← Chapters

လူတိုင်းကို အလန့်တကြား ဖြစ်သွားစေလျက် အကျော်ကြားဆုံး အမျိုးသားသရုပ်ဆောင် ဆုရရှိသူက လင်းဖန် ဖြစ်နေသည်။

Vol. 13 Ch. 192

လူတိုင်းကို အလန့်တကြား ဖြစ်သွားစေလျက် အကျော်ကြားဆုံး အမျိုးသားသရုပ်ဆောင် ဆုရရှိသူက လင်းဖန် ဖြစ်နေသည်။

Vol. 13 Ch. 192

ကြေညာပြီးသည့် အခိုက်အတန့်မှာပဲ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း တစ်ခုလုံး ကွန်းမန့်တွေ ပြည့်နှက်သွားခဲ့သည်။

အလွန် ကျယ်လောင်သော လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။

ရွှေလင်းယုန် ဆုပေးပွဲရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ရုပ်သံဒရာမာ ဆုက လင်းဖန်ရဲ့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ပါ။

လင်းဖန်၏ ရုပ်သံဒရာမာသည် တာဝန်ရှိသူတွေထံမှ အမြင့်ဆုံး သုံးသက်ချက်နဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီဟာ အမှန်တကယ်ပဲ ဆုရခဲ့ပါပြီ။

အစီအစဉ်တင်ဆက်သူက စကားဆက်လိုက်သည်။ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ရုပ်သံဒရာမာမှာ သိပ်ကို ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်း ရှိပြီး ဒီရုပ်သံဒရာမာရဲ့ အဓိကဆိုလိုရင်းကိုလည်း ကံကြမ္မာက ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါက နိုင်ငံ အတွင်းမှာ အောင်မြင်မှု အထွဋ်အထိပ်ကို ရောက်နိုင်ခဲ့တဲ့ ပထမဆုံး ရှန်းရှ ဒရာမာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီရုပ်သံဒရာမာထဲက ဇာတ်ကောင်တိုင်းကို သွေးတွေ ၊ ချွေးတွေနဲ့ သရုပ်ဆောင် တည်ဆောက်ထားခဲ့တာပါ ၊ ဇာတ်ကောင်တိုင်းဟာလည်း အလွန် ပီပြင်ပေါ်လွင်ပြီး ပြင်ပမှာ ရှိတဲ့ လူ အစစ်တွေလို ခံစားရစေပါတယ်။ "

" ကြည့်ရှုနှုန်း ၇.၅၃ % ရှိတဲ့ ဒီရုပ်သံဒရာမာက စစ်မှန်တဲ့ လက်ရာမြောက် ဂန္တဝင်ဖန်တီးမှု တစ်ခုပါပဲ။ "

" ဒီလို ဂန္တဝင်လက်ရာ တစ်ခုရဲ့ ဇာတ်ညွှန်းကို လင်းဖန် ရေးခဲ့တာပါ။ "

" ဒီရုပ်သံဒရာမာရဲ့ ဒါရိုက်တာကလည်း လင်ဖန်ပဲ ဖြစ်ပါတယ်။ "

" ဒီရုပ်သံဒရာမာရဲ့ အမျိုးသားဇာတ်လိုက်ကတောင် လင်းဖန်ပါပဲ။ "

" ဒီရုပ်သံဒရာမာရဲ့ အောင်မြင်မှုဟာ လင်းဖန် မရှိဘဲ ဖြစ်တည်လာမှာ မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။ "

အစီအစဉ်တင်တက်သူ၏ စကားဆုံးသွားသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကွန်းမန့်များ ၊ ယွဲ့ဟွာ အန်တာတိန်းမန့်ရှိ ဝန်ထမ်းများ အားလုံးနဲ့ ပွဲကျင်းပရာ နေရာရှိ လူတိုင်း၏ လက်ခုပ်သံများ ဝေါခနဲ လျှံထွက်လာခဲ့သည်။

" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " က ဆုနဲ့အတူ လူတိုင်းရဲ့ ထောက်ခံခြင်းကိုလည်း ရရှိခဲ့၏။

ထို့ပြင် တာဝန်ရှိသူများက လင်းဖန်ကို အလွန် သဘောကျ အထင်ကြီးစွာ သုံးသပ်ခဲ့သည်။

လင်းဖန်သာ မရှိလျှင် " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " လို ရုပ်သံဒရာမာမျိုး ရှိလာမှာ မဟုတ်ဘူးဟု ပြောလို့ ရသည်။

" 6666666 ၊ အစ်ကိုဖန်က အရမ်း အံ့ဩစရာကောင်းတယ်။ ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' ရုပ်သံဒရာမာက တကယ်ကြီး ဆုရသွားပြီဟ။ "

" ပြောနေစရာတောင် မလိုပါဘူး။ အစ်ကိုဖန်က ဘယ်သူမှန်း မင်း မသိဘူးလား။ သူက ငါတို့ ကုမ္ပဏီရဲ့ ဉာဏ်ကြီးရှင် ဒါရိုက်တာ တစ်ယောက် ၊ မာစတာအဆင့် ဇာတ်ညွှန်းဆရာ တစ်ယောက်ပဲ။ "

" ငါ ဆွံ့အနေမိပြီ။ အစ်ကိုဖန်က အရမ်း မိုက်လိုက်တာ။ သူ ရိုက်ကူးသမျှ ရုပ်သံဒရာမာတိုင်း ကျော်ကြားလာတာချည်းပဲ။ အခုဆို " ဓားနှင့်နတ်သမီး " က ဒီလို ရလဒ်မျိုးတွေကိုတောင် ရသွားခဲ့ပြီ။ "

" ဟဟ ၊ လင်းဖန်ရဲ့ ဇာတ်ညွှန်းက သေချာပေါက် နာမည်ကြီးလာမှာပါလို့ ငါ အရင်တုန်းက ပြောခဲ့သားပဲ။ အဲ့ဒီအချိန်တုန်းက အပြင်အန်တာတိန်းမန့် ကုမ္ပဏီတွေက အမြင်မရှိခဲ့ကြဘူး။ အခုတော့ လင်းဖန်က လူတိုင်းကို ‌သက်သေပြလိုက်နိုင်ပြီ။ သူ ရေးတဲ့ ဇာတ်ညွှန်းတွေကို ဘယ်သူမှ မကျော်နိုင်ဘူး။ "

" သူ ဆုရသွားပြီ ၊ သူ ဆုရသွားပြီ။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီက တစ်နှစ်တာအတွင်း အကောင်းဆုံး ရုပ်သံဒရာမာပဲ။ "

မရေမတွက်နိုင်သော ပရိသတ်များ စိတ်လှုပ်ရှားနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ ထိုသတင်းက ဖျော်ဖြေရေးလောကကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ဒါရိုက်တာတွေနဲ့ အန်တာတိန်းမန့် ကုမ္ပဏီကြီးတွေ အကုန်လုံး ထိတ်လန့်သွားကြသည်။

" ဘုရားရေ ၊ သူ တကယ်ကြီး ဆုရသွားပြီပဲ။ လင်းဖန်က တကယ့်ကို ဉာဏ်ကြီးရှင် ဒါရိုက်တာ တစ်ယောက်ပါလား။ သူ ဘယ်လိုလုပ် ဒီလောက်တောင် အံ့ဩစရာကောင်းနေရတာလဲ။ ရုပ်သံဒရာမာ နှစ်ခုစလုံးက အရမ်း နာမည်ကြီးတယ်။ "

" ငါ လင်းဖန်ကို တော်တော် အထင်ကြီးမိတယ်။ သူက ပွဲဦးထွက်လာတာ သိပ်မကြာသေးဝာာတောင် ရုပ်သံဒရာမာ နှစ်ခုကနေ ဒီလို အောင်မြင်မှုရလဒ်တွေကို ရနေခဲ့ပြီ။ "

" လင်းဖန်က တကယ့်ကို အောင်မြင်နေပြီ။ သူ ဆုရရုံတင် မဟုတ်ဘူး ၊ သူ့မှာ ကောင်မလေး ချောချောလေးလည်း ရှိနေသေးတယ်။ သူ့ကို အားမကျတဲ့ လူ ရှိမှာ မဟုတ်ဘူး။ "

" မြန်မြန် ၊ မြန်မြန် ၊ မြန်မြန် လုပ်ကြ။ လင်းဖန်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တို့ ဘာတို့ အသေးစိတ် အချက်အလက်တွေကို ငါတို့ ရှာရမယ်။ ရှာပြီးသွားတာနဲ့ လင်းဖန်ကို သူ ချက်ချင်း ဆက်သွယ်လိမ့်မယ်။ ပိုက်ဆံ ဘယ်လောက်ပဲ ပေးရ ပေးရ ၊ ငါတို့ရဲ့ ရုပ်သံဒရာမာကို ရိုက်ကူးပေးဖို့ လင်းဖန်ကို တောင်းဆိုရမယ်။ "

" လင်းဖန်လို အရည်အချင်းရှိသူ တစ်ယောက်ကို ငါတို့ လက်လွတ်မခံနိုင်ဘူး။ သူ့ကို ငါတို့ ရုပ်သံဒရာမာရဲ့ အဓိက ဇာတ်လိုက် လုပ်ခိုင်းပြီးတော့ နယ်ပယ်ထဲမှာ အမြင့်ဆုံး သရုပ်ဆောင်ကြေးကို ပေးလိုက်။ "

" ငါတို့ကို ကူညီပြီး ဇာတ်ညွှန်း တစ်ပိုဒ် ရေးပေးဖို့ လင်းဖန်ကို တောင်းဆိုကြည့်ရင် မဆိုးဘူး။ လင်းဖန် ဘယ်အချိန်မှာ ဇာတ်ညွှန်း အသစ် ရေးမှာလဲ။ ငါ အဲ့ဒါကို မျှော်လင့်နေပြီ။ "

အန်တာတိန်းမန့် ကုမ္ပဏီကြီးတွေ အကုန်လုံး လင်းဖန်၏ တန်ဖိုးကို ဒီနေ့ နားလည်သွားကြသည်။

အရင်တုန်းက သူတို့ထဲမှ တချို့ဟာ လင်းဖန်ကို မယုံကြည်ခဲ့ကြဘဲ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ဟာလည်း အောင်မြင်လာလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

ယနေ့ သူတို့အရှေ့မှာ အမှန်တရားကို မြင်လိုက်ရတော့မှ သူတို့နဲ့ လင်းဖန်ကြားက ကွာခြားချက်က ဘယ်လောက် ကြီးမားကြောင်း နောက်ဆုံး၌ နားလည်သွားခဲ့သည်။

ပန်းချီပညာရှင် ဗန်ဂိုးကို လူတိုင်း မတွေးမိဘဲ မနေနိုင်ပေ။

ဗန်ဂိုး အသက်ရှင်နေစဉ်အခါတွင် သူ့ပန်းချီကားများကို အမှိုက်တွေဟု အခေါ်ခံရကာ ဘယ်သူမှ မဝယ်ခဲ့ပါ။

ထိုအချိန်တုန်းက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူမှ ဗန်ဂိုးကို နားမလည်ခဲ့ကြ။

ဗန်ဂိုး သေသွားပြီးနောက်ပိုင်းမှ အနာဂတ်တွင် လူများသည် သူ့ပန်းချီကား တစ်ချပ်ချင်း၏ တန်ဖိုးကို တဖြည်းဖြည်း နားလည်သိရှိလာခဲ့သည်။

နှောင်းပိုင်းမျိုးဆက်များကပဲ ဗန်ဂိုးဟာ အံ့မခန်း အရည်အချင်းရှိသူ ဖြစ်ကြောင်း နားလည်ခဲ့ကြသည်။

အခြား လူတွေက သူ့ကို ရူးသွပ်လွန်းတယ် ဆိုပြီး ဟားတိုက်ရယ်ခဲ့ကြပေမဲ့ သူကတော့ သူ့အရည်အချင်းကို မမြင်နိုင်တဲ့ လူတွေကို လှောင်ရယ်ခဲ့သည်။

ယနေ့ လင်းဖန်သည်လည်း တစ်ထပ်တည်းပင်။

။

သူ့ကို အထင်ကြီးသော ရင်းနှီးမြုပ်နှံသူတွေတောင် မရှိဘဲ ဘယ်သူမှ မရှိခဲ့သော အခြေအနေမျိုးတွေအောက်မှာ လင်းဖန်ငည် သူ့ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့ပြီး တရုတ်သမိုင်း တစ်လျှောက် ဂန္တဝင် ရုပ်သံဒရာမာ တစ်ခုကို ဖန်တီးခဲ့သည်။

ထိုဒရာမာက အင်တာနက်ပေါ်မှာ နေရာအနှံ့ အလွန်အမင်း ကျော်ကြားခဲ့ကာ သမိုင်းဝင် ကြည့်နှုနှုန်း စံချိန်တွေကိုလည်း ချိုးသွားခဲ့သည်။

အခုတော့ ဤဒရာမာက တစ်နှစ်တာအတွင်း အကောင်းဆုံး ရုပ်သံဒရာမာပင် ဖြစ်လာခဲ့ကာ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံး ဆုကို ရရှိခဲ့လေသည်။

အန်တာတိန်းမန့် ကုမ္ပဏီများသည် အရူးတွေ မဟုတ်ပါ။ လင်းဖန်ရဲ့ အရည်အချင်းကို အရင်တုန်းက သူတို့ နားမလည်နိုင်ခဲ့ကြသောကြောင့် " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ရဲ့ အောင်မြင်မှုကို သတိမပြုမိခဲ့တာ ဖြစ်သည်။

အခု လူတိုင်း နားလည်သွားကြပါပြီ။

လင်းဖန်က ဖျော်ဖြေရေးလောကရဲ့ အရည်အချင်းရှိတဲ့ ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်၏။

ဒီနေ့က စလို့ ရှေ့လျှောက် လင်းဖန် ရေးသမျှ ဇာတ်ညွှန်းတိုင်း ၊ ရိုက်ကူးသမျှ ဒရာမာတိုင်းဟာ ရင်းနှီးမြုပ်နှံမှုများကို တောင်ပုံရာပုံ ရရှိလာလိမ့်မည်။ လင်းဖန် ရေးသမျှ ဇာတ်ညွှန်းတိုင်းရဲ့ မူပိုင်ခွင့်ကို ဝယ်ယူချင်သော အန်တာတိန်းမန့် ကုမ္ပဏီ များစွာလည်း ရှိလာလိမ့်မည်။

ဘာကြောင့်လဲ ဆိုရင် သူက လင်းဖန် ဖြစ်နေလို့ပါ။

သူက နိုင်ငံအတွင်းရှိ ထိပ်တန်း ဇာတ်ညွှန်းဆရာ များစွာ လေးစားရသူ တစ်ယောက် ဖြစ်သည်။

နိုင်ငံအတွင်းရှိ မရေမတွက်နိုင်သော ဒါရိုက်တာများကလည်း လင်းဖန်ကို လေးစားကြသည်။

ပြည်တွင်း သရုပ်ဆောင်များစွာသည်လည်း လင်းဖန်ကို သဘောကျကြသည်။

ဒီလို အရည်ချင်းရှိသူ တစ်ယောက်ကို သူတို့ဘက် ယိမ်းအောင် ဖြားယောင်းဖို့ ထိုက်တန်သည်။

လင်းဖန်က တရုတ်နိုင်ငံ သမိုင်းမှာ စစ်မှန်တဲ့ စူပါစတား တစ်ယောက် မဖြစ်လာခဲ့သော်လည်း လူတိုင်းရဲ့ နှလုံးသားထဲမှာတော့ နေရာ တစ်နေရာ ရနေခဲ့ပြီ ဖြစ်သည်။

မရေမတွက်နိုင်လောက်အောင် များသော အန်တာတိန်းမန့် ကုမ္ပဏီများသည် လင်းဖန်ကဲ့သို့ အရည်အချင်းရှိသူ တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် ယွဲ့ဟွာကို မနာလိုဖြစ်ခဲ့ကြ၏။

တစ်ချိန်တည်းမှာပဲ လင်းခယ့်ရှင်းတွင် စိတ်ကူး တစ်ခု ရှိနေခဲ့သည်။

သူမ အခုထိ မည်သည့် အန်တာတိန်းမန့် ကုမ္ပဏီနဲ့မှ စာချုပ် မချုပ်ရသေးပေ။

သို့သော်လည်း သူမ လင်းဖန်ရဲ့ လက်အောက်က အနုပညာရှင် တစ်ယောက် ဖြစ်လာချင်သည်။

လင်းဖန်နံဘေးမှာ နေလျှင် သူမရဲ့ အနာဂတ်က ပိုလို့တောင် တောက်ပလာလိမ့်မည်ဟု လင်းခယ့်ရှင်း ခံစားရသည်။

သူမ ပိုက်ဆံတွေ ပုံပေးရမည် ဆိုလျှင်တောင် လင်းဖန်နဲ့ စာချုပ် ချုပ်ချင်မိသည်။

ပေကျင်း ရုပ်ရှင်အကယ်ဒမီ၏ ကျောင်းတော်အလှပဂေးလေး တစ်ဖြစ်လဲ တရုတ်နိုင်ငံ၏ ယခင် နံပါတ် ၁ အမျိုးသမီး အနုပညာရှင် ဖြစ်ခဲ့သော လင်းခယ့်ရှင်းသည် စိတ်ထဲမှာ အဲ့ဒီလို အတွေးတွေ ရှိနေခဲ့သည်။

အကယ်၍ လင်းဖန်မှာသာ ချစ်သူ မရှိသေးလျှင် လင်းခယ့်ရှင်းက … လင်းဖန်ကို သူမဘက်က အရင် ပိုးပန်းကောင်း ပိုးပန်းနိုင်သည်။

သူဟာ စရိုက်ကောင်းကာ ရုပ်ချောသော ယောက်ျား တစ်ယောက်ပင်။ သူ့ကို မကြိုက်တဲ့ မိန်းကလေး ဘယ်နှယောက် ရှိမှာမို့လို့လဲ။

လူတိုင်းက လင်းဖန် အတွက် လက်ခုပ်တီးပေးနေခဲ့ကြသည်။

ရှားဝမ်ချွေ့သည် လင်းဖန်ကို သူမရဲ့ လှပသော မျက်လုံးများဖြင့် ကြည့်ပြီး ပီတိဖြစ်စွာ ပြုံးလိုက်သည်။

ယနေ့ လင်းဖန် ပိုင်ဆိုင်ခဲ့သမျှ အရာ အားလုံးက သူနဲ့ ထိုက်တန်သော အရာများ ဖြစ်ပါသည်။

လင်းဖန်က စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။ သူ စကားပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ တင်ဆက်သူက ထပ်ပြုံးလိုက်သည်။

" စိတ်မလှုပ်ရှားပါနဲ့ဦး မစ်စတာ လင်းဖန်။ "

" အခုထိ ဆုတွေ အကုန်လုံး ပေးလို့ မပြီးသေးဘူးဗျ။ အခု ကျွန်တော် နောက်ထပ် ဆု တစ်ဆုကို ကြေညာပါ့မယ်။ "

" တစ်နှစ်တာ အတွင်း အကောင်းဆုံး ရုပ်သံဒရာမာ အတွက် အဆိုပြုချက် — ဘဝရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ် ခင်ဗျာ။ "

" အင်တာနက်ပေါ်မှာ အကျော်ကြားဆုံး ရုပ်သံဒရာမာ — ဓားနှင့်နတ်သမီး ဒဏ္ဍာရီ။ "

" တီဗီဇာတ်လမ်းတွဲ သီချင်း ဆု — လင်းဖန်ရဲ့ ' ထာဝရ ဆုတောင်း ' ဖြစ်ပါတယ်။ "

" တရုတ်နိုင်ငံရဲ့ အလားအလာ အရှိဆုံး တက်သစ်စ အနုပညာရှင် — လင်းဖန်ပါပဲ ခင်ဗျာ။ "

" အကောင်းဆုံး အနုပညာဖျော်ဖြေမှု အမျိုးသားသရုပ်ဆောင် အတွက် အဆိုပြုချက် — လင်းဖန် ဖြစ်ပါတယ်။ "

" … "

ပရိသတ် အားလုံး ဆွံ့အသွားကြသည်။

ဆုပေးပွဲမှာ ရှိနေကြသော သရုပ်ဆောင်များ အားလုံးလည်း ထိတ်လန့်သွားခဲ့ကြသည်။

ယွဲ့ဟွာ၏ ဝန်ထမ်းများနဲ့ စီအီးအိုလီပင်လျှင် အံ့ဩထိတ်လန့်သွားခဲ့ရသည်။

စုရှောင်းယွီ ၊ ရှုယန် ၊ လင်းကျင်းကျင်းနဲ့ ရှားဝမ်ချွေ့တို့သည် သူတို့ရှေ့မှ အရာရာတိုင်းကို မယုံကြည်နိုင်မှုဖြင့် ကြည့်နေမိကြသည်။

ယနေ့ ဆုပေးပွဲ အခမ်းအနားက လင်းဖန် တစ်ယောက်တည်း အတွက် တည်ရှိနေပုံရသည်။

လက်ရှိအချိန်မှာ လင်းဖန် စုစုပေါင်း ဆု ၁၆ ဆု ရပြီးခဲ့ပြီ ဖြစ်သည်။

ဆု တချို့ အတွက် ဆန်ကာတင်စာရင်းဝင်ခြင်းသည် လင်းဖန် အတွက် သူတို့ရဲ့ အသိအမှတ်ပြုခြင်းကို သက်သေပြဖို့ လုံလောက်သည်။

တင်ဆက်သူက ဆက်ပြောနေဆဲ ဖြစ်သည်။

လူတိုင်း ဆွံ့အကုန်ကြသည်။

အခုထိ ဆုပေးလို့ … မပြီးသေးတာလား။

ဆု ၁၆ ဆုတောင် ရှိနေပြီ ဆိုပေမဲ့ ဆုချီးမြှင့်လို့ မပြီးသေးပါဘူး။

လင်းဖန်သည် ဆု များစွာ လက်ခံရရှိခဲ့သည်။

ဒီနေ့ ရွှေလင်းယုန် ဆုပေးပွဲရဲ့ အဓိကဇာတ်ဆောင်က လင်းဖန်က လွဲပြီး ဘယ်သူမှ မဟုတ်ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်တွေပင် ဆွံ့အသွားခဲ့ကြသည်။

သူတို့ရဲ့ အိုင်ဒေါ လင်းဖန်က တကယ့်ကို အရမ်း တော်လွန်းတယ်။

အစီအစဉ်တင်ဆက်သူက လင်းဖန်ကို ပြုံးကာ ကြည့်လိုက်သည်။ " အခု ဒီနေ့ရဲ့ ၁၇ ဆုမြောက် ဆုနဲ့ အရေးအပါဆုံး ဆုကို ကြေညာပါတော့မယ်။ "

" နှစ်ဆယ့်တစ်ကြိမ်မြောက် ရွှေလင်းယုန် ဆုပေးပွဲမှာ အကျော်ကြားဆုံး အမျိုးသားသရုပ်ဆောင် ဆုကို ရသွားတဲ့ သူကတော့ … "

" လင်းဖန်ပဲ ဖြစ်ပါတယ်ဗျာ။ "

All Chapters