← Chapters

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (က)

Vol. 22 Ch. 299

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (က)

Vol. 22 Ch. 299

ခုနစ်ရက်အကြာတွင် သူ့ကျင့်ကြံခြင်းက နှောင့်ယှက်ခံလိုက်ရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပြင်ဘက်တွင် တစ်ယောက်ယောက်က သူ့ကို စိန်ခေါ်နေသည်။

အရှေ့ပင်လယ်၏ လူများဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကို ယန်ရှောက်ဟုခေါ်သည်။

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ရေကန်သုံးကန်စံအိမ်၏ တပည့်တစ်ယောက်ဖြစ်ခဲ့သည်။

ဟန်မူယဲ့က တောင်ဂိတ်ဝသို့ ရောက်သွားသောအခါတွင် သွယ်ယှက်နေသောဓားအလင်းများကို မြင်ရသည်။

လူနှစ်ယောက် တိုက်ခိုက်နေသည်။

“ခလွမ် ....”

ဟန်မူယဲ့၏ခြေရင်းသို့ ဓားရှည်တစ်လက်ကျလာသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်၏ ဓားဖြစ်သည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဓားက ရှုံးနိမ့်သွားသော အတွင်းစည်းတပည့်ဆီသို့ ပြန်ရောက်သွားသည်။

“အကြီးအကဲဟန် ....”

ထိုတပည့်၏မျက်နှာက နီရဲသွားပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။

“မင်းက တိမ်ရေကန်ဓားနည်းစနစ်ကို အခုထိမကျွမ်းကျင်သေးဘူး။ တိမ်ထပ်ဓားကွက်က ၃၀%နှေးသွားတယ်။ မင်းတိုက်ခိုက်လိုက်တဲ့အခါမှာ မင်းရဲ့ဓားက အရင်ထုတ်ဖော်ခဲ့တဲ့ လွင့်မျောတိမ်ဓားကွက်နောက်ကို မလိုက်နိုင်ဘူး”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ထိုတပည့်က စိတ်လှုပ်ရှားစွာဦးညွှတ်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါအကြီးအကဲဟန်”

ဟန်မူယဲ့က သူ့ကို ဓားနည်းစနစ်နှင့်ပတ်သတ်၍ လမ်းညွှန်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အနည်းငယ်ပဲ လမ်းညွှန်ပေးလျှင်ပင် ကောင်းမွန်စွာလေ့ကျင့်လျှင် တိုက်ခိုက်နိုင်စွမ်းတိုးလာလိမ့်မည်။

ဓားကျင့်ကြံခြင်းက ထိုနည်းဖြင့် တိုးတက်လာခြင်းဖြစ်သည်။

တစ်ဆင့်ချင်းစီ လေ့ကျင့်မထားသောလူ မရှိပေ။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ရှေ့သို့ကြည့်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ရှေ့တွင်ရှိသော ထုံးကျောက်စင်မြင့်ထက်တွင် အစိမ်းရောင်နှင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူရှစ်ယောက် ရှိနေသည်။

သူတို့က ဓားရှည်များလွယ်ထားသောကြောင့် ဓားကျင့်ကြံသူများဖြစ်ပေလိမ့်မည်။

ထို့အပြင် ဝတ်စုံများ၏ပုံစံအရ တူညီသောဂိုဏ်းမှ ဖြစ်ပေလိမ့်မည်။

ထန်တောင်ကုန်းဓားဂိုဏ်း…

ဟန်မူယဲ့က သူတို့၏ဝတ်စုံကို မှတ်မိသည်။

တစ်ဖက်တွင် ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ယန်ရှောက်က စိတ်လှုပ်ရှားသွားပြီး ဘေးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးကို တီးတိုးပြောနေသည်။ ထို့နောက် သူက ထိုမိန်းကလေးကိုဦးဆောင်၍ ရှေ့ထွက်လာသည်။

“ယန်ရှောင်၊ မင်းက ငါတို့ရဲ့ ရေကန်သုံးကန်စံအိမ်ကို သစ္စာဖောက်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ပြန်လာရဲသေးတယ်ပေါ့”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ရှေ့တွင် တပည့်တစ်ယောက်က အော်ဟစ်လိုက်ပြီး ဓားကိုဆွဲထုတ်၍ ပျံသန်းလာသည်။

ရေကန်သုံးကန်စံအိမ်၏ တပည့်တစ်ယောက်ဖြစ်သည်။

ထိုတပည့်၏ဘေးတွင် စုချန်းယွင်နှင့် ရေကန်သုံးကန်စံအိမ်၏တပည့်များ ရှိနေသည်။ သူတို့၏မျက်နှာထားက မည်းမှောင်နေသည်။

ဓားရောက်လာသောအခါတွင် ယန်ရှောက်၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက လှည့်တောင်မကြည့်ဘဲ လက်မြှောက်သည်။

“ခလွမ် ....”

ဓားအလင်းပေါ်ထွက်လာသည်။

ဆက်တိုက်ဖြစ်ပေါ်လာသောဓားအလင်းများက တိုက်ခိုက်လိုက်သောလူကို ဖြတ်တိုက်သွားပြီး ပေဒါဇင်ချီသောနေရာသို့ လွင့်သွားစေသည်။

သူ့ဓားနည်းစနစ်က ကောင်းမွန်သည်။

ထိုဓားချက်ကြောင့် လူတိုင်း၏မျက်လုံးများ တောက်ပလာသည်။

သူတို့အားလုံးက ဓားကို လေ့ကျင့်သောကြောင့် အကြည့်တစ်ချက်နှင့် ကောင်းမွန်သောဓားချက်ကို ပြောနိုင်သည်။

ယန်ရှောက်၏ဓားအလင်းက ဆက်တိုက်ဖြစ်ပေါ်နေပြီး ရေဓာတ်မျိုးဆက်ဓားနည်းစနစ်၏ ညင်သာသောဓားဆန္ဒကို နားလည်ထားခဲ့သည်။

ထိုဓားချက်က ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်နိုင်သည်။

ယန်ရှောက်၏ဓားချက်ကြောင့် လွင့်သွားသောတပည့်က ဗလာဖြစ်နေသောမျက်နှာထားဖြင့် ထရပ်လာသည်။

ယန်ရှောက်၏ဓားနည်းစနစ်က သူ့ထက်ကောင်းမွန်ခဲ့သော်လည်း အနည်းငယ်ပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်များတွင် သူက တိုက်ပွဲအချို့ တိုက်ခိုက်ခဲ့သည်။ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတွင် သူက အများအပြားတိုးတက်လာသည်။

တစ်ဖက်တွင် ယန်ရှောက်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်၍ နယ်လှည့်ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ သူ့ကို ဆုကြေးထုတ်ခဲ့သောကြောင့် အမဲလိုက်ခံခဲ့ရသည်။ သူက အသက်ရှင်နေသည့်အတွက် ကံကောင်းသည်ဟု ပြောနိုင်သည်။ သို့သော်လည်း သူ့ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းက တိုးတက်လာခဲ့သည်။

သူက ယန်ရှောက်ကို အနိုင်ယူချင်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းကိုသစ္စာဖောက်သွားသော ယန်ရှောက်အားအနိုင်ယူလိုက်လျှင် အကျိုးဆောင်ပေးခြင်းဖြစ်သည်။ ထို့အပြင် ရေကန်သုံးကန်စံအိမ်အတွက် မျက်နှာပြန်ရအောင် လုပ်ပေးနိုင်သည်။

သို့သော်လည်း အဆုံးတွင် သူက ဓားချက်တစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ပေ။

‘အရင်နှစ်တွေမှာ ယန်ရှောက်က ဘယ်လိုကံကောင်းမှုမျိုး ကြုံခဲ့တာလဲ’

ယန်ရှောက်က ဟန်မူယဲ့၏ရှေ့သို့ ပေတစ်ရာအကွာအထိ လျှောက်လာသည်။

သူက ဆက်မသွားနိုင်ပေ။

လင်းရှန်က ရှေ့တက်လိုက်ပြီး အလယ်တွင်ရပ်နေသည်။

ယန်ရှောင်က နေရာတွင်ရပ်နေပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။ “စီနီယာအစ်ကိုဟန်၊ ယန်ရှောက်က နှုတ်ဆက်ဖို့ရောက်လာပါတယ်”

ထို့နောက် သူက ဘေးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးကို ကြည့်သည်။

“ရှုယင်း၊ ဒါက စီနီယာအစ်ကိုဟန်ပဲ”

ယန်ရှောက်၏စကားကို ကြားလိုက်ရသောအခါတွင် မိန်းကလေးက ဟန်မူယဲ့ကို မော့ကြည့်သည်။ ထို့နောက် သူမ၏အဝတ်စကိုမပြီး ထုံးကျောက်စင်မြင့်ထက်တွင် ဒူးထောက်သည်။

“ရှုယင်းက အစ်ကိုကြီးကိုကျေးဇူးတင်တဲ့အတွက် ဒူးထောက်ပါတယ်”

ထိုဒူးထောက်မှုက ရှုဟောင်ရှန့်ဆီသို့ သတင်းပို့ပေးသည့်အတွက် ဟန်မူယဲ့ကို ကျေးဇူးတင်ခြင်းဖြစ်သည်။

ထိုဒူးထောက်မှုက ရှုမိသားစုအတွက် အမွေအနှစ်သွေးမျိုးဆက်ချန်ပေခဲ့သည့်အတွက် ဟန်မူယဲ့ကို ကျေးဇူးတင်ခြင်းဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်လိုက်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက နားမလည်နိုင်ဖြစ်သွားသည်။

‘ဘာဖြစ်နေတာလဲ’

ယန်ရှောက်က ဦးညွှတ်ပြီး အော်ဟစ်လိုက်သည်။

“ရေကန်သုံးကန်စံအိမ်ရဲ့ အကြီးအကဲရှုဟောင်ရှန့် ဆုံးသွားတဲ့အချိန်မှာ ဓားစံအိမ်ရဲ့ စီနီယာအစ်ကိုဟန်က ဆရာရဲ့ဓားကို လက်ခံရရှိပြီး ဝိညာဉ်အကြွင်းအကျန်ရဲ့မှာတမ်းကို တွေ့ခဲ့တယ်”

“ဆရာ့မှာ သွေးမျိုးဆက်လက်ကျန် ရှိခဲ့တယ်”

“ဆရာ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် စီနီယာအစ်ကိုဟန်က ငါ့ကို တာဝန်ပေးခဲ့တယ်။ ငါက ဆရာ့ဆန္ဒအတိုင်း ရှုမိသားစုသွေးမျိုးဆက်ကို ကာကွယ်ဖို့အတွက် ညီမရှုယင်းကို အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ခေါ်ထုတ်သွားခဲ့တယ်”

သူ့အသံက ကြည်လင်ပြီး ကျယ်လောင်သည်။ မိန်းကလေး၏မျက်ရည်များက မိုးစက်များသဖွယ် ကျဆင်းလာသည်။

ရှုမိသားစုက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်က သူမကို ကယ်တင်ခဲ့သည်။ ထို့အပြင် ရှုမိသားစု၏ဘိုးဘေးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကြီးအကဲဖြစ်နေသည်။

မုန်းတီးမှုနှင့် ကျေးဇူးတရားများ ရောယှက်နေပြီး သူမ၏နှလုံးသားထဲတွင် လှိုင်းထန်နေသည်။

ယန်ရှောက် ပြောလိုက်သောအခါတွင် တောင်ဂိတ်ဝတွင်ရှိနေသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက မျက်နှာထားပြောင်းလဲသွားသည်။ သူတို့က ဟန်မူယဲ့နှင့် ယန်ရှောက်ကို ကြည့်နေသည်။

‘ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ယန်ရှောက်က သူ့ဆရာအမိန့်ကို လိုက်လုပ်ပေးနေတဲ့ သစ္စာရှိလူတစ်ယောက်လား’

ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် ဓားတာအိုအတိုင်း ဖြောင့်မတ်စွာဆောင်ရွက်ခြင်းက အရေးအကြီးဆုံးဖြစ်သည်။

ယန်ရှောက်က ဆရာ၏နောက်ဆုံးဆန္ဒကို ဆောင်ရွက်ပေးရန်အတွက် တောက်ပသောအနာဂတ်ကိုဖျက်ဆီး၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုသစ္စာဖောက်ပြီး ရှုမိသားစု၏မျိုးဆက်ကို ကယ်တင်ခဲ့သည်။

ဂိုဏ်းတပည့်များ၏စိတ်က နောင်တ၊ လေးစားခြင်းများဖြင့် ပြည့်နှက်သွားသည်။

ရေဓာတ်မျိုးဆက်ဘက်တွင် လူအများအပြား၏မျက်နှာထား ပြောင်းလဲသွားသည်။ လူတချို့က တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေသည်။

လူတိုင်းက မသိစိတ်အလျောက် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဖြစ်ရပ်မှန်ကို ဟန်မူယဲ့ဆီ မေးမှရမည်။

လူတိုင်း၏ရှေ့တွင် ဟန်မူယဲ့က ပြောသည်။

“ယန်ရှောက်၊ မင်းရဲ့ရွေးချယ်မှုက မဆိုးဘူးပဲ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယန်ရှောက်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။

ဟန်မူယဲ့က စကားပြောပြီးသောအခါတွင် ကျောက်တုံးစင်မြင့်ထက်တွင် ဒူးထောက်နေသော အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးအား ကြည့်သည်။

“အကြီးအကဲ ရှုဟောင်ရှန့်က မင်းကောင်းကောင်းနေနိုင်ဖို့ မျှော်လင့်ပါတယ်။ တခြားအရာတွေကိုတော့ စိတ်ပူစရာမလိုပါဘူး”

မိန်းကလေးက ဟန်မူယဲ့ကိုမော့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းထရပ်သည်။

သူမ၏မျက်နှာပေါ်တွင် မျက်ရည်များရှိနေသော်လည်း မျက်လုံးထဲတွင် မုန်းတီးမှုများရှိနေသည်။

“ခေါင်းဆောင်နဲ့ အစ်ကိုယန်က ကျွန်မကို ကာကွယ်ပေးခဲ့တယ်။ ကျွန်မက ဒီကျေးဇူးကို မှတ်ထားမှာပါ”

သူမက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တောင်ဂိတ်ဝကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ထားသည်။

“ကျွန်မက ရှုမိသားစုပျက်စီးသွားတဲ့အတွက် လက်စားချေပေးရမယ်”

သူမ စကားပြောပြီးသွားသောအခါတွင် ထန်တောင်ကုန်းဓားဂိုဏ်း၏အဝတ်အစားနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ရှေ့တက်လာသည်။

ဝုန်း...

ထိုလူ၏ခြေလှမ်းနှင့်အတူ ထွက်ပေါ်လာသောဓားဆန္ဒက ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။ ပေတစ်ထောင်ရှည်သောဓားအလင်းက တိမ်နှင့်လေများကို လှုပ်ရှားသွားစေသည်။

အံ့ဖွယ်ကိုးပါးတောင်၏ အကာအကွယ်အစီအရင်က ချက်ချင်းအသက်ဝင်လာပြီး ရွှေရောင်အလင်းလွှာတစ်ခု ပေါ်လာသည်။

“အရှေ့ပင်လဘ်ရဲ့တာအိုရောင်းရင်း၊ မင်းက ငါ့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရှေ့မှာ တကယ်ပဲတိုက်ခိုက်ချင်တာလား”

အံ့ဖွယ်ကိုးပါးတောင်ထိပ်မှ အသံတစ်သံထွက်လာသည်။

ထို့ပါ့ချန်၏အသံဖြစ်သည်။

“ငါက ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ ဝမ်သန့်ပဲ။ အတွင်းစည်းတပည့် နံပတ်ခုနစ်နေရာမှာ ရှိတယ်”

ဓားအလင်းစုစည်းထားသော သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းမော့လိုက်ပြီး တောင်ဂိတ်ဝကို ဦးညွှတ်သည်။

“ငါက ဆရာသခင် သူတော်စင်လင်ထောင်ရဲ့အမိန့်အရ ဆရာတူညီမရှုယင်းအတွက် တရားမျှတမှု လာရှာပေးတာပဲ”

သူက လက်မြှောက်လိုက်သောအခါတွင် သူ့လက်ထဲတွင် ဓားရှည်တစ်လက်ဖြစ်တည်လာသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားတာအို၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ခွန်အားက ထူးခြားတယ်။ ဓားအင်မော်တယ်ဟန်က နာမည်ကြီးတယ်”

“ငါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂျူနီယာတပည့်တွေကို စိန်ခေါ်တယ်။ မင်းတို့က ငါ့လက်ထဲမှာရှိတဲ့ဓားကို အနိုင်ယူနိုင်ရင် ထန်တောင်ကုန်းဓားဂိုဏ်းက ညီမရှုယင်းနဲ့ပတ်သတ်တဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးကို ဝင်မပါတော့ဘူး”

ဝမ်တန့်က တောက်ပနေသောမျက်လုံးများနှင့်အတူ မျက်ခုံးပင့်သည်။

“ဆရာတူညီမရှုယင်းရဲ့ပါရမီက ငါ့ထက် ဆယ်ဆပိုသာတယ်လို့ ဆရာကပြောတယ်။ တကယ်လို့ ဒီနေ့မှာ ငါ့ကို အနိုင်ယူနိုင်တဲ့လူမရှိရင် အနာဂတ်မှာ ဆရာတူညီမရှုယင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သေချာပေါက်အနိုင်ရလိမ့်မယ်”

သူစကားပြောပြီးသောအခါတွင် တိမ်တိုက်များတုန်ခါလာသည်။

လောကတစ်ခုလုံး စုစည်းလာပုံပေါ်သည်။

ဟန်မူယဲ့က ဝမ်သန့်ကိုကျော်ဖြတ်ပြီး အနက်ရောင်မုတ်ဆိတ်များနှင့် ဝတ်ရုံရှည်ဝတ်ထားသော လူအိုကြီးကို ကြည့်သည်။

ထန်တောင်ကုန်းဓားဂိုဏ်းက မျိုးဆက်သစ်တပည့်တချို့နှင့် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ မလာနိုင်ပေ။

ထိုဓားကျင့်ကြံသူက လောကစွမ်းအားကို အာရုံခံနိုင်သည်။ သူ့ဓားတာအိုကျင့်ကြံခြင်းက ထူးခြားသည့်အပြင် သူ့ချီစွမ်းအင်ကျင့်ကြံခြင်းက ကောင်းကင်ဘုံအဆင့်သို့ ရောက်နေပြီဖြစ်သည်။

‘ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူက ရှုယင်းအတွက်လက်စားချေပေးဖို့ အနောက်ဘက်နယ်စပ်ကုန်းမြေကို ရောက်လာတာလား’

ဟန်မူယဲ့က ပြုံးသည်။

မျိုးဆက်သစ်တပည့်တစ်ယောက်ကို အရေးပါသည်ဟု သတ်မှတ်ထားနိုင်သော်လည်း ထိုဆက်ဆံမှုမျိုး မရနိုင်ပေ။

ထန်တောင်ကုန်းဓားဂိုဏ်း၏တပည့်များက တခြားစစ်ဆင်ရေးအတွက် ရောက်လာခြင်းဖြစ်ပေလိမ့်မည်။

ထိုစစ်ဆင်ရေးက သူနှင့် ပတ်သတ်နေနိုင်သည်။

‘ဒါက မူလမီးတောက်ကမ္ဘာအတွက်လား’ သူတွေးမိသည်။

ယခုစိန်ခေါ်ပွဲက ပူးပေါင်းဆောင်ရွက်ရန်အတွက် အရည်အချင်းပြည့်မီကြောင်း စမ်းသပ်ခြင်းဖြစ်ပေလိမ့်မည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားက အဓိကဖြစ်သည်။ ခွန်အားရှိမှ မဟာမိတ်များဖြစ်လာနိုင်သည်။

တောင်ဂိတ်ဝရှေ့တွင် တုံ့ပြန်သူမရှိပေ။

ဝမ်သန့်ထုတ်ပြထားသောခွန်အားက ထူးခြားသည်။ ကမ္ဘာမြေအဆင့်တိုက်ခိုက်နိုင်စွမ်းမရှိလျှင် သေလမ်းရှာခြင်းဖြစ်သွားပေမည်။

ထန်တောင်ကုန်းဓားဂိုဏ်းက အရှေ့ပင်လယ်၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ နံပတ်ခုနစ်နေရာတွင်ရှိသော အတွင်းစည်းတပည့်ဝမ်သန့်က အလွန်အားကောင်းသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂျူနီယာတပည့်များတွင် သူနှင့်ယှဉ်နိုင်သောလူ တစ်ယောက်၊ နှစ်ယောက်သာ ရှိလိမ့်မည်။

“ငါလုပ်ပါရစေ”

All Chapters