စုရှောင်းယွီသည် စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားရ၍ မျက်ရည်များ ကျခဲ့ရသည်
Vol. 13 Ch. 190
အကုန်လုံးက လင်းဖန်ကို အသိအမှတ်ပြုပေးနေခဲ့ကြသည်။
" လင်းဖန် ၊ လင်းဖန် ၊ လင်းဖန်။ "
" ဘုရားရေ။ လင်းဖန်က ဘယ်လိုလုပ် ဒီလောက်တောင် ချောမောနေရတာလဲ။ "
" အီးဟီး။ လင်းဖန်နဲ့ ရှားဝမ်ချွေ့က အရမ်း ချစ်စရာကောင်းတယ်။ သူတို့က တကယ့် စုံတွဲ တစ်တွဲပဲ။ သူတို့ကို ကြည့်ရသလောက် အတူတူ ရှိနေရတာ အရမ်း ပျော်နေတဲ့ ပုံပဲ။ ငါ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ဒရာမာကို ကြည့်ခဲ့တုန်းက အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ ကျေးဇူးပြုပြီး အခုချက်ချင်း လက်ထပ်ပေးကြပါ။ "
" ဒီနေ့က ရွှေလင်းယုန် ဆုပေးပွဲနေ့ပဲ။ အစ်ကိုဖန်က သေချာပေါက် ဆုရလိမ့်မယ်။ "
" ဓားနှင့်နတ်သမီး ဒဏ္ဍာရီနဲ့ ဘဝရဲ့ ပျော်ရွှင်မှုက အရမ်း ကောင်းတယ်။ အစ်ကိုဖန် ဆု ရမှာ မဟုတ်ဘူးလို့ ငါတော့ မယုံဘူး။ "
" အား အား အား။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက် လက်တွေ ကိုင်ထားကြပြီ။ ချိုမြိန်လိုက်တာ။ "
မရေမတွက်နိုင်သော အော်သံများ လျှံထွက်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ကွန်းမန့်များက အကြားအလပ်မရှိ တစ်ခုပြီး တစ်ခု ဆက်တိုက် တက်နေခဲ့သည်။
ပရိသတ် များစွာသည် စိတ်လှုပ်ရှားနေခဲ့ကြသည်။
ယနေ့ သူတို့ရဲ့ အိုင်ဒေါကို ဒီမှာ ထပ်မြင်ရပါပြီ။
ကော်ဇောရီရဲ့ အလယ်ဗဟိုသို့ ရောက်သွားသောအခါ လင်းဖန်သည် အနားမှာ ရှိနေကြသော ဒါရိုက်တာနဲ့ အနုပညာရှင် များစွာကို ကြည့်ပြီး ပြုံးပြလိုက်၏။
လင်းဖန်နံဘေးမှာ ရပ်နေစဉ် ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် ရဲနေခဲ့သည်။ အလှပဆုံး ပန်းချီကား တစ်ချပ်ကို သူမတို့ ခြယ်မှုန်းလိုက်သလိုပင်။
လင်းဖန်သည် ဒီမှာ ရှိကြနေသော သရုပ်ဆောင် အများကြီးကို မသိပါ။ သူ လင်းခယ့်ရှင်းကို လူ ကိုယ်တိုင်တောင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
တည်တည်ငြိမ်ငြိမ် ရပ်နေပြီးနောက် သူ ဘာမှ မပြောနိုင်သေးခင်မှာပဲ ပရိသတ်တွေက လက်ခုပ်တီးပြီးခဲ့ပြီ ဖြစ်သည်။
သရုပ်ဆောင်တွေ ၊ အနုပညာရှင်တွေ အများကြီး ရှိနေသည်။
သူတို့ ကိုယ်တိုင်လည်း အနုပညာရှင်တွေ ဆိုပေမဲ့ သူတို့က အခြား အနုပညာရှင်တွေကို အားပေးကာ ဒရာမာတွေကို ပုံမှန် ကြည့်လေ့ရှိသည်။
အနုပညာရှင် များစွာသည် ဓားနှင့်နတ်သမီး ဒဏ္ဍာရီနဲ့ လင်းဖန်၏ ပရိသတ်များ ဖြစ်ကြသည်။
လင်းဖန်ဟာ မာစတာအဆင့် ဇာတ်ညွှန်းရေးသူ တစ်ယောက် ဆိုတာလည်း သူတို့တွေ သိကြသည်။ သူ ရေးသမျှ ဇာတ်ညွှန်းတိုင်း အကြီးအကျယ် အောင်မြင်ကျော်ကြားလာနိုင်သည်။
ထို့ပြင် လင်းဖန်က ဒါရိုက်တာကြီး တစ်ယောက်လည်း ဖြစ်နေသေးသည်။
ဒါရိုက်တာ လုပမ်ခိုင်းသည် လင်းဖန်၏ အလုပ်ကို အံ့အားသင့်ခဲ့ရသည်။
မိန်းကလေး အနုပညာရှင် များစွာက လင်းဖန်ကို ကြည့်ပြီး သူမတို့ရဲ့ အကြည့်တွေကို မလွှဲနိုင်ခဲ့ကြပေ။
အထူးသဖြင့် အနုပညာရှင် လင်းခယ့်ရှင်းနဲ့ ချူယောင်ယောင် ဖြစ်သည်။ ထိုကောင်မလေး နှစ်ယောက်က အလွန် ခင်မင်သော သူငယ်ချင်းတွေပင်။
သူတို့ အရင်တုန်းက နာမည်ကြီး အနုပညာရှင်တွေ အများကြီးကို တွေ့ခဲ့ဖူးသည်။
ဒီနေ့က လင်းဖန်ကို အပြင်မှာ သူတို့ လူ ကိုယ်တိုင် တွေ့ဖူးတာ ပထမဆုံး အကြိမ် ဖြစ်သည်။
" ဝိုး … ယောင်ယောင်ရေ ၊ လင်းဖန်က ဘယ်လိုတောင် အရမ်း ချောနေတာပါလိမ့်။ " လင်းခယ့်ရှင်းက လင်းဖန်ကို ကြည့်နေခဲ့ပြီး သူမရဲ့ မျက်လုံးများက အရူးအမူးဖြစ်နေခြင်းကြောင့် သိသိသာသာ တဖျတ်ဖျတ် လက်နေခဲ့သည်။
" နင်က ပေကျင်း ရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းတော်အလှပဂေးလေးနော် ခယ့်ရှင်း။ နင်က နာမည်ကြီး စူပါစတား တစ်ယောက်။ ကိုယ့်ပုံရိပ်ကို အာရုံစိုက်ပါဦး။ ဒါပေမဲ့ … လင်းဖန်က တကယ့်ကို အကြည့်မလွှဲချင်စရာ ချောမောလွန်းတယ်။ " ချူယောင်ယောင်ကလည်း အတူတူပဲ ဖြစ်ကာ သူမရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသည်။
" ငါ အရင်တုန်းက လင်းဖန်ရဲ့ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ကို ကြည့်ဖူးတယ်။ အဲ့တုန်းက ငါ သူ့ရုပ်ရည်ကို သာမန် ကြည့်ကောင်းတာလောက်ပဲလို့ ထင်ခဲ့မိတာ ၊ ဒါပေမဲ့ အခု ငါ သူ့ကို လူ ကိုယ်တိုင် တွေ့ရတော့မှ လင်းဖန်က သေလောက်အောင် ချောလွန်းတယ်။ ငါ ဆုံးဖြတ်လိုက်ပြီ ယောင်ယောင်။ ဒီနေ့က စပြီး ငါက လင်းဖန်ရဲ့ ပရိသတ်ပဲ ~ " ဟု လင်းခယ့်ရှင်းက ပြောလိုက်သည်။
" ငါလည်း လင်းဖန်ရဲ့ ပရိသတ် ဖြစ်သွားပြီ။ အီးဟီး ၊ လင်းဖန်မှာ ချစ်သူ ရှိနေပြီနော်။ ငါတို့မှာ အခွင့်အရေး မရှိတော့ဘူး။ " ဟု ချူယောင်ယောင်ကလည်း ပြန်ပြောခဲ့သည်။
လင်းဖန် ရောက်လာတဲ့ အခိုက်အတန့်မှာပဲ မိန်းကလေး နှစ်ယောက်ကို ညို့ယူဖမ်းစားခဲ့ပါပြီ။
လင်းခယ့်ရှင်းသည် ဟိုးအရင်တုန်းက ပေကျင်း ရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းတော်အလှပဂေးလေး တစ်ယောက် ဖြစ်ခဲ့သည်။ သူမကို ပိုးပန်းသော ယောက်ျားလေးတွေ ရိုက်သတ်လို့ မကုန်အောင် များသော်လည်း သူမကတော့ ဘယ်တော့မှ လက်မခံခဲ့သလို ယောက်ျားလေး တစ်ယောက်ကို ဒီလိုမျိုးတောင် မချီးကျူးခဲ့ဖူးပေ။
အဓိက အချက်က လင်းဖန်ဟာ အလွန် ချောမောသည်။ သူမ မချီးကျူးဘဲ မနေနိုင်ပါဘူး။
လင်းခယ့်ရှင်းနဲ့ ချူယောင်ယောင်တို့ နှစ်ယောက်ပဲ လင်းဖန်၏ ချောမောမှု ဝဲဂယက်ထဲမ မျောပါသွားကြတာ မဟုတ်ပေ။ တခြား အမျိုးသမီး အနုပညာရှင် များစွာကလည်း ထူးမခြားနားပင်။
" အား အား အား။ လင်းဖန်က တကယ် ချောလွန်းတယ်။ "
" သူ အရမ်း ချောတာပဲ ၊ အရမ်း ချောတာပဲ။ ဖျော်ဖြေရေးလောထဲက ဘယ်သူမှ လင်းဖန်လို ချောမောတဲ့ စူပါစတား တစ်ယောက်ကို မယှဉ်နိုင်ဘူး။ "
" အဓိက အချက်ကတော့ လင်းဖန်က အရမ်း အံ့ဩစရာကောင်းတယ်။ သူ့ရုပ်ရည်ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခု အနေနဲ့ အသုံးချလို့ ရပေမဲ့ သူကတော့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကိုပဲ အသုံးချချင်နေတာလေ။ "
" ငါ သက်ပြင်းချမိတယ်။ ငါသာ နှစ် အနည်းငယ်လောက် အသက် ပိုငယ်ရင် လင်းဖန်က သေချာပေါက် ငါ့အပိုင် ဖြစ်လာမှာပဲ။ *
အမျိုးသမီး အနုပညာရှင် တချို့က လင်းဖန်ကို ကြည့်ကာ ပြုံးပြခဲ့ကြသည်။
တကယ်တော့ အမျိုးသမီး အနုပညာရှင်တွေရဲ့ တုံ့ပြန်မှုက တကယ့်ကို ပုံမှန်ပဲ ဖြစ်သည်။ ယနေ့ခေတ် ပရိသတ်တွေ သူတို့ အားပေးသော အနုပညာရှင်တွေကို မြင်ချိန်မှာ ဘယ်လို တုံ့ပြန်ကြလဲ ဆိုတာ သင် မှန်းဆကြည့်နိုင်သည်။
အနုပညာရှင်များ အားလုံး ကော်ဇောနီပေါ်တွင် လျှောက်လှမ်းခြင်း ပြီးဆုံးသွားပြီးနောက် ပွဲစီစဉ်ကျင်းပသူက ယနေ့ တရားဝင် ဆုပေးပွဲ အခမ်းအနားကို စတင်လိုက်၏။
" အားလုံးပဲ ၊ ကျွန်တော််တို့ရဲ့ ရွှေလင်းယုန် အခမ်းအနားက နှစ်ပတ်လည် ဆုပေးပွဲ အခမ်းအနား တစ်ခု ဖြစ်ပါတယ်။ ဒီပွဲက နိုင်ငံတစ်ဝှမ်းမှာ အကြီးမားဆုံး ဆုပေးပွဲပါ။ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တွေ ရှိတယ် ၊ လက်ဖျားခါလောက်တဲ့ ဒါရိုက်တာတွေ ရှိတယ် ၊ ပြီးတော့ အင်တာနက်ပေါ်မှာ ကျော်ကြားတဲ့ ရုပ်သံဒရာမာတွေလည်း ရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပထမဆုံး ဆုကို ကြေညာပါ့မယ်။ အကောင်းဆုံး အနုပညာ ဖျော်ဖြေမှု အမျိုးသမီးသရုပ်ဆောင် ဆု အတွက် ဆုရရှိသူကတော့ … စုရှောင်းယွီပဲ ဖြစ်ပါတယ်။ "
သူမရဲ့ နာမည်ကို တင်ဆက်သူ ကြေညာလိုက်တာကို ကြားသောအခါ စုရှောင်းယွီသည် စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်လာခဲ့လိုက်သည်။
ကင်မရာများ အားလုံး စုရှောင်းယွီကို ချိန်ရွယ်ထားကြသည်။
စုရှောင်းယွီသည် အတိတ်တုန်းက ဒရာမာတွေ အများကြီးထဲမှာ သရုပ်ဆောင်ခဲ့ဖူးသော်လည်း တစ်ခါမှ ဒီလို ဆုမျိုး မရခဲ့ပေ။
ဒီနေ့တော့ သူမ လုပ်နိုင်ခဲ့ပါပြီ။
စုရှောင်းယွီသည် သူမရဲ့ လှပသော မျက်လုံးများဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။ သူမရဲ့ အနီရောင် နှုတ်ခမ်းလေးတွေကို ခပ်တင်းတင်း စေ့ပိတ်ထားရင်း သူမ အနည်းငယ် ပျော်ရွှင်နေမိလေသည်။
ကြည့်ပါဦး ဆရာ။ သူမသာ အလုပ် ကြိုးစားရင် သူမလည်း အရမ်း ထူးချွန်လာနိုင်တယ် ~
အကောင်းဆုံး အနုပညာ ဖျော်ဖြေမှု အမျိုးသမီးသရုပ်ဆောင် ဆုသည် စုရှောင်းယွီ၏ သရုပ်ဆောင်စွမ်းရည်တွေအပေါ် အဓိက အကဲဖြတ်တာ ဖြစ်သည်။
တင်ဆက်သူရဲ့ အသံ ထွက်ပေါ်လာသည်။ " အကောင်းဆုံး အနုပညာ ဖျော်ဖြေမှု အမျိုးသမီးသရုပ်ဆောင် ဆုကို ရရှိခဲ့သူကတော့ စုရှောင်းယွီ ဖြစ်ပါတယ်။ သူမက ဘဝရဲ့ ပျော်ရွှင်မှု ဒရာမာထဲမှာ ဟိုင်ထန်းသော်သော် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ထူးခြားကောင်းမွန်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် မရေမတွက်နိုင်တဲ့ ချီးကျူးမှုတွေကို လက်ခံရရှိခဲ့ပါတယ်။ သူမက ဓားနှင့်နတ်သမီး ဒဏ္ဍာရီထဲမှာလည်း လင်းယွဲ့ရူ အဖြစ် သရုပ်ဆောင်ခဲ့ပြီး စစ်မှန်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ ဆိုတာ ဘယ်လို အရာမျိုးလဲ ဆိုတာ ပြသပေးခဲ့ပါတယ်။ သူမ ဒီဆုကို ရရှိဖို့ ထိုက်တန်ပါတယ်။ စုရှောင်းယွီကို ကျွန်တော်တို့ အားလုံး အတူတူ ဂုဏ်ပြုလိုက်ရအောင်ပါ။ "
တစ်ချိန်တည်းမှာပဲ အားပေးသံတွေ တစ်ခဲနက် စီစီညံညံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
စုရှောင်ယွီက စင်မြင့်ရဲ့ အလယ်ဗဟိုမှာ ရပ်နေခဲ့သည်။
သူမ၏ ပရိသတ်များ အားလုံးက အော်ဟစ်အားပေးနေကြသည်။
ရှားဝမ်ချွေ့ ၊ လင်းကျင်းကျင်းနဲ့ ရှုယန်တို့သည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေခဲ့ကြသည်။
ဒီဆုက စုရှောင်းယွီ အတွက် အသင့်လျော်ဆုံး ဖြစ်ပါသည်။
အချိန် အကြာကြီး ကြိုးစားလာခဲ့တဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက ဒီဆုကို ရဖို့ ထိုက်တန်သည်။
လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။ စုရှောင်းယွီ ရိုက်ကွင်းမှာ ဘယ်လောက်တောင် ကြိုးစားခဲ့တယ် ဆိုတာ လူတိုင်း မြင်နိုင်ပါသည်။
လက်ခုပ်ဩဘာသံများကြောင့် စုရှောင်းယွီ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာခဲ့သည်။
စုရှောင်းယွီရဲ့ မိသားစုမှာ ငွေကြေး ပြတ်လပ်မနေပါ။ ဒါဆို သူမ ဘာကြောင့် အနုပညာရှင် တစ်ယောက် ဖြစ်ချင်ရတာလဲ။
သူမ သရုပ်ဆောင်ရတာကို သဘောကျသည် ၊ အနုပညာရှင် တစ်ယောက် ဖြစ်ရတာကို နှစ်သက်သည်။
အိမ်ရှိ ဆွေမျိုးများကို သူမကိုယ်သူမ သက်သေပြပေးချင်သည်။ သူမ မိသားစုရဲ့ အကူအညီ မပါဘဲနဲ့လည်း ပြင်ပမှာ သူမ တစ်ယောက်တည်း အလွန် အောင်မြင်စွာ အလုပ် လုပ်နေနိုင်သေးသည်။
သူမ ဘယ်တော့မှ ဆု မရဖူးပေ။
သူမ ရှားဝမ်ချွေ့နဲ့ ရှိနေစဉ်မှာ ထင်ပေါ်ကျော်ကြားမှုတွေ အကုန်လုံးက ရှားဝမ်ချွေ့ တစ်ယောက်တည်းအပေါ် ကျရောက်နေသလို ဖြစ်ခဲ့သည်။
ဒီနေ့တော့ သူမကို လူတိုင်း အသိအမှတ်ပြုပေးခဲ့ပါပြီ။
အမြဲတမ်း ချစ်စရာကောင်းနေတတ်သော စုရှောင်းယွီသည် ယနေ့တွင် ချစ်စရာ အပြုံးလေးကို ထုတ်ဖော်ခဲ့သည်။
သူမက အလွန် ချစ်စရာကောင်းသော်လည်း အထက်မြက်ဆုံး မိန်းကလေးကလည်း သူမပဲ ဖြစ်သည်။
တင်ဆက်သူက စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်သည်။ " ဒါက မင်း အနုပညာရှင် ဖြစ်လာကတည်းကနေ အခုထိ ပထမဆုံး အကြိမ် ဆု လက်ခံရတာနော် စုရှောင်းယွီ။ မင်း အခု ဘယ်လို ခံစားနေရလဲ။ "
စုရှောင်းယွီက လင်းဖန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
ထို့နောက် သူမရဲ့ ရင်ဘတ်ပေါ် လက်တင်ကာ လင်းဖန် ရှိနေရာဆီ ဦးညွှတ်လိုက်သည်။
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တင်ဆက်သူပင်လျှင် ဆွံ့အသွားခဲ့သည်။
အချိန် တစ်ခု ကြာသွားပြီးမှ စုရှောင်းယွီသည် လင်းဖန်ကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။ " ကျွန်မ လင်းဖန်ကို ဆရာလို့ အမြဲတမ်း ခေါ်တတ်တာကို လူတိုင်း သိကြမှာပါ ၊ ဘာလို့လဲ ဆိုတော့ သူက တကယ်လည်း ကျွန်မရဲ့ ဆရာမို့ပါ။ "
" အတိတ်တုန်းက ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်တွေက သိပ်မကောင်းခဲ့ဘူး။ ကျွန်မ ဘဝရဲ့ပျော်ရွှင်မှုမှာ သရုပ်ဆောင်တော့ အမြဲတမ်း ပြဿနာတွေ အများကြီး ရှိခဲ့ရတယ်။ ကျွန်မကို အမြဲတမ်း အားပေးခဲ့တာ ၊ ကူညီပေးခဲ့တာ ၊ သင်ကြားပေးခဲ့တာ လင်းဖန်ပါပဲ။ "
" ကျွန်မ ဓားနှင့်နတ်သမီး ဒဏ္ဍာရီမှာ သရုပ်ဆောင်တော့ ဖိအားတွေ အများကြီး ရှိခဲ့တယ်။ လင်းယွဲ့ရူရဲ့ ဇာတ်ကောင်နေရာကို ကျွန်မ ကောင်းကောင်း သရုပ်မဆောင်နိုင်မှာကို စိုးရိမ်ခဲ့မိတယ်။ နေ့တိုင်း ညနက်တဲ့အထိ မအိပ်ဘဲ ဇာတ်ညွှန်းကို ဖတ်ပြီး ကျွန်မနဲ့အတူ သရုပ်ဆောင်ပေးခဲ့တာ လင်းဖန်ပါ။ အဲ့ဒါကြောင့်သာ ပြီးပြည့်စုံတဲ့ အလုပ် တစ်ခုကို ကျွန်မ ပြီးမြောက်နိုင်ခဲ့တာပါ။ "
" တခြား လူတွေရဲ့ ယှဉ်လိုက်ရင် ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ်တော့ မကောင်းပါဘူး ၊ ဒါပေမဲ့ ကျွန်မ ကြိုးစားနေပါတယ်။ အစ်မဝမ်ချွေ့ကို မီချင်တဲ့ အတွက် ဒီတစ်လျှောက်လုံး ကျွန်မ ကြိုးစားခဲ့ပါတယ်။ "
" ကျွန်မ တစ်နေ့ကျ ဆု ရနိုင်လိမ့်မယ်လို့ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးပါဘူး။ "
" အတိတ်တုန်းက ကျွန်မကိုယ်ကျွန်မ ဘဲရုပ်ဆိုးမလေး တစ်ယောက်လို့ပဲ အမြဲတမ်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ လင်းဖန်နဲ့ တွေ့ခဲ့တဲ့ အချိန်က စပြီး သူက ကျွန်မ ဘဝကို ပြောင်းလဲပေးခဲ့တယ် ၊ ကျွန်မကိုလည်း ပြောင်းလဲပေးခဲ့တယ်။ "
" လင်းဖန်ကြောင့် ကျွန်မ ဒီဆုကို ရနိုင်ခဲ့တာပါ။ "
" ဒီနေ့ လင်းဖန်ကို ကျေးဇူးတင်စကား ပြောဖို့ အတွက် ကျွန်မ ဒီအခွင့်အရေးကို အသုံးချချင်ပါတယ်။ "
စုရှောင်းယွီ တောက်ပစွာ ပြုံးလိုက်ကာ သူမရဲ့ မျက်ရည်များက သူမ အမြင်အာရုံကို မှုန်ဝါးနေစေခဲ့သည်။
သူမက ပုံမှန်အားဖြင့် အလွန် ချစ်စရာကောင်းပေမဲ့ သူမမှာလည်း ဒီလို အားနည်းပျော့ညံ့တဲ့ ပုံစံလေး ရှိပါသည်။
ဆုကို လက်ခံယူပြီးနောက် လူတိုင်း၏ အကြည့်အောက်မှာ စင်မြင့်ပေါ်ကနေ သူမ တိတ်ဆိတ်စွာ ပြန်ဆင်းလာခဲ့သည်။
သူမမှာ ဒီလို ဆရာမျိုး ရှိနေတာ ကံကောင်းသည်။
စုရှောင်းယွီ ဆင်းသွားသောအခါ လူတိုင်းရဲ့ မျက်လုံးတွေက လင်းဖန့်ဆီ နောက်တစ်ခေါက် ပြန်ရောက်သွားသည်။
မိန်းကလေး များစွာ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေသည်။
စုရှောင်းယွီ တစ်ယောက် အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာတာကို သူတို့ သိသော်လည်း ဒီအရာတွေ အကုန်လုံးက လင်းဖန်နဲ့ ပတ်သက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
လင်းဖန်ကြောင့်သာ … ဒီလို အကောင်းဆုံး ရုပ်သံဒရာမာ နှစ်ခုကို ဖန်တီးနိုင်ခဲ့တာ ဖြစ်သည်။
လင်းဖန်ကြောင့်သာ စုရှောင်းယွီလည်း အများကြီး တိုးတက်လာနိုင်ခဲ့တာ ဖြစ်သည်။
လင်းဖန်က ... တကယ့်ကို နတ်ဘုရား တစ်ပါးလိုပါပဲလား။
သူက တရုတ်နိုင်ငံ သမိုင်းတစ်လျှောက်တွင် စံပြ ရုပ်သံဒရာမာ နှစ်ခုကို ဖန်တီးခဲ့သည်။
သူသည် " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ကို အောင်မြင်မှု အနေအထား တစ်ခု ရောက်အောင်ပင် တွန်းပို့ပေးခဲ့သည်။
ပြီးတော့ ဒီအရာတွေ အကုန်လုံးက လင်းဖန်နဲ့ ပတ်သက်နေလေသည်။