← Chapters

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၁ )

Vol. 14 Ch. 207

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၁ )

Vol. 14 Ch. 207

" သောက်ကျိုးနည်း ၊ ဒီပြိုင်ကားက တကယ့်ကို အပျံစားပဲ။ "

" အကန့်အသတ်နဲ့ ထုတ်ထားတဲ့ နောက်ထပ် ပြိုင်ကားတဲ့လား။ အဲ့ဒါက ဘီလီယမ်ရာချီ တန်ကြေးရှိလောက်တယ်။ "

" ဒီပြိုင်ကားရဲ့ ဈေးနှုန်းက သာမန် မဟုတ်မှာကို ငါတော့ စိုးရိမ်နေပြီ။ စစ်မှန်တဲ့ ထိပ်တန်း ဘော့စ် တစ်ယောက်ကပဲ အဲ့လို ပြိုင်ကားမျိုးကို မောင်းဖို့ တတ်နိုင်လိမ့်မယ်လို့ ငါတော့ ထင်တယ်။ "

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ များစွာက တအံ့တဩ ရေရွတ်ခဲ့ကြသည်။ ဘယ်သူက အဲ့လို ပြိုင်ကားမျိုးကို ပိုင်ဆိုင်နိုင်ရမလဲ ဆိုတာ သူတို့ မသိပါ။

သို့သော်လည်း Pittman ကတော့ ထိုပြိုင်ကားကို အရယူရန် စိတ်ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။

လင်းဖန်က ဒီကားကို မလွဲမသွေ ဝယ်လိမ့်မည် ဆိုတာ သူ သိသည်။

ဒီပြိုင်ကားကို ဝယ်ယူနိုင်ခြင်းကသာ လူတိုင်းကို အံ့အားသင့်စေလိမ့်မည်။

ထိုကားကို သူ ဝယ်နိုင်ပါက စုရှောင်းယွီရဲ့ အရှေ့မှာလည်း အမှန်တကယ် ကြွားနိုင်ပါပြီ။

ထို့နောက် ရှယ်လီက လင်းဖန်ကို ကြည့်လိုက်သည်။

" အားလုံးပဲ ၊ ဒီ Bugatti Veyron Ettore Bugatti ကို ၂၂၃ သန်းလို့ တန်ကြေး သတ်မှတ်ထားပါတယ်ရှင်။ "

" ကမ္ဘာပေါ်မှာ ဒီလို ပြိုင်ကားမျိုး တစ်စီးတည်းပဲ ရှိပါတယ် ၊ ပြီးတော့ Bugatti ကော်ပိုရေးရှင်းကနေ ထုတ်လုပ်ထားတဲ့ ဒီပြိုင်ကားက ရောင်းချဖို့ အတွက် မဟုတ်ပါဘူး။ "

" ဘာလို့ဆို ဒီပြိုင်ကားကို လူ တစ်ယောက် အတွက် သူ့စိတ်တိုင်းကျ အထူးတလည် ထုတ်လုပ်ပေးထားတာမို့ပါ။ "

" သူ့နာမည်ကတော့ … လင်းဖန်ပါရှင်။ "

" အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Bugatti Veyron Ettore Bugatti ကြီးကို ပိုင်ဆိုင်သွားတဲ့ အတွက် မစ်စတာလင်းကို ဂုဏ်ပြုပါတယ်။ "

အခမ်းအနားမှာ ရှိနေကြသူတိုင်း ဟင်ခနဲ ဟာခနဲ အံ့ဩထိတ်လန့်သွားခဲ့ကြသည်။

လူတိုင်း လင်းဖန်ကို မကြည့်မိဘဲ မနေနိုင်ပေ။

ဒီပြိုင်ကားကို လင်းဖန် တစ်ဦးတည်း အတွက် အထူးတလည် ဒီဇိုင်းဆွဲထားတာလို့ သူတို့ မမျှော်လင့်ထားခဲ့ပါ။

Bugatti ကော်ပိုရေးရှင်းရဲ့ ထိပ်တန်း ပြိုင်ကားက လင်းဖန်ရဲ့ အပိုင်တဲ့လား။

တစ်ချိန်တည်းမှာပဲ LED ဖန်သားပြင်ကြီးပေါ်မှာ လင်းဖန်၏ ဓာတ်ပုံတွေ ပေါ်လာခဲ့သည်။

ထို့နောက် ပွဲကျင်းပရာ နေရာရှိ လေထုသည် အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ များစွာဟာ အံ့ဩကြီးစွာ ပြောနေခဲ့ကြသည်။

" လခွမ်း ၊ မယုံနိုင်စရာပဲ။ Bugatti ကော်ပိုရေးရှင်းက လင်းဖန် အတွက် ဒီပြိုင်ကားကို ဒီဇိုင်းဆွဲပေးဖို့ အတော်ဆုံး ဒီဇိုင်နာကို ငှားရမ်းခဲ့တယ်တဲ့။ "

" ၂၂၃ သန်း ဆိုပါလား။ များလွန်းလိုက်တာ … ငါသာဆိုရင် အဲ့လောက် ဈေးကြီးတဲ့ ပြိုင်ကားကို ဝယ်နိုင်မှာ မဟုတ်ဘူး။ "

" အဲ့ဒါ ဘာအဓိပ္ပာယ်ပါလိမ့်။ လင်းဖန်က ငါတို့တွေထက် ပိုချမ်းသာတယ်လို့ ဆိုလိုနေတာပဲဟ။ ပြိုင်ကား တစ်စီးကို ဝယ်ဖို့ ယွမ် ၂၂၃ သန်း သုံးနိုင်တယ် ဆိုတာ လင်းဖန်မှာ ဘီလီယမ်ရာချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေလို့လေ။ "

" လင်းဖန်က ဘယ်လို စီးပွားရေးလုပ်ငန်းမျိုး လုပ်တာလဲ။ သူ ဘယ်လို လုပ်ငန်းပဲ လုပ်လုပ် ၊ သူက လက်ဖျားငွေသီးနေတဲ့ သူဌေးကြီး တစ်ယောက်ပဲ။ "

စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးသည် လင်းဖန်ကို ပိုလို့တောင် စိတ်အားထက်သန်စွာ လှမ်းကြည့်နေခဲ့ကြသည်။

သူတို့ မျက်လုံးထဲမှာ လင်းဖန်ရဲ့ နောက်ခံဟာ တကယ့်ကို မှန်းဆလို့ မရလောက်အောင် ကြီးကျယ်မြင့်မားသည်။

လင်းဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

သူ ဒီတိုင်းပဲ Bugatti ကော်ပိုရေးရှင်းကို ဆက်သွယ်ပြီး သူ့ရဲ့ ကားဂိုဒေါင်ထဲသို့ ထိုပြိုင်ကားကို ပို့ပေးရန် တောင်းဆိုခဲ့လို့ ရသည်။

သူ့အတွက်တော့ ကား ဆိုတာ သယ်ယူပို့ဆောင်းရေး ပစ္စည်း တစ်ခု ဆိုတာထက် ဘာမှ မပိုပါ။

လင်းဖန်ကို အံ့ဩစေတဲ့ အရာကတော့ လမ်းခုလတ်မှာ Pittman လို့ ခေါ်တဲ့ လူ ပေါ်လာတာပဲ ဖြစ်သည်။ သူက စုရှောင်းယွီကို သူ့ဘက် ပါအောင် ဆွဲဆောင်ချင်ခဲ့သော်လည်း မအောင်မြင်ဘဲ ကြွားဝါရန် ကြိုးစားခဲ့သည်။

နောက်ဆုံးမှာတော့ Pittman သည် ပြိုင်ကား နှစ်စီး ဝယ်ယူပြီး သန်း ၈၀ ကျော် ကုန်ဆုံးသွားခဲ့ရသည်။ ထိုသန်း ၈၀ ကျော် ဒေါ်လာတွေထဲကနေ လင်းဖန် ရနိုင်သော အစုပေါ်အမြတ်တွေက ၇ သန်း ၊ ၈ သန်းနီးပါး ရှိသည်။

လင်းဖန်ကို ကြည့်နေသော Pittman ၏ မျက်လုံးတွေထဲမှာ ဘာကိုမှ မမြင်တော့ပါ။ သူ ပို၍ပင် ဒေါသထွက်လာခဲ့သည်။

ထိုပြိုင်ကားကို သူ ဝယ်ပြီး စုရှောင်းယွီအရှေ့မှာ ကြွားဝါနိုင်လိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။

ဒါပေမဲ့ ဒီပြိုင်ကားကို လင်းဖန် တစ်ဦးတည်း အတွက် ထုတ်လုပ်ပေးထားတာမို့ သူ ရှုံးနိမ့်သွားခဲ့ရ၏။

Pittman လည်း ထိုပြိုင်ကားကို အလွန် သဘောကျပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ။

သူ အဲ့ဒီ ပြိုင်ကားကို ဝယ်ချင်လျှင် လင်းဖန်ကို သွားရှာပြီး ဈေးပိုပေးလျက် ဝယ်မှသာ ရလိမ့်မည်။

ရုတ်တရက်ပဲ Pittman ၏ မျက်နှာ မည်းခနဲ ဖြစ်သွားသည်။

လင်းဖန်နှင့် စုရှောင်းယွီသည် သူ့အား Bugatti ပြိုင်ကား နှစ်စီးကို ယွမ် သန်း ၈၀ ကျော် အကုန်ခံပြီး ဝယ်အောင် လုပ်ခဲ့သည်။

ပြီးတော့ ထိုပြိုင်ကား နှစ်စီးကလည်း ထူးမခြားနားတွေပင်။ ဈေးကွက်ထဲမှာ တစ်စီးတည်းပဲ ထုတ်ထားတဲ့ ပြိုင်ကားတွေ မဟုတ်ပါ။

Pittman သည် လှည့်စားခံလိုက်ရသလို ခံစားလိုက်ရလေသည်။

သူ အရင်တုန်းက ဒီလို ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်ဆီမှာ တစ်ခါမှ အလှည့်စားမခံရဖူးပေ။

အဲ့ဒါကြောင့် သူတို့ လှည့်ကွက်ထဲ ရောက်သွားခဲ့တဲ့ သူ့ကို … ညံ့လှချည်ရဲ့လို့ အပြစ်တင်လို့ မရပါဘူး။

" လုံခြုံရေးအစောင့်တွေကို စုပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်။ "

" ဒီည စုရှောင်းယွီကို ငါ့အပိုင် ဖြစ်လာအောင် ငါ လုပ်တော့မယ်။ "

" ငါ လင်းဖန်ကိုလည်း တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းချင်တယ်။ "

" သူက တရုတ်မှာ နာမည်ကျော် အနုပညာရှင် တစ်ယောက် ဆိုလည်း ဘာများ ကြီးကျယ်မြင့်မြတ်သွားလို့လဲ။ ငါ့ကို လာရှုပ်ပြီးသွားရင် ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ မရဘူး။ "

သူ စုရှောင်းယွီနှင့် အနုနည်းနှင့် မရနိုင်လျှင် သူ့မှာ တခြား နည်းလမ်းတွေ ရှိနေပါသေးသည်။

နိုင်ငံခြားတွင် ရှိနေချိန်မှာ မည်သူမဆို အန္တာရာယ်ကျရောက်နိုင်သည်။ ဥပမာပေးရလျှင် ဟိုးတလောတုန်းက JD.com ရဲ့ သူဌေးကြီးသည် နိုင်ငံခြားမှာ ဖမ်းချုပ်ခံခဲ့ရသည်။

ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲမှာ ရှိသော လူအများစု ပြန်သွားကြပြီးနောက် တဖြည်းဖြည်း လူပါးလာခဲ့သည်။

Pittman သည် လင်းဖန် ရှိရာဆီ လျှောက်သွားလိုက်သည်။

" ဘာပြောစရာရှိလို့လဲဗျ။ " လင်းဖန်က Pittman ကို ကြည့်လိုက်သည်။

" ဒီည မစ်စ်စုကို ကျွန်တော်နဲ့ ညစာ လိုက်စားဖို့ စိတ်ရင်းနဲ့ ဖိတ်ကြားချင်လို့ပါ။ မင်း ကျွန်တော်နဲ့ ညစာ လိုက်စားချင်လား။ " Pittman က စုရှောင်းယွီကို ကြည့်နေခဲ့သည်။

" ဟင့်အင်း။ " စုရှောင်းယွီသည် သူ့ကို ရိုးရိုးလေးပဲ ငြင်းဆန်လိုက်သည်။

" ကောင်းတယ်။ မင်းတို့ နှစ်ယောက် ပေါင်းပြီး ငါ့ကို အရူးလုပ်ခဲ့ကြတာပဲ။ "

" မင်းတို့ တရုတ် နှစ်ယောက်ကို ဒီနေရာက တရုတ်နိုင်ငံ မဟုတ်ဘူး ဆိုတာ နားလည်စေချင်တယ်။ " ဟု Pittman က ပြောလိုက်သည်။

သူတို့ သတိမထားမိခင်မှာပဲ Pittman ၏ လုံခြုံရေးအစောင့် အဖွဲ့သည် လင်းဖန်နှင့် စုရှောင်းယွီကို ဝိုင်းထားခဲ့ပြီ ဖြစ်သည်။

ဒါက Bugatti ရုံး ဖြစ်သော်လည်း Bugatti ရဲ့ လုံခြုံရေးတွေပင်လျှင် လင်းဖန်နှင့် စုရှောင်းယွီကို ချက်ချင်း အလောတကြီး လာကူညီလို့ မရပေ။

ထိုအချိန်မှာပဲ နေကာမျက်မှန် တပ်ထားကာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူဝကြီးသည် ဘီယာပုလင်းကို ကိုင်ထားကာ လင်းဖန်ရဲ့ ခေါင်းကို ခွမ်းခနဲ ရိုက်ခွဲလိုက်သည်။

Pittman သည် သူ့ဘေးမှာ လင်းဖန်ကို တိုက်ခိုက်ခိုင်းဖို့ လူတွေကို ခေါ်ထားခဲ့သည်။

သူတို့ ဒီလိုမျိုး ရန်ဖြန်ကြလျှင် လူတွေက ဒါကို အများဆုံးမှ အရက်မူးပြီး ရန်ဖြစ်ကြသည့် ဆူဆူညံညံ ရန်ပွဲ တစ်ခုဟုသာ သတ်မှတ်ကြလိမ့်မည်။

သူ လင်းဖန်ကို အရင်ဆုံး တန်ရာတန်ကြေး ပြန်ပေးဆပ်ရအောင် လုပ်ချင်သည်။

ဒီနေရာက Bugatti ရုံး ဖြစ်နေလျှင်တောင် အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ ဒီလူဝကြီးကို ဘယ်သူမှ မတားဆီးနိုင်ပေ။

Pittman သည် လင်းဖန်ကို အလဲထိုးပြီး စုရှောင်းယွီသို့ လင်းချမ့်ဝေကို သူနှင့်အတူ ခေါ်သွားချင်မိသည်။

လင်းချမ့်ဝေကလည်း အလွန် လှသည်ဟု ပြောရမည်။

ပြီးတော့ ဒီအဖြစ်အပျက်တွေကို ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ပါ။

All Chapters