ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းကျမ်း
Vol. 25 Ch. 338
" မကောင်းတော့ဘူးဟေ့...။ မိစ္ဆာကျွဲရိုင်းအိုကြီး ဒီဘက်ကို ပြေးလာနေပြီဟ "
မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်နေတဲ့ လူတိုင်းရဲ့ စိတ်ထဲမှာတော့ အန္တရာယ် အငွေ့အသက်တွေကို ခံစားနေရပါပြီ။ ဒီဉာဏ်များတဲ့ မိစ္ဆာကျွဲအိုကြီး အကြောင်းကို လူတိုင်းက ကြားဖူးပြီးသားပါပဲ။ ဒီအဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲကြီးက လေနဲ့မှုတ်လိုက်ရင်တောင်မှ ကောင်းကင် နယ်ပယ် ပညာရှင်အုပ်လိုက်ကြီး သေဆုံး သွားနိုင်ပါတယ်။
" တိရစ္ဆာန်ကောင်...သွားစမ်း "
အရေးကြီးတဲ့ အချိန် ဖြစ်နေတဲ့အတွက် ကောဟိုင်က ပညာ လျှိုမထားနိုင်တော့ပါဘူး။ သူက လျှို့ဝှက် နည်းစနစ် အချို့ကို ထုတ်သုံးပြီး သူ့ရဲ့ ပျံသန်းနှုန်းကို မြှင့်လိုက်ပါတယ်။ တစ်မုဟုတ်ချင်းမှာပဲ ကောဟိုင်က မိစ္ဆာကျွဲရိုင်းကြီးရဲ့ အရှေ့ကို ရောက်သွားခဲ့ပါပြီ။ သူ့လက်ထဲက ဆေဘာကတော့ ကျွဲရိုင်းကြီးကို ဆယ်မိုင် အကွာအထိ လွင့်ထွက် သွားစေခဲ့ပါတယ်။
"ဒီနေ့ မင်းနဲ့ငါထဲက တစ်ယောက်ကတော့ သေရမယ် "
မိစ္ဆာကျွဲရိုင်းအိုကြီးက ဒဏ်ရာ အနည်းငယ် ရသွားပုံပါပဲ။ အဲသည် ဒဏ်အနည်းကပဲ သူ့ရဲ့ ဒေါသတွေကို လှုံ့ဆော် ပေးခဲ့ပါတယ်။ မိစ္ဆာကျွဲရိုင်းအိုကြီးက ထွက်ပြေးဖို့ လုံးဝ မစဉ်းစားတော့ဘဲ ကောဟိုင်ကိုသာ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပါပြီ။
အဲဒီအချိန်မှသာ လူသားတွေ အားလုံးက သက်ပြင်း ချနိုင်ပါတော့တယ်။ ထို့နောက်မှာတော့ တိုက်ပွဲမှာ အသာရနေတဲ့ လူသားတွေဟာ ကျန်ရှိနေသေးတဲ့ မိစ္ဆာသားရဲတွေကို လက်စတုံးဖို့ အားသွန်ခွန်စိုက် ကြိုးစား ကြပါတော့တယ်။
၁၅ မိနစ်မျှ အကြာမှာတော့ မိစ္ဆာသားရဲတွေ အကုန်လုံးဟာ သေဆုံး သွားကြပါပြီ။ ဒီမိစ္ဆာသားရဲ အသေကောင်တွေက လူသားတွေရဲ့ မျက်လုံးထဲမှာတော့ ရွှေတွေပါပဲ။ အဲဒီအတွက် လူတွေအားလုံးဟာ မိစ္ဆာသားရဲ အသေကောင်တွေ ဆီကနေ အဖိုးတန်တဲ့ အစိတ်အပိုင်းတွေကို ရှာဖွေ ကြပါတော့တယ်။
အဆင့်၃ မိစ္ဆာသားရဲပဲ ဖြစ်ဖြစ် ၊ အဆင့်၄ မိစ္ဆာသားရဲပဲ ဖြစ်ဖြစ်ပါလေ။ နှစ်မျိူးစလုံးကတော့ အဖိုးတန် တာပါပဲ။ ဒီမိစ္ဆာသားရဲ အသေကောင် အချို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာဆိုရင် အတော်လေးကို တန်ဖိုးကြီးပါတယ်။ ဥပမာပြောရမယ် ဆိုရင်တော့ မျက်လုံးနီ မိစ္ဆာသားရဲတွေပေါ့။ ဒီမိစ္ဆာသားရဲတွေက အဆင့်၃ မိစ္ဆာသားရဲတွေထဲမှာတောင်မှ အတော်လေး ရှားပါတယ်လို့ ဆိုရမှာပါ။
ဒီမျက်လုံးနီ မိစ္ဆာသားရဲတွေရဲ့ မျက်လုံးတစ်စုံကတင် အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်လုံးထက် တန်ဖိုးကြီးပါတယ်။ မျက်လုံးနီ မိစ္ဆာရဲ့ မျက်လုံး တစ်စုံကိုသာ လေလံတင်ပြီး ရောင်းချမယ် ဆိုရင်တော့ ရွှေဒင်္ဂါးသန်း အချို့ ရနိုင်ပါတယ်။
" ဟား...ဟား...ဟား...။ ငါကွ..."
မျက်လုံးနီ မိစ္ဆာသားရဲရဲ့ မျက်လုံးတစ်စုံကို ရလိုက်တဲ့ မြေကမ္ဘာပညာရှင် တစ်ယောက် ကတော့ ဝမ်းသာအားရ ရယ်မောနေပါပြီ။ သူ့အတွက်ကတော့ ဒါက ရွှေပုံကြီးကို ခလုတ် တိုက်မိ လိုက်တာပါပဲ ။ ရွှေဒင်္ဂါး သန်းအချို့ဆိုတာက နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း သူ့ထက်ကံကောင်းသူ အချို့လည်း ရှိပါသေးတယ်။ အခြားအဖွဲ့က ကောင်းကင် နယ်ပယ်ပညာရှင် တစ်ယောက်ကလည်း အဆင့်၄ အလယ်အလတ် မိစ္ဆာသားရဲရဲ့ မိစ္ဆာအမြူတေကို ရသွားတယ်လေ။
ဈေးကွက် ထဲမှာဆိုရင် အဆင့်၄ အဆင့်နိမ့် မိစ္ဆာအမြူတေ တစ်ခုကို ရွှေဒင်္ဂါး၁၀သန်း ပေးရတာ ဖြစ်ပါတယ်။ ဒီအဆင့်၄ အလယ်အလတ် မိစ္ဆာအမြူတေကို ရောင်းမယ် ဆိုရင်တော့ဖြင့် အနည်းဆုံး ရွှေဒင်္ဂါး တစ်ကုဋေ တန်မှာပါ။
လီဖူချန်းကတော့ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စိတ်မဝင်စားပါဘူး။ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ရာနဲ့ချီပြီး ပိုင်ဆိုင်ထားတဲ့ သူ့အတွက်ကတော့ ဒီရွှေဒင်္ဂါး ၁၀သန်းတို့၊ ရွှေဒင်္ဂါး သန်း၁၀၀တို့ ဆိုတာက နည်းပါးတဲ့ ပမာဏ တစ်ခုပါပဲ။ လီဖူချန်း အတွက်ကတော့ မိစ္ဆာသားရဲ အစိတ်အပိုင်းတွေထက် မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေက ပိုအရေးကြီးနေတာပါ။
လီဖူချန်းအတွက် သွေးအဆီအနှစ်က ဘာဖြစ်လို့ အရေးကြီး နေရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကတော့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျမ်းကြောင့် ပါပဲ။
လီဖူချန်း တစ်ယောက် ကောင်းကင်နယ်ပယ် အဆင့်၄ပညာရှင် ဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားတဲ့ မြေကမ္ဘာအဆင့် အင်းကွက် တစ်ခုက အသက် ဝင်လာခဲ့ပါတယ်။
အဲဒီအင်းကွက်ကိုတော့ သူက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ ဆန်းကြယ် သတ္တမ တံခါးမှာ ရခဲ့တာပါ။ အဲဒီ အင်းကွက်ထဲမှာတော့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ဆိုတဲ့ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ် တစ်ခု ပါလာခဲ့ပါတယ်။
ဒီနည်းစနစ်ထဲမှာ ပါလာတဲ့ ကျင့်စဉ်တွေကတော့ သိပ်ပြီး အခက်ကြီး မဟုတ်လှပါဘူး။
ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်မှာ အခန်းခြောက်ခန်းနဲ့ တစ်ဝက် ပါရှိပါတယ်။ အခန်းတိုင်းက ကျင့်ကြံခြင်း နယ်ပယ်နဲ့ သက်ဆိုင်နေတာပါ။
ပထမ အခန်းက လူသားနယ်ပယ်၊ ဒုတိယအခန်းက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ်၊ တတိယ အခန်းက မြေကမ္ဘာနယ်ပယ်၊ စတုတ္ထ အခန်းက ကောင်းကင် နယ်ပယ်ဆိုပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျင့်ကြံရပါတယ်။ ကျန်တဲ့ အခန်းတွေကတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ပေါ်မလာသေးပါဘူး။ သူ့အနေနဲ့ နောက်ထပ်နယ်ပယ် အသစ်တွေကို ချိုးဖောက် ဝင်ရောက်နိုင်မှသာ ကျန်တဲ့အခန်းတွေက ပေါ်လာမယ့် ပုံပါပဲ။
လက်ရှိမှာတော့ လီဖူချန်းက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ အခန်း၃ကို အောင်မြင် ပြီးသွားပါပြီ။ မြေကမ္ဘာရှင်တွေရဲ့ တိုက်ခိုက်မှုတွေဆိုရင် သူ့အနေနဲ့ ချီအကာအကွယ် ဖန်တီးပြီး ကာကွယ်ဖို့တောင် မလိုတော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဲဒီလောက်ထိကို ကောင်းနေတာပါ။
လီဖူချန်းအနေနဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ စတုတ္ထအခန်းကို လေ့ကျင့်ဖို့ အတွက် ဆန်းကြယ်အဆင့် ခန္ဓာကိုယ် သန့်စင်ဆေးလုံး အများကြီး လိုအပ်ပါတယ်။ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေနဲ့ ဆိုရင်လည်း အလုပ်ဖြစ်တာပါပဲ။ မိစ္ဆာသားရဲ သွေးအဆီအနှစ်ကို သုံးမယ် ဆိုရင်တော့ အနိမ့်ဆုံးအနေနဲ့ အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် ဖြစ်နေမှသာ အလုပ်ဖြစ်မှာပါ။ အဆင့်၄ အောက်က မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကတော့ လီဖူချန်း အတွက် အလုပ် မဖြစ်ပါဘူး။
လီဖူချန်းက သူသတ်ခဲ့တဲ့ အဆင့်၄ မိစ္ဆာသားရဲတွေ ထံကနေပြီး သွေးအဆီအနှစ် သွေးစက် ၄၀ကျော်ကို ထုတ်ယူခဲ့နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီသွေးအဆီအနှစ် သွေးစက် ၄၀ကျော်က ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ စတုတ္ထအခန်းကို အောင်မြင်ဖို့ အတွက် မလုံလောက် သေးပါဘူး။ အဲဒီအတွက်လီဖူချန်း က အခြားနည်းလမ်း တစ်ခုရှာမှကို ဖြစ်တော့မှာပါ။
သိပ်မကြာခင်မှာပဲ လီဖူချန်းက အကြံတစ်ခု ရသွားပါတော့တယ်။ အဲဒါကတော့ သွေးအဆီအနှစ် တွေကို ဈေးကောင်း ပေးပြီးပြီ ဝယ်တာပါပဲ။ လီဖူချန်းက သူ့ရဲ့ အတွင်းအားကို ထုတ်ပြီး ကျယ်လောင်စွာဖြင့် ကြော်ငြာလိုက်ပါတယ်။
" အားလုံးပဲ ကျေးဇူးပြုပြီး နားထောင် ပေးကြပါဦး...။ ကျွန်တော်က အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေ အများကြီး လိုအပ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်က အဆင့်၄ မိစ္ဆာသားရဲ အဆီအနှစ် သွေးတစ်တိုင်းကို ရွှေဒင်္ဂါး နှစ်သိန်းခွဲ ပေးပြီး ဝယ်ပါမယ်။ အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် ရှိသူတွေ လာရောက် ရောင်းချနိုင်ပါတယ်"
ဖူချန်းပေးထားတဲ့ ဈေးနှုန်းက ဂိုဏ်းတော်တွေက ပေးတဲ့ဈေးနှုန်းတွေ ထက်တောင် အတော်လေး များနေပါပြီ။ ဂိုဏ်းတော်တွေတောင်မှ အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်စက်ကို ရွှေဒင်္ဂါး နှစ်သိန်းထက်ကျော်ပြီး မပေးပါဘူး။
" သွေးအဆီအနှစ် တစ်စက်ကို ရွှေဒင်္ဂါး နှစ်သိန်းခွဲလား...။ မင်းပေးတဲ့ ဈေးက မဆိုးဘူး။ ငါရထားတဲ့ သွေးအဆီအနှစ်ကို မင်းကို ရောင်းပေးမယ် "
ကောင်းကင်နယ်ပယ် အလယ်အလတ်ပညာရှင် တစ်ယောက်က လီဖူချန်းပေးတဲ့ ဈေးကို စိတ်ဝင်စားတဲ့ အတွက် သူရထားတဲ့ အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို မဆိုင်းမတွပင် ရောင်းချ လိုက်ပါတယ်။
" ငါလည်း ရောင်းမယ်ဟေ့ "
" ငါ့မှာလည်း မိစ္ဆာသားရဲ သွေးအဆီအနှစ် ၅စက် ရှိတယ်ကွ "
အစောပိုင်းတုန်းက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကြီးကတော့ ဈေးရောင်း ပွဲတော်ကြီး ဖြစ်သွားခဲ့ပါပြီ။
ဒီလိုနဲ့ပဲ တိုက်ပွဲတစ်ခုလုံးမှာ ရှိတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေထံက နေပြီး လီဖူချန်းက အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်ပေါင်း တစ်ထောင်ကို ဝယ်ယူရရှိ ခဲ့ပါတော့တယ်။ အဲဒီအတွက် လီဖူချန်းက ရွှေဒင်္ဂါးပေါင်း သန်း၂၅၀ကို အသုံးပြုလိုက်ရပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက ဒီလောက်များတဲ့ ရွှေဒင်္ဂါးတွေကို မပိုင်ဆိုင်ပါဘူး။ သူပိုင်ဆိုင်တဲ့ ရွှေဒင်္ဂါးတွေက သန်း၃၀နီးပါးသာ ရှိတာပါ။
ဒါပေမဲ့လည်း သူက ဒီလိုအခြအနေမျိုးကို ကြိုမြင်တဲ့အတွက် ဂိုဏ်းတော်ကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ပြန်ရောင်း ခဲ့တယ်လေ။
အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်တုံးက ရွှေဒင်္ဂါး ၁၂တန်း တန်တဲ့ အတွက် လီဖူချန်းက ဂိုဏ်းတော်ကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၂၀ ရောင်းချခဲ့ပါတယ်။ အဲသည်က ရခဲ့တဲ့ ရွှေဒင်္ဂါး သန်း၂၄၀ အားကိုးနဲ့ လီဖူချန်းတစ်ယောက် သွေးအဆီအနှစ် တွေကို စိတ်တိုင်းကျ ဝယ်နေတာပါ။
အဆင့်၄ သွေးအဆီအနှစ် သွေးစက် တစ်ထောင်ကို ရပြီးတဲ့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ သွေးအဆီအနှစ် ဝယ်ယူခြင်းကို နားလိုက် ပါတော့တယ်။ သည်မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက် တစ်ထောင်က ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းကို လေ့ကျင့်ဖို့ အတွက် လုံလောက်မက လုံလောက်နေပြီ မဟုတ်ပါလား။
ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထ အခန်းကိုသာ အောင်မြင် ပြီးသွားရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်နယ်ပယ် အဆင့်မြင့်တန်းက သာမန် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို မှုတော့မှာ မဟုတ်ပါဘူး။
လီဖူချန်းက လုံလောက်တဲ့ ရင်းမြစ်ပစ္စည်းတွေကို ဘာမှ အားစိုက်ထုတ် လိုက်ရခြင်း မရှိဘဲ အလွယ်တကူ ရသွားတဲ့ အတွက် အတော်လေး ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါပဲ။
သာမန် အခြေအနေတွေမှာ ဆိုရင်တော့ အခုလို တစ်ထိုင်တည်းနဲ့ အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်တစ်ထောင်ကို ရဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်ပါဘူး။
အဆင့်၄ မိစ္ဆာသားရဲ တစ်ကောင်မှာမှ သွေးအဆီအနှစ် ၄စက်၊ ၅စက်လောက်သာ ပါရှိတာ ဖြစ်ပါတယ်။ အဆင့်၄မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်တစ်ထောင်ကို ရဖို့အတွက် ဆိုရင် လီဖူချန်းအနေနဲ့ အနည်းဆုံးတော့ အဆင့်၄ မိစ္ဆာသားရဲ အကောင်၂၀၀ကို သတ်ဖြတ်ရပါမယ်။ ဒါက လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ ဒီသွေးအဆီအနှစ် သွေးစက် တစ်ထောင်ကို ရဖို့အတွက်ဆိုရင် အချိန်အများကြီး ယူရနိုင်ပါတယ်။
လက်ရှိဖြစ်နေတဲ့ စစ်ပွဲကြီးကြောင့်သာ လီဖူချန်း တစ်ယောက် သည်လို အခွင့်အရေးကြီးကို ရခဲ့တာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ စတုတ္ထ အခန်းကို အောင်မြင်ဖို့ အတွက် နှစ်ပေါင်းများစွာ အချိန် ပေးရတော့မှာပါ။
******
ဘုန်း ... ... ဝုန်း ... ... ဝုန်း ... ...
ကောဟိုင်နဲ့ ကျွဲရိုင်းမိစ္ဆာကြီးရဲ့ တိုက်ပွဲကလည်း အကြိတ်အနယ်ပါပဲ။ ဒီလိုအဆင့်မှာ ရောက်နေတဲ့ ကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုဟာ တစ်ရက်၊ တစ်ညတည်းနဲ့ အဖြေထွက် လာတာမျိုးတော့ မဟုတ်ပါဘူး။
" တောင်တန်းကိုဖြို ၊ ပင်လယ်ကိုမျို"
ကောဟိုင်က ပထမတန်းစား ဂိုဏ်းတစ်ခုရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ပီသပါပေတယ်။ သူ့ရဲ့ နည်းစနစ်တွေကတော့ အံ့သြကုန်နိုင်ဖွယ်ပါပဲ။ သူက တိုက်ခိုက်အား တိုးမြှင့်ပေးတဲ့ လျှို့ဝှက်နည်း စနစ်တစ်ခု သုံးပြီး မိစ္ဆာကျွဲရိုင်းကြီးကို ဆေဘာဖြင့် အားရပါးရ ပိုင်းချလိုကိပါတယ်။
ဒီဆေဘာဓားချက်က အရာအားလုံးကို ပိုင်းဖြတ် သွားတော့မယ့် ပုံပင်။
ဒီဓားကွက်ကို ကောဟိုင်က ဂူသင်္ချိုင်းတစ်ခုကနေ ရခဲ့တာဖြစ်ပြီး မြေကမ္ဘာ အဆင့်နိမ့် ဆေဘာ ဓားသိုင်းကွက် ဖြစ်ပါတယ်။ နှမြောစရာ ကောင်းတာ တစ်ခုကတော့ ဒီဆေဘာ ဓားကွက်က တစ်ဝက်သာ ရှိနေတာပါပဲ။
ရွှမ်း ... ... ...
ဒီမြေကမ္ဘာ အဆင့်နိမ့် ဆေဘာဓားသိုင်းကွက်က တစ်ဝက်သာ ဖြစ်ပေမယ့်လည်း ကျွဲရိုင်း မိစ္ဆာကြီးကတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။
ပေပေါင်းများစွာ ရှည်တဲ့ ကျွဲရိုင်းမိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ကန့်လန့်ဖြတ် ဆေဘာဓား ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီဓားဒဏ်ရာကြီးက ပေတစ်ရာ နီးပါးကို ရှိပါတယ်။ ဒဏ်ရာကနေ ထွက်နေတဲ့ သွေးစိမ်းရှင်ရှင် တွေကလည်း ရေပန်းတစ်ခုကနေ ပန်းထွက် နေသလိုပါပဲ။
" လူသား... သတ္တိရှိရင် ဒီမှာစောင့်နေလိုက်...။ ငါမင်းကို ကလဲ့စား ပြန်လာချေမယ်..."
ဒဏ်ရာ ရသွားတဲ့ မိစ္ဆာ ကျွဲရိုင်းကြီးကတော့ ကောဟိုင်ကို ဆက်မတိုက်တော့ဘဲ ခွာတွေကို ကဆုန်ပေါက်ပြီး ထွက်ပြေး သွားခဲ့ပါပြီ။ သူ့ရဲ့ ပြေးနှုန်းကတော့ တကယ့်ကို စံချိန်တင်ပါပဲ။ ခွာတစ်ချက် ပေါက်လိုက်ရင်ကို မိုင်ပေါင်းများစွာ ရောက်သွားတာပါ။
ကောဟိုင်ကတော့ ကျွဲရိုင်း မိစ္ဆာကြီး နောက်ကို လိုက်မသွားဘဲ မျက်မှောင် ကြုတ်ပြီးသာ ကျန်နေခဲ့ပါတယ်။ မျက်စိ တစ်မှိတ် အတွင်းမှာပဲ ကျွဲရိုင်းမိစ္ဆာကြီးကတော့ သူ့ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။
" အဆင့်၅ မိစ္ဆာသားရဲရဲ့ သွေး..."
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တလက်လက် တောက်ပလာပါတယ်။ သူက ကျွဲရိုင်းမိစ္ဆာကြီးရဲ့ သွေးတွေထံကနေပြီး သွေးအဆီအနှစ် အနံ့တွေ ရနေတယ်လေ။
ဒီကျွဲရိုင်းမိစ္ဆာကြီးရဲ့ သွေးအဆီအနှစ်နဲ့သာ ဆိုရင်တော့ သူ့အနေနဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းကို အချိန်တိုလေး အတွင်းမှာ လေ့ကျင့် အောင်မြင်သွားမှာ မဟုတ်ပါလား။
"ကျွတ်...ကျွတ်... နှမြောစရာ ကောင်းလိုက်တာကွာ..."
မြေကြီးထဲကို စိမ့်ဝင်သွားတဲ့ သွေးတွေကို ကြည့်နေရင်းနဲ့ လီဖူချန်း တစ်ယောက်ကတော့ နှမြောလို့ မဆုံး ဖြစ်နေပါတယ်။
ကျွဲရိုင်းမိစ္ဆာကြီးကို မောင်းထုတ် အပြီးမှာတော့ ကောဟိုင်က အားလုံးကို အမိန့်ပေးလိုက် ပြန်ပါတယ်။
" ရှေ့ဆက်ပြီး ချီတက်ကြ "
*******
တောင်ဖြူနယ်မြေရဲ့ ဧရိယာ အကျယ်အဝန်း ကတော့ မိုးပြာရောင် ဂိုဏ်းနယ်မြေနဲ့ အတူတူလောက်ပါပဲ။ နယ်မြေ ၂လုံးစလုံးက မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းပါတယ်။
ဒီလို မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းတဲ့ နယ်မြေတစ်ခုထဲမှာ တစ်ဖက်နဲ့ တစ်ဖက် ထိပ်တိုက် တွေ့ဆုံဖို့ ဆိုတာက အတော်လေးကို ခက်ခဲ့တဲ့ အရာတစ်ခုပါပဲ။
သည်လိုနဲ့ပဲ ရက်သတ္တပတ် တစ်ခု ကုန်ဆုံး သွားခဲ့ပါပြီ။
တစ်နေ့မှာတော့ ကောဟိုင်က တိုက်ပွဲတစ်ခုကို သတိပြုမိသွားပုံပါပဲ။ သူ့ရဲ့ မျက်နှာ အမူအရာက လေးနက် တည်ကြည်သွားခဲ့သလို သတ်ဖြတ်ခြင်း အငွေ့အသက်တွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။
"ဒီကနေ မိုင်၃၀၀၀ အကွာအဝေးမှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်နေတယ်။ အဆင့်၅ မိစ္ဆာသုံးကောင်၊ အဆင့်၅မိစ္ဆာသားရဲ နှစ်ဆယ်ကျော်နဲ့ ဆယ်နဲ့ချီတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင် တိုက်ပွဲထဲမှာ ဝင်ပါနေကြပြီ။"
သည်တိုက်ပွဲကတော့ ကောဟိုင်အတွက်တောင်မှ အသက်အန္တရာယ် အရမ်းများတဲ့ တိုက်ပွဲ တစ်ခုပါပဲ။
အဆင့်၅ မိစ္ဆာတစ်ကောင် ဆိုတာက ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်နဲ့ စွမ်းရည်ချင်း အတူတူပါပဲ။ အဆင့်၅ မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ဖို့ အတွက်ဆိုရင် များပြားလှတဲ့ အဆင့်မြင့် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ လိုအပ်ပါတယ်။
" ဟင်... အ...အဆင့်၅ မိစ္ဆာသုံးကောင်တောင် ပါလာတာလား..."
လူတွေ အားလုံးဟာ မျက်ဖြူဆိုက် သွားခဲ့ပါပြီ။
ဒီတိုက်ပွဲကြီးက သူတို့လိုလူတွေကို အသာထားပါဦး။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အတွက်တောင်မှ အသက် အာမခံချက် မရှိပါဘူး။
" အလွန် အသက်အန္တရာယ်များတဲ့ တိုက်ပွဲလား "
လီဖူချန်းရဲ့ မျက်နှာကလည်း လေးနက် တည်ကြည် သွားခဲ့ပါပြီ။
အထွဋ်ခေါင်ချုပ် အကြီးအကဲလျှံ သေသွားတာက ဒီလိုတိုက်ပွဲမျိုးမှာပဲ ဖြစ်မှာပါ။
ဒီတိုက်ပွဲ ကြီးမှာတော့ ဘာမှကို ကြိုတင် မျှော်လင့်ထားလို့ မရပါဘူး။ မျက်စိတစ်မှိတ် အတွင်းမှာပဲ မင်းဟာ သေဆုံး သွားနိုင်ပါတယ်။
သိပ်မကြာခင်မှာဘဲ လီဖူချန်းတို့ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ အတော်လေး နီးကပ် လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာမှ အော်ဟစ် မာန်သွင်းသံတွေ၊ နာကျင်စွာ အော်ဟစ်သံတွေနဲ့ လက်နက် သံတွေကိုတောင် စတင် ကြားလာရပါပြီ။
ဒီအသံတွေက မိုးကြိုး ပစ်သံတွေလိုပါပဲ။
နောက်ထပ် တောင်တန်းတစ်ခုကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းတို့ဟာ စစ်မြေပြင်ကြီးကို မျက်ဝါး ထင်ထင် တွေ့လိုက်ရပါတော့တယ်။
ဒါက ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်လေလား...
ဒါမှမဟုတ် မိစ္ဆာတွေကြီးစိုးမယ့် အမှောင်ခေတ် တစ်ခုကို အစပျိုးနေခြင်းများလား...
ဒါကိုတော့ ဘယ်သူမှ ကြိုမပြောနိုင်သေးပါဘူး။
မြေကမ္ဘာ ပညာရှင်တွေရဲ့ မျက်နှာတွေက သွေးမရှိတော့တဲ့အလား ဖြူဖွေး လျော့နေကြပါပြီ။
သူတို့တွေက ဒီလိုတိုက်ပွဲမျိုးမှာတော့ အသေခံ တပ်သားတွေ သက်သက်ပါပဲ။ သာမန် ကောင်းကင် ပညာရှင် တစ်ယောက်တောင်မှ သူတို့တွေကို သတ်ပစ်နိုင်စွမ်း ရှိပါတယ်။ အဆင့်၅ မိစ္ဆာ ဒါမှမဟုတ် အဆင့်၅ မိစ္ဆာသားရဲ ဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။
ဒါပေမဲ့လည်း သူတို့တွေအတွက် ရွေးချယ်စရာမှ မရှိတော့တာလေ။ သူတို့တွေရဲ့ နောက်မှာ သူတို့ တန်ဖိုးထားရတဲ့ အမေအိုကြီးတွေ၊ သားသမီးတွေနဲ့ ကလန်တွေ ရှိနေပါသေးတယ်။ အဲဒါတွေကို ကာကွယ်ဖို့ အတွက်ဆိုရင် သူတို့ရဲ့ အသက်နဲ့ ရင်းပြီး လူသားတွေရဲ့ နယ်မြေတွေကို ကာကွယ်မှ ဖြစ်မှာပါ။
" တိုက်..."
လူသားထောင်ချီ ပါတဲ့ အဖွဲ့ကြီးကတော့ တိုက်ပွဲထဲကို ရောက်လာခဲ့ပါပြီ။
ဒါက ဘယ်လို စစ်မြေပြင်ကြီးပါလိမ့်...။
မျက်စိတစ်ဆုံး ကြည့်လိုက်ရင်တောင်မှ လူသားတွေနဲ့ မိစ္ဆာကောင်တွေရဲ့ အသက် လုပွဲတွေက ရှိနေပါတယ်။ အသက်လုပွဲတွေကတော့ မိုးကုပ်စက်ဝိုင်း အထိတောင် ရှိနေသလိုပါပဲ။
ကောင်းကင်ယံ တစ်ခုလုံးမှာ မိုးကြိုးလျှပ်စီးတွေ၊ တိမ်ညိုတိမ်စိုင်တွေနဲ့ အုံ့ဆိုင်း နေသလို မြေပြင်ပေါ်မှာလည်း သွေးချောင်း စီးနေပါပြီ။
သွေးညှီနံ့တွေကတော့ တထောင်းထောင်းကို ထနေတာပါပဲ။
" မင်းတို့အားလုံး သတိထားကြ "
သတိပေးပြီး နောက်မှာတော့ ကောဟိုင်ကလည်း သူ့ရဲ့ ဆေဘာကြီးကို ကိုင်စွဲကာ တိုက်ပွဲထဲကို ဝင်သွားခဲ့ပါပြီ။
ရွှမ်း...
ကောဟိုင်က သူ့ရဲ့ ပျံသန်းရာ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ အဆင့်နိမ့် မိစ္ဆာ သားရဲတွေကိုတောင် လမ်းကြုံ သတ်သွားပါသေးတယ်။
သိပ်မကြာခင်မှာပဲ ကောဟိုင်ဟာ အစွမ်းထက်တဲ့ ရန်သူ တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ဆုံ ပါတော့တယ်။
သူ့ရဲ့ရန်သူက အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ ဒါပေမဲ့လည်း ဒီမိစ္ဆာသားရဲကြီးက ပိုပြီး ကြမ်းတမ်းပါတယ်။
အဲဒီ မိစ္ဆာသားရဲကြီးက သူနဲ့ရင်ဆိုင်နေတဲ့ အဆင့်၄ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကို သတ်ဖြတ်ဖို့ ပြင်နေတဲ့အတွက် ကောဟိုင်က အလျင်အမြန် ဝင်ကူညီ လိုက်ရတာပါ။
" သတ်ကြဟေ့..."
ကောင်းကင်နယ်ပယ် ပညာရှင်တွေကလည်း သူတို့ ရင်ဆိုင်နိုင်မယ် ထင်တဲ့ ပစ်မှတ်တွေကို ပြေးဝင် တိုက်ခိုက် နေကြပါပြီ။
လီဖူချန်းတို့ အဖွဲ့နဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ အဆင့်၄ မိစ္ဆာတစ်ကောင် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသားတွေကို ကောင်းကောင်းကြီး သတ်ဖြတ် နေကြပါတယ်။
" အတူတူ ပေါင်းပြီး အဲသည် အဆင့်၄မိစ္ဆာကို သတ်ကြစို့"
အကြီးအကဲဝမ်နဲ့ အဖွဲ့ခေါင်းဆောင် တွေကတော့ သူတို့ရဲ့ ပစ်မှတ်ကို တွေ့သွားပုံပါပဲ။
အဆင့်၄ မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ဖို့ဆိုတာက လွယ်တော့ မလွယ်ပါဘူး။ ပြန်လည် ဝင်စားခြင်း နယ်ပယ်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေ အတွက်ကတော့ ဒီအဆင့်၄ မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတာက စိန်ခေါ်မှုကြီး တစ်ခုပါပဲ။
လီဖူချန်းကတော့ တိုက်ပွဲထဲကို အလျင်စလို ဝင်မသွားသေးဘဲနဲ့ အခြေအနေကို အကဲခတ် နေပါသေးတယ်။
" လီဖူချန်း...။ ငါတို့က ဟိုဘက်နားမှာရှိတဲ့ အထွတ်အထိပ် အဆင့် အဆင့်၄ မိစ္ဆာသားရဲကို ပေါင်းပြီး တိုက်ခိုက်မလို့။ မင်း...ငါတို့နဲ့ ပူးပါင်းမှာလား..."
ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်က လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ်။
" ဟုတ်ကဲ့...။ ကျွန်တော် ပူးပေါင်းပါမယ် "
လီဖူချန်းက သူ့ရဲ့ ဝှက်ဖဲတွေကို အစောကြီး ထုတ်မပြချင်သေးပါဘူး။ အဲဒီအတွက် သူက ထိုပညာရှင်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။ လောလောဆယ်မှာတော့ ဒီကောင်းကင် နယ်ပယ် အဆင့်၉ ပညာရှင်ရဲ့ အဖွဲ့နဲ့ ပူးပေါင်းတာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းပါဝင်တဲ့ ကောင်းကင်ပညာရှင် အဖွဲ့ဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ အဆင့်၄ အထွတ်အထိပ် မိစ္ဆာသားရဲကြီးကို ဝိုင်းလိုက်ပါပြီ။ အဲဒီ သားရဲကြီးကတော့ တစ်ကိုယ်လုံး မည်းနက်နေပြီး သစ်နက် တစ်ကောင်နဲ့ ဆင်တူနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ပေတစ်ရာမက ရှည်ပါတယ်။ အဲဒါကြောင့်လည်း လူတွေက ဒီသားရဲကြီးကို ညမုဆိုးဟု အမည် ပေးထားကြတာပါ။
***