လင်းဖန်ကို မီလီယမ် ရာချီတန်ဖိုးရှိတဲ့ ပြိုင်ကား တစ်စီး ပေးလိုက်တဲ့ Bugatti ရဲ့ ရိုးသားသော စိတ်ရင်း
Vol. 14 Ch. 198
Bugatti ကော်ပိုရေးရှင်း တစ်ခုလုံး ထိတ်လန့်သွားခဲ့ကြသည်။
Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်လာနိုင်ခဲ့သည့်အတွက် လင်းဖန်ဟာ အလွန် အထင်ကြီးစရာကောင်းသော ထူးကဲသာလွန် ဂုဏ်အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။
Bugatti ကော်ပိုရေးရှင်းရဲ့ အကြီးဆုံး ရှယ်ယာရှင်က ကုမ္ပဏီ အရေးကိစ္စတွေ အတွက် သိပ်အာရုံနောက်ခံစရာ မလိုပါ။ ကုမ္ပဏီရဲ့ အရေးကိစ္စ များစွာကို ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ကပဲ ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။
ကုမ္ပဏီကို အပေါ်ယံ အမြင်အားဖြင့် Bugatti ကော်ပိုရေးရှင်းရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် သူဌေးကြီးက ပိုင်ဆိုင်ထားတာ ဖြစ်သည်။
အခု လင်းဖန်က ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါပြီ။ အဲ့ဒါက လင်းဖန်ဟာ ကုမ္ပဏီရဲ့ ဒုဥက္ကဌနဲ့ ရာထူးချင်း တူညီသည် ဟူသော အဓိပ္ပာယ် ဖြစ်သည်။
Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်လာရန် အလွန့်အလွန် ခဲယဉ်းသည်။ ပိုက်ဆံ ရှိလျှင်တောင် ရှယ်ယာရှင် တစ်ယောက် ဖြစ်လာနိုင်ချေ သိပ်မရှိပေ။
Bugatti က ထိပ်တန်း ဇိမ်ခံ အမှတ်တံဆိပ် တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်မှာ Bugatti နဲ့ ပတ်သက်လို့ အရေးကြီးဆုံး အရာက သူ့အမှတ်တံဆိပ်ပင်။ အကျိုးအမြတ်ပိုင်းမှာတော့ သူက LV နဲ့ Chanel ကဲ့သို့ ဇိမ်ခံ အမှတ်တံဆိပ်တွေလောက် မများပါ။
လင်းဖန်က ကုမ္ပဏီရဲ့ ရှယ်ယာရှင် ဖြစ်လာပြီးနောက် ဒုဥက္ကဌ တစ်ယောက်လည်း ဖြစ်လာခဲ့သည်။
ထို့ပြင် လင်းဖန်သည် Bugatti ကော်ပိုရေးရှင်း၏ အရေးအပါဆုံး VIP ဖောက်သည် တစ်ယောက်ပါ။
Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေ အတွက် Sign-in လုပ်ပြီး သိပ်မကြာခင်မှာပဲ လင်းဖန်ရဲ့ ဖုန်းထဲသို့ ဖုန်းကောလ် တစ်ခု ဝင်လာခဲ့သည်။
" ဟယ်လို ဘော့စ်လင်း။ ကျွန်မက Bugatti ကော်ပိုရေးရှင်းက CEO ရဲ့ လက်ထောက်ပါရှင့်။ ကျွန်မ ရှင့်ကို ဆက်သွယ်ဖို့ ဖုန်းဆက်လိုက်တာပါ။ ရှင့်ရဲ့ Bugatti La Voiture Noire ပြိုင်ကားကို ကျွန်မတို့ဆီ ထားခဲ့ပေးနိုင်မလား။ ကုမ္ပဏီဘက်က ရှင့်အတွက် အဲ့ဒါကို အလကား ပြန်ပြင်ပေးချင်နေပါတယ်။ အဲ့ဒါက မူလပုံစံလောက်တော့ ပြည့်စုံမှာ မဟုတ်ပေမဲ့ အရည်အသွေးအကောင်းဆုံး ပြိုင်ကား တစ်စီး ဖြစ်နေတုန်းပါပဲရှင်။ " လက်ထောက်လေးက လေးလေးစားစား ပြောနေခဲ့သည်။
လင်းဖန် ခေါင်းညိတ်လိုက်သည်။ " အင်း ၊ ဟုတ်ပြီလေ။ ဒါဆို ကျွန်တော့်အိမ်ကို ကားလာယူဖို့ အချိန် ရွေးထားလိုက်ပါ။ ကျွန်တော် မင်းကို ခဏနေ လိပ်စာ ပို့ပေးလိုက်မယ်။ "
လက်ထောက် မိန်းကလေးက ဆက်ပြောနေသည်။ " ရှင်က ကျွန်မတို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ရာထူးနဲ့ တန်းတူပါ ဘော့စ်လင်း။ အဲ့ဒါကြောင့် ကျွန်မတို့ ကုမ္ပဏီရဲ့ CEO က ရှင်နဲ့ သီးသန့် တွေ့ချင်နေတယ်။ ရှင်က ကျွန်မတို့ ကုမ္ပဏီရဲ့ အရေးအပါဆုံး VIP ဖောက်သည် ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ အနာဂတ် တိုးတက်မှု အတွက် အလွန်ပဲ အဓိပ္ပာယ်ရှိပါတယ်။ "
လင်းဖန် ထိုစကားကို ကြားသောအခါ ပြုံးရုံသာ ပြုံးပြီး ပြန်ပြောလိုက်သည်။ " ကုမ္ပဏီ တစ်ခုလုံးရဲ့ တိုးတက်မှု အပိုင်းကိုရော ၊ Bugatti ရဲ့ အနာဂတ် ဈေးကွက်ကိုရော ကျွန်တော် စိတ်မဝင်စားဘူးဗျ။ ကုမ္ပဏီရဲ့ CEO က အဲ့ဒါကို ကောင်းကောင်း လုပ်နိုင်မယ်လို့ ကျွန်တော် ယုံပါတယ်။ CEO က ကျွန်တော့်ကို တွေ့ချင်တယ် ဆိုရင် ရှန်ဟိုင်းကို အချိန်မရွေး လာခဲ့ဖို့ သူ့ကို ကြိုဆိုပါတယ်။ "
လက်ထောက်လေးက ပြုံးရင်း ပြောလိုက်သည်။ " ရှင် ပြောချင်တဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်ပါပြီ ဘော့စ်လင်း။ ရှင်က ကျွန်မတို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ဆိုလည်း ဟုတ်တယ် ၊ VIP ဖောက်သည် ဆိုလည်း ဟုတ်တယ်။ ဘော့စ် ပြောတာတော့ ရှင်က ပြိုင်ကားတွေကို ကြိုက်တယ်တဲ့။ အဲ့ဒါကြောင့် ကုမ္ပဏီက ရှင့်တစ်ယောက်တည်း အတွက် သီးသန့် ထုတ်ပေးမယ့် ပြိုင်ကား တစ်စီးကို အထူးတလည် ဒီဇိုင်းဆွဲပေးဖို့ အတွက် အကောင်းဆုံး ဒီဇိုင်နာကို ငှားရမ်းချင်နေတယ်။ ရှင် လိုချင်တဲ့ အထူး လိုအပ်ချက်တွေ ၊ ဒီဇိုင်းတွေများ ရှိလား မသိဘူး။ အဲ့ဒါတွေကို ကျွန်မတို့ဆီ အသေးစိတ် ပို့ပေးနိုင်ပါတယ်။ "
လင်းဖန် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ " ပြိုင်ကားက တကယ့်ကို တော်တော်လေး ကောင်းတာပါ။ ကျွန်တော် အထူး လိုအပ်ချက်တွေ ၊ ဒီဇိုင်းတွေ မလိုပါဘူး။ ပြိုင်ကားရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ပဲ ကျွန်တော် လိုအပ်တယ်။ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကား ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် … အဲ့ဒါက တကယ်တမ်း အရေးမကြီးဘူး။ "
လင်းဖန်ရဲ့ အမြင်မှာတော့ ပြိုင်ကား တစ်စီးက ဘယ်လို အမျိုးအစားပဲ ဖြစ်နေပါစေ ၊ အဲ့ဒါက သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုစရာ ယာဉ် တစ်ခု ဆိုတာထက် မပိုပေ။ အများဆုံးမှ သူ အပြင်ထွက်မောင်းချိန်မှာသာ ထုတ်ကြွားနိုင်လိမ့်မည်။ ဒါပေမဲ့ လင်းဖန်က ကြွားဝါရတာကို စိတ်မဝင်စားပါ။
ကြွားဝါတယ် ဆိုတာ မနေ့တစ်နေ့ကမှ ချမ်းသာလာတဲ့ သူဌေးလက်သစ်တွေပဲ လုပ်တဲ့ အရာမျိုးပင်။ လင်းဖန်လို အနေအထားမှာ ရောက်နေသူများဟာ ထိုအရာမျိုးတွေကို မလုပ်ကြတော့ပါဘူး။
သို့သော်လည်း ထိပ်တန်း Bugatti ဒီဇိုင်နာ တစ်ယောက် ကိုယ်တိုင် ပြိုင်ကားကို ဒိဇိုင်းဆွဲပေးမည်ဟု ဆိုသောအခါ လင်းဖန် ငြင်းပယ်မှာ မဟုတ်ပေ။ အဲ့ဒါက သူ့အတွက် ဘာမှ အကျိုးယုတ်စေမှာ မဟုတ်။
လက်ထောက် မိန်းကလေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ " ကားပစ္စည်း အများစုက ထုတ်လုပ်ထားတာ ကုန်သွားလို့ ပြန်ထုတ်လုပ်ရမှာ ဆိုဝောာ့ ရှင့်ရဲ့ အရင် Bugatti La Voiture Noire ပြိုင်ကားအဟောင်းကို ပြန်ပြင်ဖို့ အချိန် အများကြီး ကြာလိမ့်မယ် ဘော့စ်လင်း။ ကုမ္ပဏီရဲ့ ဒီဇိုင်နာက ထိပ်တန်း Bugatti ပြိုင်ကား တစ်စီးကို အရင်တုန်းက ဒီဇိုင်းဆွဲထားတာ ရှိတယ်။ အဲ့ဒါကို အစတုန်းကတော့ နောက်ပိုင်းကျ ထုတ်လုပ်မယ့် ကားတွေ အတွက် ထုတ်လုပ်မှု အသေးစိတ် ပုံစံ အဖြစ် ဒီဇိုင်းဆွဲထားတာမို့လို့ ထုတ်လုပ်ဖို့ အစီအစဉ် မရှိခဲ့ဘူး။ အဲ့ဒီ ပြိုင်ကားက ရှင့်အတွက် အသင့်တော်ဆုံးပဲလို့ ကျွန်မ ထင်တယ်။ "
" အဲ့ပြိုင်ကားကို Bugatti Veyron Ettore Bugatti လို့ ခေါ်တယ်။ ယွမ် ၂၂၃ သန်း တန်ကြေး ရှိတယ်။ အဲ့ဒါက ကမ္ဘာပေါ်မှာ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ တစ်စီးတည်းသော ပြိုင်ကားပါ ၊ ကျွန်မ အဲ့ဒါကို ရှင့်အတွက် သီးသန့် ရောင်းပေးချင်တယ်။ ဒါပေမဲ့ ရှင်က ကုမ္ပဏီရဲ့ ရှယ်ယာရှင် ဖြစ်နေတော့ ကျွန်မ အဲ့ကားကို ရှင့်အတွက် အလကား ပေးလိုက်ပါ့မယ် ~ " ဟု လက်ထောက် မိန်းကလေးက အပြုံးလေးဖြင့် ပြောလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ထိုပြိုင်ကားကို လင်းဖန် အတွက် အထူး ဒီဇိုင်းဆွဲထားတာ ဖြစ်၏။
Bugatti Veyron Ettore Bugatti ကလည်း ကမ္ဘာ့ထိပ်တန်း ပြိုင်ကား တစ်စီး ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်သော ပြိုင်ကား အမျိုးအစားပင်။ အရင်တုန်းကတော့ အဲ့ဒါက နောက်ပိုင်း ထုတ်လုပ်မည့် ကားတွေ အတ်ွ အသေးစိတ်ပုံစံမို့ မရောင်းချခဲ့ပေ။ ယနေ့တော့ လင်းဖန် ပေါ်ပေါက်လာမှုကြောင့် Bugatti ကော်ပိုရေးရှင်းရဲ့ ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်များသည် ထိုကားကို လင်းဖန်ထံ တရားဝင် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
Bugatti ကော်ပိုရေးရှင်း၏ ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေကြားမှာ လင်းဖန်ဟာ ဘယ်လို ဂုဏ်အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတာပါလိမ့်ဟု အတွေးများနေခဲ့သည်။ သူ့မှာ ဒီ ၂၂၃ သန်းတန် ပြိုင်ကား အတွက် ပိုက်ဆံ မရှိဘဲ နေမတဲ့လား။
LV နဲ့ Chanel ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်သော လင်းဖန်ရဲ့ ပိုင်ဆိုင်မှုများကို ကိန်းဂဏာန်းတွေနှင့် တိုင်းတာလို့ မရပေ။
နိုင်ငံခြားမှာ ရှိတဲ့ လူတိုင်းရဲ့ အမြင်မှာ လင်းဖန်က လက်ရှိအချိန်တွင် အားကောင်းတဲ့ ကျောထောက်နောက်ခံ တစ်ခုကို ပိုင်ဆိုင်ထားသော သူဌေးကြီး တစ်ယောက် ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်နေပါပြီ။
လက်တွေ့မှာ လင်းဖန်က ဘယ်လိုလုပ် အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိနေရတာလဲ။
သူက ဘယ်လို ထောက်ခံချက်မျိုးကိုမှ လက်မခံခဲ့သလို ကြော်ငြာတွေလည်း မရိုက်ကူးခဲ့ပေ။ ရုပ်သံဒရာမာတွေ ရိုက်ကူးရာကနေ သူ ရှာခဲ့သော ငွေကြေးသည်လည်း သူ့လက်ထဲ ရောက်လာဖို့ အချိန် အနည်းငယ် လိုအပ်သည်။ တကယ်တော့ လင်းဖန်မှာ စုဆောင်းထားသော ပိုက်ဆံ ဆိုလို့ သန်း ၁၀၀ ဝန်းကျင်ပဲ ရှိသည်။
အဆုံးသတ်မှာတော့ လင်းဖန်က သူ့ဇနီးလောက် မချမ်းသာပါ။
စုံတွဲ တစ်တွဲဟာ လှုမှုအဆင့်အတန်းအရ ကိုက်ညီနေဖို့ လိုသည်ဟု ဆိုရိုးစကားရှိသည်။ အခု လင်းဖန်မှာ စနစ် ရှိနေပြီ ဆိုလျှင်တောင်မှ သူ့ဇနီးနဲ့ သူ မယှဉ်နိုင်သေးပေ။
လင်းဖန် ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ။ ဒါဆို ကျွန်တော် ဒီနေရာကနေ ကုမ္ပဏီ တစ်ခုလုံးကို ကျေးဇူးတင်ပါတယ်။ "
လက်ထောက် မိန်းကလေးက ပိုလို့ ချိုမြိန်စွာ ပြုံးလိုက်သည်။ " ရှင့်ကို Bugatti ရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက် အဖြစ် လက်ခံရတာ ကျွန်မတို့ ကုမ္ပဏီ တစ်ခုလုံး အတွက် ဝမ်းသာဂုဏ်ယူစရာပါပဲ ဘော့စ်လင်း။ ရှင့်အတွက် သီးသန့် ပြိုင်ကား တစ်ကား တစ်စီးကို ဒီဇိုင်းဆွဲပေးခွင့်ရတာကလည်း ဂုဏ်ယူစရာပါပဲ။ အဲ့ဒါအပြင် ကုမ္ပဏီရဲ့ ထိပ်တန်း ဒီဇိုင်နာ တစ်ယောက်ကလည်း ရှင့်အတွက် တခြား အရည်အသွေးအကောင်းဆုံး ပြိုင်ကား တစ်စီးကို ဒီဇိုင်းဆွဲပေးပါလိမ့်မယ် ၊ ဒါပေမဲ့ အဲ့ဒီဇိုင်းကို ရှင့်ဆီ တကယ် မပို့နိုင်သေးခင် တစ်နှစ် ၊ နှစ်နှစ်တော့ အချိန် ကြာကောင်း ကြာနိုင်တယ်။ "
လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။ Bugatti ကော်ပိုရေးရှင်းရဲ့ သူ့အပေါ် သဘောထားက အသေအချာပင် အလွန် ဖော်ရွေပါသည်။
ပထမဆုံး အနေနဲ့ သူတို့က သူ့အတွက် ကမ္ဘာကျော် ပြိုင်ကား တစ်စီးကို ပေးခဲ့သည်။ ထို့နောက် သူတို့က သူ့အတွက် သီးသန့် ဒီဇိုင်း တစ်ခုကို ဒီဇိုင်းဆွဲပေးလိမ့်ဦးမည်။ ဒါပေမဲ့ အဲ့ဒါက အချိန် တစ်ခု ကြာတော့ ကြာပါဦးမည်။
လက်ထောက်လေးက ဆက်ပြောနေသည်။ " Bugatti Veyron Ettore Bugatti ကို အခုထိ မဖြန့်ဖြူးသေးဘူး ဆိုတော့ ရှင် ပဲရစ်ကို လူ ကိုယ်တိုင် လာပြီး ကုမ္ပဏီရဲ့ ကုန်ပစ္စည်းသစ် ဖြန့်ချီမိတ်ဆက်ပွဲ အခမ်းအနားမှာ ပါဝင်ပေးဖို့ လိုတယ်။ မိတ်ဆက်ဖြန့်ချီပွဲ လုပ်ထားတဲ့ ကားတွေကိုပဲ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေက အသိအမှတ်ပြုကြမှာ။ ဒါက မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ် တစ်ခုပါ။ ကျေးဇူးပြုပြီး နားလည်ပေးပါရှင်။ "
လက်ထောက် မိန်းကလေး ပြောချင်တဲ့ အဓိပ္ပာယ်ကို လင်းဖန် နားလည်လိုက်သည်။
အရိုးရှင်းဆုံး ဥပမာ ပေးရလျှင် Apple က iPhone 12 ကို ကုမ္ပဏီဘက်ကနေ ထုတ်လုပ်ပြီးနေပြီ ဖြစ်သည်။ အကယ်၍ မင်းက ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို မသွားဘဲ iPhone 12 ကို အစောကြိး ရရှိထားရင် အဲ့ဒါကို ဈေးကွက်က အသိအမှတ်ပြုမှာတဲ့လား။
ထိုအချိန်မှာ လူတွေက မင်းကို အသိအမှတ်မပြုရုံသာမက ပစ္စည်း အတုတွေကို ဝယ်ယူခဲ့သောကြောင့် ဝိုင်းလှောင်ကြလိမ့်မည်။
ထို့ကြောင့် ဖုန်းရော ၊ ပြိုင်ကားရော နှစ်ခုလုံး အတွက် အဲ့ဒီ ပွဲတွေကို ကျင်းပပေးဖို့ လိုသည်။
ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ ကျင်းပလိုက်လျှင် ထိုပြိုင်ကားရဲ့ ကျော်ကြားမှုဟာ အမှန်တကယ် မြင့်တက်လာလိမ့်မည်။
ထို့အပြင် ကိစ္စ များစွာသည် ကြားထဲမှာ အဆင့်ဆင့် လုပ်စရာ လုပ်ငန်းစဉ် တစ်ရပ်တော့ လိုအပ်သည်။
Bugatti ကော်ပိုရေးရှင်းသည် သူတို့ ဒီကားကို လင်းဖန်ကို ပေးချင်လျှင်တောင် နောက်ထပ် တစ်စက္ကန့် အကြာ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့ဆီ ပို့ပေးလို့ မရကြောင်း ပြောပြခဲ့သည်။
လင်းဖန် ခေါင်းညိတ်လိုက်သည်။ " ဟုတ်ပြီ။ ကျွန်တော့်ကို အသေးစိတ် အချက်အလက်တွေ ပို့ပေးထားလိုက်ပါ။ ကျွန်တော် လုပ်စရာ ရှိတာတွေ လုပ်ပြီးတာနဲ့ ပဲရစ်ကို လာမယ့် လေယာဉ်လက်မှတ်ကို ဘိုကင် တင်လိုက်ပါ့မယ်။ "
လက်ထောက် မိန်းကလေးက ပြုံးရင်း ပြန်ပြောသည်။ " ဟုတ်ကဲ့ ၊ ရှင် ပဲရစ်ကို ရောက်လာမယ့် အချိန်ကို ကျွန်မ စောင့်မျှော်နေပါ့မယ်။ ကုမ္ပဏီက ရှင့်ကို လာကြိုဖို့ လူ တစ်ယောက် လွှတ်ထားလိုက်ပါ့မယ်။ ပြီးတော့ ကျွန်မ ရှင့်ကို နည်းနည်း အကြံပေးမယ်နော်။ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက ထိပ်သီး သူဌေးကြီးတွေရဲ့ ကြီးကျယ်တဲ့ ဧည့်ခံပွဲကြီး တစ်ခုနဲ့ မကွာဘူး ဆိုတော့ အမျိုးသမီးအဖော် လှလှလေး တစ်ယောက် ခေါ်လာခဲ့ဖို့ ကျွန်မ ရှင့်ကို အကြံပေးပါတယ် ~ "
အဲ့ဒါက ဥရောပရဲ့ ထုံးစံ ဖြစ်သည်။ များသောအားဖြင့် အမျိုးသားတွေက ဧည့်ခံပွဲတွေမှာ သူတို့နဲ့အတူ ရှိနေပေးရန် လှပသော အမျိုးသမီးအဖော် တစ်ယောက်ကို ခေါ်လာလေ့ရှိသည်။ ဒီလို ဧည့်ခံပွဲကြီးတွေမှာ သူတို့က တစ်ခါတရံ ဝိုင်နီ သောက်ပြီး ကတတ်ကြသည်။ ဥရောပမှာ ရှိတဲ့ ဒီဓလေ့ထုံးတမ်းတွေက အတော်လေး သဘောကျစရာကောင်းပါသည်။
လင်းဖန် ခေါင်းညိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက အချိန် ကြာမှာ ဖြစ်သည်။ အမျိုးသမီးအဖော် တစ်ယောက် ရှိနေတာ မျက်စိပသာဒဖြစ်ရုံသာမက အရေးအကြီးဆုံးကတော့ သူ့အရှေ့မှာ လှပတဲ့ မိန်းကလေး တစ်ယောက် ရှိနေရင် အရမ်း ပျင်းစရာကောင်းမှာ မဟုတ်ပါ။ တစ်ခါတလေ စကားစမြည် ပြောရတာလည်း မဆိုးပါဘူး။
တစ်ခါတရံ သီချင်းရဲ့ စည်းချက်အတိုင်း သူ ကနေလို့တောင် ရသည်။
တစ်ဖက် ကုမ္ပဏီ၏ သူဌေးကြီးနဲ့ သူ ဆုံသောအခါ သူ့ဘေးမှာ လှပသော ကောင်မလေး တစ်ယောက် ရှိနေမည့် အဖြစ်ကလည်း အလွန် စိတ်ချမ်းသာစရာကောင်းသည်။
ဒီအခြေခံသဘောတရားတွေကို လင်းဖန် နားလည်ပါသည်။
ရှားဝမ်ချွေ့က ဥရောပမှာ အလုပ် လုပ်နေပြီး ထောက်ခံကြေညာချက် တချို့ကို ရိုက်ကူးနေဆဲ ဖြစ်သည်။ သူမ သေချာပေါက် မလာနိုင်ပါ။
ဒါဆို … သူ ဘယ်နေရာကနေ လှပတဲ့ အမျိုးသမီးအဖော် တစ်ယောက်ကို သွားရှာရမလဲ။
သူ ရှာတွေ့သွားလျှင်တောင် သူ့ဇနီးလေးက သဘောတူမှာ မဟုတ်ပါ။