← Chapters

ဓားငှားသတ်ခြင်း

Vol. 26 Ch. 342

ဓားငှားသတ်ခြင်း

Vol. 26 Ch. 342

"အားလုံးပဲ ခဏလောက် နားထောင် ပေးကြပါဦး  ...။  ကျွန်တော်က ဒီမီးလျှံမြေနဂါးရဲ့ မိစ္ဆာအမြူတေကို လိုချင်ပါတယ်။  အဲဒီအတွက် ဒီမီးလျှံမြေနဂါးကို သတ်တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့ လူတိုင်းကို ဝေစုအဖြစ် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတစ်တုံးစီ ပေးပါ့မယ်။  ကျွန်တော့်  ဒီမိစ္ဆာအမြူတေ ယူပါရစေ  ..."

လီဖူချန်းက သည်မီးလျှံနဂါးရဲ့ မိစ္ဆာအမြူတေကို အရမ်း လိုချင်နေပါတယ်။

သူ့ရဲ့ အမြင်မှာတော့ ဒီမီးလျှံနဂါးရဲ့ မိစ္ဆာအမြူတေက မီးဓာတ်ကို အထူးပြုတဲ့  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အကြီးစားကြီး တစ်ခုပါပဲ။  ဒီအရာက သူ့ရဲ့ အတွင်းအားကျင့်စဉ်အတွက် အများကြီး အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

" ရတယ်လေ ... သတောတူတယ် "

" ငါလည်း သဘောတူတယ်ဟေ့ "

" င့ါကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာပေးလိုက် …။  ငါ့ဝေစုကို မယူတော့ဘူး "

မီးလျှံမြေနဂါးကြီးကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ကောင်းကင် ပညာရှင်တွေဟာ လီဖူချန်းရဲ့ ကမ်းလှမ်းမှုကို  ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြပါတယ်။

ဇောင်ဝူကျင်းက လီဖူချန်းရဲ့ လုပ်ရပ်ကို သိပ်ပြီး သဘော မတူချင်ပါဘူး။  သူ့ရဲ့အမြင်မှာတော့ ဒီကောင်းကင် ပညာရှင်တွေဟာ မီးလျှံမြေနဂါးကြီးကို သတ်ဖြတ်ရာမှာ အပေါ်ယံလေးသာ ပါဝင်ခဲ့တာပါ။  အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်တုံးဆိုတာက သူတို့ လုပ်ဆောင်ခဲ့တာထက် စာရင်  အများကြီး တန်ဖိုး ရှိနေပါပြီ။

ဒါပေမဲ့လည်း ဇောင်ဝူကျင်းက လီဖူချန်း အကြောင်းကို သိတဲ့အတွက် ဝင်ရောက်ဟန့်တားခြင်း မပြုဘဲ အသာလေးသာ ငြိမ်နေလိုက်ပါတယ်။  လီဖူချန်းက အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေကို လုပ်မယ့်သူ မဟုတ်ပါဘူး။

" အကြီးအကဲ ခေါင်ချုပ်ခင်ဗျား ...။  အကြီးအကဲက သည်မီးလျှံမြေနဂါးကြီးကို သတ်ဖြတ်တဲ့ နေရာမှာ အရေးပါတဲ့ နေရာကဏ္ဍကနေ ပါဝင်ခဲ့တာပါ။  အဲသည်အတွက် အကြီးအကဲရဲ့ ဝေစုကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးနဲ့ လဲလှယ်ပါရစေ ..."

ပြောပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ဇောင်ဝူကျင်းရဲ့ လက်ထဲကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀ပါတဲ့ သိုလှောင်အိတ် တစ်အိတ် ထည့်ပေးလိုက်ပါတယ်။

အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀ဆိုတာက မီးလျှံမြေနဂါးရဲ့ မိစ္ဆာအမြူတေ တန်ကြေးထက်ကို အများကြီး သာလွန် နေပါပြီ။  ဒါပေမဲ့လည်း ဇောင်ဝူကျင်းရဲ့ ကျေးဇူးတွေက လီဖူချန်း အပေါ်မှာ အများကြီး ရှိနေတာပါ။  ဒါပေမဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀ဆိုတာက ဇောင်ဝူကျင်း တစ်ယောက် လီဖူချန်း အပေါ်မှာ ကူညီခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် မြူမှုန်လေး တစ်မှုန်လောက်သာ ရှိပါသေးတယ်။

ဒါက လီဖူချန်းရဲ့ ကျေးဇူး သိတတ်ခြင်း ဆိုရင်လည်း မမှားပါဘူး။

ဇောင်ဝူကျင်းက ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပါပြီ။  တကယ်လို့ သူ့အနေနဲ့ ဆက်လက်ပြီး တိုးတက်ချင်တယ် ဆိုရင် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး အမြောက်အများကို လိုအပ်ပါတယ်။  ပြီးတော့ သူ့ရဲ့ မူလဘူတ ဓားချီတွေကို ပြန်လည် ဖြည့်တင်းဖို့ အတွက်လည်း  အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ လိုအပ်နေဆဲပါပဲ။

" အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀လား ..."

ဇောင်ဝူကျင်းက ကြောင်အမ်းအမ်းနဲ့ လီဖူချန်းကို ကြည့်နေမိပါတယ်။  မိုးပြာရောင် ဂိုဏ်းကတောင်မှ  အကြီးအကဲ ခေါင်ချုပ် ဖြစ်တဲ့ သူ့အတွက်  တစ်နှစ်ကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၀တုံး လောက်သာ ပေးနိုင်တာပါ။  အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၅၀ဆိုတာက သူ့ရဲ့ ၅နှစ်စာ ရှိပါတယ်။  လီဖူချန်းက ဘယ်ကနေ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ရလာမှန်း မသိပါဘူး။

ဇောင်ဝူကျင်းက ဒီအဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေနဲ့ ပတ်သက်ပြီး  လီဖူချန်းအပေါ်မှာ သံသယ ဝင်ချင် ဝင်နေပါလိမ့်မယ်။  ဒါပေမဲ့လည်း သူ့ရဲ့ လက်တွေကတော့ တုံ့နှေးနေခြင်း မရှိပါဘူး။  ဇောင်ဝူကျင်းက လီဖူချန်းပေးတဲ့ သိုလှောင်အိတ်ကို အလျင်အမြန် သိမ်းဆည်း လိုက်ပါတယ်။  အလကားရတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး၅၀ကို မယူရအောင် သူက ရူးနေတာမှ မဟုတ်တာလေ။  ဒီအဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေက သူ့ရဲ့ မူလဘူတ ဓားချီတွေကို အလျင်အမြန် ပြန်လည်ဖြည့်တင်း ပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

ကျွီး ...

ရုတ်တရက် ဆိုသလို  စူးရှတဲ့   အသံကြီးတစ်ခုက  လေဟာနယ်ကို ဖြတ်သန်းပြီး လူတိုင်းရဲ့ နားထဲသို့  ရောက်လာခဲ့ပါတယ်။  စစ်မြေပြင်ရဲ့ အရှေ့ဘက်မှာတော့ မရေမတွက်နိုင်တဲ့ ကျောက်တုံး တွေဟာ လေထဲသို့ မြှောက်တက် လာကြပါပြီ။

၉၀ရာခိုင်နှုန်းသော လူတွေကတော့ သူတို့ရဲ့ နားတွေကို အုပ်ပြီး နေနေရပါတယ်။  မဟုတ်လို့ကတော့ ဒီအသံကြီးက သူတို့ကို နားကန်း ဘဝကို ရောက်သွားစေမှာပါ။

သည်စူးရှတဲ့ အသံကို  ထွက်ပေါ် စေသူကတော့   ပေတစ်ထောင် နီးပါးရှိတဲ့ ဆင်ကြီး တစ်ကောင်ပါပဲ။  အဲဒီဆင်ကြီးက နတ်ဆိုး ၁၀ပါးနယ်မြေရဲ့  ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့  တောင်ကိုတုန်လှုပ်စေသူ ဆင်မိစ္ဆာကြီး ဖြစ်ပါတယ်။

သားရဲဘုရင်ဖြစ်တဲ့  ရှေးဟိုင်းဆင်ကြီးရဲ့ မျိုးဆက်သွေး အမွေကို ရထားတဲ့ တောင်တွေကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးဟာ  နတ်ဆိုး ၁၀ပါးနယ်မြေရဲ့ အဆင့်မြင့်ပိုင်းက ခေါင်းဆောင် တစ်ဦး ဆိုရင်လည်း မမှားပါဘူး။  သူ့ရဲ့ လှုပ်ရှား သွားလာမှုကသာ အခြားသော မိစ္ဆာတွေလို လျင်မြန်ခြင်း ရှိမယ်ဆိုရင် နတ်ဆိုး ၁၀ပါး နယ်မြေရဲ့ နံပါတ်တစ် ခေါင်းဆောင်တောင် ဖြစ်သွားနိုင်ပါသေးတယ်။

ဒီဆင်မိစ္ဆာကြီးက ဘာအကြောင်း ကိစ္စနဲ့ အခုလို ဒေါသတကြီး ဖြစ်နေသလည်းတော့ မသိပါဘူး။  သူ့ရဲ့ မျက်လုံးတွေဟာ သွေးတွေကဲ့သို့ ရဲရဲနီနေပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ နတ်စမ်းရေ ဂိုဏ်းက အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲ တစ်ယောက်ကိုတောင် လွင့်ထွက် သွားစေခဲ့ပါပြီ။

" ဒီမိစ္ဆာဆင်ကြီးက ရူးသွားတာလား ..."

နတ်စမ်းရေဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲက  ခွန်အားတွေ ရုတ်တရက် တိုးမြှင့်လာတဲ့ ဆင်မိစ္ဆာကြီးကို ကြည့်ပြီး ဒွိဟဖြစ်နေပုံပင်။  နတ်စမ်းရေဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲကတော့ အနက်ရောင် ဆံပင်တွေနဲ့ အဘိုးကြီး တစ်ယောက် ဖြစ်ပြီး အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

သူက မထင်မှတ်ထားတဲ့ အခြေအနေကြောင့် အနောက်ကို လွင့်ထွက် သွားပေမယ့်လည်း သူ့ရဲ့ သတိကို မလွှတ်လိုက်ပါဘူး။  သူက တောင်တွေကို တုန်လှုပ်စေသူ ဆင်ကြီးကို ထိန်းချုပ် ထားနိုင်ဆဲပါပဲ။

ဒီဆင်မိစ္ဆာကြီးသာ ဒေါသ ထွက်လာပြီဆိုရင် မိစ္ဆာတွေတောင်မှ  ရှောင်ပေးရပါတယ်။   ကောင်းကင်နယ်ပယ် ပညာရှင်တွေကတော့ သည်မိစ္ဆာဆင်ကြီးရဲ့ ဒေါသကို ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ပါဘူး။

" ဘယ်သူက ငါ့ရဲ့ မျိုးဆက်ကို သတ်လိုက်တာလဲ ...…။  ငါအဲဒီလူကို အရှင်လတ်လတ် စားပစ်မယ် ..."

တောင်တွေကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးက ဒေါသတကြီးဖြင့် ကြုံးဝါးကာ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ရှိရာဆီသို့ ပြေးထွက် သွားပါတော့တယ်။

" အိုး ... လက်စသတ်တော့ သူ့ရဲ့ မျိုးဆက် အသတ်ခံလိုက်ရလို့ သသည်လို  ဖြစ်နေတာကိုး ...…"

အစိမ်းရောင် ဝတ်စုံနဲ့ အကြီးအကဲက ဆင်မိစ္ဆာကြီး အကြီးအကျယ် ဒေါသထွက်နေရတဲ့ အကြောင်းအရင်းကို သဘောပေါက် သွားခဲ့ပါပြီ။

" မင်းက ဘယ်ကို သွားမလို့လဲ ...။  ပြန်လာခဲ့ …"

အစိမ်းရောင် ဝတ်စုံနဲ့ အကြီးအကဲက သူ့ရဲ နွယ်စိမ်းကျာပွတ်နဲ့  မိစ္ဆာဆင်ကြီးရဲ့ ခြေထောက် တစ်ဖက်ကို  ရစ်ပတ် ထားလိုက်ပါတယ်။

တောင်ကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးဟာ  အလွန်အမင်း ဒေါသ ထွက်နေတာတော့ အမှန်ပါပဲ။  ဒါပေမဲ့လည်း သူဟာ ဒီအစိမ်းရောင် ဝတ်စုံနဲ့ အကြီးအကဲရဲ့ ကျာပွတ် ရိုက်ချက်တွေ အောက်ကနေ  ရုန်းထွက်နိုင်ခြင်း မရှိသေးပါဘူး။

သူတို့နဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုမှာတော့ နတ်စမ်းရေ တောင်ကြားရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲတချို့ဟာ  အသက်တောင် ပြင်းပြင်းမရှုဝံ့ဘဲ အခြေအနေကို အကဲခတ် နေကြပါတယ်။

မိစ္ဆာဆင်ကြီးက ကျာပွတ်ရိုက်ချက်တွေ အောက်ကနေ ရုန်းမထွက်နိုင်တာကို သိလိုက်ရမှာသာ သူတို့ဟာ အသက်ဝဝ ရှူနိုင်ပါတော့တယ်။

" တော်သေးတာပေါ့ကွာ ...။  အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲသာ ဒီဆင်မိစ္ဆာကြီးကို မထိန်းထားနိုင်ရင်တော့  တိုက်ပွဲအခြေအနေက ဆိုးဆိုးဝါးဝါးကို ပြောင်းသွားတော့မှာပဲ ..."

အထွဋ်ခေါင်ချုပ် အကြီးအကဲတွေထဲက တစ်ယောက်ကတော့ အခုမှသာ စိတ်အေး သွားပုံပါပဲ။

နတ်စမ်းရေ တောင်ကြားဂိုဏ်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ရှေးအကျဆုံး ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဆိုရင်လည်း မမှားပါဘူး။  နတ်စမ်းရေ တောင်ကြားဂိုဏ်းဟာ  ပြီးပြည့်စုံတဲ့ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ကျင့်စဉ် တစ်ခုဖြစ်တဲ့ အဖော်မဲ့ခြင်း ၈ပါး နတ်စမ်းရေ အတွင်းအား ကျင့်စဉ်ကို ပိုင်ဆိုင်ထားပါသေးတယ်။

ဒီအထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲကတော့ နတ်စမ်းရေ တောင်ကြားဂိုဏ်းရဲ့  အဖော်မဲ့ခြင်း ၈ပါး နတ်စမ်းရေ အတွင်းအား ကျင့်စဉ်ကို အဆင့်၂၄ဆင့်အထိ လေ့ကျင့်ထားနိုင်တဲ့  တစ်ဦးတည်းသော လူတစ်ယောက်ပါပဲ။  သူက အဖော်မဲ့ခြင်း၈ပါး နတ်စမ်းရေ အတွင်းအား ဆန္ဒကိုလည်း နားလည် အသုံးပြုနိုင်စွမ်း ရှိနေပါပြီ။  သူ့ရဲ့ အစွမ်းက ဂိုဏ်းပေါင်းတစ်ရာမှာ ထိပ်ဆုံး သုံးယောက်အတွင်း ဝင်သလို  တောင်ကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးထက်လည်း တစ်စက် ကလေးမှတောင် နိမ့်ကျခြင်း မရှိပါဘူး။

******

"ဒီကလေးရဲ့ တိုးတက်မှုက အံ့မခန်းပါပဲလား ....။  သူက ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းကိုတောင် ပိုင်ဆိုင်နေပြီ။  သည်အတိုင်းသာ သူ့ကို လွှတ်ထား ပေးလိုက်ရင်တော့ နောက်ထပ်ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ် လောက်ဆိုရင် ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းအတွက် တကယ့် ပြဿနာကောင် ဖြစ်လာတော့မယ်ဆိုတာ   ... "

မိုင်းတစ်ရာကျော် အကွာမှာတော့ မြေခွေးမျက်လုံးတွေကဲ့သို့ ကျဉ်းမြောင်းတဲ့ မျက်လုံးအစုံက  လီဖူချန်းကို  မမှိတ်မသုန် စိုက်ကြည့်နေပါတယ်။

ထိုမျက်လုံးအစုံ ပိုင်ရှင်ကတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ပါပဲ။  ထိုသူရဲ့ နာမည်ကတော့ သောင်းပုချန် ဖြစ်ပါတယ်။  သူက လီရှင်းထန်နဲ့အတူ မိုးပြာရောင်ဂိုဏ်းကို ရန်လာရှာတဲ့ သူတွေထဲမှာ ပါခဲ့တဲ့အတွက် လီဖူချန်း ကောင်းကောင်းကြီး မှတ်မိနေပါတယ်။  လီဖူချန်း တိုက်ပွဲအတွင်းမှာ စွမ်းဆောင်ပြနိုင်မှုတွေက သူ့ကို အစိုးရိမ်ကြီး စိုးရိမ် စေမိခဲ့ပါပြီ။

ဒီစစ်ကြီးကတော့ နောက်ထပ်တစ်နှစ်မက ကြာနေဦးမှာပါ။  ဒီစစ်ပွဲကြီး ဖြစ်ပွား နေစဉ်မှာတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းအနေနဲ့ လီဖူချန်းကို ပြသနာရှာလို့ ရဦးမှာ မဟုတ်ပါဘူး။  အကယ်၍သာ ကောင်းကင် နတ်ဆိုးဂိုဏ်းက  လီဖူချန်းကို  စစ်အတွင်းမှာ  သတ်လိုက်မယ်ဆိုရင် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ ဂိုဏ်းအသီးသီးဟာ သူတို့ကို ရှုံ့ချကြပါလိမ့်မယ်။  ဂိုဏ်းပေါင်းတစ်ရာရဲ့ အထက်ပိုင်းက ဦးစီးဦးဆောင် တွေကလည်း သည်ကိစ္စနဲ့ သက်ဆိုင်နေသူတွေ အားလုံးကို ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး။  သူတို့က စစ်ပွဲ ဖြစ်ပွားနေစဉ် အတွင်းမှာ ဒီလိုအချင်းချင်း သတ်ဖြတ်မှု အတွက် မဆိုင်းမတွကို အရေးယူမှာပါ။

ဒါပေမဲ့လည်း သောင်းပုချန် အနေနဲ့ လီဖူချန်းကို ဆက်လက် တိုးတက်ခွင့် မပေးချင် တော့ပါဘူး။  သူက လီဖူချန်းရဲ့ အစွမ်းအစကို မျက်မြင်ကိုယ်တွေ့  မြင်ဖူးပြီး သွားပါပြီ။

" ဟမ့် ... ဒီကောင့်ကို ငါကိုယ်တိုင် မသတ်နိုင်မှတော့  ငါ့အစား သတ်ပေးမယ့် တစ်ယောက်ကို ရှာရမှာပေါ့ ..."

သောင်းပုချန်က ကောက်ကျစ်စွာ ပြုံးလိုက်ပါပြီ။

ထို့နောက်မှာတော့ သောင်းပုချန်ဟာ သူ့ရဲ့ အကြံအစည်ကို အကောင်အထည် ဖော်ပါတော့တယ်။  သူ့ရဲ့အကြံအစည်ကတော့ အင်မတန်မှ ရိုးရှင်းပါတယ်။  သူက အဆင့်၅ အဆင့်နိမ့် မိစ္ဆာသားရဲဖြစ်တဲ့  လေပြင်းလင်းယုန်ကို သွားရန်စပြီး  လီဖူချန်းဆီသို့   မျှားခေါ်သွားမှာပါ။

လေပြင်းလင်းယုန်ရဲ့ ခွန်အားက သူနဲ့ သူမသာကိုယ်မသာပါပဲ။  ဒါပေမဲ့ လေပြင်းလင်းယုန်ရဲ့ အမြန်နှုန်း ကတော့ သူ့ထက်ကို အများကြီး သာပါတယ်။  အကယ်၍ ဒီလေပြင်းလင်းယုန်သာ လီဖူချန်းကို မျက်စိ ကျသွားလို့ကတော့  လီဖူချန်းဟာ သေချာပေါက်ကို သေပါပြီ။

" ယုတ်ညံ့တဲ့ တိရိစ္ဆာန်ကောင် ...။  ငါ့ရဲ့လက်သီးကို မြည်းကြည့်စမ်း  ..."

သောင်းပုချန်က လေပြင်းလင်းယုန်ကို အနောက်ကို အနည်းငယ် လွင့်ထွက်သွားတဲ့ အထိ ထိုးချလိုက်ပါတယ်။

လေပြင်းလင်းယုန်ကြီးက တစ်ဖက်ရန်သူရဲ့ လက်သီးချက်ကို ထိခံလိုက်ရတဲ့ အတွက် ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။  ဒါက သူ့အတွက်တော့ အကြီးအကျယ် အရှက်ခွဲ ခံလိုက်ရတာပါပဲ။  သူ့လို အဆင့်၅ အဆင့်နိမ့် သားရဲကြီးအနေနဲ့  သည်လို အရှက်ခွဲခံရမှုမျိုးကို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။

" လူသား ... မင်းကိုငါ အသေသတ်ပစ်မယ် ..."

လေပြင်းလင်းယုန်ရဲ့ ခြေသည်းတွေကနေ အနက်ရောင် ချီတွေ ထွက်ပေါ်လာခဲ့ပါပြီ။  ထို့နောက်မှာတော့ သူက  သောင်းပုချန်ထံသို့ တောင်ပံဖြန့်ကာ ပျံသန်းသွားပြီး  ခြေသည်းဖြင့် ကုတ်ထည့် လိုက်ပါတယ်။

ဘန်း ...…

သောင်းပုချန်က  ဆယ်မိုင်လောက်အထိ လွင့်ထွက် သွားခဲ့ပါပြီ။

ဘန်း ... ဘန်း ...

သောင်းပုချန်က တကယ်ကို စိတ်ရှည်သူလို့ သတ်မှတ်ရမှာပါပဲ။

သူက လေပြင်း လင်းယုန်ကြီးကို တစ်ချက်တိုက်လိုက် အနောက်ကို ဆုတ်လိုက်နဲ့ လီဖူချန်း  ရှိရာဆီသို့ မျှားခေါ် သွားခဲ့ပါတယ်။

" ရှောင်ကြဟေ့ ...။  အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်နဲ့ ပြန်လည် ဝင်စားခြင်း ပညာရှင် တစ်ယောက်ရဲ့ တိုက်ပွဲက ဒီနေရာအထိ ရောက်လာတာဟ  …"

လမ်းတစ်လျှောက်မှာရှိတဲ့ ကောင်းကင် ပညာရှင်တွေကတော့ သောင်းပုချန်နဲ့ လေပြင်း လင်းယုန်ကြီးတို့ကို မြင်တာနဲ့ တစ်ပြိုင်နက်  အလျင်အမြန် ရှောင်ထွက်သွားကြပါပြီ။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ပွဲစက်ကွင်းဟာ သူတို့အတွက်ကတော့ မရဏနယ်မြေပါပဲ။

" အဲဒါက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ပဲ။  အမြန်ဆုတ်မှ ..."

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ သောင်းပုချန်ရဲ့ ဇာစ်မြစ်ကို သိလိုက်ပါတယ်။  ဒီသောင်းပုချန်ဟာ တိုက်ခိုက်နေရင်းနဲ့ သူရှိရာ နေရာအထိ  တိုက်တိုက်ဆိုင်ဆိုင် ရောက်လာစရာ ဘာအကြောင်းမှ မရှိပါဘူး။  လီဖူချန်းက သောင်းပုချန်ကို မသကာၤတဲ့အတွက် လျင်လျင်မြန်မြန်ပဲ ဆုတ်ခွာ သွားပါတော့တယ်။

" အသုံးမကျတဲ့ လင်းယုန်ကောင် ...။  သေစမ်း  ..."

သောင်းပုချန်က သူ့ရဲ့ ပေါင်းချုပ်သိုင်းကွက် တစ်ခုကို ထုတ်သုံးပြီး လေပြင်း လင်းယုန်ကို တိုက်ခိုက်လိုက်ပါပြီ။

ဂီး ...

လေပြင်း လင်းယုန်ကလည်း သောင်းပုချန်ရဲ့  သိုင်းကွက်ကို ရှောင်ထွက်သွားခြင်း မရှိပါဘူး။ သူက မိစ္ဆာချီတွေ ရစ်သိုင်းလျက်ရှိတဲ့ သူ့ရဲ့ တောင်ပံကြီးတွေနဲ့ သောင်းပုချန်ကို ပြန်လည် တိုက်ခိုက် လိုက်ပါတယ်။

ဝုန်း ...

ဘန်း ...ဘန်း ... ဘန်း ...

ကျယ်လောင်သော ချီပေါက်ကွဲမှုခြင်း တစ်ခုကတော့ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒီတိုက်ခိုက်မှုရဲ့ အဖျားရိုက်ခတ်မှုကို ခံလိုက်ရတဲ့ မြေကမ္ဘာပညာရှင် တစ်ရာနီးပါးကတော့ သွေးအိုင်ဘဝကို ပြောင်းသွားခဲ့ပါတယ်။

သူတို့တင် မကပါဘူး။  အခြားသော အဆင့်နိမ့် မိစ္ဆာသားရဲ အတော်များများနဲ့ မိစ္ဆာတော်တော် များများဟာလည်း ပေါက်ကွဲ ကုန်ပါတယ်။

ဇောင်ဝူကျင်းလို အတော် ဝေးဝေးမှာရှိတဲ့ သူတောင်မှ စွမ်းအင်လှိုင်း အဖျားခတ်မှုကြောင့် အနောက်ကို လွင့်ထွက်သွားပြီး  သွေးအန်နေရပါပြီ။

" ဖူချန်း ..."

ဇောင်ဝူကျင်းက သူ့ကိုယ်သူ  စိုးရိမ်နေခြင်းမရှိဘဲ လီဖူချန်းကိုသာ အလျင်အမြန် လိုက်ရှာ နေခဲ့ပါတယ်။  သူ့လို ကောင်းကင်နယ်ပယ် အထွတ်အထိပ်က လူတောင်မှ တိုက်ပွဲ  အဖျားအနားက လာတဲ့ စွမ်းအင် ရိုက်ခတ်မှုကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။  လီဖူချန်းလို တိုက်ပွဲ စက်ကွင်းနဲ့ နီးတဲ့နေရာမှာ ရှိနေသူကတော့ ဒီစွမ်းအင် ရိုက်ခတ်မှုကြောင့်  သေတောင် သေသွားနိုင်ပါတယ်။

လီဖူချန်းကတော့ ချိုင့်ဝှမ်းလေး တစ်ခုထဲမှာ  အသက်ရှင်လျက် ရှိနေဆဲပါပဲ။   သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ကြေးဝါရောင် ချီစွမ်းအင် တစ်ခုက အကာအကွယ် ပေးထားပါတယ်။

သောင်းပုချန် တစ်ယောက် သည်နေရာကို ရောက်လာကတည်းက လီဖူချန်းဟာ  အလျင်အမြန် ဆုတ်ခွာ သွားခဲ့တာပါ။  ဒါပေမဲ့လည်း လေပြင်းလင်းယုန်ရဲ့ ပျံသန်းနှုန်းက သူ့ထက်ကို အဆပေါင်းများစွာ သာနေပါတယ်။

လေပြင်း လင်းယုန်ကို သောင်းပုချန်က ပေါင်းချုပ် သိုင်းကွက်သုံးပြီး တိူက်ခိုက်လိုက်တဲ့ အချိန်မှာတော့ လီဖူချန်းဟာ သောင်းပုချန်ရဲ့ ရည်ရွယ်ချက်ကို နားလည် သွားခဲ့ပါပြီ။

သောင်းပုချန်က သူ့ကို ကိုယ်တိုင် သတ်ဖြတ်နိုင်ခွင့် မရှိတဲ့အတွက် လေပြင်းစွန်ရဲကြီးကို အသုံးချ လိုက်တာပါ။

ဒါက ဓားငှားပြီး လုပ်ကြံခြင်း ဆိုရင်လည်း မမှားပါဘူး။

နှမြောစရာ ကောင်းတာကတော့ သောင်းပုချန်ရဲ့ အကြံအစည်ဟာ အလုပ် မဖြစ်ခဲ့တာပါပဲ။  သူက လီဖူချန်းကို အထင် သေးလွန်း နေပါပြီ။

သေရေးရှင်ရေးနဲ့ ကြုံရတဲ့ အခိုက်အတန့်မှာတော့ လီဖူချန်းဟာ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ကို အသက်သွင်း လိုက်ပါတယ်။  တစ်ချိန်တည်းမှာပဲ သူဟာ အဲသည်  ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားတွေကို ကြေးဝါ ဓားအဆီအနှစ်တွေနဲ့ ပေါင်းစပ်လိုက်ပြီး ကြေးဝါဓား ချီအကာအကွယ် အဖြစ် ဖန်တီး လိုက်ပါသေးတယ်။  လီဖူချန်းဟာ သူ့ရဲ့ အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီရဲ့ အစွမ်းကို ထုတ်ဖော်ဖို့လည်း မမေ့ခဲ့ပါဘူး။

ကံကောင်း ထောက်မစွာဖြင့် သူ့ရဲ့ ပြင်ဆင်မှုတွေ အားလုံးက သောင်းပုချန်နဲ့ လေပြင်းစွန်ရဲရဲ့ တိုက်ခိုက်မှု စက်ကွင်းကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေကို တောင့်ခံနိုင်ခဲ့ပါတယ်။

ဝေါ့ ...

လီဖူချန်းက ဒီစွမ်းအင် လှိုင်းရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ် အတွင်းပိုင်းကနေ ဆန်တက်လာတဲ့ သွေးတွေကို အန်ထုတ် လိုက်ရပါတယ်။  သူက ဒီစွမ်းအင် လှိုင်းတွေကို   ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။  သူ့ရဲ့ ကြေးဝါဓား ချီအကာအကွယ်က တစ်ဝက်နီးပါး ပျက်စီးသွားခဲ့သလို  အတွင်းဒဏ်ရာ အချို့လည်း ရသွားပါသေးတယ်။

" ငါသေလို့ မဖြစ်သေးဘူး ...။  ဒီနေရာကနေ အမြန်ဆုံး ပြေးမှ ရမယ် "

သွေးတွေကို အန်ထုတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဒဏ်ရာတွေကို မကုအားသေးဘဲ တိုက်ပွဲ စက်ကွင်းနဲ့ ဝေးရာဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့ပါပြီ။

"ဒီကောင်က မသေသေးဘူးလား ...…"

သောင်းပုချန်ကတော့ စိတ်ပျက်လက်ပျက်နဲ့ လီဖူချန်းရဲ့ နောက်ကျောကို ငေးကြည့် နေပါတယ်။

ဒီတစ်ကြိမ် လီဖူချန်းကို သတ်ပစ်နိုင်ခြင်းမရှိတာက အတော်လေးကို စိတ်ပျက်စရာပါပဲ။

" ငါမင်းကို မသတ်နိုင်ဘူးလို့   မယုံဘူးကွာ ..."

သောင်းပုချန်က လေပြင်းစွန်ရဲကို နောက်ထပ် တစ်ကြိမ် ရန်စဖို့  ပြင်လိုက်ပါတယ်။

"  သောင်းပုချန် ... မင်းတော်သင့်ပြီ…"

ရုတ်တရက် ဆိုသလို အေးစက်စက် အသံတစ်ခုဟာ သောင်းပုချန်ရဲ့ နားထဲကို ဝင်လာခဲ့ပါတယ်။

" အကြီးအကဲဖန် ..."

သောင်းပုချန်ရဲ့ မျက်နှာကတော့ စက္ကူဖြူ တစ်ရွက်လို ဖြူဖွေး သွားခဲ့ပါပြီ။

သောင်းပုချန်နဲ့ မိုင်ပေါင်းတစ်ရာ အကွာမှာတော့  ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက် ရှိနေပါတယ်။  သူက သောင်းပုချန်ရဲ့ အကြံအစည်ကို ထွင်းဖောက်ပြီး မြင်နေရပုံပါပဲ။

အထွဋ်ခေါင်ချုပ် အကြီးအကဲဖန်က သောင်းပုချန်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်ပြီး သတိပေးလိုက်ပါတယ်။

" သောင်းပုချန် ...။  နောက်ထပ် တစ်ကြိမ် ဒီလို ဖြစ်လာလို့ကတော့ ငါ့အဆိုးမဆိုနဲ့ ..."

သောင်းပုချန်က အလျင်အမြန် ပြန်ရှင်းပြ လိုက်ပါတယ်။

" အကြီးအကဲဖန် ...။  ဒါက တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။  မတော်တဆ ဖြစ်သွား တာပါဗျာ ..."

" ဟမ့် "

အကြီးအကဲဖန်ကတော့ သောင်းပုချန်ရဲ့ ရှင်းပြမှုကို အဖက်မလုပ်ဘဲ ထွက်သွားခဲ့ပါပြီ။

" တောက် ...။  ခွေးမသား ...အကြီးအကဲဖန် ...။  မျိုးမစစ် လီဖူချန်း ..."

သောင်းပုချန်ကတော့ စိတ်ထဲက ကျိန်ဆဲနေရင်းနဲ့ ကျန်နေခဲ့ပါတော့တယ်။  သူက လီဖူချန်းကို သတ်ဖို့တော့ ထပ်ပြီး မကြိုးစား ဝံ့တော့ပါဘူး။  ဒီတစ်ကြိမ်ဆိုရင်တော့ အကြီးအကဲဖန်ဟာ ဒီကိစ္စထဲကို သေချာပေါက် ဝင်ပါလာတော့မှာပါ။

" ဟူး ...…တော်သေးတယ်ဟေ့။  ဒီတစ်ကြိမ်ကတော့ သေခါနီးပဲဟ…"

တိုက်ပွဲ စက်ကွင်းကနေ အတော်ဝေးဝေး အထိ ရောက်ပြီဆိုတော့မှပဲ လီဖူချန်းတစ်ယောက် သက်ပြင်း ချနိုင်ပါတော့တယ်။

ဟူး ...ဟူး ...ဟူး ...

ဝုန်း ... ဝရော ...

လီဖူချန်း သက်ပြင်းချလို့ မပြီးခင်မှာဘဲ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

စစ်မြေပြင်ရဲ့ အလယ်မှာတော့ ထူးဆန်းတဲ့ အလင်းတန်းကြီးတွေ ဖြာထွက် လာခဲ့သလို ကောင်းကင် တစ်ခုလုံးမှာလည်း လေပြင်းမုန်တိုင်းတွေ ကျရောက် တော့မယ့် လက္ခဏာ အပြည့်ပါပဲ။

မြေပြင်ပေါ်မှာတော့  ဖုန်လုံးကြီးတွေ တလိမ့်လိမ့် ထလို့ နေပါပြီ။

ကောင်းကင်နဲ့ မြေကြီးဟာ ကွဲထွက်သွားတော့ မှာလားဟုတောင် လီဖူချန်းတစ်ယောက် ထင်နေမိပါတယ်။

" ဘာတွေဖြစ်နေတာလဲ "

လီဖူချန်းက အံ့သြစွာဖြင့် စစ်မြေပြင်အလယ်ကို  စူးစမ်း လိုက်ပါတယ်။

သို့သော်လည်း လီဖူချန်းဟာ သူ့ရဲ့ လက်ရှိ မျက်လုံးအားနဲ့တော့  စစ်မြေပြင် အလယ်မှာ ဘာတွေ ဖြစ်ပျက်နေသလည်းဆိုတာကို တိတိကျကျ မြင်နိုင်စွမ်း မရှိသေးပါဘူး။

***

စစ်မြေပြင် အလယ်မှာတော့ ... ...

အစိမ်းရောင် ဝတ်စုံနဲ့ အကြီးအကဲဟာ တောင်တွေကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးကို  ကျာပွတ်ဖြင့် အားရပါးရ ရိုက်ချ လိုက်ပါတယ်။ အခါတိူင်းဆိုရင်တော့ ဒီရိုက်ချက်ကြောင့် မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေသာ ဖြစ်ပေါ်ရမှာပါ။

ဒါပေမဲ့  ဒီတစ်ကြိမ်မှာတော့  အက်ကွဲ ကြောင်းကြီးတွေ သာမက အချင်းဝက် ဆယ်မိုင် ကျော်တဲ့ တွင်းနက်ကြီး တစ်ခုပါ ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲသည်တွင်းနက်ကြီးရဲ့ အတွင်းပိုင်းကနေလည်း  တောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ် နေပါတယ်။

" ဒါက ရှေးဟောင်း အပျက်အစီး နယ်မြေ မဟုတ်ဘူးလား ..."

အစိမ်းရောင်ဝတ်စုံနဲ့ အကြီးအကဲရဲ့ နှလုံးခုန်သံတွေကတော့ သာမန်ထက်  မြန်လာခဲ့ပါပြီ။

***

All Chapters