နင်တို့တွေ နင်တို့အချစ်ကို ဘယ်လိုလုပ် အဲ့လိုမျိုး ထုတ်ကြွားနေနိုင်ရတာလဲ
Vol. 13 Ch. 193
ပရိသတ်များထံမှ အားပေးသံတွေ ထွက်ပေါ်လာသည်။
နာမည်ကျော် အနုပညာရှင်တွေ အကုန်လုံးသည် မတ်တပ်ရပ်ကာ လင်းဖန် အတွက် လက်ခုပ်တီးပေးခဲ့ကြသည်။
လင်းဖန်က ပြည်မကြီးမှာ အကျော်ကြားဆုံး အမျိုးသားသရုပ်ဆောင် ဖြစ်သည်။
ထိုသို့ ဖြစ်ရခြင်းက လင်းဖန်ဟာ ဒီလို လက်ရာမြောက် ဂန္တဝင်ဒရာမာ တစ်ခုကို ဖန်တီးခဲ့တာကြောင့်လည်း ပါသည်။
" ကျွန်တော် ဒီဆုကို လက်ခံရရှိတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ "
" ဒီဆုက အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ထွန်းလာတဲ့ ရလဒ် ဆိုလည်း မမှားပါဘူး။ " လင်းဖန်သည် ပြုံးလိုက်ကာ စင်မြင့်ပေါ်ကနေ ဒိုင်းဆုကို ကိုင်ထားလျက် ဆင်းလာခဲ့ပြီး ရှားဝမ်ချွေ့နံဘေးတွင် ထိုင်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်များ လုံးဝကို ထိတ်လန့်အံ့ဩသွားခဲ့ကြလေသည်။
နိုင်ငံအတွင်း လွှမ်းမိုးမှုအရှိဆုံးနဲ့ အမှန်ကန်ဆုံး ဆုပေးပွဲ ဖြစ်သော နှစ်ဆယ့်တစ်ကြိမ်မြောက် ရွှေလင်းယုန် ဆုပေးပွဲ၏ အဓိက ဇာတ်ဆကာင်က လင်းဖန်ပါပဲ။
ဆုများကို ချီးမြှင့်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံးရဲ့ ကျော်ကြားမှုဟာ မြင့်တက်လာခဲ့ပြန်သည်။
" 6666666 "
" လင်းဖန်က အရမ်း မိုက်တယ်။ သူက နိုင်ငံရဲ့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် ဖြစ်နေပြီပဲ။ "
" ဒါပေါ့။ အစ်ကိုဖန့်က ဒီခေါင်းစဉ်နဲ့ ထိုက်တန်တယ်။ သူ့ရုပ်သံဒရာမာတွေက တကယ့်ကို တော်တော် ကောင်းတယ်။ "
" လင်းဖန်က အရမ်း နှိမ့်ချတတ်ပြီးတော့ အရမ်းလည်း ချောတယ်။ ငါ သူ့ကို ကြိုက်လိုက်တာ။ "
" ဟူး ၊ ရုပ်ချောတဲ့ လင်းဖန်မှာ ကောင်မလေး ရှိပြီးသား ဖြစ်နေတာ နှမြောစရာပဲ။ ငါ ငိုနေမိပြီ။ "
ဘယ်သူမှ လင်းဖန်ကို စုစုပေါင်း ဆု ၁၇ ဆု ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူ တစ်ယောက်တည်း ဆုတွေ အကုန်လုံးကို သိမ်းကျုံးယူသွားသည်မှာ ရွှေလင်းယုန် ဆုပေးပွဲ တစ်ခုလုံးကို လင်းဖန် အတွက် ကျင်းပပေးထားသည့်အလား။
လင်းဖန်ရဲ့ ဓာတ်ပုံက နေရာအနှံ့ LED ဖန်သားပြင်တွေပေါ်မှာ ရှိနေသည်။
တင်ဆက်သူ၏ စိတ်လှုပ်ရှားနေသော အသံက ဓားနှင့်နတ်သမီး ဒဏ္ဍာရီကို လင်းဖန် ဘယ်လိုမျိုး ရိုက်ကူးခဲ့လဲ ဆိုတာ ပရိသတ်ကို ပြောပြနေဆဲ ဖြစ်သည်။
လင်းဖန်ရဲ့ ဓာတ်ပုံတွေက မတူညီသော LED ဖန်သားပြင်တွေပေါ်မှာ ထင်ဟပ်ပေါ်လွင်နေ၏။
လေထဲတွင် မီးရှူးမီးပန်းများ ပြည့်နှက်နေကာ ကောင်းကင်ထဲသို့ ရှူးခနဲ ထိုးတက်ပျံဝဲသွားခဲ့သည်။
လင်းဖန်၏ နာမည်ကလည်း နှစ်ဆယ့်တစ်ကြိမ်မြောက် ရွှေလင်းယုန် ဆုပေးပွဲတွင် မှတ်တမ်း တစ်ခု ရေးထိုးနိုင်ခဲ့သည်။
လင်းဖန်ရဲ့ ခန္ဓာကိုယ်ပေါ် ရွှေရောင် အလင်းတန်းများ ကျရောက်နေသည်။
လင်းဖန်သည် ယခုနှစ် ရွှေလင်းယုန် ဆုပေးပွဲရဲ့ အဓိက ဇာတ်လိုက် တစ်ယောက်ပင်။
ရွှေလင်းယုန် ဆုပေးပွဲ ပြီးဆုံးသွားပြီးနောက် ထိပ်သီး ကုမ္ပဏီကြီးများ အားလုံးသည် လင်းဖန်နဲ့ စာချုပ် ချုပ်ချင်ခဲ့ကြသည်။
လင်းဖန်လို ထူးချွန်သူ တစ်ယောက် ဆိုတာ အလွန် ရှားသည်။
သူတို့ ကုမ္ပဏီသို့ ပြန်ရောက်သောအခါ လင်းဖန်က ဆုတွေ အကုန်လုံးကို အောက်ချလိုက်သည်။
သူ့အတွက်တော့ ဆု တစ်ခုကို လက်ခံရရှိနိုင်တာက အသိအမှတ်ပြုခံရခြင်း ပုံစံ တစ်မျိုး ဖြစ်သည်။
သူ နားနေတုန်း လင်းချမ့်ဝေ ရောက်လာခဲ့သည်။
" အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခုက အစ်ကို့ကို ဆက်သွယ်လာတယ် အစ်ကိုဖန်။ သူတို့က သူတို့ အတွက် ဇာတ်ညွှန်း တစ်ခု ရေးပေးဖို့ အစ်ကို့ကို တစ်ပိုင်းကို ယွမ် ၈၀၀၀၀၀ ပေးချင်နေကြတယ်။ အစ်ကို ရေးတာ ဖြစ်နေသရွေ့ ဘယ်ဇာတ်ညွှန်းမဆို လိုချင်တယ်တဲ့။ "
" ငါ အဲ့ဒါကို အခုလောလောဆယ် လက်မခံသေးဘူး။ " ဟု လင်းဖန်က ပြောလိုက်သည်။
အခုတလော လင်းဖန် တစ်ယောက် အလုပ်ရှုပ်နေခဲ့ရသည်။
သူ ရုပ်သံဒရာမာ တစ်ခုကို ရိုက်ကူးရပြီး သူ့ဇနီးလေးကိုလည်း ပိုးပန်းခဲ့ရသည်။ မကြာသေးမီ အချိန်တုန်းကမှ ကားအက်ဆီးဒင့် ဖြစ်ခဲ့ကာ ဆေးရုံကနေ ဆင်းလာခဲ့တာ ဖြစ်သည်။
တစ်ပိုင်းကို ယွမ် ၈၀၀၀၀၀ နေနေသာသာ ကုမ္ပဏီဘက်က သူ့အတွက် တစ်ပိုင်းကို ယွမ် တစ်သန်း ပေးလျှင်တောင် လင်းဖန် သူတို့အတွက် ဇာတ်ညွှန်း ရေးပေးမှာ မဟုတ်ပေ။
သူ ဇာတ်ညွှန်း အသစ် တစ်ပိုဒ် ရေးပြီးနောက်ပိုင်းမှ ထိုကိစ္စကို စဉ်းစားလို့ ရသေးသည်။
" ကောင်းပါပြီ။ " လင်းချမ့်ဝေ အနည်းငယ် အံ့ဩသွားမိသည်။ သူမရဲ့ ဘော့စ် လင်းဖန်ဟာ အမြဲတမ်း တခြား လူတွေနဲ့ အလွန် ကွာခြားသည်။ ဒါပေမဲ့ လင်းချမ့်ဝေ ဘာတစ်ခွန်းမှ ပြောမှာ မဟုတ်ပါ။
တစ်ပိုင်းကို ၈၀၀၀၀၀ ဆိုပါက သူ အပိုင်း ၄၆ ပိုင်း ရိုက်ကူးချင်လျှင် ဇာတ်ညွှန်းကို စုစုပေါင်း တန်ကြေး ၃၆.၈ သန်းဖြင့် ရောင်းချနိုင်သည်။
လင်းဖန်ရဲ့ ဇာတ်ညွှန်းကို ယွမ် ၃၆.၈ သန်း ပေးကာ ဝယ်ချင်သော အန်တာတိန်းမန့် ကုမ္ပဏီတွေ အစကတည်းက အများအပြားပဲ ဖြစ်သည်။
သို့သော် လင်းဖန်ကတော့ သူတို့တွေကို ငြင်းပယ်ခဲ့သည်။
၃၆.၈ သန်း ဆိုတာ အတော် များသော တန်ကြေး တစ်ခု ဖြစ်သော်လည်း လင်းဖန်ကတော့ ဇာတ်ညွှန်းသစ် ရေးရန် ရည်ရွယ်ချက်မရှိသောကြောင့် အခုထိ သူတို့ကို ငြင်းပယ်ရန် ရွေးချယ်နေဆဲ ဖြစ်လေသည်။
၄၆ ပိုင်းစာ ဇာတ်ညွှန်း တစ်ပိုဒ် ရေးရန် အချိန် တချို့ ကြာလိမ့်မည်။
" ဆောရီးပါရှင်။ အစ်ကိုဖန်က သူ လတ်တလော ဇာတ်ညွှန်းသစ်တွေ မရေးသေးဘူးလို့ ပြောလိုက်ပါတယ်။ " လင်းချမ့်ဝေသည် ဖုန်းထဲကနေ တစ်ဆင့် ပြန်ပြောလိုက်သည်။
" အိုက်ယား ၊ ငါတို့ ဈေးကို ထပ်မြှင့်ပေးနိုင်ပါတယ်။ လင်းဖန် ဒီကိစ္စကို ပြန်စဉ်းစားပေးနိုင်မလား ဆိုတာ တစ်ချက် ပြန်ကြည့်ကြမယ်လေ။ အခုအချိန်မှာ ဇာတ်ညွှန်းကောင်း တစ်ပိုဒ်က ကုမ္ပဏီ တစ်ခုလုံး အတွက် တကယ့်ကို အရေးကြီးနေလို့ပါ။ " ဟု အန်တာတိန်းမန့် ကုမ္ပဏီဘက်က ပြန်ပြောခဲ့သည်။
" ကျွန်မ တကယ် တောင်းပန်ပါတယ်ရှင်။ " လင်းချမ့်ဝေသည် ချက်ချင်း ဖုန်းချပစ်လိုက်သည်။
ဒီတစ်လျှောက်လုံး လင်းဖန်၏ မန်နေဂျာအနေဖြင့် သူမ ဒေါင်ချာစိုင်းနေအောင် အလုပ်ရှုပ်နေခဲ့ရသည်။
နေ့စဉ်နေ့တိုင်း သူမ အတွက် မပြီးဆုံးနိုင်သော အလုပ်တွေ ပုံမှန် ရှိနေတတ်သည်။
အထူးသဖြင့် ရွှေလင်းယုန် ဆုပေးပွဲ ပြီးဆုံးသွားပြီးနောက် လင်းဖန်က ပိုလို့တောင် ကျော်ကြားလာခဲ့သည်။
ထိပ်သီး ကုမ္ပဏီကြီးတွေ အကုန်လုံးက လင်းဖန်ကို သူတို့ဘက် ရောက်အောင် ဆွယ်ချင်နေခဲ့ကြသည်။
ထိုကုမ္ပဏီတွေ အရမ်း များလွန်းသဖြင့် လင်းချမ့်ဝေသည် တစ်နေ့တစ်နေ့ ဖုန်းကောလ်များစွာကို ဖြေကြားပေးနေခဲ့ရသည်။
အချိန် အတော် ကြာသွားလျှင် လင်းချမ့်ဝေက လင်းဖန်အရှေ့သို့ နောက်တစ်ခေါက် ထပ်ရောက်လာခဲ့ပြန်သည်။
" မိန်လော့ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ နောက်ဆုံးထွက် ရုပ်သံဒရာမာ တစ်ခုမှာ အစ်ကို့ကို သရုပ်ဆောင်ပေးဖို့ ဖိတ်ခေါ်ချင်တဲ့ အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခု ရှိနေပါတယ် အစ်ကိုဖန်။ သရုပ်ဆောင်ကြေးကလည်း တော်တော်လေး မြင့်တယ် ၊ သူတို့ ယွမ် ၁၈ သန်း ပေးချင်နေတယ်လို့ ကျွန်မ ကြားထားပါတယ်။ "
လင်းဖန်က ပြုံးပြီး လင်းချမ့်ဝေကို ကြည့်လိုက်သည်။
" ငါ့အတွက် အဲ့ဒီကိစ္စတွေနဲ့ ပွဲအခမ်းအနားတွေကို ကူငြင်းပေးထားပါဦး။ ငါ့ရုပ်သံဒရာမာ နှစ်ခုရဲ့ မူပိုင်ခွင့်ကို တစ်ယောက်ယောက်က ဝယ်ချင်တယ် ဆိုရင် မင်း သူတို့ကို လက်ခံလို့ ရတယ်။ ကျန်တဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့ တခြား ဆောင်ရွက်မှုတွေ ၊ ပွဲတွေ ၊ ကြော်ငြာတွေနဲ့ ဇာတ်ညွှန်းတွေကိုဝောာ့ မင်း ငြင်းလို့ ရတယ်။ "
လင်းချမ့်ဝေ ခေါင်းညိတ်လိုက်သည်။ " ဟုတ်ကဲ့။ "
ဒါက ဒီလို ဘော့စ်မျိုးကို သူမ မြင်ဖူးတာ ပထမဆုံး အကြိမ်ပါ။
အတိတ်တုန်းကတော့ အနုပညာရှင် တစ်ယောက် နာမည်ကြီးလာပြီ ဆိုသည်နှင့် သူတို့ အလွန် အလုပ်ရှုပ်သွားလေ့ရှိသည်။
သူတို့မှာ အနားယူဖို့ပင် အချိန်မရှိတော့သလောက်ပင်။
ထို့အပြင် အဲ့ဒီ အနုပညာရှင်တွေက သူတို့ရဲ့ ကျော်ကြားမှုကို အသုံးချကာ ပိုက်ဆံရှာလေ့ရှိသည်။
သို့သော် လင်းဖန်ကတော့ ထိုနာမည်ကျော်အနုပညာရှင်တွေနဲ့ အပြည့်အဝ ကွာခြားပါသည်။
ယနေ့အထိ ဘာကြောင့်လဲ ဆိုတာ လင်းချမ့်ဝေ နားမလည်နိုင်သေးပေ။
လင်းဖန်က အလွန် အထင်ကြီးစရာကောင်းကာ ချောမောကြောင်းကိုပဲ သူမ သိသည်။ သူက ထိပ်တန်း ကြယ်ပွင့် တစ်ယောက်လည်း ဖြစ်နေသေးကာ သေလောက်အောင် ရုပ်ချောသည်။
ထောက်ခံချက်တွေ ၊ သို့မဟုတ် ကြေညာတွေကို လင်းဖန် လက်မခံခြင်း အတွက် ကုမ္ပဏီက သူ့ကို ကန့်သတ်ထိန်းချုပ်မှာ မဟုတ်ပါ။
တစ်နည်းအားဖြင့် ပြောရလျှင် လင်းဖန်ဟာ အပြည့်အဝ လွတ်လပ်သည်။
" မြောင် မြောင်။ " ရှားဝမ်ချွေ့က တံခါးနားမှာ ရပ်နေခဲ့ပြီ ဖြစ်သည်။
" ဘာကိစ္စ ရှိလို့လဲ ဇနီးလေး။ " လင်းဖန်က ပြုံးကာ မတ်တပ်ရပ်လိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့ကို သူ့ဇနီးလေးလို့ ခေါ်လိုက်တာကို ကြားသေုအခါ လင်းချမ့်ဝေသည် ခွေးစာနင်သွားကာ အလုပ် လုပ်ရန် အလျင်အမြန် ထွက်သွားတော့သည်။
" ငါ့အဖေက နင့်ကို သူ့ဆီ ဖုန်းပြန်ဆက်စေချင်နေတယ် လင်းဖန်။ " ဟု ရှားဝမ်ချွေ့က ပန်းရောင်သမ်းနေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။
" မင်း အဖေကို ဖုန်းဆက်ရမယ်။ ကိုယ် မင်း မိဘတွေနဲ့ မကြာခင် သွားတွေ့ရတော့မှာလား။ " လင်းဖန် ပြုံးလိုက်သည်။
ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် ရဲသွားကာ လင်းဖန်ကို မျက်စောင်းထိုးလိုက်သည်။ " လိုရာတွေ ဆွဲတွေးမနေနဲ့။ "
" ငါ့အဖေက သိပ်စည်းကမ်းကြီးတာ။ ငါ့မှာ ချစ်သူ ရှိနေတာကို သူ သိသွားရင် … သူ နင်နဲ့ တကယ် တွေ့ချင်လောက်တယ်။ "
" နင် သူ့ရှေ့မှာ ကောင်းကောင်း လုပ်ပြရမယ်နော် လင်းဖန် ~ " ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ရင်း ပြောလိုက်သည်။
" ကိုယ် ကောင်းကောင်း လုပ်ပြနိုင်ရင် မင်းကို လက်ထပ်ပြီး ကိုယ့်အိမ်ကို ခေါ်သွားနိုင်မှာလား " ဟု လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
ရှားဝမ်ချွေ့က ချစ်စရာ လက်ဟန်ခြေဟန်လေး လုပ်ပြခဲ့သည်။ " ~~~ "
" မင်းက ကိုယ့်ချစ်သူ ဆိုတာ ကိုယ့်အမေ သိသွားတော့ သူမ အရမ်း ပျော်သွားခဲ့တယ် ဝမ်ချွေ့။ သူမက ကိုယ့်ကို မင်းကို ဆွေပြမျိုးပြ လုပ်ရအောင် အိမ်ခေါ်လာခိုင်းဖို့တောင် စီစဉ်ပြီးသွားပြီ။ " ဟု လင်းဖန်က ပြောလိုက်သည်။ သူ အရှေ့ တိုးပြီး ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
" ဒါဆိုငါ နင်နဲ့ လိုက်ခဲ့မယ်လေ ~ " ရှားဝမ်ချွေ့က ပြန်ပြောခဲ့သည်။
" ဒီလို ချစ်သူ လှလှလေးကို ရထားလို့ ကိုယ့်ကို တစ်ရွာလုံးက မနာလိုနေလောက်တယ်။ " လင်းဖန် သက်ပြင်းချလိုက်၏။ သူ ရွာမှာ နေခဲ့စဉ်တုန်းက သူငယ်ချင်းတွေ အများကြီး ရှိခဲ့သည်။
လက်ရှိအချိန်မှာ ထိုသူငယ်ချင်းတွေက တစ်ကိုယ်တည်းသမားတွေပဲ ဖြစ်ရင် ဖြစ်နေလိမ့်ဦးမည်။ သူ တစ်ယောက်တည်းကပဲ ချော့ပေ့လှပေ့ ဆိုတဲ့ ချစ်သူကောင်မလေး တစ်ယောက်ကို ခေါ်လာခဲ့မှာ ဖြစ်သည်။ ထိုသူငယ်ချင်းတွေ မနာလိုဖြစ်ကြလိမ့်မည်။
" နင် တကယ် အပြောကောင်းနော် ~ "
" နင်ငါ့အဖေကို နောက်ပိုင်း ဖုန်းဆက်ရင် သူ့ကို စကားပြန်မပြောနဲ့။ အဲ့ဒါဆို အရာ အားလုံး အဆင်ပြေသွားလိမ့်မယ်။ "
" ငါတို့ နှစ်ယောက် တွဲနေကြတာကို သူ တကယ် သဘောမတူဘူး ဆိုရင်တော့ … " ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။
" သဘာမတူဘူး ဆိုရင် ဘာဖြစ်မှာလဲ။ " လင်းဖန်သည် ရှားဝမ်ချွေ့ကို မျှော်လင့်ချက်ကြီးစွာ ကြည့်နေမိသည်။
" ငါက နင့်အပိုင် ဖြစ်နေပြီးသားပဲ။ တခြား အရာမျိုး… ငါတို့ လုပ်နိုင်တယ်လို့ နင် ထင်လို့လား။ " လင်းဖန်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထားသောကြောင့် ရှားဝမ်ချွေ့က ရှက်ကိုးရှက်ကန်း ပြုံးလိုက်လေသည်။
" အား အား အား ၊ မင်းက ခွေးလေးကို အနိုင်ကျင့်နေတာပဲ။ "
တံခါးအပြင်ဘက်မှာ ရပ်နေသော စုရှောင်းယွီသည် အော်ငိုမိသွားသည်။
ဒီနှစ်ယောက် သူတို့အချစ်တွေကို ဘယ်လိုတောင် ဒီလိုမျိုး ထုတ်ကြွားနေနိုင်ရတာလဲ။