← Chapters

စုံတွဲအဖြစ် လူတိုင်းကိုရင်ဆိုင်ခြင်း

Vol. 13 Ch. 189

စုံတွဲအဖြစ် လူတိုင်းကိုရင်ဆိုင်ခြင်း

Vol. 13 Ch. 189

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တရားဝင် ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် ယွဲ့ဟွာ အန်တာတိန်းမန့်ထဲက နေ့ရာတိုင်းမှာ သူတို့ နှစ်ယောက်ကို မြင်နိုင်သည်။

ထို့ကြောင့် ယွဲ့ဟွာရှိ ဝန်ထမ်း အားလုံးဟာ လင်းဖန်နဲ့ ရှားဝမ်ချွေ့၏ ခွေးစာများကို စားနေခဲ့ရသည်။

ပြီးတော့ ယဲ့ဟွာသည် အဲ့ဩစရာ သတင်းကောင်းများကို ယနေ့ လက်ခံရရှိခဲ့သည်။

" အစ်ကိုဖန် ၊ ကျွန်မတို့ရဲ့ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' က တရုတ် ရုပ်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆု အတွက် ဆန်ကာတင်စာရင်း ဝင်ထားတယ်။ တရုတ် ရုပ်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် ကျင်းပမှာ။ အဲ့ဒီပွဲက တရုတ် စာပေနဲ့အနုပညာလောကနဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင်များအဖွဲ့အစည်းကနေ ကြီးမှုးကျင်းပတဲ့ နိုင်ငံတော်အဆင့် ဘက်စုံ ရုပ်သံ ဆုပေးပွဲ တစ်ခုပဲ။ ဒါက နိုင်ငံတော်အဆင့် ရုပ်သံ ဆုပေးပွဲ တစ်ခုပဲရှင့်။ "

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ၊ ကြယ်ဥယျာဉ် ၊ ဘဝရဲ့ ပျော်ရွှင်မှုနဲ့ တခြား လက်ရာမြောက် ရုပ်သံဒရာမာ တချို့လည်း အကုန်လုံး ဆန်ကာတင်စာရင်း ဝင်ထားတယ်။ "

" ရှင် ရိုက်ကူးထားတဲ့ ရုပ်သံဒရာမာ နှစ်ခုကို နိုင်ငံက သတိပြုမိနေပြီ အစ်ကိုဖန်ရေ။ ပြီးတော့ တရုတ် ရွှေလင်းယုန် ဆုပေးပွဲ အခမ်းအနားက ကျွန်မတို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ အစ်ကိုဖန် ၊ ရှားဝမ်ချွေ့ ၊ စုရှောင်းယွီ ၊ ရှုယန်နဲ့ လင်းကျင်းကျင်းကို တရားဝင် ဖိတ်ကြားထားတယ်။ သူတို့က ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ပြီး ကော်ဇောနီပေါ်မှာ လက်လျှောက်ရတော့မယ် ၊ ပြီးတော့ ဓာတ်ပုံတွေလည်း ရိုက်ပြီး လက်မှတ် ထိုးပေးရတော့မယ်။ " ဟု လင်းချမ့်ဝေက ပြောလိုက်သည်။

သူမက လင်းဖန်၏ မန်နေဂျာ ဖြစ်ကာ ဒီလို ကိစ္စတွေ အတွက် သူမမှာ တာဝန်ရှိသည်။

ယွဲ့ဟွာ အန်တာတိန်းမန့်သည် ဒီတစ်ခေါက် အလွန် ကျော်ကြားနေသည်။

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " နဲ့ " ဘဝရဲ့ ပျော်ရွှင်မှု ' ဇာတ်လမ်းတွဲတွေရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် တရားဝင် အာရုံစိုက်မှုများကို ရရှိခဲ့သည်။

ရွှေလင်းယုန် ဆုက နိုင်ငံတစ်ဝှမ်း ထိပ်တန်းအဆင့် ဆု တစ်ခု ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန်ကျ တရားဝင် စတင်ပါတော့မည်။

ထိုဆုပေးပွဲက ရုပ်သံဒရာမာတွေနဲ့ ရုပ်ရှင်သရုပ်ဆောင် များစွာရဲ့ အသိအမှတ်ပြုခြင်း ၊ နေရာပေးခြင်းကိုသာမက ‌ဂုဏ်ကျက်သရေကိုလည်း ကိုယ်စားပြုသည်။

နှစ်ပတ်လည် တရုတ် ရုပ်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန်ညတွင် တရားဝင် ကျင်းပတော့မည် ဖြစ်သည်။

သူတို့ရဲ့ ဆက်ဆံရေးကို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တရားဝင် ကြေညာပြီးနောက်ပိုင်း အင်တာနက်ပေါ်မှာ သူတို့ကို လက်မခံတဲ့ လူ မရှိသလောက်ပင်။

အကုန်လုံးရဲ့ မျက်လုံးထဲမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့က အလိုက်ဖက်ဆုံး ဖြစ်သည်။ ဘယ်သူမှ သူတို့ကို အစားမထိုးနိုင်ဘူး။

" ဟုတ်ပြီ။ ဒါဆို ငါ့ကို မနက်ဖြန် ကျင်းပမယ့် အခမ်းအနား အချိန်နဲ့ သက်ဆိုင်ရာ အကြောင်းတွေ ပို့ထားပေးပါ။ "

" ဟုတ်ကဲ့။ " လင်းချမ့်ဝေ ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ယွဲ့ဟွာရှိ လူတိုင်း ဤအကြောင်းကို သိသွားခဲ့ကြသည်။

လူတိုင်း အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

ဒါက တရုတ် ရုပ်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆုပေးပွဲလေ။

တရုတ် ရုပ်သံဒရာမာတွေ အတွက် အကြီးအကျယ်ဆုံးနဲ့ အထင်ရှားဆုံး ဆုတွေထဲက တစ်ခုပဲ။

ထိုစင်မြင့်ပေါ် တက်ရောက်နိုင်တာက လူတိုင်း အတွက် ဂုဏ်ယူစရာ ဖြစ်ပြီး အနုပညာရှင် တစ်ယောက်ရဲ့ ဂုဏ်ကျက်သရေ ဆိုလည်း မမှားပေ။

" ဘုရားရေ ၊ တရုတ် ရုက်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆုတဲ့လား။ အဲ့ဒါက အနုပညာ နယ်ပယ်ထဲမှာ အမြင့်မားဆုံး အောင်မြင်မှုကို ကိုယ်စားပြုတယ်။ "

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီပဲ ဖြစ်ဖြစ် ၊ ဘဝရဲ့ ပျော်ရွှင်မှုပဲ ဖြစ်ဖြစ် … နှစ်ခုစလုံးက အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းနဲ့ ရုပ်သံဒရာမာတွေပဲ။ ဇာတ်လမ်းတွဲ နှစ်ခုလုံးကလည်း ဆန်ကာတင်စာရင်း ဝင်နေပြီ။ "

" လခွမ်း ၊ အံ့ဩစရာကောင်းလိုက်တာ … အစ်ကိုဖန်က အခု တကယ် ကျော်ကြားနေပြီပဲ။ "

" ဒါက ဒီနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ရုပ်သံဒရာမာတွေ အတွက် တစ်ခုတည်းသော ဆန်ကာတင်စာရင်းလေ။ အရေးကြီးဆုံး အရာကတော့ တရုတ် ရုပ်သံပိုင်းဆိုင်ရာ ရွှေလင်းယုန် ဆုပေးပွဲမှာ အကောင်းဆုံး မင်းသား ၊ မင်းသမီး ဆုနဲ့ အကျော်ကြားဆုံး မင်းသား ၊ မင်းသမီး ဆု ရှိတယ်။ အစ်ကိုဖန် ဆု တစ်ဆုဆု ရနိုင်လောက်တယ်။ "

" အကယ်၍ အစ်ကိုဖန်သာ အကောင်းဆုံး မင်းသား ဆုကို ရခဲ့မယ် ဆိုရင် ပွဲဦးထွက်ပြီး သိပ်မကြာခင်မှာပဲ အကောင်းဆုံး မင်းသား ဆုကို အမြန်ဆုံး ရတဲ့ လူ တစ်ယောက် ဖြစ်လာမှာ မဟုတ်လား။ "

" အကောင်းဆုံး မင်းသား ဆု ဆိုတာ ရဖို့ အရမ်း ခက်တယ်။ နိုင်ငံနဲ့ ပရိသတ်တွေဆီက အသိအမှတ်ပြုခံရမှသာ အကောင်းဆုံး မင်းသား ဖြစ်လာနိုင်တာ။ "

…..

နောက်တစ်နေ့တွင် လင်းဖန်သည် သူ့အရှေ့မှာ ရပ်နေသော ရှားဝမ်ချွေ့ကို ကြည့်ကာ သူမရဲ့ ဆွဲဆောင်မှုအောက် အနည်းငယ် မျောပါသွားသည်။

ယနေ့ ရှားဝမ်ချွေ့က ပွဲတက်ဝတ်စုံလေးကို ဝတ်ဆင်ထားခဲ့သည်။ သူမရဲ့ အရှိန်အဝါက ထင်းထွက်နေကာ ဘယ်သူနဲ့မှ မတူဘဲ သာလွန်လှပနေခဲ့သည်။

လင်းဖန် တောက်ပစွာ ပြုံးကာ ပြောလိုက်သည်။ " တကယ် လှတယ်။ "

ရှားဝမ်ချွေ့သည် ရှက်သွေးဖြာသွားမိသည်။ " သွားရအောင်။ ကျွန်မတို့ ဆုပေးပွဲကို တက်ရောက်ရတော့မယ်။ "

လင်းဖန် ခေါင်းညိတ်လိုက်သည်။ " တစ်နေ့ကျ ကိုယ် မင်းနဲ့အတူ ကော်ဇောနီပေါ်မှာ လျှောက်လှမ်းနိုင်မယ် ၊ သတင်းချန်နယ်တွေ အများကြီးဆီကနေ ဓာတ်ပုံတွေ အရိုက်ခံရမယ် ၊ အတူတူ အင်တာဗျူးခံရမယ် ၊ ပြီးတော့ ရွှေလင်းယုန် ဆုပေးပွဲ အခမ်းအနားကို မင်းနဲ့အတူ တက်ရောက်နိုင်မယ်လို့ ကိုယ် တစ်ခါမှ စိတ်ကူးယဉ်မကြည့်ဖူးဘူး။ "

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ " မဟုတ်ဘူး။ ကျွန်မလည်း ရှင်နဲ့အတူ ရှိနေနိုင်လိမ့်မယ်လို့ တစ်ခါမှ တွေးမကြည့်ဖူးဘူး။ အနာဂတ်မှာ ဖျော်ဖြေရေးလောကထဲက ဘယ်သူ့ကိုမှ ကျွန်မ မကြောက်တော့ဘူး ~~ "

အခြားတစ်ဖက်၌ စုရှောင်းယွီကလည်း ဝတ်စုံကို ဝတ်ထားလျက် ရောက်လာခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ဟန်က ပြီးပြည့်စုံပါသည်။ သေးငယ်သော ရင်ဘတ်က လွဲလို့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကုန်လုံးမှာ သူမက လှပသည်။

လင်းကျင်းကျင်းနဲ့ ရှယန်သည်လည်း ယှဉ်တွဲ လျှောက်လာခဲ့ကြသည်။

" ဟုတ်ပြီ။ နင့်အချစ်ကို ထုတ်ဖော်နေတာ ရပ်လိုက်ပါတော့ ဆရာ။ နင်တို့ အရင် သွားရမယ်။ ဆရာ ဒီနေ့ ဆုရတာကို ငါ ကြည့်ချင်တယ်။ ~~ " စုရှောင်းယွီက သူမရဲ့ လက်သီးဆုပ် သေးသေးလေးများကို ဝှေ့ရမ်းရင်း ယုံကြည်ချက် ရှိနေပုံ ပေါ်သည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ " ရွှေလင်းယုန် ဆုပေးပွဲနဲ့ ကောင်းကင်ဘုံ နတ်မိမယ် ဆုပေးပွဲတွေက ထိပ်တန်း တရုတ် ရုပ်သံဒရာမာ ဆုပေးပွဲ နှစ်ခုပဲ။ ရွှေလင်းယုန် ဆုက အနုပညာလောကထဲမှာ အမြင့်ဆုံး အောင်မြင်မှုတွေကို ကိုယ်စားပြုတယ်။ ဒီနှစ်ထဲမှာ လက်ရာမြောက်တဲ့ ရုပ်သံဒရာမာတွေ အများကြီး ရှိလို့ ငါ ဆန်ကာတင်စာရင်း ဝင်တာနဲ့တင် ကောင်းကောင်း လုံလောက်နေပါပြီ။ ငါ ဒီဆုကို ရမယ်လို့ မထင်ဘူး။ "

စုရှောင်းယွီက ခေါင်းခါလိုက်သည်။ " ရှောင်းယွီရဲ့ နှလုံးသားထဲမှာတော့ ဆရာက အထူးချွန်ဆုံး လူပဲ။ တခြား ရုပ်သံဒရာမာတွေက ဘယ်လိုလုပ် ငါ့ဆရာကို ယှဉ်နိုင်မှာလဲ။ "

လင်းဖန် ပြုံးမိသည်။ သူ့အတွက် ဆု ရရင်တော့ ပိုကောင်းပါသည်။

" ဘဝရဲ့ ပျော်ရွှင်မှု ' နဲ့ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ဇာတ်ညွှန်းတွေကို သူ ကိုယ်တိုင် စာလုံး တစ်လုံးချင်းစီ ရေးထားခဲ့တာ ဖြစ်သည်။

သူ ဆုရတယ် ဆိုလျှင် အဲ့ဒါက လူတိုင်းရဲ့ အသိအမှတ်ပြုခြင်းကို ရရှိလိုက်တာနဲ့ အတူတူပါပဲ။

ရွှေလင်းယန် ဆုပေးပွဲ အခမ်းအနားမှာ ဆု ရဖို့ တကယ့်ကို မလွယ်ကူတာလေး တစ်ခုပဲ ရှိသည်။

ထိုကဲ့သို့ ဆုမျိုးကို လူတိုင်းက အသိအမှတ်ပြုပေးရန် လိုသည်။

ကြည့်ရှုသူ Rating တစ်ခုတည်း အပေါ်မှာပဲ အပြည့်အဝ မူတည်နေတာမျိုး မဟုတ်ပေ။

သူ ဆု ရလျှင်တော့ သဘာဝကျစွာပင် ပိုကောင်းပါသည်။ သူ ဆု မရလျှင်လည်း ဘာမှ ဆုံးရှုံးစရာ မရှိပါ။

နေ့လယ် ၅ နာရီ ထိုးချိန်မှာ အနုပညာရှင်များသည် ကော်ဇောနီ တစ်လျှောက် စတင် လျှောက်လှမ်းလာကြပြီ ဖြစ်သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ကော်ဇောနီရှေ့မှာ ရပ်နေခဲ့ကြသည်။

လင်းဖန် အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ကာ သူ့စိတ်ထဲမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ စိတ်လှုပ်ရှားနေသော အတွေးတွေ မရှိတော့ပေ။

ယနေ့ လူတိုင်း စောင့်ကြည့်နေကြမှာ ဖြစ်သည်။

သူ ကော်ဇောနီပေါ် ခြေချလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်သော မီဒီယာချန်နယ်တွေက သူ့ကို ဓာတ်ပုံ ဝိုင်းရိုက်ကြလိမ့်မည်။

သူ ဒီနေ့ အတွက် အဆင်သင့် ဖြစ်နေပါပြီ။

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ရဲ့ အောင်မြင်မှုက ကြည့်ရှုသူ များစွာ၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။

ထို့ကြောင့် " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ဟာ တရားဝင် အသိအမှတ်ပြုခြင်းကိုလည်း ရနိုင်မလား ဆိုတာ ကြည့်ကြပါစို့။

ကော်ဇောနီပေါ်မှာ လျှောက်လှမ်းနေကြသော နာမည်ကြီး အနုပညာရှင်တွေ အများကြီး ရှိသည်။ ဒါရိုက်တာ လုပမ်ခိုင်း ၊ စူပါစတား လင်းခယ့်ရှင်း ၊ စူပါစတား ချူယောင်ယောင်နဲ့ အနုပညာရှင် ၊ ဒါရိုက်တာ များစွာလည်း ရှိနေသည်။

အမှန်တကယ် အရည်အချင်းရှိသူများသာ ဤနေရာကို ဝင်ရောက်နိုင်သည်။

ဤနေရာသည် နိုင်ငံတစ်ဝှမ်းရှိ ရုပ်သံဒရာမာတွေရဲ့ အမြင့်မားဆုံး ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။

အင်အားနဲ့ ဂုဏ်ကျက်သရေ၏ သင်္ကေတ တစ်မျိုး ဆိုရင်လည်း မမှားပေ။

အစစ်အမှန် အရည်အချင်းရှိသူတွေကပဲ ယနေ့ ရွှေလင်းယုန် ဆုပေးပွဲ အခမ်းအနားသို့ လာနိုင်သည်။

ဒီနေရာက တရုတ်နိုင်ငံရှိ လူတိုင်းရဲ့ စိတ်အာရုံကို သေချာပေါက် ဖမ်းစားထားသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့သည် ကော်ဇောနီပေါ်၌ တစ်ချိန်တည်းမှာ ပြိုင်တူ လျှောက်လှမ်းလာခဲ့ကြသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို အလွန် ဘဘာဝကျကျပင် ဆုပ်ကိုင်ထားပြီး စင်မြင့်၏ အလယ်ဗဟိုဆီ အပြုံးလေးဖြင့် လျှောက်လာခဲ့သည်။

ပရိသတ် များစွာက လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို ကြည့်ပြီး အော်ဟစ်နေခဲ့ကြသည်။

သူတို့ရဲ့ အိုင်ဒေါ ဆိုလည်း ဟုတ် ၊ မင်းသားလေး ဆိုလည်း မမှားတဲ့ လင်းဖန်ဟာ ဒီမှာ ရောက်နေပါပြီ။

လင်းဖန်ရဲ့ ကောင်မလေး ဖြစ်သော သူတို့ နှလုံးသားထဲက နတ်ဘုရားမလေး ရှားဝမ်ချွေ့ဟာလည်း ဒီမှာ ရောက်နေခဲ့ပြီ။

မရေမတွက်နိုင်သော သတင်းထောက်များ ၊ မီဒီယာများသည် သူတို့ရဲ့ ကင်မရာခလုတ်များကို အလောတကြီး နှိပ်လိုက်ကြလေသည်။

ဒီနေရာရဲ့ တင်းကျပ်သော လုံခြုံရေးကြောင့်သာ မဟုတ်လျှင် ထိုသတင်းထောက်တွေ အရှေ့ကို အပြေးအလွား ရောက်လာကြမှာပါ။

သတင်းထောက်တွေ အပြင် အားပေးနေကြသော ပရိသတ် များစွာလည်း အပြင်ဘက်မှာ ရှိနေသည်။

ထို့ပြင် တစ်ချိန်တည်းမှာပဲ ပွဲအခမ်းအနားကို တီဗီနဲ့ အင်တာနက်ပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်‌နေခဲ့၏။

တရုတ်နိုင်ငံ၏ ရွှေလင်းယုန် ဆုပေးပွဲနေ့မို့ အလွန် အရေးပါသော နေ့ တစ်နေ့လည်း ဖြစ်သည်။ ထိုပွဲကို အင်တာနက် ပလက်ဖောင်း ၂၈ ခုနဲ့ တီဗီ ပလက်ဖောင်း ၁၂ ခုမှာ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့်နေခဲ့သည်။

အလွန် ချိုမြန်စွာ အတူယှဉ်တွဲ လျှောက်လာကြသော လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို မြင်တော့ ပရိသတ် လူအုပ်ကြီးသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကာ လျင်မြန်သော တဝိုးဝိုး တဝါးဝါး အသံတွေ ထွက်ပေါ်လာခဲ့သည်။

ဒါက တရားဝင် ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက် ပွဲ တစ်ပွဲကို ပထမဆုံး အကြိမ် အတူ တက်ရောက်လာတာ ဖြစ်သည်။

သူတို့ နှစ်ယောက်က လက်များကို ကိုင်ထားကြကာ လူတိုင်းကို စုံတွဲ တစ်တွဲ အဖြစ် ရင်ဆိုင်ခဲ့သည်။

အင်တာနက် တစ်ခုလုံး ထိုမြင်ကွင်းကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါသည်။

All Chapters