Bugatti ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင်သည် ဥရောပရဲ့ ရာထူးကြီးပုဂ္ဂိုလ်များကို ထိတ်လန့်သွားစေခဲ့သည်။
Vol. 14 Ch. 197
" ငါ သွားတော့မယ်နော် ~ " ရှားဝမ်ချွေ့က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမ၏ မျက်နှာပေါ်မှာ အနီရောင် သမ်းနေသော်လည်း ဒီအခိုက်အတန့်လေးမှာ သူမ ပျော်ရွှင်ခဲ့ရသည်။
" အင်း ၊ သွားတော့။ " လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ခေါင်းလေးကို ကြင်နာစွာ ပွတ်လိုက်သည်။
ယန်ချင်းလည်း ပြုံးနေမိသည်။
ဒီလို အချစ်မျိုးဟာ တကယ် အံ့ဩချီးကျူးစရာကောင်းရဲ့။
လင်းဖန်ရော ၊ ရှားဝမ်ချွေ့ပါ အလွန် ငယ်ရွယ်သေးပေမဲ့ သူတို့ နှစ်ယောက်လုံး ယန်ချင်းကို အားကျစိတ် ဝင်လာအောင် လုပ်ပြီးခဲ့ပါပြီ။
" အစ်မယန်။ ဝမ်ချွေ့ကို ဒီတစ်လလုံး အစ်မရဲ့ လက်ထဲ ကျွန်တော် အပ်ထားမယ်နော်။ " လင်းဖန်က တောက်ပစွာ ပြုံးကာ ယန်ချင်းကို ကြည့်နေခဲ့သည်။
" စိတ်မပူပါနဲ့ ၊ ချွေ့ချွေ့ အဆင်ပြေမှာပါ။ " ဟု ယန်ချင်းသည် ပြုံး၍ ပြောလိုက်သည်။
ရှားဝမ်ချွေ့ ထွက်သွားတာကို ကြည့်နေပြီးနောက် ပရိသတ်များထံမှ အားပေးသံတွေ ဝေါခနဲ ထွက်လာလေသည်။
" သူတို့က တစ်ယောက်ကို တစ်ယောက် တကယ့်ကို လေးလေးနက်နက် ချစ်နေကြတာပဲ။ "
" ငါ သိသားပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့က နေနဲ့လ ရွှေနဲ့မြ စုံတွဲပဲ။ "
" လင်းဖန်က အရမ်း ချောပြီး စိတ်ထားလည်း အရမ်း ပြည့်ဝတယ်။ သူက ငါ့ရဲ့ ညို့အားပြင်း မင်းသားလေးပဲ။ "
" ကျွန်မ ရှင်နဲ့ ဓာတ်ပုံ ရိုက်လို့ ရမလား လင်းဖန်။ ရှင် ကျွန်မကို လက်မှတ်ထိုးပေးနိုင်မလား။ "
ပရိသတ်များက အလွန် စိတ်အားထက်သန်နေသော်လည်း လင်းဖန်သည် ဒီနေရာမှာ အကြာကြီး မနေခဲ့ပေ။ မဟုတ်ရင် လေဆိပ်ရှိ ယာဉ်အသွားအလာကို သူ ပိတ်ဆို့သွားစေလိမ့်မည်။
လင်းဖန် လေဆိပ်ထဲကနေ ထွက်လာခဲ့ပြီး Koenigsegg ပြိုင်ကားကြီးကို အိမ်သို့ ပြန်မောင်းလာခဲ့လိုက်သည်။
ရှားဝမ်ချွေ့၏ ဓာတ်ပုံကို ကြည့်နေရင်း လင်းဖန် ဒီလကို ဘယ်လို ကုန်ဆုံးရမလဲ မသိတော့ပါ။
ရှားဝမ်ချွေ့ သူ့အနားမှာ ရှိနေချိန်တုန်းက လင်းဖန်ဟာ သူမရဲ့ လက်ကို ဆုပ်ကိုင်နိုင်သေးသည် ၊ သူမကို ဖက်နိုင်သေးသည် ၊ နမ်းနိုင်သေးသည်။
အခုတော့ ရှားဝမ်ချွေ့က အလုပ်ကိစ္စ အတွက် နိုင်ငံခြား ထွက်သွားပြီမို့ လင်းဖန်က သူမရဲ့ ဓာတ်ပုံတွေကို ကြည့်ကာ တစ်လတိတိ တောင့်ခံထားဖို့ပဲ တတ်နိုင်တော့သည်။
အလုပ်ကနေ ရှားဝမ်ချွေ့ ပြန်လာတဲ့အခါ လင်းဖန် သူမနဲ့အတူ " ဘဝရဲ့ ပျော်ရွှင်မှု " ဒုတိယတွဲနဲ့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " တတိယတွဲကို ရိုက်ကူးနိုင်ပါလိမ့်မည်။
" ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ရဲ့ ဒုတိယတွဲ အတွက် ဇာတ်ညွှန်းကို လင်းဖန် ရေးထားပြီးသား ဖြစ်သည်။ သို့သော် ဒုတိယတွဲက ရုပ်သံဒရာမာတွေ အတွက် မသင့်တော်ဘဲ ဂိမ်း တစ်ခု အဖြစ် အစားထိုးပြောင်းလဲဖို့ အတွက်သာ သင့်တော်၏။
ဒါပေမဲ့ ဂိမ်းရဲ့ တိုးတက်မှု အချိန်ကတော့ အလွန် နှေးကွေးနေခဲ့သည်။ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ဂိမ်းကိုတောင်မှ အခုထိ မထုတ်လွှင့်ရသေးပါ ၊ " ဓားနှင့် နတ်သမီး ဒဏ္ဍာရီ ၂ " ဆိုရင်တော့ ထည့်ပြောမနေပါနဲ့တော့။
လင်းဖန်သည် တစ်နေ့လုံး ဇာတ်ညွှန်းများကို စိတ်ပါလက်ပါ ရေးနေခဲ့သည်။
ညဘက် ရောက်တော့ လင်းဖန် သူ့ဖုန်းကို ဖွင့်လိုက်သော်လည်း ရှားဝမ်ချွေ့၏ WeChat မက်ဆေ့ခ်ျတွေကို မတွေ့ရပေ။
လင်းဖန် ရေမိုးချိုးပြီး အိပ်ဖို့ ပြင်နေစဉ်မှာပဲ စနစ်ရဲ့ အသံ ထွက်ပေါ်လာသည်။
" ဒင်! ရှားဝမ်ချွေ့ကို ပိုးပန်းတဲ့ မစ်ရှင်ကို ပြီးမြောက်အောင်မြင်သွားတဲ့ အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ "
" မိန်းကလေး တစ်ယောက်ကြောင့် သခင်လေးရဲ့ ဘဝက ပြောင်းလဲသွားခဲ့ပါပြီ။ ဒါကြောင့် ဒီစနစ်လေးက ဘဝကို တွေ့ကြုံခံစားရတဲ့ စနစ်ကနေ ဘဝမှာ ပျော်ရွှင်စွာ နေထိုင်တဲ့ စနစ် အဖြစ် အလိုအလျောက် ပြောင်းလဲသွားပါပြီ။ "
" Sign-in လုပ်တဲ့ စည်းမျဉ်းတွေလည်း ပြောင်းလဲသွားပါပြီ။ နှစ်ပတ် တစ်ကြိမ် Sign-in လုပ်ဖို့ သခင်လေး ရွေးချယ်နိုင်ပါတယ်။ Sign-in လုပ်ပြီးတဲ့နောက် စနစ်က နှေးကွေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်က သခင်လေးကို ကောင်းတဲ့ ကိစ္စတွေပဲ အမြဲတမ်း ပေးမှာ ဆိုတာကို ငါ အတည်ပြုနိုင်ပါတယ် ၊ ပြီးတော့ သခင်လေး Sign-in လုပ်ပြီး ဓာတ်ဆားတွေ ပျော်ဝင်နေတဲ့ စမ်းရေနဲ့ ကိုကာကိုလာတွေ ရနိုင်မှာ မဟုတ်ပါဘူး။ "
" စနစ်က ချမှတ်ပေးတဲ့ မစ်ရှင်တိုင်းကို သခင်လေး ပြီးမြောက်အောင်မြင်နိုင်ရင် သခင်လေးရဲ့ ဘဝကလည်း သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။ "
" နောက်ထပ် မစ်ရှင် : ရှားဝမ်ချွေ့နဲ့ လက်ထပ်ပါ။ သခင်လေး ဒီမစ်ရှင်ကို ပြီးမြောက်တယ် ဆိုရင် စနစ်က နောက်ဆုံး အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ "
" Sign-in လုပ်ချင်ပါသလား သခင်လေး။ "
လင်းဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ " Sign-in "
" ဒင်! အောင်မြင်စွာ Sign-in လုပ်ပြီးပါပြီ။ ကြီးမြတ်တဲ့ လက်ဆောင်အိတ် တစ်လုံးကို သခင်လေး ရရှိသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။ "
" လက်ဆောင်အိတ် ဖွင့်ပြီးပါပြီ။ Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၁၃ % ကို ရရှိပြီး Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက် တရားဝင် ဖြစ်လာတဲ့ အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ "
" မှတ်ချက် : ဒါက အပြိုင်ကမ္ဘာ တစ်ခုပါ။ Bugatti ကော်ပိုရေးရှင်းက ဘီလီယမ် ဆယ်ချီတဲ့ ဈေးကွက်တန်ဖိုး ရှိပြီး ပြည်သူ့စတော့ရှယ်ယာ လဲလှယ်မှုလို ဈေးကွက်မျိုးမှာ ရှယ်ယာတွေကို ရောင်းချဝယ်ယူလို့ ရတဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။ လူ တစ်ယောက်က Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၁၃% ကို ပိုင်ဆိုင်ထားတယ် ဆိုရင် သူက နှစ်စဉ်နှစ်တိုင်း များပြားလှတဲ့ အစုပေါ်အမြတ်တွေကို ရရှိနိုင်မှာပါ။ "
" မှတ်ချက် : Bugatti ရှိနေတဲ့ နယ်ပယ်ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားမှုကြောင့် အကျိုးအမြတ်တွေကတော့ တခြား ဇိမ်ခံပစ္စည်းတွေကနေ ရတဲ့ အကျိုးအမြတ်တွေလောက် မများနိုင်လောက်ဘူး။ ဒါပေမဲ့ ဥရောပမှာ ဆိုရင်တော့ အဲ့ဒါက ဂုဏ်အရှိန်အဝါ တစ်မျိုးကို ကိုယ်စားပြုပါတယ်။ Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်နိုင်တဲ့ လူဆိုတာ လက်ချိုးရေလို့ ရတယ်။ "
…
သူ Bugatti ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင် တစ်ယောက် ဖြစ်သွားပြီ ဖြစ်ကြောင်း လင်းဖန် သိသွားချိန်မှာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
Bugatti က ကမ္ဘာပေါ်မှာ ထိပ်တန်း အမှတ်တံဆိပ် တစ်ခု ဖြစ်သည့်အပြင် ထိပ်တန်း ပြိုင်ကားများကို ထုတ်လုပ်ခဲ့ကာ ကမ္ဘာတစ်ဝှမ်း အလွန် ကျော်ကြားသော နာမည်ကောင်း တစ်ခုကို ပိုင်ဆိုင်ထားသည်။
ဒီကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာနိုင်တာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။
ကမ္ဘာ့ထိပ်တန်း ပြိုင်ကား ကုမ္ပဏီ တစ်ခု ဖြစ်သောကြောင့် Bugatti ကော်ပိုရေးရှင်းမှာ အားကောင်းသော အဖွဲ့ တစ်ဖွဲ့ ရှိပြီး ထူးချွန် ဒီဇိုင်နာတွေနဲ့ သုတေသနနှင့်တီထွင်မှု ကျွမ်းကျင်ပညာရှင်တွေ ရှိသည်။ သူတို့ရဲ့ လုပ်ငန်းတွေက တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်နေကာ နှစ်ပတ်လည် အကျိုးအမြတ်များသည်လည်း အလျှံအပယ် ဖြစ်နေအောင် များပြားလွန်းသည်။
လင်းဖန်၏ Bugatti La Voiture Noire ကြီးက လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက အက်ဆီးဒင့်ကြောင့် ထိခိုက်သွားခဲ့သည်။
လင်းဖန် အဲ့ဒါကို အခုထိ ပြန်မပြင်ရသေးပါ။
အံ့ဩစရာကောင်းစွာဖြင့် သူက မျက်စိတစ်မှတ်အတွင်းမှာပဲ Bugatti ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင်တွေထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် သူဟာ အနာဂတ်မှာ ပိုက်ဆံတွေ ဒလဟော ရှာနိုင်လိမ့်မည်။
လက်ရှိတွင် လင်းဖန်သည် ထိပ်တန်း ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွေ အနက် Chanel ၊ LV နဲ့ Bugatti ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာခဲ့ပါပြီ။
Bugatti ကော်ပိုရေးရှင်းထဲမှာ သူက တတိယ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက် ဆိုလျှင်တောင် အတော်လေး အလေးထားခံနေရဆဲပင်။
Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် နေရာကို အစားထိုးလိုက်သော သတင်းသည် ကုမ္ပဏီရဲ့ ရာထူးအကြီးပိုင်း စီနီယာတွေကြားထဲ ပြန့်သွားခဲ့သည်။
" ဘုရားရေ။ ငါတို့ ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်က တကယ်ကြီး အငြိမ်းစား ယူသွားပြီပဲ။ လူငယ်လေး တစ်ယောက်က ငါတို့ ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာပြီ။ သူ့နာမည်က လင်းဖန် ဆိုပါလား။ "
" ဘယ်လို။ ငါတို့ ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်က လင်းဖန်တဲ့လား။ အဲ့ဒီ နာမည်ကို ငါ သိတယ်။ သူက Bugatti ရဲ့ VIP တစ်ယောက်လေ။ အရင်တုန်းက ကုမ္ပဏီကနေ ဒီဇိုင်းဆွဲထားပြီး အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Bugatti La Voiture Noire ပြိုင်ကားက မစ်စတာဖန်ရဲ့ နာမည်အောက်မှာ ရှိနေခဲ့တာပေါ့။ "
" လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက ငါ သတင်းတွေ ဖတ်ခဲ့ရတယ်။ မစ်စတာလင်းဖန်က လူ တစ်ယောက်ကို ကယ်ရင်း ကားအက်ဆီးဒင့် ဖြစ်သွားခဲ့တယ်တဲ့။ Bugatti La Voiture Noire ကြီးလည်း စုတ်ပြတ်သွားတယ်ဆိုပဲ။ "
" မစ်စတာလင်းဖန်က ရက် အနည်းငယ် အတွင်းမှာပဲ ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး။ "
" ဟင့်အင်း။ နင် အခု သူ့ကို မစ်စတာလင်းဖန်လို့ ဆက်ခေါ်လို့ မရတော့ဘူး။ သူ့ကို ဘော့စ်လင်းလို့ နင် ခေါ်သင့်တယ်။ ဘော့စ်လင်းက အရမ်း ချမ်းသာတယ်။ လူ တစ်ယောက်က ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်လာချင်တယ် ဆိုရင် အင်အား တစ်ခုတည်း လိုအပ်တာ မဟုတ်ဘူး ၊ အတွေ့အကြုံနဲ့ ကျောထောက်နောက်ခံလည်း လိုတယ်။ လင်းဖန်ရဲ့ နောက်ခံက အဲ့လောက် မရိုးရှင်းဘူးလားလို့ ငါတော့ ကြောက်နေပြီ။ "
" ငါ လျို့ဝှက်ချက် တစ်ခုကို သိခဲ့ရပြီ။ ကုမ္ပဏီရဲ့ ထိပ်သီး အမှုဆောင်တွေပဲ ဒီအကြောင်းကို သိကြတာ။ အဲ့ဒါက … ဘော့စ်လင်းက ငါတို့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်တွေ တစ်ယောက်တင် မဟုတ်ဘူး ၊ Chanel နဲ့ LV ရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်နေသေးတယ်တဲ့။ "
" ဘုရားရေ။ ဘော့စ်လင်းက ဘယ်လိုလုပ် ဒီလောက်တောင် အံ့ဩစရာကောင်းနေရတာလဲ။ "
" ဘော့စ်လင်းက ဘာလို့ ငါတို့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာတယ်လို့ နင် ထင်လဲ။ ဘော့စ်လင်းက LV နဲ့ Chanel ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုကတည်းက အဲ့ဒါက ဘော့စ်လင်းရဲ့ ငွေကြေး အရင်းအမြစ်တွေနဲ့ နောက်ခံကို သွားလျှော့တွက်လို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဟိုတလောတုန်းက Bugatti La Voiture Noire ကြီး ထိခိုက်သွားလို့ သူက ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်လာခဲ့တာ။ ဘော့စ်လင်းက Bugatti ပြိုင်ကား အသစ် တစ်စီး လိုချင်နေတာ ဖြစ်လောက်တယ်။ "
" မြန်မြန် လုပ် ၊ ကုမ္ပဏီရဲ့ အကောင်းဆုံး ဒီဇိုင်နာကို ဖုန်းဆက်ပြီး ဘော့စ်လင်း အတွက် သီးသန့် ထုတ်ပေးမယ့် Bugatti ပြိုင်ကား တစ်စီးကို ဒီဇိုင်းဆွဲခိုင်းလိုက်။ "
" ပြီးတော့ ဘော့စ်လင်းကို ချက်ချင်း ဆက်သွယ်လိုက်ပါ။ ငါတို့ ကုမ္ပဏီက ဘော့စ်လင်း အတွက် တကယ့် ဇိမ်ခံပြိုင်ကား တစ်စီးကို သူ့စိတ်တိုင်းကျ အထူး ဖန်တီးပေးချင်တယ်။ "
လင်းဖန်သည် ချက်ချင်းပဲ Bugatti ကော်ပိုရေးရှင်း၏ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ ကုမ္ပဏီ တစ်ခုလုံး အံ့ထိတ်လန့်သွားခဲ့ကြရသည်။
လင်းဖန်ဟာ ပိုက်ဆံ ချမ်းသာသော သူဌေးကြီး တစ်ယောက် ဖြစ်ကြောင်း သူတို့ နားလည်သွားကြပြီး သူ့အနေအထားကိုလည်း သဘောပေါက်သွားကြသည်။
ထို့ကြောင့် Bugatti ကော်ပိုရေးရှင်းဟာ လင်းဖန်ကို လျစ်လျူရှုမှာ မဟုတ်ပါ။
လက်ရှိ အချိန်မှာ လင်းဖန်သည် Bugatti ကော်ပိုရေးရှင်းထဲတွင် အံ့မခန်း ထူးခြားသော ဂုဏ်အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။
သူတို့ လင်းဖန်ကို မဆက်သွယ်နိုင်သေးခင်မှာပဲ Bugatti ကော်ပိုရေးရှင်းက သူ့အတွက် အသစ်စက်စက် ပြိုင်ကား တစ်စီးကို ဒီဇိုင်းဆွဲပေးရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
သူတို့ရဲ့ အမြင်မှာတော့ လင်းဖန် အတွက် ပြိုင်ကား တစ်စီးကို ဒီဇိုင်းဆွဲပေးနိုင်တယ် ဆိုတာ ဂုဏ်ယူစရာကောင်းသည်။
လင်းဖန်က Bugatti ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်လာပြီးနောက် ထိပ်တန်း ဇိမ်ခံ အမှတ်တံဆိပ် နှစ်ခုရဲ့ ထိပ်သီး CEO များ ဖြစ်သော LV နဲ့ Chanel ၏ ဘော့စ်များသည် အတွင်းရေး အချက်အလက် တချို့ကို သိသွားခဲ့ကြသည်။ သူဌေးကြီး နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
" ဒါက တော်တော် လန့်စရာကောင်းတယ်နော် ဘော့စ်လင်း … "
" လခွမ်း ၊ သူက Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေကို ဘာမှ မဟုတ်သလို အလွယ်တကူ လွှဲပြောင်းယူလိုက်ပြီးတော့ ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်တောင် ဖြစ်လာပြီပဲ။ "
" ဘာလို့လဲတော့ မသိပေမဲ့ ဘော့စ်လင်းကို ငါ ကိုးကွယ်သင့်တယ်လို့ ရုတ်တရက်ကြီး ခံစားလာရတယ်။ ဘော့စ်လင်းရဲ့ ကောင်မလေး ရှားဝမ်ချွေ့က ဥရောပကို ရောက်လာပြီ။ ငါတို့ သူမကို အကောင်းဆုံး ဧည့်ဝတ်ပြုပေးရမယ်။ ဘော့စ်လင်းရဲ့ နောက်ခံကိုလည်း ရှားဝမ်ချွေ့ကို ငါတို့ အသိပေးလို့ မရဘူး။ အဲ့ဒါကို ဘော့စ်လင်း ကိုယ်တိုင် သေချာ ညွှန်းကြားထားတာ။ "
" ဒီကိစ္စကို ကုမ္ပဏီ တစ်ခုလုံး သေသေချာချာ လျို့ဝှက်ထားရမယ်။ ငါတို့ဘက်က မစ်စ်ရှားဝမ်ချွေ့ကို လေးလေးစားစား ဆက်ဆံပေးရမှာတင် မဟုတ်ဘူး ၊ ဘော့စ်လင်းရဲ့ လျို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းပေးထားရမယ်။ တခြား တစ်ဖက်မှာတော့ မစ်စစ်ရှားဝမ်ချွေ့ရဲ့ လုံခြုံရေးကို ငါတို့ ကုမ္ပဏီက ကာကွယ်ပေးရမယ်။ သူမက ဘော့စ်လင်းရဲ့ ကောင်မလေးလေ ၊ ပြီးတော့ ဘော့စ်လင်းရဲ့ အနာဂတ် အိမ်သူသက်ထားလေး ဖြစ်လာဦးမှာ။ "