နေစုစည်းခြင်းကျောက်ပြား
Vol. 22 Ch. 298
ကျင်းယန်မြို့တွင် ကျွမ်းကျင်သူမရှိပေ။ သူမက ဟွမ်ကျစ်ဟူကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝင်ရောက်စေချင်သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကိုယ်တိုင်သင်ကြားပေးလိမ့်မည်။ ထိုအရာကို သူမ စိတ်ကူးမထားရဲပေ။
ဟန်မူယဲ့က ဓားတာအို၏ အင်မော်တယ်ဖြစ်သည်။ သူ့ဓားနည်းစနစ်က သန်မာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူ့လိုလူမျိုး နောက်တစ်ယောက်ရှာရန် ခက်ခဲသည်။
ဟန်မူယဲ့က ကျင်းယန်မြို့တွင် ကြာမြင့်စွာမနေဘဲ နေမဝင်ခင် ထွက်လာခဲ့သည်။
ထိုအချိန်တွင် တစ်မြို့လုံး ပျော်ရွှင်မှုများနှင့်ပြည့်နေသည်။
“ဟွမ်လောင်လျှိုက ဒီမြင်ကွင်းကိုမြင်ရရင် တကယ်ပျော်သွားမှာပဲ”
ကျန်းမင်က ကျင်းယန်မြို့ကိုလှည့်ကြည့်ပြီး ညင်သာစွာပြောသည်။
ဟွမ်လောင်လျှိုက လုချန်းဖျင်နှင့်အတူ အနားယူပြီး ကျင်းယန်မြို့ကို စောင့်ရှောက်ချင်ခဲ့သည်။
ယခုအချိန်တွင် လုချင်းဖျင်က သမီးဖြစ်သူနှင့်အတူ ကျင်းယန်မြို့တွင် ရှိနေသည်။ သို့မေပဲ့ ဟွမ်လောင်လျှိုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ မိစ္ဆာအဖြစ်ပြောင်းသွားပြီးသောအခါတွင် အသိစိတ်ကို ပြန်လည်ရရှိရန် မသေချာတော့ပေ။
ဟန်မူယဲ့တို့က ဓားစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ညဉ့်နက်နေပြီဖြစ်သည်။
ဟန်မူယဲ့က ဓားစံအိမ်၏တတိယထပ်သို့ မသွားဘဲ မြေအောက်ထပ်သို့ သွားခဲ့သည်။
ဝင်္ကပါပြားကို အသက်သွင်းလိုက်သောအခါတွင် တာအိုဆရာတယန်က သူ့ဘေးသို့ရောက်လာသည်။ ထို့နောက် ဟန်မူယဲ့က အိတ်လေးကို ထုတ်ယူသည်။
အိတ်ထဲတွင် ကျောက်ပြားတစ်ခု ရှိသည်။
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် ကျောက်ပြားလေးပေါ်လာသည်။
ကျောက်ပြားပေါ်လာသောအခါတွင် ဝိညာဉ်အလင်းတောက်ပလာပြီး တက်ကြွသော နေမင်းစွမ်းအားများက ပြန့်ထွက်လာသည်။
“နေစုစည်းခြင်းကျောက်ပြားလား”
တာအိုဆရာတယန်က ဝိုင်းစက်နေသောကျောက်ပြားကို မြင်လိုက်ရသောအခါတွင် တီးတိုးပြောသည်။
“ဒါက နေမင်းရောင်ဝါနန်းတော်ရဲ့ ရတနာတစ်ပါးပဲ”
ဤပစ္စည်းက နေမင်းရောင်ဝါနန်းတော်နှင့် သက်ဆိုင်ကြောင်း ဟန်မူယဲ့သိထားသည်။
ထို့အပြင် တာအိုဆရာတယန် ပြောလိုက်သောအခါတွင် သူက တစ်ခုခုကို မှတ်မိခဲ့သည်။
နေမင်းရောင်ဝါနန်းတော်၏ခန်းဆောင်တွင် ထိုရွှေပြားမျိုး ကိုးပြားရှိသည်။
ထိုရွှေပြားက နေမင်းစွမ်းအားကိုစုစည်းပြီး ကိုယ်ပိုင်အဖြစ် ပြောင်းနိုင်သည်။
ထိုရွှေပြားကိုးပြား ပေါင်းစပ်လိုက်သောအခါတွင် နေမင်းစွမ်းအားကို ရနိုင်သည်။
‘ဒီလိုပစ္စည်းမျိုးပိုင်ထားတဲ့ တာအိုတန်ခိုးရှင်ဟယ်ယန်က ဖူယန်ဆေးလုံးကို လိုသေးတာလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး လက်မြှောက်သောအခါတွင် ဓားအလင်းတစ်ခုက ရွှေပြားနှင့်ထိတွေ့သွားသည်။
“ခလွမ် ....”
“အကြီးအကဲ၊ ထွက်လာခဲ့ပါ”
ဟန်မူယဲ့က ရွှေပြားပေါ်ရှိအလင်းစီးကြောင်းကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
ထိုကျောက်ပြားတွင် သခင်တစ်ယောက်ရှိနေသည်။
“ဟားဟား၊ မင်းက နေမင်းရောင်ဝါနန်းတော်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ထားတာပဲ”
ကျောက်ပြားထဲမှ အသံထွက်လာပြီး ပုံရိပ်တစ်ခုပေါ်လာသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်လုံးများကျဉ်းမြောင်းလိုက်သည်။
“နေမင်းရောင်ဝါနန်းတော်ရဲ့ အကြီးအကဲယု”
ထိုစကားကို ကြားလိုက်ရသောအခါတွင် မျက်နှာချင်းဆိုင်တွင်ရှိသော ပုံရိပ်က အံ့အားသင့်သွားသည်။
“မင်း .... မင်းက ဘယ်လိုလုပ်ပြီး ငါ့နာမည်ကို သိနေတာလဲ”
နေမင်းရောင်ဝါနန်းတော်၏ အကြီးအကဲယုက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်သည်။ နေမင်းရောင်ဝါနန်းတော် ပျက်စီးသွားသောအခါတွင် သူက အဆင့်နိမ့်တပည့်များကိုဦးဆောင်၍ မူလမီးတောက်ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သည်။
သူက ကိုယ်ပိုင်ဓမ္မရတနာကိုပင် ချန်ထားခဲ့သည်။
သူက ကျိုးယွင်လုံ၏ သခင်ဖြစ်သည်။
“ကျွန်တော်က ကျိုးယွင်လုံနဲ့ တွေ့ပြီးပြီ”
ဟန်မူယဲ့က ပုံရိပ်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
သူ့စကားကိုကြားလိုက်ရသောအခါတွင် အကြီးအကဲယုက ကြောင်အသွားပြီး စိုးရိမ်စိတ်များနှင့်အတူ မေးသည်။
“သူတို့က ဘယ်လိုနေလဲ”
‘ဘယ်လိုနေလဲ’
မူလမီးတောက်နန်းတော်က အဆင်မပြေပေ။
သို့သော်လည်း အမွေအနှစ်က ဆက်ရှိနေသေးသည်။
ဟန်မူယဲ့က မူလမီးတောက်ကမ္ဘာနှင့် မူလမီးတောက်နန်းတော်အကြောင်းကို ပြန်ပြောလိုက်သည်။
သူ့စကားကိုကြားလိုက်ရသောအခါတွင် ယုဟူ၏မျက်နှာထားက ရှုပ်ထွေးနေသည်။ သူက ခဏလောက်စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ပြုံးသည်။
“ဒါက အကောင်းကြီးမဟုတ်ပေမဲ့ ငါက ကျေနပ်ပါတယ်”
“အနည်းဆုံးတော့ နေမင်းရောင်ဝါနန်းတော်ရဲ့အမွေအနှစ်က ပျက်စီးမသွားသေးဘူး။ ငါက နေမင်းရောင်ဝါနန်းတော်ရဲ့ အကြီးအကဲတွေကို မျက်နှာပြနိုင်သေးတယ်”
ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ယုဟူက လက်သီးဆုပ်၍ ပြောသည်။
“ကျေးဇူးပါအင်မော်တယ်ဟန်”
ဟန်မူယဲ့ပြောမပြလျှင် သူက ထိုသတင်းများကို မသိနိုင်ပေ။
ဟန်မူယဲ့က ယုဟူကိုကြည့်လိုက်ပြီး ပြောသည်။
“အကြီးအကဲက ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ”
သူ့စကားကိုကြားလိုက်ရသောအခါတွင် ယုဟူက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။
သူက အပြင်းအထန် ဒဏ်ရာရခဲ့သည်။ လက်ရွေးစင်တပည့်များအတွက် စီစဉ်ပေးခဲ့ပြီး သူက နေမင်းရောင်ဝါနန်းတော်၏ အဆင့်နိမ့်တပည့်များကို ဦးဆောင်ခဲ့သည်။
လက်ရွေးစင်တပည့်များအားလုံးက မူလမီးတောက်ကမ္ဘာထဲသို့ ရောက်သွားပြီး ပါရမီနိမ့်သောတပည့်များက သူနှင့်အတူ ကျန်နေခဲ့သည်။ ပထမအချက်အနေဖြင့် သူက လူအားလုံးကို တစ်နေရာတည်းတွင် စုမထားနိုင်ပေ။ ဒုတိယအချက်အရ သူက ကျန်တပည့်များနှင့်အတူ နေမင်းရောင်ဝါနန်းတော်ကို ပြန်လည်တည်ထောင်နိုင်သည်။
သို့သော်လည်း သူက ဒဏ်ရာရထားသောကြောင့် အရင်ဆုံး သီးသန့်ကျင့်ကြံရမည်။
သူက ဆယ်စုနှစ်ချီအောင် ပြန်လည်ကုစားပြီးသောအခါတွင် နေမင်းရောင်ဝါနန်းတော်၏ သာမန်တပည့်များက အဖွဲ့အစည်းတစ်ခု တည်ထောင်ထားခဲ့သည်။
ထိုအဖွဲ့အစည်းက တာအိုတန်ခိုးရှင်ဟယ်ယန်နှင့် တခြားလူများဖြစ်သည်။
ရှန့်ယန်တာအိုဘုရားကျောင်းက အမွေအနှစ်ကို လက်ဆင့်ကမ်းပြီး ကျွမ်းကျင်သူများ ပိုမိုထွက်ပေါ်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် တိုးတက်မလာနိုင်လျှင်ပင် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာနိုင်သည်။
“ဒါပေမဲ့ ငါက ရတနာရှာဖို့အတွက် နေမင်းရောင်ဝါနန်းတော်ဟောင်းကို ပြန်သွားတဲ့အခါမှာ ဝိုင်းပြီး တိုက်ခိုက်ခံခဲ့ရတယ်။ ငါ့ခန္ဓာကိုယ်ကို လုယူသွားပြီး နေစုစည်းခြင်းကျောက်ပြားထဲမှာ ပုန်းနေတဲ့ ငါ့ဝိညာဉ်ပဲကျန်နေခဲ့တယ်။ အဲဒါကြောင့် လွတ်မြောက်လာခဲ့တယ်”
ယုဟူက ခံစားချက်များနှင့်အတူ သက်ပြင်းချသည်။ ထို့နောက် ဟန်မူယဲ့ကို ကြည့်သည်။
“ငါ့ကို ဝိုင်းပြီးတိုက်ခိုက်ခဲ့တဲ့ဂိုဏ်းတွေက လင်တောက်တာအိုဂိုဏ်း၊ ရှန့်ယန်မိစ္ဆာဂိုဏ်းနဲ့ မင်းတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလည်း ပါတယ်”
ထို့ကြောင့် ဟန်မူယဲ့က မသက်မသာဖြစ်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကနဦးသမိုင်းကြောင်းက ခမ်းနားမှုမရှိကြောင်း သူသိထားသည်။
ယုဟူပြောသောစကားများက မှန်လိမ့်မည်။
“အင်မော်တယ်ဟန်က စိတ်ထဲထည့်ထားစရာမလိုပါဘူး။ ကျင့်ကြံခြင်းလောကမှာ သန်မာတဲ့လူက အားနည်းသူကို တိုက်ခိုက်တာပဲ”
“ငါက သတိလွတ်သွားတဲ့အတွက် ခံရသင့်တယ်”
ယုဟူက ခေါင်းခါလိုက်ပြီး မျက်လုံးများကျဉ်းမြောင်းလျက် ပြောသည်။
“ဒါပေမဲ့ ငါ့ခန္ဓာကိုယ်နဲ့ ကျောက်စိမ်းအရိုးကို လုယူသွားတဲ့ဂိုဏ်းက လင်တောက်တာအိုဂိုဏ်းပဲ”
“ငါက အာရုံခံနိုင်စွမ်းကနေတစ်ဆင့် လျှို့ဝှက်ချက်တချို့ကို ရှာတွေ့ခဲ့တယ်”
ယုဟူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လျက် ပြောသည်။
“လင်တောက်တာအိုဂိုဏ်းက ပြင်ပဘုံကျင့်ကြံခြင်းလောကနဲ့ ဆက်သွယ်နေတယ်”
“သူတို့ရဲ့ အမွေအနှစ်ထဲမှာ ပြင်ပဘုံကျင့်ကြံခြင်းနည်းစနစ် ရှိနေတယ်”
“လွန်ခဲ့တဲ့နှစ်ရာကျော်မှာ ငါ့ဝိညာဉ်က နိုးထလာပြီး စုံးစမ်းမှုတချို့ လုပ်ခဲ့တယ်။ သူတို့ရဲ့ ပထမအကြီးအကဲ မျက်နှာတစ်ထောင်သူတော်စင်က ပြင်ပဘုံကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေတယ်”
“ငါတို့က အဲဒါကို သတိထားရမယ်”
ယုဟူ၏မျက်လုံးထဲတွင် အလင်းရောင်များဖြတ်ပြေးသွားသည်။
“လင်တောက်တာအိုဂိုဏ်းက အာကာသလမ်းကြောင်းတစ်ခုကို စောင့်ကြပ်ထားတယ်။ သူတို့က လမ်းကြောင်းကိုဖွင့်လိုက်ရင် အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်”
ဟန်မူယဲ့က သူပြောချင်သောစကားကို နားလည်သည်။
သူက မျက်နှာတစ်ထောင်သူတော်စင်၏ကိုယ်ပွားကို သတ်ခဲ့သည်။
“ဒါပေမဲ့ လင်တောက်တာအိုဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းပဲ။ ကျွန်တော်က ဒီသတင်းကို ဖြန့်လိုက်ရင်တောင် ယုံမယ့်လူရှိမှာမဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းခါသည်။
“ပြီးတော့ လင်တောက်တာအိုဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးထားခဲ့ပြီ။ ကျွန်တော်တို့က ဘယ်သူ့ကို အားကိုးရမှာလဲ”
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် တာအိုဂိုဏ်းများက လင်တောက်တာအိုဂိုဏ်းကို ကိုယ်စားပြုသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအားလုံးက လင်တောက်တာအိုဂိုဏ်း၏အမိန့်ကို လေးစားသည်။
ဟန်မူယဲ့က အလံလွှင့်ထူပြီး အော်ဟစ်နေလျှင်ပင် သူ့နောက်သို့ လူများလိုက်လာပြီး လင်တောက်တာအိုဂိုဏ်းကိုတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
“အင်မော်တယ်ဟန်၊ ဓားဘုရင်ယွမ်ထျန်းကို သွားရှာပါ”
ယုဟူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“နေမင်းရောင်ဝါနန်းတော် ပျက်စီးသွားတဲ့အချိန်မှာ သူက အာကာသလမ်းကြောင်းကို ပိတ်ခဲ့တယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သူက ကိုယ်ပွားချန်ခဲ့တယ်”
မှန်သည်။
ဟန်မူယဲ့က ရှုပ်ထွေးသောမျက်နှာထားဖြင့် တာအိုဆရာတယန်ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က လျှို့ဝှက်အခန်းထဲမှ ထွက်လာသောအခါတွင် နေစုစည်းခြင်းကျောက်ပြားကို ယူမလာခဲ့ပေ။
လျှို့ဝှက်အခန်းကို ပိတ်ထားနိုင်သည်။ နေစုစည်းခြင်းကျောက်ပြားကို ထိုနေရာတွင် ထားနိုင်သည်။
ယုဟူက အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း ဟန်မူယဲ့က သူ့စကားများကို အပြည့်အဝယုံကြည်ရန် မဖြစ်နိုင်ပေ။
“ဓားဘုရင်ယွမ်ထျန်းရဲ့ကိုယ်ပွားက ချောက်နက်ထဲမှာလို့ အကြီးအကဲယုက ပြောတယ်။ ခင်ဗျား သွားကြည့်ချင်လား”
ဟန်မူယဲ့က တာအိုဆရာတယန်ကို ကြည့်သည်။
ချောက်နက်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အလယ်ဗဟိုဖြစ်သည်။ ထိုနေရာက ဓားနှင့်ဖြတ်ခုတ်ထားပုံရသော မိုင်တစ်ရာချောက်ကမ်းပါးဖြစ်သည်။
မရေမတွက်နိုင်သောနှစ်များ ကြာသွားခဲ့သော်လည်း ဓားချီအငွေ့အသက်ကို ခံစားနိုင်သေးသည်ဟု ပြောကြသည်။
“အဲဒါက ကောင်းကင်ဝံပုလွေဖြစ်လိမ့်မယ်”
တာအိုဆရာတယန်က ခေါင်းခါသည်။
“သူက ငါတို့ကိုတွေ့ချင်ရင် လာတွေ့လိမ့်မယ်”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဓားဘုရင်ယွမ်ထျန်းချန်ထားခဲ့သော အစီအစဉ်တစ်ခုဖြစ်နေလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကိစ္စကြီးများ ဖြစ်ပေါ်လာသောအခါတွင် သူက ပေါ်လာလိမ့်မည်။
သူ့ကို တမင်သက်သက်သွားရှာလျှင် တွေ့ရန်မသေချာပေ။
“အများကြီးတွေးမနေပါနဲ့။ ကောင်းကောင်းကျင့်ကြံတာက ပိုကောင်းတယ်။ အဲဒါက နည်းလမ်းမှန်ပဲ”
ဟန်မူယဲ့က ရယ်လိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် အလင်းလုံးနှစ်လုံးပေါ်လာသည်။
အင်မော်တယ်အဆင့် နတ်ဘုရားသန့်စင်ဆေးလုံး…
ထိုဆေးလုံးက ဝိညာဉ်ကိုသန့်စင်ရန်အတွက် ပစ္စည်းကောင်းဖြစ်သည်။
သူက ကျင်းကျားလင်းကို ဆေးတစ်လုံးပေးခဲ့ပြီး သူ့အတွက် ဆေးနှစ်လုံးချန်ထားခဲ့သည်။
‘အရှေ့ပင်လယ်စီးပွားရေးက တကယ်အကျိုးအမြတ်ရှိတာလား’ ဟန်မူယဲ့က တွေးမိသည်။
‘ကျင်းကျားလင်းက တကယ်ရက်ရောတာပဲ’
‘သူက ဆေးပင်အစုံတစ်ရာစာကို ဒီအတိုင်းထုတ်ပေးနိုင်တယ်’
‘အရှေ့ပင်လယ်မှာ ငါလည်း စီးပွားရေးလုပ်ရမလား’
‘ဝိညာဉ်ပုလဲတွေရဖို့ အခွင့်အရေးရှိနေမှတော့ ဘာဖြစ်လို့မလုပ်ရမှာလဲ’
ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေပြီး ပတ်ဝန်းကျင်တွင် သဘာဝစွမ်းအင်အလင်းများ ပေါ်လာသည်။ သူက အင်မော်တယ်အဆင့်ဆေးနှစ်လုံးကို စိတ်နယ်ပယ်ထဲတွင် သန့်စင်ခဲ့သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ဖောက်ခွဲပြီး ကြွယ်ဝသောဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံနေသည်။
အပြင်သို့ ခဏထွက်သွားခဲ့ပြီး လုံလောက်သောဝိညာဉ်ကျောက်တုံးများ ပြန်ရလာသည်။
သဘာဝစွမ်းအင်အလင်းများက ဝဲကတော့အဖြစ် ပြောင်းလဲသွားသည်။
ထိုအရာက အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်၏ စွမ်းအားဖြစ်သည်။ သဘာဝစွမ်းအင်အားလုံးကို စုပ်ယူခဲ့သည်။
ယခင်က သူ၏ အသုံးမဝင်သောဝိညာဉ်အမြစ်နှင့် ယှဉ်လိုက်လျှင် ကမ္ဘာတစ်ခုနီးပါး ကွာခြားနေသည်။