← Chapters

ငါ့မှာ စုထားတဲ့ပိုက်ဆံရယ်လို့ သိပ်မရှိဘူး၊ သန်း ၁၀၀ပဲ ရှိတာပါ

Vol. 14 Ch. 199

ငါ့မှာ စုထားတဲ့ပိုက်ဆံရယ်လို့ သိပ်မရှိဘူး၊ သန်း ၁၀၀ပဲ ရှိတာပါ

Vol. 14 Ch. 199

အသေးစိတ် လုပ်ငန်းတွေကို လက်ခံရရှိပြီးနောက် လင်းဖန်သည် လေယာဉ်လက်မှတ်များကို ဝယ်ယူပြီးခဲ့ပြီ ဖြစ်သည်။

မနက်ဖြန် သူ ပဲရစ်သို့ တရားဝင် သွားရတော့မည်။

သို့သော် အမျိုးသမီးအဖော် တစ်ယောက် ရှာရတဲ့ ပြဿနာကတော့ ဖြေရှင်းရန် မလွယ်ကူပေ။

အဓိက,ကဝောာ့ လင်းဖန်သည် ရှားဝမ်ချွေ့ကို သဝန်မတိုစေချင်ပါ။

အဲ့ဒါက ချစ်သူရည်းစား ဆက်ဆံရေးမှာ ယောက်ျားလေးဘက်က မဖြစ်မနေ ထားရှိရမည့် စိတ်ထားပင်။

ထို့ကြောင့် လင်းဖန်က အမြဲတမ်း တခြား မိန်းကလေးတွေနဲ့ ခပ်ခွာခွာ နေခဲ့သည်။

သူ့မှာ ကောင်မလေး ရှိနေပြီးသားမို့ ရှားဝမ်ချွေ့ကို သူနဲ့အတူ ခေါ်သွားဖို့ သဘာဝကျစွာပင် အသင့်တော်ဆုံး ဖြစ်သည်။

ဒါပေမဲ့ ရှားဝမ်ချွေ့ကတော့ အလွန် အလုပ်ရှုပ်နေကာ လင်းဖန်မှာ ရွေးချယ်စရာ မရှိပေ။

ညရောက်တော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အချင်းချင်း ဗီဒီယိုကောလ် ပြောဖြစ်ကြသည်။

ဗီဒီယိုကောလ်ကို ဖွင့်လိုက်သည်နှင့် လင်းဖန်၏ ဖုန်းမျက်နှာပြင်ပေါ်မှာ လှပသော ကောင်မလေး ပေါ်လာခဲ့သည်။

ရှားဝမ်ချွေ့ကို မြင်လျှင် သူမရဲ့ ဆွဲဆောင်မှုအောက် လင်းဖန် ကျရှုံးသွားရသည်။

ရှားဝမ်ချွေ့က ဘယ်လိုလုပ် အရမ်း လှနေနိုင်ရတာလဲ။

အကယ်၍ သူသာ သူမကို ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲသို့ ခေါ်သွားလျှင် အဲ့ဒီမှာ ရှိနေသော အမျိုးသမီးတွေ အကုန်လုံး သူမ တစ်ယောက်တည်းရဲ့ အလှအောက်မှာ အပြတ်အသတ် မှေးမှိန်သွားလိမ့်မည်။

[ ရှားဝမ်ချွေ့ : " မြောင် မြောင် " ]

လင်းဖန် : ကိစ္စမရှိဘူး။ ကိုယ့်ဇနီးလေးက သိပ်လှတာပဲ။ ကိုယ် မင်းကို ဒီတိုင်းလေးပဲ ဆက်ကြည့်နေချင်တယ်။

[ ရှားဝမ်ချွေ့ : " ငါ နင်နဲ့ မတွေ့ရသေးတာ တစ်ရက်ပဲ ရှိသေးတာကို နင်က အများကြီး စကားပြောကောင်းလာတာလား။ ]

လင်းဖန် : " မင်း အလုပ်ရှုပ်နေတာလား။ မင်း ပင်ပန်းနေလား။ "

[ ရှားဝမ်ချွေ့ : " ငါ အဆင်ပြေနေပါတယ်။ မနက်ကျ ထောက်ခံချက် ကြော်ငြာ တစ်ခုကို ငါ သွားရိုက်ကူးရတော့မှာ။ ငါ့အချိန်ဇယားက ယားလို့တောင် မကုတ်အားဘူး။ ငါ နင့်ကို ဗီဒီယိုကောလ် ခေါ်ဖို့ မနက်ဖြန် အချိန် အရမ်း မရလောက်ဘူး။ " ]

လင်းဖန် : " မဖြစ်ဘူး။ မင်း အရင်ဆုံး ကောင်းကောင်း အနားယူရမယ်။ မင်းရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ။ မဟုတ်ရင် ကိုယ် ကုမ္ပဏီ ၂ ခုနဲ့ စကားပြောလိုက်မယ်။ မင်းကို ပင်ပင်ပန်းပန်း အလုပ် လုပ်ခွင့် မပြုနိုင်ဘူး။ "

[ ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးကာ လင်းဖန်ကို ကြည့်လိုက်သည်။ " သူတို့က ထိပ်သီး ကုမ္ပဏီကြီး ၂ ခုနော်။ နင်က အဲ့ဒီ ကုမ္ပဏီ ၂ ခုရဲ့ သူဌေးကြီးမို့လို့လား။ ]

လင်းဖန်က သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ " ဟုတ်တယ် ၊ ကိုယ်က LV နဲ့ Chanel နဲ့ သူဌေးကြီးပဲ။ "

[ ရှားဝမ်ချွေ့ : " ဝက် တစ်ကောင်ပဲ နင့်စကားကို ယုံလိမ့်မယ် ~ နင် ငါ့ကို လွမ်းလား။ " ]

လင်းဖန် : " ကိုယ် မင်းကို ဘယ်လိုလုပ် လွမ်းနိုင်မှာလဲ။ ဝက် တစ်ကောင်ပဲ မင်းကို လွမ်းလိမ့်မယ်။ "

[ ရှားဝမ်ချွေ့ : " ဒါပေမဲ့ … ငါကတော့ နင့်ကို လွမ်းတယ်။ " ]

လင်းဖန် : " အဲ့လို မပြောပါနဲ့ ဇနီးလေးရယ်။ ကိုယ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ကိုယ် ခဏနေရင် ဘယ်လို အိပ်ရတော့မှာလဲ။ "

[ ရှားဝမ်ချွေ့ : နင့်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဆက်ပြီး ခံနိုင်ရည် မရှိတော့တာလဲ။ ]

လင်းဖန် : " မင်း ဘယ်လို ထင်လို့လဲ။ "

[ ရှားဝမ်ချွေ့သည် အနည်းငယ် ရှက်ရွံ့သွားကာ ခေါင်းငုံ့လိုက်၏။ " ဒါဆို နင် ဟိုဓာတ်ပုံတွေကို ကြည့်လို့ ရတယ်လေ ~ "

လင်းဖန် : " ကိုယ် မင်းကို ပြောစရာ ရှိတယ် ဇနီး။ ကိုယ် မနက်ဖြန် ပဲရစ်ကို လေယာဉ်နဲ့ သွားတော့မှာ။ Bugatti ကော်ပိုရေးရှင်းရဲ့ ငှာနချုပ်မှာ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ ရှိတယ် ၊ သူတို့က ကိုယ့်ကိုလည်း အဲ့ပွဲကို တက်ရောက်ပေးဖို့ ဖိတ်ကြားထားတယ်။ သူတို့က ကိုယ့်အတွက် ပြိုင်ကား အသစ် တစ်စီးကို ဒီဇိုင်းဆွဲထားတယ်လေ ၊ ဒါပေမဲ့ ဥရောပစတိုင် ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲတွေက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ မင်း သိတယ်မို့လား … "

[ ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်သည်။ " နင် အမျိုးသမီးအဖော် တစ်ယောက် ခေါ်သွားချင်လို့လား။ အဲ့ဒါကြောင့် ငါ သဝန်တိုပြီး စိတ်ဆိုသွားမှာ စိုးရိမ်လို့ ငါ့ကို လာမေးနေတာလား။ " ]

လင်းဖန် : " မင်း အဲ့ဒါကို သိတယ်လား။ "

[ ရှားဝမ်ချွေ့ရဲ့ အသံကလည်း နူးညံ့သွားခဲ့သည်။ " ငါ တောင်းပန်ပါတယ် ၊ ငါ နင်နဲ့ လိုက်ပေးလို့ မရဘူး။ နင်နဲ့အတူ လိုက်ပေးမယ့် မိန်းကလေးကို နင့်စိတ်ကြိုက် ရှာနိုင်ပါတယ်။ ငါ သဝန်လည်း မတိုသလို စိတ်လည်း မဆိုးဘူး ၊ နင့်ဇနီးက … အဲ့လို သဘောထား သေးသိမ်တဲ့ လူမျိုး မဟုတ်ပါဘူး။ " ]

ထိုစကားကို ကြားပြီးနောက် လင်းဖန်၏ နှလုံးသားလေး အရည်ပျော်ကျလုနီးပါး ဖြစ်သွားသည်။ ရှားဝမ်ချွေ့က သူမကိုယ်သူမ သူ့ဇနီးလို့ ခေါ်နေခဲ့ပါပြီ။

ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဒီလို ချစ်စရာ ဇနီးလေးကို သူ ရှာနိုင်မှာလဲ။

သူမက လင်းဖန်ကို ယုံကြည်သည်။ ပွဲကို ခေါ်သွားရန် ဘယ်မိန်းကလေးကိုပဲ လင်းဖန် ရွေးချယ်ပါစေ ၊ သူမ စိတ်ဆိုးမှာ မဟုတ်ပေ။

ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ဒီလို ကိစ္စမျိုးနဲ့ ရင်ဆိုင်ရသောအခါ သူတိုရဲ့ ပထမဆုံး တုံ့ပြန်မှုက သူတို့ ကောင်လေးတွေအား တခြား မိန်းကလေးတွေကို ဧည့်ခံပွဲသို့ ခေါ်သွားခွင့် မပြုတာ ဖြစ်သည်။

သို့သော် ရှားဝမ်ချွေ့ကတော့ ကွဲပြားသည်။ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက တောင်းပန်တာ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ လင်းဖန်၏ အမျိုးသမီးအဖော် ဖြစ်လာရန် အသင့်တော်ဆုံး လူပင်။

[ ရှားဝမ်ချွေ့က ဆက်ပြောနေခဲ့သည်။ " ပဲရစ်မှာ အလှပဂေးလေးတွေ အများကြီး ရှိတယ်လို့ ငါ ကြားထားတယ်။ ပြိုင်ကား မိတ်ဆက်ဖြန့်ချီပွဲတွေကိုလည်း ငါ အရင်တုန်းက ကြည့်ဖူးတယ်။ လှတဲ့ အမျိုးသမီးတွေ အများကြီး ရှိတော့ နင်လည်း လှတဲ့ အမျိုးသမီးအဖော် တစ်ယောက်ကိုပဲ ခေါ်သွားရမယ်။ အဲ့ဒါဆို နင်လည်း ထင်းထွက်နေလိမ့်မယ်။ ရှောင်းယွီကို နင်နဲ့အတူ လိုက်ခိုင်းလိုက်ပါ။ ငါ ရှောင်းယွီကို ခဏနေ ဖုန်းဆက်လိုက်မယ် ~ " ]

ထိုစကားကို ကြားတော့ လင်းဖန် ခေါင်းညိတ်လိုက်သည်။ စုရှောင်းယွီက တကယ့်ကို အသင့်တော်ဆုံး ပွဲတက်ဖော် တစ်ယောက်ပါပဲ။

သူမက ခွေးလေး တစ်ကောင် ဖြစ်ကာ အစားအသောက်မက်သူ တစ်ယောက် ဆိုလည်း မမှားပေ။ ထို့ပြင် သူမမှာ လောလောဆယ် အလုပ် လက်ခံထားတာ မရှိသလို ထောက်ခံချက် ကြော်ငြာတွေလည်း ရိုက်စရာ မရှိပေ။ သူမက သေချာ ကျကျနန ဝတ်ဆင်ထားလျှင် အကြည့်မလွှဲချင်စရာ လှပသော မိန်းမလှလေး တစ်ယောက် ဖြစ်သွားလိမ့်မည်။

အရေးကြီးဆုံး အရာကတော့ လင်းဖန်နဲ့ စုရှောင်းယွီက တစ်ယောက်နဲ့ တစ်ယောက် အလွန် ရင်းနှီးနေပြီးသား ဖြစ်နေတာပါ။ ခွေးလေးကို အတူ ခေါ်သွားရတာ ကောင်းသည်။

[ ရှားဝမ်ချွေ့က ပြုံးရင်း ပြောလိုက်သည်။ " ဒါဆို ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီနော်။ ပဲရစ်က နည်းနည်း အေးတယ်။ အဝတ်တွေ ထူထူ ဝတ်သွားဖို့ မမေ့နဲ့။ ]

လင်းဖန် : " အင်း ၊ ဟုတ်ပါပြီ။ ကိုယ်သာ စောစောစီးစီး သိခဲ့ရင် ဒီထောက်ခံချက် နှစ်ခုကို မင်း အတွက် ကူရှာမပေးခဲ့ပါဘူး။ ကိုယ် မင်းကို နောက်လ အထိ မြင်နိုင်မှာ မဟုတ်ဘူး။ "

[ ရှားဝမ်ချွေ့ : " ငါ ပြန်လာရင် နင့်ကို ဆုချမယ် ~ " ]

[ ရှားဝမ်ချွေ့ : " ငါ ချလိုက်တော့မယ်နော်။ မွ ~ " ]

ရှားဝမ်ချွေ့က ချစ်စရာကောင်းသော လက်ဟန် အမူအရာလေး လုပ်ပြပြီနောက် ဗီဒီယိုကောလ်ကို ချပစ်လိုက်တော့သည်။

လင်းဖန် တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။

တစ်လအကြာတွင် ရှားဝမ်ချွေ့ အလုပ်ကနေ ပြန်လာသောအခါ သူ့ကို ဆုချလိမ့်မည်။

သူ အဲ့ဒါကို ဆက်ပြီး တောင့်မခံနိုင်တော့ပါ။ သူ တကယ် ဆက်သည်းမခံနိုင်တော့ပါဘူး။

ထို့ကြောင့် လင်းဖန်သည် သူ့ကို ရှားဝမ်ချွေ့ ပို့ပေးထားသော ဓာတ်ပုံများကို ကြည့်လိုက်သည်။

ရေချိုးဝတ်ရုံ ဝတ်ထားသော ရှားဝမ်ချွေ့၏ ဓာတ်ပုံလေး တစ်ပုံ ရှိသည်။ သူမမှာ ရှည်လျားသွယ်လျတဲ့ ခြေတံတွေ ၊ နှင်းကဲ့သို့ ဖြူအုနေတဲ့ ပခုံးသားလေးတွေနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဟန် ရှိသည်။

သူ့အတွက် စိတ်ကို သည်းခံထိန်းချုပ်ရန် ခက်ခဲလာသည်ဟု လင်းဖန် ခံစားလိုက်ရသည်။

ရေသွားချိုးပြီးချိန်မှာဝောာ့ သူ အနည်းငယ် သက်သာရာရသွားသလို ထင်ရသည်။

နူးညံ့သော အိပ်ရာပေါ်မှာ လဲလျောင်းရင်း လင်းဖန် သူ့ဖုန်းကို ဖွင့်လိုက်သည်။

စုရှောင်းယွီထံမှ ၁၀ စောင်ထက် မနည်းသော မက်ဆေ့ခ်ျတွေကို သူ လက်ခံရရှိထားခဲ့သည်။

စုရှောင်းယွီ : " ဆရာ ~~~ ငါ နင်နဲ့ မနက်ဖြန်ကျ ပဲရစ်ကို လိုက်ခဲ့ပေးပါ့မယ်။ အစ်မဝမ်ချွေ့ဆီက ငါ သတင်းရထားတယ်။ ဒီခွေးလေးက စစ်မြေပြင်ကို လိုက်ပြီး ဆရာ့အတွက် ဆရာ့ရဲ့ အင်အားကို ကူညီတည်ထောင်ပေးပါ့မယ်။ "

စုရှောင်းယွီ : " ဆရာ ဘယ်မှာလဲ။ ဆရာ ဘယ်မှာလဲ။ "

စုရှောင်းယွီ : " ခွေး ပုံသဏ္ဍာန် အီမိုဂျီလေးဖြင့် .jpg "

….

လင်းဖန် : " ငါ အခုလေးတင် ရေချိုးပြီးတာ။ "

စုရှောင်းယွီ : " အိုး ၊ ဆရာ အခုလေးတင် ရေချိုးပြီးတာလား။ အစ်မဝမ်ချွေ့ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သည်းမခံနိုင်တော့လို့ ရေသွားချိုးတာ ဖြစ်နိုင်မလား။ "

လင်းဖန် : " တော်စမ်းပါ။ ကလေးတွေ ဆိုတာ အရမ်း အများကြီး သိစရာ မလိုဘူး။ "

စုရှောင်းယွီ : " ငါ ကလေး မဟုတ်တော့ဘူး။ ငါ့ရင်ဘတ်ကလည်း ကြီးတယ်။ "

လင်းဖန် : " ပစ္စည်းတွေကို သေသေချာချာ ထုပ်ပိုးထားဦး။ မနက်ဖြန် မနက်ကျ ပဲရစ်ကို သွားဖို့ အဆင်သင့် ပြင်ထားပါ။ "

စုရှောင်းယွီ : " လက်မှတ်တွေရော ဝယ်ပြီးပြီလား ဆရာ။ "

လင်းဖန် : " ငါ လက်မှတ်တွေကို ခဏနေရင် ငွေပြန်အမ်းလိုက်တော့မလို့။ ချမ့်ဝေကိုပဲ လက်မှတ်တွေ ဝယ်ခိုင်းလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူမက ငါ့မန်နေဂျာပဲလေ။ ငါတို့ သူမနဲ့ အတူတူ သွားရင် ပိုကောင်းလိမ့်မယ်။

စုရှောင်းယွီ : " ဟုတ်ကဲ့ ~ ကောင်းသော ညပါ ဆရာ။ "

…

ထို့နောက် လင်းဖန်သည် လင်းချမ့်ဝေကို မက်ဆေ့ခ်ျ လှမ်းပို့လိုက်သည်။

လင်းဖန် : " !!! "

လင်းချမ့်ဝေ : " ကျွန်မ ရှိပါတယ်။ ဘာကိစ္စ ရှိလို့လဲရှင့်။ "

လင်းဖန် : " မနက်ဖြန် ပဲရစ်ကို သွားမယ့် လေယာဉ် အတွက် ငါ့ကို လက်မှတ်တွေ ကူဝယ်ပေးပါ။ မင်း အတွက်နဲ့ စုရှောင်းယွီ အတွက် လက်မှတ်တွေ ဝယ်ထားလိုက်နော်။ ငါ မင်းကို အသေးစိတ် အချက်အလက်တွေ ပို့ပေးပြီးထားပြီ။ ထိုင်ခုံတွေ အကုန်လုံး အထက်တန်း ထိုင်ခုံတွေပဲ ဖြစ်သင့်တယ်။ လက်မှတ်ဖိုးတွေကိုလည်း ငါ မင်းဆီ လွှဲထားတယ်။ "

လင်းချမ့်ဝေ : " ဒါပေမဲ့ … ယွမ် ၅၀၀၀၀၀ ကို ဘာလို့ ကျွန်မဆီ လွှဲလိုက်တာလဲ။ "

လင်းဖန် : " ငါတို့ ပဲရစ်ကို မနက်ဖြန် လေယာဉ်နဲ့ သွားရမှာလေ။ သဘက်ခါကျ Bugatti ကား အသစ်ရဲ့ မိတ်ဆက်ဖြန့်ချီပွဲကို ငါတို့ တက်ရောက်ရမှာ။ အဲ့ဒါကြောင့် မင်း ဝတ်ဖို့ အဝတ်အစား ကောင်းကောင်းလေး နည်းနည်းပါးပါး ဝယ်ထားရမယ်။ အချိန် အများကြီး မကျန်လောက်တော့ဘူး။ မင်း ဒီညပဲ ဝယ်မှ ရမယ်။ ငါ အများကြီး မပြောတော့ဘူး။ ငါ့မန်နေဂျာက အရမ်း လှပါတယ်။ တခြား လူတွေကို မင်း ရှုံးမှာ မဟုတ်ဘူး။ "

လင်းချမ့်ဝေ : " ဝါး … Bugatti ကား အသစ် တစ်စီးရဲ့ မိတ်ဆက်ဖြန့်ချီပွဲကို ကျွန်မတို့ သွားရမှာလား။ အဲ့ပွဲက ဧည့်ခံပွဲ အကြီးကြီး တစ်ပွဲနဲ့ အတူတူပဲ။ ကျွန်မ မစ်ရှင်ကို သေချာပေါက် ကောင်းကောင်း ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ် အစ်ကိုဖန်။ အဝတ်အစားတွေ ဝယ်ပြီးသွားရင် ပိုတဲ့ ငွေကို အစ်ကိုဖန့်ဆီ ကျွန်မ ပြန်လွှဲလိုက်ပါ့မယ်။ "

လင်းဖန် : " မလိုပါဘူး။ ပိုတဲ့ ပိုက်ဆံက မင်းရဲ့ ဘောနပ်စ်ပဲ။ ဘာလို့လဲလို့ မမေးနဲ့။ ငါ့မှာ ပိုက်ဆံ ပေါပါတယ်။ "

လင်းဖန်မှာ သန်းရာချီ တန်ဖိုးရှိသော ပိုင်ဆိုင်မှုတွေ ရှိသည်။

ရင်းနှီးမြုပ်နှံမှု မလုပ်ဘဲ သူ့ရဲ့ ငွေရေးကြေးရေး ကိစ္စတွေကို စီမံခန့်ခွဲရန် အတွက် ပိုက်ဆံတွေကို ဘဏ်ထဲမှာပဲ ဒီတိုင်းလေး အပ်ထားလျှင်တောင် သူ တစ်နှစ်ကို ၄.၅ သန်း ရနိုင်နေသေးသည်။

ထို့အပြင် လင်းဖန်မှာ အိမ်တွေ အများကြီး ရှိပါသည်။ ရှန်ဟိုင်းတွင် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာနိုင်သည်။ နှစ် အနည်းငယ် အကြာ၌ အိမ်ခြံမြေဈေးတွေ နှစ်ဆ ဖြစ်လာနိုင်ချေ ရှိသည်။

လင်းချမ့်ဝေဆီသို့ ယွမ် ၅၀၀၀၀၀ လွှဲပေးရတာနဲ့ ပတ်သက်လို့ လင်းဖန်ရဲ့ စိတ်ထဲ ဘယ်လိုမှ မနေပါ။ ဘာပဲဖြစ်ဖြစ် သူမက သူ့မန်နေဂျာ ဖြစ်သည်။ သူမကို ပိုက်ဆံ နည်းနည်း ပိုပေးရတာ ဘာမှ မဖြစ်ပါဘူး။

လင်းဖန်သည် စူပါစတား တစ်ယောက် ဖြစ်နေရုံသာမက စစ်မှန်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်နေသေးသည်။ ယွမ် သန်း ၁၀၀ ဆိုတာ သိပ်မများပေမဲ့ သူ သုံးပစ်လိုက်တဲ့ အခါမှသာ အရမ်း တန်ဖိုးကြီးကြောင်း နားလည်သွားတတ်တာ ဖြစ်သည်။

လင်းဖန်၏ စကားများကို ကြားပြီးနောက် လင်းချမ့်ဝေ၏ ရင်ဘတ်သည် စိတ်လှုပ်ရှားစွာ နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားခဲ့သည်။

သူမရဲ့ ဘော့စ် လင်းဖန်ဟာ အလွန် ချမ်းသာသည်။

များသောအားဖြင့် သူမ အလုပ်ရှုပ်နေရလေ့ရှိပြီး အကုန်လုံး သူမ တာဝန်ယူထားရသော အလုပ်တွေသာ ဖြစ်နေခဲ့သော်လည်း လင်းချမ့်ဝေသည် ပင်ပန်းရတာ ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။

ဒီလို့ စိတ်ထားကောင်းသော ဘော့စ် တစ်ယောက်ကို အလုပ်ရှင်အဖြစ် ရထားခြင်းကပင် ရိုးရှင်းစွာ ဝမ်းသာစရာကောင်းနေခဲ့ပြီ ဖြစ်သည်။ လင်းဖန်ကို သူမ နေ့တိုင်း မြင်နိုင်ကာ အထက်တန်းစား ဧည့်ခံပွဲတွေကို တက်ရောက်ရန် သူနဲ့အတူ ပဲရစ်သို့ပင် သွားနိုင်နေပါပြီ။ ဘောနပ်စ်တွေပင် သူမ ရနိုင်နေပြီ ဖြစ်သည်။ ဘဝက အလွန် လှပကြောင်း သူမ မသိခဲ့ပါ။

အရေးကြီးဆုံးကတော့ သူမရဲ့ မောင်လေး အတွက် ကျောင်းတက်ရန် လုံလောက်သော ပိုက်ဆံတွေ အခု ရှိသွားပါပြီ။

လင်းချမ့်ဝေ : " ကျေးဇူးတင်ပါတယ် ဘော့စ် ~~ ဘော့စ်သာ တစ်ကိုယ်တည်းသမား ဆိုရင် ကျွန်မ ဘော့စ်ကို သေချာပေါက် ပိုးပန်းမှာပါ။ "

လင်းဖန်သည်လည်း လင်းချမ့်ဝေ စနောက်နေမှန်း သိပါသည်။

" စကားပြောတာ ရပ်ပြီး မြန်မြန် လုပ်တော့။ ပိုက်ဆံ ယူပြီး အဝတ်အစားတွေနဲ့ လက်မှတ်တွေ သွားဝယ်တော့။ ငါတို့ နှေးတိနှေးတုံ့ လုပ်နေလို့ မရဘူး။ "

လင်းချမ့်ဝေ : " ဟုတ်ကဲ့ ၊ ကျွန်မ ဘာရယ်မဟုတ် မေးချင်တာလေး တစ်ခု ရှိလို့ပါ။ ဘော့စ်မှာ ပိုက်ဆံ ဘယ်လောက် ရှိလဲဟင် ဘော့စ် … "

လင်းဖန် : " အများကြီး မဟုတ်ပါဘူး။ ငါ့မှာ စုထားတာ ဆိုလို့ သန်း ၁၀၀ ပဲ ရှိတာ။ "

လင်းချမ့်ဝေ : " … "

ယွမ် သန်း ၁၀၀ စုထားတာတဲ့လား။ သာမန် လူတွေမှာ ဘယ်လိုလုပ် ဒီလောက် များတဲ့ ပိုက်ဆံတွေ ရှိနေနိုင်ရတာလဲ။

စူပါစတား တစ်ယောက်ပင်လျှင် ထိုမျှ များသော ပိုင်ဆိုင်မှုမျိုး မရှိလောက်ပါ။

အကြောင်းပြချက်ကတော့ သူ အဲ့ဒီ ယွမ် သန်း ၁၀၀ ကို ရင်းနှီးမြုပ်နှံနိုင်လို့ ဖြစ်ပါသည်။ ဥပမာအားဖြင့် ရင်းနှီးမြုပ်နှံမှု ပစ္စည်းဥစ္စာ အဖြစ် အိမ် တစ်လုံး ဝယ်ယူလိုက်ခြင်းက အလွန် ပါးနပ်သော ရွေးချယ်မှု တစ်ခု ဖြစ်လိမ့်မည်။

ပြီးတော့ လင်းဖန်က သူ့ဘဏ်အကောင့်ထဲမှာ သန်း ၁၀၀ ထည့်ထားသည်။

အဲ့ဒါက လင်းဖန်ဟာ သူ့နာမည်အောက်မှာ ပိုင်ဆိုင်မှုတွေ အများကြီးကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရသည်။ ပိုင်ဆိုင်မှုတွေ များလွန်းသဖြင့် သူ့ရဲ့ သန်း ၁၀၀ ကို အိမ်ခြံမြေ အတွက် ရင်းနှီးမြုပ်နှံရန် နှစ်ခါပြန်ပင် တွေးမနေခဲ့ပေ။

သူမရဲ့ ဘော့စ် လင်းဖန်က ချမ်းသာလွန်းသည်။

လင်းဖန် : " အင်း … ၊ မင်း ငါ့ကို တစ်ချိန်လုံး ဘော့စ်လို့ ခေါ်နေစရာ မလိုပါဘူး။ မင်းက ငါ့ကို အိုတဲ့ ပုံစံ ပေါက်အောင် လုပ်နေတာပဲ။ "

လင်းချမ့်ဝေ : " ဟီးဟီး။ ကျေးဇူးတင်ပါတယ် အစ်ကိုဖန်။ ကျွန်မရဲ့ မောင်လေး အခုတော့ ကျောင်းတက်နိုင်ပြီ။ အဲ့ဒါ ကောင်းလိုက်တာ။ "

လင်းဖန် : " ဟုတ်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်ခံလိုက်ပါဦး။ မနက်ဖြန် အစောဆုံး ထွက်မယ့် လေယာဉ်ကို ရွေးထားလိုက်နော်။ အကုန်လုံး လုပ်ပြီးသွားရင် ငါ့ကို ဆက်သွယ်ပါ။ "

လင်းချမ့်ဝေ : " ဟုတ်ကဲ့။ "

လင်းချမ့်ဝေသည် သတင်းကို ကြားပြီးနောက် အလုပ်သို့ မးအမြန် ထွက်လာခဲ့လိုက်သည်။

လင်းဖန်က သူမ မိသားစုရဲ့ အခြေအနေ အကြောင်း ဟိုးအရင်ကတည်းက သိနေတာ ဖြစ်လောက်သည်။

လင်းချမ့်ဝေသည် လင်းဖန်နဲ့ ယွဲ့ဟွာ အန်တာတိန်းမန့်ကို အလွန် ကျေးဇူးတင်ခဲ့မိသည်။ သူမက ရုပ်သိပ်မလှလျှင် ယွဲ့ဟွာက သူမကို လင်းဖန်ရဲ့ မန်နေဂျာ ဖြစ်ခွင့် ပြုခဲ့မှာ မဟုတ်ပေ။

အခုတော့ သူမရဲ့ ဘော့စ်က ယွဲ့ဟွာ အန်တာတိန်းမန့် မဟုတ်ကြောင်း လင်းချမ့်ဝေ ကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။ ယွဲ့ဟွာ အန်တာတိန်းမန့် အတွက် သူမ တာဝန်ယူပေးစရာ မလိုသလို အခြား မန်နေဂျာတွေကဲ့သို့ နာမည်ကျော် အနုပညာရှင်တွေကို ကြီးကြပ်ပေးစရာ မလိုပါ။

သူမရဲ့ ဘော့စ်ဟာ လင်းဖန် တစ်ယောက်တည်းပဲ။

လင်းချမ့်ဝေသည် ချက်ချင်းပဲ သူမတို့ သုံးယောက် အတွက် လေယာဉ် လက်မှတ်တွေ ဝယ်လိုက်သည်။ သင့်တော်သော ပွဲတက်ဝတ်စုံ အနည်းငယ်နဲ့ လှပသော အဝတ်အစား အနည်းငယ်ကိုလည်း သူမ ဝယ်ယူလိုက်သည်။

မိန်းကလေးတိုင်း လှလှလေး နေရတာကို သဘောကျသည်။

Bugatti ကော်ပိုရေးရှင်းရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးလည်း ရှိနေလိမ့်မည်။ သူမရဲ့ ဘော့စ်ကို သူမ အရှက်ရစေလို့ မဖြစ်ပေ။

အရာ အားလုံး ပြီးစီးသွားသောအခါ နောက်တစ်နေ့ ရောက်လာခဲ့လေသည်။

ဒီနေ့က အလွန် အရေးကြီးလိမ့်မည်။

လင်းဖန် ၊ စုရှောင်းယွီနဲ့ လင်းချမ့်ဝေတို့သည် ပဲရစ်သို့ တရားဝင် ခရီးစတင်ခဲ့ကြသည်။

All Chapters