← Chapters

စတုတ္တ အခန်းကို ကျင့်ကြံခြင်း

Vol. 26 Ch. 344

စတုတ္တ အခန်းကို ကျင့်ကြံခြင်း

Vol. 26 Ch. 344

( note- မူရင်းပြန်နေကျ site က  english translate ကို  မီသွားပြီ ဖြစ်တဲ့ အတွက်  အခြား site တစ်ခုကနေပြီး ရသလောက် ဘာသာပြန်ထားပေးပါတယ်။  အရှေ့အနောက် မညီရင် သည်းခံပေးကြပါဦး။ )

တွင်းနက်ကြီးရဲ့ အောက်ခြေက မြေကွက်လပ်ကတော့  အလွန်းအမင်းကို ကျယ်ဝန်း လှပါတယ်။  လူပေါင်း တစ်ထောင်နီးပါး တွင်းထဲကို ဆင်းလာတာ တောင်မှ သူတို့တွေဟာ ပုရွက်ဆိတ်လေးတွေ အလားပါပဲ။

ဂိုဏ်းတွေထဲမှာဆိုရင်  ဆန်းကြယ် ကိရိယာဂိုဏ်းဟာ လက်နက်တွေကို သွန်းလုပ်ရာမှာတင် မကပါဘူး။  ဝင်္ကပါ အစီအရင် ဘက်မှာလည်း ကျွမ်းကျင်ပါသေးတယ်။

ယခုတစ်ခေါက် တွင်းအောက်ခြေကို ဆင်းလာတဲ့ ပညာရှင်တွေ ထဲမှာတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက် ပါလာခဲ့ပါပြီ။  အဲဒီ အကြီးအကဲက သုံးရက်တိတိ ကြိုးစားပြီးနာက်မှာတော့ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကို ကာကွယ်ထားတဲ့ ဝင်္ကပါ အစီအရင်ဟာ ပျက်သွား ပါတော့တယ်။  ထို့နောက်မှာတော့ လူတွေ အားလုံးဟာ အကြွင်းအကျန် နယ်မြေထဲကို ဝင်ရောက် သွားကြပါပြီ။

" ဟားဟားဟား ... ငါတို့တော့ ပွပြီဟေ့  ...။  ဒီတိုင်လုံးကြီး တစ်ခုလုံးကို ဆန်းကြယ် အဆင့်မြင့် သတ္တုဖြစ်တဲ့  ကြယ်စိမ်းသတ္တုနဲ့ လုပ်ထားတာပဲ။  ဒါနဲ့ဆိုရင် ဆန်းကြယ် အဆင့်မြင့် လက်နက် အများကြီး သွန်းလုပ်လို့ ရတယ်ကွ ..."

"  ဒါတွေက တကယ်ကို မဟာ အသက်ကယ် ဆေးပင်တွေပဲ။  အိုး ... ဒီဆေးပင်က မြေကမ္ဘာအဆင့် ဆေးပင်ပါလား ..."

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေက ရတနာတွေဟာ လူတွေ ထင်ထားတာထက် တောင်မှ ပိုများပါသေးတယ်။ နောက်ထပ် နေ့တွေမှာလည်း ဂိုဏ်းအားလုံးနီးပါး ရတနာပစ္စည်းတွေ ရနေတုန်းပါပဲ။

ဒါပေမဲ့လည်း သိုင်းပညာရပ်ကျမ်းတွေနဲ့ မှော်ဆေးရည်တွေကိုတော့ ဘယ်သူမှ မရသေးပါဘူး။

ယုတ္ထိဗေဒကျကျ စဉ်းစားမယ် ဆိုရင်တော့ ဒါက လက်သင့်ခံစရာပါပဲ။  သိုင်းပညာရပ် ကျမ်းတွေနဲ့ မှော်ဆေးရည်တွေက လူတစ်ယောက်ရဲ့ ဘဝ ကံကြမ္မာကိုတောင် ပြောင်းလဲ ပေးနိုင်တာပါ။  အဲဒီလို ပစ္စည်းတွေကိုတော့  လွယ်လွယ်နဲ့ ရယူနိုင်စရာ အကြောင်းမရှိပါဘူး။

အကြွင်းအကျန်နယ်မြေရဲ့ အတွင်းထဲကို တဖြည်းဖြည်း ရောက်လာတဲ့ အခါမှာတော့ သေဆုံးခြင်းတွေ စတင်ဖြစ်ပေါ် လာခဲ့ပါတယ်။  ကံမကောင်းတဲ့ ဂိုဏ်းအချို့ကတော့ ထောင်ချောက် တွေကို နင်းမိပြီး တစ်အုပ်စုလုံး မျိုးပြုတ်လု မတတ် ဖြစ်သွားခဲ့ပါပြီ။  နောက်ထပ် ဂိုဏ်းတစ်ခု ကတော့ ကံအဆိုးဆုံးလို့  သတ်မှတ်ရမှာပါပဲ။  အဲဒီဂိုဏ်းကတော့ သတ်ဖြတ်ခြင်း ဝင်္ကပါ အစီအရင် တစ်ခုကို အသက်သွင်းလိုက်မိတဲ့ အတွက် တစ်အုပ်စုလုံး အစအနတောင် ရှာမရဘဲ အသတ်ခံလိုက် ရပါတယ်။  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ ဝင်္ကပါထဲကနေ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပါဘူး။

******

မြေပြင်ပေါ်မှာ ရှိနေတဲ့ လီဖူချန်းကတော့ အေးအေး ဆေးဆေးပါပဲ။  သူက မိုးပြာရောင်ဂိုဏ်း စတည်းချရာမှာ နေထိုင်ပြီး သူ့ရဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကိုသာ လေ့ကျင့် နေပါတယ်။  အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေရဲ့ အကူအညီနဲ့ ဆိုတော့ လီဖူချန်းအတွက် ဒီပညာရပ်ရဲ့ စတုတ္တအခန်းကို လေ့ကျင့် အောင်မြင်ဖို့က မခက်ခဲတော့ပါဘူး။ သူ့အနေနဲ့ လုံလောက်တဲ့ အချိန်တစ်ခုသာ လိုအပ်ပါတယ်။

***

ဒီလိုနဲ့ပဲ   အချိန်တစ်လ ကြာသွားခဲ့ပါပြီ။

ဟူး ...

တစ်နေ့မှာတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ဟာ တွင်းနက်ကြီး ထဲကနေ ပျံတက်လာခဲ့ပါတယ်။  သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ အပြည့်ပါပဲ။

" အကြီးအကဲဟူ ... ဘယ်လိုဖြစ်တာလဲ။  ကျန်တဲ့ လူတွေကော "

" သေ ...သေကုန်ပြီ။  ငါက တစ်ဦးတည်းသော အသက်ရှင်ကျန်သူပဲ  ..."

" ဘာ ...။  အားလုံး သေကုန်တာလား ...…။  အကြီးအကဲယုနဲ့ အကြီးအကဲဖူပါ သေသွား တာလား ..."

တွင်းထဲကနေ ပျံတက်လာတဲ့ သူကို ဖေးမလိုက်တဲ့သူရဲ့ မျက်နှာကတော့ မည်းမှောင် သွားခဲ့ပါပြီ။  သူတို့ဂိုဏ်းဟာ စုစုပေါင်းမှ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် ၆ယောက်သာ ရှိတာပါ။ အခုတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်၂ယောက်ဟာ သေဆုံးသွားခဲ့ပါပြီ။  အဲဒါက သူတို့ ဂိုဏ်းအတွက်တော့  အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပင် မဟုတ်ပါလား။

နောက်ထပ် နေ့တွေမှာလည်း တွင်းနက်ကြီးထဲကနေပြီး လူတွေ ခုန်တက် လာနေဆဲပါပဲ။  ဒါပေမဲ့ အဲဒီလူတွေ အကုန်နီးပါးဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ဖြစ်နေပါတယ်။ တွင်းနက်ကြီးထဲကနေ ပြန်ထွက်လာနိုင်တဲ့  ကောင်းကင်နယ်ပယ် ပညာရှင် တွေကတော့ မရှိသလောက်ပါပဲ။

"ကြည့်ရတာတော့ ငါက ဒီဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို အထင်သေးမိပြီနဲ့ တူတယ်။  အဆင့်၄ မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်ပေါင်း တစ်ထောင်ကို သောက်ခဲ့တာ တောင်မှ ဒီစတုတ္ထအခန်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ မရောက်နိုင်သေးဘူး။ သွေးအဆီအနှစ်တွေ ကလည်း ၅၀ရာခိုင်နှုန်းပဲ အစွမ်းပြတယ်။  ဒါက တကယ့်ပြသနာပဲ  ..."

လီဖူချန်းဟာ ရွက်ဖျင်တဲ တစ်ခုထဲမှာ ထိုင်နေပြီး သူ့ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုကို လေ့လာ ဆန်းစစ် နေပါတယ်။

သူက ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ မလေ့ကျင့်နိုင်သေး ပေမယ့်လည်း  သူ့ရဲ့ ခန္ဓာကိုယ်က အတော်လေး မာကျော ကြံ့ခိုင်နေပါပြီ။  သူ့ရဲ့ ခန္ဓာကိုယ်က ကောင်းကင်နယ်ပယ် အဆင့်၆ ပညာရှင် တစ်ယောက်ရဲ့ အားကုန်သုံး တိုက်ခိုက် မှုကိုတောင် မှုစရာ မလိုတော့ပါဘူး။

ဒါက သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်သာ ရှိပါသေးတယ်။  သူ့ရဲ့ ချီအကာအကွယ်နဲ့ အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီကိုပါ ထုတ်သုံး လိုက်ရင်တော့ အဆင့်၄ မိစ္ဆာတွေတောင်မှ လီဖူချန်းကို ဒဏ်ရာရအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။  တိတိကျကျ ပြောရမယ် ဆိုရင်တော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်အောက်က ဘယ်ပညာရှင်ကမှ လီဖူချန်းကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။

ပြီးတော့ လီဖူချန်းရဲ့ ဝှက်ဖဲတွေကလည်း ရှိပါသေးတယ်။  အဲဒီဝှက်ဖဲတွေကို ထုတ်သုံး လိုက်ရင်  လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ အဆမတန် တိုးမြှင့်လာဦးမှာပါ။

" မသိတော့ဘူးကွာ ...။  ဖြစ်ချင်ရာ့ဖစ်ပဲ …။  အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်ကို သုံးလိုက်တော့မယ် ..."

လီဖူချန်းရဲ့ လက်တစ်ဖက် အလှုပ်မှာတော့ ပုလင်းငယ်လေး တစ်လုံး ပေါ်လာခဲ့ပါပြီ။

ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်ပုလင်းဟာ ပုလင်းခွံကြီး တစ်ခုလိုပါပဲ။  ဒါပေမဲ့ သေသေချာချာ ဂရုတစိုက် ကြည့်လိုက်မယ် ဆိုရင်တော့ဖြင့် ပုလင်း အောက်ခြေမှာ ကပ်နေတဲ့  ဝါညစ်ညစ် အရည်စက်လေး တစ်စက်ကို တွေ့မြင်ရမှာပါ။

ဒါက လီဖူချန်းတစ်ယောက် စစ်မြေပြင်မှာ သက်စွန့်ဆံဖျား ကြိုးစားပြီး ရယူခဲ့တဲ့ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ဖြစ်ပါတယ်။

အဆင့်၅ မိစ္ဆာသားရဲတွေဟာ အစွမ်းထက်တာတော့ အမှန်ပါပဲ။  ဒါပေမဲ့လည်း သူတို့တွေဟာ ထိခိုက်ဒဏ်ရာ မရနိုင်တာတော့ မဟုတ်ပါဘူး။  လီဖူချန်းက စစ်မြေပြင်ပေါ်မှာ ကျနေတဲ့ အဆင့်၅ မိစ္ဆာသားရဲတစ်ကောင်းရဲ့ သွေးတွေကနေ ဒီသွေးအဆီနှစ်ကို ရခဲ့တာပါ။

ဝါညစ်ညစ် မိစ္ဆာသားရဲ သွေးအဆီအနှစ်ကို သောက်သုံးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို  ပြန်လေ့ကျင့် ပါတော့တယ်။

ရွှီး ... ရွှီး ...

အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်ရဲ့ အစွမ်းကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အပူစီးကြောင်းကြီး တစ်ခုအဖြစ်  လှည့်ပတ် သွားလာနေခဲ့ပါပြီ။

" ဟဟ ... ဒါက အလုပ်ဖြစ်တယ်ဟ ..."

လီဖူချန်းက ဝမ်းသာ သွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ သူဟာ ဒီသွေးအဆီအနှစ်နဲ့ ပတ်သက်ပြီး အတော်လေး စိုးရိမ် နေခဲ့တာပါ။  ဘာဖြစ်လို့လည်းဆိုတော့ သည်သွေးအဆီအနှစ်က သန့်စင်နေခြင်း မရှိလို့ပါပဲ။  သူက ဒီသွေးအဆီအနှစ်ကို မြေပြင်ပေါ်မှာ ရှိနေတဲ့ အဆင့်၅မိစ္ဆာရဲ့  သွေးအိုင်ထဲကနေ ရယူလာခဲ့တာ မဟုတ်ပါလား။

" ဆက်ပြီး လေ့ကျင့်မှ "

လီဖူချန်းက နောက်ထပ် ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်ပြန်ပါတယ်။  ဒီပုလင်းထဲမှာ ရှိနေတဲ့ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်ကတော့ ညိုညစ်ညစ်အရောင် ရှိပြီး ညှီစို့စို့ အနံ့ပါ ထွက်နေပါတယ်။

ဒါပေမဲ့လည်း ဒီသွေးအဆီအနှစ်ကို အထင်သေးလို့တော့ မရပါဘူး။  ဒါက အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲ သွေးအဆီအနှစ်ပါ။

ညိုညစ်ညစ် သွေးအဆီအနှစ်ကို သောက်သုံးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ မီးပုံကြီး တစ်ခုထဲကို ရောက်နေတဲ့အလား ခံစားလိုက်ရပါတယ်။  သူ့ရဲ့ သွေးကြောတွေကလည်း လောင်ကျွမ်း သွားတော့မလိုပါပဲ။

***

အချိန်တွေ ပိုကြာလာတာနဲ့ အမျှ  တွင်းနက်ကြီးထဲကို ဆင်းသွားတဲ့ လူတွေဟာ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်ကို ပြန်ရောက် လာကြပါပြီ။

ဒါပေမဲ့လည်း အခုထွက်လာတဲ့ သူတွေက ဒုတိယတန်းစားနဲ့ တတိယတန်းစား  ဂိုဏ်းတွေက ပညာရှင်တွေပဲ ရှိပါသေးတယ်။  ကြည့်ရတာတော့ ပထမတန်းစား ဂိုဏ်းနဲ့ ထိပ်တန်းဂိုဏ်းတွေက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကတော့  မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ ထောင်ချောက်တွေ၊ ဝင်္ကပါ အစီအရင်တွေကို ကျော်ဖြတ်သွားနိုင်ပုံပါပဲ။

" အကြီးအကဲ အိုးရန် ...။  အကြီးအကဲ ဇောင် ...…"

တွင်းနက်ကြီးထဲကို ဆင်းသွားတဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ ပညာရှင်တွေကလည်း မြေပြင်ပေါ်ကို ပြန်ရောက် လာကြပါပြီ။ ဒါပေမဲ့လည်း သုံးယောက် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပါတယ်။

" လက်ဝဲရံကော ..."

အတွင်းစည်း အကြီးအကဲ တစ်ယောက်က  သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်ပါတယ်။

ဇောင်ဝူကျင်းက ဝမ်းနည်းနေသော လေသံဖြင့် ပြန်ဖြေလိုက်ပါတယ်။

" လက်ဝဲရံက ငါတို့လွတ်ဖို့အတွက် သူ့ကိုယ်သူ စတေး သွားခဲ့ပြီ ..."

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲက အဖြစ်အပျက် တွေကတော့ တကယ့်ကို ရူးချင်စရာပါပဲ။ ခြေလှမ်းတစ်လှမ်း မှားလိုက်တာနဲ့ မရဏပြည်ကို တန်းရောက် သွားမှာပါ။  ဇောင်ဝူကျင်းတောင်မှ အထွဋ်ခေါင်ချုပ် အကြီးအကဲ အိုးရန်ထိုင်ရဲ့ အကာအကွယ် ပေးမှုကြောင့်သာ အခုလို အသက်ရှင် ကျန်နေတာ  ဖြစ်ပါတယ်။  လက်ဝဲရံ ဂိုဏ်းထိန်းကြီးကတော့ မိုးပြာရောင် ဂိုဏ်းသားတွေ ဝင်္ကပါတစ်ခုကနေ လွတ်မြောက်ဖို့ အတွက် အသက် စွန့်သွားခဲ့ပါတယ်။ ကောင်းကင်နယ်ပယ် ပညာရှင်တွေကတော့ သေတဲ့သူသေ၊ အုပ်စုကွဲတဲ့သူကွဲ ဖြစ်သွားခဲ့ပါပြီ။  အုပ်စုကွဲသွားတဲ့  ကောင်းကင်နယ်ပယ် ပညာရှင်တွေ အဖို့ကတော့ အသက်ရှင်ဖို့ရာ အခွင့်အရေး သိပ်မရှိလှပါဘူး။

ဖြစ်ကြောင်း ကုန်စင်ကို သိပြီးတဲ့ နောက်မှာတော့ မိုးပြာရောင်ဂိုဏ်းသားတွေဟာ မျက်နှာပျက်ကုန် ကြပါပြီ။

သူတို့ မျက်နှာပျက်မယ် ဆိုရင်လည်း ပျက်ချင်စရာပါပဲ။ စစ်ပွဲအစမှာတင် အကြီးအကဲလျှံ တစ်ယောက်  သေဆုံး သွားခဲ့သေးတယ်လေ။  အခုဆိုရင် မိုးပြာရောင် ဂိုဏ်းဟာ သူတို့အားထားရတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် နှစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။  ကောင်းကင် နတ်ဆိုး ဂိုဏ်းကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်မှ မဆုံးရှုံးသေးပါဘူး။  ဂိုဏ်းနှစ်ဂိုဏ်း ကြားမှာရှိတဲ့ မျှခြေကတော့ အသိသာကြီး ကွာဟသွားခဲ့ပါပြီ။

လီဖူချန်းကတော့ ဘာမှ ဝင်မမေးဘဲ  ကျိတ်ပြီးသာ သက်ပြင်း ချလိုက်မိပါတယ်။  သူတို့ဂိုဏ်းက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ဖိနှိပ်မှုကို ခံရတော့မှာ မဟုတ်ပါလား။

"ဟင် ... သူတို့ရဲ့ မျက်လုံးတွေ  ..."

လီဖူချန်းက မူမမှန်တာ တစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ။ တွင်းနက်ကြီး ထဲကနေ ပြန်တက်လာတဲ့ အကြီးအကဲ သုံးယောက်ရဲ့ မျက်လုံးတွေက ထူးခြားနေပါတယ်။  သူတို့ သုံးယောက်ဟာ စတေးခံသွားတဲ့ လက်ဝဲရံ ဂိုဏ်းထိန်းကြီး အတွက် ဝမ်းနည်းနေတယ် ဆိုတာကိုတော့ သံသယ ဝင်စရာ မရှိပါဘူး။

ဒါပေမဲ့ ... ဒီအကြီးအကဲ သုံးယောက်ရဲ့ မျက်လုံးထဲမှာ ဝမ်းသာမှု အရိပ်အယောင် အချို့ ရှိနေဆဲပါပဲ။

' ကြည့်ရတာတော့ အကြီးအကဲတွေက  ရတနာတွေ ရခဲ့တာလား ...'

လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။

အဲဒီအကြောင်းကို သတိပြုမိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းဟာ အနည်းငယ် နေသာထိုင်သာ ရှိသွားခဲ့ပါပြီ။  အကြီးအကဲ သုံးယောက်က မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ တန်ဖိုးကြီး ရတနာ တစ်ခုကို ရခဲ့လို့သာ အခုလို ပျော်ရွှင်မှုတွေကို ဖုံးမနိုင်ဖိမနိုင် ဖြစ်နေတာပဲ ဖြစ်ရပါမယ်။  အနည်းဆုံးတော့ သည်ရတနာက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အတွက် အလွန်အကျိုး ရှိစေတဲ့အရာ ဖြစ်မှာပါ။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူနေထိုင်ရာ ရွက်ဖျင်တဲဆီသို့ ပြန်သွားလိုက်ပြီး သူ့ရဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို ဆက်လက် လေ့ကျင့်ပါတော့တယ်။

နောက်ထပ်ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ အသစ် ဖြစ်ပေါ်လာတဲ့ စွမ်းအင်တစ်ခုနဲ့ ချိတ်ဆက် မိသွားခဲ့ပါပြီ။

ဒါက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းကို လေ့ကျင့် အောင်မြင် သွားတဲ့ အဓိပ္ပာယ်ပါပဲ။

"ဟူး ...။  နောက်ဆုံးမှာတော့  စတုတ္ထအခန်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ပြီပဲ  ..."

လီဖူချန်းက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။

သူက သူ့ရဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အခြေအနေကို ခံစားနေမိတယ်လေ။  သူ့ရဲ့ အရိုး၊ အသား၊ သွေးကြောတွေနဲ့ အရေပြားတွေကလည်း အရင်ကထက်ကို အဆပေါင်းများစွာ သန်မာလာခဲ့ပြီ မဟုတ်ပါလား။

ရွှပ် ...

လီဖူချန်းက သူ့ရဲ့ ဓားနက်ကြီးကို ဆွဲထုတ်ပြီး သူ့ရဲ့လက်ကို အားကုန် ခုတ်ချ လိုက်ပါတယ်။

ဒုံ ...

ဒါက လုံးဝ မပြတ်နိုင်တဲ့ သားရေလုံးကြီး တစ်ခုကို ခုတ်လိုက်ရသလိုပါပဲ။  သူရဲ့လက်ကို ခုတ်လိုက်တဲ့ ဓားနက်ကြီးက ပြန်ခုန်တက် လာပါတယ်။ သူ့ရဲ့ အရေပြား ပေါ်မှာတော့ ခြစ်ရာ လေးတောင် မရှိပါဘူး။

" အင်း ...။  ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်က ကောင်းကင်နယ်ပယ် အဆင့်၉ပညာရှင်ရဲ့ တိုက်ခိုက်မှုကိုတောင် မှုစရာ မလိုတော့ပါလား ..."

လီဖူချန်းက အားရပါးရ ပြုံးလိုက်မိပါပြီ။

အခုမှသာ  လီဖူချန်းက သူ့ကိုယ်သူ အနည်းငယ် လုံခြုံသွားသလို ခံစား နေရတယ်လေ။  သူက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်းတော့  မရှိသေးပါဘူး။  ဒါပေမဲ့လည်း  သူ့ရဲ့ ဝှက်ဖဲတွေကို အသုံးပြု လိုက်ရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်က သာမန် အဆင့်နိမ့် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိနေပြီ မဟုတ်ပါလား။

" ပြီးပြည့်စုံခြင်း အဆင့်အထက်မှာ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့် ရှိသေးတယ်။  ငါ့အနေနဲ့ အဲဒီအဆင့်ကို ရောက်ဖို့အတွက် ဘယ်လောက် အချိန်ပေးရဦးမှာလဲ ..."

စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကတော့ ပိုပြီး ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်မှာပါပဲ။

" ဟူး ... ငါ့အနေနဲ့ စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ ရောက်ဖို့ဆိုရင်  အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေ အများကြီး လိုဦးမှာပါလား ..."

လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါတယ်။  အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် တွေကို ရဖို့ဆိုတာ ပြောသလောက် မလွယ်ပါဘူး။  မြေပြင်ပေါ်မှာ ကျနေတဲ့ အဆင့်၅ မိစ္ဆာသားရဲတွေရဲ့ သွေးတွေမှာ ပါလာတဲ့ သွေးအဆီအနှစ်တွေ အများကြီးကို လိုက်လံ စုဆောင်းရမှာပါ။  ပြီးတော့ စစ်ပွဲကလည်း ယာယီ ရပ်ဆိုင်းထားပါပြီ။  စစ်ပွဲတွေ မရှိသရွေ့ကတော့ လီဖူချန်း အနေနဲ့  အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေ ရဖို့လမ်း မရှိပါဘူး။

" ထားလိုက်ပါတော့ကွာ ...။  ပြသနာကို ကြိုတွေးနေလို့လည်း ဘာမှ ထူးလာမှာမှ မဟုတ်တာ ...။  နောက်မှပဲ အခြေအနေကို လိုက်ပြီး  မီးစဉ်ကြည့်က ရမှာပဲ …"

လီဖူချန်းကတော့ ခေါင်းအရှုပ်ခံပြီး စဉ်းစား မနေတော့ပါဘူး။  သူက ဂိုဏ်းပေါင်း တစ်ရာနဲ့ ဆန့်ကျင်ဘက် အရပ်မှာ စတည်းချနေတဲ့ နတ်ဆိုး ၁၀ပါးနယ်မြေကို အကဲခတ်ဖို့ အတွက် ရွက်ဖျင် တဲထဲကနေ ထွက်သွားပါတော့တယ်။

နတ်ဆိုး၁၀ပါးနယ်မြေ ...…

သိတဲ့ အတိုင်းပါပဲ။  နတ်ဆိုး၁၀ပါး နယ်မြေမှာတော့ ခေါင်းဆောင် ၁၀ဦး ရှိပါတယ်။

သူတို့ထဲက တစ်ယောက်မှတော့ အခုချိန်အထိ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကို ဝင်ရောက်ခြင်း မရှိသေးပါဘူူး။

ယနေ့မှာတော့ တွင်းနက်ကြီးနားမှာ   နတ်ဆိုး၁၀ပါး နယ်မြေရဲ့ အစွမ်းထက် ပုဂ္ဂိုလ်သုံးဦး ရောက်နေခဲ့ပါပြီ။  သူတို့ကတော့ အခြေအနေကို စူးစမ်းရုံ သက်သက် ရောက်နေပုံပါပဲ။

" သွေးနတ်ဆိုးဘုရင်၊ မိစ္ဆာအင်းကွက်ကျားနဲ့  ရှီဟွာဘုရင်မ ပါလား ..."

လီဖူချန်းက သည်ပုဂ္ဂိုလ်သုံးဦးစလုံးရဲ့ အကြောင်းကို ကြားဖူးပါတယ်။

ဒီသုံးဦးထဲမှာတော့ သွေးနတ်ဆိုးဘုရင်နဲ့ မိစ္ဆာအင်းကွက် ကျားတို့က ပိုပြီး နာမည် ကြီးတယ်လို့ ပြောရမှာပါပဲ။

သွေးနတ်ဆိုး ဘုရင်ကတော့ အဆင့်၅ မိစ္ဆာဖြစ်ပြီး သူ့ရဲ့ ရက်စက်မှုကြောင့် နာမည်ကြီးပါတယ်။  သူ့ရဲ့ သွေးနတ်ဆိုး နယ်မြေထဲမှာ မိစ္ဆာတာအို အဖွဲ့အစည်း တော်တော် များများကို ခိုလှုံခွင့် ပေးထားတယ်လို့  ကောလာဟလ သတင်းတွေ ထွက်နေသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။

မိစ္ဆာအင်းကွက် ကျားကတော့ အဆင့်၅ အထွတ်အထိပ် အဆင့်မှာရှိတဲ့ သန္ဓေပြောင်း သားရဲ တစ်ကောင်ပါ။  သူက  သားရဲတွေနဲ့  မိစ္ဆာတွေရဲ့ အစွမ်း၂မျိုးလုံးကို အသုံးပြုနိုင်ပါတယ်။

ရှီဟွာ ဘုရင်မကတော့ ရှီဟွာနယ်မြေက ထွက်ခဲလှတဲ့ အတွက် နာမည်ကျော်ကြားခြင်း သိပ်မရှိပါဘူး။  ဒါပေမဲ့ သူမရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထား သူတွေကတော့ ရှီဟွာဘုရင်မကို အတော်လေး ကြောက်လန့် ကြပါတယ်။  သူမရဲ့ အစွမ်းကတော့ ရန်သူတွေကို ကျောက်ရုပ်အဖြစ် ပြောင်းစေနိုင်တာပါပဲ။  ရှီဟွာတောင် ဘုရင်မဟာလည်း သားရဲဘုရင်ဖြစ်တဲ့ ရှေးဟိုင်း ဆင်ကြီးရဲ့ မျိုးဆက်သွေးကို အမွေဆက်ခံ ထားတာပါ။  သူမရဲ့ မျိုးဆက်သွေးက တောင်တွေကို တုန်လှုပ်စေသူ မိစ္ဆာဆင်ကြီး ထက်ကို ပိုသန့်စင်ပါသေးတယ်။

ရှီဟွာဘုရင်မဟာ  နံပါတ်၈ ပဟေဠိ သိုင်းသမားနဲ့တောင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး   ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

***

All Chapters