← Chapters

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၃ )

Vol. 14 Ch. 206

မီလီယမ်ရာချီ တန်ဖိုးရှိသော နောက်ထပ် ပြိုင်ကား တစ်စီး ( ၃ )

Vol. 14 Ch. 206

Pittman သည် သူ့ဒေါ်လာ သန်း ၅၀ အဲ့ဒီလိုမျိုး အငွေ့ပျံသွားတာကို ရပ်ကြည့်နေခဲ့ရသည်။

ထို့နောက် လင်းဖန်နှင့် စုရှောင်းယွီ၏ ခပ်အေးအေး အကြည့်တွေကို သူ မြင်သွားသည်။

Pittman သည် သူ လှည့်စားခံလိုက်ရပြီဟု ခံစားလိုက်ရသည်။

လခွမ်း ၊ လင်းဖန်နဲ့ စုရှောင်းယွီက လုံးဝကို ဂရုစိုက်တဲ့ပုံ မပေါ်ဘူးပဲ။

Pittman က သူစိတ်ထဲကနေ ကျိန်ဆဲနေပြီ ဖြစ်သည်။ " မအေပေး လင်းဖန်။ "

Pittman သည် ဒီစကားကို ပြင်သစ်လို ဘယ်လို ပြောရမလဲ တကယ် နားမလည်သော်လည်း သတိဝင်လာချိန်မှာတော့ သူ အရူးခံလိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။

ပထမဆုံး ကားကို သူ လေလံဆွဲပြီးခဲ့ပေမဲ့ သူ့စကားတွေကို ပြန်ရုတ်သိမ်းချင်လျှင်တောင် သူ အဲ့လို လုပ်လို့ မရပေ။

Bugatti ကုမ္ပဏီက ဒုတိယ ပြိုင်ကား တစ်စီးကို ဘယ်လောက်မှ မကြာလိုက်ဘဲ ကြေညာခဲ့သည်။

Bugatti SuperVeyron ။

ထိုပြိုင်ကားကို Bugatti SV ဟု အတိုကောက် ခေါ်ကြသည်။

စင်မြင့်ပေါ်မှာ ထိုပြိုင်ကား ပေါ်လာသောအခါ လက်ဖြာတောက်ပနေသော LED ကားရှေ့မီးတွေနှင့် ကာဘွန်ဖိုက်ဘာဖြင့် လုပ်ထားသော စပွိုင်လာတွေ ရှိသည်။ ထိုပြိုင်ကားမှာ ထိပ်တန်းအဆင့် လုပ်ဆောင်ချက်တွေ ရှိသည်။

ပထမဆုံး လေလံခေါ်ဈေးက ၃၅ သန်း။

လင်းဖန်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနည်းငယ် လေလံဆွဲပြီးသွားတော့မှ ထပ်မံ လေလံဆွဲခဲ့သည်။

" သန်း ၄၀။ " ဟု လင်းဖန် ပြောလိုက်သည်။

" ချီး ၊ ငါ ထပ်ပြီး ဈေးအပြိုင်ပေးပြမယ်။ ငါ နောက်ထပ် တစ်ခေါက် ဈေးအပြိုင်ပေးပြီးမှ ဆက်လေလံမဆွဲဘဲ နေလိုက်မယ်။ ဒီတစ်ခေါက်တော့ ငါ လက်စားချေကို ချေရမယ်။ " Pittman သည် လင်းဖန်ကို ကြည့်ကာ အံကြိတ်လိုက်သည်။ သူ စုရှောင်းယွီကို အီစီကလီလုပ်တဲ့ နေရာမှာ မအောင်မြင်ခဲ့ရုံသာမက လှည့်လည်း လှည့်စားခံခဲ့ရသည်။

" ၄၃ သန်း။ " Pittman သူ့ရဲ့ အမှတ်အသား သင်္ကေတကို ထပ်မြှောက်ပြလိုက်သည်။

အဲ့ဒီနောက် … လင်းဖန်က ဆက်ပြီး လေလံမဆွဲတော့ပေ။

ဘေးပတ်လည်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း အတူတူပါပဲ။

ပြောရရင် ဒီပွဲမှာ ရှိနေကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ရည်ရွယ်ချက်က နောက်ဆုံး အစီအစဉ်ကျမှသာ ပွဲထုတ်မည့် ၊ ဒီနေ့ရဲ့ အကန့်အသတ်နှင့် ထုတ်ထားသော ဇိမ်ခံကားကို ဝယ်ယူရန် ဖြစ်သည်။

Pittman : " ချီးပဲ … အဓိပ္ပာယ်မရှိလိုက်တာ။ ဘာလို့ ငါ လေလံဆွဲပြီးတာနဲ့ ဘယ်သူမှ ဆက်ပြီး လေလံမဆွဲကြတော့တာလဲ။ "

နောက်ဆုံးတော့ အသစ်စက်စက် ကား အမျိုးအစား အနည်းငယ်ကို မိတ်ဆက်ပေးပြီးသွားတော့မှ အကြောင်းအရင်းကို Pittman နားလည်သွားသည်။

ဒီနေ့ အတွက် လင်းဖန်ရဲ့ ဦးတည်ချက်က နောက်ဆုံး ပြိုင်ကား ဖြစ်ပုံရသည်။

ထိုပြိုင်ကားက လူတိုင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါသည်။

Pittman မှာ ပိုက်ဆံပေါ၏။ သူ ထိုင်ခုံမှာ ပြန်ထိုင်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။

ဘာပဲ လုပ်ရ လုပ်ရ ၊ ဒီနေ့ နောက်ဆုံး ပြိုင်ကားကို လင်းဖန်အား ဝယ်ခွင့် မပေးဘူးဟု သူ ဆုံးဖြတ်ထားပြီးပါပြီ။

လင်းဖန်က နောက်ဆုံး ပြိုင်ကားကို ဝယ်ရန် အတွက် Bugatti ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို ရောက်လာတာ ဖြစ်သည်။

ထိုပြိုင်ကားကို ဝယ်ယူရန် Pittman ဆုံးဖြတ်လိုက်သည်။ နောက်ဆုံး ပြိုင်ကားကို ဝယ်ယူရန် သူ့မိသားစုရဲ့ ရှိသမျှ ငွေကြေး အရင်းအမြစ်တွေကို သူ သေချာပေါက် အသုံးပြုသွားမည်။

Pittman သည် အစပိုင်းမှာ နှမြောတသစိတ်ကြောင့် ယူကျုံးမရဖြစ်သွားခဲ့သော်လည်း အဲ့ဒါကြောင့်ပဲ သူ လင်းဖန်ကို နည်းနည်းလေး စတင် မုန်းတီးလာခဲ့တာ ဖြစ်သည်။

အဆုံးသတ်၌ နောက်ဆုံး ကားကို မိတ်ဆက်ပေးရန် အလှည့်ကျလာခဲ့သည်။

ရှယ်လီ၏ စိတ်လှုပ်ရှားမှုဟာ အမြင့်ဆုံးသို့ ရောက်လာလေသည်။

" နောက်ထပ် ပြိုင်ကား တစ်စီးအနေနဲ့ ဒီနေ့ရဲ့ နောက်ဆုံး ကားကို လူတိုင်းနဲ့ ကျွန်မ မိတ်ဆက်ပေးသွားပါ့မယ်။ "

" ကားရဲ့ နာမည်ကတော့ Bgatti Ettore Bugatti ဖြစ်ပါတယ်။ "

" ဒီကားက သမိုင်းထဲမှာ ရေးထိုးရလောက်အောင် ထူးခြားတဲ့ ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Bugatti ကား တစ်စီး ပါ ၊ ပြီးတော့ ဒီကားရဲ့ ဆောင်ရွက်ချက်ကလည်း အပြစ်မရှာနိုင်တဲ့ အထိ ကောင်းလွန်းပါတယ်ရှင်။ ဒီကားကို Veyron 16.4 Grand Sport Vitesse ကားအပေါ် မူတည်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၁၂၀၀ hp ဆိုတဲ့ အများဆုံး မြင်းကောင်ရေအားနဲ့ ၁၅၂.၉ kgm လိမ်အားကြောင့် ၈ L ၁၆ W ရှိတဲ့ ဒီအင်ဂျင်က ၂.၆ စက္ကန့်အတွင်း ကားရပ်ထားတဲ့ နေရာကနေ ၁၀၀ km/h အထိ ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။ ပြီးတော့ မောင်းနိုင်တဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ ၄၀၈.၈၄ km/h ဖြစ်ပါတယ်ရှင်။ "

ပြိုင်ကားပေါ်ရှိ အနီရောင် ခြုံလွှာစကို ဖယ်လိုက်သောအခါ ကား တစ်ခုလုံး အနီရောင် လွှမ်းနေသည့် စစ်မှန်သော တန်ဖိုးကြီး ဇိမ်ခံပြိုင်ကားကြီးသည် အကုန်လုံးရဲ့ ရှေ့မှာ ဘွားခနဲ ပေါ်လာခဲ့သည်။

ဒီပြိုင်ကားက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပြိုင်ကားပဲ။

တစ်ကမ္ဘာလုံးမှာ ဒီလို ပြိုင်ကားမျိုး တစ်စီးသာ ရှိသည်။

ထို့ပြင် ဤပြိုင်ကား၏ ကြွရွတောက်ပနေမှု ၊ လုံခြုံမှု ၊ ဆောင်ရွက်ချက်နှင့် တခြား ကဏ္ဍများစွာက ခုနတုန်းက မိတ်ဆက်ပေးသွားတဲ့ ပြိုင်ကားတွေ အကုန်လုံးကို အပြတ်အသတ် အနိုင်ယူသွားခဲ့သည်။

လူချမ်းသာတွေ အကုန်လုံး တအံ့တဩ ရေရွတ်ခဲ့ကြသည်။

ဒါက စစ်မှန်တဲ့ ကမ္ဘာ့အဆင့်မီ ပြိုင်ကား တစ်စီးပဲ။

ထိုကားက Bugatti ရဲ့ သမိုင်းတစ်လျှောက် အခမ်းနား အကြီးကျယ်ဆုံး ပြိုင်ကား တစ်စီးလည်း ဖြစ်ပါသည်။

ဤပြိုင်ကားရဲ့ ခမ်းနားကြီးကျယ်မှုဟာ Bugatti La Voiture Noire ကိုတောင် ကျော်လွန်သွားခဲ့ပါပြီ။

All Chapters