← Chapters

မွ ~ ဆရာက အရမ်းသဘောကောင်းတယ် (၂)

Vol. 14 Ch. 203

မွ ~ ဆရာက အရမ်းသဘောကောင်းတယ် (၂)

Vol. 14 Ch. 203

သူမက နာမည်ကြီး ကြယ်ပွင့် တစ်ယောက်လေ။ ဘယ်လိုလုပ် တခြား လူတွေကို သူမရဲ့ ပခုံးကို ဖက်ပြီး ဓာတ်ပုံရိုက်ခွင့်ပြုနိုင်မှာလဲ။ သူမ နိုင်ငံခြားမှာ ရောက်နေတာ ဆိုသော်လည်း နိုင်ငံခြား မီဒီယာ ချန်နယ်တွေ အများကြီး ရှိနေတာမို့ သူမကို သိတဲ့ လူတွေ အများအပြား ရှိသည်။

သူမက နိုင်ငံရဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါသည်။ ပြည်ပတွင် ရောက်နေချိန်မှာ သူမက တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ကိုယ်စားပြုသည်။

သူမဟာ စူပါစတား တစ်ယောက် မဟုတ်လျှင်တောင် ဒီ Pittman ဆိုတဲ့ လူကို သူမရဲ့ ပခုံးအား အလေးအနက်မရှိ ဖက်ချင်သလို ဖက်ခွင့် ပေးမှာ မဟုတ်ပေ။

သို့သော် Pittman က ရန်လိုမနေသောကြောင့် စုရှောင်းယွီသည် ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောခဲ့သည်။

သူမက အလွန် ပါးနပ်ကာ Pittman ကို ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အပြင်မှာ ဘယ်သူ့ကိုမှ ရိုင်းရိုင်းပျပျ မဆက်ဆံတာ ပိုကောင်းရဲ့။

စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ရှိသော မည်သူမဆို စုရှောင်းယွီ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီး သူမကို ဖက်ဖို့ ၊ သို့မဟုတ် ဓာတ်ပုံ တွဲရိုက်ဖို့ မလုပ်တော့မှာ သေချာသလောက်ပါပဲ။

ဒါပေမဲ့ ဒီ Pittman ဆိုတဲ့ လူက ဘယ်လို လူမျိုးကြီးလဲ။

လူချမ်းသာ သခင်လေး တစ်ယောက် ဖြစ်သော Pittman သည် မိန်းကလေးတွေကို အီစီကလီလုပ်တဲ့ နေရာမှာ အခုမှ ပထမဆုံး အကြိမ် ကျရှုံးဖူးတာ ဖြစ်လေသည်။

အဓိက အချက်ကတော့ စုရှောင်းယွီဟာ အလွန် လှ၏။ ပြင်သစ်သူ မိန်းကလေးတွေ များစွာကို သူ အရင်တုန်းက တွေ့ခဲ့ဖူးသော်လည်း ယနေ့ စုရှောင်းယွင်ကို မြင်အပြီးမှာ Pittman သည် ထူးထူးခြားခြား ရင်ခုန် စိတ်လှုပ်ရှားလာခဲ့သည်။

" တကယ် မဖြစ်နိုင်ဘူးလား မစ်စ်စု။ ဆိုးလိုက်တာဗျာ။ "

" မင်းက အရမ်း လှတယ် မစ်စ်စု။ မင်းမှာ ချစ်သူ ရှိလား။ " Pittman က ဆက်တိုက် မေးနေခဲ့သည်။

စုရှောင်းယွီသည် ပြုံးရုံသာ ပြုံးကာ ပြန်ပြောလိုက်သည်။ " အဲ့ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာပါ။ ကျွန်မ အတွက် အဲ့ဒါကို ထုတ်ပြောဖို့ အဆင်မပြေပါဘူးရှင်။ "

စုရှောင်းယွီ၏ ထိုကဲ့သို့ တုံ့ပြန်စကားကို ကြားလိုက်ရသောအခါ Pittman တောက်ပစွာ ပြုံးမိသည်။ သူ့အမူအရာကတော့ မပြောင်းမလဲ ရှိနေဆဲ။

Pittman သည် မိန်းကလေးတွေ အများကြီးနှင့် အမြဲတမ်း ကြူခဲ့ဖူးတာမို့ မိန်းကလေးတွေရဲ့ ဒီလို ရိပ်ဖမ်းသံဖမ်း စကားတွေကို နားလည်နေပြီးသား ဖြစ်သည်။

စုရှောင်းယွီရဲ့ စကားက သူမမှာ ချစ်သူ မရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။

တစ်နည်းအားဖြင့် ပြောရလျှင် စုရှောင်းယွီက သက်ဆိုင်သူ မရှိသေးသော လူလွတ် တစ်ယောက်ပင်။

အငြင်းခံလိုက်ရပြီးနောက် Pittman သည် ပိုလို့တောင် ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ " မစ်စ်စု .. တကယ်တမ်းကျ တရုတ်နိုင်ငံမှာ နာမည်ကျော် ကြယ်ပွင့် တစ်ယောက် ဆိုတော့ ရုပ်ရှင်တွေ ရိုက်ရတာ အရမ်း ပင်ပန်းမှာပဲနော်။ ကျွန်တော်တို့ရဲ့ Pitt မိသားစုက ကျောက်မျက်ရတနာ စီးပွားရေးလောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်း ၂၀၀ ကျော် ကြာပါပြီ ၊ လုပ်ငန်းကိုလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာလည်း တော်တော်လေး ကြာခဲ့ပြီပေါ့ဗျာ။ နှစ်တိုင်း အကျိုးအမြတ်တွေ ဘီလီယမ် ဆယ်ချီပြီး ကျွန်တော်တို့တွေ ရလေ့ရှိတယ် ၊ ပြီးတော့ ကုမ္ပဏီက တဟုန်ထိုး အောင်မြင်နေတာ။ "

" Pitt မိသားစုရဲ့ အနာဂတ် ပိုင်ဆိုင်မှုတွေကိုလည်း ကျွန်တော်ပဲ အကုန်လုံး အမွေဆက်ခံရမှာလေ။ မိသားစုရဲ့ ဘီလီယမ် ဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေကို အမွေ မဆက်ခံချင်ပေမဲ့ ကျွန်တော် လုံးဝ ငြင်းလို့ မရဘူး။ " Pittman က ပြုံးပြကာ တိတ်တဆိတ် ကြွားဝါနေခဲ့သည်။

သူ့ရည်ရွယ်ချက်က စုရှောင်းယွီအား သူ့မိသားစုက ဘယ်လောက် ချမ်းသာကြောင်း သိသွားစေချင်တာ ဖြစ်သည်။

အကယ်၍ သူမသာ သူ့ကောင်မလေး ဖြစ်လာပါက သူမရဲ့ အနာဂတ် အတွက် စိတ်ပူစရာ မလိုဘူး ဆိုတာကိုလည်း သူ အရိပ်အမြွက် ပေးနေခဲ့သည်။

စုရှောင်းယွီ ချက်ချင်း သဘောပေါက်သွားသည်။

ဒီ Pittman ဆိုတဲ့ လူက သူမကို အီစီကလီလုပ်ချင်နေတာပါလား။

စုရှောင်းယွီသည် ' လင်းဖန်သာ ဒီမှာ ရှိနေရင် ' ဟူသော အတွေးဖြင့် လင်းဖန်ကို ဝေ့ဝဲ ရှာကြည့်မိသည်။

လင်းဖန်ဆီကနေ သူမ အီစီကလီအလုပ်ခံချင်ပေမဲ့ Pittman အီစီကလီလုပ်တာကိုတော့ သူမ မလိုချင်ပေ။

" ဟုတ်ကဲ့။ " စုရှောင်းယွီက Pittman ကို ဆက်မကြွားဝါနိုင်စေရန် အတွက် ဘာသံသယမှ မရှိသလို ပုံစံဖြင့် ရိုးရိုးရှင်းရှင်းပဲ ပြန်ပြောလိုက်သည်။

Pittman သည် စုရှောင်းယွီက သူ့မိသားစု အခြေအနေတွေကို ဘာမှ မတုံ့ပြန်ကြောင်း မြင်သွားလျှင် သူ့မျက်နှာ တင်းမာသွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

ပုံမှန်အားဖြင့် အဲ့ဒီလောက် အကျိုးအမြတ်တွေ အများကြီးနဲ့ သူ မက်လုံး ပေးလိုက်ရင် ဘယ်မိန်းကလေးက သူ့ဘက် မပါလာဘဲ နေမှာတဲ့လဲ။

Pitt မိသားစုရဲ့ သခင်လေး မရနိုင်တဲ့ မိန်းကလေး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေ။

စုရှောင်းယွီက တရုတ်နိုင်ငံမှာ နာမည်ကြီး ကြယ်ပွင့် တစ်ယောက် ဆိုရင်လည်း ဘာများ ထူးခြားသွားလို့လဲ။

Pittman တို့လို လူမျိုးတွေ အတွက် ပိုက်ဆံကသာ ဘုရားသခင် ဖြစ်သည်။

စုရှောင်းယွီကို သူ မဆွဲဆောင်နိုင်ဘူး ဆိုလျှင် သူ့မှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိလို့ပဲ ဖြစ်ရမည်။

" မစ်စ်စု ၊ လင်းဖန်ကလည်း တရုတ်နိုင်ငံမှာ နာမည်ကျော် ကြယ်ပွင့် တစ်ယောက်ပဲ မဟုတ်လား။ " ဟု Pittman ပြောလိုက်သည်။

" ဟုတ်ကဲ့။ မှန်ပါတယ်။ " စုရှောင်းယွီက ပြန်ပြောလိုက်သည်။ သူမ သူ့ကို စတင် ငြင်းဆန်နေခဲ့ပြီးပြီ ဖြစ်သည်။ ဒီ Pittman ဆိုတဲ့ လူနှင့် သူမ တကယ် ဘာစကားမှ ဆက်မပြောချင်တော့သော်လည်း သူမမှာ ရွေးချယ်စရာ မရှိပါ။ ဘာပဲပြောပြော သူကလည်း အရမ်းကြီး စည်းလွတ်ဘောင်လွတ် မပြုမူသေး။

ဧည့်ခံပွဲတွေမှာ သူငယ်ချင်း တစ်ယောက်က မင်းကို သူ့မိသားစုက ဘယ်လောက် ချမ်းသာကြောင်း လာကြွားနေပါက များသောအားဖြင့် မင်း သူ့ကို ဗြောင်ကျကျ ငြင်းခုံမှာ မဟုတ်ပါ။ အများဆုံးမှ မင်း အဲ့ဒီ လူကို စိတ်ထဲကနေပဲ ကျိတ်ရယ်နေမှာ ဖြစ်သည်။

" ဆိုးတော့ မဆိုးပေမဲ့ နာမည်ကျော် ကြယ်ပွင့် တစ်ယောက်ရဲ့ ဝင်ငွေ ဆိုတာ အရမ်း အကန့်အသတ်ရှိတယ်။ အနုပညာရှင် တစ်ယောက်ရဲ့ ဝင်ငွေ ဆိုတာ ကျွန်တော်တို့ရဲ့ ကျောက်မျက်ရတနာလုပ်ငန်းလို ကုန်သွယ်ရေးကုမ္ပဏီတွေနဲ့ဝောာ့ အပုံကြီး ကွာတယ်လေ။ "

" ကျွန်မတို့ စူပါစတားရဲ့ ဝင်ငွေက ကျောက်မျက်ရတနာကုမ္ပဏီ တစ်ခုနဲ့တော့ အစကတည်းက ဘယ်ယှဉ်ကြည့်လို့ ရပါ့မလဲရှင်။ ဒါနဲ့ ရှင့်မှာ တခြား ပြောစရာ ရှိသေးလားလို့ ကျွန်မ မေးလို့ ရမလား။ " စုရှောင်းယွီက Pittman ကို ကြည့်ရင်း မေးလိုက်သည်။

" ကျွန်တော် ဒီနေ့ မင်းကို စကားတွေ အများကြီး ပြောမိသွားလို့ တောင်းပန်ပါတယ် မစ်စ်စု။ "

" ဒီနေ့ ကျွန်တော့်မှာ တောင်းဆိုချင်တာလေး တစ်ခု ရှိပါတယ်။ "

" မင်း ကျွန်တော့်ရဲ့ အမျိုးသမီးအဖော် ဖြစ်ပေးချင်လား။ ကျွန်တော်နဲ့ နှစ်ကြိမ် တွဲကပေးပါ။ မင်း ကျွန်တော်နဲ့ နှစ်ကြိမ် တွဲကပေးချင်တယ် ဆိုရင် ကျွန်တော် ဒီနေ့ ကြေညာမယ့် အသက်စက်စက် Bugatti ကားကို မင်း အတွက် လက်ဆောင်အဖြစ် ဝယ်ပေးချင်ပါတယ်။ မင်း ကျွန်တော့်အတွက် တခြား ဘာမှ လုပ်ပေးစရာ မလိုဘူး။ " ဟု Pittman က အပြုံးလေးဖြင့် ပြောလိုက်သည်။ လက်တွေ့ကျသော အပေးအယူ တစ်ခုကို သူ ထုတ်မသုံးလျှင် စုရှောင်းယွီကို ရနိုင်မှာ မဟုတ်ဘူးလို့ ခံစားနေရသည်။

စုရှောင်းယွီ၏ သဘောထားက သူ့ကို သူမနှင့် ပတ်သက်ပြီး ပိုလို့ သိချင်စိတ်ပြင်းပြစေခဲ့သည်။

သူမကို သူ မရနိုင်လေ ၊ ပိုပြီး လိုချင်လာလေပဲ ဖြစ်သည်။

အကယ်၍ သူ စုရှောင်းယွီကို ပိုးပန်းချင်ပါက ပိုက်ဆံ တစ်ခုတည်းနှင့် ပိုးပန်းဖို့ လွယ်မှာ မဟုတ်ပါ။

ထို့ကြောင့် Pittman သည် ပိုမက်မောစရာ မက်လုံးတွေကို တစ်ဆင့်ပြီး တစ်ဆင့် ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဤအခြေအနေက လူ တစ်ယောက်ဟာ အဓိကလမ်းမကြီးကို သွားနေတုန်း လှပသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရ၍ သူမကို သူနှင့်အတူ ညစာ စားချင်လား ၊ ဒါမှမဟုတ် တွဲကချင်လားဟု မေးမြန်းနေပုံနှင့် တူသည်။ တကယ်လို့ သူမက လက်ခံလိုက်လျှင် ထိုလူက သူမကို မီလီယမ် ဆယ်ချီ တန်ဖိုးရှိသော ပြိုင်ကား တစ်စီးကို ပေးလိမ့်မည်။

မိန်းကလေးများစွာကတော့ တစ်ဖက်လူက လွန်ကျူးသော တောင်းဆိုချက်တွေကို တောင်းဆိုနေတာ မဟုတ်သလို သူနှင့် အတူ အိပ်ပေးဖို့ တောင်းဆိုနေတာလည်း မဟုတ်သဖြင့် ဘဘာဝကျစွာပင် ငြင်းဆန်မှာ မဟုတ်ပေ။ တစ်ဖက်လူက အဲ့လိုမျိုး တောင်းဆိုနေလျှင် သူမတို့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားသလို ဖြစ်သွားလိမ့်မည်။

သို့သော်လည်း လက်ခံရန် ရွေးချယ်လိုက်ပြီ ဆိုတာနှင့် သူမဟာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခင်မှာပဲ ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးကို နင့်နင့်နဲနဲ ငြိတွယ်သွားပြီး တဖြည်းဖြည်း သဘောကျလာလိမ့်မည်။

ဒါက Pittman ၏ နည်းလမ်း ဖြစ်သည်။

လင်းချမ့်ဝေသည် ဆက်သည်းမခံနိုင်တော့ပါ။

Pittman က စုရှောင်းယွီကို တကယ်ကြီး ဒီလို ပိုးပန်ချင်နေတာလေ။

စုရှောင်းယွီကို ပိုးပန်းပြီး သူမနှင့် အိပ်ခွင့် ရရန် အတွက် သူက နည်းလမ်းမျိုးကိုတောင် သုံးနေခဲ့ပါပြီ။

လင်းချမ့်ဝေက အလွန် ပါးနပ်သည်။ သူမက ချက်ချင်းပဲ ဖုန်းကို ယူကာ လင်းဖန်ဆီ ဖုန်းဆက်လိုက်သည်။

ဘော့စ်ရေ ၊ ဘော့စ်ရဲ့ ခွေးမလေးကို တခြား လူတွေက အသည်းအသန် ဖြားယောင်းသွေးဆောင်နေပြီ။ ဘော့စ် အဲ့ဒါကို ဘယ်လိုလုပ် လက်ပိုက် ကြည့်နေနိုင်ရတာလဲ။

သူမ ဖုန်းခေါ်ဖို့ ပြင်နေစဉ်မှာပဲ လင်းဖန် ပြန်ရောက်လာခဲ့သည်။

လင်းဖန်သည် သစ်သီးပန်းကန် အနည်းငယ်ကို ယူလာခဲ့ကာ စားပွဲပေါ် တင်လိုက်၏။ စုရှောင်းယွီအရှေ့မှာ ရပ်နေသော Pittman ကို မြင်သွားသောအခါ လင်းဖန်၏ အကြည့် ပြောင်းလဲသွားသည်။

သူ ဒီမှာ မရှိတုန်း တစ်ယောက်ယောက်က စုရှောင်းယွီကို အနိုင်ကျင့်ချင်နေတာလား။

စုရှောင်းယွီက သူ့ခွေးလေး ဖြစ်ကာ များသောအားဖြင့် အလွန် ချစ်စရာကောင်းသည်။

ထို့ပြင် စုရှောင်ယွီကို ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲသို့ ခေါ်လာခဲ့တာ လင်းဖန် ဖြစ်ပါသည်။

စုရှောင်းယွီက လိုက်မလာရန် ရွေးချယ်နိုင်သော်လည်း သူ့နောက်ကို လိုက်လာခဲ့သည်။

သူတို့ ရှုမျှော်ခင်း ကြည့်ပြီး အတူတကွ ကစားကြရန် သူ့ခွေးလေးကို ပဲရစ်သို့ ခေါ်လာခဲ့တာပင်။ တစ်ယောက်ယောက်က သူ့ခွေးလေးကို တကယ်ပဲ အလစ်သုတ်ချင်နေတာလား။

အကယ်၍ စုရှောင်းယွီသာ အနိုင်ကျင့်ခံရရင် သူ့ဇနီးလေးကို လင်းဖန် ဘယ်လို ရှင်းပြရမှာလဲ။

စုရှောင်းယွီက လင်းဖန်ကို မြင်တော့ တောက်ပစွာ ပြုံးပြလိုက်သည်။ " ဆရာ ၊ ငါလည်း Bugatti ပြိုင်ကား တစ်စီး လိုချင်တယ်။ "

လင်းဖန်သည် အရှေ့တိုးပြီး စုရှောင်းယွီ၏ ခေါင်းလေးကို ပွတ်လိုက်သည်။ " မင်း လိုချင်တာမှန်သမျှ ငါ ဝယ်ပေးမယ်။ "

စုရှောင်းယွီရဲ့ မျက်လုံးလေးတွေ လက်ခနဲ အရောင်တောက်သွားကာ သူမ ပျော်ရွှင်စွာ ပြုံးမိသည်။ သူမ လင်းဖန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ပြောလိုက်သည်။ " ဆရာက အရမ်း သဘောကောင်းတာပဲ။ မွ ~ ငါ ဆရာ့ကို ဆုချရမယ်။ "

လင်းဖန်သည် အပေါ်ယံ ကြည့်ရုံဖြင့် စုရှောင်းယွီ သရုပ်ဆောင်နေတယ် ဆိုတာ ပြောနိုင်သည်။

ထို Pittman ဆိုတဲ့ လူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်း၍ စုရှောင်းယွီသည် ဒီအစီအစဉ်ကိုပင် သုံးနေရပြီ ဖြစ်သည်။

သူမ လင်းဖန်ကို သူမဘက်ကနေ အရင် နမ်းလိုက်ချင်သည်။ အဲ့ဒါက Pittman အား သူမနှင့် လင်းဖန်ဟာ ဆက်ဆံရေးကောင်း တစ်ခုကို ပိုင်ဆိုင်ထားတယ် ဆိုတာ သိစေလိမ့်မည်။

လင်းဖန်က စုရှောင်းယွီကို အနိုင်ကျင့်နိုင်ပေမဲ့ သူမကို တခြား လူတွေ အနိုင်ကျင့်ချင်လျှင်တော့ သူ သေချာပေါက် လက်ခံပေးမှာ မဟုတ်ပေ။

လင်းဖန်က စုရှောင်းယွီကို အခွင့်အရေး မယူခဲ့ပေ။ သူက ဘယ်တုန်းကမှ အဲ့လို လူမျိုး မဟုတ်ပါဘူး။

Pittman သည် လင်းဖန်ရဲ့ ရင်ခွင်ထဲ ရောက်နေသော စုရှောင်းယွီကို ကြည့်ကာ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး အနည်းငယ် ဒေါသထွက်သွားမိသည်။

သူ တစ်ခုခု ပြောချင်သော်လည်း ဘာမှ မပြောဘဲ နေလိုက်သည်။

တစ်စုံတစ်ယောက်ကို သူ ဆွဲထိုးချင်နေပါပြီ။

သောက်ကျိုးနည်း ၊ တရုတ်လူမျိုး အနုပညာရှင် တစ်ယောက်က သူ့ကောင်မလေးကို လာလုယူရဲတဲ့အထိ အတင့်ရဲနေတာပဲ။

သို့သော် Pittman သည် ကိုယ့်စိတ်ကိုယ် ပြန်ထိန်းထားလိုက်သည်။

အဟက် ၊ တရုတ်လူမျိုး အနုပညာရှင် တစ်ယောက်က သူနဲ့ ငွေကြေးပိုင်ဆိုင်မှုချင်း လာပြိုင်နေတာလား။

ဘာတွေပဲ ဖြစ်လာပါစေ။ Pittman ကတော့ ယနေ့ ရောင်းချမည့် ပြိုင်ကားတွေ အကုန်လုံးကို ဝယ်ယူဖို့ ဆုံးဖြတ်ထားလိုက်သည်။

အနည်းဆုံးတော့ ပိုက်ဆံနှင့် ပတ်သက်လာလျှင် သူ ဘယ်တော့မှ မရှုံးပါ။

စုရှောင်းယွီက လင်းဖန်၏ လက်မောင်းကို အရင် ဖက်လိုက်ကာ Pittman ကို ပြုံးပြခဲ့သည်။ " ကျွန်မ အားနာပါတယ်ရှင်။ ဆရာက ကျွန်မကို ကား တစ်စီး ဝယ်ပေးဖို့ သဘောတူပြီးသွားလို့ပါ။ "

" သွားရအောင် ဆရာ။ ငါက နင့်ရဲ့ အက ပါတနာပဲ။ ငါ ဒီနေ့ သေချာလေး ကချင်နေတယ်။ နင် ဘယ်လို ကရမလဲ ဆိုတာ သိလား။ " စုရှောင်းယွီသည် လင်းဖန်ကို မျက်လုံး တစ်ဖက် မှိတ်ပြကာ သနားစဖွယ်လေး ကြည့်နေခဲ့သည်။

လင်းဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ Pittman က စုရှောင်းယွီကို အနိုင်ကျင့်ချင်နေမှတော့ သူကလည်း သူမနှင့်အတူ သရုပ်ဆောင်ပေးရပါမည်။

သူ့ဇနီးလေး စိတ်ဆိုးသွားပြီး သူ့ကို ကိုက်မှာလား ဆိုတာ လင်းဖန် သိချင်မိသည်။

ထားလိုက်ပါတော့ ၊ နောက်မှ သူမကို သူ ရှင်းပြလိုက်မယ်။

အပြင် တစ်နေရာမှာ စုရှောင်းယွီ အနိုင်ကျင့်ခံနေရလျှင် ရှားဝမ်ချွေ့ တော်တော် ဒေါသထွက်သွားမယ် ဆိုတာ သူ သေချာနေသည်။

စုရှောင်းယွီသည် လင်းဖန်၏ ပခုံးပေါ်မှာ လက်တင်လိုက်သည်။ သူမက လှပသော ပွဲတက်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ကပွဲကြမ်းပြင်သို့ လင်းဖန်နှင့်အတူ လျှောက်လာခဲ့သည်။

ထိုအချိန်မှာ လျစ်လျူရှုခံလိုက်ရသော Pittman ကတော့ ရှုးရှူးရှားရှား ဒေါသပေါက်ကွဲနေခဲ့လေသည်။

ဒီနေ့ သူ လင်းဖန်ကို ကား တစ်စီးမှ ဝယ်လို့ မရအောင် လုပ်ပြမယ် … ။

All Chapters