← Chapters

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၃ )

Vol. 14 Ch. 209

လူတိုင်းကို ထိတ်လန့်သွားစေသော လင်းဖန်၏ သရုပ်မှန် ( ၃ )

Vol. 14 Ch. 209

လင်းဖန်၏ ဂုဏ်ရှိန် အဆင့်အတန်းကို သူ သိသည်။

လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်သည်။

ပြီးတော့ … ဒါက အစပဲ ရှိပါသေးသည်။

Bugatti ကော်ပိုရေးရှင်းသို့ လင်းဖန် ရောက်လာချိန်တွင် LV နှင့် Chanel သည် Bugatti ကော်ပိုရေးရှင်း၏ ဘော့စ်ကို ဆက်သွယ်လာခဲ့သည်။

သူတို့က Bugatti ကော်ပိုရေးရှင်းအား လင်းဖန်ကို ကာကွယ်ပေးစေချင်နေသည်။

လင်းဖန်က ထိပ်တန်း ဇိမ်ခံကုန်ပစ္စည်း အမှတ်တံဆိပ် နှစ်ခုရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်နေပါသေးသည်။

ထို့အပြင် လင်းဖန်၏ သရုပ်မှန်နှင့် နောက်ခံက ခန့်မှန်းလို့ မရလောက်အောင် မြင့်မားသည်။

Bugatti ကော်ပိုရေးရှင်းရဲ့ CEO ရောက်လာသောအခါ Pittman ရဲ့ အဖေက ဆက်ပြောနေဆဲ ဖြစ်သည်။ " Bugatti ကော်ပိုရေးရှင်းရဲ့ CEO ကို ဒီမှာ တွေ့ရမယ်လို့ ကျွန်တော် ထင်မထားဘူး။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ခင်ဗျား ဝင်မပါသင့်ဘူး။ ဒါက ကျွန်တော်တို့ မိသားစုနဲ့ လင်းဖန်ကြားက ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စ တစ်ခုပါ။ ငါ့သားကို သူ စိတ်ကျေနပ်တဲ့အထိ ချက်ချင်း တောင်းပန်လိုက်ပါ လင်းဖန်။ "

" မင်းက ငါ့သားနဲ့ လုံခြုံရေး အစောင့်တွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ မင်း သူ့ကို စိတ်ကျေနပ်တဲ့အထိ မတောင်းပန်ဘူး ဆိုရင် ငါ ဖမ်းဆီးထိန်းသိမ်းထားဖို့ ရဲကို ဖုန်းဆက်လိုက်မယ် ၊ ပြီးရင် တရားရုံးမှာ မင်းကို လူသိရှင်ကြား တရားစွဲမယ်။ " ဟု Pittman ၏ အဖေက ပြောလိုက်သည်။

Bugatti ကော်ပိုရေးရှင်းရဲ့ CEO က ပြုံးပြီး Pittman ရဲ့အဖေကို ကြည့်လိုက်သည်။ " လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်ပြီးတော့ LV နဲ့ Chanel ရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက်ပါ။ ဘော့စ်လင်းရဲ့ အရေးကိစ္စတွေက ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရေးကိစ္စတွေပါပဲ။ "

Bugatti ကော်ပိုရေးရှင်း၏ ဘော့စ်က ထိုကဲ့သို့ ပြောလိုက်သောအခါ Pittman ၏ ဖခင်သည် အမူအရာ ပြောင်းသွားခဲ့သည်။

Bugatti ရဲ့ CEO သာ ရောက်မလာပါက Pittman ရဲ့အဖေသည် လင်းဖန်ကို ပြားပြားဝပ်သွားအောင် လုပ်ပစ်မှာ ဖြစ်သည်။

အခုတော့ လင်းဖန်ဟာ Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်ကြောင်း သူ နားလည်သွားပါပြီ။

ထိုသတင်းက အံ့ဩဖို့ မလုံလောက်ဘူး ဆိုလျှင်တောင် လင်းဖန်က Chanel နှင့် LV ရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင် ဖြစ်နေတယ် ဆိုတဲ့ အချက်က Pittman ရဲ့ အဖေကို မျက်လုံးပြူးကျယ် ထိတ်လန့်သွားစေဖို့ လုံလောက်လေသည်။

အဲ့ဒါက လင်းဖန်ဟာ ထိပ်တန်း ဇိမ်ခံပစ္စည်း ကုမ္ပဏီ ၃ ခုရဲ့ သူဌေးကြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။

ဒါက လင်းဖန်ရဲ့ နောက်ခံပါပဲ။

လင်းဖန်နှင့် ယှဉ်လိုက်လျှင် Pitt မိသားစုသည် ဘယ်နေရာမှာမှ မသာလွန်ပေ။

လင်းဖန်၏ ဂုဏ်ရှိန် အဆင့်အတန်းကြောင့် Pittman ရဲ့ အဖေက သူ့ကို အဲ့လိုမျိုး ဖမ်းဆီးလို့ မရပါ။

သူ့ကို တရားစွဲဖို့ တရားရုံကို သွားတာ ဆိုလျှင်တော့ အမှုနိုင်ဖို့ အခွင့်အလမ်းတွေက ပိုလို့တောင် နည်း၏။

ထိပ်တန်း ဇိမ်ခံပစ္စည်း ကုမ္ပဏီ ၃ ခုရဲ့ ဘော့စ် တစ်ယောက် ဖြစ်သော လင်းဖန့်က မရေမတွက်နိုင်သော အခွန်များကို နှစ်စဉ် ဆောင်ခဲ့သည်။

Pittman ကို ပုလင်းနှင့် အရိုက်ခံလိုက်ရတယ် ဆိုလျှင်တောင် ရန်ပွဲ တစ်ပွဲကြောင့် လင်းဖန်ကို ပြစ်ဒဏ် ချမှတ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။

သူတို့ လင်းဖန်ကို အမှားကျူးလွန်မိလျှင် … Pitt ကုမ္ပဏီဟာ တစ်စစီ ပြိုလဲသွားရနိုင်သည်။

LV ၊ Chanel နဲ့ Bugatti မှာ ဘယ်လို အရှိန်အဝါမျိုးတွေ ရှိနေတာများလဲ။

အကယ်၍ ထိုကုမ္ပဏီ ၃ ပူးပေါင်းပြီး Pitt ကုမ္ပဏီကို ပြဿနာရှာလိုက်လျှင် Pitt ကုမ္ပဏီရဲ့ အပျက်ကိန်းဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆိုက်ရောက်လာနိုင်သည်။

ဒီအဓိပ္ပာယ်ကို နားလည်ဖို့ မလွယ်ကူပါက တရုတ်နိုင်ငံမှာ Alibaba ၊ QQ နဲ့ JD.com တို့က အတူတကွ ပူးပေါင်းပြီး ကုမ္ပဏီလေး တစ်ခုကို ဒုက္ခပေးခြင်းကို မှန်းဆကြည့်နိုင်သည်။ ဘယ်သူက သူတို့ကို အနိုင်ယူနိုင်မှာလဲ။

ထိုအတွေးကြောင့် Pittman ၏ ဖခင်သည် ဘယ်လိုမှ မတတ်နိုင်ဘဲ ချွေးစီးတွေ ပြန်လာမိသည်။

ဒါပေမဲ့ ကိစ္စတွေက ဒီလို ဖြစ်နေခဲ့ပြီပဲ။ သူ မကျေနပ်ကြောင်း တစ်ခုခု ပြောချင်လျှင်တောင် မပြောနိုင်တော့ပါ။

" သွားရအောင်။ " ဟု Pittman ၏ အဖေက ပြောလိုက်သည်။ Pittman ကြောင့်သာ မဟုတ်ရင် လင်းဖန်လို အကောင်ကြီးကြီး အမြီးရှည်ရှည် တစ်ယောက်ကို သူ ဘယ်လိုလုပ် စော်ကားနိုင်ခဲ့မှာလဲ။

သားဖြစ်သူနှင့်အတူ ထွက်ခွာသွားသော Pittman ၏ အဖေကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ မပြန်သေးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ထိတ်လန့်သွားခဲ့ကြသည်။

ဘုရားရေ … လင်းဖန်က ဘယ်လိုလုပ် ဒီလောက် အံ့ဩစရာကောင်းနေရတာလဲ။

Pittman က ဘီယာပုလင်းနှင့် အရိုက်ခံခဲ့ရသော်လည်း သူ့အဖေ ရောက်လာတာတောင်မှ ဘာမှ မပြောရဲဘဲ သူ့သားကို ခေါ်ကာ ပြန်သွားခဲ့ရသည်။

Bugatti ကော်ပိုရေးရှင်းရဲ့ CEO ပင်လျှင် ဒီမှာ ရှိနေခဲ့ပါသည်။ လင်းဖန်က ဘယ်လို ဂုဏ်ရှိန် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတာပါလိမ့်။

သူတို့က ခပ်ဝေးဝေးမှာ ရှိနေတာမို့ Bugatti ကော်ပိုရေးရှင်းရဲ့ CEO ပြောတဲ့ စကားတွေကို သေချာ မကြားလိုက်ရပေ။ သူတို့ လင်းဖန်ရဲ့ နောက်ခံကို မသိသလို သရုပ်မှန်ကိုလည်း မသိကြ။

လူတိုင်း ပြန်ဖို့ ပြင်နေတာကို မြင်တော့ လင်းဖန်က ပြောလိုက်သည်။

" ကျွန်တော့်ဘေးက မိန်းကလေး နှစ်ယောက်က အနိုင်ကျင့်ခံခဲ့ရတယ်။ ပြီးတော့ မင်း ငါ့ကို ငါ စိတ်ကျေနပ်တဲ့အထိ မတောင်းပန်ရသေးဘူး။ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူးနော်။ "

" ကျန်တဲ့ လူတွေ အကုန် ပြန်လို့ ရပေမဲ့ Pittman ကိုတော့ အခုချက်ချင်း ချန်ထားခဲ့ပါ။ " လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ CEO ကို ကြည့်ပြီး ပြောလိုက်သည်။

အကယ်၍ သူသာ အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ လူရဲ့ တိုက်ခိုက်မှုကို မရှောင်ဘဲ Pittman ကို လက်ပြန်မရိုက်ခဲ့ပါက ဒီနေ့ အဖြစ်အပျက်တွေ ဘယ်အတိုင်းအတာထိ ရောက်သွားမှာလဲ။

လင်းဖန်သည် သူ နိုင်ငံခြား ရောက်နေစဉ် ဘယ်တော့မှ အနိုင်ကျင့်မခံချင်ခဲ့ပါ။ သူ့ဘေးက လူတွေကို ဆိုရင် ပိုလို့တောင် အနိုင်ကျင့်မခံစေချင်သေးသည်။

Pittman ၏ အဖေသည် ကိစ္စတွေကို လင်းဖန် ပြောတဲ့အတိုင်း လိုက်မလုပ်ပေးချင်သော်လည်း ဘယ်သူကမှ လင်းဖန်အား သူ့သဘောထားကို မေးခွန်း မထုတ်ခဲ့ကြပေ။

All Chapters