ဒီနေ့ကစလို့ ရှေ့လျှောက် မင်းက ကိုယ့်ကောင်မလေးပဲ
Vol. 13 Ch. 185
ဆေးရုံ၌ ဖြစ်သည်။
လင်းဖန် ပြန်သတိလည်လာသောအခါ သူ အများကြီး ပိုအားအင်ပြည့်နေသလို ခံစားရသည်။
လင်းဖန်မှာ စနစ် ရှိသော်လည်း စနစ်ရဲ့ အဓိက တာဝန်က လင်းဖန်အား လူ့ဘဝကို တွေ့ကြုံခံစားခွင့် ပေးဝာာပဲ ဖြစ်သည်။
ကားတိုက်ခံရခြင်းက သူ့ကို နာကျင်စေသလို ဖျားနာခြင်းကလည်း အားနည်းစေသည်။ လူတိုင်း ဒီလိုပဲ ဖြစ်ကြမှာပါ။ လင်းဖန်က စူပါမန်း မဟုတ်သဖြင့် သူက ခြွင်းချက် မဟုတ်ပေ။
လင်းဖန် ပြန်သတိဝင်လာပြီ ဆိုပေမဲ့ သူ့မျက်လုံးတွေကိုတော့ မဖွင့်သေးပါ။
ရှားဝမ်ချွေ့ရဲ့ အဖြေကို မရခဲ့တဲ့ အကြောင်း ပြန်တွေးမိတော့ လင်းဖန် အနည်းငယ် နောင်တရသွားမိသည်။
သူသာ နည်းနည်းလေး ပိုပြီး တောင့်ခံထားနိုင်ခဲ့ရင် … ။
ရှားဝမ်ချွေ့ အတွက် သူ စက္ကန့် အနည်းငယ်ပဲ ထပ်စောင့်စရာ လိုခဲ့တာ ဖြစ်သည်။
သူ ရှားဝမ်ချွေ့ကို ဖွင့်ပြောခဲ့သည်။
ရှားဝမ်ချွေ့ရဲ့ တုံ့ပြန်စကားကို ပြန်မခဲ့ရသလို သူမရဲ့ အမူအရာလေးကိုတောင်မှ မမြင်ခဲ့ရပေ။
ရှားဝမ်ချွေ့ကို သူ လက်ထပ်ခွင့်ပင် တောင်းခဲ့သည်။
သူ မေ့လဲသွားပြီးနောက် လက်ထပ်ခွင့်တောင်းခြင်းလည်း ပျက်စီးသွားခဲ့သည်။
လက်ထပ်ခွင့်တောင်းတာနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး အရာက ရင်ခုန်စရာ အခမ်းအနားရဲ့ လွှမ်းမိုးမှု ဖြစ်သည်။ သူမ ချစ်တဲ့ လူ တစ်ယောက်နဲ့ အတူ ရှိနေချိန်မှာ သူမက ပုံမှန်အားဖြင့် ငြင်းဆန်မှာ မဟုတ်ပါ။
ထိုကဲ့သို့ အခွင့်အရေးကောင်းကို လင်းဖန် စောင့်နေခဲ့သော်လည်း သူ့ခန္ဓာကိုယ်ရဲ့ မသက်သာခြင်းကြောင့် သတိလစ်သွားခဲ့ရသည်။
အခွင့်အရေးကောင်း တစ်ခုကို ဆုံးရှုံးလိုက်ရတာမို့ သူ အသေအချာပင် နောင်တရမိပါသည်။
သေစမ်း ၊ သူ ရှားဝမ်ချွေ့ရဲ့ နှလုံးသားကို ရဖို့ တော်တော်လေး နီးစပ်နေပြီကို … ။
အနည်းဆုံးတော့ သူမရဲ့ အမူအရာ ပြောင်းလဲသွားတာနဲ့ သူ ဖွင့်ပြောခြင်း အပေါ် သူမရဲ့ စိတ်သဘောထားကို မြင်နိုင်ခဲ့သည်။
တကယ်တော့ လင်းဖန်သည် ရှားဝမ်ချွေ့ကို ဖွင့်ပြောနိုင်ဖို့လောက်ထိ ယုံကြည်ချက် မရှိပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူ ရှားဝမ်ချွေ့ကို ဖွင့်ပြောရန် နည်းနည်းလေး စိုးရိမ်နေဆဲ ဖြစ်သည်။
သူ ဒီတစ်လျှောက်လုံး သူမကို နားလည်မှုလွဲနေခဲ့တာ ဆိုရင် ဘယ်လို လုပ်မလဲ။
ဟိုးအရင်တုန်းကသာ ရှားဝမ်ချွေ့ရဲ့ တုံ့ပြန်မှုကို ပြန်ရခဲ့ပါက လင်းဖန် အခုလိုမျိုး လုပ်စရာ မလိုပေ။
အိတ်ကပ်ကို စမ်းကြည့်မိတော့ သူ့ဝတ်စုံကို ချွတ်သွားကြပြီ ဖြစ်ကြောင်း လင်းဖန် နားလည်လိုက်သည်။ လက်ရှိမှာ ဆေးရုံဝတ်စုံကို သူ ဝတ်ထားခဲ့သည်။
ထို့ပြင် သူ့ဘူးလေးလည်း ပျောက်သွားပြီ ဖြစ်ကြောင်း လင်းဖန် နားလည်သွားသည်။
ဘူးလေးထဲမှာ ယွမ် သိန်းချီ တန်ဖိုးရှိသော စိန်လက်စွပ်နဲ့ လည်ဆွဲ ရှိသည်။ သူတို့ကို ရှားဝမ်ချွေ့အား ဖွင့်ပြောရာမှာ သုံးရန် ရည်ရွယ်ထားတာပင်။
စိန်လက်စွပ်နဲ့ လည်ဆွဲ ဘယ်ရောက်သွားပြီလဲ ဆိုတာ လင်းဖန် မသိပါ။ ပြောရရင် ထိုနေရာမှာ လူတွေ အများကြီး ရှိနေခဲ့တာမို့ တစ်စုံတစ်ယောက်က ထိုဘူးလေးကို ကောက်ယူဖို့ အခွင့်အရေး ရသွားနိုင်သည်။
လင်းဖန် သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ့အရှေ့မှာ ရပ်နေသည့် မိန်းမလှလေး တစ်ယောက်ကို မြင်လိုက်ရသည်။
သူမက … ရှားဝမ်ချွေ့ပါ။
သူ့အမြင်အာရုံ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာချိန်မှာ ရှားဝမ်ချွေ့ကို လင်းဖန် မြင်လိုက်ရသည်။
ရှားဝမ်ချွေ့က အလွန် လှပနေဆဲ ဖြစ်သည်။ သူမရဲ့ မျက်လုံးတွေက သူ့ကို ကြည့်နေလျက် မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
" ရှင် နိုးပြီလား။ " ရှားဝမ်ချွေ့သည် လင်းဖန်ကို ကြည့်ရင်း ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။
" အင်း ၊ ကိုယ် နိုးလာပြီ။ " လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။
ရှားဝမ်ချွေ့၏ လှပသော မျက်နှာလေးကို မြင်လျှင် လင်းဖန် သူ့စိတ်ကို ဆက်မထိန်းချုပ်နိုင်တော့ပေ။
သူ အခွင့်အရေး တစ်ခု ဆုံးရှုံးခဲ့ရပြီးပါပြီ။ နောက်ဆုံးတော့ သူ အခု ပြန်နိုးလာချိန်မှာ ထိုအခွင့်အရေးကို နောက်တစ်ကြိမ် ထပ်လက်လွတ်မခံနိုင်တာ အသေအချာပါပဲ။
လင်းဖန်က ဤအခွင့်အရေးကို အသုံးချကာ ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့အရှေ့မှ ကောင်မလေးကို ကြည့်ပြီး လင်းဖန် ထပ်တုံ့ဆိုင်းမနေချင်တော့ပါဘူး။
" ကိုယ် မင်းကို သဘောကျတယ်။ "
" ကိုယ် မနေ့က ပြောခဲ့တဲ့ စကားကို မင်း အဖြေ မပေးရသေးဘူး။ "
ဒီလို အချိန်မျိုးမှာ ယောက်ျားလေးဘက်က ပထမ ခြေလှမ်းကို စတင်ရမည်။
ဒီအခွင့်အရေးကို လင်းဖန် နောက်တစ်ကြိမ် လက်လွတ် အဆုံးရှုံးခံတော့မှာ မဟုတ်ပေ။
ကောင်မလေးရဲ့ လက်မှ အနွေးဓာတ်ကို ခံစားနေရ၍ လင်းဖန်သည် ရှားဝမ်ချွေ့၏ တည်ရှိမှုကို အမှန်တကယ် ခံစားနိုင်နေသည်။
သူ့အနားမှာ သူမ ရှိနေလို့ ဝမ်းသာရသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်နေရင်း အနည်းငယ် မျက်နှာ ရဲသွားမိသည်။
ဒီအရူးကောင် သတိလည်လာပြီးတဲ့နောက် ပထမဆုံး ပြောတဲ့ စကားတွေက သူမကို ထပ်ဖွင့်ပြောတာ ဖြစ်နေသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို လှပသော မျက်လုံးများဖြင့် ကြည့်ကာ ဆုပ်ကိုင်ခံထားရသော သူမရဲ့ လက်ကို ပြန်ရုန်းလိုက်သည်။ " လွှတ်ပါ။ ရှင့်ကို အဲ့စကား ထပ်ပြောဖို့ ခွင့်မပြုဘူး။ "
ရှားဝမ်ချွေ့၏ တုံ့ပြန်စကားကို ကြားတော့ လင်းဖန် ဆွံ့အသွားမိသည်။
သူ့ကိုယ်သူ သံသယ တချို့တောင် ဝင်သွားမိသည်။
ရှားဝမ်ချွေ့ သူ့ကို သဘောမကျတာများ ဖြစ်နိုင်မလား။
ဒါမှမဟုတ် ရှားဝမ်ချွေ့ရဲ့ နှလုံးသားထဲမှာ သူ့ကို ထည့်မထားတာလား။
သူ အရာ အားလုံးကို အတွေးလွန်သွားရသည်။
မိန်းကလေး တစ်ယောက် ဒီလိုမျိုး ငြင်းဆန်တာကို ခံလိုက်ရ၍ လင်းဖန်၏ အတွေးများသည် ချက်ချင်းပဲ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့သည်။
ထို့နောက် ရှားဝမ်ချွေ့က ထပ်ပြောလိုက်သည်။ " မဟုတ်ဘူး။ ကျွန်မ ရှင့်ကို သဘောကျပါတယ်။ "
အဲ့ဒီစကားကို ပြောပြီးသောအခါ ရှားဝမ်ချွေ့ ပိုလို့တောင် ရှက်ရွံ့သွားမိသည်။ သူမရဲ့ လှပသော မျက်နှာပေါ်မှာ စတော်ဘယ်ရီရောင်လေး ယှက်သန်းသွားကာ ခေါင်းငုံ့လိုက်မိသည်။
ဒါက သူမ အတွက်လည်း လင်းဖန်ကို ဝန်ခံတာ ပထမဆုံး ဖြစ်ပါသည်။
လင်းဖန် ရုတ်တရက် ဒေါသထွက်သွားမိသည်။
အဲ့ဝောာ့ ဒါက ဒီအဆိုးအဆာ ကောင်မလေး လိုချင်တဲ့ အရာပေါ့။
ဘယ်သူ ပထမဆုံး ဖွင့်ပြောတာလဲ ဆိုတဲ့ နေရာ အတွက် သူမ တိုက်ခိုက်ချင်နေတာလား။
ဒီအမျိုးသမီးကို ပထမဆုံး သဘောကျခဲ့တာ သူပဲ ဖြစ်သည်။
လင်းဖန် နောက်တစ်ကြိမ် လှည့်စားခံရတော့မလို့ပင်။
သူ လေးလေးနက်နက် ပြောလိုက်သည်။ " မင်းကို အရင်ဆုံး သဘောကျခဲ့တာ ကိုယ်ပါ။ မင်းကို အထက်တန်းကျောင်းကတည်းက ကိုယ် သဘောကျလာခဲ့တာ။ "
ရှားဝမ်ချွေ့က ကြောင်မလေး တစ်ကောင်လို ပြုမူနေခဲ့သည်။ သူမက ကြောင်နားရွက် ဦးထုပ်လေးကို ဆောင်းထားပြီး လင်းဖန်ကို ပြောလိုက်သည်။ " မြောင် မြောင်။ ဟမ့် ၊ ငါ နင့်ကို ဂျူနီယာ အထက်တန်းကျောင်းကတည်းက သဘောကျလာခဲ့တာပါနော်။ "
လင်းဖန်သည် အလျှော့ပေးရန် ငြင်းပယ်လိုက်သည်။ " ဒါဆို ကိုယ်က မင်းကို မူလတန်းကျောင်းကတည်းက သဘောကျလာခဲ့တာပဲ။ "
လင်းဖန်ကို ကြည့်နေသော ရှားဝမ်ချွေ့ရဲ့ အကြည့်က အလွန် စူးရှသွားသည်။ " မူလတန်းကျောင်းတုန်းက နင် ငါ့ကို သိတောင် မသိသေးဘူးလေ။ ငါ့ကို ပြောစမ်းပါ ၊ မူလတန်းကျောင်းမှာ နင် ဘယ်သူ့ကို သဘောကျခဲ့တာလဲ။ "
လင်းဖန်၏ မျက်နှာ ရှုံ့မဲ့သွားရသည်။ " ကိုယ် မှားသွားတာပါ ၊ ဒါပေမဲ့ မင်း ကိုယ့်ကို သဘောကျတာထက် ကိုယ် မင်းကို ပိုသဘောကျတယ်။ "
ရှားဝမ်ချွေ့က နှာခေါင်းကနေ လေထွက်ရုံ လှောင်ရယ် ရယ်လိုက်သည်။ " မဟုတ်ပါဘူး။ ငါက နင့်ကို ပိုသဘောကျတယ် ဆိုတာ အသိအသာကြီးပဲ။ "
လင်းဖန် အတွက် နေ့လယ်စာ လာပို့ပေးရန် တံခါးနားမှာ ရပ်နေသော ရှုယန်သည် ထိုစကားများကို ကြားသွားခဲ့သည်။
ရှုယန် : " လခွမ်း … ငါ့ရဲ့ စိတ်ကျန်းမာရေး အခြေအနေ တစ်စစီ ပြိုလဲသွားပြီ။ "
ရှုယန် သွေးအန်ချင်သွားသည်။
အဲ့ဒါ ဘယ်လို သောက်ကျိုးနည်း စကားမျိုးတွေလဲ။
အတိတ်တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သည် သူတို့ အချစ်ကို ဖော်ပြချိန်မှာ အတော်လေး သိုသိုသိပ်သိပ် ရှိခဲ့သည်။
သူတို့ နှစ်ယောက်မှာ အများဆုံးမှ ရိုးရှင်းသော အပြန်အလှန် ဆက်ဆံရေးတွေပဲ ရှိသည်။
အကြင်နာပေးခန်းကို သူတို့ ရိုက်ကူးနေရင်တောင်မှ ထိုအရာက ရုပ်သံဒရာမာရဲ့ ဇာတ်လမ်း အတွက် လိုအပ်ချက်အရ ဖြစ်သည်။ အဲ့ဒါကို ရှုယန် လက်ခံပေးနိုင်သေးသည်။
ဟိုးအရင်တုန်းက ရှုယန်မှာ စိတ်ကူးယဉ်အိပ်မက် တချို့ ရှိခဲ့ဖူးသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သရုပ်ဆောင်နေကြတာလည်း ဖြစ်နိုင်တာပဲလေ။
သူ့မှာ အခွင့်အရေး ရှိရင် ရှိနေနိုင်သေး၏။
အတိတ်တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့၏ လူကြားသူကြားထဲ ကြင်နာယုယပြနေခြင်းသည် ရှုယန်၏ ကျန်းမာရေး အခြေအနေကို ဒါဇင်ပေါင်းများစွာသာ ထိခိုက်စေခဲ့သည်။
ထို့နောက် အခုလို ပြင်းထန်သော ထိုးနှက်ချက်က ရှုယန်ကဲ့သို့ အဖော်မဲ့ အထီးကျန်နေသူကို အကြီးအကျယ် အထိနာသွားစေသည်။
ပြောရရင် သူတို့တွေ အတိတ်တုန်းက အလွန် အနေအထိုင် သိုသိပ်ခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ အရမ်း တည့်တိုးဆန်လာကြပြီ။
ထိုစကားတွေက သူ့ကို တကယ့်ကို ညှင်းပန်းနှိပ်စက်နေတာ ဖြစ်သည်။
ကြားရတာ ထိတ်လန့်စရာလည်း ကောင်းသည်။
ရှုယန်သည် သူတို့တွေ တစ်ယောက်ကို တစ်ယောက် သဘောကျတယ်ဟု ထပ်တလဲလဲ ပြောနေကြတာကို ကြားပြီးနောက်မှာ သူ အကြိမ်ကြိမ် နာကျင်ပြိုလဲသွားသလို ခံစားလိုက်ရသည်။
ထိုအရာက ရှုယန်ရဲ့ အားနည်းနေပြီးသား နှလုံးသားထဲကို ထုတ်ချင်းပေါက် ထိုးဖောက်သွားသော မြှား တစ်စင်းနဲ့ တူသည်။
သူတို့ရဲ့ အချစ်ကို သူတို့ နှစ်ယောက် ဘယ်လိုလုပ် ဒီလို ပုံစံမျိုးနဲ့ ထုတ်ဖော်နိုင်ရတာလဲ။
ရှုယန် အလွန် စိတ်ထိခိုက် နာကျင်သွားမိသည်။
ရှုယန်သည် အခန်းထဲကို မဝင်သေးခင် တစ်ယောက်ကို တစ်ယောက် သဘောကျကြောင်း ထုတ်ပြောနေကြတဲ့ ထိုနှစ်ယောက် ပြီးစီးသွားတဲ့ အထိ တံခါးနားမှာ ရပ်စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ သူတို့ နှစ်ယောက်လုံး ရှုယန်အား အဆိပ်တွေ အကုန်လုံးကို ခံနိုင်ရည်ရှိသွားသလို ခံစားရစေတဲ့အထိ သူတို့ အချစ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြခဲ့ကြသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆေးရုံမှာ အတူတူ အိပ်နိုင်လောက်လား။
ရှုယန် မစိုးရိမ်မိပါ။ သူတို့ နှစ်ယောက် ဘယ်လောက်ပဲ အချစ်ဆိပ် တက်နေကြပါစေ ၊ အဲ့ဒါက သူ့ကို ဘယ်တော့မှ ထပ်နာကျင်စေတော့မှာ မဟုတ်ပါဘူး။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်သည်။ " ဒါဆို ကိုယ်တို့ရဲ့ လက်ရှိ ဆက်ဆံရေးက ဘာလဲ။ "
သူ့ရှေ့က မိန်းမလှလေးကို ကြည့်ရင်း လင်းဖန်၏ နှလုံးသား အရည်ပျော်ကျသွားသည်။
သူ အချိန် အကြာကြီး ကြိုးစားခဲ့ရပြီး သူမကို ဟိုးအရင်ကတည်းက သဘောကျလာခဲ့သည်။ နေုက်ဆုံးတော့ အရာ အားလုံး အကောင်အထည် ပေါ်လာခဲ့ပါပြီ။
သူ ဒီနေ့ အတွက် တကယ့်ကို အကြာကြီး မျှော်လင့်စောင့်ဆိုင်းနေခဲ့ရသည်။
လက်ရှိ အချိန်မှာ ရှားဝမ်ချွေ့ သူ့ကို အတည်ပြုပေးတာကိုပဲ လင်းဖန် ကြားချင်သည်။
ထိုနည်းလမ်းဖြင့် သူတို့ ဆက်ဆံရေးဟာ တရားဝင် တည်မြဲသွားလိမ့်မည်။
ရှားဝမ်ချွေ့၏ မျက်နှာက အနီရောင် ပိုရင့်သွားသည်။
သူမ လင်းဖန်ဘေးမှာ ထိုင်၍ နူးညံ့စွာ ပြောလိုက်သည်။ " ရှင် ဘယ်လို ထင်လဲ။ "
လင်းဖန်က တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။ " ဒီနေ့က စပြီး ရှေ့လျှောက် မင်းက ကိုယ့်ကောင်မလေးပါလို့ ကိုယ် ကြေညာမယ်။ "
ရှားဝမ်ချွေ့သည် သူမရဲ့ လှပသော မျက်လုံးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံးထဲမှာ မြတ်နိုးခြင်းတွေ ပြည့်နှက်နေကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
" အင်း ~~~ "