ရှင်ကျွန်မ အဖေရဲ့ ခွင့်ပြုချက်ကို ရသွားတာနဲ့ ကျွန်မရှင်နဲ့ လက်ထပ်မယ်
Vol. 13 Ch. 194
" ဘယ်အချိန်ကတည်းက နင် ငါနဲ့ သက်ဆိုင်သွားတာလဲ။ "
" ကိုယ် ဘာလို့ မမှတ်မိတာပါလိမ့်။ ကိုယ် မမှတ်မိတော့လို့ မင်း ဒီည အိမ်မပြန်ဘဲ နေပါလား။ ကိုယ်နဲ့ တစ်ခန်းထဲပဲ နေလေ။ " လင်းဖန်က တောက်ပစွာ ပြုံးလိုက်သည်။
" ဟင့်အင်း ~ " ရှားဝမ်ချွေ့သည် စတော်ဘယ်ရီသီးလေးလို မျက်နှာလေး ရဲသွားကာ တစ်ဖက်ကို လှည့်လိုက်သည်။
" ဒါဆို ဘယ်အချိန်မှ ကိုယ့်ကို ခွင့်ပြုပေးမှာလဲ။ ကိုယ့်ဇနီးလေးက အရမ်း လှတယ်။ ကိုယ့်အတွက် တကယ် နေမထိထိုင်မသာ ဖြစ်တယ်။ " လင်းဖန်က ရှားဝမ်ချွေ့၏ တခြား လက် တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
" ငါတို့ လက်ထပ်ပြီးမှ။ "
" အဲ့ဒါကြောင့် နင် ငါ့အဖေကို အရင်ဆုံး ဖြတ်ကျော်ရမယ်။ " ဟု ရှားဝမ်ချွေ့က ရှက်သွေးဖြာလျက် ပြောမိသည်။
" ကိုယ်တို့ လက်ထပ်ပြီးတာနဲ့ ကိုယ့်ကို ချက်ချင်း ခွင့်ပြုပေးမှာလား။ " လင်းဖန်သည် မေးလိုက်၏။ သူ့အရှေ့မှ ကောင်မလေးကို ကြည့်ကာ သူ ပြုံးလိုက်သည်။
" အင်း ~ " ရှားဝမ်ချွေ့က ခေါင်းငုံ့ထားရင်း ရှက်ရွံ့စွာ ပြောခဲ့သည်။
" နင် တကယ် နေမထိထိုင်မသာ ဖြစ်နေတာလား။ " ရှားဝေ့ချွေ့က သူမရဲ့ လှပသော မျက်လုံးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည်။
" ဒါပေါ့။ ကိုယ့်အတွက် ခက်ခဲတယ်။ မဟုတ်ရင် အပြင်မှာ အဓမ္မကျင့်တဲ့ လူတွေ ဘာလို့ အများကြီး ရှိနေမှာလဲ။ " ဟု လင်းဖန် ပြန်ပြောလိုက်သည်။ သူ့သွေးတွေ ဆူပွက်နေခဲ့သည်။ သူက နှာဘူး တစ်ယောက် ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါက သာမန်လူ တစ်ယောက်ရဲ့ အပြုအမူပါပဲ။
ရှားဝမ့်ချွေ့က ထိုစကားကို ကြားသောအခါ လှပသော မျက်နှာလေး ရဲခနဲ ဖြစ်သွားမိသည်။ သူမ လင်းဖန်အရှေ့မှာ ညင်သာစွာ မှီနွဲ့လိုက်ပြီး သူ့ပါးကို နမ်းလိုက်ပါသည်။ သူမ ခပ်တိုးတိုး ပြောလိုက်သည် " နင် အခုရော နေမထိထိုင်မသာ ဖြစ်နေသေးလား။ "
လင်းဖန်က အကျပ်အတည်းထဲ ရောက်နေသူလို ပြောလိုက်သည်။ " ပိုတောင် ဆိုးလာသလိုပဲ။ "
ရှားဝမ်ချွေ့သည် လင်းဖန်ရဲ့ ပခုံးကို ညင်သာစွာ မှီနွဲ့လိုက်ကာ သူမရဲ့ အသံကလည်း ပိုလို့တောင် တိုးလျလာခဲ့သည်။ " ဒါဆိုရင် နင် ကြိုးစားရမယ်။ နင် ငါ့အဖေကို ဖြတ်ကျော်ပြီးရင် ငါ နင်နဲ့ လက်ထပ်မယ်။ အဲ့ဒီနောက် နင် နေမထိထိုင်မသာ ထပ်ခံစားရတော့မှာ မဟုတ်ဘူး။ "
လင်းဖန်၏ လက် တစ်ဖက်က ကျီချင်းချင်း၏ ကျောပြင်ကို နူးနူးညံ့ညံ့ သိုင်းဖက်လိုက်သည်။ နူးညံ့သင်းရီသော ခံစားချက် တစ်မျိုး ရောက်လာသည်။ လင်းဖန် သူမကို နမ်းတော့မည့်ဆဲဆဲမှာပဲ ရှားဝမ်ချွေ့သည် သူ့ရင်ခွင်ထဲကနေ လှစ်ခနဲ လျှောထွက်သွားပြီ ဖြစ်သည်။
လင်းဖန် သက်ပြင်းချရုံပဲ တတ်နိုင်ပါသည်။ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။
ရှားဝမ်ချွေ့က နေရာတိုင်းမှာ တော်သည်။
သူမက သူတို့ လက်ထပ်ပြီးမှသာ သူ့ကို ခွင့်ပြုနိုင်မည်ဟု ပြောလျှင် သူကလည်း သူမရဲ့ သဘောထားကို လေးစားပေးရပါမည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ချစ်သူရည်းစား အဆင့်ပဲ ရှိသေးတာပါ။
လင်းဖန် အတွက် နောက်ထပ် အဆင့်က ရှားဝမ်ချွေ့၏ မိဘတွေထံမှ ခွင့်ပြုချက် ရဖို့ပင်။ ထို့နောက် သူမနဲ့ သူ တရားဝင် လက်ထပ်နိုင်လိမ့်မည်။
လက်ထပ်ပြီးတဲ့နောက်မှာ သူ လုပ်ချင်သမျှ အရာရာတိုင်းကို လုပ်နိုင်ပါပြီ။
ထိုအချိန်ကျ သူ့ဇနီးလေးကို သူ ကမ္ဘာအနှံ့ ခေါ်သွားနိုင်ပြီ ဖြစ်သည်။
" မင်းရဲ့ အဖေက ဘယ်လို လူမျိုးလဲဟင် ဝမ်ချွေ့။ ကိုယ် အဲ့အကြောင်း အရင် ပြောချင်တယ်။ " ဟု လင်းဖန် ပြောလိုက်သည်။ ရှားဝမ်ချွေ့ဆီကနေ သူ ကြားရသလောက်တော့ သူမရဲ့ အဖေဟာ ဖြတ်ကျော်ရ မလွယ်ကူပေ။ ပြောရရင် သူမ အဖေရဲ့ မျှော်လင့်ချက်များက တဆိတ် မြင့်သည်။
" နင်က အဖေ့ထက် တစ်ကွက် သာနေချင်တယ်ပေါ့ … ။ " ရှားဝမ်ချွေ့သည် လက်ကလေး နောက်ပစ်ထားရင်း မေးလိုက်သည်။
" သေချာတာပေါ့။ " လင်းဖန် ခေါင်းညိတ်မိသည်။
" အင်း … ငါ့အဖေက စည်းကမ်း အရမ်း ကြီးတယ်။ သူက တရုတ်စစ်တုရင် ကစားရတာနဲ့ တီဗီကြည့်ရတာကို သဘောကျတယ်။ ပြီးတော့ ငါ့အဖေက စီးပွားရေးလည်း ပုံမှန်အတိုင်း လုပ်တော့ အရမ်း အလုပ်များတယ်။ "
" ငါ့တို့ မိသားစုက သိပ်မချမ်းသာဘူး။ ငါ့အဖေမှာ ဘီလီယမ် ဆယ်ချီ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေပဲ ရှိတယ်လို့ ငါတော့ ထင်တာပံ ၊ အဲ့ဒါကြောင့် အနာဂတ် သားမက်လောင်းလေး အတွက် သူ့မျှော်လင့်ချက်တွေက ထူးခြားမြင့်မားနေတာလေ။ အိုး ၊ အဲ့ဒါကြောင့် အရမ်း ခက်တယ်လို့ ငါ ပြောခဲ့တာပေါ့။ " ဟု ရှားဝမ်ချွေ့က ပြောလိုက်သည်။
လင်းဖန် : " … "
ဘီလီယမ် ဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေကို သိပ်မချမ်းသာဘူးလို့ သတ်မှတ်တယ်တဲ့လား။
ဆယ်ချီသော ဘီလီယမ်တွေက သူတို့ကို တရုတ်နိုင်ငံရဲ့ သူဌေးကြီးစာရင်းထဲ သေချာပေါက် ဝင်စေလိမ့်မည်။ သူတို့ ထိပ်ဆုံးနေရာမှာ အဆင့်ချိတ်ရင်တောင် ချိတ်နေနိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ရှားဝမ်ချွေ့ရဲ့ ဖခင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပင်။
သူ ရှားဝမ်ချွေ့၏ အဖေကို အရင်တုန်းက ဘယ်တော့မှ မမြင်ဖူးခဲ့သောကြောင့် သူမ အဖေရဲ့ စရိုက်ကို သူ မခန့်မှန်းနိုင်ပေ။
လင်းဖန် သက်ပြင်းချလိုက်သည်။ သူ့အတွက် သိပ်ခက်လွန်းသည်။
ရှားဝမ်ချွေ့ရဲ့ မိသားစုနဲ့ သူနဲ့ အဆင့်အတန်းချင်း မတူညီပါ။
လင်းဖန်ရဲ့ မိသားစုက ရွာလေး တစ်ရွာမှ ဖြစ်ကာ သူတို့မှာ ပုံမှန်အားဖြင့် ပိုက်ဆံ များများစားစား မရှိပေ။
ရှားဝမ်ချွေ့ရဲ့ မိသားစုကတော့ လုံးဝ ကွာခြားသည်။ သူတို့က အလွန် ချမ်းသာသည်လေ။
သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိန်းကလေးတိုင်း ဘာလို့ မိသားစုကောင်းတွေက မိန်းကလေးတွေ ဖြစ်နေရတာလဲ။
ရှားဝမ်ချွေ့၏ မိသားစုဟာ အလွန် ကောင်းပါသည်။ သို့သော်လည်း ရှားဝမ်ချွေ့ကတော့ ဒီနှစ်တွေ တစ်လျှောက်လုံး အပြင်မှာ တစ်ယောက်တည်း ရပ်တည်တိုးတက်ခဲ့ကာ သူမရဲ့ မိသားစုထံမှ ဂရုစိုက်ခံရတယ် ဆိုတာ တကယ့်ကို ရှားသည်။ သူမက တစ်ယောက်တည်း ပိုပြီး အမှီအခိုကင်းခဲ့ကာ အလွန် ကောင်းမွန်စွာ တိုးတက်ကြီးပြင်းလာခဲ့သည်။
သာမန် မိန်းကလေးတွေ အတွက် ကျောထောက်နောက်ခံ မရှိဘဲ ကျော်ကြားလာရန် အလွန် ခက်ခဲလေ့ရှိသည်။
အကြင်နာပေးခန်းနဲ့ အချစ်ရေး ဇာတ်ဝင်ခန်းတွေကို မရိုက်ကူးဘဲ မာနကြီးစွာ ပြုမူခဲ့လျှင် ထိုကဲ့သို့ မိန်းကလေး တစ်ယောက် အတွက် ဖျော်ဖြေရေးလောကထဲတွင် ရှင်သန်ဖို့ တကယ့်ကို လွယ်မှာ မဟုတ်ပေ။
ရှားဝမ်ချွေ့မှာ မိသားစုနောက်ခံနဲ့ အခွင့်အလမ်းကောင်းတွေ ရှိနေခြင်းကြောင့်သာ သူမက ၃ နှစ် အတွင်းမှာ ထိပ်တန်း ကြယ်ပွင့် တစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်သည်။ လူမသိသူမသိ လျို့ဝှက် စည်းမျဉ်းတွေ ဆိုရင်တော့ ရှားဝမ်ချွေ့သည် ထိုကိစ္စမျိုးကို ဟိုးတလောတုန်းကသာ တစ်ခါ ကြုံတွေ့ခဲ့ဖူးကာ လင်းဖန်က သူမကို ကူဖြေရှင်းပေးခဲ့သည်။
စုရှောင်းယွီရဲ့ မိသားစုနောက်ခံကိုတော့ ထည့်ပြောစရာပင် မလိုပါဘူး။ သူမရဲ့ ဖခင်က လူ တစ်ယောက်ဟာ ဘယ်လောက်ပဲ ချမ်းသာပါစေ ၊ စုမိသားစုလောက်တော့ မချမ်းသာဘူးဟု ပြောထားပြီးသား ဖြစ်သည်။ စုရှောင်းယွီက သူမ သဘောကျတဲ့ တစ်စုံတစ်ယောက်ကို ရှာနိုင်လျှင် အဆင်ပြေသည်။ သို့သော် စုမိသားစုထဲကို သူတို့ ဝင်ရမည် ဟူသော အခြေအနေ တစ်ခုလည်း ရှိသည်။
စုရှောင်းယွီရဲ့ အဖေက သူမကို ငုံထားမတတ် တုန်နေအောင် ချစ်သည်။ သူက သူမကို သူမရဲ့ အနာဂတ် ခင်ပွန်းလောင်းနဲ့အတူ သာမန် အိမ်လေး တစ်လုံးထဲမှာ နေခွင့် မပေးနိုင်ပေ။
လင်းဖန်သည် ရှားဝမ်ချွေ့၏ ခေါင်းလေးကို ပုတ်လိုက်သည်။ " ကြည့်ရတာ ကိုယ် မင်း အဖေရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီနိုင်သေးခင် အရှည်ကြီး ဆက်လျှောက်စရာ ရှိသေးတဲ့ ပုံပဲ။ "
ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်သည်။ " ကိစ္စ မရှိဘူး။ ဘာပဲဖြစ်ဖြစ် … ငါ သဘောကျတဲ့ လူက နင်ပဲလေ။ အဲ့အချက်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ "
ဒီကောင်မလေးကို ကြည့်ရင်း လင်းဖန်၏ နှလုံးသား အရည်ပျော်ကျသွားသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ ကြိုးစားသင့်သည်။
သန်းရာချီသော စုဆောင်းငွေများကို လိုချင်ပြီး သူ့ဘဝကို စံအိမ်ကြီး တစ်လုံးထဲမှာ ဖြတ်သန်းချင်ပါက ထိုကိစ္စဟာ လုံးဝ အဆင်ပြေလိမ့်မည်။ လင်းဖန် အတွက် မိန်းမ မရှားသလို သူနဲ့ လက်ထပ်ချင်သော မိန်းကလေးတွေ ဆိုတာလည်း အများသားပင်။
သို့သော် သူ တကယ် အဲ့ဒီလို လုပ်လိုက်လျှင် ရှားဝမ်ချွေ့ရဲ့ မိဘတွေက သေချာပေါက် သဘောတူမှာ မဟုတ်ပါ။
သူ တကယ် အဲ့ဒီလို လုပ်လိုက်လျှင် သူ ရှားဝမ်ချွေ့နဲ့လည်း ဆက်ပြီး လက်တွဲနိုင်မှာ မဟုတ်ပါ။
ရှားဝမ်ချွေ့ သူ့ကို ပြောခဲ့သော စကားတွေရဲ့ ဖြစ်နိုင်ချေ တစ်ခုကြောင့် တွေးမိသွားတာ ဖြစ်သည်။
သူမ သဘောကျတဲ့ လူက သူပဲ။ ဘယ်သူမှ အဲ့ဒါကို မပြောင်းလဲနိုင်ဘူး။
ရှားဝမ်ချွေ့၏ စကားများကြောင့် လင်းဖန်သည် သူ ဘာပဲ လုပ်ရ လုပ်ရ ၊ မစိုးရိမ်တော့ပေ။
ရှားဝမ်ချွေ့၏ ဖခင်နဲ့ ဖုန်းပြောချိန်မှာ လင်းဖန် ပြုံးပြီး ပြောလိုက်သည်။ " မင်္ဂလာပါ ဦးလေးရှား။ ကျွန်တော် လင်းဖန်ပါ။ "
ခပ်မာမာ စကားသံ ထွက်ပေါ်လာသည်။ " မင်းက ဝမ်ချွေ့နဲ့ ဟိုးတလောတုန်းကမှ ချစ်သူတွေ ဖြစ်သွားတယ် ဆိုတဲ့ ကောင်လေး လင်းဖန်လား။ "
လင်းဖန် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ " ဟုတ်ကဲ့။ ကျွန်တော်ပါ။ "
ရှားဝမ်ချွေ့ရဲ့ အဖေက ပြန်ပြောသည်။ " ဒါက ပြဿနာ ဖြစ်နေတာ ဆိုတော့ ငါ မင်းကို ရှင်းအောင် ပြောလိုက်မယ်။ မင်းတို့ နှစ်ယောက် လမ်းခွဲလိုက်ဖို့ ငါ အကြံပေးတယ်။ "
" ငါ မင်းကို ပြောချင်တာကတော့ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်လာရင် အရေးအကြီးဆုံး အရာက လူမှုအဆင့်အတန်းချင်း လိုက်ဖက်ညီနေဖို့ပဲ။ မင်းရဲ့ မိသားစုနောက်ခံ အကြောင်းလည်း ငါ စစ်ဆေးထားတာ်။ သူတို့က တောသူတောင်သားတွေပဲ။ ငါက တောသူတောင်သားတွေကို အထင်မသေးပါဘူး ၊ ဒီအချက်ကို မင်းကို ပြောပြချင်ရုံပါ။ "
" ဟိုးရှေးခေတ်ကတည်းက အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အတည်တကျ လက်တွဲမပေါင်းသင်းခင် လူမှုအဆင့်အတန်းတွေအရ လိုက်ဖက်ညီနေဖို့ လိုတယ်။ မင်းတို့ နှစ်ယောက်ကို လမ်းခွဲခိုင်းဖို့ အတွက် ဒီစကားကို ငါ သုံးမယ် ဆိုရင် ငါ အရမ်း ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ မင်း မထင်ဘူးမို့လား။ " ဟု ရှားဝမ်ချွေ့၏ အဖေက ပြောခဲ့သည်။
လင်းဖန်သည် ပြုံးရင်း ပြောလိုက်သည်။ " အချစ်ရေး တစ်ခုမှာ လူ နှစ်ယောက် အတွက် အရေးအကြီးဆုံး အရာက တစ်ယောက်ကို တစ်ယောက် သဘောကျနေဖို့ပဲလို့ ကျွန်တော် ထင်ပါတာ် ဦးလေးရှား။ ကျွန်တော် ဝမ်ချွေ့ကို သဘောကျတယ်။ သူမက ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်တော် လက်မလျှော့မယ့် ၊ ကျွန်တော် သဘောကျရတဲ့ တစ်ယောက်တည်းသော မိန်းကလေးပါ။ "
ရှားဝမ်ချွေ့ရဲ့ အဖေက ပြုံးလိုက်သည်။ " ကောင်းပြီ။ ငါ မင်းကို ထပ်မခြောက်တော့ပါဘူး။ "
" ချီချီက မင်းကို အများကြီး သဘောကျနေတာ။ သူမ သဘောကျတဲ့ လူ တစ်ယောက်ကို သူမ ရှာတွေ့သွားလို့ ငါ တကယ် ဝမ်းသာရပါတယ်။ "
" ငါ မင်းကို ပြောရမယ့် နောက်ထပ် အကြောင်း တစ်ခု ရှိသေးတယ်။ "
" မင်းမှာ ရှန်ဟိုင်းမှာ သန်းရာချီ တန်တဲ့ စံအိမ် တစ်လုံးနဲ့ ပြိုင်ကား အနည်းငယ် ရှိပေမဲ့ အဲ့ဒါတွေက ဘာမှ သိပ်အဓိပ္ပာယ်မရှိဘူး။ မင်းမှာ ဘာမှ မရှိဘူး ဆိုရင်တောင်မှ ချွေ့ချွေ့က မင်းကို သဘောကျပြီး မင်းကို သူမရဲ့ ချစ်သူ ဖြစ်စေချင်နေရင် ငါ ကန့်ကွက်မှာ မဟုတ်ဘူး။ "
" ချွေ့ချွေ့က ဒီဘဝမှာ ငါ့ရဲ့ တစ်ဦးတည်းသော သမီးလေးပါ။ ဖခင် တစ်ယောက်အနေနဲ့ သူမ ပျော်ရွှင်တာကိုပဲ ငါ မြင်ချင်တယ်။ လူချမ်းသာ ယောက်ျား တစ်ယောက်နဲ့ လက်ထပ်ပြီး သူမ အနိုင်ကျင့်ခံနေရတာမျိုး ငါ မလိုချင်ဘူး။ "
" အဲ့ဒီတော့ မင်းတို့ လက်မထပ်သေးခင် မင်း ငါ့ရဲ့ ခွင့်ပြုချက်ကို ရဖို့ လိုတယ် လင်းဖန်။ "
" မင်းရဲ့ စရိုက်ကနေ စပြီး မင်းရဲ့ စိတ်နေစိတ်ထား ၊ အကြောင်းအရာ ကဏ္ဍ အားလုံးကို ငါ သေချာ စဉ်းစားစိစစ်ကြည့်မယ်။ မင်း ပိုက်ဆံ ရှာနိုင်လား ၊ မရှာနိုင်ဘူးလား ဆိုတာကို မူတည်ပြီး ငါ မင်းကို အကဲဖြတ်မှာ မဟုတ်ဘူးနော်။ နှစ်ဝက် ကျော်ရင် ငါ မင်းနဲ့ ပြန်လာတွေ့မယ်။ "
" အဲ့အချိန်ကျ မင်း ငါ့ခွင့်ပြုချက်ကို ရနိုင်တယ် ဆိုရင် မင်းတို့ နှစ်ယောက် လက်ထပ်ဖို့ ငါ ခွင့်ပြုပါ့မယ်။ "