← Chapters

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၁ )

Vol. 14 Ch. 204

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၁ )

Vol. 14 Ch. 204

" မင်း သူ့ကို ဒီလိုမျိုး ဒေါသတွေ တအား ထွက်နေတော့မှာလား။ " လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။

စုရှောင်းယွီက မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။ " ဘယ်သူကရော ငါ့ကို လာနှောင့်ယှက်ဖို့ သူ့ကို ခိုင်းထားလို့လဲ။ သူ့ရဲ့ တဏှာရူး အကြည့်ကိုပဲ ကြည့်လိုက်ပါဦး။ ငါ မကြိုက်ဘူး။ ဟွန်း။ "

လင်းဖန်သည် စုရှောင်းယွီ၏ ခေါင်းလေးကို ပွတ်လိုက်သည်။ " ငါသာ ကြိုသိခဲ့ရင် မင်းကို ခေါ်မလာခဲ့ပါဘူး။ မင်းက အရမ်း လှတယ်လေ။ ငါ မင်းကို အကောင်းပကတိ အိမ်ပြန်မပို့ပေးရင် ဝမ်ချွေ့ကပဲ ငါ့ကို သေအောင် ကိုက်မလား ၊ ဒါမှမဟုတ် မင်း အဖေကပဲ ငါ့ကို သေအောင် ရိုက်မလား .. နှစ်ခုထဲက တစ်ခုခုပဲ။ "

စုရှောင်းယွီက ခပ်တိုးတိုး ရယ်လိုက်သည်။ " ငါ့ကို အဲ့လို ဖြစ်အောင် လုပ်တဲ့ လူက ဘယ်သူလဲ ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ နင်သာ ဆိုရင် ငါ့အဖေက ဒေါသထွက်ချင်မှ ထွက်မှာ။ "

လင်းဖန်က စုရှောင်းယွီရဲ့ ခေါင်းလေးကို ခပ်ဆတ်ဆတ်လေး ပုတ်လိုက်သည်။ " အများကြီး လျှောက်တွေးမနေနဲ့ ကလေးမ။ "

စုရှောင်းယွီသည် သူမရဲ့ ခေါင်းကို ပွတ်ကာ မျက်နှာလေး စူပုပ်သွားခဲ့သည်။

လင်းဖန် ပြောလိုက်သည်။ " အဲ့ဒီ Pittman ဆိုတဲ့ လူက အရမ်း ချမ်းသာတဲ့ ပုံပဲ။ မင်းအရှေ့မှာ သူက ကြွားလုံးထုတ်ပြီး မင်းကို ကားဝယ်ပေးချင်နေတာနော်။ သူနဲ့အတူ တွဲကရင် မင်းကို Bugatti ကား တစ်စီး ဝယ်ပေးမယ်တဲ့လား။ "

" မင်းက ကမ္ဘာ့အချမ်းသာဆုံး လူကို အဖေတော်ထားရတာပဲ။ မင်းရဲ့ အဖေက မင်း လိုချင်တဲ့ ဘယ်ကားကိုမဆို ဝယ်ပေးမှာပါ။ " လင်းဖန်က ပြုံးလိုက်သည်။

တခြား လူများက စုရှောင်းယွီ၏ မိသားစုနောက်ခံကို မသိကြသော်လည်း လင်းဖန်ကတော့ သိသည်။

စုရှောင်းယွီရဲ့ အဖေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပင်။

အပတ်တိုင်း သူမ မုန့်ဖိုးတွေ အများကြီး ရလေ့ရှိပေမဲ့ သူမကတော့ ထိုပိုက်ဆံတွေကို မလိုချင်ပါ။

ဘာပဲပြောပြော စူပါစတား တစ်ယောက် ဖြစ်လာပြီးနောက်ပိုင်း စုရှောင်းယွီသည် ပိုက်ဆံ အများကြီး ရှာနိုင်နေပြီ ဖြစ်သည်။

စုရှောင်းယီနှင့် အိပ်ရန် ဖျော်ဖြေရေးလောကထဲမှ လူတွေ အများကြီး မကြိုးစားရဲကြတဲ့ အကြောင်းပြချက်က သူမမှာ အဲ့ဒီလို မိသားစုနောက်ခံ ရှိနေတာကြောင့်ပါ။

စုရှောင်းယွီက အကြင်နာပေးခန်းတွေ သို့မဟုတ် အချစ်ရေး ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးသည်ဖြစ်စေ ၊ မရိုက်ကူးသည်ဖြစ်စေ … ဘယ်သူမှ သူမရဲ့ အနာဂတ် တက်လမ်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပေ။

စုရှောင်းယွီက ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။ သခွားသီးကို တစ်ကိုက် ကိုက်ပြီးမှ သူမ ပြောခဲ့သည်။ " မတူဘူးလေ ဆရာရဲ့။ အဖေ ငါ့အတွက် ဝယ်ပေးတဲ့ ကားနဲ့ ငါ ကိုယ်တိုင် ငါ့ပိုက်ဆံနဲ့ ဝယ်ရတဲ့ ကားက ခံစားရတာချင်း မတူဘူး။ "

" ဆရာ ငါ့အတွက် ကား တစ်စီး ဝယ်ပေးရင် ခံစားချက်က ပိုလို့တောင် တူမှာ မဟုတ်ဘူး။ " စုရှောင်းယွီက အပြုံးလေးဖြင့် ပြောလိုက်သည်။

" ဘာဖြစ်လို့ မတူမှာလဲ။ " စုရှောင်းယွီကို လင်းဖန် ကြည့်နေမိသည်။

" အာဝူး ၊ ငါ အရမ်း ပျော်ရမှာလေ။ ဆရာက မိန်းကလေး တစ်ယောက် အတွက် ပထမဆုံး အကြိမ် ဝယ်ပေးမယ့် ကားက ငါ့အတွက်ပဲကို ~~~ " စုရှောင်းယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။

" မင်း လိုချင်တယ် ဆိုရင် ငါ တစ်စီး ဝယ်ပေးမယ်။ အများကြီး ကုန်ကျမှာ မဟုတ်ဘူး။ " ဟု လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်သည်။

စူပါးစတား တစ်ယောက် ဖြစ်သော စုရှောင်းယွီဟာ ဒီနေရာအထိ သူ့နောက်ကို လိုက်လာခဲ့ပါသည်။ အကယ်၍ သူမသာ ကြိုးကြိုးစားစား ပိုက်ဆံရှာနေလျှင် ဒီလထဲမှာ အများကြီး ရှာနိုင်မှာ ဖြစ်သည်။

" ဟင့်အင်း ၊ ငါ ကားမမောင်းဘူးနော်။ ငါ့အတွက် ဆရာ ကားမောင်းပေးရင် ပိုကောင်းမှာ မဟုတ်ဘူးလား။ "

" ကဲ ၊ တော်တော့။ ပြန်သွားဖို့ အချိန်ကျနေပြီ။ မကြာခင် ဒီမှာ ကား အသစ် မိတ်ဆက်ဖြန့်ချီပွဲကို စတင်တော့မှာ။ တစ်ယောက်ယောက်က ကားကို ဝယ်ချင်တယ် ဆိုရင် ချက်ချင်း တန်းဝယ်သွားလို့ ရတယ်။ "

" အဲ့ဒီ Pittman ဆိုတဲ့ လူက မင်းရဲ့ ရှေ့မှာ ထပ်ကြွားချင်နေမှဝောာ့ သူ့ကို ကြွားခွင့် ပေးလိုက်ပါ။ " လင်းဖန် ပြုံးလိုက်သည်။

" ဟီးဟီး … ဆရာက Bugatti ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်ပဲ။ သူ များများ ဝယ်လေ ၊ ဆရာ ပိုက်ဆံ များများ ရလေပဲပေါ့။ " ဟု စုရှောင်းယွီက ပြောလိုက်သည်။

" မင်း ဉာဏ်ကောင်းတယ်။ " လင်းဖန်က ပြုံးကာ စုရှောင်းယွီနှင့်အတူ ထိုင်ခုံမှာ ထိုင်လိုက်သည်။

Bugatti ကုမ္ပဏီကနေ ကား တစ်စီး ရောင်းချရတိုင်း သူတို့ ငွေကြေးမြောက်များစွာ ရနိုင်သည်။

ပြီးတော့ ထိုအကျိုးအမြတ်တွေရဲ့ ရာခိုင်နှုန်း အတိုင်းအတာတစ်ခုကို နှစ်ကုန်ပိုင်းမှာ လင်းဖန်ထံ ခွဲဝေပေးမှာ ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် Bugatti ကားတွေကို တခြား လူတွေ ပိုဝယ်ချင်လေ ၊ လင်းဖန်က ပိုစိတ်ချမ်းသာလေပါပဲ။

ကြွားဝါခြင်းကိုတော့ လင်းဖန် စိတ်မဝင်စားပါ။

သူ ဒီပွဲမှာ ဘယ်ကားကိုမှ ဝယ်မှာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက ယနေ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲရဲ့ အဓိက ဇာတ်ကောင် တစ်ယောက် ဖြစ်သည်။

လင်းဖန်က ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်မို့ Bugatti ရဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေက တခြား ဘယ်သူမှ မဝယ်နိုင်သော ဒီပြိုင်ကားကို လင်းဖန်ဆီ ပေးရန် အစောကြီးကတည်းက ဆုံးဖြတ်ထားခဲ့ပါပြီ။

လင်းဖန်သည် ထိုပြိုင်ကားကို ပိုင်ဆိုင်ရန် ပိုက်ဆံ တစ်ပြားမှပင် အကုန်ခံစရာ မလိုပေ။

လင်းဖန်နဲ့ စုရှောင်းယွီတို့ နှစ်ယောက်လုံးက ထူးချွန်ပြောင်မြောက်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။

သူတို့ ထိုင်ခုံမှာ ပြန်ထိုင်ပြီးချိန်တွင် စုရှောင်းယွီက လင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ ပြိုင်ကား တစ်စီး လိုချင်တယ် ဆရာ ~ "

လင်းဖန် ခေါင်းညိတ်လိုက်သည်။ " အင်း ၊ ငါ မင်း အတွက် အရာ အားလုံး ဝယ်ပေးမယ်။ ငါ့မှာ ပိုက်ဆံ ရှိတယ်။ "

သူ ထိုင်နေတဲ့ နေရာက Pittman နှင့် သိပ်မဝေးသဖြင့် Pittman က သူ့စကားကို ကြားနိုင်သည်။

Pittman ၏ နှုတ်ခမ်းတွေ တွန့်ချိုးသွားသည်။

လင်းဖန် ဘယ်သူလဲ ဆိုတဲ့ အကြောင်းကို သူ စုံစမ်းပြီးပြီ ဖြစ်သည်။ သူက တရုတ်နိုင်ငံမှာ နာမည်ကျော် ကြယ်ပွင့် တစ်ယောက် ဆိုတာထက် ဘာမှ မပိုပါ။ အဲ့ဒါက လွဲလို့ သူ့မှာ ဘာထူးခြားချက်တွေများ ရှိနေနိုင်လို့လဲ။

လင်းဖန် စူပါစတား တစ်ယောက် ဖြစ်လာတာလည်း ၃ လ မပြည့်တပြည့်သာ ရှိသေးသည်။ ဒီ ၃ လ အတွင်း လင်းဖန် ပိုက်ဆံ ဘယ်လောက် ရှာနိုင်မှာမို့လို့လဲ။ အဲ့ဒီကောင်က ဘယ်လိုလုပ် သူ့မိသားစုနဲ့ ယှဉ်နိုင်မှာလဲ။

Pittman သည် ပုံမှန်အားဖြင့် အရူး တစ်ယောက် မဟုတ်ပါ။

ဒါပေမဲ့ သူ မိန်းကလေးတွေအရှေ့ ရောက်တိုင်း အမြဲတမ်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အနည်းငယ် ပျာယာခတ်သွားလေ့ရှိသည်။

အလွန် ရိုးရှင်းပါသည်။ ဥပမာအနေဖြင့် လူ တစ်ယောက်က ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ အပြေးပြိုင်နေတုန်း သူ သဘောကျတဲ့ ကောင်မလေးက ဘေးမှာ သူ့ကို အော်ဟစ်အားပေးနေမည် ဆိုလျှင် အားပေးခံနေရသော ကောင်လေးဟာ သေချာပေါက် အားအင်ပြည့်ဝသွားသလို ခံစားရလိမ့်မည်။

သူ သဘောကျတဲ့ မိန်းကလေးအရှေ့မှာ သိက္ခာကျသွားရင် ရှက်စရာကောင်းတယ် မဟုတ်လား။

Pittman သည် စိတ်အားတက်ကြွနေခဲ့သည်။

စုရှောင်းယွီက သက်ဆိုင်သူ မရှိသေးသော လူလွတ် တစ်ယောက် ဖြစ်ကြောင်း သူ သိလိုက်ရပြီးနောက် သူမကို ပိုးပန်းချင်စိတ်ဟာ ပိုလို့ အားကောင်းပြင်းထန်လာခဲ့လေသည်။

Bugatti ကော်ပိုရေးရှင်း၏ မန်နေဂျာ ရှယ်လီက စင်မြင့်ပေါ် တက်လာကာ လူတိုင်းကို ပြုံးပြလိုက်သည်။

နောက်ဆုံးတော့ ယနေ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို စတင်ပါတော့မည်။

" Bugatti ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကနေ ကြိုဆိုပါတယ်ရှင်။ ဒီပွဲမှာ Bugatti ရဲ့ နောက်ဆုံးပေါ် ပြိုင်ကားတွေကို ဖြန့်ချီသွားမှာပါ။ "

" ပြီးတော့ လူတိုင်းကို ကျွန်မ ပြောချင်တာကတော့ ဒီပြိုင်ကားတွေ အကုန်လုံးဟာ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပြိုင်ကားတွေ ဆိုတာပါပဲ။ ပြိုင်ကား တစ်စီးချင်းစီရဲ့ တည်ရှိမှုက တခြား ဘယ်ပြိုင်ကားတွေနဲ့မှ မတူဘဲ ပြိုင်ဘက်ကင်းပြီး ထူးခြားပါတယ်။ "

" ဒီနေ့ ရှင်တို့ ဒီပြိုင်ကားကို ဝယ်မယ် ဆိုရင် ကမ္ဘာပေါ်မှာ ဒီပြိုင်ကားကို ပိုင်ဆိုင်တဲ့ ပထမဆုံး လူ တစ်ယောက် တန်းဖြစ်သွားမှာပါ။ လတ်လလောမှာ ဒီမော်ဒယ် အမျိုးအစားကနေ ထွက်ထားတာ ပြိုင်ကား တစ်စီးပဲ ရှိပါတယ်။ ရှင်တို့ အဲ့ဒီ ကားကို နောက်ပိုင်းမှ ဝယ်ချင်တယ် ဆိုရင် အနည်းဆုံး နှစ်ဝက် စောင့်ရပါလိမ့်မယ်။ " ဟု ရှယ်လီက ပြောလိုက်သည်။ ပြောရရင် ဒီနေ့ Bugatti ကုမ္ပဏီ၏ နောက်ဆုံးပေါ် အသစ်စက်စက် ကား မိတ်ဆက်ဖြန့်ချီပွဲ အတွက် ပွဲကျင်းပနေတာ ဖြစ်သည်။ ဥပမာပေးရလျှင် သူတို့ ထိုပြိုင်ကား အမျိုးအစားကို ၁၅ စီးပဲ ထုတ်လုပ်ထား၏။ ယနေ့ ပွဲမှာ ကား တစ်စီးကိုသာ ရောင်းချနိုင်မှာပင်။ လူတွေက ကျန်တဲ့ တခြား ၁၄ စီးကို ဝယ်ယူချင်လျှင် အနည်းဆုံး နှစ်ဝက် စောင့်ရမည်။

အကြောင်းအရင်းကတော့ ပြိုင်ကား တစ်စီးကို ထုတ်လုပ်ဖို့ အကြာကြီး အချိန်ယူရတာကြောင့်ပါ။

All Chapters