← Chapters

တရားဝင်ကြေညာချက်

Vol. 13 Ch. 186

တရားဝင်ကြေညာချက်

Vol. 13 Ch. 186

တံခါးဘေးမှာ ရပ်နေသော ရှုယန် : " … "

လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို သူ လျှော့တွက်ခဲ့မိပုံ ပေါ်သည်။

သူတို့က သူတို့ရဲ့ ဆက်ဆံရေးကို သောက်ကျိုးနည်းစရာကောင်းလောက်အောင် အတည်ပြုလိုက်ပါပြီ။

ဒီနေ့က စပြီး ရှေ့လျှောက် သူ ရှားဝမ်ချွေ့ကို သူ့ရဲ့ သက်ဆိုင်သူ ဖြစ်‌လာစေရန် ကြိုးစားလို့ မရဝောာ့ကြောင်း ရှုယန် နားလည်လိုက်သည်။

အနာဂတ်မှာ ရှားဝမ်ချွေ့ဟာ လင်းဖန်၏ ဇနီး ဖြစ်လာပါလိမ့်မည်။

သူတို့ နှစ်ယောက်သား အချစ်ကို ဒီလိုမျိုး ထုတ်ဖော်နေခြင်းက ရှုယန်ရဲ့ နားလည်နိုင်စွမ်းကို သတိပြန်ကပ်သွားစေခဲ့သည်။

ကျင်းကျင်းကို ဒီနေရာဆီ လာခဲ့ဖို့ ရှုယန် ခေါ်လိုက်ချင်သည်။

သူ့နံဘေးမှာ ကျင်းကျင်း ရှိနေမှသာ ရှုယန်သည် ဒဏ်ရာရနေသော သူ့နှလုံးသားကို အနည်ထိုင်စေနိုင်မှာ ဖြစ်သည်။

…

ထိုစကားကို ကြားအပြီးတွင် လင်းဖန်၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။

" ဒါဆို ကိုယ့်ကို လာဖက်ပါဦး ဇနီးလေး။ " လင်းဖန်က အပြုံးလေးနှင့် ပြောလိုက်သည်။

ရှားဝမ်ချွေ့သည် နှုတ်ခမ်းစူရင်း လင်းဖန်ကို မျက်စောင်းထိုးလိုက်သည်။ " တော်ရုံပဲ လုပ်။ ငါ့ကို ဖက်ဖို့ နင့်ကို ခွင့်ပြုမထားဘူး။ "

လင်းဖန် : " ??? "

ရှားဝမ်ချွေ့ : " ငါက နင့်ကောင်မလေး ဆိုပေမဲ့ နင် ငါ့ကို အနိုင်ကျင့်ချင်သလို လာအနိုင်ကျင့်လို့ မရဘူး။ အနာဂတ်မှာ ငါတို့ လက်ထပ်ပြီးသွားရင်တောင် အဲ့အချက်က အတူတူပဲ။ "

ထိုကဲ့သို့ ပြုမူနေသော ရှားဝမ်ချွေ့ကို ကြည့်ကာ လင်းဖန် ပြုံးလိုက်မိသည်။ " အနာဂတ်မှာ ကိုယ်တို့ လက်ထပ်ကြမှာလား။ "

ရှာဝမ်ချွေ့၏ မျက်နှာလေး ပန်းရောင် သမ်းသွားသည်။ " အယ် အယ် အယ် … အကျင့်မကောင်းတဲ့ ကောင်။ "

လင်းဖန်က သက်ပြင်းချကာ ပြောလိုက်သည်။ " ကိုယ် မင်းကို ပေးချင်တဲ့ လက်စွပ် ပျောက်သွားပြီ ဝမ်ချွေ့။ အစတုန်းက ကိုယ် မင်းကို လက်ထပ်ခွင့် တောင်းချင်ခဲ့တာ။ အဲ့ဒါဆိုရင် ခဲ တစ်လုံးတည်းနဲ့ ငှက် နှစ်ကောင် ပစ်ပြီး မင်းကို ကိုယ့်ဇနီး ဖြစ်လာအောင် လုပ်ဖို့ ချစ်သူရည်းစား အဆင့်ကို ကျော်လိုက်လို့ ရတယ်လေ။ "

ရှားဝမ်ချွေ့သည် လင်းဖန်ကို ကြည့်လိုက်သည်။ " အိပ်မက်ပဲ ဆက်မက်နေလိုက်။ "

" ဒါနဲ့ နင် လက်စွပ် ပျောက်သွားတာ မဟုတ်ဘူးနော်။ လက်စွပ်က ငါ့လက်မှာ ရောက်နေပြီ ၊ လည်ဆွဲကိုလည်း ငါပဲ ဆွဲထားတာ။ ငါနဲ့ လိုက်တယ်လို့ နင် ထင်လားဟင်။ " ရှားဝမ်ချွေ့က လင်းဖန်ကို သူမရဲ့ လှပသော မျက်လုံးလေးများဖြင့် ကြည့်ကာ လက်ကို ဆန့်တန်းပေးလိုက်သည်။

လင်းဖန်သည် ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ လက်ချောင်းလေးမှာ ဝတ်ဆင်ထားသော စိန်လက်စွပ်လေးကို ကြည့်လိုက်သည်။ သူ့နှလုံးသား နွေးခနဲ ဖြစ်သွားမိသည်။

ဒီအရူးမလေးဟာ လက်စွပ်တောင် ဝတ်ထားခဲ့ပြီ ဖြစ်သည်။

အဲ့ဒါက သူမရဲ့ နှလုံးသားထဲမှာ အစကတည်းက တိတ်တဆိတ် သဘောတူပြီးသားပါဟု အဓိပ္ပာယ်ရနေသည်။

လက်ထပ်ပြီးသား အိမ်ထောင်သည် မိန်းကလေးများသာ သူတို့ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ စိန်လက်စွပ် ဝတ်လေ့ရှိသည်။

သူမ ရုပ်ရှင် ထောက်ခံချက်များ ၊ သို့မဟုတ် ပွဲအခမ်းအနားများသို့ တက်ရောက်လျှင် သူမကို မြင်တဲ့ မည်သည့် ယောက်ျားလေးမဆို သူမကို နောက်ထပ် ပိုးပန်းတော့မှာ မဟုတ်ပေ။

ရှားဝမ်ချွေ့ရဲ့ လက်သူကြွယ်ပေါ်မှာ လင်းဖန် သူမကို ပေးထားသော စိန်လက်စွပ် ရှိနေသည်လေ။

တခြား လူတွေရဲ့ မျက်လုံးထဲမှာ ထိုအရာက ရှားဝမ်ချွေ့သည် လင်းဖန်ရဲ့ ဇနီး ဖြစ်နေပါပြီဟု အဓိပ္ပာယ်သက်ရောက်စေသည်။

အဲ့လိုနဲ့ ရှားဝမ်ချွေ့ကို ပိုးပန်းချင်သူများသည် သူမကို ဘယ်တော့မှ ထပ်ချဉ်းကပ်ကြတော့မှာ မဟုတ်ပါ။

လင်းဖန်က ရှားဝမ်ချွေ့၏ လက်လေးကို ဆုပ်ကိုင်ကာ သူမ၏ လက်သူကြွယ်ပေါ်က စိန်လက်စွပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူမရဲ့ လည်ပင်း တစ်ဝိုက်မှာ ရှိနေသော လည်ဆွဲကို ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ " အရမ်း လှတယ်။ လက်စွပ် ဝတ်ပြီးသွားရင် မင်းက ကိုယ့်သတို့သမီးလောင်း ဖြစ်လာလိမ့်မယ်။ "

ရှားဝမ်ချွေ့က ခေါင်းခါရမ်း၍ ပြောလိုက်သည်။ " ဟင့်အင်း။ နင် ငါ့မိဘတွေကို ဖြတ်ကျော်ဖို့ လိုသေးတယ်။ ငါ့မိဘတွေက သူတို့ရဲ့ အနာဂတ် သားမက်လောင်းလေးအပေါ် တကယ့်ကို မျှော်လင့်ချက် အကြီးကြီးတွေ ထားနေကြတာ။ "

ရှားဝမ်ချွေ့သည် ရိုးသားစွာ ပြောလိုက်သည်။ " ငါ့မိဘတွေမှာ အရမ်း မြင့်တဲ့ မျှော်လင့်ချက်တွေ ရှိလို့ ငါက အခုထိ နင့်သတို့သမီးလောင်း မဟုတ်သေးဘူး။ "

လင်းဖန်က သူမကို ကြည့်ပြီး ပြောလိုက်သည်။ " မင်း မိဘတွေကို ကိုယ် မဖြတ်ကျော်နိုင်ဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ "

ရှားဝမ်ချွေ့သည် လင်းဖန်၏ ပခုံးပေါ် ခပ်သာသာလေး မှီနွဲ့ရင်း လေးနက်စွာ ပြောလိုက်သည်။ " ဒါဆို ငါ … နင်နဲ့ ခိုးရာလိုက်ပြေးမယ် ~ "

လင်းဖန် ထိုစကားကို ကြားသောအခါ သူ့နှလုံးသားက အမှန်တကယ် အရည်ပျော်ကျသွားတော့မလို ခံစားလိုက်ရသည်။

ရှားဝမ်ချွေ့သည် သူ့ပခုံးပေါ်မှာ မှီနွဲ့နေခဲ့သည်။ လင်းဖန်၏ လက်က သူမ၏ ခါးကို ဖက်ချင်သဖြင့် ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။

သူမနဲ့ ခိုးရာလိုက်ပြေးရတာ ပျော်စရာကောင်းလိမ့်မည်။

ရှားဝမ်ချွေ့က ဘယ်လိုတောင် အရမ်း ချစ်စရာကောင်းနေနိုင်ရတာလဲ။

လင်းဖန်ရဲ့ လက်က ရှားဝမ်ချွေ့ရဲ့ ခါးကို နူးနူးညံ့ညံ့ ရစ်ပတ်သိုင်းဖက်လိုက်ပြီး သူမ အရေပြားဆီမှ အနွေးဓာတ်ကို ခံစားလိုက်ရသည်။

အချစ် ဆိုတာ … ဒီလို ခံစားချက်မျိုးလား။

ထိုခံစားချက်ကို လင်းဖန် တစ်ယောက် ခပ်ကြာကြာ မခံစားရသေးခင်မှာပဲ အခန်းထဲသို့ ရှုယန် ဝင်လာခဲ့သည်။

စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့လည်း အပြင်မှာ ရပ်နေကြသည်။

" ရှင် ဘာလို့ တံခါးနားမှာ ရပ်နေတာလဲ ရှုယန်။ " စုရှောင်းယွီက ရှုယန် ရှိရာဆီ ခုန်ဆွ ခုန်ဆွ လျှောက်လာခဲ့သည်။

" လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ စကားပြောနေကြလို့ ကျွန်တော် အရင် မဝင်သေးတာပါ။ " ရှုယန်သည် ပြုံးရင်း ပြောလိုက်သည်။

" လင်းဖန် နိုးလာပြီလား။ ဒါဆို ကျွန်မတို့ ဝင်ပြီး တစ်ချက်လောက် ကြည့်ရမှာပဲ။ သူ ဘာမှ မစားထားတာ တော်တော်လေး ကြာပြီ။ သူ အရမ်း ဗိုက်ဆာနေလောက်ပြီ။ " ဟု စုရှောင်းယွီက ပြောလိုက်သည်။

" ဆရာ ၊ ဆရာ ၊ ဘယ်လို နေသေးလဲ။ " စုရှောင်းယွီ လျှောက်ဝင်လာတော့ အတူတူ ရှိနေကြသော လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို မြင်လိုက်ရသည်။

" ငါ ဘယ်လိုမှ မနေတော့သလောက်ပါပဲ။ " လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ရှားဝမ်ချွေ့၏ ခါးကို သူ တိတ်တိတ်လေး လွှတ်ပေးလိုက်သည်။

" တော်သေးတာပေါ့။ နေ့လယ်စာ စားချိန် ရောက်နေပြီ ဆရာ။ ဆရာ အရမ်း ဗိုက်ဆာနေမှာ သေချာတယ်။ " ဟု စုရှောင်းယွီက ပြောလိုက်သည်။

" အဆင်ပြေပါတယ်။ " လင်းဖန် ပြုံးမိသည်။ " ရန်ရန်ရော ဘယ်လိုလဲ။ သူမကို ကျောင်းတက်နိုင်ဖို့ ကူစီစဉ်ပေးလိုက်ပါဦး။ ငါ ကြွေပန်းဥယျာဉ်ထဲမှာ ကျောင်းခရိုင် အိမ် တစ်အိမ် ရှိတယ်။ သူမ အတွက် အဲ့ဒီ အနီးအနားမှာ ရှိတဲ့ ကျောင်း တစ်ကျောင်းကျောင်းကို တက်တာ အဆင်ပြေလိမ့်မယ်။ "

စုရှောင်းယွီ ခေါင်းညိတ်လိုက်သည်။ " အကုန်လုံး စီစဉ်ပြီးပါပြီ။ ရန်ရန် ကျောင်းလည်း တက်နေပြီ ၊ ပြီးတော့ သူမကို ငါတို့ ဖုန်း အသစ် တစ်လုံး ဝယ်ပေးထားတယ်။ ကျောင်းပိတ်ရက်တွေ အတွင်း သူမ ပြန်လာလိမ့်မယ်။ "

လင်းဖန်သည် ခေါင်းညိတ်လိုက်ပြီး သူ့နေလယ်စာကို စတင် စားနေလိုက်သည်။ နေ့လယ်စာ စားပြီးနောက် သူ အများကြီး အင်အား ပြည့်ဝသက်သာလာခဲ့သည်။

နေ့လယ် ရောက်တော့ ဆရာဝန်က လင်းဖန်၏ နဖူးပေါ်က ပတ်တီးကို လာဖယ်ရှားပေးသွားခဲ့သည်။

ဘာဖြစ်ဖြစ် အဲ့ဒါက သာမန် ပွန်းပဲ့ဒဏ်ရာလေးသာ ဖြစ်ကာ ကြီးကြီးမားမား ဒဏ်ရာမျိုး မဟုတ်ပါ။ သူ တဖြည်းဖြည်း သက်သာလာလိမ့်မည်။ ဆေးရုံတက်စရာလည်း မလိုပါဘူး။

လင်းဖန် သတိလစ်သွားခဲ့သည့် ပထမဆုံး အကြိမ်က အဓိကအားဖြင့် ကားအက်ဆီးဒင့်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် ဖြစ်သည်။

သူ ချစ်ရေးဆိုနေတုန်း ဒုတိယ အကြိမ် သတိလစ်သွားခဲ့တာကတော့ ပြီးခဲ့တဲ့ ည တစ်ညလုံး မအိပ်ဘဲ ကောင်းကောင်း အနားမယူခဲ့တာကြောင့် ဖြစ်သည်။

လင်းဖန်သည် လက်ရှိတွင် အပြည့်အဝ သက်သာနေပါပြီ။

နေ့လယ် ရောက်လျှင် သူ့ကို ဆေးရုံက တရားဝင် ဆေးရုံဆင်းခွင့် ပြုခဲ့လေသည်။

ဆေးရုံဆင်းခွင့် ရလာပြီးနောက် စုရှောင်းယွီ ၊ လင်းဖန် ၊ ရှုယန်နဲ့ လင်းကျင်းကျင်းတို့ အတူ ထွက်လာခဲ့ကြသည်။

ရှုယန်က လင်းဖန်၏ ပခုံးကို လက် တစ်ဖက်ဖြင့် ဖက်ရင်း မေးလိုက်သည်။ " အစ်ကို ၊ မင်းနဲ့ ရှားဝမ်ချွေ့တို့ တကယ် တွဲနေကြပြီလား။ "

လင်းဖန် ပြုံးလိုက်သည်။ " အင်း။ "

ရှုယန်က လင်းဖန်ရဲ့ ကျောကို ပုတ်လိုက်သည်။ " ဒါဆို အနာဂတ်မှာ မင်း သူမကို ကောင်းကောင်း ဂရုစိုက်ရမယ်နော်။ သူမကို သူများတွေ အနိုင်ကျင့်တာကို မင်း ခွင့်ပြုလို့ မရဘူး။ လူတိုင်းက ယွဲ့ဟွာမှာ ဝမ်ချွေ့ကို တုန်နေအောင် ချစ်ကြတာ။ သူမ အနိုင်ကျင့်ခံရရင် လူတိုင်းက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ "

လင်းဖန်သည် တောက်ပစွာ ပြုံးပြီး ပြောခဲ့သည်။ " မစိုးရိမ်ပါနဲ့။ ငါ သူမဘေးမှာ ရှိနေရင် သူမကို ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။ ဒါနဲ့ မင်းရော ဘယ်အချိန်မှ ကျင်းကျင်းကို ဖွင့်ပြောမှာလဲ။ "

ရှုယန်က ပြောလိုက်သည်။ " တော်ပါ။ ဘာတစ်ခုမှတောင် မစရသေးဘူး။ ငါနဲ့ ကျင်းကျင်းနဲ့ ဆက်ဆံရေးက ပိုအဆင်ပြေလာပြီ ဆိုပေမဲ့ အဲ့လောက် အတိုင်းအတာထိတော့ မဟုတ်သေးဘူး။ "

လင်းဖန် လေးလေးနက်နက် ပြောမိသည်။ " အဲ့စကားက ဘာအဓိပ္ပာယ်လဲ။ ကျင်းကျင်းက တော်တော်လေး စိတ်ထားပြည့်ဝတဲ့ မိန်းကလေး တစ်ယောက်ပါ။ ပြီးတော့ သူမက မင်းကိုလည်း တကယ့်ကို ဂရုတစိုက် ဆက်ဆံပေးတယ်လေ။ ငါတောင်မှ အဲ့ဒါကို ပြောနိုင်တယ်။ မင်းက ချိန်းတွေ့တဲ့ နေရာမှာ ကျွမ်းကျင်အဆင့် ဖြစ်နေပြီ မဟုတ်ဘူးလား ၊ ပြောပါဦး။ "

ရှုယန် ထောင်းခနဲ ဒေါသထွက်သွားသည်။ " သွားစမ်းပါ။ ငါက ချိန်းတွေ့တဲ့ နေရာမှာ ဘာမှ မကျွမ်းကျင်ဘူး။ မင်းကမှ ရှားဝမ်ချွေ့ကို ရအောင် လိုက်နိုင်ခဲ့သေးတယ်။ ဒီလို ဝမ်းသာစရာ ကိစ္စမျိုးကို မင်း ငါနဲ့အတူ အောင်ပွဲခံသင့်တယ်။ အနည်းဆုံးတော့ ငါ့ကို တစ်ဝိုင်းလောက် ကျကျနန ကျွေးသင့်တယ်။ အဲ့ဒါ အရမ်း မများပါဘူး ၊ ဟုတ်တယ်မို့လား။ "

လင်းဖန် ပြုံးလိုက်ပါသည်။ " ဒါပေါ့ ၊ မများဘူး။ "

ရှုယန်သည် ရယ်မောလိုက်သည်။ " ဒါဆို ဒီကိစ္စ အတည် ဖြစ်သွားပြီနော်။ ဒီတစ်ခေါက် ငါ မင်းကို ပိုက်ဆံတွေ အများကြီး ကုန်အောင် လုပ်ရမယ်။ ကျောက်ပုစွန်ရယ် ၊ ပင်လယ်ခရုရယ် ၊ ငှက်သိုက်ရယ် ၊ ဝိုင်ပုလင်း ကောင်းကောင်း နည်းနည်းပါးပါး စီစဥ်ထားလိုက်ပါ။ ငါတို့ မမူးမချင်း အိမ်မပြန်ဘူး။ ငါတို့ အနားမယူရတာလည်း တော်တော် ကြာပြီလေ။ အခု ငါတို့ အနားယူရမယ်။ "

လင်းဖန်က လက်ခါပြရင်း ပြန်ပြောသည်။ " အဲ့ဒါတွေက သာမန် ဈေးကြီးတဲ့ အစားအစာတွေပါပဲ။ ငါ ပိုက်ဆံ ဘယ်လောက်များများ သုံးရလောက်မလဲ။ ဈေး အကြီးဆုံး ဝိုင်နီ ဖြစ်တဲ့ Romanée-Conti က တစ်ပုလင်းမှ ဒေါ်လာ သိန်းဂဏာန်း အနည်းငယ်ပဲ ရှိတာ။ ငါ နေ့စဉ် ရနေတဲ့ အတိုးတွေလောက်တောင် မများဘူး။ "

ရှုယန် : " … "

လင်းဖန်က သူဌေးကြီး တစ်ယောက် ဆိုတာ သူ မေ့သွားတော့မလို့ပင်။

လင်းဖန်သည် ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ရဲ့ ရင်းနှီးမြုပ်နှံသူတွေထဲမှ တစ်ယောက် ဖြစ်သည်။ ထိုဇာတ်လမ်းတွဲကနေ ငွေ များစွာကို သူ သဲ့ယူနိုင်သည်။

ထို့ပြင် လင်းဖန်က ခေါင်းဆောင် မင်းသားမို့ သူ့လစာကလည်း မနည်းပါဘူး။

ရှုယန် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ " သူဌေးကြီးတွေကို ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲကွာ။ ထားလိုက်ပါတော့ ၊ အိမ်ချက် အစားအသောက် နည်းနည်းပါးပါးပဲ စားကြရအောင်။ ငါ ပင်လယ်ခရု မကြိုက်ဘူး။ "

လင်းဖန်က ရှုယန်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ " စိတ်မပူနဲ့။ ငါ အစားအသောက်တွေ အများကြီး သေချာပေါက် ချက်ထားလိုက်မယ်။ အချိန်ကျလာရင် ရှောင်းယွီ ၊ ကျင်းကျင်းနဲ့ ဝမ်ချွေ့ကို ငါ့အိမ် လာခဲ့ဖို့ ဖိတ်ပေးပါ။ ငါ မင်းတို့ကောင်တွေ အတွက် လျှာရင်းမြက်မြက် အရသာရှိစေမယ့် စားသောက်ပွဲကြီး တစ်ပွဲ ပြင်ထားမယ်။ ဒါပေမဲ့ အနားယူဖို့ အချိန် အရမ်း မရှိတော့ဘူးပဲ။ ဘဝရဲ့ ပျော်ရွှင်မှု ဒုတိယတွဲနဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ တတိယတွဲကို ငါတို့ ရိုက်ရတော့မယ်။ "

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ တတိယတွဲ …. ။ ဒုတိယတွဲကို ဘယ်လို လုပ်မှာလဲ။ " ရှုယန်က မေးလိုက်သည်။

" ငါတို့ ဒုတိယတွဲကို ဂိမ်း တစ်ခု အဖြစ် ဖန်တီးမှာလေ ၊ ရုပ်သံဒရာမာ အဖြစ် ရိုက်မှာ မဟုတ်ဘူး။ တတိယတွဲကို ငါတို့ တန်းရိုက်ကြမှာ။ တတိယတွဲ အတွက် ဇာတ်ညွှန်းက အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ နောက်ထပ် လက်ရာမြောက်ဇာတ်လမ်းတွဲ တစ်ခုကို ငါတို့ ဖန်တီးနိုင်မှာ သေချာတယ်။ " လင်းဖန် ပြုံးလိုက်သည်။

သူ့မှာ ရွေးချယ်စရာ မရှိပေ။ သူလည်း ပျင်းရိပျင်းတွဲ နေချင်ပါသည်။ သို့သော် သူ့မှာ အခု ချစ်သူ ရှိနေပြီ ဖြစ်ကာ သူ့ကို ပရိသတ်တွေ အများကြီး အားပေးနေကြပြီ ဖြစ်၍ ပျင်းရိပျင်းတွဲ နေရန် မလွယ်ကူတော့ပါ။

" မြောင် မြောင်။ " ရှားဝမ်ချွေ့သည် လင်းဖန်နံဘေးသို့ လျှောက်လာပြီး ရှုယန်ကို ကြည့်လိုက်သည်။ ရှုယန်က နားလည်မှုဖြင့် ရှောင်ထွက်လာပေးလိုက်သည်။

" မင်းမှာ ကိုယ့်အတွက် ဘာများ ညွှန်ကြားစရာတွေ ရှိလဲ ဇနီးလေး။ " လင်းဖန် ပြုံးရင်း ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

" အင်း …. ငါက အခုထိ နင့်ဇနီး မဟုတ်သေးပါဘူး။ ငါတို့ နှစ်ယောက် အကြောင်းက ဝေ့ပေါ်မှာ ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်နေတုန်းပဲ။ ငါတို့ နှစ်ယောက်ရဲ့ ကောလဟာဟတွေလည်း ထပ်ပြန့်နေတယ်။ " ရှားဝမ်ချွေ့၏ ပါးမို့လေးတွေသည် အနည်းငယ် ရဲနေသည်။

" မဟုတ်ဘူး ၊ အဲ့ဒါ ကောလဟာလ မဟုတ်ဘူး။ "

" အဲ့ဒါ အမှန်တရားပဲကို။" ဟု လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ သူ့ဖုန်းကို ယူပြီး ဝေ့ပေါ် ပို့စ် တစ်ခု ရေးလိုက်သည်။

" ရှင် ဘာတင်နေတာလဲ။ " ရှားဝမ်ချွေ့သည် လင်းဖန်ကို ကြည့်ပြီး ချစ်စရာကောင်းစွာ ပြုံးမိသည်။

" ကိုယ်တို့ ဆက်ဆံရေး အကြောင်း တရားဝင် ကြေညာချက်လေ။ "

All Chapters