ရှားဝမ်ချွေ့၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံကြောင့် လင်းဖန် တစ်ယောက် အလွန် ပျော်ရွှင်သွားခဲ့ရသည်။
Vol. 13 Ch. 195
ရှားဝမ်ချွေ့၏ အဖေ ပြောလိုက်သော စကားကို ကြားချိန်မှာ လင်းဖန်၏ နှလုံးသားသည် မှန် တစ်ချပ်လို ကြည်လင်သွားပြီး သူ ရုတ်တရက် နားလည်သွားခဲ့သည်။
သူ ပိုက်ဆံ ရှာနိုင်လား ၊ မရှာနိုင်ဘူးလား ဆိုတာကို ကြည့်ပြီး သူ့ကို အကဲဖြတ်မှာ မဟုတ်ပေ။
ဘာကြောင့်လဲ ဆိုတော့ ရှားဝမ်ချွေ့ရဲ့ ဖခင်၏ မျက်လုံးထဲမှာ လင်းဖန် ဘယ်လောက်ပဲ ပိုက်ဆံ ရှာနိုင် ရှာနိုင် ၊ သာမန် အနုပညာရှင် တစ်ယောက် အဖြစ် သူ ရှာနိုင်သော ငွေကြးဟာ အကန့်အသတ်ရှိနေလို့ပါပဲ။
သူ တစ်နှစ်မှာ ရုပ်သံဒရာမာ ၁၀ ကား ရိုက်ရကာ ဒရာမာ တစ်ခုချင်းစီကနေ သန်းဆယ်ချီ ပိုက်ဆံရှာနိုင်ခဲ့လျှင်တောင် ထိုအရာက ယွမ် သန်း ရာဂဏာန်း အနည်းငယ် ပေါင်းထည့်ရုံသာ ဖြစ်လိမ့်မည်။
လက်တွေ့၌ သူ တစ်နှစ်မှာ ရုပ်သံဒရာမာ ၁၀ ကားလည်း မရိုက်နိုင်ပါ။
သို့သော်လည်း ယွမ် ဘီလီယမ် ဆယ်ချီ ချမ်းသာသော ဘော့စ်ကြီး တစ်ယောက်ကတော့ တစ်နှစ်အတွင်းမှာ အလွယ်တကူ သန်းရာချီ ပိုက်ဆံရှာနိုင်သည်။
စစ်မှန်တဲ့ ဘော့စ်ကြီး တစ်ယောက်ရဲ့ အမြင်မှာ ယွမ် သန်းတစ်ရာမျှသာ ရှိတဲ့ ငွေပမာဏက ဘာမှ မဟုတ်သော အောင်မြင်မှုလေး တစ်ခုပင်။
တချို့ သူဌေးကြီးတွေက ငွေရေးကြေးရေးကို လုံးဝ စိတ်မဝင်စားပါ။
ကြည့်ပါဦး ၊ ဒီစကားတွေက လူသား တစ်ယောက် ပြောနိုင်တဲ့ စကားတွေလား။
ဟိုးအရင် ရှေးခေတ်တွေကတည်းက လူ တစ်ယောက်ရဲ့ အစွမ်းအစကို သူတို့ရဲ့ ငွေရှာနိုင်စွမ်းကို ကြည့်ပြီး အကဲဖြတ်လို့ ရသည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲ ရလဒ်တွေလိုပင် ထိုအရာက တာဝန်ရှိသူတွေ အတွက် မရေမတွက်နိုင်အောင် များပြားသော ကျောင်းသားတွေကို အကဲဖြတ်ရန် စံချိန်စံညွှန်း တစ်ခု ဖြစ်သည်။
လူ တစ်ယောက်က ပိုက်ဆံများများ ပိုရှာနိုင်လေ ၊ သူ့ရဲ့ လူနေမှု အခြေအနေတွေ ပိုကောင်းလာလေပါပဲ။
စရိုက် အတွက် ဆိုရင်တော့ လင်းဖန်သည် သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။
ကြောင််မလေးက သူ့အတွင်းစိတ်ကြောင့် သူ့ကို သဘောကျသွားခဲ့တာ ဖြစ်သည်။
ရှားဝမ်ချွေ့ ဖခင်ရဲ့ ခွင့်ပြုချက်ကို ရရှိနိုင်ရန် လင်းဖန် ဇွဲရှိရမည်။ အိမ်လခတွေကို စုဆောင်းနေသော ငါးခြောက် တစ်ကောင်လို သူ နေလို့ မဖြစ်တော့ပေ။
နောက်ဆုံးမှာတော့ သူ ပိုက်ဆံရှာရပါဦးမည်။
စဉ်းစားကြည့်လိုက်ပါ။ မင်းရဲ့ အနာဂတ် ယောက္ခထီးလောင်းနဲ့ သွားတွေ့တုန်း မင်းကိုယ်မင်း QQ အက်ပလီကေးရှင်းရဲ့ စီမံခန့်ခွဲရေး အရာရှိပါလို့ မိတ်ဆက်ပေးတာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အုတ်ခဲသယ်တဲ့ အလုပ်သမားပါလို့ မိတ်ဆက်ပေးတာနဲ့က သက်ရောက်မှု တူမတဲ့လား။
စက္ကန့် အနည်းငယ် ကြာအောင် တွေးတောနေပြီးနောက် လင်းဖန် ဖုန်းထဲကနေ ပြောလိုက်သည်။ " စိတ်မပူပါနဲ့ ဦးလေးရှား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တိုးတက်စေနိုင်ဖို့ သေချာပေါက် အလုပ်ကြိုးစားပြီး ပိုပြောင်မြောက်တဲ့ လက်ရာတွေကို ရိုက်ကူးပါ့မယ်။ ကျွန်တော် အနားမှာ ရှိနေရင် ဖျော်ဖြေရေးလောကထဲက ဘယ်သူမှ ဝမ်ချွေ့ကို အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။ သူမကို ကာကွယ်ဖို့ အတွက် ကျွန်တော့်မှာ ပိုင်ဆိုင်သမျှ အရာရာတိုင်းကို သုံးမှာပါ။ "
ဤအရာက လင်းဖန် ထုတ်ပြရမည့် သဘောထား တစ်ခု ဖြစ်သည်။
လင်းဖန် ထိုသို့ ပြောတာကို ကြားတော့ ရှားဝမ်ချွေ့သည် ပြုံးလိုက်မိသည်။ လင်းဖန်နံဘေးမှာ ရှိနေလျှင် သူမ အမှန်တကယ် သက်သောင့်သက်သာ ခံစားရသည်။
ထိုအရာက သူမရဲ့ နှလုံးသားအောက်ခြေကနေ လာသော ပျော်ရွှင်မှု ဖြစ်သည်။
သူမ သဘောကျသူနဲ့ အတူ ရှိနေချိန်ဆို သူမ ဘာကိုမှ မစိုးရိမ် မကြောက်ရွံ့တော့ပေ။
ရှားဝမ်ချွေ့၏ အဖေက ပြောလိုက်သည်။ " ဘယ်သူမဆို အဲ့စကားမျိုး ပြောမှာပဲ။ ငါ မြင်ချင်တာက အပြုအမူ။ နှစ်ဝက် ကြာသွားရင် မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ် လင်းဖန်။ မဟုတ်ရင် မင်းကို ဝမ်ချွေ့ ဘယ်လောက်ပဲ သဘောကျနေပါစေ ၊ ငါက သူမကို မင်းနဲ့ အတင်း လမ်းခွဲခိုင်းမှာပဲ။ "
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်၏။ " စိတ်မပူပါနဲ့ ဦးလေးရှား။ နှစ်ဝက် နေ့ရင် ပြန်တွေ့ကြတာပေါ့။ တရုတ်စစ်တုရင် ကစားနည်းကို ဦးလေး သိတယ်လို့ ကျွန်တော် ကြားထားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း နည်းနည်းပါးပါး သိတယ်။ "
ရှားဝမ်ချွေ့၏ ဖခင်က ရယ်မောကာ ပြောခဲ့သည်။ " ဟန်ကျလိုက်တာ။ နှစ်ဝက် ကြာသွားရင် ငါနဲ့ တရုတ်စစ်တုရင် ကစားနည်းကို လာကစားလှည့်ပါ။ မင်း ငါ့ကို နိုင်ရင် မင်းကို ဝမ်ချွေ့နဲ့ လက်ထပ်ဖို့ ငါ ခွင့်ပြုပေးမယ်။ "
ထိုစကားကို ရှားဝမ်ချွေ့ ကြားလျှင် သူမ ဒေါသထွက်သွားလေသည်။
" ဒီလို ပုံစံမျိုးနဲ့ ကိုယ့်သမီးကို ရောင်းလိုက်တာလား အဖေ။ "
အစပိုင်းတုန်းကတောဘ လင်းဖန်နဲ့ ရှားဝမ်ချွေ့ရဲ့ ဖခင်တို့သည် အတော်လေး လေးနက်နေခဲ့ကြတာ ဖြသ်သည်။ သူက လင်းဖန်ကို နှစ်ဝက်ကြာတဲ့ အထိပင် စစ်ဆေးချင်နေခဲ့သည်။
သို့သော်လည်း တရုတ်စစ်တုရင် ကစားနည်းနဲ့ ပတ်သက်လာသောအခါ ရှားဝမ်ချွေ့၏ ဖခင်သည် ချက်ချင်းလက်ငင်း ပြောင်းလဲသွားလေသည်။
ဘယ်လို အကဲဖြတ်ခြင်းမျိုးကမှ ရှားဝမ်ချွေ့ရဲ့ အဖေကို တရုတ်စစ်တုရင် ကစားနည်းမှာ အနိုင်ယူနိုင်ခြင်းနဲ့ မယှဉ်နိုင်ပေ။
ရှားဝမ်ချွေ့ရဲ့ အဖေက ထိုစကားကို ကြားတော့ ပြန်ပြောသည်။ " သူ့ကို သဘောကျတာ သမီးလေ ချွေချွေ။။ ဘာလို့ အဖေက ကိုယ့်သမီးကို ရောင်းစားတယ်လို့ ပြောနေတာလဲ။ အခု လူ တစ်ယောက်က အဖေ့သမီးကို နောက်ဆုံးမှာ လက်ခံလိုက်ပြီ။ နှစ်ဝက် အတွင်း သူ ကောင်းကောင်း ဆောင်ရွက်နိုင်ဖို့ အဖေ မျှော်လင့်တယ်။ အဖေ့ကို စိတ်မပျက်ပါနဲ။ အဖေ့မှာ အဖေရဲ့ အနာဂတ် သားမက်လောင်းလေး အတွက် မျှော်လင့်ချက် ကြီးကြီးမားမားတွေ မရှိပါဘူး။ သူ အဖေနဲ့အတူ တရုတ်စစ်တုရင် ကစားနည်းကို ပွဲရေ ၃၀၀ တိတိ ကစားပေးဖို့ပဲ လိုတာပါ။ "
ရှားဝမ်ချွေ့သည် အဲ့ဒီစကားကို ကြားချိန်မှ ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။ " အဖေ ဒါတော့ များသွားပြီနော်။ သမီး အဖေနဲ့ ဆက်စကားမပြောတော့ဘူး။ အဖေ လင်းဖန်ကို ဘယ်လိုလုပ် အဲ့လိုမျိုး အနိုင်ကျင့်နိုင်ရတာလဲ။ "
ရှားဝမ်ချွေ့ရဲ့ ဖခင်က မျက်မှောင်ကြုတ်လိုက်သည်။ " သမီး မှားနေပြီ ချွေ့ချွေ့။ ဒါက ဘယ်လိုလုပ် သူ့ကို အနိုင်ကျင့်တာ ဖြစ်မှာလဲ။ "
ရှားဝမ်ချွေ့ မကျေမနပ် ပြန်ပြောလိုက်သည်။ " အဖေက သူနဲ့ တရုတ်စစ်တုရင် ကစားနည်းကို ကစားမယ်လို့ ပြောပြီးတာတောင်မှ သူ့ကို အနိုင်မကျင့်ပါဘူးလို့ ပြောနေတုန်းပဲ။ အဖေက ကိုယ့်သမီးကို လက်မထပ်နိုင် ဖြစ်စေချင်တာလား။ "
ရှားဝမ်ချွေ့ရဲ့ ဖခင်က ဆက်ပြောနေသည်။ " ငါ့သမီးက အခုထိ လက်တောင် လက်မထပ်ရသေးဘဲနဲ့ လင်းဖန်ရဲ့ ဘက်တော်သား ဖြစ်နေပြီ။ နောက်ပိုင်းကျ သူမ လက်ထပ်ပြီးသွားရင် ဘာဖြစ်မှာလဲ။ "
" ကောင်းပြီ ၊ ကောင်းပြီ။ အဖေ့မှာ လုပ်စရာ ရှိသေးတယ်။ အဖေ အရင် ဖုန်းချလိုက်တော့မယ်။ "
" စကားမစပ် ဘဝရဲ့ ပျော်ရွှင်မှု ဒုတိယတွဲနဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို မြန်မြန် ရိုက်ကူးကြစမ်းပါ။ အဖေ ဒရာမာတွေ ကြည့်ဖို့ စောင့်နေတုန်းပဲ။ " ထိုစကားကို ပြောအပြီးတွင် ရှားဝမ်ချွေ့၏ အဖေ ဖုန်းချသွားခဲ့သည်။
ရှားဝမ်ချွေ့သည် လင်းဖန်ကို ကြည့်ကာ ခေါင်းငုံ့လိုက်သည်။ " အနာဂတ်မှာ ကျွန်မ ရှင့်ကို လက်မထပ်ရင် လက်မထပ်နိုင်လောက်ဘူး။ ကျွန်မရဲ့ အဖေက တရုတ်စစ်တုရင် ကစားနည်းကို အရမ်း ကျွမ်းတာ။ သူက ပရော်ဖက်ရှင် အဆင့် ၉ ရှိတယ် ၊ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမား တစ်ယောက်နဲ့ အဆင့် တူတူပဲ။ "
လင်းဖန်က တောက်ပစွာ ပြုံးကာ ရှားဝမ်ချွေ့၏ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ " မစိုးရိမ်ပါနဲ့။ ကိုယ်လည်း တရုတ်စစ်တုရင် ကစားနည်းကို သင်ယူလို့ ရတာပဲလေ။ အချိန်ကျလာတဲ့အခါ ကိုယ် မင်း အဖေနဲ့ ပွဲရေ ၃၀၀ ပြည့်အောင် ယှဉ်ပြိုင်ပေးမယ်။ "
ရှားဝမ်ချွေ့ရဲ့ လှပသော မျက်လုံးလေးများ လက်ခနဲ ဖြစ်သွားသည်။ သူမ လင်းဖန်ကို ကြည့်ကာ ဖြည်းဖြည်းလေး ခေါင်းညိတ်လိုက်၏။
သူမရဲ့ အဖေကို သူမ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
သူမ သူ့ကို အိမ်ခေါ်သွားလိုက်ပြီ ဆိုတာနဲ့ သူမအဖေ နိုင်သွားပြီဟု အဓိပ္ပာယ်ရသည်။
လင်းဖန်ရဲ့ လုပ်ဆောင်ချက်ကလည်း သိပ်တော့ မဆိုးပေ။ ဘာပဲဖြစ်ဖြစ် သူမရဲ့ အဖေက သဘောတူပေးလိမ့်မည်။
လင်းဖန်သည် စိတ်အေးသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။
အစတုန်းကတော့ ရှားဝမ်းချွေ့ရဲ့ အဖေက သူတို့ နှစ်ယောက်ကို လမ်းခွဲစေချင်နေတာလို့ သူ တကယ် ထင်ခဲ့သည်။
ရှားဝမ်ချွေ့၏ ဖခင်ဟာ မကောင်းတဲ့ လူ တစ်ယောက် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် လင်းဖန်ကတော့ ဖျော်ဖြေရေးလောကမှာ သူ ဆက်လက် တိုးတက်လာရမည်ဟု ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။
ပထမဆုံး အနေဖြင့် သူ့ဇနီးနဲ့ နှစ်ဝက်ကြာပြီးတဲ့နောက် သူ ကြုံတွေ့ရမယ့် အကဲဖြတ်ခြင်း အတွက်ပါ။
ဒုတိယကတော့ လင်းဖန်မှာ " ဘဝရဲ့ ပျော်ရွှင်မှု " ဒုတိယတွဲနဲ့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ကြည့်ချင်သော ပရိသတ်များစွာ ရှိနေသည်။
ပရိသတ်တွေ အတွက်လည်း သူ တာဝန်ရှိပါသည်။
အရေးအကြီးဆုံး အရာကတော့ ရှားဝမ်ချွေ့နဲ့အတူ သရုပ်ဆောင်နိုင်တာ သူ့အတွက် စိတ်ချမ်းသာစရာကောင်းသည်။
အကာ်၍ သူ ဖျော်ဖြေရေးလောကကို စွန့်ခွာခဲ့ပြီး အိမ်ငှားခတွေကို စုဆောင်းလျက် အေးအေးချမ်းချမ်း ပျင်းရိနေသော သူဌေးကြီး တစ်ယောက် ဖြစ်လာခဲ့လျှင် အနာဂတ်မှာ ရှားဝမ်ချွေ့က ဘယ်သူနဲ့ အကြင်နာပေးခန်း ရိုက်ကူးမှာလဲ။ ဘယ်သူနဲ့ အချစ်ရေး ဇာတ်ဝင်ခန်းတွေ ရိုက်ကူးမှာလဲ။
အခြား တစ်ယောက်နဲ့ မဟုတ်တာတော့ အသေအချာပဲ ဖြစ်သည်။
လင်းဖန်ကလည်း အချစ်ရေး ဇာတ်ဝင်ခန်းကို သူ့ကြောင်မလေးက တခြား တစ်ယောက်နဲ့ ရိုက်ကူးနေပြီး ထိုလူ့ကို ချစ်တယ်လို့ ပြောနေမှာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။
" ငါတို့ ဒီလထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ထပ်မတွေ့နိုင်လောက်ဘူး လင်းဖန်။ " ရှားဝမ်ချွေ့သည် လင်းဖန်ကို ကြည့်ရင်း ပြောလိုက်သည်။
" ဘာလို့လဲ။ "
" ထောက်ခံကြေညာမှု လုပ်ငန်း တစ်ခုကို ငါ ရိုက်ကူးပေးရမယ်။ ပဲရစ်ကို ငါ လေယာဉ်နဲ့ သွားရဦးမှာ။ Chanel နဲ့ LV က ငါ့ကို သူတို့နဲ့အတူ ကြေညာ တစ်ခု ရိုက်ကူးပေးဖို့ တောင်းဆိုထားတယ်။ ငါ့ဓာတ်ပုံတွေကို တစ်ကမ္ဘာလုံးက မြို့တွေ အများကြီးမှာ ရိုက်မှာ ဆိုတော့ ရိုက်ကူးရေး အတွက် အချိန် အရမ်း ကြာလိမ့်မယ်။ ပွဲက အရမ်း ကြီးလို့ပါ။ " ဟု ရှားဝမ်ချွေ့က ပြန်ပြောခဲ့သည်။
" ဒါဆို ကိုယ် မင်းနဲ့ အချိန် အကြာကြီး မတွေ့ရတော့ဘူးပေါ့။ " လင်းဖန် ပြောလိုက်သည်။
ရှားဝမ်ချွေ့ အတွက် ထောက်ခံကြေညာချက် တချို့ သူ ကူရှာပေးခဲ့သည်။ LV နဲ့ Chanel က ဘယ်လို ကုမ္ပဏီမျိုးတွေမို့လို့လဲ။ ထောက်ခံကြေညာချက် လုပ်ငန်း ဆိုတာ ဓာတ်ပုဲ နည်းနည်းပါးပါး ရိုက်ယူရုံပဲ မဟုတ်ပေ။
ရှားဝမ်ချွေ့ဟာ မဂ္ဂဇင်း အမျိုးမျိုးတွေ ၊ သတင်းစာတွေ ၊ အင်တာနက် ၊ LV နဲ့ Chanel ထုတ်ကုန်ပစ္စည်းတွေ အတွက် ပါဝင်လာလိမ့်မည်။
LV ထုတ်ကုန်ပစ္စည်းတွေက ပိုက်ဆံအိတ် တစ်မျိုးတည်း ရှိတာ မဟုတ်သလို Chanel ထုတ်ကုန်ပစ္စည်းတွေကလည်း ရေမွှေးတွေပဲ ရှိတာ မဟုတ်ပေ။ လက်ဆွဲအိတ်တွေ ၊ ခရီးသွားရေး ထုတ်ကုန်ပစ္စည်းတွေ ၊ သားရေနဲ့ လုပ်ထားတဲ့ ပစ္စည်း သေးသေးလေးတွေ ၊တန်ဖိုးကြီး ရတနာတွေ … ပြီးတော့ စသည်ဖြင့်။ "
ရှားဝမ်ချွေ့ လုပ်ပေးရမယ့် အရာက ထိုထုတ်ကုန်ပစ္စည်းတွေ အကုန်လုံးကို ထောက်ခံကြေညာပေးရန် ဖြစ်သည်။
ဤထောက်ခံကြေညာချက် အပြီးတွင် ရှားဝမ်ချွေ့၏ ကျော်ကြားမှုက အံ့မခန်း မြင့်တက်လာလိမ့်မည်။
ထို့ကြောင့် ဒီလထဲမှာ သူမ လင်းဖန်နဲ့ မတွေ့နိုင်သလို " ဘဝရဲ့ ပျော်ရွှင်မှု" ဒုတိယတွဲနဲ့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " တတိယတွဲကိုလည်း မရိုက်ကူးနိုင်ပါ။
*အင်း ၊ နင် ငါ့ကို ထပ်မတွေ့နိုင်တော့ဘူး။ " ရှားဝမ်ချွေ့က ပြောလိုက်သည်။
" အဆင်ပြေပါတယ်။ အချိန် ရရင် ငါတို့တွေ ညဘက်ကျ ဗီဒီယိုကောလ် ပြောလို့ ရတာပဲ။ ငါ ရိုက်ခဲ့သမျှ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ အကုန်လုံး နင့်ကို ပို့ပေးလိုက်မယ်။ နင့်ကွန်ပျူတာ မျက်နှာပေါ်မှာလည်း အဲ့ပုံတွေကို နင် ဝေါလ်ပေပါ ပြောင်းထားလို့ ရတယ်။ " ဟု ရှားဝမ်ချွေ့ ပြောခဲ့သည်။
" ဒါဆို မင်း ဘောင်းဘီတိုလေးတွေ ဝတ်ထားပြီး ပခုံးလေးတွေ ဖော်ထားတဲ့ ဓာတ်ပုံလေး ရိုက်ပေးနိုင်မလား။ ကိုယ် အဲ့ဓာတ်ပုံက်ု ကိုယ့်ကွန်ပျူတာ ဝေါလ်ပေပါ အဖြစ် ထားလိုက်မယ်။ " လင်းဖန်သည် အရှေ့သို့ ကိုင်းညွှတ်ကာ ပြောလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဇနီးလေးနဲ့အတူ ရှိနေရတာ သူ့အတွက် မလုံလောက်နိုင်ပါ။ သူ နှာဘူး တစ်ယောက် မဟုတ်ပါဘူး။ ကိုယ့်ကောင်မလေးကို စိတ်ဝင်စားတယ် ဆိုတာ ပုံမှန်ပဲ မဟုတ်လား။ တခြား မိန်းကလေးတွေကို လင်းဖန် ထပ်ကြည့်မှာ မဟုတ်ပေ။
" အင်း ~ အိုကေလေ။ " ရှားဝမ်ချွေ့ ခေါင်းညိတ်လိုက်သည်။။
" ငါ့မှာ ကိုယ်ပိုင် ဓာတ်ပုံတွေ အများကြီး ရှိနေသေးတယ်။ အဲ့လို ဓာတ်ပုံမျိုးတွေကို အွန်လိုင်းပေါ် တင်လို့ မရဘူး။ အဲ့ဒါတွေ အကုန်လုံးကို ငါ နင့်ဆီ ပို့လိုက်မယ် ~ "
" ရေချိုးဝတ်ရုံ ဝတ်ထားတဲ့ ငါ့ကိုယ့်ငါ ပြန်ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိတယ်။ ဂျပန် ကျောင်းသူဝတ်စုံတွေနဲ့ ဓာတ်ပုံတွေရယ် ၊ အတွင်းခံဘောင်းဘီနဲ့ ဓာတ်ပုံတွေရယ် … ပြီးတော့ ငါ့အိမ်က ရေကူးကန်မှာ ရေကူးနေရင်း ဘီကီနီနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိတယ်။ နင် အဲ့ဓာတ်ပုံတွေ အကုန်လုံးကို ဝေါလ်ပေပါတွေ ထားလိုက်လို့ ရတယ် ၊ ဒါပေမဲ့ နင် သူများတွေကို အဲ့ဒါ မပြဘူး ဆိုတာကိုတော့ ငါ သိပါတယ်။ " ရှားဝမ်ချွေ့၏ မျက်နှာလေးက အနည်းငယ် ရဲနေသည်။ သူ့ချစ်သူရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို အခြား သူတွေနဲ့ မျှဝေတဲ့ အထိ လင်းဖန် ဘယ်တော့မှ ရူးမိုက်မှာ မဟုတ်ကြောင်းကိုလည်း သူမ သိပါသည်။
လင်းဖန်သည် ထိုစကားကို ကြားသောအခါ သူ ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ သူ နည်းနည်းလေး ပျော်ရွှငသွားပေမဲ့ နည်းနည်းလေး နာကျင်သွားမိသည်။
အနာဂတ်ကျ … သူ ညဘက်တွေ ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ။