← Chapters

မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန်များ

Vol. 26 Ch. 343

မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန်များ

Vol. 26 Ch. 343

ရှေးဟောင်း အပျက်အစီး နယ်မြေ ... ...

အဲဒီ အဓိပ္ပာယ်ကတော့ သည်တွင်းကြီးရဲ့ အောက်ခြေမှာ ရှိနေတဲ့ အရာတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက  တည်ရှိခဲ့တဲ့ အရာတွေပါ။

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ...…

ဒါက မဟာပညာရှင်တွေ မပျောက်ဆုံးခင်က ခေတ်တစ်ခုတောင် ဖြစ်နိုင်ပါသေးတယ်။  အဲဒီခေတ်တုန်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ သိုင်းပညာဟာ အခုခေတ် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေထက်ကို အတော်လေး အစွမ်းထက်တာပါ။  ပြီးတော့ အဲဒီ ခေတ်တုန်းကဆိုရင် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ အခုခေတ်  မြေကမ္ဘာ ပညာရှင်တွေလိုပဲ  ပေါများလွန်းလှပါတယ်။

ဒီရှေးဟောင်း အပျက်အစီးနယ်မြေမှာ ဘာတွေ ရှိနေမလဲ ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

တကယ်လို့သာ ဒီနယ်မြေက  ရှေးဟောင်း ဂိုဏ်းတစ်ဂိုဏ်းရဲ့ အပျက်အစီး နယ်မြေ ဆိုရင်တော့  သေချာပေါက်ကို ကြွင်းကျန်ရစ်ခဲ့တဲ့ ပညာရပ်တွေ ရှိနေဦးမှာပါပဲ။

လက်ရှိ ခေတ်မှာတော့ မြေကမ္ဘာ အဆင့်နိမ့် ပညာရပ် တစ်ခုကတောင်မှ  သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ပေါ်လာစေတဲ့အထိ  ဆွဲဆောင် နေနိုင်ပါပြီ။  မြေကမ္ဘာ အဆင့်မြင့်  ပညာရပ်တွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့။

ပြီးတော့ အပျက်အစီး နယ်မြေတွေကနေပြီး နောက်ထပ် မျှော်လင့်စရာ တစ်ခု ရှိပါသေးတယ်။   အဲဒါကတော့ ကြွင်းကျန်ရစ်ခဲ့တဲ့  မှော်ဆေးရည်တွေပါပဲ။

အစွမ်းထက်တဲ့ သိုင်းပညာရပ်တွေက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို နောက်ထပ် အဆင့်တစ်ခုကို ချိူးဖောက် ဝင်ရောက်စေနိုင်ခြင်း မရှိပါဘူး။  ဒါပေမဲ့ အစွမ်းထက်တဲ့ မှော်ဆေးရည်တွေကတော့ သေချာပေါက်ကို စွမ်းဆောင်နိုင်ပါတယ်။  မြေကမ္ဘာအဆင့် မှော်ဆေးရည်တွေ ဆိုရင်ပေါ့။

" ဒါက ရှေးဟောင်း အပျက်အစီး နယ်မြေလား ..."

တောင်ကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးရဲ့ မျက်လုံးတွေကလည်း အရောင် တောက်လာခဲ့ပါပြီ။

အပျက်အစီး နယ်မြေတွေထဲ ရတနာတွေကို လျော့တွက်လို့ မရပါဘူး။  အဲဒီထဲက ရတနာအချို့ မိစ္ဆာသားရဲတွေ အတွက်လည်း အကျိုး ရှိစေပါတယ်။   ဥပမာအားဖြင့် မှော်ဆေးရည် တွေပေါ့။

မှော်ဆေးရည်တွေဟာ ဝိညာဉ်သားရဲတွေကို သာမက  မိစ္ဆာ သားရဲတွေကိုလည်း အကျိုးရှိ စေပါတယ်။  ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ အဆင့်တက်ပုံက လူသားတွေနဲ့ မတူပါဘူး။  သူတို့တွေက သူတို့ရဲ့  မျိုးဆက်သွေးကို နိုးထစေနိုင်တာနဲ့ တစ်ပြိုင်နက် ကျင့်ကြံနေစရာ မလိုဘဲ  နောက်ထပ် တစ်ဆင့်ကို ရောက်သွားတာပါ။

တောင်ကို တုန်လှုပ်စေသူ ဆင်မိစ္ဆာကြီးဟာ   သားရဲဘုရင်ဖြစ်တဲ့  ရှေးဟိုင်းဆင်ကြီးရဲ့ မျိုးဆက်သွေး အမွေကို လက်ခံရရှိထားတာ ဖြစ်ပါတယ်။  တကယ်လို့သာ ရှေးဟိုင်းဆင်ကြီးရဲ့ မျိုးဆက်သွေး အမွေကို ပိုပြီး နိုးထစေနိုင်မယ် ဆိုရင် သူ့ရဲ့ အစွမ်းတွေက အဆမတန် တိုးမြှင့် သွားမှာပါ။  အဲဒီလိုသာ ဖြစ်သွားမယ် ဆိုရင်တော့ဖြင့် ဒီအရှေ့တိုင်း ယူနီကွန်းတိုက်ကြီး တစ်ခုလုံးမှာ သူဟာ ပြိုင်ဘက် ကင်းပါပြီ။

"ဆင်ဘုရင် ...။  ငါတို့ရဲ့ တိုက်ပွဲကို ခဏ ရပ်ထားရအောင်  ..."

အစိမ်းရောင် ဝတ်စုံနဲ့ အကြီးအကဲက  အကြံပြု လိုက်ပါတယ်။

" အေး ...ရတယ် "

တောင်ကို တုန်လှုပ်စေသူ ဆင်ကြီးကလည်း ငြင်းဆိုနေခြင်း မရှိပါဘူး။

ယခုအချိန်မှာတော့ ရှေးဟောင်း အပျက်အစီး နယ်မြေကသာ အဓိက ဖြစ်သွားပါပြီ။  စစ်ပွဲက စိတ်ပါရင် ဘယ်အချိန် ထတိုက်တိုက် ရပါတယ်။  သည်လို ရှေးဟောင်း အပျက်အစီး နယ်မြေကိုတော့ ကံကောင်းထောက်မလွန်းမှသာ ကြံကြိုက်ရတာ မဟုတ်ပါလား။

သိပ်မကြာခင်မှာပဲ ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခု  ရှာဖွေတွေ့ရှိတဲ့ သတင်းဟာ စစ်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။

" ရှေးဟောင်း အပျက်အစီး နယ်မြေလား ..."

ဒီသတင်းကို ကြားလိုက်ရတဲ့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲကတော့   စိတ်လှုပ်ရှား မှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။   သူ့ရဲ့ မျက်လုံးတွေကလည်း တဖျတ်ဖျတ် တောက်ပ နေပါတယ်။

သူ့ရဲ့ မဟူရာ ရေခဲလက်ဝါးသိုင်းဟာ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေကနေ ရခဲ့တာပါ။  ဒါပေမဲ့လည်း အဲသည်မှာ ရှိတဲ့ သိုင်းကျမ်း တော်တော်များများဟာ ပျက်စီး နေခဲ့ပါပြီ။  အဲသည်ထဲမှာ အကောင်းဆုံးဆိုလို့  မပြည့်စုံတော့တဲ့ မဟူရာ လက်ဝါးသိုင်းသာ ရှိပါတယ်။

တကယ်လို့သာ အခုတွေ့တဲ့ အပျက်အစီး နယ်မြေက ရှေးဟောင်း ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ကျန်ရစ်ခဲ့တဲ့  ရှေးဟောင်း အပျက်အစီး နယ်မြေ ဆိုရင်တော့ ဇာတ်လမ်းက လှပါပြီ။   ဂိုဏ်းပေါင်း တစ်ရာ အချင်းချင်းမှာ တောင်မှ သွေးချောင်း စီးတိုက်ပွဲတွေ ဖြစ်တော့မှာပါ။

ဂိုဏ်းပေါင်း တစ်ရာကပဲ ဖြစ်ဖြစ်  ဒါမှမဟုတ် နတ်ဆိုး ၁၀ပါးနယ်မြေကပဲ ဖြစ်ဖြစ်ပါလေ။  ဒီရှေးဟောင်း နယ်မြေထဲက ရတနာတွေကို လိုချင်ကြမှာပါပဲ။

အစွမ်းအထက်ဆုံး အတွင်းအားကျင့်စဉ်နဲ့ သိုင်းပညာကို တတ်မြောက် ထားသူကတော့ ဘယ်သူ့ကိုမှ မှုတော့မှာ မဟုတ်ပါဘူး။  ဒီကျင့်ကြံခြင်း လောကမှာတော့ အစွမ်းအထက်ဆုံး ပညာရှင် တစ်ယောက်ဟာ  အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေတာပင် မဟုတ်ပါလား။ ဒီလောကမှာတော့ စွမ်းအားကပဲ အရာရာကို အဆုံးအဖြတ် ပေးတာပါ။

' ရှေးဟောင်း အပျက်အစီး နယ်မြေလား ...'

ဒီသတင်းကို ကြားလိုက်ရတဲ့ လီဖူချန်းဟာလည်း တုန်လှုပ်အံ့သြ သွားခဲ့ပါပြီ။

မဟာပညာရှင်တွေ အစအနေ ရှာမရအောင် ပျောက်ဆုံး သွားတာနဲ့အတူ သူတို့ရဲ့ အစွမ်း အထက်ဆုံး ပညာရပ်တွေနဲ့ ရတနာတွေဟာလည်း ပျောက်ကွယ် သွားခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ နတ်စမ်းရေ တောင်ကြား၊ ဆန်းကြယ် ကိရိယာ ဂိုဏ်းနဲ့ မိုးကြိုး နတ်ဘုရား ဂိုဏ်းတို့လို အစွမ်းထက်တဲ့   ဂိုဏ်းတွေမှာသာ မြေကမ္ဆာ္ဘအဆင့် ပညာရပ် တစ်ခုစ၊ နှစ်ခုစလောက် ကျန်ရှိနေပါတော့တယ်။

လီဖူချန်းက  ရှေးဟောင်း အပျက်အစီး နယ်မြေဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သဘောပေါက်ပြီး သားပါပဲ။

'ဒီအတိုင်းဆိုရင်တော့  အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အခြေအနေတွေဟာ ရှုပ်သထက် ရှုပ်လာဦးမှာပါလား ...'

လီဖူချန်းက မျက်ခုံးကြုတ်ကာ ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ တောင်ဖြူနယ်မြေမှာ  ရှေးဟောင်း အပျက်အစီး နယ်မြေ တစ်ခု ပေါ်လာတဲ့ သတင်းဟာ  စစ်ဖြစ်နေတဲ့ အခြားသော နယ်မြေ ၅ခုဆီသို့လည်း ပျံနှံ့သွားခဲ့ပါပြီ။  အဲဒီနယ်မြေ၅ခုမှာ တိုက်ခိုက် နေကြတဲ့ သူတွေ အကုန်လုံးဟာလည်း ယာယီ စစ်ပြေငြိမ်းပြီး တောင်ပြင်း နယ်မြေဆီသို့ အပြင်းခရီး နှင်ကြပါတော့တယ်။

ဒီရှေးဟောင်း အပျက်အစီး နယ်မြေ ထဲကိုတော့ ဘယ်သူမှ စပြီး မဝင်သေးပါဘူး။

ရှေးဟောင်း အပျက်အစီး နယ်မြေ ဆိုတာက  မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ  ရှိတာတော့ အမှန်ပါပဲ။  ဒါပေမဲ့လည်း မထင်မှတ်ထားတဲ့ အန္တရာယ်တွေလည်း ရှိနေပါသေးတယ်။

တကယ်လို့သာ တစ်ယောက်ယောက်က သေသေချာချာ စူးစမ်း လေ့လာခြင်း မရှိဘဲ  ဒီနယ်မြေထဲကို ဝင်သွားလို့ကတော့  အသေပါပဲ။  ကောင်းကင်နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေ အတွက်တောင်မှ အသက် အာမခံချက် မရှိပါဘူး။

ရှေးဟောင်း အပျက်အစီး နယ်မြေထဲမှာဆိုရင် ထူးဆန်းလွန်းတဲ့ ဝင်္ကပါ အစီအရင်တွေနဲ့  ရက်စက်လွန်းတဲ့ ထောင်ချောက်တွေ ရှိတယ်ဆိုတာကိုတော့ လူတိုင်းနီးပါး သိပြီးသားပါပဲ။

လူတွေအားလုံး သေသေချာချာ ဆွေးနွေးပြီးတဲ့ အခါမှာတော့ ဆုံးဖြတ်ချက် တစ်ခု ထွက်လာခဲ့ပါပြီ။  အဲဒါကတော့ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်နဲ့  ကောင်းကင်နယ်ပယ် ပညာရှင် ဆယ်ယောက်ကို  အပျက်အစီး နယ်မြေထဲသို့ ရှေ့ပြေးအနေ နဲ့  စေလွှတ်ရမယ် ဆိုတာပါပဲ။

ရှေ့ပြေးအဖွဲ့တွေ ပြန်ရောက်လာမှသာ ဂိုဏ်းပေါင်း တစ်ရာက ထိပ်ပိုင်း ခေါင်းဆောင်တွေ အနေနဲ့ ဒီအပျက်အစီး နယ်မြေထဲကို အုံလိုက်ကျင်းလိုက် ဝင်သင့်မဝင်သင့် ဆုံးဖြတ်မှာပါ။

မိုးပြာရောင် ဂိုဏ်းကတော့ အပျက်အစီး နယ်မြေထဲကို ဝင်ဖို့အတွက် အထွဋ်ခေါင်ချုပ် အကြီးအကဲဂို၊ အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းနဲ့  ကောင်းကင်နယ်ပယ် ပညာရှင်အချို့ကို ရွေးချယ် လိုက်ပါတယ်။

ဒီလိုနဲ့ပဲ  ဂိုဏ်းပေါင်းတစ်ရာက ပညာရှင် တစ်ထောင်နီးပါးဟာ တွင်းနက်ကြီးထဲကို ဆင်းသွားကြပါပြီ။ နတ်ဆိုး ၁၀ပါး နယ်မြေကလည်း မိစ္ဆာသားရဲ အချို့နဲ့  မိစ္ဆာအချို့ကို ရှေ့ပြေး အဖြစ် စေလွှတ် လိုက်ပါတယ်။  နှစ်ဖွဲ့စလုံးကတော့ ယာယီ စစ်ပြေငြိမ်းထားတဲ့ အတွက် တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေခြင်း မရှိပါဘူး။

" ဟေး ...ဖူချန်း…"

အော်ခေါ်သံ တစ်ခုနဲ့အတူ လူနှစ်ယောက်ဟာ လီဖူချန်းထံ ရောက်လာကြပါတယ်။ ထိုလူနှစ်ယောက် ကတော့  အတွင်းစည်း အကြီးအကဲ ချီဟွာနဲ့ ဇောင်ဝူကျိတို့ပါပဲ။

ချီဟွာကတော့ ဇောင်ဝူကျင်းရဲ့ လက်အောက်ကဖြစ်ပြီး  လီဖူချန်းကို မကြာခဏ ဆိုသလို အကူအညီ ပေးဖူးသူ တစ်ယောက်ပါ။  ဇောင်ဝူကျိကတော့ ဇောင်ဝူကျင်းရဲ့ မွေးစားသားဖြစ်ပြီး လီဖူချန်းအတွင်းစည်း ဂိုဏ်းသား ဘဝတုန်းက တစ်ခါ ကူညီခဲ့ဖူးပါတယ်။  ဒီဘက် နှစ်တွေမှာတော့ သူနဲ့ လီဖူချန်းဟာ အတော်လေးကို ရင်းနှီးနေပြီလို့တောင် ဆိုနိုင်ပါတယ်။

သူတို့ထဲက တစ်ယောက်ကတော့ ကောင်းကင်နယ်ပယ် အဆင့်၇ဖြစ်ပြီး နောက်တစ်ယောက် ကတော့ ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေပါပြီ။

" အကြီးအကဲချီ ... အကြီးအကဲဇောင် ..."

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။

" ဖူချန်း ...။  အရမ်းကြီးလည်း ယဉ်ကျေးမနေပါနဲ့ကွာ ...။  အခုဆိုရင် မင်းက ငါ့ထက်တောင် အစွမ်းထက်နေပြီလေ  ..."

ချီဟွာက ရယ်ရယ်မောမောနဲ့ လီဖူချန်းကို ပြောလိုက်ပါတယ်။

သူ့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းဟာ ဇောင်ဝူကျိနီးပါးကို အစွမ်းထက်နေပါပြီ။

ဇောင်ဝူကျိကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ် လိုက်ပါတယ်။  သူကလည်း လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကို အာရုံခံမိနေတယ်လေ။

ထို့နောက်မှာတော့ သူတို့သုံးယောက်ဟာ ဒီရှေးဟောင်း အပျက်အစီး နယ်မြေနဲ့ ပတ်သက်ပြီး  သူတို့ရဲ့ အမြင်တွေကို တိုင်ပင်ဆွေးနွေး ကြပါတော့တယ်။

ပထမဆုံး သူ့ရဲ့အမြင်ကို  ပြောပြသူကတော့ ချီဟွာပါပဲ။

" တကယ်လို့သာ ဒီရှေးဟောင်းနယ်မြေ အပျက်အစီးက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြွင်းအကျန် အမွေအနှစ်တွေ ချန်ထားခဲ့တဲ့ နေရာဆိုရင် ဘယ်လိုလုပ်မလဲ ....။  ဒါက ငါတို့ မိုးပြာရောင်ဂိုဏ်း အတွက် ဒုက္ခဖြစ်မှာလား  ဒါမှမဟုတ် သုခ ဖြစ်မှာလား ..."

"ဒီနယ်မြေက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အပျက်အစီးနယ်မြေ ဖြစ်ခဲ့ရင်တောင်မှ  ငါတို့ မိုးပြာရောင် ဂိုဏ်းအတွက် ဘာမှ ကြီးကြီးမားမား အပြောင်းအလဲရှိမယ် မထင်ဘူး။  ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ မိုးပြာရောင်ဂိုဏ်းက တတိယ တန်းစား ဂိုဏ်းငယ်လေး တစ်ခုပဲ မဟုတ်ဘူးလား .."

ဇောင်ဝူကျိကလည်း သူ့ရဲ့ အမြင်ကို ပြောလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

"တကယ်လို့သာ သည်နယ်မြေက ဂိုဏ်းတစ်ဂိုဏ်းရဲ့ ရှေးဟောင်း အကြွင်းအကျန်တွေ ကျန်ရစ်ခဲ့တဲ့ နယ်မြေဆိုရင်တော့ ပြဿနာ ရှိလာပြီ။  ဂိုဏ်းပေါင်း တစ်ရာနဲ့ နတ်ဆိုး ၁၀ပါး နယ်မြေတို့က  စစ်ပွဲတွေကို ယာယီ ရပ်ထားမှာ ဖြစ်ပေမယ့် ဂိုဏ်းပေါင်း တစ်ရာဘက်မှာတော့ ဒီနယ်မြေကနေ ရလာတဲ့ ရတနာတွေ၊ ပညာရပ်တွေ အတွက်နဲ့ သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ။ အဲဒါဆိုရင် လူသားတွေနဲ့ မိစ္ဆာတွေကြားထဲမှာရှိတဲ့ မျှခြေက အတော်ဆိုးဆိုးဝါးဝါး ဖြစ်သွားတော့မှာ ..."

ချီဟွာက လီဖူချန်းပြောတာကို ထောက်ခံလိုက်ပါတယ်။

"ဖူချန်းပြောတာ မှန်တယ်။   ပညာရပ်တွေက  ငါတို့လို့ ပညာရှင်တွေ အတွက် အရေးအကြီးဆုံး လိုအပ်ချက်ပဲ။  မြေကမ္ဘာအဆင့် သိုင်းပညာရပ် တစ်ခုနဲ့တင် သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာဖို့ အတွက် လုံလောက်နေပြီ  ..."

" ဟူး ..."

ဇောင်ဝူကျိက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး

" အဖေရဲ့ အကြီးမားဆုံး ဆန္ဒက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်ဖို့ပဲ။  အဲဒါကြောင့် သူက ဒီအပျက်အစီး နယ်မြေထဲကို ဝင်ဖို့အတွက် လိုလိုလားလား စာရင်းပေးခဲ့တာ ...။  အင်း ... အဖေ ဘာမှ မဖြစ်ပါစေနဲ့ကွာ ..."

ချီဟွာက ဇောင်ဝူကျိရဲ့ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်ပါတယ်။

" အရမ်းလည်း စိတ်မပူပါနဲ့ ဝူကျိရာ ...…။  အကြီးအကဲဇောင်က ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

' အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျိက  မှော်ဆေးရည်တွေ ရလိုရငြားဆိုပြီး ဒီရှေးဟောင်း အပျက်အစီး နယ်မြေထဲကို ဝင်သွားတာကိုး ...'

လီဖူချန်းကတော့ သူ့ဘာသာသူ အတွေးနယ်ချဲ့ နေပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတော့ အရှေ့ယူနီကွန်း တိုက်ကြီးမှာ သန္ဓေတည် မှော်ဆေးရည်ကို ဖော်စပ်နိုင်တဲ့  ဆေးပညာရှင် တစ်ယောက် ရှိခဲ့ဖူးပါတယ်။

သန္ဓေတည် မှော်ဆေးရည် တစ်ပုလင်းဟာ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်ကို ပြန်လည် ဝင်စားခြင်းနယ်ပယ်သို့ တန်းရောက် သွားစေနိုင်တဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ် ဆိုရင်လည်း မမှားပါဘူး။   ဒါပေမဲ့လည်း ဘဝ တစ်လျှောက်လုံး ဆက်ပြီး အဆင့်မတက် နိုင်တော့တဲ့ ဘေးထွက် ဆိုးကျိုး ရှိပါတယ်။

ဒါပေမဲ့လည်း ဒီဆိုးကျိုးလောက်ကိုတော့ ကောင်းကင် နယ်ကယ် အထွတ်အထိပ် အဆင့်မှာ ရပ်တန့်နေတဲ့ သူတွေက ဂရုစိုက်နေမှာ မဟုတ်ပါဘူး။  ရယူလိုမှုတိုင်းမှာတော့ ပြန်လည် ပေးဆပ်မှုတွေ ရှိနေတာပင် မဟုတ်ပါလား။

သည်သန္ဓေတည် မှော်ဆေးရည်ထက် အစွမ်းထက်တဲ့ ဆေးတစ်မျိုးတော့ ရှိပါသေးတယ်။  အဲဒါကတော့ ဟိုး... ရှေးပဝေသဏီတုန်းက နာမည်ကျော်ကြားခဲ့တဲ့ ပြန်လည် မွေးဖွားခြင်း မှော်ဆေးရည်ပါပဲ။   အဲဒီဆေးရည်ကတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေကို ဘေးထွက် ဆိုးကျိုး မရှိသလောက် နီးပါးနဲ့  ပြန်လည် ဝင်စားခြင်း နယ်ပယ်ထဲသို့ ချိုးဖောက် ဝင်ရောက် စေနိုင်ပါတယ်။  အဲဆေးရည်ကို သောက်သုံးပြီး အဆင့်တက် သွားသူတွေ ကတော့  နောက်ထပ် အဆင့်တက်ဖို့ အခွင့်အရေးတွေ ရနေဦးမှာပါ။

အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းကတော့ လူ့သက်တမ်းရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပြီ ဖြစ်သလို သူ့ရဲ့ ပင်ကို ပါရမီတွေကလည်း ကုန်ဆုံး သွားခဲ့ပါပြီ။ သူ့အနေနဲ့ မြေကမ္ဘာအဆင့် ပညာရပ်တစ်ခု ရလိုက်ရင်တောင်မှ ပြန်လည် ဝင်စားခြင်း နယ်ပယ်ထဲကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက် မရှိပါဘူး။  သူ့အတွက်ကတော့ မှော်ဆေးရည်တွေက တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။

***

- မြေအောက် အတွင်းပိုင်း တစ်နေရာ -

ဇောင်ဝူကျင်းတို့ အဖွဲ့ကတော့ တွင်းကြီးရဲ့ အောက်ခြေကို ခြေချလိုက်မိပါပြီ။

ပိန်းတိတ်အောင် မှောင်မည်းနေတဲ့ တွင်းကြီးရဲ့ အောက်ခြေမှာတော့ ရှေးခေတ် အဆောက်အဦကြီးတွေ ရှိနေပါတယ်။  အဲဒီ အဆောက်အဦကြီးတွေရဲ့ အရှေ့မှာတော့ ရွှေရောင် စာလုံးတွေ ရေးထိုးထားတဲ့  မော်ကွန်း ကျောက်တိုင် တစ်ခု ရှိနေပါသေးတယ်။

မဟူရာ ကောင်းကင်ဂိုဏ်း ... ...

ဟုတ်ပါတယ်။  ဒီမော်ကွန်း ကျောက်တိုက်ကြီးရဲ့ အပေါ်မှာ ရေးထားတဲ့ ရွှေစာလုံးတွေ ကတော့  မဟူရာ ကောင်းကင်ဂိုဏ်း ဆိုတာပါပဲ။  ဒီရွှေစာလုံး စုတ်ချက်တွေက မာန်ပါလွန်း လှပါတယ်။

" မဟူရာ ကောင်းကင်ဂိုဏ်း ...။  ဒါ ...ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်တုန်းက အရမ်း နာမည်ကြီးခဲ့တဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူးလား ..."

ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်က တုန်တုန်ယင်ယင်ယင်ဖြင့် ရေရွတ် လိုက်ပါပြီ။

မဟူရာ ကောင်းကင်ဂိုဏ်းဟာ  ရာနဲ့ချီတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင်တွေကို ပိုင်ဆိုင်ထားတဲ့  ဂိုဏ်းတစ်ဂိုဏ်းပါပဲ။  ပြီးတော့ သူတို့ဆီမှာ တိုက်ပွဲ ဝိညာဉ်နယ်ပယ် အထက်မှာရှိတဲ့ ပညာရှင်သုံးဦး ရှိပါသေးတယ်။  အဲဒီ အကြောင်းတွေကိုတော့ ရှေးဟောင်း မှတ်တမ်းတွေမှာ သေသေချာချာကို မှတ်တမ်း တင်ထားတာပါ။

တကယ်လို့သာ သည်နေရာက မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ကျန်ရစ်ခဲ့တဲ့ အစစ်အမှန် နယ်မြေဆိုရင်တော့  ဒီအပျက်အစီး နယ်မြေရဲ့ တန်ဖိုးက မြှင့်သထက် မြင့်လာတော့မှာ သေချာနေပါပြီ။

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး သိုင်းကျမ်းက မြေကမ္ဘာ အဆင့်မြင့် ကျမ်းဖြစ်တဲ့  မဟူရာ ကောင်းကင်ရတနာ ကျမ်းစာအုပ် ဆိုတာကိုလည်း လူတိုင်းနီးပါး သိထားပြီးသားပါပဲ။

တကယ်လို့သာ လူတစ်ယောက်က ဒီသိုင်းကျမ်းကို ရသွားခဲ့မယ် ဆိုရင်တော့ဖြင့်  သူ့အနေနဲ့ လူသူကင်းဝေးတဲ့ နေရာတစ်ခုရှာပြီး   အဲဒီ သိုင်းကျမ်းကို ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ပဲ လိုပါတယ်။  အဲဒီသိုင်းပညာကို အောင်မြင် သွားပြီဆိုတာနဲ့ အဲဒီလူဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ပြိုင်ဘက်ကင်း ပညာရှင် ဖြစ်ပါပြီ။  ဂိုဏ်းပေါင်းတစ်ရာနဲ့ နတ်ဆိုး၁၀ပါး နယ်မြေကိုဆိုရင် စကားထဲတောင် ထည့်ပြောနေစရာ မလိုတော့ပါဘူး။

" မဟူရာ ကောင်းကင်ဂိုဏ်းလား ..."

ဇောင်ဝူကျင်းရဲ့ မျက်လုံးတွေကတော့ အရောင် တောက်သွားခဲ့ပါပြီ။

ဇောင်ဝူကျင်းက အရမ်းကြီး လိုချင်လောဘ ရှိတဲ့သူ မဟုတ်ပါဘူး။  သူက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်မယ့် မှော်ဆေးရည်ကိုသာ အလိုရှိတာပါ။

တကယ်လို့သာ ဒီနယ်မြေက မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ကျန်ရစ်ခဲ့တဲ့ အစစ်အမှန် နယ်မြေ ဆိုရင်တော့ဖြင့်  သေချာပေါက်ကို မှော်ဆေးရည် အများအပြား ကျန်နေ ဦးမှာပါပဲ။

ထို့နောက်မှာတော့ သူတို့တွေဟာ မော်ကွန်း ကျောက်တိုင်ကြီးကို ကျော်ဖြတ်ပြီး စူးစမ်း လေ့လာမှုတွေ စတင် ပြုလုပ်ပါတော့တယ်။

ရွှီး ...ရွှီး ... ရွှီး ...ရွှီး ...

ရုတ်တရက် ဆိုသလို ဝင်္ကပါကြီး တစ်ခုဟာ လူတွေအားလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။  တစ်ချိန်တည်း လိုလိုမှာပဲ မိစ္ဆာသားရဲ အရိပ်တွေ ဖြစ်တည် လာခဲ့ပါသေးတယ်။

ဒီသားရဲတွေက  မိစ္ဆာသားရဲ အစစ်တွေတော့ မဟုတ်ပါဘူး။  ဒါတွေက ဝင်္ကပါကနေ ဖြစ်တည်လာတဲ့ စွမ်းအင် သားရဲတွေပါ။ ဒီစွမ်းအင်သားရဲတွေက အဆင့်၄နဲ့ အဆင့်၅ စွမ်းအင် သားရဲတွေ ဖြစ်ပါတယ်။

" ဒါက အဆင့်၅ ဝင်္ကပါ အစီအရင်ကွ။  အမြန်ဆုတ်ကြဟေ့ ..."

လူတွေအားလုံးက ဝင်္ကပါထဲကနေ အလျင်အမြန် ဆုတ်လိုက် ကြပါတယ်။

အဆင့်၅ ဝင်္ကပါ အစီအရင်တွေဟာ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ပျောက်ကွယ် သွားခဲ့တာ အလွန်ကြာနေပါပြီ။  ယခုလက်ရှိ ဂိုဏ်းတွေကို အကာအကွယ် ပေးထားတဲ့ ဝင်္ကပါ အစီအရင်တွေဟာ  အဆင့်၄ ဝင်္ကပါတွေနဲ့ အဆင့်၅တစ်ပိုင်း ဝင်္ကပါတွေပါပဲ။

ဝေါင်း ...ဝေါင်း ... ဂရား ...

အား ...အိုး ... အမယ်လေး ...

လူတိုင်းကတော့ ဝင်္ကပါထဲကနေ ဆုတ်ခွာနိုင်ခြင်း မရှိခဲ့ပါဘူး။  စွမ်းအင် သားရဲတွေရဲ့ လက်ချက်ကြောင့် ကောင်းကင်နယ်ပယ် ပညာရှင် အတော်များများနဲ့  အဆင့်၄ မိစ္ဆာသားရဲ တော်တော်များများဟာ သေဆုံးကုန်ကြပါပြီ။

" ပျောက်ကွယ်စမ်း "

ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ၊ အဆင့်၅ မိစ္ဆာသားရဲတွေနဲ့ အဆင့်၅ မိစ္ဆာတွေကတော့ တိုင်ပင်ထားတဲ့ အလားပါပဲ။  သူတို့ အားလုံးဟာ တစ်ပြိုင်နက်ထဲ စွမ်းအင် သားရဲတွေကို တိုက်ခိုက်လိုက်ကြပါတယ်။

ဒါပေမဲ့လည်း စွမ်းအင်သားရဲတွေက  ပျောက်ကွယ် သွားခြင်း မရှိပါဘူး။  ဒီစွမ်းအင် သားရဲတွေက ဝင်္ကပါက ထောက်ပံ့ထားတဲ့ စွမ်းအင်တွေကြောင့် ဖြစ်တည်လာတာ မဟုတ်ပါလား။

ဝင်္ကပါကို ဖျက်ဆီးနိုင်ခြင်း မရှိဘဲနဲ့တော့ သူတို့ကို သတ်ပစ်နိုင်မှာ မဟုတ်ပါဘူး။

" အလုပ်မဖြစ်ဘူးဟေ့ ...။  ငါတို့က ဝင်္ကပါ အစီအရင်ကို အရင် ဖျက်ပစ်နိုင်မှ ရမယ်။   အခု လောလောဆယ်တော့  အပေါ်ကိုပဲ အစီအရင် ခံကြရအောင် ..."

အထက်ကောင်းကင်ဘုံ ဓားဂိုဏ်းက  ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်က  အဆိုပြုလိုက်ပါတယ်။

သူက ဒီဝင်္ကပါဟာ  သူတို့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကိုတောင် စုပ်ယူနေတယ်လို့ ခံစား နေရပါတယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ သူတို့သာ ချီအတွင်းအား ကုန်ခန်းပြီး သေရင် သေသွားပါမယ်။  ဒီစွမ်းအင်သားရဲတွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ပြီးတော့ သူတို့အုပ်စုထဲမှာ ဝင်္ကပါ အစီအရင်တွေကို ကျွမ်းကျင်သူတွေလည်း မပါခဲ့ပါဘူး။

******

နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ သည်သတင်းဟာ မြေပြင်ပေါ်မှာ ရှိနေတဲ့ လူတွေ၊ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေ ကြားမှာ ပျံ့နှံ့သွားခဲ့ပါပြီ။

"ဘာ ... မဟူရာကောင်းကင်ဂိုဏ်းရဲ့  အကြွင်းအကျန် နယ်မြေ ဟုတ်လား ..."

ဒီသတင်းကို ကြားလိုက်ရတဲ့ သူတိုင်းရဲ့ မျက်လုံးထဲမှာတော့ လိုချင် တပ်မက်မှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

လူတိုင်းကတော့ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်ချင်ကျတာပါပဲ။

ထို့နောက်မှာတော့ ဂိုဏ်းအသီးသီးက ပညာရှင်တွေဟာ တွင်းအောက်ထဲကို ဆင်းဖို့အတွက် တိုင်ပင် ဆွေးနွေး ကြပါတော့တယ်။

သူတို့ အားလုံးကတော့ ဒီတွင်း အောက်ခြေထဲကို ဆင်းဖို့ မဖြစ်နိုင်ပါဘူး။  တကယ်လို့သာ မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ကံဆိုးပြီး  အကုန်လုံး သေသွားရင်တော့ ဇာတ်လမ်းက လှပါပြီ။  သူတို့တွေဟာ လူသား နယ်မြေတွေကို အုပ်စိုးချင်နေတဲ့   မိစ္ဆာတွေရဲ့ အရေးကိုလည်း ထည့်စဉ်းစား ရပါဦးမယ်။

တကယ်လို့ လူနည်းနည်းပဲ လွှတ်လိုက် ပြန်ရင်လည်း  ရတနာတွေနဲ့ လွဲချော်သွားမယ့် အခြေအနေက ရှိပါသေးတယ်။

ဂိုဏ်းပေါင်း တစ်ရာရဲ့ အကြီးအကဲတွေကတော့ သည်ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး ခေါင်းခဲနေကြပါပြီ။

မိုးပြာရောင် ဂိုဏ်းကတော့ ကောင်းကင်နယ်ပယ် ပညာရှင် အယောက်၂၀နဲ့   ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ၂ယောက်ကို ထပ်လွှတ်လိုက်ဖို့  ဆုံးဖြတ် လိုက်ပါတယ်။  ပထမ ဆင်းသွားတဲ့ ပညာရှင်တွေကိုပါ ထည့်ပေါင်း လိုက်ရင်တော့ မိုးပြာရောင်ဂိုဏ်းဟာ စုစုပေါင်း ပညာရှင် ၃၃ယောက်ကို စေလွှတ်လိုက်တာပါ။

လီဖူချန်းကတော့ ဒီတွင်း အောက်ခြေထဲကို ဆင်းဖို့အတွက် စိတ်မဝင်စားပါဘူး။

သူက အသက်၂၀ကျော်သာ ရှိပါသေးတယ်။  သူ့အနေနဲ့ အစွမ်းထက် လာဖို့အတွက် အခြားသော အခွင့်အရေးတွေ အများကြီး ရှိနေဆဲပါပဲ။   အဲဒီအတွက် သူဟာ မလိုအပ်တဲ့ စွန့်စားမှုတွေကို မလုပ်ချင်ပါဘူး။  သူက အပိုင်သေချာတဲ့ အလုပ်တွေကိုသာ လုပ်ချင်တာပါ။

ပြီးတော့ လီဖူချန်းဆီမှာ  သည်တွင်းထဲကို စွန့်စားပြီး မဆင်းချင်တဲ့ အခြား အကြောင်းအရင်း တစ်ခုလည်း ရှိပါသေးတယ်။  အဲဒါကတော့ သူ့ရဲ့ လက်ရှိ စွမ်းရည်ဟာ အရမ်း နိမ့်နေသေးလို့ပါပဲ။

သူက သေရမှာကို မကြောက်ပါဘူး။  ဒါပေမဲ့လည်း ဘာမှ အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေ လုပ်ပြီး သေရမှာကိုတော့ ကြောက်ပါတယ်။

***

All Chapters