← Chapters

အဆင့်၄ မိစ္ဆာ

Vol. 25 Ch. 339

အဆင့်၄ မိစ္ဆာ

Vol. 25 Ch. 339

လူပေါင်းထောင်နဲ့ ချီပြီး တိုက်ပွဲထဲကို ဝင်လာတာက ခွက်ထဲကရေကို ပုံးထဲ ပြောင်းထည့် လိုက်သလိုပါပဲ။ တိုက်ပွဲအခြေအနေကို သိသိသာသာ ပြောင်းလဲသွားစေခြင်း မရှိပါဘူး။

မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေ အဖို့ကတော့ တိုက်ပွဲချိန်ခွင် လျှာကို ညီမျှဖို့ အတွက် အားနည်းနည်း ပိုစိုက်လိုက်ရတာပဲ ရှိပါတယ်။

ဒါပေမဲ့လည်း  အစွမ်းကုန် မတိုက်ရသေးဘဲနဲ့တော့  နောက်ဆုံး အနိုင်ရမယ့် သူတွေက ဘယ်သူတွေ ဖြစ်လာမလည်းဆိုတာကို ကြိုပြောလို့ မရသေးပါဘူး။

သွေးအိုင်တွေကတော့ နေရာအနှံ့မှာ ပြန့်ကျဲနေတာပါပဲ။ လူသားတွေရဲ့ သွေးတွေနဲ့  မိစ္ဆာသားရဲတွေရဲ့ သွေးတွေကလည်း ရောနှောနေကြပါပြီ။ ဒါပေမဲ့လည်း မိစ္ဆာတွေရဲ့ သွေးအိုင်တွေကိုတော့ ရံဖန်ရံခါမှသာ တွေ့ရပါတယ်။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတော့  လူသားတွေဟာ အရေအတွက် အများဆုံးပါပဲ။  မိစ္ဆာသားရဲတွေကတော့ လူသားအရေအတွင်ရဲ့ တစ်ဝက်သာရှိပြီး  မိစ္ဆာတွေကတော့ မိစ္ဆာသားရဲတွေရဲ့ ၁၀ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒါပေမဲ့ အဲဒီ ၁၀ရာခိုင်နှုန်းသော မိစ္ဆာတွေကသာ အစွမ်းအထက်ဆုံး တည်ရှိနေမှုတွေ ဖြစ်နေပါတယ်။ အဲဒီအတွက် စစ်မြေပြင်မှာ မိစ္ဆာတစ်ကောင် သေတာကို မြင်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။

အဆင့်၃ မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ဖို့ အတွက်ဆိုရင် များပြားလှတဲ့  မြေကမ္ဘာနယ်ပယ် အထွတ်အထိပ် ပညာရှင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါက အဆင့်၃ မိစ္ဆာတစ်ကောင်ကို ထိန်းထားနိုင်ရုံပါပဲ။ အဲသည်အရေအတွက်ကို ၂ဆ တိုးလိုက်ရင်တောင်မှ အဆင့်၃ မိစ္ဆာကို အနိုင်ယူဖို့  မလွယ်သေးပါဘူး။ သတ်ဖို့ဆိုရင်တော့ စဉ်းတောင် မစဉ်းစားပါနဲ့တော့။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက် မပါဘဲနဲ့တော့ အဆင့်၃ မိစ္ဆာတစ်ကောင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။

ထို့အတူ အဆင့်၄ မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ဖို့ အတွက်လည်း  များပြားလှတဲ့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေ လိုကို လိုအပ်ပါတယ်။ အဆင့်၄ မိစ္ဆာတစ်ကောင်ကို သတ်ပစ်ချင်ရင်တော့ အဲဒီ အရေအတွက်ရဲ့ ၂ဆမက အသုံးပြုရမှာပါ။ ဒါတောင်မှ အချိန်တိုအတွင်းမှာ သတ်ပစ်နိုင်ဖို့ မလွယ်သေးပါဘူး။

အရိုးရှင်းဆုံး  ပြောရမယ် ဆိုရင်တော့ မိစ္ဆာတွေက လူသားတွေနဲ့ မိစ္ဆာသားရဲတွေရဲ့  အားသာချက်တွေကို ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။

အဲဒီအတွက် မိစ္ဆာတွေမှာ  သည်မျိုးနွယ်၂ခုရဲ့ အားသာချက်တွေ ရှိနေတယ် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ မိစ္ဆာတွေက လူသားတွေထက် ပိုမြန်ဆန် သွက်လက်သလို  မိစ္ဆာသားရဲ ခန္ဓာကိုယ်တွေထက် ပိုကြံ့ခိုင်ပါတယ်။ လုံလောက်တဲ့ စွမ်းအား မရှိဘဲနဲ့တော့ မိစ္ဆာတွေကို သတ်ဖြတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။

****

အဆင့်၄ အထွတ်အထိပ် အဆင့်ဖြစ်တဲ့  ညမုဆိုး မိစ္ဆာသားရဲကြီးဟာ လီဖူချန်းတို့ ထင်ထားတာထက်ကို ပိုအစွမ်း ထက်ပါတယ်။ ဒီမိစ္ဆာသားရဲကြီးကို ရင်ဆိုင်ရတာက  ကောင်းကင် နယ်ပယ် အထွတ်အထိပ် ပညာရှင်ကို ရင်ဆိုင် နေရသလိုပါပဲ။ ဒါပေမဲ့ သန်မာမှုအပိုင်းမှာ ဆိုရင်တော့ ဒီညမုဆိုး မိစ္ဆာသားရဲကြီးဟာ  ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် လေးယောက်လောက် နီးပါးကို အစွမ်းထက်ပါတယ်။

လီဖူချန်းတို့ အဖွဲ့ကတော့ လူ၅ယောက် ပါရှိပါတယ်။ သူတို့ထဲက နှစ်ယောက်ကတော့  ကောင်းကင် နယ်ပယ် အဆင့်၉ ဖြစ်ပြီး နှစ်ယောက်ကတော့ ကောင်းကင်နယ်ပယ် အဆင့်၈ပါ။ လီဖူချန်းကတော့ ကောင်းကင်နယ်ပယ် အဆင့်၄ ဖြစ်ပါတယ်။

အပေါ်ယံ ကြည့်လိုက်မယ် ဆိုရင်တော့ သူတို့အဖွဲ့ဟာ ဘယ်လိုမှ ညမုဆိုး မိစ္ဆာသားရဲကြီးကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းက အဆင့်၄ အဆင့်မြင့် သားရဲဖြစ်တဲ့ တောင်ပံပြာ မိစ္ဆာသားရဲကို တောင်မှ တစ်ယောက်တည်း သတ်ဖြတ် ထားခဲ့တာလေ။ အဲဒီ အတွက်ကြောင့်လည်း ဒီပညာရှင် လေးယောက်က လီဖူချန်းကို သူတို့ အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ် လိုက်တာပါ။ မဟုတ်လို့ကတော့ သူတို့ဟာ အခြား ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ကို ဖိတ်ခေါ်လိုက်မှာ ဖြစ်ပါတယ်။

သူတို့၅ယောက်ဟာ အတွဲညီညီနဲ့ တိုက်ခိုက်ပြီး  ညမုဆိုး သားရဲကြီးကို  ဖိနှိပ် ထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီသားရဲကြီးကို ပြတ်ပြတ်သားသား အနိုင်ယူဖို့ကတော့ မလွယ်သေးပါဘူး။ သူတို့ ၅ယောက်ဟာ ညမုဆိုး သားရဲကြီးကို ဒဏ်ရာတစ်ချက် ရအောင်တောင် မလုပ်နိုင်သေးတာပါ။

ညမုဆိုး သားရဲကြီးဟာ အလွန်လျင်မြန် သွက်လက်ပြီး  ပါးနပ်လှပါတယ်။ တစ်ချက်တစ်ချက် ပြန်လည် တိုက်ခိုက်မှုတွေကလည်း တကယ်ကို ကြောက်စရာပါပဲ။  သတိလေး အနည်းငယ် လွတ်လိုက်တာနဲ့ လီဖူချန်းတို့အဖွဲ့ဟာ ဒဏ်ရာအကြီးအကျယ် ရသွားနိုင်ပါတယ်။

"သည်ကောင်ကြီးက  ဒါကြောင့်လည်း အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲကြီး ဖြစ်နေတာကိုး..."

သိုင်းကွက် အနည်းငယ် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ညမုဆိုး သားရဲကြီးရဲ့  အစွမ်းကို သဘောပေါက် သွားခဲ့ပါပြီ။

ဒီည မုဆိုးသားရဲကြီးက ဝံပုလွေ မျက်နှာဖုံးရှင်ထက် အဆင့်တစ်ဆင့် လောက်သာ ပိုအစွမ်းထက်တာပါ။

လီဖူချန်းသာ သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးလိုက်မယ် ဆိုရင်တော့ ဒီမိစ္ဆာသားရဲကြီးကို အေးအေးဆေးဆေး သတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်မသုံး ချင်သေးပါဘူး။

" ဖျက်ဆီးခြင်း အနှစ်သာရ ဓားချက် "

ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင်ဖြစ်တဲ့ အဝါရောင်ဝတ်စုံနဲ့ လူကြီးက ညမုဆိုး သားရဲကြီးရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ ပိုင်းချ လိုက်ပါတယ်။

ဓားသွားရဲ့ အမြန်နှုန်းက လျှပ်စီးလက် သွားသလိုပါပဲ။ တကယ်လို့ သာမန် အဆင့်၄ မိစ္ဆာသားရဲ တစ်ကောင် ဆိုရင်တော့  ဒီဓားချက် တစ်ချက်တည်းနဲ့တင် ကိစ္စ ပြတ်သွားလောက်ပါပြီ။ ဒါပေမဲ့ သူရင်ဆိုင်နေရတာက အဆင့်၄ အထွတ်အထိပ် အဆင့်ဖြစ်တဲ့ ညမုဆိုး မိစ္ဆာသားရဲကြီးပါ။ သူ့ရဲ့ ဓားချက်က ညမုဆိုး သားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှရာလေးသာ ဖြစ်သွားစေပါတယ်။ သူ့ရဲ့ ခုတ်ချက်က  သွေးစို့တယ် ဆိုရုံလေးတင်ပါပဲ။

" မာလှချည်လားဟ..."

အဝါရောင် ဝတ်စုံနဲ့ လူကြီးက အတော်လေး စိတ်ပျက်သွားပုံပင်။

ဒါက သူ့ရဲ့ အစွမ်း အထက်ဆုံးဓားချက်  ဖြစ်ပါတယ်။ အဲသည် အစွမ်းဆုံး ဓားချက်ကတောင်မှ  ညမုဆိုး သားရဲကြီးကို  သွေးစို့ရုံထက်ပိုပြီး မစွမ်းခဲ့ပါဘူး။ ဒီမိစ္ဆာသားရဲကြီးကို သတ်နိုင်ဖို့ ဆိုတာကတော့  တွေးကို မတွေးသင့်တော့တဲ့ အရာ ဖြစ်နေပါပြီ။

လီဖူချန်းကို ပူးပေါင်းဖို့  ဖိတ်ခေါ်ခဲ့တဲ့ မုတ်ဆိတ်မွေး ရှည်ရှည်နဲ့ လူကြီးကတော့  အတော်လေး တိုက်ပွဲ အတွေ့အကြုံ များနေပုံပါပဲ။ သူက စိတ်ဓာတ် မကျသွားတဲ့အပြင်  အဖွဲ့ကို လိုအပ်တဲ့ ညွှန်ကြားမှုတွေ ပြုလုပ် လိုက်ပါသေးတယ်။

" သည်ညမုဆိုး သားရဲကြီးရဲ့ ခန္ဓာကိုယ်က  အရမ်းကို မာကျောတယ်ဟေ့။  သူ့ရဲ့ မျက်လုံးတွေနဲ့   အရိုးအဆစ်တွေ ဆုံတဲ့နေရာကိုပဲ စုပေါင်းတိုက်ခိုက်ကြ။"

လူသားဖြစ်ဖြစ်၊ မိစ္ဆာသားရဲနဲ့ မိစ္ဆာတွေပဲ ဖြစ်ဖြစ်ပါလေ။ အားနည်းတဲ့ နေရာတော့ ရှိတာပါပဲ။ မျက်လုံးတွေက သက်ရှိအားလုံးရဲ့ အားအနည်းဆုံးအရာ ဖြစ်သလို အရိုးအဆစ်တွေက သက်ရှိတွေကို သွားလာ လှုပ်ရှားနိုင်အောင် ထောက်ပံ့ပေးထားတဲ့  အရေးအကြီးဆုံး အရာ ဖြစ်ပါတယ်။

" မင်းတို့တွေက သေချင်နေတာပဲ "

ညမုဆိုး မိစ္ဆာသားရဲကြီးက လူသား ဘာသာစကားနဲ့ အော်ပြော လာခဲ့ပါတယ်။ သူ့ရဲ့  အစိမ်းရောင် မျက်လုံးကြီးတွေ ထံကနေတော့  သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ်နေပါပြီ။

ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်တာနဲ့ ညမုဆိုး သားရဲကြီးဟာ  ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင် တစ်ယာက်ရဲ့ အရှေ့ကို ရောက်သွားပါတယ်။

ထိုကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ကတော့ အစိမ်းရောင် သားမွှေး ဝတ်စုံကို ဝတ်ထားတဲ့ အဘိုးအိုပါပဲ။ သူ့ရဲ့ လက်နက်ကတော့ လေးလံလှတဲ့ သံလက်အိတ်တွေ ဖြစ်ပါတယ်။

အဘိုးအိုက  သူ့ရှေ့ကိုရောက်လာတဲ့  သားရဲကြီးကို  မြင်တာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်တဲ့ လက်သီးချက်တွေ ထိုးထည့် လိုက်ပါပြီ။

ဖုန်း ... ဖုန်း ... ဖုန်း ... ဖုန်း ... ဖုန်း ...  ...  ...

သူ့ရဲ့ လက်သီးချက်တွေက  ညမုဆိုး မိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို တိတိကျကျ ထိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ မရေမတွက်နိုင်တဲ့ လက်သီးချက်တွေက ညမုဆိုး သားရဲကြီး အတွက်တော့ ပန်းနဲ့ ပေါက်နေသလိုပါပဲ။ သည်မုဆိုး မိစ္ဆာသားရဲကြီးက သူ့ရဲ့ လက်သီးချက်တွေကို လုံးဝ မရှောင်တာပါ။

ညမုဆိုး မိစ္ဆာသားရဲကြီးက အားအနည်းဆုံးလူကို ရွေးချယ် ထားတယ်ဆိုတာ လုံးဝ သိသာနေပါတယ်။

" သေလိုက်စမ်း ...  ... လူသား ...  ... "

သားရဲကြီးရဲ့ သင်တုန်းဓားတွေလို ထက်မြိနေတဲ့ လက်သည်း ကုတ်ချက်က  ဓားငါးလက် အလား ထွက်ပေါ် လာခဲ့ပါပြီ။

ဒီလက်သည်းကုတ်ချက်က  အစီမ်းရောင် သားမွေးဝတ်စုံနဲ့ အဘိုးအို အတွက်တော့ သေမိန့် ချလိုက်သလိုပါပဲ။

" သွားပြီ ... ။ ငါတော့ လွတ်လမ်း မရှိတော့ဘူး "

အစိမ်းရောင် သားမွေးဝတ်စုံနဲ့  အဘိုးအိုက   မခုခံတော့ဘဲ မျက်လုံး မှိတ်လိုက်ပါတယ်။ သူ့အနေနဲ့ ဒီလက်သည်း ကုတ်ချက်ကနေ ဘယ်လိုမှ လွတ်နိုင်စရာ အကြောင်း မရှိပါဘူး။

ရွှမ်း ...  ...

ရုတ်တရက် ဆိုသလို  မျက်စိ ကျိန်းလောက်အောင် အလျှံတညီးညီး တောက်ပနေတဲ့  ဓားချက်တစ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။

အဲသည်ဓားချက်က ညမုဆိုး သားရဲကြီးရဲ့ ရှေ့လက်မှာရှိတဲ့ အဆစ်တစ်ခုကို ရည်ရွယ်ပြီး တိုက်ခိုက် လိုက်တာပါ။ ရှေ့လက် အဆစ်ကို တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် သားရဲကြီးရဲ့  လက်သည်းကုတ်ချက်ကတော့ လွဲချော် သွားခဲ့ပါတယ်။

အစိမ်းရောင် သားမွေးဝတ်စုံနဲ့ အဘိုးကြီးကတော့ သေတွင်းကနေ လွတ်သွားခဲ့ပါပြီ။

အဘိုးကြီးကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး။ သူက ယောင်တောင်တောင်နဲ့ တိုက်ပွဲအလယ်မှာ ရပ်နေဆဲပါပဲ။ အတန်ကြာမှ သူက သတိပြန်ဝင် လာဟန်ဖြင့်  လီဖူချန်းကို ဦးညွတ်ကာ အရိုအသေ ပေးလိုက်ပါတယ်။

" ကယ်တင်ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ် "

အစောပိုင်းတုန်းက ဓားချက်ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။ သူက သေရးရှင်ရေး ဖြစ်နေတဲ့ အတွက်  သူ့ရဲ့ သန့်စင်သော ယန်အဖိုဓာတ် အတွင်းအားတွေနဲ့ သံနက်ဓားချီတွေကို တွဲသုံးပြီး ညမုဆိုး သားရဲကြီးရဲ့ အရှေ့လက်ပေါ်က အဆစ်တစ်ခုကို ခုတ်ပိုင်းလိုက်တာ ဖြစ်ပါတယ်။ သံနက် ဓားချီတွေ ရောနှော ပါဝင်လာတဲ့ လီဖူချန်းရဲ့ ဓားချက်က ညမုဆိုး သားရဲကြီးကို အနည်းငယ် ဒုက္ခပေးနိုင်ခဲ့ပုံပါပဲ။ သည်ဓားချက်က ညမုဆိုး သားရဲကြီးကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အထိတော့ မစွမ်းဆောင် နိုင်သေးပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ ဒီည မုဆိုးသားရဲကြီးကို ထိန်းချုပ်ပေးထား နိုင်ရင်တော့  သူ့အနေနဲ့  ဒီကောင်ကြီးကို သတ်ပစ်နိုင်မယ်လို့  လီဖူချန်း တစ်ယောက် ယုံကြည် နေပါတယ်။

သူမြေကမ္ဘာ နယ်ပယ်မှာ ကတည်းက သူ့ရဲ့ တိုက်ပွဲ အသိစိတ်ဟာ အဆုံးစွန်ဆုံး ကန့်သတ်ချက်ကို ရောက်နေတာပါ။

အဲဒီအတွက် ကောင်းကင်နယ်ပယ်ကို အရောက်မှာတော့ လီဖူချန်းရဲ့ တိုက်ပွဲအသိစိတ်ဟာ ထပ်ပြီး တိုးတက်လာခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုကတော့ ၂ဆမက တိုးတက် လာခဲ့ပါပြီ။ ပြီးတော့သူ့ရဲ့ မျက်လုံးကလည်း ညမုဆိုးသားရဲကြီးရဲ့ လှုပ်ရှားမှုတိုင်းကို အနှေးပြကွက်ဖြင့် ပြနေတဲ့အလား တိတိကျကျ မြင်နေရပါသေးတယ်။

အဆစ်တစ်ခုကို တိုက်ခိုက်ခံထားရတဲ့ ညမုဆိုး သားရဲကြီးကတော့ လီဖူချန်းကို အဓိက ရန်သူအဖြစ် သတ်မှတ် လိုက်ပုံပါပဲ။

ခွီး ...  ...

သားရဲကြီးက နောက်ခြေတွေကို ဆန့်ထုတ်ပြီး လီဖူချန်းကို ခုန်အုပ်ကာ လက်သည်းတွေဖြင့် ကုတ်ချ လိုက်ပါတယ်။

လက်သည်း ချက်မှာပါနေတဲ့ အနက်ရောင် မိစ္ဆာချီတွေကို ကြည့်လိုက်တာနဲ့တင်  လီဖူချန်းက ဒီလက်သည်းချက်ရဲ့  အစွမ်းကို သဘောပေါက် လိုက်ပါပြီ။

ဒီလက်သည်းချက်က ခံနိုင်ရည်အား ကောင်းလှပါတယ် ဆိုတဲ့  အဆင့်၄ မိစ္ဆာကိုတောင်  ဒဏ်ရာ အကြီးအကျယ် ရသွားစေမှာပါ။ ပြန်လည်ဝင်စားခြင်း နယ်ပယ် အောက်က ပညာရှင်ကို ဆိုရင်တော့ အလွယ်တကူ ဆုတ်ဖြဲ သွားနိုင်ပါတယ်။

ဒါပေမဲ့လည်း  ညမုဆိုးသားရဲကြီးက သူ့ရဲ့ လက်သည်းချက်ကို ပြီးအောင်တောင် မကုတ်လိုက် ရပါဘူး။

ဇွပ် ...  ...

လက်သည်းကုတ်ချက်က လမ်းတစ်ဝက်မှာ ရှိနေစဉ်မှာတင် လီဖူချန်းရဲ့ဓားက သားရဲကြီးရဲ့ ဘယ်ဘက် မျက်လုံးထဲကို စိုက်ဝင်နေခဲ့ပါပြီ။

ဝေါင်း ...  ...  ...

ရုတ်တရက် မျက်လုံးတစ်လုံး ဆုံးရှုံးသွားတဲ့ သားရဲကြီးကတော့ ကျယ်လောင်စွာ ဟိန်းလိုက်ပြီး နောက်ဆုတ် သွားခဲ့ပါတယ်။

သူ့ရဲ့ လက်သည်း ကုတ်ချက်ကလည်း ထွက်ပေါ်လာခြင်း မရှိတော့ပါဘူး။

" ခိုင်မာလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်လိုက်တဲ့ဓား "

မုတ်ဆိတ်မွေးအရှည်နဲ့ လူကြီးကတော့ နှုတ်ကနေပြီး ချီးကျူးလိုက်ပါတယ်။

" သူ ...  ... ဘယ်လိုလုပ်လိုက်တာလဲ ... "

အဝါဝတ်စုံနဲ့ လူကြီးကလည်း ပါးစပ် အဟောင်းသား ဖြစ်နေပါပြီ။

လီဖူချန်းရဲ့ ဓားချက်က အရမ်း မြန်တယ်ဆိုတာကိုတော့ သူ မငြင်းလိုပါဘူး။ ဒါပေမဲ့  ဒီဓားချက်က  ညမုဆိုး သားရဲကြီးကို မရှောင်နိုင် လောက်စေတဲ့ အထိတော့ မမြန်သေးဘူးလို့   ခံစားနေရပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့  ညမုဆိုးသားရဲကြီးက လီဖူချန်းရဲ့ ဓားချက်ထဲကို ကျေကျေနပ်နပ်ကြီး ဝင်လာခဲ့သလိုပါပဲ။

ဝေါင်း ...  ...

မျက်လုံးတစ်ဖက် ကန်းသွားတဲ့ ညမုဆိုး သားရဲကြီးကတော့ သွေးရူးသွေးတန်း ဖြစ်သွားခဲ့ပါပြီ။ သားရဲကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မိစ္ဆာချီတွေကို  ပစ်လွှတ်ကာ ပေါက်ကွဲ စေလိုက်ပါတယ်။

ဝေါ ...  ...  ဝရော ...  ...

မြေလွှာတွေကလည်း အထပ်ထပ် လှန်ကုန်သလို  လီဖူချန်းတို့ ၅ယောက်ဟာလည်း ပေါက်ကွဲအား လှိုင်းတွေကြောင့်  လွင့်ထွက်ကုန်ပါပြီ။

" သတ်  "

ညမုဆိုး သားရဲကြီးရဲ့  မိစ္ဆာချီ တိုက်ခိုက်မှု ပြီးတဲ့ အခါမှာတော့ မုတ်ဆိတ်မွေးအရှည်နဲ့ လူကြီးဟာ အဖွဲ့ကို ဦးဆောင်ပြီး ရှေ့ဆုံးကနေ သားရဲကြီးဆီကို ခုန်ဝင် သွားပါတော့တယ်။

လီဖူချန်းက သားရဲကြီးကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မှတော့  သူတို့အနေနဲ့ သားရဲကြီးကို ကြောက်ရွံ့ နေစရာ မလိုတော့ပါဘူူး။

သူတို့အနေနဲ့ လုပ်စရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ လီဖူချန်း  လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် ရအောင် သူတို့က သားရဲကြီးရဲ့ အာရုံကို လွှဲပြောင်း ယူထားဖို့ပါပဲ။

ဘန်း ...  ... ဘန်း ...  ... ဘန်း ...  ...

သိပ်မကြာခင်မှာပဲ  ညမုဆိုး သားရဲကြီးရဲ့ မိစ္ဆာချီ အကာအကွယ် ပျက်စီး သွားခဲ့ပါပြီ။  မျက်လုံးတစ်လုံး ကန်းထားပြီး ရှေ့လက် တစ်ချောင်း ဒဏ်ရာရနေတဲ့ သားရဲကြီးရဲ့ လှုပ်ရှားမှုတွေဟာ အရင်ကလောက် မမြန်တော့ပါဘူး။ သူ့ရဲ့ တိုက်ခိုက် နိုင်စွမ်းတွေကလည်း တဖြည်းဖြည်း လျော့ကျ လာခဲ့ပါပြီ။

ရွှပ် ...  ...

အဲသည်အချိန်မှာပဲ ဓားရောင် တစ်ချက် လက်ခနဲ ဖြစ်သွားခဲ့ပြန်ပါတယ်။ အဲဒီဓားချက်ရဲ့ ဦးတည်ချက်ကတော့ ညမုဆိုး သားရဲကြီးရဲ့ ညာဘက် မျက်လုံးပါပဲ။ ဓားချက်က  သားရဲကြီးရဲ့ ညာဘက် မျက်လုံးကို တိတိကျကျကို ထိသွားခဲ့ပါတယ်။

ဒီဓားချက်ကို ထုတ်သုံး နိုင်သူကတော့ လီဖူချန်းကလွဲပြီး အခြားလူ မရှိတော့ပါဘူး။

မျက်လုံးနှစ်လုံး စလုံး ကန်းသွားတဲ့  ညမုဆိုး သားရဲကြီးကတော့ အထိန်းအကွပ် မဲ့သွားခဲ့ပါပြီ။ သူက ရည်ရွယ်ချက် မရှိတော့ဘဲ အသံကြားရာ နေရာမှန်သမျှကို  သူ့ရဲ့ မိစ္ဆာချီတွေ ထုတ်လွှတ်ကာ ပစ်လွှတ် နေပါတယ်။

သည်လို အထိန်းအကွပ် မဲ့နေတဲ့ မိစ္ဆာသားရဲကြီးကို ရင်ဆိုင်ရတာက အရမ်းကို လွယ်ကူ သွားခဲ့ပါပြီ။ လီဖူချန်း မပါတော့ရင်တောင်မှ ကျန်တဲ့လူတွေဟာ ဖြည်းဖြည်းချင်း အချိန်ဆွဲပြီး ဒီသားရဲကြီးကို သတ်ပစ်နိုင်ပါတယ်။

လီဖူချန်း ရှိနေတော့လည်း သတ်ဖြတ်ရတာ ပိုလွယ် သွားတာပေါ့လေ။

ရွှပ် ...  ... ရွှပ် ...  ... ရွှပ် ...  ...

လီဖူချန်းရဲ့ ဓားချက်တွေကတော့  ညမုဆိုး သားရဲကြီးရဲ့ အဓိက အဆစ်တွေပေါ်ကိုသာ ကျရောက် နေပါတယ်။ မျက်လုံးကန်းနေပြီ ဖြစ်တဲ့ သားရဲကြီးရဲ့ အဆစ်တွေကို တိုက်ခိုက်ရတာက ဘယ်လိုမှ လွဲချော်စရာကို မရှိပါဘူး။သိပ်မကြာခင်မှာပဲ ညမုဆိုး သားရဲကြီးဟာ ရွေ့လျားနေတဲ့ သက်ရှိ ပစ်မှတ်ကြီး ဖြစ်သွားခဲ့ပါပြီ။

"သေလိုက်တော့"

လီဖူချန်းက ညမုဆိုးသားရဲကြီးရဲ့ ညာဘက်မျက်လုံးနားကို ပျံသန်းသွားပြီး ဓားဖြင့် တစ်ဆုံး ထိုးချလိုက်ပါတယ်။

ဝုန်း ...  ...

ညမုဆိုးသားရဲကြီးက လီဖူချန်းရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ခြင်း မရှိတော့ပါပြီ။ လီဖူချန်းရဲ့ ငရဲမီးဓားချီတွေက သူ့ရဲ့ ထွက်သက်ကို လောင်ကျွမ်း သွားစေခဲ့ပါပြီ။

" ဟင် ...  ... ။ သူတို့တွေက ငါးယောက်တည်းနဲ့ အဆင့်၄ အထွတ်အထိပ် မိစ္ဆာသားရဲကြီးကို ဒီလောက် လျင်လျင်မြန်မြန် သတ်ပစ်လိုက်တာလား ...  ... "

မိုင်အနည်းငယ် ကွာဝေးတဲ့နေရာမှာ ရှိနေတဲ့ လူအချို့ကတော့  လီဖူချန်းတို့ကို မယုံကြည် နိုင်စွာဖြင့် ကြည့်နေကြပါတယ်။

ညမုဆိုးသားရဲကြီးကို သတ်ပစ်နိုင်ပြီး နောက်မှာတော့ မုတ်ဆိတ်ရှည်နဲ့ သူ့လူတွေဟာ အတော်လေး ယုံကြည်မှု ရှိသွားကြပါပြီ။ သူတို့က နောက်ထပ် ပစ်မှတ် အသစ်တစ်ခုကိုတောင် အလျင်အမြန် ရွေးလိုက် ပါသေးတယ်။

သည်တစ်ခါ သူတို့ရဲ့ ပစ်မှတ်ကတော့ အဆင့်၄ အထွတ်အထိပ် အဆင့်ဖြစ်တဲ့ ဆူးခွံ မိစ္ဆာသားရဲကြီးပါပဲ။ ဒီကောင်ကြီးက ညမုဆိုးသားရဲကြီးလောက်တော့ အစွမ်းမထက်ပါဘူး။

အခုလောလောဆယ်မှာတော့ ဆူးခွံသားရဲကြီးကို  ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်နဲ့ ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင် နှစ်ယောက်က တာဝန် တိုက်ခိုက် နေပါတယ်။ ဒါပေမဲ့လည်း အဲဒီသုံးယောက်ဟာ ဆူးခွံသားရဲကြီးကို ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်း မရှိပါဘူး။ အချိန် ကြာလာရင်တော့ သူတို့သုံးယောက်ဟာ သေတောင် သေသွားနိုင်ပါတယ်။

လီဖူချန်းတို့ ငါးယောက် ရောက်လာပြီး ၁၅မိနစ်အကြာမှာတော့ ဆူးခွံသားရဲကြီးဟာ သေသွားခဲ့ပါပြီ။

လီဖူချန်းရဲ့ လက်ချက်နဲ့ မျက်လုံးတွေကန်းပြီး ဒုက္ခိတဖြစ်နေတဲ့ သက်ရှိပစ်မှတ်ကြီးကို သတ်ရတာက ဘယ်လောက်မှ မခက်ပါဘူး။

မိစ္ဆာသားရဲတစ်ကောင် ...  ...  မိစ္ဆာသားရဲနှစ်ကောင် ...  ...  ...

နာရီအနည်းငယ် အကြာမှာတော့ လီဖူချန်း ဦးဆောင်တဲ့အဖွဲ့ဟာ အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲ လေးကောင်ကို သတ်ဖြတ် ပစ်နိုင်ခဲ့ပါပြီ။

" အား ...  ...  ...  ...  ... "

အော်သံတွေနဲ့အတူ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် ၅ယောက်ဟာ လီဖူချန်းတို့ ရှိရာဆီကို လွင့်ထွက် လာခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ကတော့ ခါးကနေပြီး နှစ်ပိုင်းပြတ်ထွက် နေပါပြီ။

သူတို့ကို လွင့်စဉ်လာအောင် လုပ်လိုက်တဲ့ တရားခံကတော့ အဆင့်၄ မိစ္ဆာတစ်ကောင် ဖြစ်ပါတယ်။

ပြန်လည် ဝင်စားခြင်း နယ်ပယ်အောက်မှာတော့ အဆင့်၄မိစ္ဆာတွေဟာ ဘုရင်တွေပါပဲ။

" အဆင့်၄ မိစ္ဆာတစ်ကောင်ကို သတ်ရတာက  အဆင့်၄ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲ ဆယ်ကောင်ကို သတ်ရတာနဲ့ ညီမျှတယ်"

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းကို ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ဓားကိုဆွဲကိုင်က အဆင့်၄ မိစ္ဆာဆီသို့ ပြေးထွက် သွားပါတော့တယ်။

" ငါ့ရဲ့ ဓားချက်ကို မြည်းကြည့် "

လီဖူချန်းရဲ့ ဓားချက်တွေက အပြာရောင် ဖျော့ဖျော့ အသားအရေနဲ့ ဦးခေါင်းပေါ်မှာ ချိုနှစ်ချောင်း ပေါက်နေတဲ့ မိစ္ဆာကို လွှမ်းခြုံသွားခဲ့ပါပြီ။

ထန် ...  ... ထန် ...  ... ထန် ...  ... ထန် ...  ...

ဒါပေမဲ့လည်း အပြာနုရောင်မိစ္ဆာရဲ့ တုံ့ပြန်မှုက လျင်မြန် လွန်းလှပါတယ်။ သူက သူ့ရဲ့ လက်သည်းတွေနဲ့ လီဖူချန်းရဲ့  ဓားချက်တွေကို  ရိုက်ထုတ် ပစ်လိုက်ပါတယ်။

အဲဒါတင် မကသေးပါဘူး။ အပြာနုရောင်မိစ္ဆာရဲ့ လက်သည်းတွေက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် လီဖူချန်းရဲ့ လည်ပင်းဆီကို ဦးတည် လာနေပါသေးတယ်။

လီဖူချန်းက ဒီလက်သည်းချက်ကနေ အန္တရာယ် အနံ့တွေကို ရနေပါပြီ။

" မူလဘူတဓား ...  ...  စုစည်းစမ်း "

သည်အပြာနုရောင် မိစ္ဆာကောင်ရဲ့ အလွန်အမင်းကို မြန်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ အသိစိတ် အာရုံ ထက်မြန်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။

မိစ္ဆာကောင်က ဘာမှ မလုပ်ရသေးခင်မှာတင် လီဖူချန်းက သံနက် ဓားချီတွေ ခိုဝင်ကိန်းအောင်း နေတဲ့ မူလဘူတ ဓားနက်ကြီးနှစ်လက်ကို ဖန်တီး ပြီးသွားပါပြီ။

" သေစမ်း  "

ထို့နောက်မှာတော့ လီဖူချန်းဟာ  ဓားနက်ကြီးတစ်လက်ကို အပြာနုရောင် မိစ္ဆာကောင်ရဲ့ လက်သည်းချက်ကို ခုခံစေလိုက်ပြီး နောက်ထပ် ဓားနက်ကြီး တစ်လက်ကိုတော့ မိစ္ဆာကောင်ရဲ့ ခေါင်းကို ခုတ်ပိုင်း စေလိုက်ပါတယ်။

***

All Chapters