းဆန်ခဲ့ကာ ဘယ်တစ်ယောက်နှင့်မှ ပတ်ပတ်သက်သက် မလုပ်ခဲ့ပေ။

ယနေ့ အထိ သူမ အတွက် သူ စောင့်နေခဲ့သည်။

လင်းဖန်က ထိုအတွေးကြောင့် အလွန် လက်ရာမြောက်သော ဘူးလေး တစ်ဘူးကို သူ့အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။

အဲ့ဒီနောက် ထိုဘူးလေးကို လင်းဖန် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ဘူးလေးထဲမှာ စိန်များကဲ့သို့ အားကောင်းကာ ထာဝရ တည်မြဲသော အချစ်ကို သင်္ကေတဖြင့် ကိုယ်စားပြုထားသည့် Bonheur စိန်လက်စွပ်ကလေး တစ်ကွင်း ရှိနေသည်။

အလှတရားနှင့် ပျော်ရွှင်မှုကို ပုံဖော် ကိုယ်စားပြုထားသည့် Bulgari လည်ဆွဲလေးလည်း ရှိသည်။

တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းမှု ရှိ‌မနေပါဘူး။

လင်းဖန်သည် သူမကို သူ့ချစ်သူ ဖြစ်စေချင်တာ တစ်ခုတည်း မဟုတ်ပေ။

သူမရဲ့ ထာဝရကလည်း သူပဲ ဖြစ်စေချင်ပြီး သူ့ရဲ့ အနာဂတ် ဇနီးလောင်းကိုလည်း သူမပဲ ဖြစ်စေချင်သည်။

ထို့နောက် လင်းဖန်က လက်စွပ်နဲ့ လည်ဆွဲကို ကိုင်ထားရင်း ဒူး တစ်ဖက် ထောက်ကာ သူ့ရှေ့မှောက်မှာ ရပ်နေသော ကောင်မလေးကို ကြည့်လိုက်သည်။

သူ ပြုံး၍ ပြောလိုက်သည်။ " တခြား လူတွေ အတွက်တော့ မင်းရဲ့ မွေးနေ့က အဲ့လောက် အရေးကြီးချင်မှ ကြီးလိမ့်မယ်။ "

" ဒါပေမဲ့ ကိုယ့်အတွက်တော့ ဒီနေ့က အရေးကြီးဆုံး နေ့ပဲ။ "

" ကိုယ် အချစ်ရဆုံး မိန်းကလေးရဲ့ မွေးနေ့ပွဲကို ပထမဆုံး အကြိမ် ကျင်းပပေးဖို့ အတွက် ကိုယ် ဒီကို လာခဲ့တာပါ။ "

" မင်းအရှေ့မှာသာ ရပ်နေနိုင်မယ် ဆိုရင် ဘယ်လို အတားအဆီး ၊ အခက်အခဲတွေကိုပဲ ကိုယ် ရင်ဆိုင်ရ ရင်ဆိုင်ရ ၊ ကြောက်နေစရာ လိုပါဦးမတဲ့လား။ "

" မင်းက ကိုယ် အချစ်ရဆုံး မိန်းကလေး တစ်‌ယောက်ပါ။ "

" အထက်တန်းကျောင်းကတည်းကနေ တက္ကသိုလ်ထိ ၊ ပြီးတော့ လက်ရှိ ပစ္စုပ္ပန် အထိ။ "

" ကိုယ့်နှလုံးသားထဲမှာ ရှိနေတဲ့ မိန်းကလေးက အမြဲတမ်း မင်းပဲ ဖြစ်ခဲ့တာ။ အမြဲတမ်းလည်း မင်းပဲ ဖြစ်နေဦးမှာ။ "

" ကိုယ့်ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး မင်းကို ကာကွယ်ပေးသွားရင်း ၊ ချစ်သွားရင်း ၊ မင်းဘေးမှာ ထာဝရအတူ ယှဉ်တွဲ ရှိသွားရင်း ကုန်ဆုံးသွားချင်တယ်။ "

" အဲ့ဒါကြောင့် ၊ မင်း … ကိုယ့်ချစ်သူ ဖြစ်ပေးနိုင်မလား။ "

" မင်း … ကိုယ့်ကို လက်ထပ်နိုင်မလား။ "

All Chapters