← Chapters

မူလဘူတဓား လျှို့ဝှက်နည်းစနစ်

Vol. 25 Ch. 336

မူလဘူတဓား လျှို့ဝှက်နည်းစနစ်

Vol. 25 Ch. 336

- မိုးပြာရောင်ဂိုဏ်း ပင်မခန်းဆောင် -

အိုးရန်ဝမ်းထင်ကတော့ ပင်မခန်းဆောင်ထဲမှာ ကြိုတင်ရောက်နှင့် နေပါပြီ။

" ရော့ ... "

လီဖူချန်းတစ်ယောက် ပင်မခန်းဆောင်ထဲ ဝင်လာတာကို တွေ့လိုက်ရတာနဲ့ တစ်ပြိုင်နက် အိုးရန်ဝမ်းထင်က ကျောက်စိမ်း စာလိပ်တစ်ခု ပစ်ပေးလိုက်ပြီး  ရှင်းပြလိုက်ပါတယ်။

"  ဒါက တစ်ကြိမ်တစ်ခါသာ အသုံးပြုလို့ရတဲ့ ကျောက်စိမ်းစာလိပ် အမျိုးအစားပဲ။ အဲဒီအထဲမှာ ငါတို့မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓား လျှို့ဝှက်နည်းစနစ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ရှိတယ်။ တစ်ခုတော့ သေသေချာချာ မှတ်ထား ...  ...။ ဒီနည်းစနစ်က ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ် ထားတဲ့ နည်းစနစ်ပဲ။ သည်နည်းစနစ်ကို လေ့ကျင့်ခွင့် ရတဲ့သူတွေက အယောက်၂၀ မပြည့်ဘူး။ အဲသည်အတွက် မင်းအနေနဲ့ သည်နည်းစနစ်ကို ဂိုဏ်းတော်ရဲ့  ခွင့်ပြုချက်မရဘဲ အခြားသူတွေကို ပြန်မသင်ပေးပါဘူးဆိုတဲ့ သိုင်းတာအိုသစ္စာကို ကျိန်ဆို ရလိမ့်မယ်"

သိုင်းတာအို သစ္စာဆိုတာက ရှင်းပြလို့မရအောင် လျှို့ဝှက်နက်နဲတဲ့ အရာတစ်ခုပါပဲ။ အဲဒါက သိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းတဲ့ ကျင့်ကြံသူတွေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ကျိန်ဆိုရတာမျိုးပါ။

ဒီသိုင်းတာအို သစ္စာကို ဘယ်သူက အစပြုလိုက်တယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒီသိုင်းတာအို သစ္စာကို ဖောက်ဖျက်သူတွေရဲ့ အနာဂတ်ကတော့ တော်တော်လေးကို စုတ်ပြတ် သွားခဲ့တာ အမှန်ပါပဲ။အဲသည်အတွက် လူတွေဟာ သိုင်းတာအိုသစ္စာ ကျိန်ဆိုတာကို ပြက်ရယ် မပြုဝံ့တော့ပါဘူး။

သိုင်းတာအိုသစ္စာကို  နောက်ထပ်တစ်မျိုး ခေါ်ဆိုပါသေးတယ်။ အဲဒါကတော့  မိစ္ဆာနှလုံးသား သစ္စာပါတဲ့။

သိုင်းတာအိုသစ္စာကို ဖောက်ဖျက်တဲ့ ကျင့်ကြံသူတွေရဲ့ နှလုံးသားမှာဆိုရင် မိစ္ဆာနှလုံးသား ဆူးငြောင့်တစ်ခု ဖြစ်တည်လာခဲ့မှာပါ။ အဲဒီမိစ္ဆာနှလုံးသားက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုတွေကို ဆက်လက် တိုးတက်ခွင့် ပြုတော့မှာ မဟုတ်ပါဘူး။

" နားလည်ပါပြီ  ... ဂိုဏ်းချုပ် "

လီဖူချန်းက ညာဘက်လက် သုံးချောင်းကို ဆန့်ထုတ်လိုက်ပြီး သိုင်းတာအိုသစ္စာ ကျိန်ဆို လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ မိုးပြာရောင်ဂိုဏ်း ပင်မ ခန်းဆောင်ကနေ ပြန်ထွက်ခွာကာ  သူ့ရဲ့ ကိုယ်ပိုင်တောင်သို့  အလျင်အမြန် ပြန်သွားခဲ့ပါပြီ။ သူက ဒီမူလဘူတဓား လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ဖို့အတွက်   ဣန္ဒြေတောင် မဆည်နိုင်တော့ပါဘူး။

သုံးရက်အကြာမှာတော့ ...  ...

'သည်မူလဘူတဓား နည်းစနစ်က အရမ်းကို အံ့သြဖို့ ကောင်းတာပဲ။ ဒါက စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာ ဓားချီတွေ သိမ်းထားလို့ရတဲ့ မူလဘူတ ဓားတစ်လက်ကို ဖြစ်တည် စေခဲ့တာပါလား ... '

လေနီကြမ်းတွေကလည်း တောင်ထိပ်ပေါ်မှာ ပြင်းထန်စွာဖြင့် တိုက်ခတ်စ ပြုနေပါပြီ။

လီဖူချန်းကတော့ လေနီကြမ်းတွေကို ကြံ့ကြံ့ခိုင်ကာ မတ်တတ် ရပ်နေဆဲပါပဲ။ သူ့ရဲ့ ဝတ်ရုံစတွေကတော့ လေဟာနယ်ထဲမှာ လူးလွန့်နေပါတယ်။

" မူလဘူတဓား ...  ဖြစ်တည်စမ်း ... "

အသက်ကို တစ်ဝကြီး ရှူလိုက်ပြီးတဲ့ နောက်မှာတော့  လီဖူချန်းဟာ မူလဘူတဓား လျှို့ဝှက် နည်းစနစ်ကို အသက်သွင်း လိုက်ပါပြီ။

ထက်မြလှတဲ့  ချီအရှိန်အဝါတွေဟာ လေနီကြမ်းတွေကို ဖြိုခွဲပစ်လိုက်ပါတယ်။  တစ်ချိန်တည်း လိုလိုမှာပင် လီဖူချန်းရဲ့ ပတ်ပတ်လည်မှာလည်း ဓားချီတွေ ဖြစ်တည်လာခဲ့ပါတယ်။

တစ်ချက် ကြည့်လိုက်တာနဲ့ သည်ဓားချီတွေဟာ တစ်ရာမက ရှိနေတယ် ဆိုတာကို သိမြင်နိုင်ပါတယ်။

လူတစ်ယောက်ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ မူလဘူတဓား ဖြစ်တည်လာအောင် လေ့ကျင့်ရတာက သိပ်တော့ မလွယ်ပါဘူး။ လီဖူချန်းရဲ့ ကိုယ်ပိုင် ချီအတွင်းအားတွေနဲ့ ဆိုရင်တော့  မူလဘူတ ဓားချီတွေကို ဖြစ်တည်စေဖို့အတွက် မဖြစ်နိုင်သလောက်ပါပဲ။ လီဖူချန်းက သူ့ရဲ့ စွမ်းအင် ဗဟိုချက်မ ထဲမှာ  မူလဘူတဓားချီ တစ်ရာကို ဖြစ်တည် စေဖို့အတွက် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို စုပ်ယူခဲ့ရတာပါ။

" သွားတော့ "

သူ့ရဲ့ အတွေးတစ်ချက်နဲ့တင် မူလဘူတ ဓားချီတွေက ပြေးထွက်သွားခဲ့ပါပြီ။ မူလဘူတ ဓားချီတွေရဲ့ ပစ်မှတ်ကတော့  တောင်တစ်ဖက်ခြမ်းမှာ ရှိနေတဲ့  ကျောက်တုံးကြီး တစ်ခုပါပဲ။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...

မူလဘူတ ဓားချီတွေရဲ့  ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ ကျောက်တုံးကြီးကတော့ အပေါက်အပေါက်တွေ ဖြစ်ကာ ပေါက်ကွဲ သွားပါတော့တယ်။ ကျောက်တုံးကြီးကတော့ မျက်စိတစ်မှိတ် အတွင်းမှာပင်  အမှုန့်ဘဝကို ပြောင်းသွားခဲ့တာပါ။

" နင့်မေကလွှားတဲ့မှပဲ ...။ ကြောက်စရာ ကောင်းလှချည်လားဟ ... "

လီဖူချန်းက မျက်ခုံးပင့်မိလိုက်ပါပြီ။

မူလဘူတဓားချီ တစ်ခုတိုင်းက ကောင်းကင်နယ်ပယ် အဆင့်၁ ပညာရှင် တစ်ယောက်ရဲ့ အားကုန် တိုက်ခိုက်မှုထက်ကို အများကြီး  ပိုကြောက်စရာ ကောင်းနေတာ မဟုတ်ပါလား။ ဒါက တကယ်ကို ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်မှုကြီး တစ်ခုပါပဲ။ လီဖူချန်း ယခု ပစ်လွှတ်လိုက်တဲ့ မူလဘူတ ဓားချီတစ်ရာကို ခံလိုက်ရတဲ့လူက   ကောင်းကင်နယ်ပယ် အဆင့်၃ ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်သလို ခံစားရမှာပါ။

ဒါတောင်မှ မူလဘူတဓားချီ တစ်ရာသာ ရှိပါသေးတယ်။ အကယ်၍သာ လီဖူချန်းအနေနဲ့ မူလဘူတဓားချီ တစ်ထောင် ဒါမှမဟုတ် မူလဘူတ ဓားချီတစ်သောင်း အထိသာ စုစည်းထားနိုင်မယ် ဆိုရင်တော့ ဘယ်လောက်အထိ ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်သွားမလဲ ဆိုတာကို စဉ်းစားသာ ကြည့်ပါတော့။

လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ အသိစိတ်အာရုံကို စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲသို့  ပို့လိုက်ပါပြီ။

သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာတော့ ကြက်သွေးရောင် မီးတောက်မီးလျှံတွေ ဖြာထွက်နေတဲ့ အလုံးကြီး တစ်လုံး ရှိနေပါတယ်။ အဲသည်အရာက ကြက်သွေးရောင် နေတစ်စင်းလိုပါပဲ။ ကြက်သွေးရောင် နေမင်းကြီးရဲ့  ဘေးမှာတော့ အဖြူရောင် ဓားအသေးစားလေး တစ်လက် ရှိနေပါတယ်။

အဲဒါကတော့  မူလဘူတဓားပါပဲ။

မူလဘူတဓားက ပိုပြီး ကောင်းလာတာနဲ့အမျှ သိုလှောင်ထားနိုင်တဲ့ မူလဘူတ ဓားချီတွေကလည်း  ပိုများလာမှာပါ။ အခု လောလောဆယ်မှာတော့ လီဖူချန်းရဲ့ မူလဘူတဓားက မူလဘူတဓားချီ တစ်ရာတိတိကိုသာ သိုလှောင် ထားနိုင်ပါသေးတယ်။

" ဟူး ...  ငါ့ရဲ့ မူလ ဘူတ ဓားချီတွေကို ပြန်ဖြည့်ဦးမှ "

လီဖူချန်းက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတစ်ခု ထုတ်ယူလိုက်ပြီး  ဝိညာဉ်ချီတွေကို  စုပ်ယူလိုက်ကာ   သူ့ရဲ့ မူလ ဘူတဓားထဲသို့ ပို့ဆောင် လိုက်ပါတယ်။

၂နာရီမျှ ကြာပြီးသွားတဲ့နောက်မှာတော့ မူလဘူတဓားချီ ၁၀၀ဟာ သူ့ရဲ့ မူလဘူတ ဓားထဲမှာ  အောင်မြင်စွာ  ဖြစ်တည်သွားခဲ့ပါပြီ။

' ဓားချီတစ်ရာ ဖြစ်တည်ဖို့ အတွက် ၂နာရီ ကြာတယ်။ ဓားချီတစ်ထောင် ဖြစ်တည်ဖို့အတွက် ဆိုရင်တော့ နာရီ၂၀တောင် အချိန် ယူရမှာပါလား။ အဲဒါက တစ်ရက်နီးပါးပဲ။ ဓားချီတစ်သောင်း ဖြစ်တည်စေဖို့ အတွက်ဆိုရင်  ၁၀ရက်နီးပါးတောင် လိုအပ်မှာ ...။ ဒါက မူလဘူတဓား လျှို့ဝှက် နည်းစနစ်ရဲ့ အကြီးမားဆုံးသော ဟာကွက်ပဲ  ... "

မူလဘူတဓားဟာ အလွန်ပြင်းထန်တဲ့ အတွက် အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အကောင်းဆုံး လျှို့ဝှက်နည်းစနစ် ၅ခုထဲမှာ ပါပါတယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်နည်းစနစ်ရဲ့ ဟာကွက်ကလည်း တော်တော်လေးကို ကြီးမားတယ်လို့ ဆိုရမှာပါပဲ။ မူလဘူတဓားထဲမှာ သိုလှောင်ထားတဲ့ ဓားချီတွေ ကုန်ဆုံး သွားရင်တော့ ဇာတ်လမ်းက ပြီးပါပြီ။ လုံးဝကို အသုံးမဝင်တဲ့ အမှိုက်တစ်စလို ဖြစ်သွားတော့မှာပါ။ အခြားသော လျှို့ဝှက်နည်း စနစ်တွေကတော့ မူလဘူတဓား လျှို့ဝှက်နည်း စနစ်လို မဟုတ်ဘဲ တိုက်ပွဲထဲမှာ အဆက်မပြတ် အသုံးပြုလို့ ရပါတယ်။

သူ့ရဲ့ မူလဘူတဓားထဲမှာ ဓားချီတွေ ပြည့်သွားတဲ့ အခါမှာတော့ လီဖူချန်းဟာ မူလဘူတဓား လျှို့ဝှက်နည်းနစ်ကို နောက်ထပ် တစ်ကြိမ် အသက်သွင်း လိုက်ပြန်ပါတယ်။

" မူလဘူတဓား ... လာစမ်း "

တစ်ရာမျှသော မူလဘူတ ဓားချီတွေ ထွက်ပေါ်လာခဲ့ပါပြီ။

လီဖူချန်းက   သု့ရဲ့ အတွေးတစ်ချက်နဲ့တင် မူလဘူတဓားချီတွေကို  ဓားကြီးတစ်လက် အဖြစ် ပုံဖော် လိုက်ပါတယ်။

" ခုတ်ချလိုက်  "

ထို့နောက်မှာတော့  မူလဘူတ ဓားချီတွေ ပါဝင်နေတဲ့ ဓားကြီးက ကျောက်တုံးကြီး တစ်တုံးကို ခုတ်ချလိုက်ပါပြီ။

ဝုန်း ...

အင်မတန် ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်မှာတော့  ကျောက်တုံးကြီးဟာ အစအနကို ရှာမရတော့ပါဘူး။

' ငါထင်ထားတဲ့ အတိုင်းပဲ။ မူလဘူတ ဓားချီတွေကို အသိစိတ်အာရုံနဲ့  စုစည်းစေပြီး တိုက်ခိုက်တာက ပိုပြီး ပြင်းထန်တယ် '

ပြန့်ကျဲနေတဲ့ မူလဘူတ ဓားချီတွေဟာ   စုစည်းထားတဲ့ မူလဘူတ ဓားချီတွေထက် ပိုပြီး အားနည်းတယ် ဆိုတာကိုတော့ ရလဒ်က သက်သေ ပြသွားခဲ့ပါပြီ။ စုစည်းထားတဲ့ မူလဘူတ ဓားချီတစ်ရာရဲ့ ဖျက်ဆီးအားက ၂ဆလောက်ကို ပိုအားကောင်း သွားခဲ့တာပါ။

ဒါက ဓားချီတစ်ရာကို စုစည်းထားတာပဲ ရှိပါသေးတယ်။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ဓားချီတစ်ထောင်ကို စုစည်းနိုင်မယ်ဆိုရင်  ဖျက်ဆီးအားက ၂ဆမကကို ပြင်းထန် သွားလောက်ပါတယ်။

နောက်ထပ်၂နာရီ ကြာပြီးနောက်မှာတော့  လီဖူချန်းရဲ့ မူလဘူတ ဓားချီတွေဟာ  ပြန်ပြည့် သွားပြန်ပါပြီ။

" သည်မူလဘူတဓား လျှို့ဝှက်နည်းစနစ်နဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ကို ပေါင်းပြီး သုံးကြည့်ဦးမှ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက ဓားချီတွေကို ကြေးဝါဓား အဆီအနှစ်တွေနဲ့ ရောယှက် စေလိုက်ပါတယ်။

ချွင် ...

ဓားအိမ်ထဲမှ ဓားတစ်လက် ဆွဲထုတ် လိုက်သလိုပါပဲ။ လီဖူချန်းရဲ့ ပတ်ပတ်လည်မှာတော့  ကြေးဝါ ဓားချီတွေ မျောလွင့်နေပါပြီ။

သည်ကြေးဝါဓားချီ တစ်ခုတိုင်းက ဓားအစစ်တွေလိုပါပဲ။

" စုစည်းစမ်း "

မူလဘူတ ကြေးဝါဓားချီ တစ်ရာဟာ ကြေးဝါဓားကြီး တစ်လက် အဖြစ်သို့  ပြောင်းလဲသွားကာ  ခုတ်ချလိုက်ပါတယ်။

ရွှမ်း ...

ဆန်းကြယ် အထွတ်အထိပ်အဆင့် သတ္တုရိုင်းတွေနဲ့ မာဂုဏ်ခြင်း တူညီတဲ့ ကျောက်တုံးကြီး တစ်တုံးကတော့ ပေါက်ကွဲသွားခဲ့ပါပြီ။

အံ့သြစရာပါပဲ။ သည်တစ်ကြိမ်မှာတော့ မူလဘူတ ဓားချီတွေဟာ ပျောက်ကွယ် သွားခြင်း မရှိခဲ့ပါဘူး။ ကြေးဝါရောင် ဓားကြီးက အနည်းငယ်သာ မှိန်ဖျော့ သွားခဲ့တာပါ။ ဒါက နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လို့ ရသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပင် မဟုတ်ပါလား။

ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်နဲ့ ပေါင်းစပ်ထားတဲ့ မူလဘူတ ဓားချီတွေဟာ  ဖျက်ဆီးနိုင်မှု အပိုင်းမှာ ပိုအားကောင်း လာရုံမက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နိုင်စွမ်းပါ ပေးစွမ်းနိုင်တယ် ဆိုတာကို သိလိုက်ရပါပြီ။

*****

နောက်ထပ် တစ်ပတ် လေ့ကျင့်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ဗဟိုချက်မ စွမ်းအင် ပင်လယ်ထဲမှာရှိတဲ့  မူလဘူတဓားဟာ မူလဘူတဓားချီ ငါးရာကို သိုလှောင်နိုင်စွမ်း ရှိလာခဲ့ပါတယ်။

မူလဘူတဓား  လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ရတာနဲ့  ဗဟိုချက်မ စွမ်းအင် ပင်လယ်ထဲမှာရှိတဲ့  မူလဘူတဓားကို အားကောင်း လာအောင် ပြုစုပျိုးထောင် ပေးရတာက  စိတ်ဝိညာဉ် အားကောင်းဖို့  အများကြီး လိုအပ်ပါတယ်။

ကောင်းကင်နယ်ပယ်က သာမန် ပညာရှင်တွေဆိုရင် သည်လိုအပ်မှုတွေကို ဘယ်လိုမှ ဖြည့်ဆည်း ပေးနိုင်မှာ မဟုတ်ပါဘူး။ အဆင့်မြင့် ကောင်းကင်နယ်ပယ် ပညာရှင်တွေသာလျှင် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တာပါ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ် ခွန်အားကတော့ အစောကြီးကတည်းက အစွမ်းထက်နေပါပြီ။ အဲဒီ အချက်ကိုလည်း ကျားနဂါးပြိုင်ပွဲကို တက်ရောက်ခဲ့တဲ့ လူတိုင်းလိုလို သတိပြုမိ ပြီးသားပါပဲ။

သည်စိတ်ဝိညာဉ် ခွန်အားကြောင့်သာ  အိုးရန်ဝမ်းထင်က လီဖူချန်းကို ယုံကြည်ပြီး မူလဘူတဓား လျှို့ဝှက်နည်း စနစ်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အိုးရန်ဝမ်းထင်က လီဖူချန်းရဲ့ တိုးတက်မှုကိုသာ သိသွားရင်တော့  အံ့သြသွားမှာ အမှန်ပါပဲ။

၁၀ရက် အတွင်းမှာပဲ မူလဘူတ ဓားချီငါးရာကို စုစည်းနိုင်တဲ့  ၂၁နှစ်အရွယ် ကောင်းကင်နယ်ပယ် ပညာရှင် ...။ ဒါက လူတွေအားလုံးကို အကြီးအကျယ် အံ့သြတုန်လှုပ် သွားစေမှာပါ။ အိုးရန်ဝမ်းထင် တုန်းကတောင်မှ မူလဘူတဓားချီ ငါးရာကို သိုလှောင်နိုင်ဖို့ အတွက် ၃လတိတိ လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။

***

တတိယ အကြိမ်မြောက် တိုက်ပွဲကတော့ အကြီးအကျယ်  ဖြစ်နေပါပြီ။ ဒီတိုက်ပွဲကတော့ အရှေ့နှစ်ကြိမ်က တိုက်ပွဲထက်ကို ကြာနိုင်လောက်ပါတယ်။  များပြားလှတဲ့ မြေကမ္ဘာ ပညာရှင်တွေနဲ့ ကောင်းကင် နယ်ပယ် ပညာရှင်တွေကတော့ စက္ကန့်တိုင်းမှာ သေနေကြပါတယ်။  ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် အချို့တောင်မှ  စစ်မြေပြင်မှာ ကျဆုံး သွားခဲ့ကြပါပြီ။

ဒါပေမဲ့လည်း လူသားတွေ ပေါင်းစည်းထားတဲ့ ဂိုဏ်းပေါင်း တစ်ရာကတော့ လုံးဝကို နောက်မဆုတ်ပါဘူး။ သူတို့ တစ်ကြိမ် နောက်ဆုတ် ပေးလိုက်တာနဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက  မခန့်မှန်း နိုင်လောက်အောင်ကို ဖြစ်သွားမှာပါ။

ဂိုဏ်းပေါင်း တစ်ရာရဲ့ ဦးဆောင်သူတွေကလည်း  တတိယ အကြိမ်မြောက် တိုက်ပွဲရဲ့ အရေးပါပုံကို နားလည် ထားပါတယ်။ အဲသည်အတွက် သည်တိုက်ပွဲကို လုံးဝ အလျှော့မပေးတာပါ။ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတဲ့ သက်ကြား အိုကြီးတွေတောင်မှ  ဘယ်လိုမှ မနေနိုင်တော့ဘဲ စစ်ပွဲထဲကို  ဝင်ပါလာခဲ့ပါပြီ။

ပြီးတော့ ဂိုဏ်းအသီးသီးဟာ နတ်ဆိုး၁၀ပါး နယ်မြေက မိစ္ဆာတွေကို ခုခံဖို့အတွက်  သူတို့ရဲ့ အားထားရတဲ့ ဝင်္ကပါ ပူးပေါင်း တိုက်ကွက်တွေကိုတောင်  ထုတ်သုံးနေရပါတယ်။

အဆုံးမရှိတဲ့  စစ်မြေပြင်ပေါ်မှာတော့  ဇောင်ဝူကျင်းဟာ အရူးတစ်ယောက်လို သတ်ဖြတ် နေပါတယ်။  ဇောင်ဝူကျင်းရဲ့ အစစ်အမှန် စွမ်းရည်က လီဖူချန်း ထင်ထားတာထက်ကို အများကြီး အစွမ်းထက် နေပါသေးတယ်။

ဇောင်ဝူကျင်းက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။ ဒါပေမဲ့ သူငယ်စဉ်တုန်းက  ကံကောင်းမှုတွေ အများကြီးနဲ့  ကြုံတွေ့ခဲ့ရပြီး အစစ်အမှန် မိုးပြာရောင်ရေ အတွင်းအားကျင့်စဉ် အဆင့်၁၉အထိ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ပြီးတော့ မိုးပြာရောင် ရေစက် ဓားဆန္ဒကိုလည်း နားလည် အသုံးပြုနိုင် ပါသေးတယ်။ ပြန်လည်ဝင်စားခြင်း နယ်ပယ် အောက်မှာတော့ ဇောင်ဝူကျင်းက ပြိုင်ဘက်ကင်းပါပဲ။

ဇောင်ဝူကျင်း တိုက်ခိုက်နေတဲ့ နေရာနဲ့  မိုင်တစ်ထောင် အကွာမှာတော့ တောင်တန်းကြီးတွေ လှုပ်ခါနေပါတယ်။ ယုံမှားသံသယ ရှိနေစရာ   မလိုပါဘူး။ အဲဒီနေရာမှာ ရှိနေတာကတော့ တောင်တွေကို လှုပ်ခါစေသူ  မိစ္ဆာဆင်ကြီးပါပဲ။

ဇောင်ဝူကျင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

" ငါ့ရဲ့ ဘဝမှာ  ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နိုင်ဦးပါ့မလား"

သူ့ရဲ့ ဘဝမှာ အဖြစ်ချင်ဆုံးကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ပါပဲ။

ပြန်လည်ဝင်စားခြင်း နယ်ပယ်အောက်မှာရှိတဲ့ ပညာရှင်တွေရဲ့ သက်တမ်းဟာ   နှစ်ပေါင်း ၁၅၀ထက် မကျော်ပါဘူး။ ပညာရှင် အများစုဟာ အသက် ၁၀၀လောက်မှာသာ သက်တမ်း ကုန်သွားကြတာ များပါတယ်။

ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားရင်တော့ လူ့သက်တမ်းက မတူတော့ပါဘူး။ ပြန်လည် ဝင်စားခြင်း ပညာရှင်တစ်ယောက်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း၂၀၀ အထက်မှာ ရှိပါတယ်။

နှစ်ပေါင်း၂၀၀ ...  ...။

ဇောင်ဝူကျင်း လိုချင်တာက အဲသည်လို အကြာကြီး အသက်ရှင် ရတာမျိုးပါ။

" အားလုံးသေကြစမ်း ... "

အဆင့်၄ မိစ္ဆာတစ်ကောင်က ဇောင်ဝူကျင်း ရှိနေတဲ့ အရပ်ကို ဦးတည်ကာ ပြေးလာနေပါတယ်။ သူ့ရဲ့ လမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ ပညာရှင်တွေကတော့ အတုံးအရုံးကို သေသွားကြပါပြီ။

အဆင့်၄ မိစ္ဆာတစ်ကောင်က အတော်လေးကို ကြောက်စရာ ကောင်းပါတယ်။ သူ့ရဲ့ အစွမ်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေနဲ့တော့ ယှဉ်လို့ မရသေးပါဘူး။ ဒါပေမဲ့ ဇောင်ဝူကျင်း ထက်တော့ အများကြီး အစွမ်းထက် နေဆဲပါပဲ။ အဆင့်၄ မိစ္ဆာတစ်ကောင်က အဆင့်၄ အထွတ်အထိပ်မှာ ရှိတဲ့ မိစ္ဆာသားရဲတွေကိုတောင် တစ်ချက်ထဲနဲ့ သတ်ပစ်နိုင်စွမ်း ရှိတာပါ။

ဇောင်ဝူကျင်းက အဆင့်၄ မိစ္ဆာဟာ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိထားတဲ့ အတွက် အလျင်အမြန် နောက်ဆုတ် သွားပါတော့တယ်။

သူက ဒီလို အခြေအနေတွေနဲ့ အများကြီး ကြုံခဲ့ရပြီးပါပြီ။

စစ်မြေပြင်မှာတော့ မိစ္ဆာတွေက သတိအထားရဆုံး ရန်သူတွေပါပဲ။ မိစ္ဆာသားရဲတွေတောင်မှ အဲလောက် မဟုတ်ပါဘူး။

***

- မိုးပြာရောင်ဂိုဏ်း -

နှစ်လမျှ လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မူလဘူတဓားဟာ  ဓားချီပေါင်း သုံးထောင်ကို သိုလှောင်နိုင်ခဲ့ပါပြီ။ သူ့ရဲ့ မူလဘူတဓား လျှို့ဝှက် နည်းစနစ်ဟာလည်း အကြို ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လာခဲ့တယ်လို့ သတ်မှတ်ရမှာပါပဲ။

မူလဘူတဓားရဲ့ သိုလှောင်နိုင်စွမ်းက အစကနဦးပိုင်း အဆင့်မှာဆိုရင် ဓားချီ တစ်ထောင်ကို သိုလှောင်နိုင်ပြီး အကြိုပြီးပြည့်စုံခြင်း အဆင့်မှာတော့ ဓားချီ သုံးထောင် သိုလှောင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့မယ် ဆိုရင်တော့ ဓားချီတစ်သောင်းကို သိုလှောင် နိုင်မှာပါ။

" သည်လောက်ဆိုရင်တော့ စစ်မြေပြင်ကို သွားဖို့ လုံလောက်ပြီ ထင်တယ် "

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါပြီ။

ဒီနှစ်လအတွင်းမှာတော့  မိုးပြာရောင်ဂိုဏ်းရဲ့ တတိယမြောက် အဓိက နယ်မြေ အပိုင်းအခြား တစ်ခုလုံးမှာ မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှု မရှိခဲ့ပါဘူး။ မိစ္ဆာတာအို ကျင့်ကြံသူတွေက လီဖူချန်းကို ရင်ဆိုင်ဖို့အတွက် နည်းလမ်း မရှိသေးပုံပါပဲ။

လီဖူချန်းက မိုးပြာရောင် ဂိုဏ်းမှာနေပြီး မိစ္ဆာတာအို ကျင့်ကြံသူတွေကို သုတ်သင်ရတာကို  ပျင်းရိ လာခဲ့ပါပြီ။ သူက စစ်မြေပြင်ကို သွားပြီးသာ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေကို သတ်ပစ်ဖို့သာ စိတ်အား ထက်သန်နေပါတယ်။ နတ်ဆိုး၁၀ပါး နယ်မြေက မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေနဲ့ ယှဉ်လိုက်ရင်တော့  သည်မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ အသေးအမွှားလေးပါပဲ။

ဒီတစ်ကြိမ်မှာတော့ အိုးရန်ဝမ်းထင်က လီဖူချန်းကို စစ်မြေပြင်သွားဖို့ အတွက် ခွင့်ပြုလိုက်ပါပြီ။

အိုးရန်ဝမ်းထင်က ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အချိန်ဆွဲ မနေတော့ဘဲ  သူ့ရဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးကို စီးကာ စစ်ဖြစ်ပွားရာ နယ်မြေ ခြောက်ခုသို့ ထွက်သွား ပါတော့တယ်။

နယ်မြေ ခြောက်ခုထဲက နယ်မြေလေးခုမှာတော့   ဂိုဏ်းပေါင်း တစ်ရာဟာ  ယာယီ တပ်စွဲထားပါတယ်။

ယနေ့မှာတော့ လီဖူချန်းဟာ လူသားတွေ တပ်စွဲထားတဲ့   အထီးကျန်တောင် နယ်မြေကို ရောက်ရှိ လာခဲ့ပါပြီ။

- တောင်နက်မြို့ -

ဒီမြို့ကတော့ မိစ္ဆာတွေရဲ့ လက်ချက်ကို ခံစားလိုက်ရတဲ့ အတွက် မြို့ပျက် သာသာမျှသာ  ရှိနေပါတော့တယ်။ ယခုအချိန်မှာတော့ သည်မြို့ကို လူသားတွေက  ပြန်လည် သိမ်းပိုက်ထားခဲ့ပါပြီ။

ဒီမြို့မှာ ရှိနေတဲ့ လူတွေကလည်း သာမန် လူတွေတော့ မဟုတ်ပါဘူး။ ဒီမြို့ထဲမှာ ရှိနေတဲ့ အားအနည်းဆုံး လူကတောင် မြေကမ္ဘာ နယ်ပယ် အဆင့်မှာ ရှိပါတယ်။ ပြီးတော့ ရာနဲ့ချီတဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေလည်း ရှိနေပါသေးတယ်။

" ဟေး ... လီဖူချန်း ... "

တောင်နက်မြို့ရဲ့ လမ်းမထက်မှာ လမ်းလျှောက်နေတဲ့ လီဖူချန်းက အော်ခေါ်သံ တစ်ခု ကြားလိုက်ရတဲ့ အတွက် အသံလာရာဘက်ကို လှည့်ကြည့် လိုက်ပါတယ်။

အသံပိုင်ရှင်ကတော့ နတ်စမ်းရေသခင်လေး  တန်ကျင်းယွန်ပါပဲ။

လက်ရှိ တောင်နက်မြို့ထဲမှာတော့ ဂိုဏ်းပေါင်း၂၀ကျော်  စခန်းချလျက် ရှိနေပါတယ်။ အဲဒီထဲမှာတော့ ထိပ်တန်းဂိုဏ်းကြီး ၂ဂိုဏ်းဖြစ်တဲ့ နတ်စမ်းရေ တောင်ကြားဂိုဏ်းနဲ့  ဖုန်းရွှယ်ဂိုဏ်းလည်း ပါဝင်နေတယ်လေ။

တန်ကျင်းယွန်က ကောင်းကင်နယ်ပယ် အဆင့်၂ အထွတ်အထိပ်ကို ရောက်နေပါပြီ။  တန်ကျင်းယွန်က အတွေ့အကြုံ အတော်လေးများတဲ့ လူတစ်ယောက်ပါ။ အဲဒီအတွက် တန်ကျင်းယွန်ရဲ့ စွမ်းရည်ကိုတော့ အပေါ်ယံ ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။

" တန်ကျင်းယွန် "

လီဖူချန်းက ပြုံးပြီး ပြန်တုံ့ပြန် လိုက်ပါတယ်

တန်ကျင်းယွန်နဲ့ သူက ရင်းနှီးခင်မင်ခြင်း မရှိသလို  ရန်ငြိုးရန်စလည်း မရှိပါဘူး။ အဲဒီအတွက် လီဖူချန်းက တန်ကျင်းယွန်ကို ပြန်ပြီး ပြုံးပြလိုက်တာပါ။

" မင်းလည်း အစီရင်ခံဖို့ သွားနေတာမလား ...။ အတူတူ သွားကြရအောင် "

တန်ကျင်းယွန်က အဖော်ညှိလိုက်ပါတယ်။

လက်ရွေးစင် ပါရမီရှင်တွေဖြစ်တဲ့  သူတို့တွေဟာ စစ်ပွဲထဲကို မပါဝင်ခင်မှာ  ခေါင်းဆောင်တွေကို အစီရင်ခံရဦးမှာပါ။ ဂိုဏ်းတော်တွေက သူတို့ကို အတွေ့အကြုံ ရစေဖို့ အတွက်သာ စစ်မြေပြင်ကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ သည်လက်ရွေးစင် ပါရမီရှင်တွေက   ဂိုဏ်းတော်ရဲ့ အနာဂတ် ထောက်တိုင်တွေ ဆိုရင်လည်း မမှားပါဘူး။ လက်ရွေးစင် ပါရမီရှင်တွေ ကျဆုံးသွားတဲ့ အဖြစ်က  ဂိုဏ်းပေါင်း တစ်ရာအတွက် အကြီးအကျယ် ဆုံးရှုံး နစ်နာ သွားစေနိုင်ပါတယ်။

" ရတယ်လေ  ...။ သွားကြတာပေါ့ "

လီဖူချန်းက တန်ကျင်းယွန်ရဲ့ အဖော်ညှိတာကို မငြင်းလိုက်ပါဘူး။

သိပ်မကြာခင်မှာပဲ  သူတို့ နှစ်ယောက်ဟာ တောင်နက်မြို့စား ဂေဟာကို ရောက်ရှိ လာကြပါပြီ။

လောလောဆယ်တော့ မြို့စားဂေဟာကို  ဖုန်းရွှယ်ဂိုဏ်းနဲ့ နတ်စမ်း ရေတောင်ကြား ဂိုဏ်းရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေက အသုံးပြုနေပါတယ်။ စစ်ပွဲအတွက် အမိန့်တွေကိုလည်း ဒီနေရာကနေသာ ညွှန်ကြားနေတာပါ။

လီဖူချန်းနဲ့ တန်ကျင်းယွန်တို့ နှစ်ယောက် ရောက်ရှိလာမှုက အကြီးအကဲတွေကို အံ့သြစေခဲ့ခြင်း မရှိပါဘူး။ စီးတုလေ့၊ချီဟန်နဲ့ အခြားသော လက်ရွေးစင်တွေလည်း စစ်ပွဲထဲကို ရောက်နေပြီ မဟုတ်ပါလား။

ကောင်းကင်နယ်ပယ်ကို  ရောက်ရှိလာတဲ့ လက်ရွေးစင် လူငယ် ပါရမီရှင် တိုင်းကတော့ စစ်မြေပြင်ကို လာကြမှာပါပဲ။  ဒါပေမဲ့ ကောင်းကင်နယ်ပယ် အဆင့်၄ကို ရောက်ရှိနေတဲ့ လီဖူချန်းကတော့ ခေါင်းဆောင်ပိုင်းက အကြီးအကဲတွေကို အံ့သြ သွားစေခဲ့ပါတယ်။

" အကြီးအကဲဝမ် ...။ သည်နှစ်ယောက်ကို အကြီးအကဲဝမ်ရဲ့ တပ်ဖွဲ့ထဲကို ခေါ်ထားလိုက်ပါ "

ထိပ်ပိုင်း ခေါင်းဆောင်တွေထဲက တစ်ယောက်က အကြီးအကဲ တစ်ယောက်ကို ပြောလိုက်ပါတယ်။

အကြီးအကဲဝမ်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြီးအကဲခေါင်ချုပ် တစ်ယောက်ပါပဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။ သူ့ရဲ့ မျက်နှာကတော့ လီဖူချန်းတို့ နှစ်ယောက်ကို လက်ခံလိုက်ရတဲ့ အတွက် ဝမ်းသာနေပုံ မရသလို၊ ဝမ်းနည်းနေပုံလည်း မရပါဘူး။

လီဖူချန်းနဲ့ တန်ကျင်းယွန်က လက်ရွေးစင် ပါရမီရှင်တွေ ဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူတို့ရဲ့ စွမ်းရည်တွေက အကန့်အသတ်နဲ့ပဲ ရှိပါသေးတယ်။ သူတို့ နှစ်ယောက် စစ်ပွဲထဲ  ဝင်လာတာ၊ မဝင်လာတာက တိုက်ပွဲအပေါ်မှာ ဘာပြောင်းလဲမှုမှ ရှိစေမှာ မဟုတ်ပါဘူး။

***

All Chapters