ကိုယ့်ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းက မင်းအပိုင်ပါ ရှားဝမ်ချွေ့က လင်းဖန်ရဲ့ကောင်မလေးပါဗျို့
Vol. 13 Ch. 187
ထိုစကားကို သူ ပြောပြီးနောက် ရှားဝမ်ချွေ့ကို ကြည့်ပြီး သူမရဲ့ သဘောထားကို စောင့်နေလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ တစ်ယောက်တည်း မဟုတ်တော့ပေ။ ဆုံးဖြတ်ချက် တချို့ကို သူ တစ်ယောက်တည်း ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရပါ။
သူ့မှာ ချစ်သူ ရှိနေပြီ ဖြစ်ကာ သူမလေးကလည်း သူ ပေးထားသော စိန်လက်စွပ်ကို ဝတ်ဆင်ထားသည်။
ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ရှားဝမ်ချွေ့က သူ့သတို့သမီးလောင်း ဖြစ်ပြီး သူ့ရဲ့ အနာဂတ် အိမ်သူသက်ထားလေး ဖြစ်လာလိမ့်မည်။
" အင်း ၊ အဲ့ဒါကို တရားဝင် ကြေညာလိုက်ကြရအောင် ~ " ရှားဝမ်ချွေ့သည် ပါးလေးတွေ အနည်းငယ် ရဲနေလျက် ချစ်စရာကောင်းစွာ ပြုံးပြခဲ့သည်။
အရင်တုန်းက သူတို့ နှစ်ယောက် အကြောင်း ကောလဟာလတွေ ဘယ်လောက်ပဲ ထွက်ခဲ့ပါစေ။ သူမရော ၊ လင်းဖန်ပါ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ရန် ဘယ်တော့မှ ရှေ့ထွက်မလာခဲ့ကြပေ။
သူမ ဝေ့ပေါ်မှာ ပထမဆုံး အကြိမ် ပို့စ် တင်ခဲ့စဉ်အခါတုန်းက သူမတို့တွေ မတွဲကြသေးပါဘူး ဟူ၍သာ ပြောဖြစ်ခဲ့သည်။
အခုတော့ သူမတို့ နှစ်ယောက် အမှန်တကယ် လက်တွဲနိုင်ကြပါပြီ။
" နေဦး ၊ ငါတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံကို ငါ ရှာလိုက်ဦးမယ်။ " ရှားဝမ်ချွေ့က ပြောပြောဆိုဆို သူမရဲ့ ဖုန်းထဲမှာ ဓာတ်ပုံကို အမြန် ရှာနေခဲ့သည်။
" ရှာနေစရာ မလိုပါဘူး။ အခုပဲ ဓာတ်ပုံ ရိုက်လိုက်ကြရအောင်။ " လင်းဖန်သည် ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
" အင်း ~ " ရှားဝမ်ချွေ့ ခေါင်းညိတ်လိုက်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့သည် သူတို့ရဲ့ အချစ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသနေခဲ့ကြသည်။
သူတို့က အဖော်မဲ့ အထီးကျန်နေသူ အုပ်စု တစ်စုကို အနိုင်ကျင့်နေတာ ဖြစ်သည်။
အထူးသဖြင့် ရှုယန်နဲ့ လင်းကျင်းကျင်းပါ။ သူတို့ နှစ်ယောက်လုံး နာကျင်ကြရသည်။
ပြီးတော့ သူတို့ အဲ့ဒါနဲ့ အသားကျနေပြီ ဖြစ်သည်။
လင်းဖန်သည် နေရောင်အောက်၌ သူ့ဖုန်းကင်မရာကို ဖွင့်ကာ သူနဲ့ ရှားဝမ်ချွေ့တို့ ချစ်သူတွေ ဖြစ်ပြီးနောက် ပထမဆုံး စုံတွဲ ဓာတ်ပုံကို ရိုက်ယူလိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို သဘာဝကျကျ ဆုပ်ကိုင်ထားခဲ့ပြီး ရှားဝမ်ချွေ့ကလည်း လင်းဖန်၏ ပခုံးပေါ်သို့ နူးညံ့စွာ မှီနွဲ့နေခဲ့သည်။ နွေးထွေးသော နေရောင်ဟာ လင်းဖြာကျနေကာ ကောင်းကင်ကနေ မေပယ်ရွက်များ ကြွေကျလာခဲ့သည်။ ကမ္ဘာလောကကြီး တစ်ခုလုံး အေးခဲရပ်တန့်သွားပုံ ပေါ်သည်။
သူ ကင်မရာကို နှိပ်လိုက်သည်။ အလှအပ Effect တွေ ၊ Filter တွေ မပါသော်လည်း ဤဓာတ်ပုံက အလှဆုံးပဲ ဖြစ်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့၏ ဓာတ်ပုံကို ကြည့်ကာ စုရှောင်းယွီက အားကျသော ပုံစံလေး ဖြစ်သွားသည်။
" အာဝူး ၊ အရမ်း လှတာပဲ။ ချစ်စရာကောင်းလိုက်တာ ~ နောက်ဆုံးတော့ အစ်မဝမ်ချွေ့နဲ့ ဆရာတို့ ချစ်သူတွေ ဖြစ်သွားကြပြီပဲ။ " စုရှောင်းယွီသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" အမှန်ပဲ။ ဘယ်လိုလုပ် ဒီလောက်တောင် ချစ်စရာကောင်းနေနိုင်ရတာလဲ။ လင်းဖန်နဲ့ ဝမ်ချွေ့က အရမ်း လိုက်ဖက်တယ် ၊ သူတို့ နှစ်ယောက် တကယ် ကြည့်ကောင်းကြတယ်။ အဓိက အချက်ကတော့ လင်းဖန်က တအား ချောတယ်။ " ဟု လင်းကျင်းကျင်းက ချီးမွမ်းခဲ့၏။
" ကျွန်တော်လည်း ချောပါတယ်ဗျာ။ " လင်းကျင်းကျင်၏ နံဘေးသို့ ရောက်လာသော ရှုယန်သည် မကျေမနပ် ပြောလိုက်သည်။
သူက အစောကြီးကတည်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့ရဲ့ ခွေးစာတွေကို တဝကြီး စားခဲ့ရပြီးပြီ ဖြစ်သည်။ အခုတော့ သူ့ချောမောမှုကတောင် လင်းဖန်ရဲ့ ချောမောမှုကို မယှဉ်နိုင်တော့ဘူးလား။
" ဟုတ်ပါတယ်။ ရှင်လည်း ချောပါတယ် ~ ဒါပေမဲ့ လင်းဖန်လောက်တော့ မချောဘူး။ " လင်းကျင်းကျင်းသည် ရှုယန်ကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာက အနည်းငယ် ရဲနေသည်။
" မပြေးနဲ့ ကျင်းကျင်း။ ကျွန်တော် မင်းကို သင်ခန်းစာ ပေးရမယ်။ " ရှုယန်က အော်ပြောလိုက်သည်။
" လာလေ ၊ ရတယ်။ ကျွန်မက အမှန်အတိုင်း ပြောနေတာကို။ " လင်းကျင်းကျင်းသည် တခစ်ခစ် ရယ်မောနေခဲ့သည်။
ရှုယန် သက်ပြင်းရှိုက်လိုက်သည်။ " ဒါပေမဲ့ ရှားဝမ်ချွေ့နဲ့ လင်းဖန် ရှိနေရင် တကယ် လိုက်ဖက်ပြီး ကြည့်ကောင်းတယ်။ "
တစ်ချိန်တည်းမှာပဲ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ဟာ တူညီသော ဓာတ်ပုံကို ဝေ့ပေါ်တွင် ပြိုင်တူ တင်ခဲ့ကြသည်။
[ လင်းဖန် : " တရားဝင် ကြေညာချက်။ ဒါက ကျွန်တော့်ကောင်မလေးပါ ၊ @ရှားဝမ်ချွေ့။ " ]
[ ရှားဝမ်ချွေ့ : " တရားဝင် ကြေညာချက် ~~~ ငါ့ဘဝရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးကို နင်နဲ့အတူ ကုန်ဆုံးသွားမယ်။ @လင်းဖန်။ " ]
သူတို့ အကောင့်တွေ အောက်မှာ အခုလေးတင် ရိုက်ထားသော ဓာတ်ပုံ ရှိနေခဲ့သည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်ထားသည်။ သူ့အနောက်မှာတော့ ဝင်ခါနီး နေမင်းကြီးနဲ့ မေပယ်ရွက်တွေ ရှိနေသည်။ လှပသော မြင်ကွင်း တစ်ခု ဖြစ်လေသည်။
ရှားဝမ်ချွေ့သည်လည်း လင်းဖန်၏ ပခုံးလေးကို နောက်တစ်ကြိမ် ထပ်မှီထားသည်။
ထိုမြင်ကွင်းက မရေမတွက်နိုင်သော ပရိသတ်များရဲ့ နှလုံးသားကို အရည်ပျော်ကျသွားစေခဲ့သည်။
လင်းဖန် ပို့စ်တင်ပြီးသည်နှင့် သူ့ပို့စ်အောက်မှာ ဒါဇင်ပေါင်းများစွာ ၊ ရာပေါင်းများစွာ ၊ သောင်းပေါင်းများစွာသော ကွန်းမန့်တွေ ရောက်လာခဲ့သည်။
" အား ၊ တရားဝင် ဖြစ်သွားပြီပဲ။ "
" လင်းဖန်နဲ့ ငါတို့ရဲ့ ချွေ့ချွေ့လေး တကယ်ကြီး တွဲနေကြပြီ။ ငါ အခု ငိုနေမိပါပြီ။ မင်းတို့ နှစ်ယောက် ပျော်ရွှင်စရာ ဆက်ဆံရေးကို သေချာပေါက် ပိုင်ဆိုင်ရမယ်။ "
" ငါတို့ ချီချီလေးကို မင်း ကောင်းကောင်း ဂရုစိုက်ရမယ်နော် သူခိုးလေး။ မင်း ငါတို့ရဲ့ ချီချီလေးကို သူများတွေ အနိုင်မကျင့်နိုင်အောင် ကာကွယ်ပေးပါ။ "
" ငါ ကြိုက်တယ် ၊ ငါ ကြိုက်တယ်။ လင်းဖန်က ဘာလို့ ဒီလောက်တောင် ချောမောနေရတာလဲ။ ရှင့်မှာ ချစ်သူ ရှိပြီးသား ဆိုတော့ ကြည့်ရတာ ငါ့မှာ အခွင့်အရေး မရှိတော့တဲ့ ပုံပဲ။ "
" လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ စုံတွဲက အရမ်း ချစ်စရာကောင်းတယ်။ သူတို့က ရုပ်သံဒရာမာတွေထဲမှာ သရုပ်ဆောင်နေတုန်းကထက်တောင် ပိုချစ်စရာကောင်းလာကြတယ်။ သူတို့ နှစ်ယောက် ဘာလို့ အရမ်း အတွဲညီညီ သရုပ်ဆောင်ကောင်းနေရလဲ ဆိုတာ ငါ နားလည်သွားပြီ။ သူတို့က သူတို့ရဲ့ စိတ်ရင်း အတိုင်း ရိုးရိုးရှင်းရှင်း သရုပ်ဆောင်နေကြတာပဲ။ "
ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်အောက်၌ ကွန်းမန့်တွေ တစ်သိန်း ၊ နှစ်သိန်း ၊ သုံးသိန်း စသည်ဖြင့် အများအပြား ရှိနေခဲ့သည်။
ပရိသတ် ဘယ်လောက်များများ စိတ်လှုပ်ရှားနေကြပြီး ဘယ်နှယောက်ကတော့ ခံစားရလွန်းလို့ ငိုနေပြီလဲ ဆိုတာ မသိတော့ပေ။
သူတို့ သဘောအကျဆုံး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ဟာ နောက်ဆုံးမှာ တွဲနေကြပါပြီ။
အကယ်၍ လင်းဖန် နာမည်မကြီးခင် သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြလျှင် လူတိုင်းက အသေအချာပင် ကန့်ကွက်ကြလိမ့်မည်။
သို့သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့သည် ' ဘဝရဲ့ ပျော်ရွှင်မှု ' နဲ့ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ရုပ်သံ ဒရာမာတွေထဲမှာ သရုပ်ဆောင်ခဲ့ကြသည်။
ထိုရုပ်သံဒရာမာတွေထဲတွင် ပထမဆုံး အချစ်ရေး ဇာတ်ဝင်ခန်းသည် အလွန် ချိုမြိန်သည်။ ဖန်သားပြင်ပေါ်က ရှားဝမ်ချွေ့၏ ပထမဆုံး အနမ်းကို လင်းဖန်ထံ ပေးအပ်ခဲ့သည်။
ဒုတိယ ဒရာမာထဲရှိ အချစ်ရေး ဇာတ်ဝင်ခန်းများက ပိုလို့တောင် ချိုမြိန်လာခဲ့သော်လည်း ထိုဇာတ်ဝင်ခန်းများက ပရိသတ်တွေကို အလွန် နာကျင်ခံစားရစေသည်။ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ လက်ထပ်သွားကြပြီး ဇာတ်ဝင်ခန်း တစ်ခုချင်းစီတိုင်းကို ဟာကွက်မရှိ ပြီးပြည့်စုံစွာ သရုပ်ဆောင်ထားခဲ့သည်။
နောက်ဆုံး ဇာတ်ဝင်ခန်းကလည်း ပရိသတ် အားလုံးရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားစေခဲ့လေသည်။
နောက်ဆုံး ဇာတ်ဝင်ခန်းတွင် ရှားဝမ်ချွေ့သည် လင်းဖန်၏ ရင်ခွင်ထဲမှာ သေဆုံးသွားခဲ့သည်။
ရုပ်သံဇာတ်လမ်းတွဲများက ထိုဇာတ်ဝင်ခန်းဖြင့် ဇာတ်သိမ်းသွားခဲ့သည်။
" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " သည် ကြေကွဲဝမ်းနည်းစရာ ဇာတ်လမ်းတွဲ တစ်ခု ဆိုတာ သံသယဖြစ်စရာ မလိုပေ။ လူ အများရဲ့ နှလုံးသားထဲမှာ နင့်နင့်နဲနဲ အမြစ်တွယ်သွားခဲ့သော ကြေကွဲဝမ်းနည်းစရာ ဇာတ်ဝင်ခန်းများကြောင့် ရင်ထဲ နင့်နေအောင် ခံစားခဲ့ကြရသည်။
ပရိသတ်တိုင်းသည် ဤရုပ်သံဒရာမာကို ကြည့်မိချိန်မှာ ငိုကြွေးခဲ့ကြသည်။
ရုပ်သံဒရာမာထဲရှိ ဇာတ်ဝင်ခန်းများကို အတုအယောင်တွေ ဖြစ်စေဖို့သာ သူတို့ မျှော်လင့်ကြသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို အမှန်တကယ် လက်တွဲအတူ ရှိသွားစေနိုင်ဖို့ သူတို့ မျှော်လင့်ဆုတောင်းခဲ့ကြ၏။
အခုတော့ သူတို့ တကယ်ပဲ တွဲနေကြပါပြီ။
ဟုတ်သည်။ ရုပ်သံဒရာမာတွေ ဆိုတာ အကုန်လုံး အတုအယောင်တွေ ဖြစ်သည်။
သို့သော်လည်း ရှားဝမ်ချွေ့၏ ပရိသတ်များသည် ထိုရုပ်သံဒရာမာ နှစ်ခုကနေ တစ်ဆင့် လင်းဖန်ကို တဖြည်းဖြည်း အသိအမှတ်ပြုလာခဲ့ကြသည်။
လင်းဖန်ကို အသိအမှတ်မပြုသူ ပရိသတ် တချို့လည်း သေချာပေါက် ရှိနေပါသေးသည်။
နာမည်ကြီး ရုပ်သံဒရာမာ နှစ်ခုကို လင်းဖန် ရိုက်ကူးခဲ့ပေမဲ့ သူ့ကျော်ကြားမှုကို ရှားဝမ်ချွေ့နဲ့ သွားယှဉ်လို့ မရပါဘူး။
ရှားဝမ်ချွေ့က ဖျော်ဖြေရေးနယ်ပယ်ရဲ့ စစ်မှန်သော ထိပ်တန်း အနုပညာရှင် တစ်ယောက် ဖြစ်သည်။
မနေ့တုန်းက တိုက်ရိုက်ထုတ်လွှင့်နေစဉ် အတွင်း လင်းဖန်သည် ရှားဝမ်ချွေ့ကို ကြည်နူးစရာအကောင်းဆုံး မွေးနေ့ပွဲ တစ်ခု ကျင်းပပေးခဲ့သည်။
လင်းဖန်ဟာ လူ နှစ်ယောက်ကိုတောင် ကယ်တင်ပေးခဲ့ပြီး ကားအက်ဆီးဒင့် ဖြစ်ရပ်ထဲ ပါဝင်သွားခဲ့သည်။ အဲ့ဒါတောင်မှ သူက ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို သူမနဲ့အတူ ကျင်းပလျက် သူမကို ဖွင့်ပြောခဲ့သည်။
လင်းဖန်သည် လည်ဆွဲနဲ့ လက်စွပ်ကိုပင် ပြင်ဆင်လာခဲ့သည်။
လင်းဖန်ရဲ့ စိတ်ထားကို ပရိသတ်များက သည်းသည်းလှုပ် ချီးကျူးခဲ့ကြသည်။
လင်းဖန်၏ အပြုအမူတွေကို ပရိသတ် အားလုံး မြင်လိုက်ရပါသည်။
လင်းဖန်က သူတို့ရဲ့ အိုင်ဒေါ ဖြစ်ကာ သူတို့ရဲ့ မင်းသားလေးကလည်း လင်းဖန်ပဲ ဖြစ်သည်။
ပရိသတ်တိုင်းသည် လင်းဖန်မှာ ရှားဝမ်ချွေ့ကို ကာကွယ်ပေးရန် အရည်အချင်း ရှိသည်ဟု ယုံကြည်ကြသည်။
" ဒါက တရားဝင်ပဲ။ "
" ငါတို့ ချွေ့ချွေ့လေး ပျော်ရွှင်ရမယ်နော်။ "
" ဒါက ချွေ့ချွေ့ရဲ့ ပထမဆုံး အချစ်ပါ လင်းဖန်ရေ။ မင်း သူမကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်။ "
" အိုး ၊ နောက်ဆုံးတော့ ငါ့အိုင်ဒေါ ချွေ့ချွေ့နဲ့ လင်းဖန်တို့ တွဲနေကြပြီပဲ။ အနာဂတ်မှာ သူတို့ရဲ့ အချစ်တွေကို သူတို့ ငါတို့ဆီ ထုတ်ဖော်ပြရင် ပြလောက်တယ်။ "
တစ်ချိန်တည်းမှာပဲ အနုပညာရှင် များစွာသည် ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ရဲ့ ဝေ့ပေါ် ပို့စ်တွေအောက်မှာ ကွန်းမန့်များ ပေးခဲ့ကြသည်။
ရှုယန် ၊ လင်းကျင်းကျင်း ၊ လင်းခယ့်ရှင်း ၊ ချူယောင်ယောင်နဲ့ အခြား အနုပညာရှင်တွေ အကုန်လုံးက ရှားဝမ်ချွေ့ကို ဆုမွန်ကောင်းတွေ ပို့သခဲ့သည်။
" အစ်မဝမ်ချွေ့နဲ့ ဆရာတို့ ပျော်ရွှင်ရတော့မယ် ~ " စုရှောင်းယွီသည် ကွန်းမန့် မန့်ပြီးနောက် အိမ်က အိပ်ရာပေါ်မှာ လဲလျောင်းလိုက်သည်။
သူမ သဘောကျတဲ့ လူနဲ့ သူမ အချစ်ဆုံး သူငယ်ချင်းတို့ အတူ ရှိနေတာကို မြင်ရတာ ဝမ်းသာစရာကောင်းပါသည်။
သူတို့ ဝေ့ပေါ် ပို့စ်တွေရဲ့ ကျော်ကြားမှုသည်လည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့၏ တရားဝင် ကြေညာချက်က ဝေ့ပေါ်မှာ သန်းဆယ်ချီသော ကျော်ကြားမှုများကို ရရှိခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပဲ Douyin ၊ Zhihu နဲ့ Bilibili ထဲတွင် ရှားဝမ်ချွေ့နဲ့ လင်းဖန်ရဲ့ တရားဝင် ကြေညာချက် အကြောင်း သတင်းတွေ တက်နေခဲ့သည်။
သူတို့ နှစ်ယောက် အမှန်တကယ်ပဲ ချစ်သူတွေ ဖြစ်သွားကြပါပြီ။