Bugatti ရဲ့ ရာထူးကြီးပုဂ္ဂိုလ်များက လင်းဖန်ကို ကြိုဆိုနေ၍ လင်းချမ့်ဝေ တစ်ယောက် အံ့ဩဆွံ့အသွားရသည်။
Vol. 14 Ch. 200
နောက်တစ်နေ့ မနက်တွင် လင်းချမ်းဝေ့သည် လင်းဖန်၏ နှလုံးသားရေကန် ဗီလာ ဝင်ပေါက်မှာ ရောက်နေခဲ့သည်။
သူမက လင်းဖန်ရဲ့ မန်နေဂျာ ဖြစ်ကာ လုံခြုံရေး အစောင့်တွေကလည်း သူမကို သိသဖြင့် လှိုင်းပြာပင်လယ်အော် နယ်မြေထဲကို ချက်ချင်း ဝင်လို့ ရသည်။
လင်းဖန်က တံခါး ဖွင့်လိုက်ချိန်မှာ သူ့ကို စောင့်နေသော လင်းချမ့်ဝေကို မြင်လိုက်ရ၍ ပြုံးမိသွားသည်။
" မင်း တအား အစောကြီး ရောက်လာတာပဲ။ မသွားခင် မနက်စာ စားသွားပါဦး။ အချိန် ရသေးတယ်။ " ဟု လင်းဖန်သည် လင်းချမ်ဝေ့ကို ကြည့်နေရင်း ပြုံးပြလိုက်သည်။
" ကျွန်မ နည်းနည်းပါးပါး စားလာခဲ့ပါတယ်။ " လင်းချမ့်ဝေက ပြောလိုက်သည်။ လင်းဖန်ရဲ့ မန်နေဂျာ ဖြစ်ရတာ ပထမဆုံး အကြိမ် ဆိုသော်လည်း သူမရဲ့ လုပ်ရည်ကိုင်ရည်ကတော့ ထူးချွန်ကာ အတော်လေး အချိန် တိကျ၏။ သူမက အလွန် အရည်အချင်း ပြည့်ဝသော မန်နေဂျာ တစ်ယောက် ဖြစ်ပါသည်။
" နည်းနည်းလေး စားရုံနဲ့ ဗိုက်ဝမှာ မဟုတ်ဘူး။ မင်း မနက်စာကို ပြီးစလွယ် စားလို့ မရဘူးလေ။ ဝင်ခဲ့ပါ။ ဒါက ငါ့အိမ်ပဲကို။ မင်း အရမ်း သတိထားနေစရာ မလိုပါဘူး။ " လင်းဖန်က ပြုံးရင်း ပြောလိုက်သည်။
" ဟုတ်ကဲ့။ " လင်းချမ့်ဝေသည် ခေါင်းညိတ်ကာ ဝင်လာခဲ့လိုက်သည်။ လင်းဖန်၏ ဗီလာကို သူမ မြင်သောအခါ ဆွံ့အသွားရသည်။
သူမရဲ့ ဘော့စ် လင်းဖန်မှာ အိမ် အကြီးကြီး ရှိတာပဲ။
လှသထက် လှအောင် ပြန်ပြင်ထားတဲ့ ခေတ်မီ အပြင်အဆင်တွေ ၊ ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်စုံနေတဲ့ အတွင်းပိုင်း အပြင်အဆင်တွေ။
အခန်းထဲမှာ အရာ အားလုံး ပြီးပြည့်စုံနေသည်။ သားရေ ဆိုဖာနဲ့ ဗီလာ တစ်ခုလုံးကို အဲယားကွန်း တစ်လုံးတည်းနဲ့ အအေးပေးထားသော ပင်မ အဲယားကွန်း စနစ်လည်း ရှိသည်။
နံရံပေါ်မှာ ကျော်ကြားသော ပန်းချီကားတွေ ရှိပြီး တန်ဖိုးကြီး သလင်းကျောက် မီးပန်းဆိုင်းကြီးလည်း ရှိသည်။
ဗီလာထဲ သိပ်မဝင်လိုက်ရဘဲ စားပွဲ တစ်လုံးကို တွေလိုက်ရသည်။ လင်းချမ့်ဝေသည် အလွန် တွန့်ဆုတ်ဆုတ် ဖြစ်သွားမိသည်။ သူမ ထိုင်ခုံပေါ်မှာ တိတ်ဆိတ်စွာ ထိုင်လိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာတော့ အံ့ဩမှုတွေ ပြည့်နှက်နေခဲ့သည်။
အတိတ်တုန်းက လင်းဖန် အရမ်း ချမ်းသာတယ် ဆိုတာကိုပဲ သူမ သိခဲ့တာ ဖြစ်သည်။ အခုတော့ သူ ဘယ်လောက် ချမ်းသာလဲ ဆိုတာ သူမ အတိအကျ နားလည်သွားခဲ့ပြီ။
လင်းဖန်ရဲ့ အိမ်ဟာ တကယ့်ကို ကြီးလွန်းသည်။ ဒါ … ဗီလာ အစစ်ရော ဟုတ်ရဲ့လား။
ခဏ အကြာမှာ စုရှောင်းယွီလည်း လင်းဖန်ရဲ့ အိမ်ကို ရောက်လာခဲ့သည်။
စုရှောင်းယွီသည် လင်းချမ့်ဝေနဲ့ မတူဘဲ လင်းဖန်၏ အိမ်တံခါးကို တန်းဖွင့်နိုင်လေသည်။
" ဆရာ ~ မင်္ဂလာ မနက်ခင်းပါ။ " စုရှောင်းယွီက ချိုမြိန်စွာ ပြုံးပြလိုက်သည်။ သူမ ယနေ့ ထသွားထလာ ပုံစံမျိုး ဝတ်လာခဲ့တာ ဖြစ်သည်။
ခရီးဆောင်လက်ဆွဲသေတ္တာလေးကို သူမ ဆွဲထားပြီး ဘေ့စ်ဘော ကစားရာမှာ ဆောင်းသည့် လျှာထိုးဦးထုပ်နဲ့ ပေါင်လယ်လောက်ပဲရှိတဲ့ အနားစတွေဖွာထွက်နေသော ဂျင်းဘောင်းဘီ အတိုလေးကို ဝတ်ဆင်ထားသည်။ သူမရဲ့ အလှက ထင်းထွက်နေကာ ခြေတံရှည်များကတော့ ပိုလို့တောင် အကြည့်မလွှဲချင်စရာကောင်းသည်။
" လာလေ ၊ မနက်စာ လာစားဦး။ " ဟု လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ မနက်စာ အဆင်သင့် ဖြစ်နေပါပြီ။
မနက်စာက အလွန် ရိုးရှင်းသည်။ ပေါင်မုန့် တချို့နဲ့ နွားနို့ ရှိသည်။ လင်းဖန်သည် ငါးစွပ်ပြုတ် ၊ အာလူးခြောက်ကြော် အပြားလေးတွေနဲ့ ငါးအရသာ ဝက်သားမွှချက်ကိုပင် ချက်ပြုတ်ထားခဲ့သည်။
သူ့မှာ မနက်စာကို ပိုအရသာရှိရှိ စားဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိပေ။
လင်းဖန်က မနက်စာ အတွက် ပေါ့ပေါ့ပါးပါး ပြင်ဆင်ထားခဲ့တာပင်။ အလွန် ရိုးရှင်းသော မနက်စာဟု သတ်မှတ်လို့ ရသည်။
အထူးသဖြင့် စုရှောင်းယွီလို အစားမက်သူလေးကြောင့် ဟင်းပွဲ နှစ်ပွဲ ချက်ပြုတ်ခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
" ဝိုး … အရသာရှိတယ် ၊ အရသာရှိတယ်။ ဆရာရဲ့ အချက်အပြုတ်လက်ရာက အခု ပိုတောင် ကောင်းလာပြီပဲ။ " စုရှောင်းယွီက အာလူးခြောက်ကြော် အပြားကို တစ်ကိုက် ကိုက်ပြီး ငါးစွပ်ပြုတ်ကို သောက်ကြည့်လိုက်သည်။ တကယ် အရသာရှိနေတာပါ။
" အရမ်း … စားလို့ ကောင်းတယ်။ " စုရှောင်းယွီကို ကြည့်နေသော လင်းချမ့်ဝေ၏ မျက်လုံးလှလှလေးများက ပြူးကျယ်နေခဲ့သည်။
သူမက လင်းဖန်ရဲ့ မန်နေဂျာ ဆိုပေမဲ့ အခုမှ သူ့လက်ရာကို ပထမဆုံး အကြိမ် စားဖူးတာ ဖြစ်သည်။
ဒီအစားအစာတွေဟာ အရသာရှိလွန်းသည်။
အရသာက အစပ်အဟပ် တည့်သည်။ ဆီတွေ အများကြီး မပါသော်လည်း ရိုးရှင်းစွာဖြင့် အရသာရှိနေသည်။
သူမ အာလူးပြားကြော်ကို တစ်ကိုက် ကိုက်လိုက်ပြီး အရသာရှိသော စွပ်ပြုတ်သည် သူမရဲ့ လည်ချောင်းထဲ လျှောခနဲ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ငါးစွပ်ပြုတ်ကို သောက်ကြည့်လိုက်လျှင် သူမရဲ့ အစာအိမ်လေး ပူနွေးသွားသလို ခံစားလိုက်ရသည်။
ထို့ပြင် လင်းဖန်ရဲ့ အိမ်မှာ ရှိတဲ့ ပေါင်မုန့်က စူပါမားကတ်ကနေ ဝယ်လာတာတွေ မဟုတ်ပါ။
ပေါင်မုန့်ကလည်း အလွန် အရသာရှိသည်။
လင်းဖန်သည် ပေါင်မုန့်လုပ်နည်းကို သိတာမို့ သူ ကိုယ်တိုင် ဖုတ်ထားသော ပေါင်မုန့်များဟာ စူပါမားကတ်တွေမှာ ရောင်းချနေသော ပေါင်မုန့်တွေထက် ဆယ်ဆ ပိုစားကောင်းသည်။
ခဏ ကြာတော့ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့သည် လင်းဖန် ချက်ပြုတ်ပေးထားသော မနက်စာကို စားပြီးသွားခဲ့ကြသည်။
အရသာရှိလွန်းတယ် ဆိုတာက လွဲပြီး တခြား ပြောစရာ အကြောင်းအရာ မရှိတော့ပေ။
" ငါ ဒီလိုသာ ဆက်စားနေရင် ဝလာတော့မယ်။ " စုရှောင်းယွီက မကျေမနပ် ပြောလိုက်သည်။ " ငါ ဝလာရင် ဟင်းချက်ကောင်းလွန်းတဲ့ နင့်အပြစ်ကြောင့်ပဲ။ "
လင်းချမ့်ဝေလည်း ခေါင်းညိတ်မိသည်။ " ဒီလောက် အရသာရှိတဲ့ အစားအသောက်တွေကို ကျွန်မ ပထမဆုံး အကြိမ် စားဖူးတာပဲ။ ဒါဆို ကုမ္ပဏီက လူတွေ ပြောကြတာ မှန်နေတာပဲနော်။ အစ်ကိုဖန်ရဲ့ မနက်စာက တကယ် အရသာရှိတယ်။ ပေါင်မုန့်ကအစ အရမ်း အရသာရှိအောင် ဖုတ်နိုင်တဲ့ လူမျိုးကို ကျွန်မ ပထမဆုံး အကြိမ် တွေ့ဖူးတာပဲ။ "
လင်းဖန် ပြုံးလိုက်သည်။ " ကဲပါ ၊ ငါ့ကို ထပ်ချီးကျူးနေစရာ မလိုပါဘူး။ မင်းတို့ ငါ့လက်ရာ စားချင်ရင် ပဲရစ် ရောက်ရင် ငါ ချက်ကျွေးမယ်။ အခုတော့ လေဆိပ်ကို ဆင်းဖို့ အချိန် ရောက်နေပြီ။ "
သူ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်မှာပဲ တံခါးဝမှာ ရပ်စောင့်နေသော လှိုင်းပြာပင်လယ်အော်ရဲ့ အိမ်ရာမြေ အေးဂျင့် ရှားရန်ရန်ကို တွေ့လိုက်ရသည်။
စုရှောင်းယွီနဲ့ လင်းဖန်ကို မြင်တော့ ရှားရန်ရန်ရဲ့ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။
လင်းဖန်က အခုအချိန်မှာ စူပါစတား တစ်ယောက် ဖြစ်နေပါပြီ။ စုရှောင်းယွီကလည်း စူပါစတား တစ်ယောက် ဖြစ်ကာ အလွန် လှပသည်။
ရှားရန်ရန်သည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ " ကျွန်မ ရှင့်အတွက် ကား တစ်စီး ပြင်ဆင်ပေးထားပါတယ် မစ်စတာလင်း။ တက်ပါ ၊ အခု လေဆိပ်ကို သွားကြတာပေါ့။ "
လင်းဖန် ခေါင်းညိတ်လိုက်သည်။ " အမ်း။ ကောင်းပါပြီ။ "
လှိုင်းပြာပင်လယ်အော် အိမ်ရာမြေအေးဂျင့်ရဲ့ ဝန်ဆောင်မှုကလည်း အလွန် ချိုသာသည်။
ထို့အပြင် ရှားရန်ရန်က လင်းဖန်၏ ပရိသတ်ပင်။
လေဆိပ်ကို ရောက်လာပြီးနောက် ၁၂ နာရီကြာ လေယာဉ်ခရီးစဉ်ကို လိုက်ပါလာခဲ့အပြီး နောက်ဆုံးမှာတော့ သူတို့တွေ ပဲရစ်ကို ရောက်လာခဲ့ကြသည်။
လေယာဉ်ပေါ်မှာ ၁၂ နာရီလုံး လင်းဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီး လိုက်လာခဲ့သည်။
လေဆိပ်ထဲကနေ ထွက်လာကြသော လင်းဖန် ၊ စုရှောင်ယွီနဲ့ လင်းချမ့်ဝေတို့သည် လမ်းပေါ်က လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားလိုက်သည်။
ပဲရစ်ရှိ ဖြတ်သွားဖြတ်လာ လူများပင်လျှင် လင်းဖန်နဲ့ စုရှောင်းယွီကို မြင်သောအခါ အံ့အားသင့်သွားခဲ့ကြသည်။
" သူက တရုတ်က လာတာလား။ သူ အရမ်း ချောတာပဲ။ "
" အထူးသဖြင့် အဲ့ကောင်လေး။ သူက သေလောက်အောင် ချောလွန်းတယ်ဟာ။ အား ၊ ငါတော့ သူ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားပြီ။ သူ့အသားအရေက တကယ် ကောင်းပြီး ခန္ဓာကိုယ်ဟန်ကလည်း လက်ဖျားခါလောက်တယ်။ အရေးကြီးဆုံးကတော့ သူ အရမ်း အရပ်ရှည်တယ်။ "
" အဲ့ကောင်မလေး လှလိုက်တာ။ သူတို့က အတွဲတွေလား။ "
ထို့နောက် ဖြတ်သွားဖြတ်လာ အများအပြားသည် သူတို့ရဲ့ ဖုန်းတွေကို ထုတ်ကာ ဓာတ်ပုံရိုက်နေခဲ့ကြသည်။
ပဲရစ်မှာ မိန်းမလှလေးတွေနဲ့ ရုပ်ချောသော အမျိုးသားတွေ အများကြီး ရှိသော်လည်း ဤဖြတ်သွားဖြတ်လာများသည် လင်းဖန်နဲ့ စုရှောင်းယွီကို မြင်ချိန်မှာ တအံ့တဩ မပြောမိဘဲ မနေနိုင်ပေ။
လင်းချမ့်ဝေက လှသော်လည်း စုရှောင်းယွီလောက်တော့ မလှပေ။ သူတို့ရဲ့ ခန္ဓာကိုယ်ဟန်နဲ့ အသွင်အပြင်ကို နှိုင်းယဉ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။
လင်းဖန်ရဲ့ အသွင်အပြင်ကိုတော့ ထည့်ပြောနေစရာ မလိုပါ။ သူ ထွက်ပေါ်လာချိန်ကတည်းက အရာရာတိုင်းကို အနိုင်ရပြီးနေပြီ ဖြစ်သည်။
" အာ ၊ ဘေးဖယ်ပေးပါ အရှေ့က တစ်ယောက်ရေ။ ငါလည်း ဓာတ်ပုံ ရိုက်ချင်လို့။ " ဟု မိန်းကလေး တစ်ယောက်က ပြောနေခဲ့သည်။
" ငါ့ကို လာပိတ်မထားနဲ့လေ။ ငါလည်း ရှေ့တိုးပြီး သူတို့နဲ့ ဓာတ်ပုံရိုက်ချင်တယ်။ ထွက်မသွားပါနဲ့ဦး။ ရှင် ဘာလို့ ထွက်သွားနေရတာလဲ။ " တခြား မိန်းကလေး တစ်ယောက်က ပြောလိုက်သည်။
လင်းဖန် ချွေးပြန်လာမိသည်။
အံ့ဩစရာကောင်းလိုက်တာ။
သူ တရုတ်နိုင်ငံမှာ ရှိနေစဉ်တုန်းက စူပါမားကတ်မှာ အစားအသောက်တွေကို ဝယ်ယူရန် သူ့သုံးဘီးကို မောင်းသွားတဲ့အခါ လင်းဖန်၏ ဆက်သွယ်ရေး အချက်အလက်တွေကို လိုချင်သော အန်တီကြီးများ အုပ်စုက သူ့နောက်ကို မကြာခဏ ပြေးလိုက်လာတတ်သည်။
Bugatti ကြီးကို သူ ထုတ်မောင်းလာတဲ့အခါ အမြဲတမ်း အော်ဟစ်နေသော မိန်းကလေးတွေ အများကြီး ရှိခဲ့သည်။
လင်းဖန် နာမည်ကျော် အနုပညာရှင် တစ်ယောက် ဖြစ်လာသောအခါ အစားအသောက်တွေ ဝယ်ယူရန် အပြင်တောင် မထွက်ရဲတော့ပေ။
သူ အစားအသောက်တွေ ဝယ်ဖို့ အပြင်ထွက်ပါက သေချာပေါက် လူတွေ ဝိုင်းလာလိမ့်မည်။
သူ ပဲရစ်ကို ရောက်လာတုန်းက ဒီမှာတော့ အေးအေးချမ်းချမ်း နေနိုင်လိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။ ဒီမှာ ရှိနေတဲ့ ဖြတ်သွားဖြတ်လာတွေကလည်း သူ့ကို ဓာတ်ပုံရိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။
သူကိုက အရမ်း ရုပ်ချောနေတာပါ။ သူ ဘာမှ မတတ်နိုင်တော့ပါဘူး။
အကယ်၍ ရှားဝမ်ချွေ့သာ ဒီကို ရောက်လာရင် လူများစွာက သူမကိုလည်း ဓာတ်ပုံတွေ ရိုက်ကြလောက်သည်။
သူတို့ လေဆိပ် ဝင်ပေါက်ကို ရောက်ချိန်မှာပဲ အနက်ရောင် ထိပ်တန်း ဇိမ်ခံကား တစ်စီးက ဝင်ပေါက်နားမှာ ရပ်သွားခဲ့သည်။
လေဆိပ် ဝင်ပေါက်မှာ ရှည်လျားသော ကော်ဇောနီကြီး ရှိနေခဲ့သည်။
ပတ်ဝန်းကျင်မှာ အယောက် ၂၀ ထက် မနည်းသော လုံခြုံရေး အစောင့်တွေ ရှိကာ သူတို့က အနက်ရောင် ဝတ်စုံတွေ ဝတ်ထားပြီး ကော်ဇောနီရဲ့ ဘယ်ညာ တစ်ဖက်စီမှာ ရိုသေစွာ ရပ်နေခဲ့ကြသည်။
ဒီနေရာမှာ လူတိုင်း မော်မကြည့်ရဲသော အထက်တန်းစား အရှိန်အဝါ တစ်မျိုး ဖြစ်ပေါ်လာပုံ ရသည်။
စစ်မှန်တဲ့ သူဌေးကြီး တစ်ယောက်သာ ထိုမြင်ကွင်းမျိုးမှာ ရပ်တည်နေနိုင်သည်။
မြင်ကွင်းက အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ကို ကြိုဆိုနေသကဲ့သို့ ခမ်းနားကြီးကျယ်နေခဲ့သည်။
လေဆိပ်တွင် ရှိသော ဖြတ်သွားဖြတ်လာ များစွာသည် ထိုမြင်ကွင်းကို အလိုလို ရှောင်ပေးသွားကြသည်။
ထို့နောက် လင်းဖန့်က အရှေ့သို့ လျှောက်လာခဲ့ကာ သူ့နောက်မှာတော့ လင်းချမ့်ဝေနဲ့ စုရှောင်းယွီတို့ ရှိနေသည်။
ကော်ဇောနီ အလယ်မှာ လျှောက်လာသော လင်းဖန်ကို လူတိုင်း ကြည့်လိုက်ကြသည်။
တစ်ကမ္ဘာလုံးရဲ့ စိတ်အာရုံက လင်းဖန် တစ်ယောက်တည်းအပေါ် ကျရောက်နေခဲ့သည်။
လင်းဖန်က ချောမော ညို့အားပြင်းကာ ပြိုင်ဖက်ကင်းသော အရှိန်အဝါ တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ သူ ရှေ့ထွက်လာသောအခါ လေဆိပ်တွေမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက အရောင်မှိန်သွားပုံ ပေါ်သည်။
အဖြူရောင် စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်သည် လေဆိပ် ဝင်ပေါက်မှာ ရပ်နေခဲ့သည်။ လင်းဖန်ရဲ့ ဓာတ်ပုံကို ကုမ္ပဏီဘက်က ရထားပြီးသားမို့ သူမက သူ့ကို စောင့်နေခဲ့တာ ဖြစ်သည်။
အမျိုးသမီးက လင်းဖန်ကို မြင်တော့ ဖော်ရွေပျူငှာစွာ အရှေ့ထွက်လာခဲ့သည်။ " ပဲရစ်ကနေ ကြိုဆိုပါတယ် ဘော့စ်လင်း။ ကျွန်မ ရှင့်အတွက် ကား တစ်စီး ပြင်ဆင်ထားပြီးပါပြီ။ "
သူတို့ကို ဝန်းရံထားသည့် အယောက် ၂၀ ထက် မနည်းသော လုံခြုံရေး အစောင့်များသည် လင်းဖန်ကို တစ်ချိန်တည်းမှာပဲ ဦးညွှတ်လိုက်ကာ တရုတ်စကားဖြင့် ပြိုင်တူ ပြောလိုက်ကြသည်။
" ကြိုဆိုပါတယ် ဘော့စ်လင်း။ "
" ကြိုဆိုပါတယ် ဘော့စ်လင်း။ "