← Chapters

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၂ )

Vol. 14 Ch. 205

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၂ )

Vol. 14 Ch. 205

ထိုပြိုင်ကားက တစ်စီးတည်းသာ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော ကား ဆိုလျှင် ထိုပြိုင်ကားရဲ့ တန်ဖိုးက တိုင်းတာလို့ မရလောက်အောင် အလွန် ဈေးမြင့်လိမ့်မည်။

ယနေ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက လေလံပွဲ တစ်ပွဲနှင့် အတူတူပဲ ဖြစ်သည်။

ရှယ်လီ၏ စကား ဆုံးသွားပြီးနောက် ထိုင်ခုံမှာ ထိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ခေါင်းညိတ်လိုက်ကြသည်။

လူများစွာသည် လေလံဆွဲရန် စိတ်အားထက်သန်နေခဲ့ကြပြီ ဖြစ်သည်။

" အားလုံးပဲ ၊ ပထမဆုံး ပြိုင်ကားရဲ့ နာမည်ကတော့ Bugatti Galibier ဖြစ်ပါတယ်။ ဒီပြိုင်ကားရဲ့ ကိုယ်ထည်ကို အနက်ရောင် သီးသန့် သုံးထားပြီးတော့ အရမ်း မိုက်ပါတယ်ရှင်။ ထုံးစံအတိုင်း ပြိုင်ကား ပုံစံက ကျွန်မတို့ Bugatti ကုမ္ပဏီရဲ့ စတိုင်ပါပဲ။ ဒီ Bugatti ပြိုင်ကားမှာ အဖွင့် အပိတ် လုပ်လို့ ရတဲ့ အဆို့ရှင် ၁၆ ခု ပါတဲ့ အင်ဂျင် တစ်ခု ၊ လမ်းကြမ်းတွေကို သွားတဲ့အခါ ပိုမို အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်စေဖို့ အတွက် ကားဘီး နှစ်ဘီးကိုပဲ အင်ဂျင်ပါဝါ ထောက်ပံ့ပေးတဲ့ ကားတွေလို မဟုတ်ဘဲနဲ့ ဒီကားမှာ လေးဘီးစလုံးကို လည်ပတ်အား ထောက်ပံ့ပေးတဲ့ အင်ဂျင်စနစ်ကို သုံးထားပါတယ်။ ပြီးတော့ စက်ပစ္စည်းကို မာကျောစေတဲ့ ကာဘွန်အမျှင်လေးတွေကို ထည့်သွင်းထားတဲ့ ဆုံလည် အစိတ်အပိုင်းကို အသုံးပြုထားတဲ့ အတွက် စွမ်းဆောင်ရည်မြင့် ဘရိတ်စနစ် ၊ မညီညာတဲ့ နေရာတွေပေါ် ဖြတ်မောင်းတဲ့အခါ ဖြစ်ပေါ်လာမယ့် ထိခိုက်မှုတွေကို လျှော့ချပေးနိုင်တဲ့ ကားအောက်ပိုင်းစနစ် အသစ် တစ်ခု ပါဝင်ပါတယ်။ အဲ့ဒါတွေ ပြီးရင်တော့ Bugatti Galibier မှာ သမိုင်းတစ်လျှောက် အားအကောင်းဆုံး တော်ဝင်စစ်သင်္ဘော ၄ စင်းကို ယှဉ်လို့ ရတယ်လို့ ပြောစမှတ်ပြုလောက်တဲ့ အကြွင်းမဲ့ အင်အား တစ်မျိုးကို ပိုင်ဆိုင်လာပါလိမ့မယ်။ "

" ဒီပြိုင်ကားမှာ ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ ဆုံလည် အစိတ်အပိုင်းကို အသုံးပြုထားတဲ့ ထိပ်တန်း ဘရိတ်စနစ်တွေ ရှိပါတယ် ၊ ပြီးတော့ ဒီပြိုင်ကားရဲ့ အင်ဂျင်ထဲမှာ ဖိအားသုံးလိုက်တဲ့အခါ ထွက်လာမယ့် လည်ပတ်အားက မြင်းကောင်ရေအား ၁၈၉ ကနေ ၉၈၆ ကြား ရှိပါတယ်။ တခြား ကားတွေလိုပံ သမာရိုးကျ ဓာတ်ဆီလောင်စာကို အသုံးပြုလို့ ရပေမဲ့ လိုအပ်တဲ့အခါ ဇီဝလောင်စာတွေကိုလည်း သုံးနိုင်ပါတယ်။ "

" ဒီပြိုင်ကားရဲ့ ဈေးနှုန်းကိုတော့ ၁၈ သန်းကနေ စခေါ်ပါမယ်။ "

" ကမ္ဘာပေါ်မှာ ဒီလို ကားမျိုး စုစုပေါင်း အစီး ၅၀ ရှိပေမဲ့ လောလောဆယ်တော့ ဒီပွဲမှာ တစ်စီးတည်း ရှိပါဦးမယ်။ ကျန်တဲ့ ပြိုင်ကား ၄၉ စီးကို နှစ်ဝက် ရောက်ရင် တရားဝင် ရောင်းချပေးသွားပါ့မယ်။ "

" ဒီပြိင်ကားကို ဝယ်ယူချင်တဲ့ ဘယ်သူမဆို စတင် လေလံဆွဲလို့ ရပါပြီရှင်။ " ဟု ရှယ်လီက ပြောပြီး ပြောပြီး အကြည့်ဖြန့်ကျက်လိုက်၏။

Bugatti Galibier ပြိုင်ကားက ယွမ် ၁၈ သန်းသာ တန်ကြေးရှိသော်လည်း အလွန် အထက်တန်းဆန်ပြီး အကြည့်မလွှဲချင်စရာကောင်းလောက်အောင် ကြွရွနေသည်ဟု ပြောရမည်။

စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်သာ ဒီလို ပြိုင်ကား တစ်စီးကို ပိုင်ဆိုင်နိုင်သည်။

လူ တစ်ယောက်က အခု ထိုပြိုင်ကားကို ဝယ်ယူနိုင်လျှင် အဲ့ဒါက ကမ္ဘာပေါ်က ဘယ်သူ့မှာမှ မရှိသေးတဲ့ အထူးသီးသန့် ပြိုင်ကားကို နှစ်ဝက်တိတိ ပိုင်ဆိုင်နေရမည် ဆိုတဲ့ အဓိပ္ပာယ်ပါ။

ရှယ်လီ၏ စကားဆုံးသွားသည့် အခိုက်အတန့်မှာပဲ လင်းဖန်က စတင် လေလံဆွဲခဲ့သည်။

" သန်း ၂၀ ။ " ဟု လင်းဖန်က ပိုက်ဆံတွေ အလျှံအပယ် ပေါများနေပုံဖြင့် ပြောလိုက်သည်။

" ၂၁ သန်း။ " Pittman ကလည်း ယုံကြည်ချက်ရှိသော ပုံစံဖြင့် စတင် လေလံဆွဲနေခဲ့သည်။။

တခြား စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဒီတိုင်း ငြိမ်မနေပါ။

" ၂၂ သန်း။ "

" ၂၂ သန်းခွဲ။ "

" ၂၃ သန်း။ "

" … "

လူတိုင်း လေလံဆွဲနေကြချိန်မှာ လင်းဖန်က သူ့လက်ထဲမှ သင်္ကေတကတ်ပြားလေးကို ထပ်မြှောက်ပြကာ ပြောလိုက်သည်။

" သန်း ၄၀။ "

လင်းဖန်၏ အမူအရာက တည်ငြိမ်နေသည်။ သူ့အတွက် သန်း ၄၀ ဆိုတာ များတော့ များသော်လည်း အရမ်း အများကြီးတော့ မဟုတ်။

သူ ဒီကားကို ဝယ်ချင်နေတာမို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချရပါမည်။

Pittman က လက်မလျှော့ဘဲ သူနှင့်အပြိုင် လေလံဆွဲမည် ဆိုလျှင်လည်း အဆင်ပြေသည်။

Pittman လက်လျှော့သွားလျှင်တော့ ထိုပြိုင်ကားကို လင်းဖန် ဝယ်ယူနိုင်ပါလိမ့်မည်။

လင်းဖန်၏ လက်ရှိ အနေအထားကြောင့် သူ ထိုပြိုင်ကားကို သန်း ၄၀ ပေးပြီး ဝယ်ယူလိုက်လျှင်တောင် သန်း ၄၀ လုံးကို ကုမ္ပဏီဘက်က လက်ခံမှာ မဟုတ်ပေ။ သူတို့က အနည်းဆုံးတော့ သန်း ၃၀ ပြန်ပေးလိမ့်မည်။

လင်းဖန်ကို Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင်မှန်း ရှယ်လီမှ လွဲ၍ တခြား ဘယ်သူမှ မသိကြပေ။

လင်းဖန်က သန်း ၄၀ အထိ လေလံခေါ်လိုက်သောအခါ ရှယ်လီ၏ မျက်လုံးထဲမှာ အံ့ဩမှုတွေ ပြည့်နှက်သွားသည်။ .

" ဘုရားရေ … မစ်စတာလင်းက သန်း ၄၀ ကမ်းလှမ်းနေပါပြီရှင်။ "

" Bugatti Galibier လို ကားမျိုးက တကယ်ပဲ သန်း ၄၀ တန်ဖိုးရှိပါတယ်။ တစ်ယောက်ယောက်များ ဒီဈေးနှုန်းထက် ပိုပေးချင်ကြပါသလား။ " ရှယ်လီက ဝေ့ဝဲ ကြည့်လိုက်သည်။

နှစ်မိနစ် အတွင်းမှာပဲ ဒီပြိုင်ကားရဲ့ လေလံခေါ်ဈေးဟာ ၁၈ သန်းကနေ သန်း ၄၀ အထိ ခုန်တက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဆမက မြင့်တက်သွားတာ ဖြစ်သည်။

Bugatti ကော်ပိုရေးရှင်း အတွက် ထိုဈေးနှုန်းက အလွန် အကျိုးအမြတ်များပါသည်။

လင်းဖန်သည် ရှယ်လီကို ကြည့်ပြီး တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

သန်း ၄၀ ဟူသော ဈေးနှုန်းက အခမ်းအနား တစ်ခုလုံးကို ငြိမ်ကျသွားစေသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက သက်ပြင်းချရုံသာ တတ်နိုင်ပါတော့သည်။

သူတို့တွေ အလွန် ချမ်းသာပြီးသား ဆိုသော်လည်း လင်းဖန်ကဲ့သို့ လေလံဆွဲသူမျိုးကို တစ်ခါမှ မမြင်ဖူးပါ။

သူက ပြိုင်ကားရဲ့ ဈေးနှုန်းကို ဘာမှ အရေးမကြီးသလို ပုံစံဖြင့် နှစ်ဆ တိုးပေးခဲ့သည်။

ပြီးတော့ ဤပြိုင်ကားကို တစ်စီးတည်းသာ ထုတ်ပြီး ထပ်မထုတ်တော့မှာလည်း မဟုတ်ပါ။

အခြားတစ်ဖက်၌ Pittman သည် လင်းဖန်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း သူ့ရဲ့ ဆင်ခြင်တုံတရားက ဒီပြိုင်ကားကို သန်း ၄၀ ပေးဝယ်ဖို့ မတန်ဘူးလို့ သူ့ကို ပြောနေသည်။

သူ့မိသားစုက ချမ်းသာသော်လည်း သူ ပိုက်ဆံကို ဒီလိုမျိုး မသုံးနိုင်ပေ။

Pittman သည် သူ့ကိုယ်သူ အကျိုးသင့်အကြောင်းသင့် တွေးခေါ်တတ်သေးသားပဲဟု ခံစားလိုက်ရသည်။

သို့သော် ခဏ အကြာမှာပဲ …

စုရှောင်းယွီက Pittman ၏ အမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမရဲ့ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို စိုက်ကြည့်ကာ သူ့ပါးကို သူမရဲ့ နှုတ်ခမ်း ရဲရဲလေးဖြင့် နမ်းလိုက်လေသည်။

" ကျေးဇူးတင်ပါတယ် ဆရာ ~ " စုရှောင်းယွီက တမင်တကာ ပြောလိုက်တာ ဖြစ်သည်။

Pittman တစ်ယောက် ဒေါသမီးတွေ တဟုန်းဟုန်း တောက်သွားရသည်။

လင်းဖန်လို အနေအထားလောက်ကို တောက်ချပစ်လိုက်လို့ ရတယ် ၊ သူ့မိသားစုက ပိုက်ဆံမရှိတဲ့ လူတွေ မို့လို့လား။

သန်း ၄၀ ဆိုတော့ရော ဘာဖြစ်သေးလဲ။ လင်းဖန်က ဈေးနှုန်းကို သူ လက်လျော့သွားစေရန် အတွက် ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လိုက်တာပင်။

လင်းဖန်မှာ ပိုက်ဆံတွေ အများကြီး မကျန်နိုင်လောက်တော့ပါ။

Pittman က ချက်ချင်းပဲ အော်ပြောလိုက်သည်။ " သန်း ၅၀။ "

Pittman သည် ဆင်ခြင်တုံတရားကို အတင်း ဖိနှိပ်ထားလျက် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

သူ ထိုပြိုင်ကားကို ဝယ်ရမည်။ စုရှောင်းယွီအရှေ့မှာ သူ သိက္ခာကျသွားလို့ မရပေ။

" မစ်စတာ Pittman က သန်း ၅၀ နဲ့ လေလံခေါ်နေပါတယ်ရှင်။ " ရှယ်လီက ပိုလို့တောင် ပျော်ရွှင်စွာ ပြုံးကာ လင်းဖန်ကို တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။

ကြည့်ပါဦး။ ဒါက သူမတို့ ကုမ္ပဏီရဲ့ တတိယ အများဆုံး ရှယ်ယာရှင်ပေါ့။

သူ ရောက်လာသည့် အခိုက်အတန့်မှာပဲ Pittman ဆိုတဲ့ ငတုံးကို ဒီကား အတွက် သန်း ၅၀ အကုန်ခံအောင် လုပ်ခဲ့သည်။

Pittman သည် လင်းဖန်ကို ရန်လိုစွာ ကြည့်ပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ သူက ငတုံး မဟုတ်ဘူး။

အကယ်၍ လင်းဖန်ဟာ ဈေးနှုန်းကို ဆက်ပြီး တိုးမြှင့်နေဦးမည် ဆိုလျှင် သူ ဈေးအပြိုင်ပေး၍ လိုက်လုတော့မှာ မဟုတ်ပေ။ သူက လင်းဖန်ကို ပိုက်ဆံတွေ ဆုံးရှုံးသွားစေချင်တာ ဖြစ်သည်။

သန်း ၅၀ ဆိုတာ Pittman ကို နှမြောစိတ်ကြောင့် ယူကျုံးမရ ဖြစ်စေဖို့ လုံလောက်သည်။

Pittman သည် လင်းဖန်ကို အထင်တသေး ကြည့်လိုက်ပြီး ဆက်ပြီး လေလံဆွဲမည့် လင်းဖန်ကို စောင့်နေခဲ့သည်။

သူ့ကို လင်းဖန်က တစ်ချက်လေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူးလို့ ဘယ်သူ ထင်ခဲ့မှာလဲ။

သန်း ၅၀ ဟူသော လေလံခေါ်ဈေးကို ကြားပြီးနောက် လင်းဖန်သည် ထပ်လေလံဆွဲဖို့ နေနေသာသာ တုပ်တုပ်ပင် မလှုပ်တော့ဘဲ စုရှောင်းယွီနှင့်အတူ သခွားသီး စားနေခဲ့၏။

လင်းချမ့်ဝေသည် လင်းဖန်ကို ကြည့်ရင်း မရယ်မိဘဲ မနေနိုင်ပေ။

သူမရဲ့ ဘော့စ်က ဘယ်လိုလုပ် ဒီလောက် အကျင့်ပုပ်နေနိုင်ရတာလဲ။

Pittman သည် ဒီပြိုင်ကားကို သန်း ၅၀ နှင့် ဝယ်ယူသွားခဲ့သည်။ ကုန်ကျစရိတ် ၁၀ သန်းကို နှုတ်ယူပြီးသွားတဲ့အခါ လင်းဖန်က အမြတ်အစွန်း သန်း ၄၀ ကို ရလိမ့်မည်။

ရှယ်ယာရှင်တွေက အမြတ်အစွန်းများကို ခွဲဝေပြီးနောက် လင်းဖန်ဟာ ယွမ် မီလီယမ် အနည်းငယ်ကို ရနိုင်သေးသည်။

မိနစ် အနည်းငယ် အတွင်းမှာပဲ လင်းဖန်သည် နောက်ထပ် မီလီယမ် အနည်းငယ်ကို ရှာနိုင်ခဲ့ပါသည်။

" သန်း ၅၀ တစ်ကြိမ် ၊ သန်း ၅၀ နှစ်ကြိမ် ၊ သန်း ၅၀ သုံးကြိမ်။ ရောင်းထွက်သွားပါပြီရှင်။ " ရှယ်လီက Pittman ကို ကြည့်လိုက်သည်။

All Chapters