← Chapters

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၂ )

Vol. 14 Ch. 208

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၂ )

Vol. 14 Ch. 208

Pittman သည် Bugatti ကော်ပိုရေးရှင်းက လင်းဖန်နှင့် ပတ်သက်နေမည်ဟု ထင်မထားခဲ့ပေ။

သူ လင်းဖန်ကို ဒီနေရာမှာ အလဲထိုးခဲ့ပြီး ကောင်မလေး နှစ်ယောက်ကို ဘယ်သူမှ မသိသော နိဗ္ဗာန်ဘုံ တစ်နေရာဆီ ခေါ်သွားမှာ ဖြစ်သည်။

ည တစ်ည ကုန်ဆုံးသွားပြီးတဲ့နောက်ပိုင်း လင်းဖန်က ရဲကိုပဲ ဖုန်းဆက်,ဆက် ၊ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး အကူအညီပဲ တောင်း,တောင်း .. ဘာမှ အသုံးဝင်တော့မှာ မဟုတ်ပေ။

တစ်ည ဆိုတဲ့ အချိန်ဟာ စုရှောင်းယွီနှင့် လင်းချမ့်ဝေတို့အပေါ် ဇာတ်လမ်းတွေ အများကြီး ဖြစ်ပျက်စေဖို့ လုံလောက်သည်။

နောက်တစ်နေ့ကျ သူတို့ နှစ်ယောက်ကို လင်းဖန် ရှာတွေ့သွားလည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။

ဒါက နိုင်ငံခြားတိုင်းပြည်လေ။

Pitt မိသားစု၏ မိသားစုဝင် တစ်ယောက် ဖြစ်သော Pittman သည် အာဏာရော ၊ အရှိန်အဝါရော ပိုင်ဆိုင်ထားသည်။

ထိုအချိန်မှာ သူ့ကို လင်းဖန် တရားစွဲလျှင်တောင် အမှုမနိုင်လောက်ပါ။

Pitt မိသားစုမှာ အတော်ဆုံး ရှေ့နေအဖွဲ့ ရှိသည်။

ပြီးတော့ ဒီလို ကိစ္စမျိုးကို Pittman လုပ်ဖူးတာ ပထမဆုံး အကြိမ်လည်း မဟုတ်ပေ။ .

လင်းဖန်ကို သတိမေ့သွားတဲ့အထိ ရိုက်နှက်ပြီးသွားရင် မိန်းကလေး နှစ်ယောက်ကို ဘယ်သူမှ မသိတဲ့ ပျော်စရာ နေရာလေးဆီ သူ ခေါ်သွားလို့ ရတယ်။ ဘယ်သူ သတိထားမိမှာမို့လို့လဲ။

Pitman ရဲ့ အိမ်ကို သူမတို့ ရောက်သွားချိန်မှာ သူမလေးတို့ ဘယ်လောက်ပဲ အကူအညီတောင်းပြီး အော်ဟစ်ငိုယိုနေလည်း ဘာတုံ့ပြန်မှုမှ ရှိမှာ မဟုတ်။

ထို့ပြင် Pittman ဟာ အလွန် ကောက်ကျစ်ယုတ်မာသည့် လူ တစ်ယောက်ဟု ပြောလို့ ရသည်။

သူက အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူဝကြီးအား လင်းဖန်ကို အနောက်ကနေ မရိုက်ခိုင်းသေးခင် လင်းဖန်ရဲ့ အာရုံပြောင်းသွားအောင် အရင်ဆုံး စကားပြောနေခဲ့သည်။

ဘီယာပုလင်းသာ သူ့ခေါင်းကို တည့်တည့် ရိုက်ချမိသွားပါက သူ သတိမေ့သွားနိုင်၏။

Pittman သည် စုရှောင်းယွီရဲ့ခန္ဓာကိုယ်ဟန်ကို ကြည့်ကာ ပိုလို့တောင် ရမ္မက်သွေးကြွလာခဲ့သည်။

သူ ဒီနေ့ သူမအား ပိုင်ကို ပိုင်ဆိုင်ရမည်။

လင်းဖန် ၊ စုရှောင်းယွီနှင့် လင်းချမ့်ဝေတို့သည် အကူအညီမဲ့သော အခြေအနေထဲမှာ ကျရောက်နေခဲ့သည်။

လင်းဖန်က တကယ်တမ်းမှာ Bugatti ကော်ပိုရေးရှင်းရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်သော်လည်း လောလောဆယ် ဖြစ်နေသော အဖြစ်အပျက်ကတော့ ဘယ်သူမှ မျှော်လင့်မထားသော မယုံကြည်နိုင်စရာ ဖြစ်ရပ်ပါ။

အကယ်၍ လင်းဖန်သာ ဒီနေရာမှာ သတိမေ့သွားပါက Bugatti ကော်ပိုရေးရှင်းရဲ့ မန်နေဂျာက သူ့ကို ချက်ချင်းပဲ သေချာပေါက် လာတွေ့လိမ့်မည်။

လင်းဖန် မရှိတော့ရင် စုရှောင်းယွီနဲ့ လင်းချမ့်ဝေကို ဘယ်သူက သတိရမှာတဲ့လဲ။

လင်းဖန် ဆေးရုံမှာ နိုးလာတဲ့အခါ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့ ဘယ်ရောက်သွားပြီလဲ ဆိုတာကိုရော ဘယ်သူ သိမှာလဲ။

သူမတို့ နှစ်ယောက် ဘာဖြစ်သွားမလဲ ဆိုတာ ဘယ်သူမှ မသိပါ။

ခွပ် —

ရုတ်တက်ပဲ ဘီယာပုလင်း လွတ်ကျသွားသည်။

အချိန် အကြာကြီး လေ့ကျင့်လာခဲ့သော လင်းဖန်ရဲ့ ခန္ဓာကိုယ်က အခုအချိန်မှာ အလိုလို တုံ့ပြန်နေခဲ့ပါပြီ။

လက်တွေ့၌ လင်းဖန်သည် သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေလျှင် အဲ့ဒါကို စိတ်ထဲကနေ တန်းသိသည်။

လင်းဖန်က လူဝကြီးရဲ့ ဗိုက်ကို ကန်လိုက်သောကြောင့် ဘီယာပုလင်းသည် သူ့ခေါင်းပေါ်ကို မရောက်နိုင်သေးခင်မှာပဲ လွတ်ကျသွားခဲ့သည်။

ထို့နောက် လူဝကြီး၏ ခေါင်းကို သူ ညာဝိုက်လက်သီး တစ်ချက် ပစ်ကျွေးလိုက်သည်။

အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူဝကြီးသည် ကြမ်းပြင်ပေါ် လဲကျသွားခဲ့၏။

Pittman ဘေးမှာ ရှိနေသော လုံခြုံရေးအစောင့်တွေကိုလည်း လင်းဖန်က မျက်စိတစ်မှိတ်ပင် မကြာလိုက်ဘဲ အလဲထိုးပစ်လိုက်သည်။

လင်းဖန်ရဲ့ခန္ဓာကိုယ်က အလွန် ကြံ့ခိုင်တောင့်တင်းနေပြီးသား ဖြစ်သည်။ သူ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။

လင်းဖန်သည် Pittman ရဲ့ ဘေးပတ်လည်က လုံခြုံရေးအစောက့်တွေကို အမှောက်သိပ်ပေးလိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ဘီယာပုလင်းကို ကောက်ယူလိုက်သည်။

တကယ်တော့ လင်းဖန် အစကတည်းက ဒေါသထွက်မနေခဲ့ပါ။

မူလတုန်းက တိုက်ခိုက်စရာ အကြောင်းပြချက် တစ်ခုမှ သူ ရှာမတွေ့နိုင်ခဲ့ပါ။

အခုတော့ Pittman ဟာ လင်ဖန် အတွက် တိုက်ခိုက်ရန် လမ်းကြောင်းကို သူ ကိုယ်တိုင်ပဲ ဖွင့်ပေးခဲ့လေသည်။

သူက Bugatti ကော်ပိုရေးရှင်းရဲ့ မိတ်ဆက်ဖြန့်ချီပွဲကို တက်ရောက်နေတာမို့ သူ့နံဘေးရှိ မိန်းကလေး နှစ်ယောက်ကို ကာကွယ်ပေးရပါမည်။ တစ်ယောက်က သူ့ခွေးမလေး ဖြစ်ကာ နောက်တစ်ယောက်ကတော့ သူ့မန်နေဂျာ ဖြစ်သည်။

အစပိုင်းမှာတော့ Pittman က ယဉ်ကျေးနေဆဲပါပဲ။ လင်းဖန်က သူ့ကို သန်း ဆယ်ဂဏာန်းလောက်ပဲ လှည့်စားသွားခဲ့တာ ဖြစ်ပါသည်။ အဲ့ဒါကလည်း Pattman ရဲ့ အိုင်ကျူက လုံလုံလောက်လောက် မမြင့်ဘဲ ငတုံး တစ်ယောက် ဖြစ်နေလို့ သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်သွားခဲ့တာပင်။

ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက ပြီးဆုံးသွားခဲ့ပြီမို့ ဘယ်သူကမှ Pittman ကို ရှေ့ဆက်တိုးလာလိမ့်မည်သု ထင်မထားခဲ့ပေ။ လင်းဖန်နှင့် တခြား လူတွေမှာ ဘာနောက်ခံမှ မရှိဘဲ အနိုင်ကျင့်ဖို့ လွယ်နေတာကို မြင်တော့ သူက သူတို့ကို တကယ်ပဲ တိုက်ခိုက်လာခဲ့သည်။

Pittman သည် ထိတ်လန့်တကြား ဖြစ်သွားရသည်။

သူ ခေါ်လာတဲ့ လုံခြုံရေးအစောင့်တွေကို လင်းဖန်က ဒီလောက် လွယ်လွယ်လေးနှင့် အနိုင်ယူသွားလိမ့်မယ်လို့ သူ စိတ်ကူးမကြည့်မိခဲ့။

လက်ထဲမှာ ဘီယာပုလင်းကို ဆုပ်ကိုင်ထားသော လင်းဖန်အား ကြည့်ကာ Pittman ပြောလိုက်သည်။ " မင်းကများ ရာရာစစ … "

လင်းဖန်သည် ဘီယာပုလင်းကို ကိုင်ထားပြီး Pittman ဆီသို့ လျှောက်လာခဲ့လိုက်သည်။

သူ အကြီးအကျယ် ဒေါသထွက်နေမိသည်။

" မင်း မှတ်ထား ၊ စုရှောင်းယွီက ငါ့ဇနီးရဲ့ သူငယ်ချင်းကောင်း။ "

" မှတ်ထားလိုက်ဦး ၊ မင်း ထိဖို့ နေနေသာသာ စကားနဲ့တောင် စော်ကားလို့ မရတဲ့ မိန်းကလေး တချို့ ရှိတယ်။ "

" ဒါက နိုင်ငံခြားတိုင်းပြည် ဆိုတော့ရော ဘာဖြစ်သွားလို့လဲ။ မင်းက တရုတ်လူမျိုးတွေကို အထင်သေးတာလား။ "

လင်းဖန်သည် ဘီယာပုလင်းကို ကိုင်ထားပြီး Pittman ရှိရာဆီ လျှောက်လာခဲ့သည်။

သူ့လက်မောင်းကို လွှဲရိုက်လိုက်သည်။

Pittman ၏ ခေါင်းနှင့် ဘီယာပုလင်း ထိခတ်သံ ခွမ်းခနဲ ထွက်ပေါ်လာကာ ဘီယာပုလင်းလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။

Pittman က ချက်ချင်းပဲ ကြမ်းပြင်ပေါ် လဲကျသွားကာ သူ့မျက်နှာမှာ ကြောက်လန့်မှုနှင့် ဒေါသတွေ ပြည့်နှက်နေခဲ့သည်။ " မအေပေး … မင်း အဆင်နဲ့များ ရာရာစစ ငါ့ကို ထိရဲတယ် … "

လင်းဖန်သည် စုရှောင်းယွီကို ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။

ကံကောင်းစွာဖြင့် သူ စုရှောင်းယွီကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့သည်။

စုရှောင်းယွီရဲ့ အဖေ ကိုယ်တိုင်သာ လက်တုံ့ပြန်ပါက ဒီလူတွေ ကမ္ဘာပေါ်မှာ အသက်နှင့်ခန္ဓာ မြဲမနေနိုင်လောက်ပါ။

သိပ်မကြာခင်မှာပဲ Pittman ရဲ့ မိသားစုမှ လူတွေ ရောက်လာခဲ့ကြသည်။

Pittman ၏ အဖေလည်း ရောက်လာသည်။

သူ့သားကို ဒီလို ပုံစံမျိုးနှင့် မြင်လိုက်ရသဖြင့် Pittman ရဲ့ အဖေက အလွန် ဒေါသထွက်သွားသည်။

" အဖေ ၊ ဒီလူပဲ။ ကျွန်တော့်ခေါင်းကို ပုလင်းနဲ့ ရိုက်တာ ဒီလူပဲ။ " Pittman သည် လင်းဖန်ကို ဒေါသတကြီး ကြည့်နေခဲ့သည်။

Pittman ရဲ့ အဖေဖြစ်သူ မျက်နှာကလည်း မည်းမှောင်နေခဲ့သည်။

သူ့နောက်မှာ ကပ်နေကြသော သက်တော်စောင့်များစွာသည် လင်းဖန်ကို တိုက်ခိုက်ရန် လက်တပြင်ပြင် ဖြစ်နေခဲ့ကြသည်။

သူတို့ လင်းဖန်ကို တိုက်ခိုက်ကြတော့မည့် အချိန်မှာပဲ Bugatti ရုံးတံခါး ပွင့်သွားခဲ့လေသည်။

ခပ်ဝေးဝေးကနေ အလင်းတန်း တစ်ခု ဝင်ရောက်လာခဲ့၏။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူများစွာသည် နှစ်တန်း ခွဲထွက်သွားကာ လင်းဖန်အရှေ့သို့ သေသပ်ညီညာစွာ လျှောက်လာခဲ့ကြသည်။

အနက်ရောင် ဝတ်စုံ ဝတ်ထားသော လူတွေရဲ့ အလယ်မှာ ရှိနေတာကတော့ Bugatti ကော်ပိုရေးရှင်းရဲ့ လက်ရှိ CEO ဖြစ်ပါသည်။

Bugatti ကော်ပိုရေးရှင်းရဲ့ CEO ကိုယ်တိုင် ဒီကို ရောက်လာခဲ့တာပါ။

Bugatti က ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ဇိမ်ခံပြိုင်ကား ကုမ္ပဏီတွေထဲမှ တစ်ခု ဖြစ်သောကြောင့် Bugatti ၏ ဘော့စ်သည် လင်းဖန်၏ အဖေထက် အများကြီး သာလွန်သည်။

Bugatti ကော်ပိုရေူရှင်း၏ CEO သည် လင်းဖန်အရှေ့သို့ လျှောက်လာပြီး နွေးထွေးစွာ ပြောလိုက်သည်။ " နောက်ကျသွားမိတဲ့ အတွက် တောင်းပန်ပါတယ် ဘော့စ်လင်း။ "

" ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို တက်ရောက်နေရင်း ဘော့စ်လင်း ဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားဘူး။ " Bugatti ကော်ပိုရေးရှင်း၏ CEO က ပြုံးလိုက်သည်။

All Chapters