ငါ့ကိုဖက်ပေးပါ
Vol. 14 Ch. 196
အလွန် များပြားသော ဓာတ်ပုံတွေကြောင့် လင်းဖန်သည် ခံနိုင်ရည် မရှိတော့။
ရှားဝမ်ချွေ့ အတွက် ဒီလို ဓာတ်ပုံတွေကို အွန်လိုင်းပေါ် တင်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။
ထိုဓာတ်ပုံတွေကို စုရှောင်းယွီထံသို့ပင် သူမ ပို့မပေးခဲ့ပါ။
ဓာတ်ပုံတိုင်းဟာ မရေမတွက်နိုင်သော ယောက်ျားလေးများကို သွေးတွေ ဆူပွက်လာသလို ခံစားရစေလိမ့်မည်။
အဲ့ဒါက ယောက်ျားလေးတွေ အားလုံးရဲ့ သဘာဝ တုံ့ပြန်မှု ဖြစ်ပါသည်။
မှန်ပါသည်။ အမျိုးသမီး အနုပညာရှင် တချို့၏ အင်တာနက်ပေါ်မှာ သူတို့ ဘီကီနီ ဝတ်ထားသော ဓာတ်ပုံတွေ ၊ စကတ် အတိုလေးတွေ ဝတ်ထားသော ဓာတ်ပုံတွေ ၊ ပေါင်ရင်းလောက်ပဲ ရှိသော အသားကပ် ဘောင်းဘီ တိုနန့်နန့်လေးတွေ ဝတ်ထားသော ဓာတ်ပုံတွေနဲ့ ဆပ်စပင်ဒါ ဝတ်ထားသော ဓာတ်ပုံတွေ စသည်ဖြင့် ထိုကဲ့သို့ ဓာတ်ပုံတွေ အများကြီး ရှိသည်။
သို့သော် ရှားဝမ်ချွေ့ကတော့ အင်တာနက်ပေါ်မှာ အဲ့ဒီလို ဓာတ်ပုံတွေ တစ်ပုံမှ မရှိပါ။
ရသစုံ အစီအစဉ်များတွင် သူမ ပါဝင်ချိန်မှာ ဘယ်တော့မှ ဘောင်းဘီတိုတွေ ဝတ်လေ့မရှိပေ။ သူမ ဝတ်ခဲ့ဖူးသမျှထဲ အတိုဆုံး ဘောင်းဘီက သူမရဲ့ ဒူးခေါင်းနားလောက် ရှိသော ဘောင်းဘီတို ဖြစ်သည်။
သူမ အပြင်သွားချိန်မှာလည်း စကတ်အတိုတွေ ဘယ်တော့မှ မဝတ်တတ်ပါ။
ရှားဝမ်ချွေ့သည် ကြော်ငြာ ရိုက်ကူးနေချိန်မျိုးတွင် အတိုအပြတ်တွေ အစား အများကြီး ပိုလုံခြုံသော အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသည်။
ပွဲတွေ ဘာတွေ သွားတက်ချိန်မျိုးမှာလည်း ရှားဝမ်ချွေ့က အချိန် နေရာအပေါ် မူတည်ပြီး အလွန် သင့်တော်စွာ ဝတ်ဆင်လေ့ရှိပါသည်။
သူမရဲ့ တခြား ဓာတ်ပုံတွေကို မြင်ခွင့် ရရန် အတော်လေး ခက်ခဲသည်။
လင်းဖန်ပင်လျှင် ဓာတ်ပုံ တစ်ပုံ တစ်ပုံသာ မြင်ဖူးခဲ့ကာ ထိုဓာတ်ပုံတွေကို ဝေါလ်ပေပါ ထားလိုက်သည်။
သူ ထိုဓာတ်ပုံကို မြင်ပြီးနောက်မှာ အိပ်မရလောက်တော့ဘူးဟု လင်းဖန် ခံစားလိုက်ရသည်။
သူ့ဇနီးလေးက အကြည့်မလွှဲချင်စရာ လှပကာ ဓာတ်ပုံတွေလည်း အများကြီး ရှိနေသည်။ သူ ဘယ်လိုလုပ် အိပ်လို့ ရတော့မှာလဲ။
အကယ်၍ အွန်လိုင်းပေါ်မှာ အထူး အက်ပလီကေးရှင်း တစ်ခုကို သူ ဒေါင်းလုတ်ဆွဲပြီး နည်းနည်းပါးပါး လျှောက်ကြည့်လိုက်ပါက သာမန် မိန်းကလေးများကိုတော့ စိတ်ဝင်စားမှာ မဟုတ်ပါ။
သို့သော် ရှားဝမ်ချွေ့၏ ဒီလို ဓာတ်ပုံများကတော့ လင်းဖန်၏ အမြင်အာရုံအပေါ် ပြင်းထန်သော သက်ရောက်မှု ရှိစေသည်။
ပြီးတော့ ဘယ်သူမှ မသိတဲ့ အလှတရား ဆိုတာ အလှဆုံးပါပဲ။ ထိုဓာတ်ပုံတွေ အကုန်လုံးကို ထုတ်ဖော်လိုက်ပါက အရမ်းကြီး လှပတော့မှာ မဟုတ်ပေ။
အရေးကြီးဆုံး အရာကတော့ အထူးဆော့ဖ်ဝဲကို သူ ကြည့်နေစဉ်မှာ ထိုအထဲက အမျိုးသမီးတွေကို သဘောမကျမိပါ။
သူ့မှာ သူ အလွန် သဘောကျရတဲ့ နတ်သမီးလေးအလား လှပသော ချစ်သူကောင်မလေး တစ်ယောက် ရှိသည်။ အဲ့ဒါက လုံးဝ ယှဉ်လို့ မရပေ။
ရှားဝမ်ချွေ့က သူမရဲ့ ဖုန်းကို လင်းဖန်ဆီ ပေးလိုက်သည်။ " ဒီမှာ ~ ဓာတ်ပုံတွေကို နင် ကိုယ်တိုင်ပဲ ကူးလိုက်နော်။ အကုန်လုံး ငါ့ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ရှိတယ်။ အဲ့ဒါတွေကို နင့် WeChat ထဲ ပို့ထားလိုက်။ နင် စစ်ချင်ရင် ငါ့ဖုန်းကို စစ်လို့ ရသေးတယ်။ နင် ငါ့မက်ဆေ့ခ်ျတွေကို စစ်လို့ ရတယ် ၊ WeChat မှာ စကားပြောထားတဲ့ မှတ်တမ်းတွေနဲ့ ဖုန်းပြောထားတဲ့ မှတ်တမ်းတွေကိုလည်း စစ်လို့ ရတယ် ~ "
ရှားဝမ်ချွေ့က တောက်ပစွာ ပြုံးလိုက်သည်။ လင်းဖန်ကို ကြည့်နေသော သူမရဲ့ မျက်လုံးများဟာ ဖြူစင်ကြည်လဲ့နေခဲ့သည်။
အဖြူထည်ကောင်မလေးမှာ လင်းဖန်အား သူမရဲ့ ဖုန်းကို စစ်ခွင့်ပြုခြင်းနဲ့ ပတ်သက်လို့ လိပ်ပြာမလုံတဲ့ ခံစားချက်မျိုး ရှိမနေပေ။
ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း နားလည်တဲ့ ဒီလို ကောင်မလေးကို သူ ဘယ်လိုများ ပိုင်ဆိုင်ခဲ့ရတာပါလိမ့်။ လင်းဖန်သည် သူမရဲ့ ဖုန်းကို ယူကာ ပြုံးလိုက်သည်။
ရှားဝမ်ချွေ့၏ ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ တကယ်လည်း ဓာတ်ပုံတွေ အများကြီး ရှိနေသည်။ လင်းဖန်က နှမြောတွန့်တိုတတ်သူ မဟုတ်သဖြင့် ရှားဝမ်ချွေ့၏ ဓာတ်ပုံ လှလှလေးတွေ အကုန်လုံးကို သူ့ WeChat ထဲ ပို့လိုက်သည်။
ဓာတ်ပုံတွေကို စစ်ဆေးနေရင်း ရှားဝမ်ချွေ့ရဲ့ ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ များသောအားဖြင့် ဓာတ်ပုံ အမျိုးအစား နှစ်မျိုးသာ ရှိကြောင်း လင်းဖန် နားလည်သွားသည်။
အယ်လ်ဘမ်ထဲမှာ ချစ်စရာ ကြောင်လေးတွေရဲ့ ဓာတ်ပုံတွေ ၊ သူမရဲ့ ဆယ်လ်ဖီတွေနဲ့ သူ မသိအောင် တိတ်တိတ်ကလေး ခိုးရိုက်ထားသော သူ့ဓာတ်ပုံတွေပဲ ရှိသည်။
ရှားဝမ်ချွေ့၏ ဖုန်းဝေါလ်ပေပါဟာ လင်းဖန်ရဲ့ ဗီလာမှာ ကြီးပြင်းခဲ့သော ကြောင်လေးရဲ့ ဓာတ်ပုံ ဖြစ်သည်။
ရှားဝမ်ချွေ့၏ WeChat ကို လင်းဖန် ကြည့်လိုက်သည်။
WeChat ကို ဖွင့်လိုက်သည်နှင့် ရှားဝမ်ချွေ့ကို စာပို့ထားသော ယောက်ျားလေးတွေ အများကြီးကို တွေ့လိုက်ရသည်။
ထိုလူတွေထဲမှာ ကုမ္ပဏီမှ တစ်ယောက်လည်း ပါဝင်ကာ တခြား ဇာတ်ဝင်ခန်းတွေထဲမှာ သူမနဲ့အတူ သရုပ်ဆောင်ခဲ့ဖူးသော အမျိုးသားသရုပ်ဆောင် တစ်ယောက်လည်း ပါဝင်သည်။
သူတို့ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲမို့ တစ်ယောက်ကို တစ်ယောက် WeChat ပေါ်မှာ အပ်ထားတာ ထွေထွေထူးထူးတော့လည်း မဟုတ်ပါ။
လင်းဖန်သည် အဲ့ဒါကို ခဏလောက် ကြည့်လိုက်သည်။ အရေးကြီးကိစ္စတွေ အတွက် ထိုလူတွေ စာပို့မှသာ ရှားဝမ်ချွေ့က စာပြန်လေ့ရှိကြောင်း သူ သတိထားမိသွားသည်။
ပြန်စာများသည် အမြဲတမ်း တိုတောင်းယဉ်ကျေးကာ ရင်းနှီးမှု မရှိဘဲ စိမ်းသက်နေလေ့ရှိသည်။
ရှားဝမ်ချွေ့က WeChat ပေါ်မှာ " ~~~~ " ဟု စာပြန်ရတာကို သဘောကျပြီး " မြောင် မြောင် ~~ " နဲ့ " တော်လိုက်တော့။ " ဟူ၍ စာပြန်ရတာကိုလည်း သဘောကျသည်။
ထိုစကားတွေက သူမရဲ့ မူပိုင်စကားစုတွေ ဖြစ်နေပါပြီ။
ရှားဝမ်ချွေ့ဟာ ထိုစကားစုတွေကိုပဲ ပြောတတ်သည်ဟု အမြဲတမ်း ပြောနေခဲ့သော စာဖတ်သူတွေ ရှိသည်။ သူမက လင်းဖန်အရှေ့မှာသာ ထိုပုံစံမျိုး ရှိတာ ဖြစ်သည်။ သူမ သဘောကျသော ကောင်လေးအရှေ့တွင် ရှားဝမ်ချွေ့ရဲ့ ပုံစံလေးက အမြဲတမ်း အဲ့ဒီလို ဖြစ်နေတတ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် မိန်းကလေးတွေ ဆိုတာ သာယာမှုကြောင့် ညည်းညူနိုင်သော်လည်း မင်းရဲ့ ကောင်မလေး ၊ သို့မဟုတ် ဇနီးမယားကပဲ သူတို့ရဲ့ ထိုပုံစံအား မင်းကို ပြသမှာ ဖြစ်သည်။
သို့သော် ရှားဝမ်ချွေ့က ထိုစကားတွေကို လင်းဖန်က လွဲလို့ တခြား မည်သည့် ယောက်ျားလေးကိုမဆို ဘယ်တုန်းကမှ မပို့ဖူးခဲ့ပေ။
မနက်တိုင်း နာမည်ကျော် အမျိုးသားအနုပညာရှင် များစွာက ရှန်းဝေဝေအား [ မောနင်း ] ဟု ပို့တတ်ပေမဲ့ သူမကတော့ ဘယ်တော့မှ စာမပြန်ပါ။
WeChat မက်ဆေ့ခ်ျတွေကို စာပြန်မလား ၊ မပြန်ဘူးလား ဆိုတာ သူမ ရွေးချယ်နိုင်သည်။ တခြား အချိန်တွေမှာတော့ ရှားဝမ်ချွေ့သည် သူမ အလွန် အလုပ်ရှုပ်နေသည်ဟု အကြောင်းပြပြီး ထိုယောက်ျားလေးတွေနဲ့ စကားပြောလေ့မရှိပေ။
ဒါပေမဲ့ လူ တစ်ယောက် အတွက်တော့ ခြွင်းချက် ရှိသည်။
ထိုလူက လင်းဖန်ပါပဲ။
သူမကို လင်းဖန် မက်ဆေ့ခ်ျပို့သောအခါ ထိုမက်ဆေ့ခ်ျတွေကို သူမ မြင်တာနဲ့ ချက်ချင်း စာပြန်လေ့ရှိသည်။
ပြီးတော့ ပြန်စာထဲမှာ ချစ်စရာ အီမိုဂျီလေးတွေလည်း အများကြီး ပါသည်။
WeChat ထဲမှာ သူ့ကို ရှားဝမ်ချွေ့ ပေးထားသော နာမည်ပြောင်လေးကိုလည်း လင်းဖန် မြင်သွားသည်။ " လင်း ~ "
သူ့ဇနီးလေးက အရမ်း ချစ်စရာကောင်းတယ်လို့ လင်းဖန် ခံစားလိုက်ရသည်။
ဒီလို ဖြူစင်နူးညံ့ကာ သူ့ကို ဂရုစိုက်ပေးတတ်သော ချစ်စဖွယ် ချစ်သူ လှလှလေးကို သူ ပိုင်ဆိုင်ထားရသည်။
တကယ်တော့ သူ တစ်ယောက်တည်းကပဲ သူမအရှေ့မှာ သူများတွေနဲ့ မတူဘဲ အထူးတလည် ကွဲပြားစွာ ဆက်ဆံခံရတာပါ။
လင်းဖန်သည် ဓာတ်ပုံတွေကို သူ့အကောင့်ထဲ ပို့လိုက်ပြီးနောက် ဖုန်းကို ရှားဝမ်ချွေ့ဆီ ပြန်ပေးလိုက်သည်။
ရုတ်တရက် ဝင်လာသော အတွေးကြောင့် လင်းဖန်က သူ့ဖုန်းကို ထုတ်ကာ ပြုံးလိုက်မိသည်။ " မင်းလည်း ကိုယ့်ဖုန်းကို စစ်လို့ ရတယ်နော်။ "
ရှားဝမ်ချွေ့သည် ခေါင်းခါရမ်းလိုက်ကာ ကြောင်လေး တစ်ကောင်လို ချစ်စရာကောင်းသော လက်ဟန်အမူအရာလေး လုပ်ပြခဲ့သည်။ " မစစ်ပါဘူး။ ငါ နင့်ကို ယုံတယ် ~ "
ဤကောင်မလေးကို ကြည့်ကာ လင်းဖန်သည် သူ့ဖုန်းကို ဘေးမှာ တင်လိုက်၏။
သူ အရှေ့တိုးလိုက်ပြီး ရှားဝမ်ချွေ့၏ သေးသွယ်သော ခါးလေးကို တင်းကျပ်စွာ ဖက်လိုက်သည်။
" မင်းနဲ့ လက်ထပ်ခွင့်ရတဲ့ ဘယ်သူမဆို သူ့အရင်ဘဝတုန်းက ကမ္ဘာကြီး တစ်ခုလုံးကို ကယ်တင်ပေးထားတာ ဖြစ်ရမယ်။ " လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
" နင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် အဲ့လိုမျိုး ချီးမွမ်းနိုင်ရတာလဲ။ နင့်အရင်ဘဝတုန်းက နဂါးငွေ့တန်း ဂလက်ဆီ တစ်ခုလုံးကို နင် ကယ်တင်ခဲ့တယ်လို့ ဘာလို့ မပြောတာလဲ။ " ရှားဝမ်ချွေ့သည် ခပ်တိုးတိုး ရယ်လိုက်သည်။
" ငါက သာမန် မိန်းကလေး တစ်ယောက်ပါပဲ။ အဲ့လောက် ကြီးကျယ်မနေပါဘူး။ နင် ငါ့ကို ဖက်လို့ ပြီးပြီလား။ အခု အလုပ် လုပ်ရမယ့် အချိန် ရောက်နေပြီ။ " ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ထူးခြားသည်ဟု သူမ တစ်ခါမှ မခံစားခဲ့ရဖူးပါ။
" ဖက်တယ် ဆိုတာ ဘယ်တော့မှ လုံလောက်တယ် မရှိဘူး။ " ဟု လင်းဖန်က ပြောလိုက်သည်။
" ဒီမှာ … ကျွန်မကို နောက်ထပ် ၃ စက္ကန့် ဖက်ထားပေး။ ၃ စက္ကန့် ပြည့်သွားရင် အိမ်ပြန်တော့ ~ " ရှားဝမ်ချွေ့က နူးညံ့စွာ ပြန်ပြောသည်။
၃ စက္ကန့် ကြာသောအခါ လင်းဖန်သည် ရှားဝမ်ချွေ့ကို လွှတ်ပေးလိုက်ပြီး ရုံးခန်းထဲမှ အတူ ထွက်လာစဉ်မှာ သူမရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
ကုမ္ပဏီအတွင်းရှိ လူ များစွာက လက်ချင်း ဆုပ်ကိုင်ထားကြသော လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို မြင်တော့ အားကျသွားလေသည်။
လင်းဖန်က အဲ့လို ကောင်မလေး ချောချောလေးကို ချစ်သူတော်ထားတာလေ။ ဘယ်သူက သူ့ကို အားမကျဘဲ နေမှာလဲ။
ကုမ္ပဏီကနေ ပြန်လာပြီးနောက် လင်းဖန်သည် ဗီလာထဲမှာ ညအချိန်ကို တစ်ယောက်တည်း ဖြတ်သန်းကုန်ဆုံးခဲ့ရသည်။
နောက်တစ်နေ့ ရောက်တော့ လင်းဖန်က Koenigsegg ပြိုင်ကားကို လေဆိပ်သို့ ခပ်စောစော မောင်းထွက်လာခဲ့သည်။
ရှားဝမ်ချွေ့ရဲ့ လေယာဉ်ခရီးစဉ် အချိန်က ဒီနေ့မှန်း သူ သိသည်။ သူမ သေချာပေါက် ရောက်လာပါလိမ့်မည်။
ယနေ့ ရှားဝမ်ချွေ့သည် Chanel နဲ့ LV အတွက် ထောက်ခံချက် ကြော်ငြာ ရိုက်ကူးပေးရန် ဥရောပသို့ သွားရမှာ ဖြစ်သည်။
သူတို့ လေဆိပ် ရောက်သွားချိန်မှာ လင်းဖန်က ဝင်ပေါက်မှာ ရပ်စောင့်နေခဲ့သည်။
သိပ်မကြာလိုက်ဘဲ ရှားဝမ်ချွေ့လည်း လေဆိပ်သို့ ရောက်လာခဲ့သည်။
လင်းဖန်ကို လှမ်းအမြင်မှာ ရှားဝမ်ချွေ့၏ မျက်လုံးတွေ ဖျတ်ခနဲ လက်သွားသည်။ လင်းဖန်က သူမ အတွက် ဒီမှာ အမှန်တကယ်ပဲ စောင့်နေခဲ့ပါသည်။
လေဆိပ် ပတ်ဝန်းကျင်တွင် ရှိနေသော ပရိသတ် များစွာက လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို မြင်သွားကြသည်။
ပရိသတ်တွေ အားလုံးဟာ သူတို့ရဲ့ ဖုန်းတွေကို ဓာတ်ပုံရိုက်ရန် ချက်ချင်း ထုတ်လိုက်ကြသည်။ သူတို့ နှစ်ယောက်ကို အတူတကွ တွဲမြင်ရခြင်းကြောင်း ပရိသတ် များစွာသည် သူတို့ အချစ်ရဲ့ ချိုမြိန်မှုတွေကို အလူးအလဲ ခံစားလိုက်ရသည်။
" လင်းဖန်က ချောလိုက်တာ ၊ အရမ်း ချောတာပဲ။ "
" လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ထပ်ပေါ်လာကြပြန်ပြီ။ သူတို့က အရမ်း ချစ်စရာကောင်းတယ်။ "
" ရှားဝမ်ချွေ့က ထောက်ခံချက် အခမ်းအနား တစ်ခုမှာ ပါဝင်ပေးဖို့ ဒီနေ့ပဲ ဥရောပကို သွားတော့မှာတဲ့။ လင်းဖန်က ရှားဝမ်ချွေ့ကို ဒီနေ့ လိုက်ပို့ပေးဖို့ လေဆိပ်ကို ရောက်လာတာ။ ဝါး … သူတို့ကို ကြည့်ရတာ အရမ်း ပျော်နေကြတဲ့ ပုံပဲ။ "
ပရိသတ် များစွာက လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို ဝန်းရံထားခဲ့သည်။ ရှားဝမ်ချွေ့မှာ သူမ အပြင်သွားတိုင်း နောက်ကနေ လိုက်လာသော သက်တော်စောင့်တွေ အများကြီး ရှိပါသည်။
" ကိုယ် မင်းကို တစ်လတိတိ တွေ့နိုင်တော့မှာ မဟုတ်ဘူး။ ဥရောပမှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်နော်။ " ဟု လင်းဖန်က ပြုံးရင်း ပြောခဲ့သည်။
" နင့်ဆီမှာ ငါ့ဓာတ်ပုံတွေ ရှိပါသေးတယ် ~ " ရှားဝမ်ချွေ့သည် နူးညံ့စွာ ပြောလိုက်သည်။
ခဏကြာအောင် စကားစမြည်ပြောအပြီး နောက်ဆုံးမှာတော့ ခွဲခွာရန် အချိန် ရောက်လာခဲ့သည်။
လင်းဖန်သည် ရှားဝမ်ချွေ့နဲ့ ခွဲခွာရခြင်းကို ခံနိုင်ရည် မရှိပေ။ ဒီတစ်ခေါက် သူမက အလုပ် လုပ်ရမည် ဖြစ်ကာ အလွန် မအားမလပ် ဖြစ်နေလိမ့်မည်။ သူမနဲ့အတူ ဥရောပသို့ လင်းဖန် လိုက်သွားလျှင်တောင် သူမမှာ သူနဲ့ ရှိနေပေးဖို့ အချိန် ရှိမှာ မဟုတ်ပါ။
" လင်းဖန် … " ရှားဝမ်ချွေ့က လင်းဖန်ကို ခေါင်းလေး လိမ်ကာ လှည့်ကြည့်လိုက်သည်။ ယန်ချင်း ၊ လုံခြုံရေးဝန်ထမ်းများနဲ့ အခြား လူတွေ အကုန်လုံးဟာ ရှားဝမ်ချွေ့ကို စောင့်နေခဲ့သည်။
" ဟမ်။ " လင်းဖန်သည် ရှားဝမ်ချွေ့၏ နောက်ကျောဘက် မြင်ကွင်းကို ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်သည်။
" ငါ့ကို ဖက်ပေးပါ ~ " ရှားဝမ်ချွေ့ရဲ့ မျက်နှာလေး ရဲသွားကာ လက် နှစ်ဖက်ကို ဆန့်တန်းထားလျက် လင်းဖန်ကို ထားခဲ့ရန် တွန့်ဆုတ်နေခဲ့သည်။
ဤကောင်မလေးကို ကြည့်ကာ လင်းဖန်သည် ခြေတစ်လှမ်းစာ အရှေ့တိုးလိုက်ပြီး သူမရဲ့ ခါးသွယ်သွယ်လေးကို ဖက်လိုက်သည်။
တစ်စုံတစ်ယောက်က ဓာတ်ပုံပဲ ရိုက်ရိုက် ၊ ဗီဒီယိုမှတ်တမ်းပဲ ယူနေ,နေ လင်းဖန်ကတော့ လေဆိပ်မှာ ရောက်နေကြသော ပရိသတ်တွေ အများကြီးရဲ့ အရှေ့တွင် ရှားဝမ်ချွေ့ကို ဖက်ထားဆဲ ဖြစ်သည်။
သူမကို ဖက်ပြီးသွားတော့ လင်းဖန်က သူ့ရင်ခွင်ထဲမှာ ရှက်ရွံ့နေသော ကောင်မလေးကို ကြည့်ကာ သူမရဲ့ နဖူးကို ငုံ့နမ်းလိုက်သည်။
ထိုမြင်ကွင်းကြောင့် တစ်ကမ္ဘာလုံး အေးခဲသွားပုံ ပေါ်လေသည်။