← Chapters

မွ ~ ဆရာက အရမ်း‌သဘောကောင်းတယ် (၁)

Vol. 14 Ch. 202

မွ ~ ဆရာက အရမ်း‌သဘောကောင်းတယ် (၁)

Vol. 14 Ch. 202

ဒီနေ့က Bugatti ၏ အသစ်စက်စက် ကား အတွက် ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲနေ့ ဖြစ်လေသည်။

ထိပ်တန်း ဇိမ်ခံကုန်ပစ္စည်း ကုမ္ပဏီ တစ်ခု ဖြစ်သောကြောင့် အသစ် ထုတ်လုပ်ထားသော ကားရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲသည် မရေမတွက်နိုင်သော လူများရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။

စစ်မှန်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ ဤရောင်းချမှု အခမ်းအနားမှာ တက်ရောက်ပါဝင်ဖို့ အရည်အချင်းပြည့်မီတာ ဖြစ်ပါသည်။

ထို့ကြောင့် ဒီရောင်းချမှု အခမ်းအနားသည် လူချမ်းသာတွေ စုနေသော စုဝေးပွဲကြီး တစ်ပွဲနှင့် တူညီသည်။

ဘလိတ်ခ်၏ ဖိတ်ကြားချက်အရ လင်းဖန် ၊ စုရှောင်းယွီနှင့် လင်းချမ့်ဝေတို့ လျှောက်ဝင်လာခဲ့ကြသည်။

ပြပွဲထဲမှာ VIP ထိုင်ခုံတွေ အများကြီး ရှိသည်။

ပြပွဲ ပတ်ဝန်းကျင်ဟာ တဖိတ်ဖိတ် တောက်ပနေသော တန်ဖိုးကြီး အပြင်အဆင်များဖြင့် လှပနေခဲ့သည်။ မျက်နှာကျက်မှာ ခမ်းနားထည်ဝါသော သလင်းကျောက် မီးပန်းဆိုင်းကြီးကို ချိတ်ဆွဲထားသည်။

ပြပွဲ အလယ်ဗဟိုရှိ စင်မြင့်ပေါ်မှာတော့ လူထုဆီ မိတ်ဆက်ပေးရန် စီစဉ်ထားသည့် Bugatti ကော်ပိုရေးရှင်းရဲ့ နောက်ဆုံးထွက် ကားကို အနီရောင် ခြုံလွှာဖြင့် ဖုံးအုပ်ထား၏။

VIP ထိုင်ခုံတွေမှာ လူတွေ အများကြီး ထိုင်နေခဲ့ကြပါပြီ။

လင်းဖန် ရောက်လာချိန်မှာ လူများစွာရဲ့ အကြည့်က လင်းဖန်နှင့် စုရှောင်းယွီအပေါ် စုပုံကျရောက်သွားလေသည်။

အဓိက အချက်ကတော့ … လင်းဖန်ဟာ အလွန် ချောလွန်းသည်။

စုရှောင်းယွီကလည်း နတ်မိမယ်လေး တစ်းပါးလို လှပသည်။

" ဝိုး ၊ တကယ့်ကို ရုပ်ချောတဲ့ တရုတ် အမျိုးသား တစ်ယောက် ရောက်လာတာပဲ။ သူ တော်တော် ငယ်သေးတယ်နော်။ "

" သူ့နာမည်က လင်းဖန်တဲ့။ ငါ သူအကြောင်း စုံစမ်းပြီးသွားပြီ ၊ သူက နာမည်ကျော် တရုတ်လူမျိုး အနုပညာရှင် တစ်ယောက်လေ။ အရမ်း နာမည်ကြီးသလို အရမ်းလည်း ချောတယ်။ "

" လင်းဖန်က လူချမ်းသာ တစ်ယောက် ဆိုရင်လည်း မမှားဘူး။ ဒီနေရာကို လာနိုင်တဲ့ လူတွေ အကုန်လုံးက ချမ်းသာလို့ပဲလေ။ "

" လင်းဖန်ရဲ့ အမျိုးသမီးအဖော် နှစ်ယောက်ကလည်း အရမ်း လှတယ်။ အိုး ၊ ဟုတ်သားပဲ။ လင်းဖန်ရဲ့ ဘေးက ကောင်မလေး နာမည်က စုရှောင်းယွီတဲ့။ တကယ့်ကို ချောလိုက် လှလိုက်ပုံများ နတ်သမီးလေးအတိုင်းပဲ။ "

လူတိုင်းက တအံ့တဩ ရေရွတ်နေခဲ့ကြသည်။ လင်းဖန် ထိုင်ခုံမှာ ထိုင်လိုက်ရုံပဲ ရှိသေး ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး အနည်းငယ်က အပြုံးမျက်နှာ ကိုယ်စီဖြင့် ရောက်လာခဲ့ကြသည်။

" ဟယ်လို မစ်စတာလင်း။ ကျွန်တော်က မစ်စတာလူးဝစ်ပါ။ ကျွန်တော် LV မှာ အလုပ် လုပ်ပါတယ်။ ခင်ဗျားနဲ့ ဒီနေ့ တွေ့ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲဗျာ။ " လူးဝစ်က လင်းဖန်ကို ပြုံးပြီး ကြည့်နေသည်။

တခြား လူတွေက လင်းဖန် ဘယ်သူလဲ ဆိုတာကို မသိပေမဲ့ လူးဝစ်ကတော့ သိသည်။

ဒီမှာ ရှိနေတဲ့ လူ အများစုက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဆိုလျှင်တောင် ဘယ်သူမှ လင်းဖန်ကို မယှဉ်နိုင်ပေ။

လင်းဖန်ဟာ LV ကုမ္ပဏီရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်ပြီး သူတို့ ကုမ္ပဏီရဲ့ သူဌေးကြီး ဖြစ်သည်။

LV ရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင် ဖြစ်နေခြင်း တစ်ခုတည်းကပင် ဒီမှာ ရှိနေတဲ့ လူချမ်းသာတွေ အများကြီး အနိုင်ယူနိုင်သည်။

" ဟယ်လို။ " လင်းဖန်သည် ပြုံးပြကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

" ဟယ်လို မစ်စတာလင်း။ ကျွန်တော် ဂျက်ဖရီပါ။ ကျွန်တော် ကုမ္ပဏီ တစ်ခု ထောင်ထားပါတယ် … "

" ဟယ်လို မစ်စတာလင်း။ ခင်ဗျားက တကယ် ချောတာပဲဗျ။ ကျွန်တော် ခင်ဗျားနဲ့ နှစ်ခွက်လောက် သောက်လို့ ရမလား။ "

" ဒီဘက်က မစ်စ်စုကလည် သိပ်ကို လှပါပေတယ်။ သူမက မစ်စတာလင်းရဲ့ ချစ်သူလား။ "

….

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများအပြားက လင်းဖန်ဘေးကို ရောက်လာပြီး သူ့ကို နှုတ်ဆက်နေခဲ့ကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအခမ်းအနားကို လာနိုင်သူတွေ အကုန်လုံး လူချမ်းသာတွေချည်းပါပဲ။ သူတို့မှာ အနာဂတ်တွင် စီးပွားရေးအရ ပတ်သက်မှု တချို့ပင် ရှိကောင်း ရှိလာနိုင်သည်။

လင်းဖန်၏ နံဘေးမှာ ရှိနေသော စုရှောင်းယွီသည် အခြေအနေကို အလွယ်တကူ ကိုင်တွယ်နိုင်သည်။ သူ့ဘေးမှာ သူမ ရှိနေသောကြောင့် လူများစွာက လင်းဖန်ကို ပိုလို့တောင် အထင်ကြီးသွားခဲ့ကြသည်။

စုရှောင်းယွီက စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးရဲ့ စိတ်အာရုံကို ညို့ငင်ယူထားသည်။

အရေးကြီးဆုံး အရာကတော့ စုရှောင်းယွီက အလွန် လှပနေလို့ပဲ ဖြစ်သည်။

သူမက လင်းဖန်၏ အမျိုးသမီးအဖော် ဖြစ်ကာ ပြပွဲမှာ ရှိနေသော မိန်းကလေးများစွာကို သူမရဲ့ အလှအောက်မှာ မှေးမှိန်သွားစေခဲ့သည်။

လင်းဖန် ထိုင်ခုံမှာ ထိုင်လိုက်၏။ သူ့ဘေးမှာတော့ စုရှောင်းယွီနှင့် လင်းချမ့်ဝေ ထိုင်နေပါသည်။

သူ့ဘေးမှာ ရှိနေကြသော ကောင်မလေး နှစ်ယောက်ကြောင့် လင်းဖန် တစ်ယောက် အနည်းငယ် ခေါင်းမော့ရင်ကော့နေနိုင်သည်။

ကံမကောင်းစွာဖြင့် ရှားဝမ်ချွေ့ ဒီမှာ ရှိမနေပါ။

အကယ်၍ ရှားဝမ်ချွေ့သာ ရှိနေပါက သူမရဲ့ အလှက မိန်းကလေးတိုင်းကို အနိုင်ယူ လွှမ်းမိုးသွားနိုင်လောက်သည်။

" ငါ တစ်ခုခု စားချင်တယ် ဆရာ ~ " ရှားဝမ်ချွေ့က လင်းဖန်ကို သူမရဲ့ လှပသော မျက်လုံးလေးများဖြင့် သနားစဖွယ် မော့ကြည့်နေသည်။ သူမ ဝိုင်နီ နည်းနည်းပါးပါး သောက်ထားခဲ့သော်လည်း ဘာမှ မစားရသေးပေ။

" ဒါဆို ငါ မင်း အတွက် သစ်သီး နည်းနည်း သွားယူပေးမယ်။ " လင်းဖန်က တောက်ပစွာ ပြုံးကာ စုရှောင်းယွီကို ကြည့်လိုက်သည်။

" ဘော့စ် ၊ ကျွန်မလည်း သစ်သီး စားချင်တယ်။ " လင်းဖန်ကို လင်းချမ့်ဝေ ကြည့်နေမိသည်။ သူမ ဒီလို အခမ်းအနားမျိုးမှာ ရောက်နေ၍ အနည်းငယ် စိတ်လှုပ်ရှားနေပေမဲ့ ကံကောင်းထောက်မစွာဖြင့် သူမရဲ့ အနားမှာ စုရှောင်းယွီ ရှိနေသဖြင့် မစိုးရိမ်မိပါ။

" ဟုတ်ပြီ ၊ ငါ မင်းတို့ နှစ်ယောက်လုံးကို ဘယ်မှ လျှောက်သွားခွင့် မပြုဘူးနော်။ " လင်းဖန် ပြုံးလိုက်သည်။ ဒီမှာ လူတွေ အများကြီး ရှိနေတာမို့ စုရှောင်းယွီနှင့် လင်းချမ့်ဝေကို သူ့မျက်စိအောက်ကနေ ပျောက်မသွားစေချင်ပေ။

ဒါက ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲ တစ်ပွဲမို့ သစ်သီးတွေ အများကြီး ရှိလိမ့်မည် ဖြစ်ကာ အရသာရှိသော အစားအသောက် တချို့လည်း ရှိနေလိမ့်မည်။

ဒီမှာ တည်ခင်းဧည့်ခံထားသော အစားအသောက်တွေ အကုန်လုံးက အလွန် ဈေးကြီးသော ဇိမ်ခံ အစားအသောက်တွေ ဖြစ်သည်။

သို့သော်လည်း သစ်သီးတွေကို သူ ကိုယ်တိုင် သွားယူရပါမည်။

လင်းဖန် ထသွားပြီးနောက် အမျိုးသားငယ် တစ်ယောက်သည် စုရှောင်းယွီနှင့် လင်းချမ့်ဝေ အရှေ့သို့ လျှောက်လာသည်။ သူ့လက်ထဲမှာ ဖန်ခွက်တစ်ဝက်စာ ဝိုင် ထည့်ထားသော ဝိုင်ဖန်ခွက်ကို ကိုင်ထားပြီး ပြုံးနေခဲ့သည်။ "

" ကျွန်တော့်နာမည် Pittman ပါ မစ်စ်စု။ ကျွန်တော်က Pitt မိသားစုကပါ။ ကျောက်မျက်ရတနာ စီးပွားရေးလုပ်ငန်း တစ်ခုကို ကျွန်တော်တို့ ပိုင်ပါတယ်။ မင်းက အရမ်း လှတယ် မစ်စ်စု။ ကျွန်တော် မင်းနဲ့ တစ်ခွက်လောက် သောက်လို့ ရမလားဟင်။ " ဟု Pittman က ပြောလိုက်သည်။ စုရှောင်းယွီကို ကြည့်နေသည့် သူ့မျက်လုံးထဲမှာ သဘောကျ နှစ်လိုမှု အရိပ်အငွေ့တွေ ယှက်သန်းနေခဲ့သည်။

စုရှောင်းယွီမှာ သွယ်လျသော ခါးနှင့် ခြေတံရှည်တွေ ၊ အချိုးအစား ကျနသော ခန္ဓာကိုယ်ဟန်နှင့် နတ်မိမယ်လေးအလား အသွင်အပြင် ရှိသည်။

သူမ အပြင်သွားတဲ့အခါ စုရှောင်းယွီသည် စိတ်ထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လွတ်လွတ် နေတတ်သည်။ သူမက အလွန် နှစ်လိုဖွယ်ကောင်းကာ သူမရဲ့ ချစ်စရာ အပြုအမူ တချို့ကိုတော့ လင်းဖန်အရှေ့မှာပဲ ထုတ်ပြလေ့ရှိသည်။

ထိုမိန်းကလေးက လူတွေအား သူမဟာ အလွန် ဖြူစင်လှပသည်ဟု ခံစားရစေသည်။ မျက်နှာလှလှလေးနှင့် ပေါင်းစပ်လိုက်ချိန်မှာ တခြား လူတွေ အတွက် သူမကို သဘောမကျဖို့ ဆိုတာ ခက်ခဲသော အရာ တစ်ခု ဖြစ်သွားသည်။

" ဟယ်လို။ " စုရှောင်းယွီက Pittman ကို ပြုံးပြီး ကြည့်လိုက်သည်။ ဒီပွဲမှာ ရှိနေတဲ့ ဘယ်သူ့ကိုမဆို သူမ မချေမငံ ဆက်ဆံမှာ မဟုတ်ပေ။ သူမက ဖန်ခွက်ထဲက ဝိုင်နီကို ညင်သာစွာ တစ်ငုံ သောက်လိုက်ပြီး သူမရဲ့ အပြုအမူက အလွန် ယဉ်ကျေးနေခဲ့သည်။

" မင်း အရမ်း လှတယ် မစ်စ်စု။ ကျွန်တော်တို့ ဓာတ်ပုံ အတူတူ ရိုက်လို့ ရမလား။ "

" ကျွန်တော်တို့ ဓာတ်ပုံရိုက်နေတုန်း ကျွန်တော် မင်းရဲ့ ပခုံးကိုရော ဖက်ထားလို့ ရမလား။ ကျွန်တော့်အတွက် မစ်စ်စုနဲ့ ဓာတ်ပုံ တွဲရိုက်နိုင်တာက ဝမ်းသာဂုဏ်ယူစရာပါ။ " Pittman သည် ပြုံးပြကာ သူ့ဖုန်းကို ထုတ်လိုက်သည်။

သူ့အမြင်မှာတော့ သူက Pitt မိသားစုရဲ့ မိသားစုဝင် တစ်ယောက်ပင်။ Pitt မိသားစုကို ပဲရစ်မှာ ဆွေကြီးမျိုးကြီး မိသားစု တစ်ခုဟု သတ်မှတ်ထားကြသည်။ ထို့အပြင် သူတို့ရဲ့ ကျောက်မျက်ရတနာ စီးပွားရေးလုပ်ငန်းကလည်း သူတို့အား ဘီလီယမ် ဆယ်ချီသော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်စေခဲ့သည်။

Pitt မိသားစုက အလွန် ချမ်းသာပါသည်။ Pittman သည် မိန်းကလေးတွေနှင့် အီစီကလီလုပ်ရတာကို အမြဲတမ်း ဝါသနာပါသည်။ ဥရောပသူလေးတွေကို အီစီကလီလုပ်ခြင်းနှင့် သူ အသားကျနေပြီးသားပါ။ ယနေ့ စုရှောင်းယွီကို သူ မြင်သောအခါ သူမရဲ့ ဆွဲဆောင်မှုအောက်မှာ သူ မျောပါသွားခဲ့သည်။

" အားနာပါတယ်ရှင်။ ရှင် အဲ့လို လုပ်လို့တော့ မရဘူး။ " စုရှောင်းယွီက ခေါင်းခါရင်း ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူမရဲ့ အမူအရာကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

All Chapters